← Chapters

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

လုပ်ကြံသတ်ဖြတ်ခြင်း (၁)

ကျန်ရှိသော စစ်သားနှစ်ဦးမှာ သူတို့ရဲဘော်၏ အဖြေကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအကြောင်းအရာကို ဆက်လက်မဆွေးနွေးရန် သူတို့က ပညာရှိ စွာပင် ဆုံးဖြတ်လိုက်ကြလေသည်။

ထိုလူများ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သူတို့သည် အလွန်ပင် အရည်အချင်းရှိသူများ သို့မဟုတ် ဩဇာအာဏာကြီးမားသော မိသားစုများမှ လာသူများ ဖြစ်ရမည်ဟု ခန့်မှန်းရ၏။ သူတို့ ကဲ့သို့သော စစ်သားများအတွက်မူ ထိုကဲ့သို့သော လူများအကြောင်းကို အလွန်အကျွံ မေးမြန်းခြင်း မပြုသည်ကသာ အကောင်းဆုံး ဖြစ်ပေသည်။

စစ်သားများ ထွက်ခွာသွားပြီးနောက် တန်ချီချီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"အစ်မ ယောင်ရန်...၊ ဘာလို့ သူတို့ကို ဆေးဝါးတွေနဲ့ နှာခေါင်းစည်းတွေ ရုတ်တရက် ပေးလိုက်တာလဲ...။ ဒါက အစ်မ ပုံမှန်လုပ်လေ့ရှိတဲ့ ပုံစံမျိုး မဟုတ်ဘူးနော်...။"

ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် သူမအပေါ် အမြင်မကြည်လင်သည်ကို ယောင်ရန် သိရှိထားသဖြင့် သူမက ပြန်လည်ဖြေလိုက်လေသည်။

"သူတို့က ငါတို့ကို ကူညီပေးခဲ့တာပဲ...၊ အကူအညီအတွက် ပြန်ပေးဆပ်တာက သဘာဝကျပါတယ်...။"

တန်ချီချီက သူမကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"ဒါပေမဲ့ အစ်မ တစ်ယောက်တည်းလည်း အဲ့ဒီလူတွေကို ကိုင်တွယ်နိုင်တာပဲလေ...။ စစ်သားတွေရဲ့ အကူအညီမပါဘဲ ငါတို့ဘာသာ ငါတို့ ကာကွယ်နိုင်ပါတယ်...။ သူတို့ ကူညီခဲ့ရင်တောင် ငါတို့က အကူ အညီ တောင်းခဲ့တာ မဟုတ်သလို သူတို့ကိုလည်း ဘာမှ အကြွေးမတင်တဲ့အတွက် ကျေးဇူးပြန်ဆပ်ဖို့ မလိုအပ်ပါဘူး...။"

ယောင်ရန်က ပုခုံးတွန့်ပြရင်း ပြောလိုက်လေ၏။

"ရာသီဥတုက အရမ်းအေးလွန်းတော့ ငါက ကိုယ်လက်လှုပ်ရှားရမှာ ပျင်းလို့ပါ...။ စစ်သားတွေက အဲ့ဒီ လူတွေကို ကိုင်တွယ်ပေးတာက အတော်ပဲပေါ့...။ ဒါမှ ငါလည်း အင်အား ဖြုန်းတီးနေစရာမလိုတော့ မှာ...။"

သူမ၏ ပေါ့ပေါ့ပါးပါး အဖြေကို ကြားပြီးနောက် တန်ချီချီက ဘာမှ ထပ်မပြောတော့သော်လည်း သူမ၏ ငုံ့ထားသော မျက်ဝန်းများတွင်မူ အပြုံးရိပ်တစ်ခု ယှက်သန်းသွားလေသည်။

မွန်းတည့်ရန် နီးကပ်လာပြီ ဖြစ်သောကြောင့် သူတို့သည် ထင်းများကို အိမ်သို့ အမြန်ဆွဲယူခဲ့ကြပြီး လမ်း တစ်လျှောက်တွင် အလှည့်ကျ ဆွဲခဲ့ကြလေသည်။ မြို့စွန်သို့ ရောက်ရှိလာသည့်အခါတွင်မူ ယောင်ရန်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"သတိထား...။"

ထိုအသံကို ကြားသည်နှင့် လူတိုင်းက ဗီဇအရပင် အကာအကွယ်တစ်ခုကို ရှာဖွေလိုက်ကြပြီး နောက် တစ်စက္ကန့်တွင်မူ ကျည်ဆန်တစ်ခုမှာ ထင်းပုံကို လာရောက် ထိမှန်သွားတော့၏။

"ဒိုင်း…"

သေနတ်သံမှာ ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်သွားပြီး အနီးနားရှိ အသက်ရှင်ကျန်ရစ်သူများမှာ ထိတ်လန့်တကြား အော်ဟစ်ကာ အဝေးသို့ ထွက်ပြေးသွားကြလေသည်။

သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် လူတိုင်းမှာ သေနတ်များကို ထုတ်ယူကာ ထင်းပုံ ကို အကာအကွယ်အဖြစ် အသုံးပြုလိုက်ကြ၏။

လုံယုသည် ကျည်ဆန်ထိမှန်သွားသော နေရာကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်း သွားလေသည်။ ယောင်ရန်သာ တစ်စက္ကန့်မျှ နောက်ကျခဲ့ပါက သူမ သေဆုံးသွားနိုင်လောက်ပေသည်။ အကြောင်းမှာ ကျည်ဆန်မှာ သူမ၏ ဦးခေါင်းရှိမည့် နေရာကို တည့်တည့်မတ်မတ် ပစ်ခတ်ခဲ့ခြင်း ဖြစ် သောကြောင့်ပင်။

သူက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ပြောလိုက်၏။

"ငါတို့ ရှိနေတဲ့ နေရာက မကောင်းဘူး...။ အကာအကွယ် မရှိတဲ့အတွက် တိုက်ခိုက်ခံရဖို့ အရမ်းလွယ် ကူနေတယ်...။"

ဟွမ်ချန်က မေးလိုက်လေသည်။

"ငါတို့ ဟိုဘက်က အဆောက်အအုံတွေထဲမှာ သွားပုန်းရမလား...။"

ရှီရွှမ်းက ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်၏။

"အကွာအဝေးက အရမ်းဝေးလွန်းတယ်...၊ အဆောက်အအုံဆီ မရောက်ခင်မှာပဲ ငါတို့ အပစ်ခံရလိမ့် မယ်...။"

"ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ...။" ဟု ကျားရှန်းက မေးလိုက်လေသည်။

လုံယုက ခဏမျှ စဉ်းစားပြီးနောက်၊

"ငါ သူတို့ရဲ့ အာရုံကို လွှဲထားပေးမယ်...၊ မင်းတို့အားလုံးကတော့ အကာအကွယ်ယူဖို့ အဆောက်အအုံ တစ်ခုခုဆီကို အမြန်ပြေးကြ...။"

ယောင်ရန်သည် သူ၏ အစီအစဉ်ကို ကြားလိုက်ရသည့်အခါ လုံယု၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မ သဘောမတူဘူး...။"

အထူးတပ်ဖွဲ့ဝင် စစ်သားများအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသဖြင့် ရှီရွှမ်း၊ ဟွမ်ချန် နှင့် ကျားရှန်း တို့သည် တာဝန်အတွက် သူတို့၏ အသက်ကို ရင်းရသည်မှာ ပုံမှန်သာ ဖြစ်သည်ဟု တွေးထားကြ၏။ လက်ရှိ အခြေအနေတွင် သူတို့၏ တာဝန်မှာ သေနတ်သမား၏ တည်နေရာကို ရှာဖွေရန်နှင့် အသင်း ဖော်များကို ကာကွယ်ရန်ပင် ဖြစ်သည်။

ထို့ကြောင့် ယောင်ရန်က ကန့်ကွက်လိုက်သည့်အခါတွင် သူတို့ သုံးဦးစလုံးမှာ လုံယုကို မသိမသာ ကြည့် လိုက်ကြပြီး သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြလေသည်။

လုံယုသည် ယောင်ရန်၏ မျက်နှာအမူအရာကို ကြည့်လိုက်ပြီးနောက် သူ၏ လက်မောင်းကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားသော သူမ၏ လက်ကလေးကို ငေးကြည့်နေမိလေ၏။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ ကွေးတက်သွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် နှာခေါင်းစည်းနှင့် နေကာမျက်မှန် တပ်ဆင်ထားသဖြင့်သာ ဖြစ်၏။ သို့မဟုတ်ပါက သူ၏ သူငယ်ချင်းများမှာ ယောင်ရန်ကို စိုက်ကြည့်ရင်း ရူးကြောင်ကြောင် ပြုံးနေသည့် သူ၏ ပုံစံကို မြင်တွေ့သွားကြပေလိမ့်မည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လုံယုက ချောင်းတစ်ချက် ဟန့်ကာ သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်း ချုပ်လိုက်လေသည်။ ထို့နောက် သူ၏ လက်မောင်းကို ဆုပ်ကိုင်ထားသော ယောင်ရန်၏ လက်ကလေး ကို အသာအယာ ပုတ်ပေးလိုက်လေသည်။

သူက သူမကို ကြည့်ကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့...၊ ငါ အဆင်ပြေမှာပါ...။"

ယောင်ရန်က သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးမှ ခေါင်းခါလိုက်၏။ သူမက ဇွတ်တရုတ်ပင် ပြောလိုက် လေသည်။

"မဖြစ်ဘူး...၊ ဒါက အရမ်းအန္တရာယ်များလွန်းတယ်...။ ရှင်သာ ကျည်ဆန်ထိမှန်လို့ သွေးထွက်သွားရင် စက္ကန့်ပိုင်းအတွင်းမှာတင် သေသွားနိုင်တယ်...။"

လုံယု တစ်ခုခု မပြောခင်မှာပင် သူမက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ပါးစပ်ပိတ်ထား...။"

သူမ၏ နေကာမျက်မှန် နောက်ကွယ်မှ မျက်လုံးများကို သူ မမြင်ရသော်လည်း သူမ စိတ်ဆိုးနေသည်ကို လုံယုက ဗီဇအရပင် သိရှိလိုက်သဖြင့် ပညာရှိစွာပင် ပါးစပ်ပိတ်နေလိုက်တော့သည်။ သူမက သူ့ကို မချစ်ခင်ကတည်းက အမုန်းခံရမည်ကို သူ စိုးရိမ်နေမိသောကြောင့်သာ ဖြစ်ချေ၏။

ယောင်ရန်၏ ရှေ့တွင် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ပြုမူနေသော သူတို့၏ ခေါင်းဆောင်ကို ကြည့် ပြီး ရှီရွှမ်းက ပြုံးကာ ပြောလိုက်လေသည်။

"ယောင်ရန်က သဘောမတူဘူးဆိုမှတော့ ငါတို့ တခြားအစီအစဉ်တစ်ခု ဆွဲရတော့မှာပေါ့...။"

သူ စကားပြောပြီးသည်နှင့် နောက်ထပ် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် မူ ဟွမ်ချန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ သေနတ်ကို မြှောက်ကာ မောင်းခလုတ်ကို ဆွဲလိုက်လေ ၏။

"ရွှီး…."

ထူးကဲသော အမြင်အာရုံဖြင့် ဟွမ်ချန်သည် စနိုက်ပါသမား၏ တည်နေရာကို စက္ကန့်ပိုင်းအတွင်း ရှာဖွေ တွေ့ရှိသွားပြီး ပြန်လည်ပစ်ခတ်လိုက်၏။ ကံမကောင်းစွာဖြင့် အကွာအဝေးမှာ အလွန်ဝေးကွာနေသဖြင့် သူသည် နံရံကိုသာ ထိမှန်ခဲ့ပြီး စနိုက်ပါသမားကို နံရံနောက်တွင် ပုန်းကွယ်သွားစေရန်သာ ပြုလုပ်နိုင်ခဲ့ လေသည်။

သူက ကျိန်ဆဲရင်း ပြောလိုက်၏။

"ခေါင်းဆောင်...၊ ကျည်ဆန်တွေက လမ်းကြောင်းတစ်ခုတည်းက လာနေတာ...။ ဟိုဘက်မှာ လူတစ် ယောက်တည်း ရှိပုံရတယ်...။"

လုံယုက ခဏမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်လေသည်။

"ဟွမ်ချန်၊ ဟွမ်ကျိဟွေးနဲ့ တန်ချီချီတို့က ဒီမှာပဲနေပြီး ငါတို့အတွက် အချိန်ရအောင် စနိုက်ပါသမားကို ပုန်းနေအောင် လုပ်ထားပေးကြ...။ ရှီရွှမ်းနဲ့ ကျားရှန်းက ညာဘက်တံခါးကနေ အဆောက်အအုံထဲ ဝင် မယ်...။ ယောင်ရန်နဲ့ ငါကတော့ ဘယ်ဘက်တံခါးကနေ ဝင်မယ်...။"

"ဟုတ်ကဲ့ ခေါင်းဆောင်..."

အမိန့်ပေးပြီးနောက် လုံယုသည် ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်၏။

"အဆင်သင့်ဖြစ်ပြီလား...။"

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဟွမ်ချန်က စနိုက်ပါသမားရှိရာသို့ နောက်ထပ်တစ်ကြိမ် ပစ်ခတ်လိုက်လေသည်။ ကျည်ဆန်မှာ နံရံကို ထိမှန်သွားသည့် အသံကို ကြားရသည်နှင့် လုံယုက ပြောလိုက်လေ၏။

"သွားစို့...။"

လူလေးဦးမှာ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြပြီး ဘယ်နှင့် ညာ လမ်းကြောင်းများမှ အဆောက်အအုံအတွင်းသို့ အပြေးအလွှား ဝင်ရောက်ခဲ့ကြလေသည်။ ဟွမ်ချန်က သူတို့အတွက် အချိန်ဆွဲပေးထားသောကြောင့် လေးဦးစလုံးမှာ အဆောက်အအုံအတွင်းသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်ခဲ့ကြလေသည်။

အဆောက်အအုံအတွင်းသို့ ရောက်သည်နှင့် လုံယုနှင့် ယောင်ရန်တို့သည် အပေါ်ထပ်သို့ ဖြည်းညှင်းစွာ မတက်မီ အခန်းများကို အမြန်စစ်ဆေးလိုက်ကြလေသည်။

သူတို့သည် နောက်တစ်ထပ်တွင် ရှီရွှမ်းနှင့် ကျားရှန်းတို့ကို ဆုံတွေ့ခဲ့ကြ၏။ လုံယုက လက်ဟန်ခြေဟန် အချို့ ပြုလုပ်ပြီးနောက် ထိုအထပ်ရှိ အခန်းများကို သူတို့ ဂရုတစိုက် စစ်ဆေးလိုက်ကြပြန်သည်။

ထိုအထပ်တွင် ပုန်းကွယ်နေသူ မရှိသဖြင့် သူတို့သည် အပေါ်ဆုံးထပ်သို့ တက်လာခဲ့ကြ၏။ ထိုနေရာတွင် စနိုက်ပါသမား တစ်ဦး ရှိနေသည်ကို သိရှိထားသဖြင့် ကျားရှန်းသည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်ကာ အိမ်တွင် ပျင်းနေစဉ်က ပြုလုပ်ထားသော အလင်းပေးဗုံးကို ထုတ်ယူလိုက်လေတော့သည်။

All Chapters