← Chapters

ကြာကူလီ

Vol. 31 Ch. 302

ကြာကူလီ

Vol. 31 Ch. 302

“ ကောင်မလေး … မင်း သေချာစဉ်းစားပြီးသွားပြီလား …”

“ နိုင်ငံခြားမှာ နေတာက အဲ့လောက် မလွယ်ပါဘူးလို့ ဦး အစောကြီးကတည်းက ပြောပါတယ် ….”

“ နိုင်ငံခြားတိုင်းပြည်တွေက ငါတို့ နိုင်ငံသားတွေအပေါ် အထင်သေး စက်ဆုပ်မှုက တော်ရုံမဟုတ်ဘူး … ပြီးတော့ နိုင်ငံခြားမှာ ရာဇဝတ်မှုတွေကလည်း မှိုလိုပေါတယ် .. ငါတို့နိုင်ငံလို မအေးချမ်းဘူး ….”

“ မင်းအဖေက ဦးအပေါ် တော်တော်ကြီးကို အထင်လွဲနေတာ … ဦးက အဲ့လိုလူစားမျိုး မဟုတ်ပါဘူးကွာ ….”

“ ဦးပြောတာကို နားထောင် … ကိုယ့်နိုင်ငံကိုပဲ ပြန်လာခဲ့ … ကိုယ့်နိုင်ငံက အကောင်းဆုံးပဲ …”

“ မင်းပြန်လာမယ်လို့ သဘောတူသရွေ့ ဦးချက်ချင်းပဲ မင်းအတွက် လေယာဉ်လက်မှတ် ဖြတ်ပေးမယ် ….”

“ နိုင်ငံကို ပြန်ရောက်တာနဲ့ ဦးကုမ္ပဏီမှာ အလုပ်လာလုပ် ….”

“ ဦးက အင်တာနက် ကုမ္ပဏီတစ်ခုကို ဦးစီးနေတာ … မင်းလို အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ လိုတယ် ….”

“ တစ်ခြားလူတွေ ဘာပဲပြောပြောကွာ … မင်းရဲ့ အရည်အချင်းကို ဦးယုံကြည်တယ် … ဦးကုမ္ပဏီမှာ မင်း ကောင်းကောင်းလုပ်နိုင်မှာ သေချာတယ် ….”

ကြည့်ရှုသူများမှာ ဖုန်းထဲက တစ်ဖက်အသံကို သေချာ ရှင်းလင်းစွာ ကြားလိုက်ကြရသည်။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က စပီကာ ဖွင့်ထားခြင်း မရှိသော်လည်း သူမ မွေးစားအဖေ၏ အသံက စပီကာ ဖွင့်ထားသလိုကို ကြည်လင်ကျယ်လောင်နေသည်။

သူမ မွေးစားအဖေ၏ ပြောစကားတို့ကတစ်ဆင့် ဝေဖန်သုံးသပ်ကြည့်မည်ဆိုပါက တစ်ဖက်လူသည် တူမ ဖြစ်သူအပေါ် ငုံထားမတတ် အလိုလိုက်ချင်ကြောင်းကို ပြောပြဖို့ရာ မခဲယဉ်းပေ။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က အစွန်းရောက် အမျိုးသမီးဝါဒီတစ်ဦး ဖြစ်သည့်တိုင် သူ မမုန်းတီးမိပေ။

ထိုအစား သူမကိုပင် သူ့ကုမ္ပဏီ၌ အလုပ်လာလုပ်စေချင်နေသည်။

“ မွေးစားအဖေ … ကျွန်မ အခု ဖုန်းခေါ်လိုက်တာက အိမ်ပြန်ချင်လို့ မဟုတ်ဘူး … သမီးဖုန်းခေါ်လိုက်တာက … အဟင့်ဟင့် … အဖေတစ်ခုခု ဖြစ်သွားလို့ ….”

“ သူက ဒိတ်ဒိတ်ကျဲကြီးပဲဟာ … သူ့လိုလူက ဘာများ ဖြစ်နိုင်မှာမို့လို့ ….”

“ မင်းအဖေက သောင်းနဲ့ချီတဲ့ လူတွေကို အုပ်ချုပ်နေတာ … ဦးထက်တောင် ပိုပြီး လွှမ်းမိုးမှု ရှိသေးတယ် ….” [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ မွေးစားအဖေက သွယ်ဝိုက်ပြီး ဆိုလိုက်သည်။

“ ပုံမှန်ဆို သူ အပြင်ထွက်ရင် ကားတန်းတွေ ၊ ဘာတွေနဲ့ … တစ်ခြား ရုံးခွဲတစ်ခုခုကို စစ်ဆေးမယ်ဆိုလည်း သူ့ဘေးနားမှာလည်း အခြွေအရံတွေနဲ့ ….”

“ ဦးသာ တစ်ခုခု ဖြစ်သွားမယ် … သူကတော့ … နေဦး … မဖြစ်နိုင်တာ ….”

တူမ ဖြစ်သူ၏ဖခင်က တစ်ခုခု ဖြစ်သွားကြောင်းကို ကြားတော့ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ မွေးစားအဖေက ထေ့ငေါ့ အထင်သေးဟန်စွက်သည့် လေသံဖြင့် စတင်ပြောဆိုလိုက်သည်။ သို့သော် သူ့စကားတစ်ဝက်တစ်ပျက်မှာပဲ မွေးစားအဖေ၏ လေသံက ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။

“ ကောင်မလေး … မင်းအဖေ ဒုက္ခရောက်နေတယ်လို့ ပြောတယ်နော်… ဧကန္တ အဲ့ဒီဟာများလား ….”

“ ကျွန်မလည်း သူ ပြည်သူ့ရန်ပုံငွေတွေ အများကြီး အလွဲသုံးစား လုပ်ထားမှန်း အခုလေးတင်မှ သိတာ ….” [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ခါးသက်နေသည့် လေသံဖြင့် ပြောလိုက်၏။

“ နည်းတောင် နည်းသေးတယ် ….”

“ မင်းအဖေက အပြင်ဘက်ကြည့်တော့တာ လူကြီးလူကောင်းပုံစံနဲ့ အတွင်းဘက်ခြမ်းက ဘယ်လောက်တောင် ရက်စက်ပြီး ကောက်ကျစ်လိုက်သလဲဆိုတာ မင်းမသိလို့ ….”

“ သူ အနှေးနဲ့ အမြန် တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ဦးထင်ထားပဲ ….”

“ သူ အလွဲသုံးစားလုပ်လိုက်တဲ့ ရန်ပုံငွေက ဘယ်လောက်ရှိလဲ ….”

သူမ၏ မွေးစားအဖေက ဖုန်းထဲတွင် ဘာမဟုတ်သည့်အတိုင်း ကျိန်ဆဲလိုက်သည်။

“ သန်း ၆၀၀ …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က မဝံ့မရဲလေး ဆိုလိုက်၏။

“ အင်း … သူ့စရိုက်နဲ့ ကိုက်ပါပေတယ် … သူက မလုပ်ရင်လည်း မလုပ်ဘူး…. လုပ်ပြီဆိုလည်း အဆုံးသတ်မလှမယ်မှန်း သိတောင် အကြီးကြီး လုပ်မယ့်ကောင် …”

“ ငါ့ကိုကျတော့ ငွေကို လောဘကြီးတယ် ၊ အမြတ်ကြီးစားတယ်လေး ဘာလေးနဲ့ … “

“ ကွယ်ရာမှာနဲ့ ပေါ်တင်လုပ်တာပဲကွာတယ် … မင်းရဲ့ အဖေက ကြောင်သူတော်တောင် သူ့ကို ဆရာခေါ်ရတဲ့ကောင် ….”

ကြည့်ရှုသူ တော်တော်များများက သူမ၏ မွေးစားအဖေသည် သူမအဖေကို ဆဲလေလေ၊ သူ့စိတ်ထဲ ပိုပျော်လာလေလေ ဖြစ်ကြောင်းကို ပြောနိုင်ကြသည်။

“ မွေးစားအဖေ … ရှင် ကျွန်မ အဖေကို မလိုမုန်းထားတာတွေ ခဏလောက် ဘေးချိတ်ထားပေးလို့ ရမလား ….”

“ ကျွန်မကြားမိတာ သူ အလွဲသုံးစား လုပ်ထားတဲ့ ငွေတွေကို ပြန်ပေးနိုင်တာနဲ့ အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိတယ်တဲ့ ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

“ အဲ့တာ ဟုတ်တယ် … စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် သူ အလွဲသုံးစားလုပ်ထားတဲ့ ရန်ပုံငွေတွေ ပြန်ပေးပြီး အပြစ်ကို ရိုးရိုးသားသား ဝန်ခံသရွေ့ သူ့အသက်ကို ကယ်လို့ရသေးတယ် …”

“ ကောင်မလေး … သူ့အမှားအတွက် ဦးကို ပေးဆပ်ခိုင်းချင်နေတာတော့ မဟုတ်ဘူးမလား ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် ယင်းက သူမ လိုချင်နေသည့် အရာဖြစ်ကြောင်း ဝန်ခံလိုက်၏။

“ တကယ်လို့ ကျွန်မ အဖေသာ ဆုံးသွားခဲ့မယ်ဆိုရင် ကျွန်မတို့ မိသားစု တစ်ခုလုံး ပျက်စီးသွားနိုင်လို့ပါ ….”

“ ဟင်း …..”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ မွေးစားအဖေက သက်ပြင်းချလိုက်၏။

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် သူမ၏ မွေးစားအဖေက မေးလိုက်သည်။ “ ဘာမှမပူနဲ့ ငတုံးမလေး … မင်းအဖေရဲ့ အမှားကို မင်း ဘယ်လိုဖြစ်ပြီး သိသွားခဲ့တာ ….”

သူ့တွင် အဆက်အသွယ်များစွာ ရှိသော်လည်း ယခုအချိန်ထိတိုင် သူမအဖေ တစ်ခုခု ဖြစ်သွားကြောင်း မသိရသေးပေ။

တစ်နယ်တစ်ခြား … နိုင်ငံခြားသို့ ရောက်နေသည့် တူမ ဖြစ်သူက မည်သို့ သိသွားခဲ့သနည်း။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် ကွန်ပျူတာ စခရင်ကို ကြည့်လိုက်ပြီး မျက်လုံးစုံမှိတ်လျက် ပြန်ဖြေလိုက်၏။ “ ဖြစ်ပုံက ဒီလိုပါ …….”

မိနစ် အနည်းငယ်ကြာပြီးနောက် [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် သူမ၏ မွေးစားအဖေကို ဇာတ်လမ်းတစ်ခုလုံး အကျဉ်းချုပ် ပြောပြပြီးသွားခဲ့သည်။

“ မင်း မင်း မင်း …. အဲ့လိုမျိုး လုပ်ရဲနေတယ်ဆိုတာ ဦး ယုံတောင် မယုံနိုင်ဘူး ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ မွေးစားအဖေမှာ စကားပင် ကောင်းကောင်းမဆိုနိုင်လောက်သည်အထိ တုန်လှုပ်သွားခဲ့ရသည်။

ချန်ယွီ့၏ ဂုဏ်သတင်း ကြီးမားလာသည်နှင့် အာဏာပိုင်များက သူ့လိုက်စထွင်းကို စောင့်ကြည့်ဖို့ လူများ စေလွှတ်ထားရုံမျှမက နိုင်ငံအဝန်းရှိ ကြွယ်ဝမှုနှင့် အဆင့်အတန်းတစ်ချို့ ရှိသူတိုင်း ချန်ယွီ့အကြောင်းကို ကြားဖူးကြသည်။

ဟန်ကျိုးမြို့၏ နာမည်ကြီး ဆောက်လုပ်ရေး တိုင်ကွန်း ၊ စီအီးအိုရွှီသည် ချန်ယွီ့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ကရိန်းတာဝါပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ယင်းအဖြစ်အပျက်က အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ အတော်လေးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့၏။

များမကြာမီ ရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ရေး နယ်ပယ်က ဒိတ်ဒိတ်ကျဲ တစ်ဦးဖြစ်သည့် ဝန်ရှင်းဟွေ့၏ သားမှာ ထောင်ချခံလိုက်ရသည်။ ထိုအခါ တစ်ဖန်ထပ်ပြီး အထက်တန်းလွှာ အသိုင်းအဝိုင်းတွင်း၌ ဆူညံသွားခဲ့ရပြန်သည်။

ဝန်ရှင်းဟွေ့၏ သားမှာ အရေးပါသည့် လူပုဂ္ဂိုလ်တစ်ဦး၏ သမီးကို သတ်ဝံ့သည်အထိ သတ္တိကောင်းနေလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

အကယ်၍ ဝန်ရှင်းဟွေ့ကသာ သူ၏ အဆက်အသွယ်များကို အစွမ်းကုန် အသုံးချပြီး အပြစ်အားလုံးကို သားဖြစ်သူအပေါ် ပုံမချခဲ့ဘူးဆိုပါက သူ့သားတစ်ယောက်တည်းသာ ထောင်ထဲ ဝင်ရရုံမကဘဲ ၊ သူကိုယ်တိုင်လည်း လွတ်လပ်သည့် ဘဝကို စွန့်လွှတ်လိုက်ရနိုင်သည်။

ဝန်ရှင်းဟွေ့လက်ထဲရှိ ဒိတ်ဒိတ်ကျဲ တစ်ချို့၏ အားနည်းချက်များက သူ့ဘဝကို ကယ်တင်သွားခဲ့ခြင်းပင်။

“ မွေးစားအဖေ … ရှင် ဘာလို့ ဘာစကားမှ မပြောတော့တာလဲ …. ကျွန်မတို့ မိသားစုကို တကယ်ပဲ မကူညီပေးတော့ဘူးလား ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ငိုကြွေးပြီး ခယပြောဆိုလိုက်သည်။

“ ဖုန်းမချသေးနဲ့ဦး … ဒီကိစ္စက အတော်ကြီးတယ် … ဦးစဉ်းစားကြည်ဦးမယ် …”

ထို့နောက် ဖုန်းထဲ မည်သည့်အသံမျှ ထွက်မလာတော့ချေ။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က သုံးလေးကြိမ်ခန့် ဆက်တိုက် အော်ခေါ်နေပါသော်လည်း သူမ၏ မွေးစားအဖေထံမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။

“ ဒေါက်တာချန် … နင့်နည်းလမ်းက အသုံးလည်းမဝင်ပါလား ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က သူမ၏ဖုန်းကို စပီကာဖွင့်ထားရင်း ကွန်ပျူတာခုံ ဘေး၌ တင်ထားလိုက်သည်။

“ မွေးစားအဖေကြည့်ရတာ ဒီကိစ္စထဲ ဝင်စွက်ဖက်ချင်တဲ့ပုံ မပေါ်ဘူး ….”

“ သူ ဂရုမစိုက်ချင်တာ မဟုတ်ဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒီတိုင်း မင်းက မှန်ကန်တဲ့ နည်းလမ်းကို မသုံးခဲ့လို့ပဲ ….”

“ ငါက ဘာနည်းလမ်း သုံးရမှာ …..”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က မေးမြန်းလိုက်၏။

“ မင်းက သူ့ကို မွေးစားအဖေ ဆိုပြီးပဲ ခေါ်နေတယ် … အဲ့လိုကတော့ ဘယ်အလုပ်ဖြစ်မှာ …”

ချန်ယွီ့ အေးအေးလူလူ လေသံဖြင့် ပြောလိုက်သည်။

“ သူ့ကို မွေးစားအဖေလို့ ခေါ်တာ ဘာမှားနေလို့လဲ ….” [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က နားမလည်နိုင်သည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်ပြီး “ ဒါဆို ငါသူ့ကို အန်ကယ်ကောင်းလို့ ခေါ်ရမှာလား ဟုတ်လား ….”

“ မင်း သူ့ကို အဖေလို့ ခေါ်ရမှာ ….”

“ ဘာကိစ္စ အဖေ ခေါ်ရမှာလဲ …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ချန်ယွီ့ စကားကြောင့် ရှုပ်ထွေးသွားခဲ့ရသည်။

“ သားရီးတို့ … အရမ်းမွှေးတဲ့ အတင်းအဖျင်းအနံ့လေးတွေ မရကြဘူးလား ….”

“ မွေးစားအဖေ …၊ အဖေ …၊ မဖြစ်နိုင်တာ … အဲ့လောက် စိတ်လှုပ်ရှားဖို့ ကောင်းတာတော့ မဟုတ်လောက်ဘူးမလား …”

“ အထက်တန်းလွှာအသိုင်းအဝိုင်းက လူတွေက ဘယ်လိုပျော်ပါးရမလဲဆိုတာ ကောင်းကောင်း သိကြတာပဲ … သူတို့ မလုပ်ရဲတာကို မရှိကြဘူး ….”

“ မင်းတို့ကောင်တွေ သံလက်သီးမ သူ့ရဲ့ မွေးစားအဖေဆီ ဖုန်းဆက်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့တာကို မှတ်မိကြသေးလား ….”

“ လခွမ်း … ဒင်းက ကြာကူလီကောင် …”

များပြားလှသည့် ကွန်းမန့်တို့ ထွက်ပေါ်လာခဲ့ပြီး [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ နှလုံးခုန်သံသည်လည်း လည်ချောင်းဝအထိ ဆန်တက်လာခဲ့တော့သည်။

မေ့ပျောက်လုနီးပါး ဖြစ်နေသည့် အရာများစွာက သူမစိတ်ထဲ ပြန်လည် မြင်ယောင်လာသည်။

သူမ အသက် ငါးနှစ်၊ ခြောက်နှစ် အရွယ်လောက်တုန်းက သူမအမေက အန်ကယ်ကောင်း၏ အိမ်သို့ အလည်ခေါ်သွားပေးသည်။

အန်ကယ်ကောင်းက သူမကို ဈေးအင်မတန်ကြီးသည့် သက်ရှည်ဆွဲသီးလေး တစ်ခု လက်ဆောင်ပေး၏။

မိခင်ဖြစ်သူ၏ စီစဉ်ပေးမှုအောက်မှာပဲ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် အန်ကယ်ကောင်းကို သူမ၏ မွေးစားအဖေအဖြစ် အသိအမှတ်ပြုလိုက်ရသည်။

ထိုစဉ်အချိန်တုန်းကတော့ သူမအဖေမှာ စကားများများ မပြောဆိုခဲ့ချေ။

သူမအမေကို အကျိုးဆက်တွေအကြောင်း ဂရုစိုက်ဖို့ပဲ သတိပေးခဲ့၏။

ဖခင်ဖြစ်သူက ကြီးမားသည့် ပြည်နယ်ပိုင် စီးပွားရေး ကော်ပိုရေးရှင်းကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး အကယ်၍ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် အလွန်အမင်း ရင်းနှီးနေမည်ဆိုလျှင် အခြားသူများအတွက် စကားပြောစရာ ဖြစ်လာနိုင်သည်။

သူမ အသက်ကြီးလာသည်နှင့်အမျှ၊ အန်ကယ်ကောင်းဆီက လက်ဆောင်တစ်ခုခု လက်ခံလိုက်တိုင်း သူမအဖေမှာ ရူးသွပ်လုမတတ် ဒေါသထွက်လာတတ်သည်။

သူမအဖေ ဒေါသူပုန်ထလာသည်နှင့် အန်ကယ်ကောင်း၏ မိသားစု သမိုင်းကို ပြန်လှန်ပြလေ့ရှိ၏။

အန်ကယ်ကောင်းမှာ ယခင်က ငါးခြောက်သည်(ငါးခြောက်ရောင်းသူ) ဖြစ်ခဲ့ဖူးသည်ဟု မကြာခဏ ဆိုလေ့ရှိသည်။

နောက်ပိုင်းတွင် မသင့်လျော်သည့် နည်းလမ်းတစ်ချို့ဖြင့် ချမ်းသာလာခဲ့၏။ ကုမ္ပဏီတစ်ခု တည်ထောင်သည်။ သူ့စီးပွားရေးကလည်း ကြီးထွားလာခဲ့သည်။ အခွင့်အရေးကို ဆုပ်ကိုင်၍လည်း အင်တာနက် ကုမ္ပဏီတစ်ခုကို စတင်ခဲ့သေး၏။

သူ့ပတ်ဝန်းကျင်ဒေသရှိ အချမ်းသာဆုံး လူတစ်ဦး ဖြစ်လာခဲ့သည်။

ထိုစဉ်က သူမ တွေးမိခဲ့သည်မှာတော့ အန်ကယ်ကောင်းက လူမိုက်လောကနှင့် အဆက်အဆံရှိသောကြောင့် သူမအဖေ၏ ဂုဏ်သတင်းကို ညစ်နွမ်းစေမှာ စိုးရိမ်သောကြောင့် ဟူ၍ပင်။

ထို့ကြောင့်လည်း သူမ အန်ကယ်ကောင်းနှင့် တွေ့ဆုံတိုင်း မပျော်မရွှင် ဖြစ်နေရခြင်း ဖြစ်၏။

သူမအဖေ ကြိမ်းမောင်းဆူငေါက်သည်ကို နားထောင်ပြီးနောက် [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]လည်း အန်ကယ်ကောင်းနှင့် ပြောဆိုဆက်ဆံသည်က တဖြည်းဖြည်းချင်း ရပ်တန့်လာသည်။

အကယ်၍ အန်ကယ်ကောင်းတွင်သာ မကောင်းသည့် နောက်ခံတို့ ရှိနေမည်ဆိုပါက သူမတို့ မိသားစုအပေါ် ပတ်သက်ငြှိစွန်းလာမည်မှာ ကျိန်းသေပေါက်ပင် ….

All Chapters