← Chapters

မင်းရဲ့ မွေးရင်းအဖေက ရိုးသားတဲ့ လူတစ်ယောက်ပဲ

Vol. 31 Ch. 306

မင်းရဲ့ မွေးရင်းအဖေက ရိုးသားတဲ့ လူတစ်ယောက်ပဲ

Vol. 31 Ch. 306

ကြည့်ရှုသူများက [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ မွေးစားအဖေ၏ သဘောထားက မည်သို့ဖြစ်မည်ကို စတင် ထင်ကြေးပေးနေကြသည်။

အန်ကယ်ကောင်းက [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ကို သူ့သမီးရင်းချာအဖြစ် ဆယ်နှစ်ကျော်ကြာ အသိအမှတ်ပြု ဆက်ဆံခဲ့ပြီး ယခု သူ၏ မျှော်လင့်ချက်တို့ ဖျက်စီးခံလိုက်ရသော်လည်း ခံစားချက်တို့ကတော့ စစ်မှန်နေသေး၏။

ပြီးတော့ [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ မိခင်နှင့် အန်ကယ်ကောင်းတို့မှာ တစ်ချိန်က ချစ်သူများ ဖြစ်ခဲ့ကြသေးသည်။

သူမ၏ တောင်းဆိုမှုကိုတော့ လျစ်လျူရှုလိမ့်မည် မထင်ပေ။

“ လူသားတွေဆိုတာ ခံစားချက် ရှိတဲ့ သတ္တဝါတွေပဲ … နှစ် ၂၀ ကျော်ကြာအောင် သမီးရင်းလေး တစ်ယောက်လို အလိုလိုက်ပေးခဲ့တဲ့ ခံစားချက်ကတော့ နေ့ချင်းညချင်း ဘယ်လိုမှ ပျောက်သွားနိုင်မှာ မဟုတ်ဘူး ….”

“ ငါကတော့ သူ ဒီကောင်မနဲ့ သူ့အမေကို ဥပေက္ခာပြုနိုင်တဲ့အထိ ရက်စက်ဖို့ မျှော်လင့်မိတယ် ….”

“ သူ့ အခုဖြစ်နေတဲ့ မျက်နှာကြီးကို ကြည့်စမ်းပါဦး … စစချင်းတုန်းကတော့ ဖုန်းဆက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ဟာက အခု အရာအားလုံးက အတုအယောင်တွေဆိုတာ သိသွားတော့ ဒူးမထောက်ရုံတမယ် တောင်းဆိုနေလိုက်တာများ …ဘာတဲ့ ... အဖေအရင်းလိုတောင် ပြုစုပေးမယ်ဆိုပဲ …”

“ လူတွေက ဘာမှမရှိခင်တော့ အဆင်ပြေတယ် … ရှိပြီးမှ ဆုံးရှုံးရတာက ပိုပြီးတော့ နာကျင်စရာကောင်းတယ် …..”

“ လူတစ်ယောက်ရဲ့ စရိုက်အစစ်အမှန်က သူတို့မှာ ဘာမှ မကျန်ရစ်တော့တဲ့အချိန် ပေါ်လာတတ်တယ် ….”

“ ဒေါက်တာချန်ကြည့်ရတာ စိတ်ဖတ်နိုင်နေသလိုပဲနော် … သူ့စကားဆုံးတာနဲ့ ကောင်မက သူ့မွေးစားအဖေဆီ ပြေးကပ်တော့တာပဲ ….”

“ ဒေါက်တာချန် ငါတို့မျက်စိရှေ့မှာပဲ ဗလာကျင်းပြီး လေထဲပျောက်သွားရင်တောင် ထူးဆန်းမနေဘူး .. စိတ်ဖတ်တဲ့ ကိစ္စလောက်ကတော့ ထားလိုက်တော့ ….”

“ မင်းတို့ကောင်တွေ ဘာတွေလျှောက်ပြောနေကြတာ …. သိပ္ပံကိုပဲ ယုံကြည် … လူကို လေထဲပျောက်သွားမယ်ဟုတ်လား … အဲ့တာတွေ အကုန်လုံး အယူသည်းတာပဲ … ဒေါက်တာချန် လုပ်သမျှ အကုန်လုံးကို သိပ္ပံရှုထောင့်ကနေ သုံးသပ်ရမယ်ဆိုတာ နားမလည်ဘူးလား … သူက အလင်းလိုအမြန်နှုန်းနဲ့ လေထဲ ဝှစ်ခနဲ ပျောက်သွားတယ်လို့ ဆိုရမှာ ….”

ချန်ယွီ့ကြည့်ရှုသူများ၏ ကွန်းမန့်တို့မှာ တစထက်တစ ရယ်ချင်စရာကောင်းလာခဲ့ပြီး ချန်ယွီ့ပင်လျှင် ၎င်းတို့ကို မြင်တော့ မရယ်မောဘဲ မနေနိုင်ခဲ့ချေ။

“ ဒီရဲ့လူနာ …. မင်း အဲ့လောက်ထိ အော်နေစရာ မလိုတော့ဘူး … မင်းရဲ့ မွေးစားအဖေက မင်းကို ဆက်ပြီး ကူညီနိုင်တော့မှာ မဟုတ်ဘူး …..”

“ ဘာလို့လဲ … သူ ငါ့ကို ချစ်သေးတယ် မဟုတ်လား ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က ချန်ယွီ့ဘက်သို့ လှည့်ပြီး မေးလိုက်သည်။

“ ချစ်ခြင်းမေတ္တာအကြောင်း ပြောနေတယ်ဆိုရင်တော့ … သူ့မှာ တကယ်ပဲ အနည်းအကျဉ်းတော့ ကျန်နေသေးတယ် ….”

ချန်ယွီ့က လက်နှစ်ချောင်း ဆန့်တန်းလိုက်ပြီး “ ကြည့်နေကြတဲ့လူတွေ ပြောတဲ့အတိုင်းပဲ သူက တစ်ချိန်တုန်းက မင်းအမေရဲ့ ချစ်သူကောင်လေး ဖြစ်ခဲ့ဖူးပြီး သူကလည်း မင်းကို နှစ်တွေအကြာကြီး သမီးအရင်းလေးတစ်ယောက်လို အလိုလိုက်ခဲ့တယ် ….”

“ သူ တတ်နိုင်တဲ့ အတိုင်းအတာထဲ ရှိသရွေ့ကတော့ သူ မင်းကို ဂရုစိုက်နေဦးမှာပဲ ….”

“ ဒါပေမယ့် …. မကြာခင် သူ့မှာ အဲ့လို အစွမ်းအစမျိုး ရှိတော့မှာ မဟုတ်ဘူး ….”

“ ဘာလို့လဲ …” [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]က စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ပြီး “ ငွေကြေး ပြဿနာကြောင့်လား ….”

“ သူ့အစွမ်းအစတွေ ပျောက်ကွယ်သွားမယ့်ကိစ္စက သူ့ရဲ့ ငွေကြေးအခြေအနေနဲ့ ဘာမှ မဆိုင်ဘူး ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ မင်းအဖေ သူ့ကို တိုင်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ် ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။ ဦးနှောက်ကလည်း ဘာမျှ ဆက်မတွေးခေါ်နိုင်တော့ချေ။

အလားတူစွာ ချန်ယွီ့၏ ကြည့်ရှုသူများလည်း တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးတော့လုမတတ် ဖြစ်နေကြ၏။

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ရဲ့ အဖေက ဖမ်းခံလိုက်ရပြီ မဟုတ်လား …

တကယ်လို့ သူက တစ်ယောက်ယောက်ကို တိုင်ချင်တယ်ဆိုရင်တောင် သူ့ဌာနက တစ်ခြားတစ်ယောက်ကိုပဲ တိုင်သင့်တာလေ ….

ဘာကိစ္စ အန်ကယ်ကောင်းကိုလဲ ….

“ ဒီရဲ့လူနာ အသက်ကြီးလာတာနဲ့အမျှ သူ့သမီးက သူနဲ့ နည်းနည်းလေးမှ မတူဘူးဆိုတာ သတိထားမိလာတယ် ….” စကားပြောခန်းထဲရှိ နားမလည်နိုင်ကြောင်း ရေးသားထားသည့် ကွန်းမန့်များကို ဖတ်ရှုပြီးနောက် ချန်ယွီ့ ယခုလို ပြောလိုက်သည်။

“ အဲ့ထဲ လူနာရဲ့ ရုပ်ရည်နဲ့ ကိုယ်ကျင့်စရိုက်လည်း ပါတယ် ….”

“ အဲ့မှာ သူ ဘယ်လိုမှ မနေနိုင်တော့ဘဲ သမီးဖြစ်သူက သူ့သမီးအရင်း ဟုတ်ရဲ့လားဆိုတာ စပြီး သံသယ ဝင်လာခဲ့တယ် ….”

“ နောက်ပြီး လူနာက သူ့ရဲ့ မွေးစားအဖေနဲ့ အတော်လေး ရင်းရင်းနှီးနှီး ရှိနေတာကလည်း သူတို့နှစ်ယောက် လက်မထပ်ခင် သူ့မိန်းမနဲ့ ဖုန်းထဲကလူရဲ့ ဆက်ဆံရေးကို ပြန်ပြန်ပြီး အမှတ်ရနေစေတယ် ….”

“ သူ့သမီးကို ခေါ်သွားပြီး DNA တောင် စစ်လိုက်ချင်တယ် … ဒါပေမယ့် သူတို့နှစ်ယောက်က လုံးဝ သွေးသားတော်စပ်ခြင်း မရှိပါလို့ အဖြေထွက်လာခဲ့ရင် အဲ့ဒီ ထိုးနှက်ချက်ကို သူ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး ….”

“ နေ့ရက်တွေ တဖြည်းဖြည်း ကြာလာတာနဲ့ ရင်ထဲက သံသယတွေကလည်း ပိုပိုပြီးတော့ ခိုင်မာလာတယ် ….”

“ သူ့စိတ်ထဲမှာတော့ သူ ဦးထုပ်စိမ်းဆောင်းခံနေရပြီ‌ဆိုတာ မသိစိတ်က သေချာနေပေမယ့် သိစိတ်ကတော့ ကိုယ့်ကိုယ်ကို လိမ်ထားတယ် … ဒါကြောင့်မို့ လူနာမွေးစားအဖေရဲ့ လူသိခံလို့မရတဲ့ ကိစ္စတွေကို တိတ်တဆိတ် စတင်စုဆောင်းခဲ့တယ် ….”

[ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ ဖခင် သို့မဟုတ် မွေးစားဖခင်တို့ နှစ်ဦးလုံးက တစ်ယောက်ကိုယ်တစ်ယောက် အသေသတ်ချင်နေကြသူများပင်။

သူတို့က မိမိအင်အားများကို သန်မာအောင် ပြုလုပ်နေရင်း တစ်ဖက်ကလည်း ရန်သူ၏ အချက်အလက်များကို လျှို့ဝှက်စုဆောင်းနေခဲ့ကြသည်။

တစ်ယောက်က ရက်စက်ပြီး အညှာအတာမဲ့၏။

တစ်ယောက်ကလည်း စရိုက်မကောင်းပေ။

သူတို့နှစ်ဦးထဲ တူညီသည့် အရာတစ်ခုကတော့ မည်သည်ကိုမျှ အစွန်းရောက်သည်အထိ မပြုလုပ်ခဲ့ခြင်းပင်။

သေးငယ်သည့် ကိစ္စရပ်လေးတစ်ခုက တစ်ဖက်လူကို ပြဿနာ တစ်ချို့ တက်စေရုံမျှလောက်သာ ဖြစ်စေပြီး အရှိုက်ထိအောင်တော့ ထိုးနှက်နိုင်မှာ မဟုတ်ချေ။

သေမိန့်ကျလာသည်နှင့် [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ ဖခင်က သူမသေခင် တစ်ဖက်သူကိုပါ သူနှင့်အပါ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူ တစ်လျှောက်လုံး စုဆောင်းထားသည့် အချက်အလက်များကို အာဏာပိုင်များထံ လွှဲအပ်ပေးလိုက်ပေမည်။ ထိုအခါ အန်ကယ်ကောင်း စစ်ဆေးခံရဖို့လည်း သိပ်ကြာမှာ မဟုတ်တော့ချေ။

သူ အလျှင်အမြန်နှင့် ချမ်းသာလာအောင် ပြုလုပ်ခဲ့သည့် အဆက်အသွယ်များလည်း အကုန်လုံး စုံစမ်းစစ်ဆေးခံရမှာ ဖြစ်၏။

ကြည့်ရှုသူများမှာ ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ကြလေတော့သည်။

“ ဒေါက်တာချန် … မင်းရဲ့ လောဂျစ်က နည်းနည်း မှားနေလိုပဲ ….”

ကြည့်ရှုသူ တစ်ဦးက ကွန်းမန့်ရေးလာသည်။

ယခု ချန်ယွီ့ ဖော်ပြသွားသည့်အရာအားလုံးက ဖြစ်လာဖို့ ဖြစ်နိုင်ချေ မရှိသလောက်ပင်။

စစချင်းတုန်းကတော့ ချန်ယွီ့သည် [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ ဖခင်က ခိုးထားသည့် ငွေများကို အပြည့်ပြန်ပေးသရွေ့ သေဒဏ်ကျမှာ မဟုတ်ဟူ၍ပင်။

အကယ်၍ သူမက ခိုးထားသည့် ငွေများကို ပြန်ဆပ်လိုလျှင် သူမ၏ မွေးစားအဖေထံသို့ အကူအညီတောင်းဖို့လိုသည်။

ပုံမှန်အတိုင်းပဲ သူတို့နှစ်ယောက်ကလည်း သားအဖများဖြစ်ကြောင်းကို တစ်ယောက်နှင့်တစ်ယောက် အသိအမှတ်ပြုခဲ့ကြသည်။

သူမ လိုအပ်သည်က ခါးခါးသီးသီး တောင်းဆိုဖို့ပဲ ဖြစ်ပြီး သူမ၏ မွေးစားအဖေက လိုအပ်သည့် ပိုက်ဆံကို ထုတ်ပေးလိမ့်မည်။

သို့သော်လည်းပဲ ချန်ယွီ့ နောက်ပိုင်း ပြောလိုက်သည့်စကားက သူတို့နှစ်ယောက်မှာ သားအဖအရင်းများ မဟုတ်ဘူး ဟူ၍ပင်။

ယင်းက ပိုက်ဆံရဖို့အတွက် မျှော်လင့်ချက်ကို ဖြတ်တောက်လိုက်သည်နှင့်တူသည်။

ထိုအခါ [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]၏ ဖခင်က သေဒဏ်ပေးခံလိုက်ရမှာဖြစ်ပြီး သူနှင့်အတူ သူမ၏မွေးစားအဖေကိုပါ လျှို့ဝှက်စုဆောင်းထားခဲ့သည့် အချက်အလက်များနှင့် အပါခေါ်ဖို့ ဖြစ်သွားစေခဲ့၏။

ရလဒ်အနေဖြင့် … အန်ကယ်ကောင်းက ပိုက်ဆံထုတ်ပြီး ကူညီချင်လျှင်ပင် သူ့အတွက် မဖြစ်နိုင်တော့ချေ။

“ ဒီကွန်းမန့်ရေးသူရဲ့ မေးခွန်းက တကယ်ကိုကောင်းတယ် ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါ သူ လိုက်စထွင်းကို အလေးအနက်ထားပြီး ကြည့်နေတယ်ဆိုတဲ့ သဘောပဲ ….”

“ ဒီလူနာရဲ့ မွေးစားအဖေက သူ(မ)ကို သူ့သမီးအရင်းလေး တစ်ယောက်လို သတ်မှတ်ထားပြီးသား ….”

“ တကယ်လို့ သူ့ သမီးအရင်းက ပိုက်ဆံတောင်းလာခဲ့ရင် သူ သေချာပေါက် ထုတ်ပေးမှာပဲ ….”

“ ဒါပေမယ့် သူက နောက်ပိုင်းမှာ သူတို့နှစ်ယောက်က သားအဖအရင်းတွေ ဖြစ်ပါတယ်ဆိုတာကို သက်သေပြုပေးဖို့ တောင်းဆိုလာတယ် ….”

“ ဒါကိုတော့ ငါ ဘယ်လိုလုပ်ပြီး သက်‌သေပြုပေးနိုင်မှာ ….”

“ ဘာလို့ဆို ငါက အစကတည်းကရင် သူတို့နှစ်ယောက်က သားအဖအရင်းတွေပါဆိုပြီးလည်း မပြောခဲ့ဖူးဘူး …. သူတောင်းဆိုလာတဲ့ စကားက ငါ့ရဲ့ ဝေဖန်ပိုင်းခြားသုံးသပ်မှုကို အနှောင့်အယှက် ဖြစ်သွားစေတယ် ….”

“ ဒါက အခြေအနေကိုလည်း ပြောင်းလဲသွားစေလိမ့်မယ် ….”

“ တကယ်လို့ ပဏာမ သုံးသပ်ချက်က ပြောင်းလဲသွားခဲ့ရင် နောက်ဆက်တွဲတွေကလည်း အလိုအလျောက် ပြောင်းလဲကုန်မှာပဲ ….”

“ ဒါက လိပ်ပြာတောင်ပံခတ်တဲ့ နိယာမလိုမျိုးပဲ …”

“ လူနာရဲ့ မွေးစားအဖေက သူ့သမီးအရင်း မဟုတ်ဘူးဆိုတာကို သိသွားခဲ့အခါကျ လူနာကို ချစ်သေးပေမယ့် သူမတောင်းဆိုလိုတာကို ဖြည့်ဆည်းပေးဖို့ ယွမ်သန်း ၆၀၀ ကျော်ကို ထုတ်ပေးဖို့တော့ မဖြစ်နိုင်တော့ဘူး ….”

“ အဲ့ခါကျ အရင် သုံးသပ်ချက်ကလည်း တရားမဝင် ဖြစ်သွားပြီ ….”

“ ဥပမာတစ်ခုပေးပြီး ပြောပြမယ် ….” ထိုသို့ပြောဆိုပြီးနောက် ချန်ယွီ့က စကားကို ခေတ္တရပ်တန့်လိုက်ပြီး “ ငါ အခု ကြည့်ရှုသူတစ်ယောက်ကို ချက်ချင်း အပြင်ထွက်ပြီး ဘယ်ဘက် မီတာ ၁၀၀ ကိုလျှောက် ၊ အဲ့မှာ ပြုတ်ကျနေတဲ့ ဖုန်းတစ်လုံး တွေ့မယ် ….”

“ သူလုပ်ဖို့လိုအပ်တာက အဲ့ဒီနေရာကို ရောက်အောင်သွားပြီး ဒီတိုင်း စောင့်နေဖို့ပဲ …. ပြီးရင် ပိုင်ရှင်က သူ့ဖုန်းကို ပြန်လာရှာမယ် ….”

“ သူ ဖုန်းဆီကို ရောက်လာတဲ့အခါကျ ဖုန်းကောက်ပေးထားတဲ့ ပိုင်ရှင်ကို ကျေးဇူးတင်စိတ်နဲ့ ယွမ် ၂,၀၀၀ မုန့်ဖိုးပေးသွားလိမ့်မယ် ….”

“ ဒါပေမယ့် တကယ်လို့ ကြည့်ရှုသူက ငါ့ကို ဖုန်းက ဘာအမျိုးအစားလဲ ၊ ပိုင်ရှင်က ယောက်ျားလား ၊ မိန်းမလား မေးမယ်ဆိုရင်တော့ …..”

“ ငါ သူ့မေးခွန်းတွေကို ဖြေပေးပြီးမှပဲ ငါညွှန်ကြားတာကို လိုက်နာမယ်ဆိုရင်တော့ ဖုန်းက အဲ့နေရာမှာ ရှိချင်မှပဲ ရှိတော့မှာ ….”

“ တကယ်လို့ ပိုင်ရှင်နဲ့ တွေ့ခဲ့ရင်တောင် ဖုန်းမရှိဘဲနဲ့တော့ သူ့ကို ပိုက်ဆံပေးမှာ မဟုတ်ဘူး ….”

“ ဒါကြောင့်မို့ ပထမ သုံးသပ်ချက်က ပြဿနာရှိသွားခဲ့ရင် နောက်ဆက်တွဲ သုံးသပ်ချက်တွေကလည်း အားကိုးလို့ မရတော့ဘူး ….”

ချန်ယွီ့က အဆိုပါ ကြည့်ရှုသူ၏ မေးခွန်းကို သွယ်ဝိုက်သောနည်းဖြင့် ဖြေဆိုပေးလိုက်သည်။

အံ့အားသင့်နေသည့် [ပုစွန်ခေါင်းနဲ့ အမျိုးသားကိုထိုးမယ့် သံလက်သီး]ကို ကြည့်ရင်း ချန်ယွီ့ စာနာသနားစွာ သက်ပြင်းချလိုက်သည်။

“ မင်းရဲ့ အဖေနှစ်ယောက်လုံးက ရည်မှန်းချက် ကိုယ်စီ ရှိကြတဲ့ လူတွေချည်းပဲ … သူတို့နှစ်ယောက်လုံးက ရက်စက်ကြတဲ့လူတွေ ….”

“ မင်းရဲ့ အဖေရင်း တစ်ယောက်တည်းကပဲ တကယ့်ကို ရိုးသားဖြောင့်မှန်တဲ့လူ ….”

All Chapters