← Chapters

မြောင်းထဲ ပြုတ်ကျသွားတဲ့အတွက် ဒေါက်တာချန်ကို ကျေးဇူးတင်ခြင်း

Vol. 31 Ch. 305

မြောင်းထဲ ပြုတ်ကျသွားတဲ့အတွက် ဒေါက်တာချန်ကို ကျေးဇူးတင်ခြင်း

Vol. 31 Ch. 305

အစမှ အဆုံးထိတိုင်အောင် [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]သည် ဘာမှမသိသည့် အမှောင်ထုထဲတွင် ရှင်သန်ခဲ့ရသည်။

သူမက အွန်လိုင်းပေါ်တွင် မုန်းတီးမှုများကို တဖြည်းဖြည်းချင်း စုဆောင်းမိလာပြီး လူထုကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည့်အပြင် ဖိနှိပ်ဖို့ လုံးဝမဖြစ်နိုင်သည့် သတင်းတို့ကလည်း ဒုနဲ့ဒေးပင်။

ဖြစ်ရပ်တစ်ခုက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားသည်နှင့် အမျိုးမျိုးသော မီဒီယာများနှင့် အရင်းအမြစ် ကြွယ်ဝကြသည့် အင်တာနက်သုံးစွဲသူတို့က ကာယကံရှင်၏ ကိစ္စမျိုးစုံကို ဘာမှန်းမသိသည့် နည်းလမ်းများဖြင့် အောက်ခြေ အမြစ်ရောက်သည်အထိ တူးဆွနိုင်စွမ်းရှိကြ၏။

များပြားလှသည့် ပြဿနာရပ်များနှင့်အတူ သူမ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်သည်လည်း ပေါက်ကြားလာလေသည်။

CET-4 ရမှတ် မပါရှိဘဲ သူမက တက္ကသိုလ်အကြီးစားတစ်ခုတွင် ဘွဲ့ယူနိုင်ခဲ့သည်။

အန်ကယ်ကောင်းက အင်တာနက် ကုမ္ပဏီ အဆက်အသွယ်ကတစ်ဆင့် သူကိုယ်တိုင် ရှေ့သို့ ထွက်လာပြီး အမျိုးမျိုးသော မီဒီယာသူဌေးများနှင့် အပေးအယူကိစ္စကို ဆွေးနွေးခဲ့၏။

နောက်ဆုံးတွင် စုံစမ်းစစ်ဆေးမှုတို့က ဆက်ပြီး ဖြစ်ပွားမလာခဲ့တော့ချေ။

ချက်ချင်းဆိုသလို စာတစ်ကြောင်းက ကြည့်ရှုသူများ၏ စိတ်ထဲ ဖြစ်ပေါ်လာခဲ့၏။

သူ့လက်ဖ၀ါးတစ်ဖက်က ကောင်းကင်ကို အုပ်မိုးထားတယ် …

ဒီရဲ့ [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က သူ့အရင် ဘဝတုန်းက ဘယ်လို ကောင်းမှုကုသိုလ်များ လုပ်ခဲ့လို့လဲ …

အဖေနှစ်ယောက် …

တစ်ယောက်မှာက အာဏာရှိပြီး တစ်ယောက်မှာက ငွေကြေးချမ်းသာတယ် …

နှစ်ယောက်လုံးက သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေနဲ့ သူမအတွက် အင်တာနက်ပေါ်က ကိစ္စရပ်တွေကို ဖုံးဖိဖို့ ကူညီပေးကြတယ် …

ထိုအကြောင်းများကို [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ကိုယ်၌ပင် မသိရှိခဲ့ချေ။

သူမ၏ လက်ရှိဖခင်က အစိုးရဌာနရှိ မိတ်ဆွေသူငယ်ချင်းများထံ ဆက်သွယ်ပြီး လူအများ၏ ဝေဖန်ရာပစ်မှတ် ဖြစ်လာခြင်းမှ ကာကွယ်ပေးခဲ့သည်ဟုသာ မှတ်ယူနေခဲ့သည်။

မိသားစု၏ ကြွယ်ဝချမ်းသာမှုနဲ့လည်း ဘာဆိုဘာမျှ မသိခဲ့ရချေ။

မသိခဲ့သည်မှာလည်း တစ်မျိုးကောင်း၏။

အကယ်၍ သိခဲ့မည်ဆိုလျှင် ဒုတိယ ငွေရောင်လှံ အာဏာရှင်လေး ဖြစ်မလာနိုင်ဘူးဟု မဆိုနိုင်ချေ။

မဟုတ်သေးဘူး … သူမကတောင် သူ့ကို ကျော်ရင်ကျော်သွားလိမ့်ဦးမယ် …

ကြည့်ရှုသူများက သူမ ရိုးသားနွမ်းပါးသည့် သက်လတ်ပိုင်း အမျိုးသားကို လိင်ပိုင်းဆိုင်ရာ စွပ်စွဲခဲ့သည့် အကျည်းတန်သည့် မျက်နှာထားကို ယခုတိုင် မှတ်မိနေဆဲပင်။

နောက်ပိုင်းတွင် ထိုသူက ဌာနတစ်ချို့၏ ညွှန်ကြားမှုဖြင့် [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ကိုပင် အတင်းအကြပ် တောင်းပန်ခဲ့ရသေး၏။

ထိုသို့ ပြုခဲ့သည့် အကြောင်းအရင်းကတော့ ဗွီဒီယိုကို အင်တာနက်ပေါ် မတင်ဖို့ပင်။

နောက်တစ်နေ့၌ ရထားပေါ်ရှိ ဗွီဒီယိုက အင်တာနက်ပေါ် ရောက်ရှိလာသည်။

ဗွီဒီယိုကို တည်းဖြတ်ထားပြီး ရှုထောင့်ကလည်း အတော်လေး ရှုပ်ထွေးလှသည်။

ခိုင်လုံသည့် သက်သေအထောက်အထား တစ်ခုမှမရှိသည့်အတွက် မရေမတွက်နိုင်သည့် အင်တာနက် သုံးစွဲသူများက အဆိုပါ သက်လတ်ပိုင်း ဦးလေးကြီးကို ဝါရင့်ကျူးလွန်သူအဖြစ် စွပ်စွဲကျိန်ဆဲခဲ့ကြ၏။

ထို့ပြင် ဗွီဒီယိုနှင့်အတူ စိတ်ခံစားချက်တို့ဖြင့် ပြည့်နှက်နေသည့် သွေးထိုးလှုံ့ဆော် အသံဖိုင်လည်း အတူပါဝင်လာသည်။

အဆိုပါ ဦးလေးကြီးမှာ မတရားမှုကြောင့် မိမိကိုယ်ကို သတ်သေလုနီးပါး အထိပင်။

ကံကောင်းစွာဖြင့် … ဦးလေးကြီး၏ သားက မတရားမှုကို ငြိမ်ခံမနေခဲ့၍ပင်။

ထို့ကြောင့်လည်း အဆိုပါ အရေးကိစ္စတွင် တရားမျှတမှုက ထွက်ပေါ်လာခဲ့ရ၏။

အဆုံးတွင် အင်တာနက်ပေါ်၌ သူမနှင့် ပတ်သက်သည့် မကောင်းသတင်းမျိုးစုံ ဖော်ထုတ်ခံလိုက်ရလေသည်။

“ ဒီလူနာရဲ့ မွေးစားအဖေ ….” ချန်ယွီ့က စကားကို ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ခင်များက ကျုပ်နာမည်ကို သိနေတယ်ဆိုတော့ ကျုပ်ရဲ့ လိုက်စထွင်းတွေလည်း ကြည့်ဖူးမှာ သေချာတယ် …”

“ ကျုပ် လိုက်စထွင်းထဲမှာ ဘယ်သူ့ကိုမှ တစ်ခါလေးမှ မလိမ်ခဲ့ဖူးဘူးဆိုတာ ခင်များသိမှာပါ …”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က သူ၏ သမီးအရင်း မဟုတ်ဘူးဆိုတာကို ယုံကြည်ဖို့ ငြင်းဆန်နေသည့် အန်ကယ်ကောင်းမှာ သူ၏ ရင်ဘက်က ရုတ်ချည်း ပြင်းထန်စွာ ခုန်ပေါက်လာသည်ကို ခံစားလိုက်ရသည်။

ယင်းက အမှန်ပင်။ ချန်ယွီ့က လိုက်စထွင်းထဲတွင် တစ်ခါလေးမျှ မလိမ်ညာခဲ့ဖူးချေ။

ရှော့ခ်ရနေဆုံးသူတစ်ယောက်မှာတော့ သူမဟုတ်။ [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ပဲ ဖြစ်၏။

သူမက ယခုလေးတင် ချမ်းသာသည့် အဖေအသစ် ရရှိထားကြောင်း သိရှိလိုက်ရသော်လည်း ထိုသတင်းကို ကြေညက်အောင် မချေဖျက်နိုင်မီ ချန်ယွီ့က ထိုသူသည် မိမိ၏ အဖေရင်း မဟုတ်ကြောင်း ပြောဆိုမှုကြောင့် နောက်တစ်ကြိမ် ရှော့ခ်ရသွားခဲ့ရပြန်သည်။

“ သူက ငါ့အဖေမဟုတ်ဘူးဆိုရင် နင်က ဘာလို့ အဖေဆိုပြီး ခေါ်ခိုင်းခဲ့တာလဲ ….” [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က သူမ၏ နားထင်များကို ဖိနှိပ်ရင်း နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

“ မင်းပဲ အစောတုန်းက မင်းရဲ့ လက်ရှိအဖေကို ကယ်တင်ဖို့ မွေးစားအဖေဆီကနေ ပိုက်ဆံဘယ်လိုတောင်းရမလဲဆိုတာ အကြံဉာဏ်တောင်းခဲ့တယ်မလား …”

“ ငါက ဒီတိုင်းလေးပဲ မင်းသူ့ကို အဖေလို့ ခေါ်မှ ငွေထုတ်ပေးလာမယ်လို့ ပြောပြခဲ့တာ …”

“ မွေးစားအဖေလို့ ခေါ်ပြီး ပိုက်ဆံတောင်းတာက မင်းလက်ရှိအဖေရဲ့ သမီးအနေနဲ့တောင်းတာ …”

“ အဲ့တော့ သူ့ကို အဖေလို့ခေါ်လိုက် … သူက မင်းလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးလိမ့်မယ် ….”

“ သူ့သမီးအရင်းက တောင်းဆိုတာနဲ့ တစ်ခြားတစ်ယောက်ရဲ့ သမီးက တောင်းဆိုတာနဲ့ … ဘယ်သူ့ကို သူက ပိုက်ဆံပေးချင်မယ်လို့ ထင်လဲ ….”

ချန်ယွီ့ တန်ပြန် မေးခွန်းထုတ်လိုက်သည်။

“ ဒေါက်တာချန်ကတော့ စကားပြော အနုပညာရှင်ပဲ … သောက်ရမ်းမိုက်တယ် ….”

“ ငါသာ ဒီကောင်မလေး နေရာမှာဆိုလို့ကတော့ အူတွေ စိမ်းတဲ့အထိ နောင်တရနေလောက်ပြီ ….”

“ ဒေါက်တာချန်က စကားပြော အနုပညာရှင်ဖြစ်ရုံတင်မကဘူး … သူများကို အကွက်ချ ခြယ်လှယ်တဲ့နေရာမှာပါ ဆရာကြီးဖြစ်နေတာပဲ …. အကွက်နည်းနည်းနဲ့ လူတွေကို မြောင်းထဲ ခေါ်သွားတယ် … ”

“ စိတ်ကျန်းမာရေး ဆရာဝန်ပါဆို ဒီလောက်တော့ ရှိမှာပေါ့ကွ …”

" ဟားဟား … ဒီလူတွေက သူတို့ဘဝတွေ မြောင်းထဲရောက်သွားတာတောင် ဒေါက်တာချန်တွေကို ကျေးဇူးတင်နေကြတုန်းပဲတဲ့ ….”

“ ငါတို့အကုန်လုံးက ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေ ကြည့်နေကြပါ … ဒါကို ဘာလို့ အိုင်ကျူချင်းက အဲ့လောက်တောင် ကွာနေရတာလဲ ….”

“ ကွေ့ … ကွေ့ … ရေမြောင်းကြီးထဲကို ကွေ့ …..”

ကြည့်ရှုသူများက ပျော်ပျော်ရွှင်ရွှင်နှင့် စတင် ကွန်းမန့်ပေးကြ၏။

ချန်ယွီ့ မလိမ်ညာပေ။

သူက ဒီတိုင်း စကားပြောခြင်း အနုပညာကို ကျင်လည်စွာ အသုံးချ၍ [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]နှင့် သူမ၏ မွေးစားအဖေကို အရူးလုပ်ခဲ့ရုံမျှပင်။

“ ချန်ယွီ့ … နင် ကောင်းကင်ကို တိုင်တည်ပြီး နင်ပြောတဲ့ စကားလုံးတွေအတွက် တာဝန်ယူနိုင်ပါတယ်လို့ ကျိန်ရဲလား ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က စီခနဲ အော်ဟစ်လိုက်သည်။

အကယ်၍ သူမ၏ မွေးစားအဖေသည်သာ မွေးရင်းအဖေ မဟုတ်ဘူးဆိုပါက … ဆိုလိုချင်နေသည့် သဘောက သူမ၏ လက်ရှိအဖေက ပြန်ပြီး မွေးရင်းအဖေ ပြန်ဖြစ်လာလိမ့်မည်။

ထိုသို့ဖြစ်သွားခဲ့လျှင် မွေးစားအဖေက ကူညီပေးတော့မှာ မဟုတ်ချေ။

“ ယုတ္တိကျကျ ပြောရရင် ငါ့လိုက်စထွင်းထဲမှာ ရှေးရိုးဆန် အယူသည်းတဲ့ ကိစ္စရပ်တွေကို ခွင့်မပြုထားဘူး …”

“ ဒါပေမယ့် မင်းက ဘယ်လောက်တောင် သနားဖို့ကောင်းနေလဲဆိုတာကို မြင်နေရတော့ ခြွင်းချက်တစ်ခု ထားပေးလိုက်မယ် ….”

“ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်တယ် … ငါချန်ယွီ့ ငါ့စကားတွေကို တာဝန်ယူတယ် ….”

“ မင်းက အခု ဖုန်းထဲမှာရှိတဲ့ မွေးစားအဖေနဲ့ ဘာမှ မပတ်သက်ဘူး ….”

ချန်ယွီ့၏ ခွန်းတုံ့ပြန်စကားက [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ကို တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။

မွေးစားအဖေက သူမကို သမီးရင်းဟု ထင်မှတ်၍ သူမအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။ အကယ်၍ ဤဆက်ဆံရေးက ပျက်စီးသွားသည်နှင့် သူမတို့နှစ်ယောက်မှာ မကြာမီ ရင်းနှီးသည့် သူစိမ်းများ ဖြစ်လာပေလိမ့်မည်။

မွေးစားအဖေက သူမကို ပိုက်ဆံချေးပေးတော့မှာ မဟုတ်သလို သူမ၏ လက်ရှိအဖေတွင်လည်း အာဏာပိုင်များကို လျော်ပေးစရာ ပိုက်ဆံ မရှိချေ။ သေခြင်းတရားက သူ့ကို စောင့်မျှော်နေမည်။

ထိုအခါ သူမတွင် ကာကွယ်ပေးမည့် အဖေလည်း မရှိတော့သလို သူမကို ပံ့ပိုးပေးမည့် မွေးစားအဖေလည်း ရှိမှာ မဟုတ်တော့ချေ။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]မှာ သူမ၏ နဂိုအနေအထားသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့၏။

သူမက ရာဇဝတ်သားတစ်ဦး၏ သမီးဖြစ်လာရုံမျှမက ၊ ပညာအရည်အချင်း မမှန်ကန်မှုကလည်း ဖော်ထုတ်ခံထားရသည်။

အထက်တန်းအောင် ပညာရေးအဆင့်နှင့် လူတစ်ယောက်က မည်သည့်အရာများ ပြုလုပ်နိုင်လိမ့်မည်နည်း။

မှောင်မိုက်လမ်းပျောက်နေမည့် သူမ၏ အနာဂတ်ကို မျက်စိရှေ့တွင် မြင်ယောင်လာသည်။

ရှေ့နေလော့၏ အထူးကွန်းမန့်တစ်ချို့က အချိန်ကိုက် ရောက်လာခဲ့ပြီး ယခင်ကွန်းမန့်များအတွက် ဖြည့်စွက်ချက်များပါ ထပ်ပေါင်းတိုးလိုက်သည်။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ ဖခင် ကျူးလွန်ထားသည့် ပြစ်မှုအရဆိုလျှင် သေဒဏ်ပေးခံရနိုင်ချေက သေချာသလောက်ရှိသည်။ ထို့ပြင် တရားရုံးက ဧရာမဒဏ်ကြေး ပေးဆောင်ဖို့လည်း အမိန့်ချမှတ်လာခဲ့ဦးမှာ ဖြစ်၏။

အကယ်၍ နီးစပ်ရာ ဆွေမျိုးများက ဒဏ်ကြေးကို ပေးဆောင်ဖို့ရာ မတတ်နိုင်ဘူးဆိုလျှင် ဒဏ်ကြေးပေးဆောင်ရမည့် အချိန်ကာလကို ဆိုင်းငံထားဖို့ ၊ ဒါမှမဟုတ် အရစ်ကျပေးဆောင်ဖို့ရာ အယူခံဝင်နိုင်သည်။

အချုပ်အားဖြင့် ဆိုရသော် … သူမက တစ်နည်းမဟုတ် တစ်နည်းနှင့်တော့ ဒဏ်ကြေး ပေးဆောင်ရဦးမှာပင်။

အကယ်၍ သတ်မှတ်ထားသည့် အချိန်အတိုင်း ပေးဆောင်နိုင်ခြင်း မရှိခဲ့ဘူးဆိုပါက တရားရုံးကနေ၍ ဥပဒေလမ်းကြောင်း အတိုင်း ဆောင်ရွက်လာပေလိမ့်မည်။

ထိုသို့ ဖြစ်လာခဲ့ပါက သူမတို့နေထိုင်သည့်အိမ်နှင့် ပိုင်ဆိုင်မှုများကိုပင် လေလံဆွဲခံရနိုင်သည်။

ရှေ့နေလော့၏ အဆိုပါက ကွန်းမန့်များက [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ မျက်နှာကို မမြင်ရသည့် လက်သီးနှင့် တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ထိုးနှက်နေသည့်နှယ် နာကျင်လွန်းလှသည်။

သူမ၏ ဖခင်က ထောင်သွင်းအကျဉ်းချ၍ သေဒဏ်ကို ရင်ဆိုင်ဖို့ရန်အတွက် စောင့်ဆိုင်းနေရပြီး … သူမအတွက်လည်း ဧရာမ ဒဏ်ကြေးတစ်ခုက အသင့်စောင့်ဆိုင်းလို့နေသည်။

သူမ၏ အိမ်သည်လည်း အခြားသူ လေလံဆွဲ၍ သိမ်းပိုက်တာကို ခံရပြီး တရားရုံးကလည်း သူမတို့ စုဆောင်းထားသည်များအားလုံးကို သိမ်းယူသွားပေလိမ့်မည်။

သူမအဖေ ဝယ်ထားပေးသည့် များပြားလှသည့် လက်ဝတ်လက်စားများ ၊ လက်ဇရီဘရန်းအိတ်များ ၊ ထိုအရာများအားလုံး … မရှိတော့ပေ။ အကုန်မရှိတော့ပေ။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]မှာ သူမ၏ အနာဂတ်ကို မျှော်တွေးရင်း လမ်းပျောက်စွာဖြင့် ရှိုက်ကြီးတငင်ငင် ငိုကြွေးနေမိ၏။

အကယ်၍ သူမသာ ချန်ယွီ့ ထံသို့ ဆက်သွယ်ခဲ့ခြင်း မရှိဘူးဆိုပါက ယခုလိုကိစ္စရပ်များ ဖြစ်လာခဲ့မှာ မဟုတ်‌ချေ။

သူမ၏ ဖခင်သည်လည်း ထောင်ထဲသွားရမှာ မဟုတ်သလို သူမ၏ မွေးစားဖခင်သည်လည်း သူမအပေါ် ချစ်မြဲအတိုင်း၊ အလိုလိုက်စမြဲအတိုင်း ၊ အလိုလိုက်နေဦးမည်။

ယခုတော့ … တစ်ခုမှ မကျန်ရစ်တော့ပေ။

လက်ရှိ သူမရောက်ရှိနေသည့် နိုင်ငံက မီဒီယာများသာ သူမ အထက်တန်းတုန်းက အတန်းဖော်များကို အနိုင်ကျင့်နှိပ်စက်ခဲ့သည့် သတင်းကို သိရှိသွားခဲ့လျှင် နိုင်ငံပြင်ပသို့ ကျိန်းသေပေါက် မောင်းထုတ်ခံရနိုင်သည်။

သူမ မိခင်နိုင်ငံသို့ ပြန်ရောက်ပြန်လျှင်လည်း မိခင်နှင့်အတူ လမ်းဘေးပလတ်ဖောင်းကို ခေါင်းအုံးအိပ်ရတော့မည့် ဘဝမျိုးတွင် ကျင်လည်ရပေဦးမည်။

“ ဒီရဲ့လူနာ … မင်းရဲ့ အနာဂတ်ကို မြင်ယောင်ရင်း ဝမ်းနည်းနေတယ်မလား ….”

“ မင်း လမ်းဘေးမှာ နေရမှာကို စိတ်ပူနေတယ်ဆိုရင်တော့ စိုးရိမ်မနေနဲ့ …”

“ မင်း အဲ့လို နေချင်ရင်တောင် မင်းရဲ့အဖေက ခွင့်ပြုမှာ မဟုတ်ဘူး ….”

ချန်ယွီ့၏ အသံက စခရင်မှတစ်ဆင့် သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။

“ အဖေ … မဟုတ်ဘူး မွေးစားအဖေ … ရှင် တကယ်ပဲ ကျွန်မကို ဆက်ပြီး ဂရုစိုက်ဦးမယ်မလားဟင် ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က သနားစဖွယ် မျက်နှာအမူအရာဖြင့် မေးလိုက်၏။

“ မွေးစားအဖေ … ရှင်က ကျွန်မရဲ့ အဖေရင်း မဟုတ်ဘူးဆိုရင်တောင် နိုင်ငံပြန်ရောက်တာနဲ့ အဖေရင်းလို ပြုစုပေးပါ့မယ် … “

“ ကျွန်မဘ၀ကို မြောင်းထဲရောက်အောင်တော့ မလုပ်ပါနဲ့နော် ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က ဆက်လက် ခယနေသော်လည်း မွေးစားအဖေထံမှ ခွန်းတုံ့ပြန်စကားကတော့ ထွက်ပေါ်မလာခဲ့ချေ …

All Chapters