← Chapters

ပြောင်းပြန်ဖြစ်သွားတဲ့ အနေအထား

Vol. 31 Ch. 304

ပြောင်းပြန်ဖြစ်သွားတဲ့ အနေအထား

Vol. 31 Ch. 304

“ မင်းရဲ့ အဖေက ဌာနရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အချိန် ဦးရဲ့ စီးပွားရေးကလည်း နည်းနည်းပါးပါး ထောင်တက်လာနေပြီ ….”

“ ဒါပေမယ့် မင်းအဖေရဲ့ လက်စားချေမှုကို မကြောက်ရွံ့ရလောက်တဲ့အထိတော့ အင်အားမကြီးသေးဘူး ….”

“ ဒါ့အပြင် … ဦးရဲ့ နောက်ခံသမိုင်းကလည်း နည်းနည်း ရှုပ်တယ် ….”

“ အဲ့လူက အမှန်တရားကို သိသွားတာနဲ့ ဦးတို့အပေါ် လက်စားချေလာမှာ ကျိန်းသေတယ် ….”

“ ဒါကြောင့်မို့ ဦးရဲ့ ခွန်အားက သူ့ကို ကျော်တက်သွားမယ့်အချိန်အထိ စောင့်ဆိုင်းဖို့ပဲ တတ်နိုင်တယ် ….”

“ ကံကြမ္မာကလည်း လူတွေကို ကျီစယ်ရတာ တကယ်နှစ်သက်တယ် … ဦးကုမ္ပဏီက တစ်ဖြည်းဖြည်းနဲ့ ပိုကြီးလာတယ်ဆိုပေမယ့် မင်းအဖေရဲ့ အဆင့်အတန်းကလည်း အမြဲတမ်း ဆက်တိုက် မြင့်တက်နေတယ် … အမြဲတမ်း ဦးထက်ကို သာလျက်ချည်းပဲ ….”

“ သူ တစ်ခုခုကို ရိပ်မိသွားလို့လားတော့မသိဘူး … အဲ့တာကြောင့်လည်း ဦးတို့ရဲ့ ဆက်ဆံရေးကို အဲ့လောက်ထိ ဟန့်တားနေတာ ဖြစ်လိမ့်မယ် …”

မိနစ်အနည်းငယ်မျှသာ ကြာမြင့်သည့် စကားဝိုင်းလေးထဲတွင် အသေးစိတ် အချက်အလက်တို့ များစွာ ပါဝင်နေသည်။

ဒရာမာရုပ်ရှင်ဇာတ်လမ်းတွဲ ကြည့်ရတာကို နှစ်သက်ကြသည့် အမျိုးသမီး ကြည့်ရှုသူတစ်ချို့ဆိုလျှင် ဇာတ်လမ်းထဲ၌ပင် နစ်မြုပ်နေကြပြီ ဖြစ်၏။

တီဗွီဇာတ်လမ်းတွဲများက မည်မျှပင် ဒရာမာဆန်စေကာမူ၊ တကယ့်လက်တွေ့ဘဝက ပို၍ပင် ထူးဆန်းသေး၏။

“ ဒီမိန်းကလေးမှာ ဘယ်လို‌တောင် ကံကောင်းတဲ့ ဘဝမျိုး ရှိနေတာလဲတဲ့ကွာ … ”

“ သူ့ရဲ့ လက်ရှိအဖေမှာကျ အာဏာရှိတယ် … ဖခင်အရင်းကတော့ ဒေသတစ်ဝိုက်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် … သေစမ်း … ငါလည်း အဲ့လို အနောက်တံခါးကနေ ပြန်မွေးဖွားချင်တယ်လေ ….”

“ အရာအားလုံးက ကံကြမ္မာပဲ …. မင်းနဲ့ မဆိုင်ဘူး ….”

“ ရောမရဲ့ ဆင်ခြေဖုံးရပ်ကွက်ကနေ နန်းတော်ထဲ ပြန်ပေးဆွဲခံလိုက်ရတဲ့ ကောင်လေးကို ဘာလို့ငါ တွေးမိနေပါလိမ့် ….”

“ အင်း … တကယ်လည်း အဲ့လိုမျိုးပဲ ….”

“ သူ့လက်ရှိအဖေမှာက အာဏာရှိပြီး အဖေရင်းမှာက ပိုက်ဆံရှိတယ် … ဒီလောက်တောင် မှော်ဆန်နိုင်ရလားဟ …”

“ အခု ပြီးသွားပြီ … သူ့လက်ရှိအဖေက ရာထူးကျသွားပြီ … အဖေအရင်းကလည်း သူ့သမီးကို ပြန်ခေါ်သွားပြီ … ဆိုလိုချင်တာ သာမန်လူတွေက ကံဆိုးဖို့ ထိုက်တန်တယ်ဆိုတဲ့ သဘောလား … “

၎င်းတို့၏ အထောက်အထားများကြောင့် [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ လက်ရှိဖခင်သည် သူ့သမီးကို ချစ်သော်လည်း အလွန်အကျွံတော့ အလိုမလိုက်ဝံ့ပေ။

သို့သော်ယခု … သူမ၏ မွေးရင်းဖခင်နှင့် ပြန်လည်ပေါင်းစည်းသွားမည်ဆိုပါက သူမသည် သူမမွေးရင်းဖခင်၏ ချမ်းသာမှုနှင့် နောက်ခံကို မှီခို၍ အင်တာနက်ပေါ်တွင် သောင်းကြမ်းချင်တိုင်း ဆက်လက်သောင်းကြမ်းနိုင်မည်။

ကြည့်ရှုသူများမှာ နောက်ဆက်တွဲ ဘာဆက်ဖြစ်မလဲ ဆိုတာကိုပင် ဆက်မစဉ်းစားဝံ့ကြတော့ချေ။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ ‘အဖေ’ဟု ခေါ်လိုက်သံက အန်ကယ်ကောင်း နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့သည့် သားအဖ သံယောဇဉ်ကို ပေါက်ကွဲထွက်လာစေခဲ့လေသည်။

အမှန်တရားက ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၏။ ယခု လိုအပ်တော့သည်က [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]ကနေ၍ သူမ၏ ဤကတ်ကို ကောင်းကောင်း ဆက်ကစားဖို့သာလိုသည်။ ထိုသို့ဆိုလျှင် သူမ၏ မွေးရင်းဖခင်က လက်ရှိအဖေ၏ အသက်အတွက် ယွမ်သန်း ၆၀၀ ကို အလဲအလှယ်နှင့် ထုတ်ပေးကောင်း ထုတ်ပေးနိုင်လိမ့်မည်။

သတင်းအချက်အလက် ပမာဏက များပြားလွန်း၍ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ ဦးနှောက်သည် ပေါက်ကွဲထွက်တော့မည့်နှယ် ခံစားနေရသည်။

အချိန်တစ်ချို့ကြာသည့်တိုင် [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ဘာစကားမျှ မပြောလာတာကို မြင်တော့ အန်ကယ်ကောင်းက ရောထွေးနေသည့် စိတ်ခံစားချက်များဖြင့် ထပ်ပေါင်းပြောလိုက်၏။ “ ကောင်မလေး … မင်း ဒီအမှန်တရားကို အချိန်တိုအတွင်း လက်ခံနိုင်ဦးမှာ မဟုတ်ပေမယ့် အမှန်တရားက အမှန်တရားပဲ ….”

“ မင်းက သူ့သမီးမဟုတ်ဘူး … မင်းက ဦးရဲ့ သွေးသားအရင်းပဲ …”

“ ဒီအချက်ကို မင်းအမေကလည်း သက်သေပြုနိုင်တယ် … မင်းကို အမှန်တရား ပြောပြတဲ့ ချန်ယွီ့လည်း သက်သေပြုပေးနိုင်တယ် …”

“ ဆောရီးပဲ … ကျုပ်ကတော့ သက်သေမပြုပေးနိုင်ဘူး ….”

ချန်ယွီ့ စကားဟလိုက်သည်နှင့် ချက်ချင်းပဲ အုတ်အုတ်ကျက်ကျက်တွေ ဖြစ်ကုန်သည်။

လူတိုင်းမှာ သူတို့ခေါင်းနောက်စေ့တည့်တည့်သို့ အားပြင်းပြင်းနှင့် ရိုက်နှက်ခံလိုက်ရသည့်နှယ် မူးဝေသွားခဲ့ကြသည်။

“ ဒေါက်တာချန် ဘာပြောလိုက်တယ် … သူ သက်သေ မပြုပေးနိုင်ဘူးဟုတ်လား ….”

“ ဒါဆို အန်ကယ်ကောင်းက သူ့အဖေ မဟုတ်ဘူးဆိုတဲ့ သဘောပေါ့ ….”

“ ဟားဟား … အကုန်လုံးက ဒီမှာ လူပြက်တွေ လာဖြစ်နေတာပဲ ….”

“ ဒေါက်တာချန် … မင်း ငါတို့ရဲ့ အတွင်း စိတ်အတွေးကို ဖတ်နိုင်လို့ ဒီကောင်မလေး ငါတို့ပေါ် ဆက်ပြီး အနိုင်မကျင့်နိုင်အောင် တမင်တကာ ပြောလိုက်တာမလား ….”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ဒေါက်တာချန်က ဘယ်တုန်းကမှ မလိမ်ခဲ့ဘူးလေ ….”

“ ငါ ဒီခု ဒီနေရာမှာ ဒီကိစ္စကို ဒီနေ့ တိုင်ပင်ဆွေးနွေးတဲ့ သုံးရပ်ထဲ အကြီးမားဆုံး အတင်းအဖျင်းလို့ ကြေညာလိုက်ပြီ … ဒါကို အတင်းအဖျင်းထဲက အတင်းအဖျင်း သတင်းလို့ ခေါ်မယ် …”

“ ဒါဆို အန်ကယ်ကောင်းက သံလက်သီးမရဲ့ အဖေလား … ဒါမှမဟုတ် သူ့ရဲ့ လက်ရှိအဖေကမှ တကယ့်အဖေရင်းလား ….”

ကြည့်ရှုသူများမှာ မသောက်ဘဲနှင့် မူးနောက်ကုန်ကြ၏။

ဒီနေရာမှာ ဘယ်သူက အဖေအရင်းလဲ … မွေးစားအဖေလား ၊ ဒါမှမဟုတ် လက်ရှိအဖေလား …

“ ချန်ယွီ့ … ငါ့သမီးက မင်းကို စောနတုန်းက စော်ကားမိခဲ့တယ် … အဲ့ဒီအတွက် ငါမင်းကို အတိုင်းအတာတစ်ခုအထိ လျော်ကြေးပေးနိုင်တယ်….”

“ ဒါပေမယ့် ငါတို့ရဲ့ သားအဖ ဆက်ဆံရေးကိုတော့ မလိမ်နဲ့ ….”

“ သူက ငါ့သမီး … ဒါ ဘယ်သူမှ လာပြောင်းလဲလို့ မရတဲ့ အမှန်တရားပဲ …”

အန်ကယ်ကောင်း ဒေါသအကြီးအကျယ် ထွက်သွားခဲ့သည်။

ချန်ယွီ့ လက်စားချေနေမှန်း ခန့်မှန်းဖို့ရာ မခဲယဉ်းချေ။

အရင်ဦးဆုံး သူက သူတို့နှစ်ယောက်ရဲ့ သားအဖ ဆက်ဆံရေးကို ဖော်ထုတ်ပြီး အဲ့ဒီနောက်မှာပဲ အခြေအနေကို ပြန်လှန်ပစ်တယ် …

ဒါတွေအကုန်လုံးက မျက်နှာပျက်စေဖို့ အတွက်ပဲ ….

သူက [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး] ငယ်ငယ်လေးတုန်းကတည်းက စောင့်ကြည့်လာခဲ့တဲ့လူ … သူ့သမီးအရင်း ဟုတ်မဟုတ်ဆိုတာ သူ မသိဘဲ ဘယ်နေလိမ့်မှာ …

သူမက လုံးဝနီးပါးကို သူနဲ့ တစ်ထေရာတည်းတူတယ် …

“ ကျုပ် ညာနေတာ မဟုတ်ဘူး … ခင်များတို့နှစ်ယောက်က သားအဖ အရင်းတွေပါဆိုတာ ကျုပ်တကယ်ပဲ သက်သေမပြုပေးနိုင်တာ ….”

“ ခင်များပြောတဲ့ အမှန်တရားဆိုတာ ခင်များ ယုံကြည်နေတဲ့ အမှန်တရား သပ်သပ်ပဲ …” ချန်ယွီ့ အေးအေးလူလူ ပြောလိုက်ပြီး “ ပြောခါမှ ခင်များရဲ့ အခြေအနေကလည်း ကျုပ် အစပိုင်း ဆွေးနွေးခဲ့တဲ့လူရဲ့ အခြေအနေနဲ့ အတော်လေး ဆင်တယ် ….”

“ ခင်များကလည်း ကိုယ်ယုံကြည်ချင်တာကိုပဲ ယုံကြည်တယ် …”

“ ဥပမာပေးရရင် သူ ငယ်ငယ်တုန်းက ကျောင်းမှာ တစ်ခြားလူတွေကို အနိုင်ကျင့်တာကို မြင်တော့ သူ့အမှားလို့ မထင်ဘဲ အဲ့ဒီအစား သူက တကယ့်ကို ခင်များရဲ့ ရေမရောတဲ့သမီးအစစ်ပါဆိုပြီး ခံစားလိုက်ရတယ် ….”

“ သူ(မ)က လူဆိုတာ မရက်စက်ရင် အခိုင်အမာ မရပ်တည်နိုင်ဘူးလို့ သင်ဆရာမရှိဘဲ နားလည်သဘောပေါက်ခဲ့တယ် …”

“ ခင်များက သာမန် ငါးရောင်းသမားလေးကနေ စီးပွားရေး တိုင်ကွန်းကြီး တစ်ဦး ဖြစ်လာတယ်ဆိုတာ ရက်စက်လို့ပဲ ….”

“ ပိုက်ဆံရမယ့်အရာ မှန်သရွေ့ ဘာမဆို လုပ်တယ် … အဲ့ဒီအရာက တရားမဝင်ဘူးဆိုရင်တောင်မှပေါ့ …”

“ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဒီလူနာက အစွန်းရောက်တဲ့ အမျိုးသမီးဝါဒီသမား တစ်ဦးဖြစ်လာတယ် …”

“ သူလုပ်သမျှကို ခင်များသိတယ် … ဒါပေမယ့် ဝင်စွက်ပြီး ဆိုဆုံးမတာမျိုး မရှိခဲ့ဘူး ….”

“ ဘာလို့ဆိုတော့ သူ့ထဲမှာ ခင်များနဲ့ ဆင်တူတဲ့ အရာလေးတွေ တစ်ချို့ကို မြင်တွေ့မိခဲ့လို့ပဲ …”

“ ခင်များက နာမည်ကြီးလာပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို ဘာတစ်ခုမှ မရှိတဲ့ အခြေအနေကနေ ကြိုးစားရုန်းကန်ပြီး ချမ်းသာလာတဲ့ လူတစ်ယောက်လိုမျိုး သရုပ်သကန် ဖန်တီးတယ် …”

“ သူများတွေကတော့ ထင်ကြမှာပေါ့ … ခင်များက ဘာမဟုတ်တဲ့ ငါးရောင်းသမားလေးဘဝကနေ ကြိုးစားရုန်းကန်ပြီး အခုလိုမျိုး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်လာတယ် …. ဒါပေမယ့် အဲ့တာက အမှန်တရားနဲ့ အဝေးကြီး ….”

“ ခင်များရဲ့ လုပ်ရပ်သမိုင်းတွေကို ပြန်တွေးကြည့်ရင်း ကျမ်းကိုးကားတွေထဲမှာ ထည့်ဖို့တောင် သင့်တယ် ….”

“ ခင်များက မအောင်မြင်ခင်မှာ ရက်စက်နိုင်သမျှ ရက်စက်ခဲ့တယ် ….”

“ ခင်များရဲ့ ချမ်းသာမယ့်လမ်းကို လာပိတ်ဆို့တဲ့လူက ခင်များရဲ့ မိဘတွေကို သတ်တာနဲ့ အတူတူပဲ ….”

“ ခင်များက နည်းလမ်းမျိုးစုံသုံးပြီး ခင်များရဲ့ ပြိုင်ဘက်တွေကို ဖျက်စီးခဲ့တယ် ၊ ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တယ် … မဟုတ်လည်း သတ်သင့်ရင် သတ်ခဲ့သေးတယ် …”

“ သန်းကြွယ်သူဌေးကြီး ဖြစ်လာပြီးတဲ့နောက်မှာတော့ ခင်များက ကိုယ့်ရဲ့ အပြင်ပိုင်း သရုပ်သကန်ကို ပြီးပြည့်စုံအောင် တည်ဆောက်ဖို့ လုပ်တယ် …”

“ တစ်ခါတစ်လေ ခင်များရဲ့ မွေးရပ်မြေကို ပြန်ပြိး လမ်းတွေပြင်တာ ၊ တံတားတွေ ဆောက်တာ ၊ ဘိုးဘွားစင်တာတွေဆောက်တာ ၊ မူကြိုကျောင်းတွေ ဆောက်ပေးတာတွေ လုပ်တယ် …”

“ တဖြည်းဖြည်းနဲ့ ခင်များက အောင်မြင်သွားပြီးနောက်မှာတောင် ကိုယ့်ဘဝကိုယ်၊ ကိုယ့်ဇာတိကိုယ် မမေ့ဘူးဆိုပြီးတော့ ဂုဏ်သတင်းရလာခဲ့တယ် …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က မကြာခဏဆိုသလို အွန်လိုင်းပေါ်တွင် သူမကိုယ်သူမ နစ်နာသူပုံစံ ဖမ်းလေ့ရှိသည်။

သူမ၏ သရုပ်ဆောင်စွမ်းရည်က သူနှင့် တစ်ထေရာတည်းပင်။

“ တကယ်လို့ သူ့အမေ အခုချက်ချင်း ပြေးလာပြီး ခင်များကို သူက ခင်များသမီးအရင်းမဟုတ်ပါဘူးလို့ ပြောရင်တောင် ခင်များ ယုံမှာ မဟုတ်ဘူး …”

“ ကျုပ် ပြောတာ မှန်တယ်ဟုတ် ….”

သူ့ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ ကောင်းကင်လျှို့ဝှက်ကျမ်းကို အသုံးပြုနိုင်သည့် ချန်ယွီ့၏ ခွန်အားကလည်း မြင့်တက်လာခဲ့သည်။

လူတစ်ယောက်၏ အတိတ်နှင့် အနာဂတ်ကို ကြည့်ရှုနိုင်ဖို့အတွက် ထိုသူများ၏ မျက်နှာကို မြင်တွေ့ဖို့ မလိုအပ်တော့ပေ။

ထိုလူနှင့် ဆက်စပ်သည့် ဝတ္ထုပစ္စည်းတစ်ခု ရှိရုံမျှနှင့် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည်။

ရွှေအူတိုင် ခြေလှမ်း၀က် အဆင့်မျှသာ ရှိသေးသော်လည်း စွမ်းပကားက အမှန်တကယ်ကို တုန်လှုပ်ဖို့ ကောင်းလှ၏။

“ မင်းငါ့ကို ညာနေတာ … ချန်ယွီ့ မင်းငါ့ကို ညာနေတာ ….”

“ မင်းက ငါတို့သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖော်ထုတ်ဖို့ တွန်းအားပေးပြီး အခုကျတော့ ပေါက်ကရတွေ ပြောပြီး ငါတို့နှစ်ယောက်ကို သွေးခွဲနေတယ် ….”

“ ချန်ယွီ့ … မင်းတော်တော် ရက်စက်တဲ့လူပဲ ….”

“ ကောင်မလေး …. သူ့ကို ယုံစရာမလိုဘူး … ဦးက မင်းအဖေအရင်းပဲ ….”

“ တကယ်လို့ မဟုတ်ခဲ့ဘူးဆိုရင် ဦးက မင်းကို ဘာကိစ္စ ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာလဲ ဟုတ်တယ်မလား …”

“ မင်းထင်နေတာ …. ကျန်းရှင်းကျန်းရဲ့ အာဏာက အဲ့ဒီ အင်တာနက်ပေါ်က အများရဲ့ ဝေဖန်မှုတွေကို တကယ်ပဲ ဖိနှိပ်နိုင်တယ် ထင်နေလား ….”

“ မတုံးအစမ်းပါနဲ့ ….”

“ အစိုးရ သတင်းအေဂျင်စီ တစ်ခုလောက်က ရေနံနဲ့ ဓာတ်ငွေ့အုပ်စုရဲ့ အထွေထွေမန်နေဂျာနဲ့ ဥက္ကဌဆိုတဲ့ သူ့ရာထူးကို ကြည့်ပြီး မျက်နှာသာ ပေးရင် ပေးလိမ့်မယ် ….”

“ ဒါပေမယ့် တစ်ခြား သတင်း မီဒီယာတွေနဲ့ ကိုယ်ပိုင်မီဒီယာတွေက သူ့ကို လျစ်လျူရှုထားလိမ့်မယ် ထင်သလား ….”

“ ငွေနဲ့ အဆက်အသွယ်တွေ အများကြီးသုံးပြီး အဲ့တာတွေကို ဖိနှိပ်ခဲ့တာ ဦးပဲ ….”

သူက [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ ဖခင်အရင်းပါဆိုတာကို သက်သေပြချင်သည့်အတွက် ငါးရောင်းသမားဟောင်းလေးဖြစ်သည့် အန်ကယ်ကျောက်သည်လည်း သူ့ကိုယ်သူ ပျက်စီးရာပျက်စီးကြောင်းကို ကြံလိုက်တော့သည်။

All Chapters