အခန်း (၁၅၈)
Vol. 16 Ch. 158
အခန်း (၁၅၈)
သူတို့၏ အတိတ် (၂)
လုံယုသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏အသံမှာ နက်ရှိုင်းသော ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့လေ သည်...။
"မင်း ငါ့ကို မှတ်မိချင်မှ မှတ်မိလိမ့်မယ်…၊ ဒါပေမဲ့ ငါကတော့ မင်းကို စတွေ့ကတည်းက အမြဲတမ်း ချစ်ခဲ့ တာပါ...။ ငါတို့ ပထမဆုံး ဆုံတွေ့ခဲ့တာက မင်း မျိုးရိုးဗီဇပြောင်း သစ်ပင်အောက်မှာ ပိတ်မိနေတုန်း ကပေါ့ ...။ မင်းကို အဲ့ဒီသစ်ပင်ရဲ့ ဝမ်းဗိုက်ထဲကနေ ဆွဲထုတ်ပေးခဲ့တာက ငါပဲလေ...။"
"ငါ့ရဲ့ အဖွဲ့ ရောက်လာတဲ့ အချိန်မှာ မင်းကလွဲလို့ ကျန်တဲ့သူတွေ အားလုံး သေဆုံးနေကြပြီ...။ မျိုးရိုးဗီဇ ပြောင်း သစ်ပင်ထဲကနေ မင်းရဲ့ တိုးညှင်းတဲ့ အကူအညီတောင်းသံကို ငါ ကြားခဲ့ရတယ်...။ မင်းကို ငါ ဆွဲ ထုတ်လိုက်တဲ့ အချိန်မှာ မင်းက ငါ့ရင်ခွင်ထဲမှာတင် သတိမေ့သွားခဲ့တာ...၊ အဲ့ဒီအချိန်ကတည်းက မင်းကို ငါ ကာကွယ်ပေးရမယ်လို့ ခံစားခဲ့ရတာပေါ့...။"
"အဲ့ဒီ အခိုက်အတန့်ကစပြီး ငါ မင်းကို လိုက်ရှာနေခဲ့တာ...။ ငါက မင်းအပေါ် စိတ်ဝင်စားခဲ့ပေမဲ့ မင်းက တော့ မင်းရဲ့ မိသားစုကိုပဲ ဂရုစိုက်နေခဲ့တယ်...။ ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့တဲ့ အခါမှာတောင် မင်း က ငါ့ကို မမှတ်မိတော့ဘူးလေ...။"
ထိုစကားကို ကြားရသောအခါ ယောင်ရန်၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။ သူ ဤသို့ပြောနေ ချိန်တွင် သူ၏ မျက်နှာအမူအရာကို သူမ မြင်တွေ့လိုသော်လည်း သူသည် သူ၏မျက်နှာကို သူမ၏ လည်ပင်း သားလေးထဲတွင် ဝှက်ထားခဲ့လေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က တိုးတိုးလေး ရေရွတ်လိုက်၏...၊
"ဒါဆို ကျွန်မကို ကယ်ခဲ့တာ ရှင်ပဲပေါ့...။"
လုံယုက ခေါင်းငြိမ့်ပြလိုက်လေသည်....
"ဟုတ်တယ်...။"
ယောင်ရန်သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြောလိုက်လေ၏...။
"အခုမှ ဒါကို ပြောရတာ နောက်ကျနေမလားတော့ မသိဘူး၊ ဒါပေမဲ့...၊ ကျွန်မရဲ့ အသက်ကို ကယ်ပေးခဲ့ တဲ့အတွက် ကျေးဇူးတင်ပါတယ်...။"
လုံယုက ထိုစကားကို ကြားသောအခါ ခပ်တိုးတိုး ရယ်မောလိုက်၏။ သူသည် သက်ပြင်းချကာ ပြောလိုက်လေသည်၊
"ငါတို့ ဒုတိယအကြိမ် ဆုံတွေ့တုန်းက မင်းက ငါ့ကို ပြန်ကယ်ခဲ့တာပဲဟာ...။ ဒါကြောင့် ကျေးဇူးတင်နေဖို့ မလိုပါဘူး...။"
ယောင်ရန်သည် သူမ၏ အတိတ်ကို ပြန်လည်စဉ်းစားရန် ကြိုးပမ်းလိုက်သော်လည်း သူမ၏ မှတ်ဉာဏ် အများစုမှာ ဝေဝါးနေခဲ့လေသည်။ သူမ ရှင်းလင်းစွာ မှတ်မိသည့်အရာများမှာ ဓာတ်ခွဲခန်းအကြောင်းနှင့် လန်မိသားစုနှင့် ပတ်သက်သည့် ကိစ္စရပ်များသာ ဖြစ်၏။ ကျန်ရှိသော မှတ်ဉာဏ်များကိုမူ သူမ သေချာ စွာ မမှတ်မိတော့ပေ။
သူတို့နှစ်ဦးအကြောင်း လုံယု ပြောပြသည်များကို နားထောင်ပြီးနောက်တွင်မူ ယောင်ရန်သည် သူမ၏ မှတ်ဉာဏ်ထဲ၌ တစ်ခုခု လိုအပ်နေသည်ဟု ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သူမ၏ မှတ်ဉာဏ် များကို နှောင့်ယှက်ဖျက်ဆီးခဲ့ပြီး သူတို့ သိစေလိုသည့် အရာများကိုသာ မှတ်မိနေစေရန် ပြုလုပ်ထားသ ကဲ့သို့ပင်။
သူမသည် စမ်းသပ်ခံ အရာဝတ္ထု တစ်ခုအနေဖြင့် ဓာတ်ခွဲခန်းတွင် နှစ်နှစ်တိုင်တိုင် ပိတ်လှောင်ခံခဲ့ရသူ ဖြစ်သဖြင့် ထိုရူးသွပ်နေသော သိပ္ပံပညာရှင်များက သူမ၏ ဦးနှောက်ကို တစ်ခုခု လုပ်ဆောင်ခဲ့မည်ဆို လျှင်လည်း အံ့သြစရာ မဟုတ်ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်လေသည်...။
"ကျွန်မတို့ကြားမှာ အတိတ်ဘဝတုန်းက ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ရှင် ပြောပြနိုင်မလား...။"
လုံယုက ပြုံးလိုက်လေ၏...၊
"သေချာတာပေါ့...။ မင်း သိချင်တာ အားလုံးကို ငါ ပြောပြပါ့မယ်...။"
ယောင်ရန်သည် လုံယုကို ခဏမျှ ဖက်ထားစေပြီးနောက် ချောင်းဟန့်ကာ ပြောလိုက်၏။
"ဒီမှာ အေးတယ်...၊ စကားပြောဖို့ နေရာပြောင်းရအောင်...။"
ထိုစကားကို ကြားမှသာ လုံယုသည် သူမကို နောက်ဆုံး၌ လွှတ်ပေးလိုက်တော့သည်။
အိမ်ထဲတွင် တစ်ခုတည်းသော နွေးထွေးသည့် နေရာမှာ အိပ်ခန်းသာ ဖြစ်သည်ကို တွေးမိကာ သူမ တုံ့ဆိုင်းနေသော်လည်း ပြောလိုက်လေသည်၊
"ကျွန်မရဲ့ အိပ်ခန်းထဲသွားပြီး စကားပြောရအောင်...။"
လုံယုသည် သူမနောက်မှ လိုက်၍ အဓိက အိပ်ခန်းအတွင်းသို့ ဝင်လာခဲ့၏။ ထိုနေရာတွင် ပစ္စည်းအ မြောက်အမြားနှင့် လုံလောက်သော စားနပ်ရိက္ခာများ ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ စိတ်အေးသွား ရလေသည်။ ကံကောင်းထောက်မစွာပင် သူမသည် ဤဘဝတွင် ဆင်းရဲဒုက္ခ အလွန်အကျွံ မခံစားခဲ့ရ ပေ။
ယောင်ရန်သည် ကြမ်းပြင်အပူပေးစနစ်နှင့် အပူပေးစက် နှစ်လုံးကို ဖွင့်လိုက်သည့် အခါတွင်မူ လုံယုမှာ တံခါးဝတွင်သာ ရပ်နေသည်ကို တွေ့လိုက်ရလေ၏။ အစောပိုင်းက ရှက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး နောက် သူမသည် မရှက်တော့ပေ။
သူမသည် ကုတင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏..။
"ဟိုမှာ ထိုင်လို့ ရပါတယ်...၊ကျွန်မ တို့အတွက် ချောကလက်ပူပူလေး တစ်ခွက် ဖျော်လိုက်မယ်...။"
ယောင်ရန် ချောကလက် ဖျော်နေစဉ်အတွင်း လုံယုမှာ အလွန်ပင် စိတ်လှုပ်ရှားနေမိ၏။
ဤသည်မှာ အမျိုးသမီးတစ်ဦး၏ အိပ်ခန်းသို့ သူ ပထမဆုံးအကြိမ် လာရောက်ဖူးခြင်း ဖြစ်ပြီး ထိုအမျိုး သမီးမှာလည်း သူ နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ရသူ ဖြစ်နေပြန်လေသည်။
သူသည် သူ၏ ချွေးစိုနေသော လက်ဖဝါးများကို ဘောင်းဘီနှင့် ပွတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူ ကာ ခုန်လှုပ်နေသော နှလုံးသားကို တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစားနေခဲ့ရပေ၏။
လုံယုသည် သူမ၏ လတ်ဆတ်သော ရနံ့လေးများ လွှမ်းခြုံနေသည့် နူးညံ့သော ကုတင်ပေါ်တွင် ဝင် ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို မကြည့်ဝံ့ဘဲ ငြိမ်သက်နေမိလေသည်။
"ရှင် စားပြီးပြီလား...။" ဟု ယောင်ရန်က မေးလိုက်လေ၏။
သူမက သူတို့နှစ်ဦးအတွက် မနက်စာ ပြင်ဆင်နေသည်ကို မြင်သောအခါ လုံယုက ပြောလိုက်လေ သည်...။
"မစားရသေးဘူး...။ နိုးလာတာနဲ့ ချွမ်ယွမ်ဝေ့နဲ့ စီမာယွမ်တို့ ရောက်လာကြတာလေ...။"
သူမက ပြုံး၍ ပြောလိုက်၏...၊
"ဒါဆိုရင် အတူတူ စားကြတာပေါ့...။"
ယောင်ရန် အလုပ်ရှုပ်နေစဉ်တွင် လုံယု၏ အကြည့်များမှာ သူမထံမှ မခွာတော့ပေ။ သူ၏ ပူလောင်သော အကြည့်များကို ခံစားမိသဖြင့် ယောင်ရန်မှာ ရုတ်တရက် စိတ်လှုပ်ရှားလာရလေ၏။ သူမသည် သူ့ကို လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲတွင် ဆုံစည်းသွားကြလေသည်။
သူမသည် မျက်နှာလေး အနည်းငယ် နီရဲသွားကာ အကြည့်ကို လွှဲလိုက်ပြီး၊
"ရှင် ပျင်းနေရင် ကုတင်ဘေးက စားပွဲပေါ်မှာရှိတဲ့ စာအုပ်ကို ဖတ်နေလို့ ရပါတယ်...။"
"အင်း...။"
လုံယုက တိုးညှင်းစွာ ပြန်ဖြေလိုက်သော်လည်း သူသည် မလှုပ်မယှက်ဘဲ သူမ ချက်ပြုတ်နေသည်ကို သာ ထိုင်ကြည့်နေမိလေ၏။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ သူတို့၏ မနက်စာမှာ အဆင်သင့် ဖြစ်သွားလေပြီ။
ယောင်ရန်သည် အိပ်ခန်းထောင့်မှ ထိုင်ခုံပုလေး နှစ်လုံးကို ဆွဲယူလိုက်ပြီး ပြောလိုက်၏၊
"လာ...၊ စားရအောင်...။"
လုံယုသည် သူမက အပူပေးစက်ကို မီးဖိုအဖြစ် အသုံးပြုနေသည်ကို မြင်သော်လည်း ဘာမှ မပြောပေ။ ထိုင်ခုံမှာ နိမ့်လွန်းသဖြင့် သူ ထိုင်လိုက်သည့် အခါတွင်မူ သူ၏ ရှည်လျားသော ခြေထောက်များကို အဆင်မပြေစွာ ခေါက်ထားရလေသည်။
၎င်းကို မြင်သောအခါ ယောင်ရန်က ရယ်မောကာ ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါတို့ ဒီလိုပဲ စားရမှာပဲ...။ အစားအစာတွေကို အပူပေးစက်ပေါ်ကနေ ဖယ်လိုက်ရင် ချက်ချင်း ခဲသွားလိမ့်မယ်...။"
လုံယုက ခေါင်းခါပြကာ ပြောလိုက်လေသည်...၊
"ရပါတယ်...၊ ဒီလို အရသာရှိတဲ့ အစားအစာတွေကို အပင်ပန်းခံ ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်...။"
ထိုသို့ ပြောပြီးနောက် လုံယုသည် အသားနှင့် ဟင်းသီးဟင်းရွက် ပေါက်စီကို တစ်လုပ် စားလိုက်ကာ ပြောလိုက်လေ၏...။
"တကယ့်ကို အရသာရှိတာပဲ...။"
သူသည် မြိန်ရေယှက်ရေ စားနေသည်ကို မြင်ရသဖြင့် ယောင်ရန်မှာ အလွန်ပင် ကျေနပ်သွားပြီး ပြော လိုက်လေသည်၊
"ကြိုက်တယ်ဆိုရင် အများကြီး စားနော်...။"
သူတို့နှစ်ဦးသည် ဆယ်မိနစ်ခန့် တိတ်ဆိတ်စွာ စားသောက်ပြီးနောက် ယောင်ရန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေ၏...၊
"ကျွန်မတို့ ဒုတိယအကြိမ် ဆုံတုန်းက ကျွန်မက ရှင့်အသက်ကို ကယ်ခဲ့တယ်လို့ ရှင်ပြောတယ်နော်...၊ အဲ့ဒီတုန်းက ဘာဖြစ်ခဲ့တာလဲ...။"
လုံယုသည် သူ၏ တူကို ချလိုက်ကာ ပြောလိုက်လေသည်၊
"ငါ နှိမ်နင်းရေး တာဝန်တစ်ခုနဲ့ သွားတုန်းက ဟိုင်ချန် အခြေစိုက်စခန်းမှာ ငါတို့ ထပ်တွေ့ခဲ့ကြတာလေ... ။ အဲ့ဒီတုန်းက မင်းက ကြေးစားအဖွဲ့ထဲမှာ ပါဝင်နေခဲ့တာ၊ ပြီးတော့ မင်းတို့အဖွဲ့ကလည်း အဲ့ဒီတာဝန် အတွက် ငှားရမ်းခံခဲ့ရတယ်...။ အဲ့ဒီအချိန်တုန်းက ငါတို့ရဲ့ တာဝန်က မျိုးရိုးဗီဇပြောင်း ကြွက်အုပ်စုတစ် စုကို နှိမ်နင်းဖို့ပဲ...။"
"မျိုးရိုးဗီဇပြောင်း ကြွက်အနည်းငယ်ကို သတ်ရတာ လွယ်ကူလိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြတာပေါ့၊ ဒါကြောင့် ငါတို့က ရက်အနည်းငယ်စာ ရိက္ခာနဲ့ ပေါ့ပါးတဲ့ လက်နက်ကိရိယာတွေကိုပဲ ယူလာခဲ့ကြတာ...၊ ကံမကောင်းစွာနဲ့ပဲ ငါတို့ဆီကို ပေးထားတဲ့ သတင်းအချက်အလက်တွေက မှားနေခဲ့တယ်...။ ငါတို့ စက် ရုံကို ရောက်တဲ့အခါမှာ မြင်လိုက်ရတာက မျိုးရိုးဗီဇပြောင်း ကြွက်အုပ်စုလေး မဟုတ်ဘဲ သောင်းနဲ့ချီတဲ့ ကြွက်အုပ်စုကြီး ဖြစ်နေတာလေ...။"
"မင်းတို့အဖွဲ့ အပါအဝင် ငါတို့က လူငါးဆယ်ပဲ ရှိတာဆိုတော့...၊ မျိုးရိုးဗီဇပြောင်း ကြွက်တွေကို ပြန် လည် ခုခံရင်း စက်ရုံအသေးလေးတစ်ခုထဲမှာ အတင်းအကြပ် ပုန်းနေခဲ့ရတယ်...။ ဆယ်ရက်ကြာလို့ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတဲ့ အချိန်မှာတော့ ငါတို့နဲ့အတူ ပါလာတဲ့သူ အများစုက သေဆုံးနေ ကြပြီ...။"
သူ၏ ပုံပြင်ကို နားထောင်ရင်း ယောင်ရန်သည် သူမ၏ ခေါင်းကို အနည်းငယ် စောင်းကာ မေးလိုက်လေ သည်...။
"ကျွန်မလည်း ရှင့်နဲ့အတူ အဲ့ဒီမှာ ပိတ်မိနေတာဆိုရင်...၊ ကျွန်မက ရှင့်အသက်ကို ဘယ်လိုလုပ် ကယ် နိုင်မှာလဲ...။"