← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

သူတို့၏ အတိတ် (၁)

ယောင်ယွဲ့ချွမ်၏ စကားကို ကြားရသောအခါ ယောင်ရန်က ပြောလိုက်လေသည်။

"ရှင့်ဘက်က ပြောစရာရှိတာကို အရင်ဆုံး ပြောပြပါဦး...။"

သူမ ထိုသို့ ပြောလိုက်သည့်အခါ ယောင်ယွဲ့ချွမ်သည် လုံယုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"သူကကော...။"

သူ စကားမဆုံးခင်မှာပင် ယောင်ရန်က ကြားဖြတ်ပြောလိုက်လေသည်။

"သူက ဒီနေရာမှာပဲ ရှိနေမှာပါ...။ ရှင် ကျွန်မကို ဘာပဲပြောပြော သူ နားထောင်လို့ ရပါတယ်...။"

ထိုစကားကို ကြားရသည့်အခါ လုံယုနှင့် ယောင်ယွဲ့ချွမ်တို့သည် ကွဲပြားသော အမူအရာများ ရှိနေခဲ့ကြ ၏။ လုံယုသည် ဝမ်းသာသွားကာ သူ၏ မေးစေ့ကို အနည်းငယ် မြှင့်လိုက်လေသည်။ သူ၏ မျက်နှာပေါ် ရှိ ဂုဏ်ယူဝင့်ကြွားသော အမူအရာကြောင့် ယောင်ယွဲ့ချွမ်မှာ လက်သီးများပင် ယားယံလာရလေ၏။

ယောင်ယွဲ့ချွမ်သည် လုံယုကို မျက်စောင်းထိုး၍ နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော်လည်း ယောင်ရန် ဘက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ လိမ္မာသော ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ချိုသာသော အပြုံးကို ပြသလိုက်၏။

"မယောင်ရန်...၊ လက်ထောက်ဟယ်ဆီက ကျွန်တော် ကြားခဲ့ရတာကတော့ မင်းက ဥက္ကဋ္ဌယောင်ရဲ့ လုံခြုံရေးသေတ္တာထဲက ပစ္စည်းအားလုံးကို ယူသွားခဲ့တယ်ဆိုတာပါပဲ...။ အဲ့ဒီ လုံခြုံရေးသေတ္တာ အသေး လေးထဲမှာ ယောင်လုံခြုံရေးကုမ္ပဏီနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေနဲ့ အလုပ်လုပ်နေတဲ့ လူစာရင်း တွေ ရှိပါတယ်...။"

"အကယ်၍ မင်းဆီမှာ အဲ့ဒီ စာရွက်စာတမ်းတွေ ရှိနေသေးတယ်ဆိုရင် တစ်ချက်လောက် ကြည့်လိုက် ပါ ဦး...။ မင်းကိုယ်တိုင် စစ်ဆေးပြီးသွားတဲ့အခါမှ ငါတို့ စကားဆက်ပြောရင်လည်း မနောက်ကျပါဘူး...။"

ထိုစကားကို ကြားရသောအခါ ယောင်ရန်သည် သူမ၏ အဘိုးပိုင်ဆိုင်သော လုံခြုံရေးသေတ္တာထဲတွင် တွေ့ရှိခဲ့သည့် စာရွက်စာတမ်းများကို ရုတ်တရက် သတိရသွားလေသည်။ ထိုစဉ်က သူမသည် ပစ္စည်း များ စုဆောင်းရန် အလုပ်ရှုပ်နေခဲ့သဖြင့် ၎င်းတို့ကို ကြည့်ရှုရန် အချိန်မရခဲ့ပေ။

ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပြီးနောက်တွင်လည်း သူမသည် အသက်ရှင်သန် ရန်နှင့် လန်ကွမ်းဟွေ့၏ မိသားစုအပေါ် ကတ်သီးကတ်သတ် ကလဲ့စားချေရန်သာ အာရုံစိုက်နေခဲ့သဖြင့် ထိုစာရွက်စာတမ်းများကို မေ့လျော့နေခဲ့ခြင်း ဖြစ်၏။ ယခု ယောင်ယွဲ့ချွမ်က ပြောပြလာမှသာ သူမ ပြန်လည် သတိရလာတော့သည်။

သူတို့နှစ်ဦး စကားပြောနေကြစဉ် လုံယုသည် ထိုနေရာ၌ပင် ရပ်၍ သူတို့၏ စကားဝိုင်းကို နားထောင် နေခဲ့လေ၏။ ယောင်ရန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ ယောင်ယွဲ့ချွမ် ပြောသမျှမှာ အမှန်တရား ဖြစ်နိုင်ကြောင်း သူ သိရှိလိုက်လေသည်။

သူသည် ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ကာ ဘေးသို့ ဆွဲခေါ်သွားပြီး တိုးညှင်းသော အသံဖြင့် မေးလိုက် လေ၏။

"ခုနက သူပြောတဲ့ စာရွက်စာတမ်းတွေက မင်းဆီမှာ ရှိနေတာလား...။"

လုံယုသည်လည်း အတိတ်ဘဝမှ ပြန်လည်နိုးထလာသူ ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်မူ ယောင်ရန် သည် သူ့အပေါ် ပိုမိုရင်းနှီးသည်ဟု ခံစားလာရကာ သူမ၏ သတိဝီရိယများမှာလည်း လျော့နည်းသွားခဲ့လေသည်။ သူ့အပေါ်ထားရှိသော သူမ၏ ခံစားချက်များအပြင် သူမသည် မသိစိတ်အရလည်း သူ့ကို ယုံကြည်နေမိလေ၏။

ယောင်ရန်သည် လုံယုကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"အဲ့ဒီ စာရွက်စာတမ်းတွေက ကျွန်မဆီမှာ ရှိပါတယ်...။ ဒါပေမဲ့ ကျွန်မ တစ်ခါမှ မဖတ်ကြည့်ရသေး ဘူး...။"

လုံယုက ပြောလိုက်၏။

"အရင်ဆုံး သွားပြီး ဖတ်ကြည့်လိုက်ပါ...၊ ယောင်ယွဲ့ချွမ်ကိုတော့ လောလောဆယ် ဒီနေရာမှာပဲ ထားခဲ့ လိုက်ရအောင်..။ သူပြောတာတွေ မှန်၊ မမှန် မင်းသိသွားတဲ့အခါကျမှ ပြန်လာပြီး စကားပြောတာပေါ့...။"

ယောင်ရန်သည်လည်း သူနှင့် သဘောထားချင်း တူညီသဖြင့် ခေါင်းငြိမ့်လိုက်လေသည်။

"ကောင်းပါပြီ...။"

ထို့နောက် သူတို့နှစ်ဦးမှာ ယောင်ယွဲ့ချွမ်ကို ဘာမှ မပြောတော့ဘဲ ထွက်ခွာခဲ့ကြတော့၏။

၎င်းကို မြင်သောအခါ ယောင်ယွဲ့ချွမ်သည် သူတို့နောက်မှ လှမ်း၍ အော်ဟစ်လိုက်လေသည်။

"မယောင်ရန်... ကျွန်တော့်အတွက် အစားအသောက်နဲ့ ရေလေး ယူလာပေးဖို့ မမေ့ပါနဲ့ဦး...။ မဟုတ်ရင် ကျွန်တော် ဗိုက်ဆာပြီး သေသွားပါလိမ့်မယ်...။"

ထိုစကားကို ကြားရသော်လည်း ယောင်ရန်နှင့် လုံယုတို့က ပြန်လည်မဖြေဘဲ တံခါးကိုသာ ပိတ်ခဲ့ကြလေ ၏။ ယောင်ယွဲ့ချွမ်သည် သက်ပြင်းချကာ အေးစက်သော ကြမ်းပြင်ပေါ်သို့ ပြန်လည် လဲလျောင်းလိုက် လေတော့သည်။

သူသည် ညစ်ပတ်နေသော မျက်နှာကြက်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။

"အဘိုး...၊ ကျွန်တော် ပေးထားတဲ့ ကတိကို တည်ပါ့မယ်...။ အဘိုးရဲ့ ကြိုးစားအားထုတ်မှုတွေကို လုယူ ပြီး အဘိုးရဲ့ မြေးမလေးကို သတ်ချင်တဲ့သူ တစ်ယောက်ကိုမှ ကျွန်တော် အလွှတ်မပေးပါဘူး...။ သူတို့က ကျွန်တော့်ကို လိမ်ညာရဲတယ်ဆိုမှတော့ အကျိုးဆက်ကို ခံစားကြရမှာပေါ့...။"

အထပ် (၂၀) သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် လုံယု၏ လက်ကောက်ဝတ်ကို ဆွဲ၍ သူမ၏ တိုက်ခန်းသို့ ခေါ်ဆောင်သွားလေသည်။ တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် သူ့ကို တံခါး တွင် ကပ်လိုက်ကာ သူမ၏ လက်မောင်းနှစ်ဖက်ကြားတွင် ပိတ်လှောင်ထားလိုက်၏။

လုံယုမှာ သူမ၏ အပြုအမူကြောင့် အံ့အားသင့်သွားရလေသည်။ သို့သော်လည်း သူသည် စိတ်ဆိုးမည့် အစား သူ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်နေပြီး မျက်နှာမှာလည်း ပူထူလာသလို ခံစားလိုက်ရ၏။ သူသည် သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းအသာဟန့်ကာ အကြည့်ကို လွှဲလိုက်လေ သည်။

သူသည် သူမကို မကြည့်ဝံ့သည်ကို မြင်သောအခါ ယောင်ရန်က သူသည် အပြစ်ရှိသည်ဟု ခံစားနေရ ခြင်း ဖြစ်မည်ဟု တွေးတောကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေ၏။

လုံယုသည် သူမထံသို့ ပထမဆုံးအကြိမ် ချဉ်းကပ်လာခဲ့စဉ်ကပင် တံခါးစောင့်ရန်အတွက် ညဆိုင်းကို လိုလိုလားလား လုပ်ဆောင်ပေးခဲ့သဖြင့် ယောင်ရန်သည် သူ သူမအပေါ် ကြင်နာလွန်းနေသည်ဟု ခံစား ခဲ့ရလေသည်။ သူ သူမအပေါ် ဆက်ဆံပုံမှာ အခြားသူများနှင့် များစွာ ကွဲပြားနေသဖြင့် သူမသည် သူ ချဉ်းကပ်လာရသည့် ရည်ရွယ်ချက်ကို သံသယဝင်နေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူမသည် သူ့ကို အပြည့် အဝ မယုံကြည်နိုင်ခဲ့သလို သူ၏ ခံစားချက်များကိုလည်း လက်မခံနိုင်ခဲ့ပေ။

သူမ၏ အကြည့်အောက်တွင် သူ၏ ချောမောသော မျက်နှာမှာ ပိုမိုနီရဲလာသည်ကို မြင်သောအခါ ယောင်ရန်က လှောင်ပြုံးပြုံးကာ မေးလိုက်လေသည်။

"ရှင် ကျွန်မဆီကို ပထမဆုံးအကြိမ် ချဉ်းကပ်ကတည်းက ကျွန်မကို သိနေခဲ့တာ မဟုတ်လား...။"

ထိုမေးခွန်းကို ကြားရသည့်အခါ လုံယုသည် သူမကို ငုံ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။

ယောင်ရန်က မျက်လုံးများကို ကျဉ်းမြောင်းကာ ထပ်မံ မေးလိုက်၏။

"ရှင် ကျွန်မကို အတိတ်ဘဝမှာ သိခဲ့တာလား...၊ ကျွန်မဆီကို ချဉ်းကပ်ရတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ...။"

ယခုအချိန်တွင်မူ သူမကို အမှန်အတိုင်း ပြောပြရမည် ဖြစ်ကြောင်း လုံယု သိရှိလိုက်လေသည်။ သို့မ ဟုတ်ပါက နောင်တွင် သူ နောင်တရရပေလိမ့်မည်။ သူက ပြောလိုက်လေ၏။

"ဟုတ်တယ်...။ ရန်ရန်...၊ ငါ မင်းကို ကာကွယ်ပေးချင်ရုံ သက်သက်ပါ...။ မင်း အသက်ရှင်နေတုန်းက ငါတို့ အတိတ်ဘဝမှာ သုံးကြိမ်တိုင်တိုင် ဆုံတွေ့ခဲ့ဖူးပါတယ်...။"

ယောင်ရန်သည် သူ၏ အဖြေကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်လေသည်။

"ကျွန်မ သေဆုံးပြီးနောက်မှာရော ရှင့်ကို တွေ့ခဲ့သေးလား...။"

လုံယု ပြန်မဖြေမီမှာပင် သူမသည် ခေါင်းခါလိုက်ကာ သူမဘာသာ ရေရွတ်လိုက်လေ၏။

"မဖြစ်နိုင်တာ...၊ ကျွန်မက အဲ့ဒီဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေဆုံးခဲ့တာပဲ...။ ကျွန်မ သေတဲ့အချိန်မှာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတောင် အပြည့်အစုံ မကျန်ခဲ့တာကို သူက ဘယ်လိုလုပ် မြင်နိုင်မှာလဲ...။ ငါတို့ရဲ့ အချိန်ကာလတွေက ကွဲပြားနေတာများလား...။"

လုံယုသည် သူမ၏ တစ်ယောက်တည်း ရေရွတ်နေသော စကားများကို နားထောင်ရင်း သူမအတွက် ရင်ထဲတွင် နာကျင်လာရ၏။ သူသည် လက်ကို လှမ်းလိုက်ကာ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထား လိုက်လေသည်။

သူသည် ခေါင်းငုံ့လိုက်ကာ အသံဩဩဖြင့် ပြောလိုက်၏။

"ရန်ရန်...၊ ငါ မင်းကို အရမ်းလွမ်းနေခဲ့တာ...။"

ယောင်ရန်မှာ သူ၏ ရုတ်တရက် ရင်းနှီးသော အပြုအမူကြောင့် လန့်သွားပြီး သူ့ကို တွန်းဖယ်လိုက်လေ သည်။ သို့သော်လည်း ခဏမျှ ကြိုးစားသော်လည်း သူမသည် သူ့ကို တွန်းဖယ်၍ မရခဲ့ပေ။

သူမသည် စိတ်မချမ်းမမြေ့ ဖြစ်သွားကာ တွေးနေမိ၏။

*သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ...။*

သူမက သူ့ကို ထပ်မံ မတွန်းဖယ်တော့သည်ကို မြင်သောအခါ လုံယုက တိုးညှင်းစွာ ပြောလိုက်လေ သည်။

"ငါတို့ အတိတ်ဘဝမှာ သုံးကြိမ်ပဲ ဆုံတွေ့ခဲ့ဖူးတာပါ...။ ငါ အဲ့ဒီ ဓာတ်ခွဲခန်းရဲ့ နောက်ကွယ်က အဖွဲ့အ စည်းကို စုံစမ်းစစ်ဆေးနေတုန်းမှာ မင်းက မင်းရဲ့ မိသားစုဝင်တွေကြောင့် ရောင်းစားခံခဲ့ရပြီး လူသား စမ်းသပ်ခံ အရာဝတ္ထု တစ်ခုအနေနဲ့ အသုံးပြုခံခဲ့ရတာကို ရှာဖွေတွေ့ရှိခဲ့တယ်...။"

သူက ခေတ္တမျှ ရပ်နားလိုက်ပြီး အသံဩဩဖြင့် ဆက်ပြောလိုက်၏။

"ရန်ရန်...၊ ငါ နောက်ကျသွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်...။ ငါ မင်းကို မကယ်တင်နိုင်ခဲ့ဘူး...။ တကယ့်ကို တောင်းပန်ပါတယ်...။"

သူ၏ ထိန်းချုပ်ထားသော ငိုရှိုက်သံများကို နားထောင်ရင်း ယောင်ရန်မှာ အချိန်အတော်ကြာအောင် တုံ့ပြန်မှု မရှိဘဲ ငြိမ်သက်နေမိလေသည်။ လုံယု စိတ်တည်ငြိမ်သွားပြီးနောက်တွင်မူ သူမက မေးလိုက် လေသည်။

"ကျွန်မတို့ အရင်က သိခဲ့ကြတာလား...။ ကျွန်မမှာ ရှင်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ ဘာလို့ မရှိရ တာလဲ...။ ကျွန်မတို့က ဘာပတ်သက်မှု ရှိလို့လဲ...။"

All Chapters