← Chapters

အန်ကယ်ကောင်းရဲ့ အချစ်ဇာတ်လမ်း

Vol. 31 Ch. 303

အန်ကယ်ကောင်းရဲ့ အချစ်ဇာတ်လမ်း

Vol. 31 Ch. 303

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ ပညာအရည်အချင်း ဇာတ်လမ်းများ ပေါက်ကွဲထွက်လာမှုကြောင့် ဖခင်ဖြစ်သူက သူမကို လူမြင်ကွင်းက ခေတ္တ တိမ်းရှောင်ဖို့ရာအတွက် နိုင်ငံခြားသို့ စေလွှတ်ရန် စီစဉ်ခဲ့သည်။

တစ်ချိန်တည်းတွင် သူမကို အန်ကယ်ကောင်းနှင့် ဝေးဝေးနေစေလိုသည့် ရည်ရွယ်ချက်လည်း ပါသည်။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]ကလည်း ဖခင်ဖြစ်သူ၏ အခက်အခဲများကို နားလည်သည့်အတွက် နာနာခံခံနှင့် နိုင်ငံခြားသွားရောက်လာပြီး ပုန်းအောင်းနေခဲ့သည်။

သူမ နိုင်ငံထဲက ထွက်လာခဲ့ပြီး ရက်အနည်းငယ်ကြာတော့ အန်ကယ်ကောင်းက သူမထံ ဆက်သွယ်လာသည်။

သူမကို နိုင်ငံပြန်လာဖို့ တစ်ကြိမ်ထက်မက စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့၏။

“ ငါ မွေးစားအဖေနဲ့ ဆက်ဆံတာကို အဖေမကြိုက်တာက ….၊ မဟုတ်တာ … မဖြစ်နိုင်တာ ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က သူမ၏ နှုတ်ခမ်းလေးကို လက်ဝါးဖြင့် အံ့အားတကြီး အုပ်ထားမိသည်။

သူမ ထို့ထက်ပိုပြီး မစဉ်းစားဝံ့တော့ချေ။

ကြည့်ရှုသူများကတော့ မျက်လုံးအရောင်များ လင်းလက်လာသည်။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ အမူအရာကတစ်ဆင့် သူမ တစ်ခုခုကို ရိပ်မိသွားပြီ ဖြစ်ကြောင်း ပြောပြဖို့ရာ မခဲယဉ်းပေ။

မဟုတ်ပါက ဤမျှအထိ ရှော့ခ်ရနေစရာ အကြောင်းမရှိပေ။

“ ငါတို့ကောင်တွေ ဒီနေ့ အတင်းအဖျင်း ဘယ်နှပုဒ်လောက် စုဆောင်းမိပြီလဲဆိုတာ ဘယ်ကောင် မှတ်ထားလဲ ….”

“ ငါ ဒီလိုက်စထွင်းအတွက် သုံးရက်တောင် အငတ်ခံထားတာ … ငါ့အတွက်တော့ အဝစား ဘူဖေးပဲ ….”

“ ဒါ ရေပိုက်ပြင်သမားရဲ့ တကယ့်လက်တွေ့ ဗားရှင်းများလား ….”

“ မှားတယ် … ငါးရောင်းသမားလို့ ပြောရမှာ ….”

“ ငါ့အမေက အဲ့လို လူစားမျိုး မဟုတ်ဘူး … နင်တို့ ငါ့အမေကို မပုတ်ခတ်ကြနဲ့ …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ကွန်ပျူတာဘေးတွင် ချထားသည့် ဖုန်းကို ကြည့်လိုက်သည်။

ချန်ယွီ့ ပြောသည့်စကားများသာ အမှန်ဖြစ်မည်ဆိုပါက … သူမသည် မျိုးမစစ် တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သူမ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ချစ်ခင်ခဲ့ရသည့် ဖခင်က သူမ၏ ဖခင် မဟုတ်ဘူးတဲ့လော ….။

ချန်ယွီ့က သူ၏ ကိုယ်ဟန်ကို တစ်မျိုးပြောင်းလဲလိုက်ပြီး တည်ငြိမ်ရင့်ကျက်သည့် အပြုံးဖြင့် စခရင်ကို တည်တည်ငြိမ်ငြိမ်နှင့် စိုက်ကြည့်နေသည်။

“ ကောင်မလေး … မင်း ရှိသေးလား …”

“ အင်း အင်း ကျွန်မ နားထောင်နေတယ် …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က သူမ၏ ဖုန်းကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး စပီကာကို ပြန်ပိတ်လိုက်၏။

သို့ပေမယ့်လည်း စပီကာ ပိတ်ထားလျှင်ပင် ၎င်းတို့ ပြောနေကြသည့် စကားဝိုင်းကို ပီပြင် ရှင်းလင်းစွာ ကြားနေရဆဲပင်။

“ ဦး မင်းအဖေအကြောင်းကို မေးကြည့်ပြီးပြီ … အာဏာပိုင်တွေက မင်းအဖေအိမ်ကို ရောက်နေကြပြီ …”

“ ဖြစ်ပြီးသွားပြီဆိုမှတော့ စိုးရိမ်နေလို့လည်း အပိုပဲ ….”

“ နိုင်ငံခြားမှာပဲ ခဏလောက် ရှောင်နေလိုက် …”

“ အခြေအနေတွေ ပြန်ငြိမ်သွားမှ နိုင်ငံကို ပြန်လာခဲ့လိုက် …”

“ ငွေကိစ္စကတော့ … လောလောဆယ် ဦးတို့ ကုမ္ပဏီရဲ့ ရန်ပုံငွေတွေကလည်း နည်းနည်း ကြပ်နေတယ်ကွာ … အချိန်တိုလေးအတွင်း သန်း ၆၀၀ ထုတ်ပေးဖို့က မဖြစ်နိုင်ဘူး ….”

“ ဒါပေမယ့် မင်းအဖေက အမှန်တရားကို ဝန်ခံသရွေ့ သူ သေဒဏ်တော့ ပေးခံရမှာတော့ မဟုတ်ဘူး ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ဤစကားကို ကြားတော့ သူမ၏ ဦးခေါင်းမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

ဆိုလိုချင်သည့် သဘောက … မွေးစားအဖေသည် သူမ၏ ဖခင်ကို ကူညီပေးဖို့ မဖြစ်နိုင်ဟူ၍ပင်။

“ ကောင်မလေး … မင်း ဦးကို မမုန်းပါနဲ့ကွာ … ဦး မင်းကို ဒီဒုက္ခကြီးထဲ သေချာပေါက် ပစ်မထားပါဘူး ….”

“ မင်းက စီးပွားရေး တစ်ခါမှ မလုပ်ဖူးတော့ ဒီလိုမျိုးတွေ ဖြစ်ပြီးသွားရင် အခြေအနေကို ပြန်တည့်မတ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲ မင်းနားလည်မှာ မဟုတ်ဘူး ….”

“ ဈေးကွက်တန်ဖိုးက ဘယ်လောက်ရှိရှိ ဦးတို့မှာ အဲ့ပမာဏ အတိအကျ ရှိမယ်လို့ မထင်လိုက်နဲ့ …”

“ ဦးက ချမ်းသာတယ်ဆိုပေမယ့် လက်ထဲမှာတော့ ငွေသားက ဘယ်လောက်မှ ရှိတာ မဟုတ်ဘူး ….”

“ ငွေအများစုက စတော့နဲ့ တစ်ခြားဈေးကွက်တွေမှာ လည်ပတ်နေတာ ….”

အန်ကယ်ကောင်းက သူ့တူမ မည်သည့်အတွေးများ စဉ်းစားနေသည်ကို ရိပ်မိဟန်ဖြင့် သူမကို ဤဒုက္ခကြီးထဲ ပစ်ထားမှာ မဟုတ်ကြောင်းကို ထပ်ခါတလဲလဲ ပြောပြနေသည်။

သူ့မှာ တကယ်ပဲ ငွေပြတ်လပ်နေတာ ဖြစ်၏။

“ အဖေ ….”

အကယ်၍ သူမ၏ မွေးစားအဖေက မကူညီပေးဘူးဆိုလျှင် သူမ၏ ဖခင်မှာ ကျိန်းသေပေါက် သေရတော့မည်။ ယင်းက [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]ကို ထိုစကား နှစ်လုံးအား ထုတ်ပြောဖို့ ဖြစ်သွားစေခဲ့၏။

“ မင်းဦးကို ဘယ်လိုခေါ်လိုက်တယ် ….”

အန်ကယ်ကောင်း ကြက်သေသေသွားခဲ့သည်။

“ အဖေ ….”

“ ကျွန်မ သိပြီးသွားပြီ … ကျွန်မက ရှင့်သမီး မဟုတ်လား …..” [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က အော်ငိုပြီး ပြောလိုက်၏။

“ ချန်ယွီ့ ပြောပြလိုက်တာလား ….”

အန်ကယ်ကောင်းက ခက်ခက်ခဲခဲ ထုတ်မေးလာခဲ့သည်။

“ ဘယ်သူပြောပြလဲက အရေးလား … ကျွန်မက ရှင့်သမီးမဟုတ်လား ….”

“ ကောင်းပြီလေ … ဦးမင်းကို မဖုံးကွယ်ထားတော့ပါဘူး ….”

အန်ကယ်ကောင်းက သက်ပြင်းမောကြီး တစ်ချက်ချလိုက်သည်။

“ မင်း တစ်နှစ်၊ နှစ်နှစ်သမီး အရွယ်လေးကတည်းက မင်းဘယ်သူဆိုတာ ဦးသိပြီးသား ….”

“ ဒါပေမယ့် အဲ့တုန်းကတော့ ဦးက သာမန် ငါးရောင်းတဲ့သူ တစ်ယောက် ….”

“ သမီးကို ပိုကောင်းတဲ့ ဘဝမှာ နေနိုင်ခွင့်ပြုဖို့ဆို ဦးတို့ရဲ့ ပတ်သက်ဆက်နွယ်မှုကို ဖုံးကွယ်ထားဖို့ပဲ တတ်နိုင်မယ် …”

သူ့ရင်ဘက်ထဲတွင် အနှစ်၂၀ကျော်ကြာ မျိုသိပ်ထားခဲ့ရသည့် စိတ်ခံစားချက်တို့က ယခုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့တော့သည်။

ချန်ယွီ့က အရာအားလုံးကို ထုတ်ဖော်လိုက်သည့်အတွက်ကြောင့် သန်းနှင့်ချီသည့်လူများပင် အမှန်တရားကို သိရှိသွားခဲ့လေပြီ။

ထို့ကြောင့် ဆက်လက်ဖုံးကွယ်ထားနေစရာ အကြောင်းမရှိတော့ပေ။

နှစ် ၂၀ ကျော် ကာလတစ်လျှောက်လုံး သူသည် သူ့သမီးကို သူ့ဘေးနားသို့ ပြန်လာစေချင်ခဲ့သည်။

သူ့မိဘများ၏ အုတ်ဂူသို့ ခေါ်သွားပေးပြီး သူ့ဘိုးဘွားများကို အသိအမှတ်ပြုစေချင်ခဲ့သည်။

သူ ထိုသို့ ပြုလုပ်မည့် အကြောင်း တွေးတောလိုက်သည်နှင့် နောက်ဆက်တွဲ ဖြစ်လာမည်က လက်ရှိဖခင်၏ ရက်စက်ကြမ်းတမ်းသည့် လက်စားချေမှုများပင်။

ကောင်းကျိုးဆိုးပြစ်များကို သေချာချင့်ချိန်ပြီးသည့်နောက် ဤကိစ္စကို ဖုံးကွယ်ထားဖို့ သူ ဆုံးဖြတ်လိုက်၏။

ယခု သူမ၏ လက်ရှိအဖေက ထောင်ထဲဝင်ရတော့မည်။

သူ့ကို စောင့်ဆိုင်းနေသည့်အရာသည်လည်း သေမိန့်ဖြစ်၏။

ခြိမ်းခြောက်မှုလည်း မရှိမှတော့ သူ့ဘက်က ဘာမပြောရဲစရာ အကြောင်း ရှိတော့မည်နည်း။

သူက ပုဂ္ဂလိကပိုင် ကုမ္ပဏီပိုင်ရှင်ကြီး ဖြစ်ပြီး ဂုဏ်သတင်းကို ဂရုစိုက်စရာလည်း မလိုအပ်ချေ။

ထို့ပြင် သူက လက်လည်း မထပ်ရသေးသလို တိတ်တိတ်ပုန်း ကလေးများလည်း မရှိထားသဖြင့် မိသားစု အရှုပ်အထွေးများကိုလည်း စိတ်ပူစရာ မလိုပေ။

“ ကျွန်မအမေက ရှင်နဲ့ … ရှင်နဲ့ ဟိုလို ဖြစ်ခဲ့တာလား …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က တီးတိုးရေရွတ်လိုက်သည်။

“ ကောင်မလေး … မင်းပြောချင်တာကို ဦးနားလည်တယ် … သူ့ကို အထင်မလွဲပါနဲ့ … မင်းအမေက အမျိုးသမီးကောင်းတစ်ယောက်ပါ ….”

“ သူက မင်းရဲ့ လက်ရှိဖခင်အပေါ် မဖောက်ပြန်ခဲ့သလို အဲ့လူ စိတ်ပျက်စေမယ့်အရာတွေလည်း မလုပ်ခဲ့ဘူး …”

“ တကယ်လို့ မင်းတောင်းပန်ချင်တယ်ဆိုရင် သူ့ကိုပဲ တောင်းပန်ရမှာ …”

အချိန်က လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကို ပြန်လည် ရောက်ရှိသွားခဲ့သည်။

ထိုစဉ်အချိန်က အန်ကယ်ကောင်းမှာ လမ်းဘေး ငါးခြောက်သည်တစ်ဦး ဖြစ်၏။ တစ်နေ့ ဖောက်သည်မိန်းကလေးတစ်ဦးကို ဒေသခံ လူရမ်းကားများ လိုက်လံနှောင့်ယှက်သည်ကို ကူညီပြီး မောင်းထုတ်ပေးခဲ့သည်။

ဤသို့ဖြင့် နှစ်ယောက်မှာ တစ်ဦးကို တစ်ဦး သိကျွမ်းသွားခဲ့ကြ၏။

သူတို့တွေ ဖြည်းဖြည်းချင်း သူစိမ်းမှသည် သူငယ်ချင်း ၊ သူငယ်ချင်းမှသည် ချစ်သူများ အဖြစ်သို့ ရောက်ရှိလာကြ၏။

အရာအားလုံးက ယုတ္တိကျကျ၊ သဘာဝကျကျပဲ ဆက်သွားနေခဲ့သည်။

သူတို့နှစ်ဦး အိမ်ထောင်ရေးကိစ္စကို တိုင်ပင်တော့မည့် အချိန်မှာပဲ အမျိုးသမီး၏ မိဘများက သူတို့ သမီးလေးကို ကြင်ဖက်တွေ့ဖို့ စီစဉ်ပေးခဲ့သည်။

ကြင်ဖက်တွေ့ရမည့် ပါတနာကတော့ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ လက်ရှိဖခင်ကလွဲ၍ အခြားသူ မဟုတ်ပေ။

ကြည့်ရှုသူများမှာ အသက်ပင် ကျယ်ကျယ် မရှူဝံ့ကြချေ။

အမျိုးသား ကြည့်ရှုသူ တော်တော်များကတော့ သူတို့ ဖုန်းများနှင့်အတူ အိမ်သာထဲ ပြေးဝင်သွားကြပြီး သေးပေါက်သည့် အသံက ကျယ်လောင်စွာ စိုးသည့်အတွက် အိမ်သာအိုးနှင့် ထိကပ်ပြီး ဆက်ကြည့်နေကြ၏။

ယနေ့ လိုက်စထွင်း သုံးခုဆက်တိုက် ရှိခဲ့ပြီး တစ်ခုချင်းစီကလည်း တစ်ခုထက်ကိုပိုပြီး ခေါင်းမီးတောက်စရာပင်။

ပထမ တစ်ခုက မိမိကိုယ်ကို အလိုရှိ ဝရမ်းပြေး ရာဇဝတ်သားပါဟု ခံယူပြီး ၁၂ နှစ်ကျော်ကြာ အိမ်က ထွက်ပြေးနေသူ တစ်ဦးပင်။ သူ့ အိပ်မက်ဆိုးကြီးထဲက နိုးထလာခဲ့ပြီးနောက် သူ့ကိုယ်သူ ဘီလီယမ်နာ အမွေခံ တစ်ဦး ဖြစ်နေကြောင်း သိရှိလိုက်ရသည်။

ဒုတိယကတော့ တစ်ချိန်က နာမည်ကြီး လူမိုက်ခေါင်းဆောင်‌ဟောင်း ဖြစ်ခဲ့ဖူးသည့် ထောင်သားဟောင်းကြီး တစ်ယောက် အကြောင်းဖြစ်၏။ သူက အေးဆေးအိပ်နေရင်းပင် အလိုလို ငွေဝင်နိုင်မည့် နည်းလမ်းတစ်ခုကို လိုချင်ခဲ့သည်။

တတိယနှင့် နောက်ဆုံးကတော့ အင်မတန် အစွန်းရောက်သည့် အမျိုးသမီးဝါဒီသမား တစ်ဦးပင်။ သူမမှာ ချန်ယွီ့ကြောင့် မိသားစု တစ်ခုလုံးကိုပင် ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့လေသည်။

ယခု … သူမ၏ လက်ရှိဖခင်က သူမ၏ သွေးရင်းဖခင် မဟုတ်ဘဲ မွေးစားအဖေဟု သူမသတ်မှတ်ထားသူမှာတော့ ဖခင်အရင်း ဖြစ်လို့နေသည်။

“ ဒါဆို အမေက ဘာလို့ အဖေ့ကို လက်ထပ်ခဲ့တာလဲ ….” [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က နားမလည်နိုင်သည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်ပြီး “ ရှင်နဲ့ ကျွန်မ အမေက အချင်းချင်း ချစ်နေကြမှတော့ အမေက ဘာလို့ အဖေနဲ့ လက်ထပ်လိုက်ရတာလဲ ….”

“ ဟင်း … အချိန်ရဲ့ ရက်စက်မှုတွေ ၊ အခြေအနေရဲ့ ရက်စက်မှုတွေကြောင့်ပေါ့ကွယ် …..”

အန်ကယ်ကောင်းက ခါးသက်သက် အမူအရာဖြင့် အဖြေပြန်ပေးလိုက်၏။

“ အဲ့တုန်းက ဦးမှာ ဘာမှမရှိဘူး … သူရဲဘောကြောင်တဲ့ စရိုက်ကြောင့် လူမိုက်တွေ ဆီကနေ ကာကွယ်ကြေးလည်း တောင်းခံရသေးတယ် ….”

“ ငါးရောင်းပြီး ရလာတဲ့ ငွေလေးက လောက်ငှရုံလေး ရှိတာ ….”

“ မင်း အမေကို နှုတ်ခမ်းနီတစ်တောင့် ဝယ်ပေးနိုင်ဖို့ကိုတောင် လဝက်လောက် ပိုက်ဆံစုလိုက်ရတယ် ….”

“ တစ်ဖက်မှာကျ မင်းရဲ့ လက်ရှိဖခင်ရဲ့ မိသားစုနောက်ခံက ကောင်းတယ် … ငယ်ငယ်လေးနဲ့ အစိုးရဝန်ထမ်းလည်း ဖြစ်နေပြီ ….”

“ သူ့ဌာနမှာလည်း ရာထူးတိုးနိုင်မယ့် တက်လမ်းတွေ အများကြီးနဲ့ ပါရမီရှင်တစ်ဦးပေါ့ … ဦးရဲ့ ခေါင်းအစခြေအဆုံး သူနဲ့ယှဉ်ဖို့တန်တာ ဘာတစ်ခုမှ မရှိဘူး ….”

ထိုခေတ်ထိုအခါတွင် ဩဇာအာဏာရှိသူက လူတိုင်း၏ အထက်တွင် ရှိသည်။

သူတို့လို ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များက လမ်းဘေး၀ဲယာက သူတောင်းစားများနှင့် မခြားနားပေ။

နောက်ပြီး သူက သာမန် ငါးရောင်းသမားလည်း ဖြစ်နေပြန်သည်။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ အမေဘက်က ဘိုးဘွားများက သူမ၏ လက်ရှိဖခင်ကို တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်သွားခဲ့ကြသည်။

လက်ထပ်ဖို့ မတိုင်မီ တစ်ရက်အလိုတွင် အန်ကယ်ကောင်းက သူမအမေကို နောက်ဆုံးအကြိမ် ညစာဖိတ်ကျွေးပြီး ရုပ်ရှင်အတူကြည့်ဖို့ ဖိတ်ခေါ်ခဲ့၏။

ထို့နောက်တွင် သူတို့နှစ်ဦး ကိုယ့်လမ်းကိုယ် လျှောက်ကြပြီး နောက်တစ်ကြိမ် ပြန်ဆုံစရာ အကြောင်းမရှိတော့ပေ။

ညစာ ထမင်းဝိုင်းကတော့ အင်မတန် လွမ်းဆွေးကြေကွဲဖွယ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီး သူတို့နှစ်ဦးလုံးမှာ အရက်တွေ အမူးသောက်ခဲ့ကြ၏။

ညစာစားပြီးနောက် ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံသို့ သွားရမည့် အစား သူတို့တွေ ဟိုတယ်တစ်ခုသို့ ဝင်သွားခဲ့ကြသည်။

“ နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ မင်းအမေ ဦးဆီကို ရောက်လာပြီး တကယ်တော့ ကလေးက ဦးနဲ့ သွေးသား ဖြစ်တဲ့အကြောငိး ပြောပြတယ် …”

“ မင်းအမေ ဦးကို ပြတဲ့ ဓာတ်ပုံထဲမှာ မင်းက အဲ့ဒီလူနဲ့ တစ်စက်လေးမှ မတူဘူးဆိုတာ ဦးသတိထားမိသွားတယ် …”

“ လက်မထပ်ခင်ညကို ပြန်တွေးမိတော့ ဦး ဝမ်းသာလုံးစို့လွန်းလို့ မင်းကို အိမ်ချက်ချင်း ခေါ်သွားချင်မိတဲ့အထိပဲ ….”

“ ဒါပေမယ့် ဦးမတတ်နိုင်ခဲ့ဘူး ….”

ငါးရောင်းသမားလေး အန်ကယ်ကောင်းမှာ သူ၏ စကားကို နာကျင်နေသည့် အမူအရာများဖြင့် အဆုံးသတ်လိုက်၏။

All Chapters