အခန်း (၂၀၇)
Vol. 21 Ch. 207
အခန်း (၂၀၇) စူးစမ်းလိုစိတ်က ကြောင်ကလေးကို သေစေသည်
"ဝါး..."
"ဝါး..."
ကျောက်သွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် ပြာနှမ်းသွားပြီး ထွက်ခွာသွားသော အရာရှိများကို ကူကယ်ရာမဲ့စွာ ကြည့်ကာ တရှုံ့ရှုံ့ငိုကြွေးရင်း အကူအညီတောင်းလိုက်လေသည်။ ထိုအချိန်တွင် သူသည် အပြည့်အဝ ထိတ်လန့်နေခဲ့ပြီ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ရုန်းကန်နေသော်လည်း ယွင်ဟွားမှာ ခွန်အားကြီးမားလွန်းသဖြင့် သူမ၏ ချုပ်နှောင်မှုမှ မရုန်းထွက်နိုင်ခဲ့ပေ။
ယခုအခါ သူသည် တကယ့်ကို နောင်တရနေပြီဖြစ်ရာ ဤနေရာသို့ လာရောက်၍ ထိုကျောက်စိမ်းရိုင်းကို ခိုးယူမိသည်ကို နောင်တရနေခြင်းလော သို့မဟုတ် ဤကပ်ဘေးဒုက္ခကို ရန်စမိသည်ကို နောင်တရနေခြင်းလောဆိုသည်ကိုပင် သူ မသိတော့ပေ။
“ဟွားဟွား... ပေပေ့က ဒုတိယထပ်မှာ ဆီဒယ်အိုး ပြင်ဆင်ထားပြီးပြီ... ဒီနေရာမှာ လူတွေရှိနေတော့ သူတို့ကို မလန့်စေနဲ့... အပေါ်တက်ပြီး သူ့ကို ရှင်းကြစို့..”
တရားသူကြီး၏စုတ်တံက စိတ်လှုပ်ရှားစွာဖြင့် စက်ဝိုင်းပုံစံ လှည့်ပတ်နေပြီး ၎င်း၏ ပေါက်ကွဲနိုင်သော အလားအလာများမှာ ဆူပွက်နေလေသည်။
“ဟေး... ကောင်စုတ်လေး... ခဏနေရင် ငါ့အတွက် ဆူးပါတဲ့ တုတ်တိုကို ယူပေး... ငါတို့ ပူးပေါင်းကြစို့..”
ယွင်ဝေသည် ကျောက်သွမ်အား တစ်ချက်ကြည့်လိုက်၏။ သူမသည်လည်း သူမ၏ ညီမလေးနှင့်အတူ 'လုပ်ကြံသူစုံတွဲ' ကို ဖွဲ့စည်းချင်နေလေသည်။
"ညီမလေး... အပေါ်ထပ်သွားပြီး ဖရဲသီးခွဲကြစို့..."
ယွင်ဝေသည် စိတ်မရှည်နိုင်ဖြစ်နေပြီဖြစ်၏။ ဤအချိန်တွင် သူမ၌ သခင်မလေးတစ်ဦး၏ အမူအကျင့်မျိုး လုံးဝမရှိတော့ဘဲ တစ်စုံတစ်ယောက်ကို ရိုက်နှက်လိုသော ပြင်းထန်သည့် ဆန္ဒသာ ရှိနေလေတော့သည်။
ယွင်ဟွားသည် သူမ၏ တတိယအစ်မကို အလိုလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
အဆိုးဆုံးအခြေအနေတွင် သူမက တတိယအစ်မအတွက် မျက်နှာပြောင်တိုက်နိုင်ပြီး ရိုက်နှက်ခံနိုင်ရည်ရှိသော အိမ်ပါယောက်ျားတစ်ဦးကို လုယူပေးနိုင်လေသည်။
"သွားကြစို့..."
ယွင်ဟွားက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်သွမ်အား လူသေတစ်လောင်းကဲ့သို့ ဒုတိယထပ်သို့ ဆွဲခေါ်သွားလေသည်။
တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်တို့က နောက်မှလိုက်ကာ ကြည့်ရှုလိုကြသော်လည်း ယွင်ဟွားက သူတို့ကို တားဆီးလိုက်၏။
"အချစ်လေးတို့… ဒီအရာက ကလေးတွေနဲ့ မသင့်တော်ဘူး... မြင်ကွင်းတွေက သွေးထွက်သံယိုများလွန်းတယ်... အနာဂတ်ရဲ့ ပန်းကလေးတွေဖြစ်တဲ့ နင်တို့တွေ သွားမကြည့်သင့်ဘူး..."
တတိယမင်းသားနှင့် သူ၏ အပေါင်းအပါများ…။
"အစ်မကြီး... ဘာလို့ တတိယအစ်မကိုကျတော့ အပေါ်တက်ခွင့်ပြုရတာလဲ..."
ဤသည်မှာ တရားမျှတမှု မရှိပေ။ တကယ့်ကို မတရားလွန်းလှသည်။
"အိုး.. လက်မှတ်တွေက မိသားစုဝင်တွေအတွက်ပဲလေ... ဒါ့အပြင် သူမက ငါ့ရဲ့ ချစ်ရတဲ့ တတိယအစ်မပဲ... သူမကို အနိုင်ကျင့်မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးရဦးမယ်..."
ယွင်ဟွားသည် သူမ၏ တတိယအစ်မကို ပြန်လည်မဆွဲဆောင်နိုင်တော့သဖြင့် မိမိကိုယ်ကိုပါ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ဆိုလျှင် သူမသည် ပြဿနာကောင်၊ ဝန်ထုပ်ဝန်ပိုး သို့မဟုတ် အသုံးမကျသူတစ်ဦးဖြစ်သည်ဟုဆိုကာ မိဘများက သူမကို နေ့တိုင်း ဆူပူကြိမ်းမောင်းတော့မည် မဟုတ်ပေ။
ဟီးဟီးဟီး…
ယခုမှစ၍ သူမကို ကူညီရန် တတိယအစ်မ ရှိနေတော့မည်ဖြစ်ရာ အလွန် ကောင်းမွန်လှပေသည်။ အကယ်၍ မိသားစုကောင်းမှ ဆင်းသက်လာသော သူမ၏ ဒုတိယအစ်မကိုပါ ပြုပြင်ပြောင်းလဲနိုင်မည်ဆိုလျှင် မိဘများ၏ မျက်နှာအမူအရာများက မည်သို့ရှိနေမည်ကို သူမ သိချင်မိလေသည်။
တတိယမင်းသားမှာ ဆွံ့အသွားပြီး ယွင်ဟွားနှင့် အခြားသူများ အပေါ်ထပ်သို့ တက်သွားသည်ကို ကြည့်ကာ သူ၏ နှလုံးသားမှာ ကလိထိုးခံနေရသကဲ့သို့ ခံစားလိုက်ရ၏။
ရုတ်တရက်…
ပြင်းထန်သော ဆီးနံ့တစ်နံ့ လွင့်ပျံလာပြီး လှေကားပေါ်တွင် ရှည်လျားသော ရေစွန်းကွက်များ ကျန်ရစ်နေခဲ့လေသည်။ ကျောက်သွမ်သည် အလွန်ကြောက်လန့်သွားသဖြင့် သေးထွက်ကျသွားခဲ့ခြင်း ဖြစ်၏။
ရှန်ကွမ်းဝမ်သော်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တတိယမင်းသားအား တံတောင်ဆစ်ဖြင့် တွတ်လိုက်ကာ ပြောလိုက်သည်။
"ဟေး... ခေါင်မိုးပေါ် တက်သွားချင်လား..."
တတိယမင်းသား၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။ ဤသည်မှာ သူတို့နှစ်ဦး သဘောတူညီမှု ရရှိခဲ့သော တစ်ခုတည်းသော အချိန်ပင်ဖြစ်၏။
နန်ကုန်းယွမ်သည် သူတို့နှစ်ဦးကို လျစ်လျူရှုထားပြီး သူတို့ ထွက်သွားသည်ကိုကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။ ထို့နောက် တစ်နေရာရာမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး တိတ်ဆိတ်စွာ စတင်ဖတ်ရှုနေလေတော့သည်။ မြောက်ပိုင်းနယ်စပ်ရှိ သူ၏ သူလျှိုများက ဝူဟိုင်ဖုန်း၏ သေဆုံးမှုမှာ အထူးသဖြင့် ဆိုးရွားကြေကွဲဖွယ် ကောင်းလှသည်ဟု စာပြန်လာခဲ့ကြသည်။
ဆီပူပူမှာ ကြော်ခံရခြင်းတဲ့လေ။
နန်ကုန်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။ စူးစမ်းလိုစိတ်က ကြောင်ကလေးကို သေစေသည်တဲ့... ခဏနေရင် သူတို့ အဆင်ပြေကြပါစေလို့ပဲ မျှော်လင့်ရမည်။
သူ့လက်ထဲရှိ စာအုပ်မှ စာမျက်နှာတစ်မျက်နှာကို လှန်လိုက်ရုံသာ ရှိသေးချိန်တွင် ဒုတိယထပ်မှ ကျောက်သွမ်၏ စူးရှသော အော်ဟစ်သံများနှင့်အတူ ယွင်ဟွား ညီအစ်မများနှင့် အခြားကလေးငယ်နှစ်ဦး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကို ကြားလိုက်ရသဖြင့် အောက်ထပ်ရှိ လူများမှာ တုန်လှုပ်သွားကြပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ခေါင်းခွဲမင်းသမီး... အို မဟုတ်ဘူး... မင်းသမီးက တကယ့်ကို သူမရဲ့ နာမည်နဲ့ လိုက်ဖက်ပါပေသည်။ ထိုအချိန်မှစ၍ လူတို့သည် ဤကံဆိုးမိုးမှောင်ကျစေသော ကြယ်ပွင့်ကို မြင်တွေ့ရသည့်အခါတိုင်း ရှောင်ဖယ်သွားကြတော့သည်။
“ဟွားဟွား... တစ္ဆေကို ဖောက်ခွဲပစ်ရမယ့် အချိန်ရောက်ပြီ... ပေပေ့ကို လုပ်ခွင့်ပေး…”
သူတို့သည် မနက်ပိုင်းက ကျောက်ထျန်းတယ်ကို မဖောက်ခွဲနိုင်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် သူ၏ သားဖြစ်သူကိုမူ အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့လေသည်။ ဤသည်မှာ လူသတ်ရခြင်းထက် များစွာ ပို၍ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
“အစ်မရှူး... ငါ့ကို ဟင်းခတ်အမွှေးအကြိုင် ထည့်ခွင့်ပေး..”
ယွင်ဟွားသည် သူမ၏ တတိယအစ်မကို အကဲခတ်နေခဲ့သည်။ သူမ လုံးဝ မကြောက်ရွံ့သည်ကို မြင်သောအခါ လက်ချောင်းတစ်ချက် ဖြတ်ခနဲ တီးလိုက်ရာ ကျောက်သွမ်၏ တစ္ဆေဝိညာဉ်မှာ အခန်းထဲတွင် ထွက်ပေါ်လာလေတော့သည်။
ယွင်ဝေသည် အစ်ကိုကြီး၏ ကျောင်းတွင် ယခင်က တစ္ဆေတစ်ကောင်ကို မြင်ဖူးခဲ့ပြီး သူမ၏ ညီမလေး ရှိနေသဖြင့် ၎င်းကို လုံးဝ ထိတ်လန့်စရာ သို့မဟုတ် ကြောက်စရာကောင်းသည်ဟု မထင်မှတ်ခဲ့ပေ။
ယွင်ဟွားက ပြုံးလိုက်လေသည်။
သူမသည် ငရဲပြည်တွင် တစ္ဆေအမျိုးအစား အများအပြားကို မြင်တွေ့ခဲ့ရပြီး သူမ အများဆုံးကြားခဲ့ရသော အကြံဉာဏ်မှာ မည်သူ့ကိုမျှ ရင်မဖွင့်ရန်ဖြစ်ပြီး အရင်းနှီးဆုံး မိသားစုဝင်များကိုပင် မပြောပြရန် ဖြစ်သည်။
သို့သော်…
သူမ၏ မိသားစုသည် တကယ့်ကို ချစ်စရာကောင်းလှသည်။ ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ သူတို့သည် အချင်းချင်း ငြင်းခုံမှုများရှိခဲ့ပြီး တစ်ခါတစ်ရံ စိတ်ကောက်တတ်ကြသော်လည်း မည်သူပင်ဖြစ်စေ သူမ၏ နောက်ကွယ်တွင် အမြဲရပ်တည်ကာ သူမကို ကာကွယ်ပေးကြပြီး ယုံကြည်ကြကာ သူမကို မည်သည့်အခါမျှ မကြောက်ရွံ့ခဲ့ကြပေ။
"တတိယအစ်မ… ဒီမှာ အစ်မအတွက် အမြည်းဟင်းလျာလေး... သူက အရင်က အစ်မကို အခွင့်အရေးယူဖို့ ကြိုးစားရဲတယ်... သူ့ကို ကျက်သွားတဲ့အထိ ကြော်ပစ်လိုက်ကြစို့..."
အောက်ဘက်ရှိ မြင်ကွင်းမှာ လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။ ခေါင်မိုးပေါ်ရှိ လူနှစ်ဦးမှာမူ ရေခဲတိုက်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူတို့က တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြ၏။ ကျောက်သွမ်၏ သေဆုံးမှုမှာ တရားရေးရာရုံးတော်၏ ညှဉ်းပန်းနှိပ်စက်မှုထက်ပင် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းကာ အလွန် ကြေကွဲဖွယ် ကောင်းလှပေသည်။
တစ်ခဏချင်းမှာပင် လူတစ်ဦး သေဆုံးသွားပြီး နောက်တစ်ခဏတွင် တစ္ဆေတစ်ကောင် ပေါ်လာလေသည်။ ယွင်ဟွား၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားခြင်းမှာ တစ်ကဏ္ဍဖြစ်သော်လည်း အစစ်အမှန် တစ္ဆေတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းကမူ လုံးဝ တခြားစီပင် ဖြစ်သည်။
ပြောစရာပင် မလိုတော့ပေ။ သူတို့က ဆီပူပူတွင် ကြော်နေကြတုန်းပင်။
တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်တို့ နှစ်ဦးစလုံးမှာ မျက်နှာများ ဖြူရော်နေပြီး ဒူးများပင် ခွေနေလေသည်။ သူတို့သည် ခေါင်မိုးပေါ်မှ ပင်မခန်းမဆောင်သို့ တစ်ဦးကိုတစ်ဦး ဖေးမကာ ပြန်ဆင်းလာခဲ့ကြသည်။ နန်ကုန်းယွမ်က မျက်လုံးများကို မော့ကာ သူတို့ကို တစ်ချက် ကြည့်လိုက်၏။
သူတို့နှစ်ဦးလုံး စကားမပြောနိုင်ကြဘဲ ပခုံးများတွန့်ကာ တိတ်ဆိတ်စွာ ထိုင်ရန် နေရာတစ်ခုကို ရှာဖွေပြီးနောက် သူတို့၏ ထိတ်လန့်နေသော နှလုံးသားများကို တည်ငြိမ်အောင် ကြိုးစားနေကြလေသည်။
အပြင်ဘက်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး သူတို့နှစ်ဦးမှာ သစ်ရွက်များကဲ့သို့ တုန်ယင်နေကြလေသည်။
ခေါင်းခွဲမင်းသမီး ယခုလေးတင် ပြောခဲ့သည်များကို သတိရသွားကာ သူတို့၏ အသွင်အပြင်ကို မြင်ပြီး လူတိုင်း တုန်လှုပ်သွားကြလေသည်။ သွေးထွက်သံယို မြင်ကွင်းများသည် ဤကလေးငယ်များ ကြည့်ရှုရန် သေချာပေါက် မသင့်တော်ပေ။
ကျောက်သွမ်ကို ရှင်းလင်းပြီးနောက် ယွင်ဟွားသည် ပထမထပ်သို့ ဆင်းလာခဲ့သည်။ သူမသည် တိုက်ပွဲမြေပြင်ကိုလည်း စေ့စပ်သေချာစွာ ရှင်းလင်းခဲ့ရာ အလောင်းများ၏ ခြေရာလက်ရာ တစ်စုံတစ်ရာမျှ ကျန်ရစ်ခြင်း မရှိခဲ့ပေ။
ဆီပူပူတွင် ကြော်ခံရပြီးနောက် တစ္ဆေများအတွက်ကတော့…
“ဂေ့စ်…”
တရားသူကြီးပေပေ့သည် လေချဉ်တစ်ချက် တက်လိုက်ရာ ၎င်း၏ ဗိုက်ပူပူလေးမှာ စူထွက်နေပြီး အပြည့်အဝ ကျေနပ်သွားပုံရလေသည်။
“ဟွားဟွား... အရသာက တကယ်ကောင်းတယ်... နင်က လူသားအဖြစ် ပြန်လည်ဝင်စားခဲ့လို့ တစ္ဆေတွေကို မစုပ်ယူနိုင်တာ နှမြောစရာပဲ... နောက်တစ်ခါ သေချင်တဲ့သူမျိုးနဲ့ ထပ်တွေ့ရင် ငါတို့ ဆက်ကြော်ကြစို့..”
ယခင်က လူသားဟင်းခတ်အမွှေးအကြိုင် မပါဝင်သောကြောင့် ၎င်းသည် ကြော်ထားသော မုန့်များကို စိတ်မဝင်စားခဲ့ပေ။ ဟွားဟွားက အစားအသောက်ကို နှစ်သက်သည်မှာ အံ့သြစရာ မဟုတ်ပေ။ အလွန်အရသာရှိလှသည် မဟုတ်ပါလား။
ယွင်ဟွား…
အားလုံးမှာ တုန်လှုပ်သွားကြလေသည်။
*သူတို့က တကယ်ကို ငရဲပြည်က လာကြတာပဲ... ငါတို့ သူတို့ကို ဘယ်တော့မှ အထင်မသေးသင့်ဘူး*
ယွင်ဟွား ပထမထပ်သို့ ဆင်းလာသောအခါ တတိယမင်းသားသည် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ သူမထံသို့ ပြေးလာခဲ့ပြီး ဖြစ်သင့်ပေသည်။ သို့သော် ဤအချိန်တွင် သူသည် လုံးဝ ခွေယိုင်ကာ ငြိမ်သက်နေပြီး သူ၏ မျက်နှာမှာ ဖြူရော်နေလေသည်။ တတိယမင်းသားသည် အသာအယာ ချောင်းဆိုးလိုက်ပြီး ယွင်ဟွားအား အတင်းအကျပ် ပြုံးပြကာ ပြောလိုက်သည်။
"အစ်မကြီး... အစ်မကြီး..."
ငရဲပြည်၏ နတ်ဘုရားတစ်ပါးနှင့် ထိုက်တန်ပါပေသည်။ ပြန်လည်ဝင်စားရန် သူမ ရွေးချယ်သော မိသားစုပင်လျှင် ထူးခြားလှပေသည်။ အစ်မကြီး၏ တတိယအစ်မသည်ပင် လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
ယွင်ဟွားက သူတို့၏ အသွင်အပြင်ကြောင့် အံ့သြသွားလေသည်။
"ဘာဖြစ်တာလဲ... မင်တို့နှစ်ယောက် နတ်ဆိုးတစ်ကောင်ရဲ့ အသက်စွမ်းအင် စုပ်ယူခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်..."
မကြာမီမှာပင် သူတို့နှစ်ဦးစလုံး ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်နေလေသည်။ နန်ကုန်းယွမ်သည် သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ကစားနေလေသည်။
"သူတို့က စူးစမ်းလိုစိတ်လို့ခေါ်တဲ့ ကြောင်ကလေးတစ်ကောင်ရဲ့ သွေးဆောင်မှုကို ခံလိုက်ရပြီးတော့ ၎င်းနောက်ကို လိုက်သွားခဲ့ကြတာ... သူတို့ ပြန်ရောက်လာတဲ့အခါ ဒါမျိုး ဖြစ်သွားတာပဲ..."
နန်ကုန်းယွမ်သည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး နောက်ပိုင်းတွင် သူတို့သည် ပျော်ပွဲရွှင်ပွဲများ၌ ပါဝင်ဆင်နွှဲချင်သေးသလားဟု တွေးတောနေလေသည်။
တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်...
အကျပ်အတည်းအားလုံး ဖြေရှင်းပြီးသွားသောအခါ ဟုန်တာ့ဝူက ထောင့်တစ်နေရာမှ ထွက်လာခဲ့ပြီး သူ၏ ဒူးများ ခွေကျသွားကာ ယွင်ဟွားရှေ့တွင် ဒူးထောက်လျက် ပြောလိုက်၏။
"ကျွန်တော်မျိုး... မင်းသမီးကို ကျေးဇူးတင်ပါတယ်..."
သူ၏ ပုံမှန် ကြမ်းတမ်းပြီး ခြိမ်းခြောက်တတ်သော အမူအရာနှင့်မတူဘဲ အရပ်ရှည်ရှည်၊ သန်မာထွားကျိုင်းသော ဤအမျိုးသားကြီးတွင် နူးညံ့သိမ်မွေ့မှု တစ်စွန်းတစ်စ ရှိနေလေသည်။ အကယ်၍ ယနေ့သာ မင်းသမီး ရှိမနေပါက သူ၏ ကျောက်စိမ်းရိုင်းမှာ သေချာပေါက် ဆုံးရှုံးသွားပေလိမ့်မည်။
"မင်းသမီး... အရင်ကဆိုရင်တော့ ကျွန်တော်မျိုး ဒီကျောက်စိမ်းရိုင်းကို မင်းသမီးကို ပေးအပ်မှာပါ... ဒါပေမယ့် လက်ရှိအခြေအနေအရ အဲ့လိုလုပ်ဆောင်ဖို့ ခွင့်မပြုပါဘူး..."
ဟုန်တာ့ဝူက ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ အံကိုကြိတ်ကာ ပြောလိုက်လေသည်။
"မင်းသမီး... ကျွန်တော်မျိုးက ငွေစက္ကူ ငါးထောင်နဲ့ ကိုယ့်ကိုယ်ကိုယ် မင်းသမီးဆီ ရောင်းချဖို့ ဆန္ဒရှိပါတယ်..."