← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

သူတို့၏ အတိတ် (၃)

လုံယုသည် ယောင်ရန်ကို ပြုံးပြကာ ပြောလိုက်လေသည်...။

"အဲ့ဒီတုန်းက ငါ့ရဲ့ ရဲဘော် အများစုကို ဆုံးရှုံးခဲ့ရပြီးပြီ...၊ ငါတို့က ဆယ်ရက်ဆက်တိုက် အနားမရဘဲ တိုက်ပွဲဝင်ခဲ့ရတော့ ဒဏ်ရာတွေလည်း အများကြီး ရနေပြီး ဆက်ပြီး မတိုက်နိုင်တော့တဲ့ အခြေအနေ ပဲ...။"

သူသည် မျက်ဝန်းများ မှေးမှိန်သွားကာ ဆက်ပြောလိုက်လေ၏...၊

"အဲ့ဒီနေရာမှာ ငါတို့ ကျားရှန်းကို ဆုံးရှုံးခဲ့ရတယ်...။ သူမက ဖောက်ခွဲရေးပစ္စည်းတွေကို ယူပြီး မျိုးရိုးဗီဇ ပြောင်း ကြွက်ဘုရင်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့လို့သာ ငါတို့ ကျန်တဲ့သူတွေ အသက်ရှင်ခဲ့ရ တာ...။"

"ပြင်းထန်တဲ့ သွေးထွက်မှုကြောင့် ငါ သတိလစ်တော့မယ့် အချိန်မှာပဲ...၊ မင်းက မင်းရဲ့ စွမ်းအားနဲ့ စိုက် ပျိုးထားတဲ့ ရေနဲ့ အစားအစာတွေကို ငါနဲ့ ငါ့ရဲဘော်တွေကို တိတ်တဆိတ် ကျွေးခဲ့တာလေ...။ ငါတို့ ပိတ်မိနေတာ ဆယ့်ခြောက်ရက်မြောက်တဲ့ နေ့မှာတော့ မင်းရဲ့ အသင်းဖော်တွေက ငါနဲ့ ငါ့ရဲဘော်တွေကို အစာအဖြစ် သုံးပြီး အဲ့ဒီနေရာကနေ ထွက်ပြေးဖို့ ကြံစည်ခဲ့ကြတယ်...။"

"မင်းက သဘောမတူဘဲ ငါတို့နဲ့အတူ နေခဲ့ချင်တဲ့အခါမှာ မင်းရဲ့ အသင်းဖော်တွေက မင်းဟာ အတ္တကြီး ပြီး သူတို့ရဲ့ အသက်တွေကို ဂရုမစိုက်ဘူးဆိုပြီး အပြစ်တင်ခဲ့ကြတာပေါ့...။ အဲ့ဒီလူတွေက ငါတို့အားလုံး ကို အပြင်ဆွဲထုတ်တော့မယ့် အချိန်မှာ မင်းက ငါနဲ့ ငါ့ရဲဘော်တွေရဲ့ ရှေ့မှာ ရပ်ပြီး ကာကွယ်ပေးခဲ့တာကို ငါ မှတ်မိနေသေးတယ်...။ မင်းသာ မရှိခဲ့ရင် ငါနဲ့ ငါ့ရဲဘော်တွေ အဲ့ဒီမှာတင် သေဆုံးသွားကြမှာ...။"

လုံယုသည် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် အမှတ်ရကာ သက်ပြင်းချလိုက်၏။ သူ၏ မျက်ဝန်းများမှာ နောင်တရမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်လောင်း ပြောလိုက်လေ၏...။

"ကယ်ဆယ်ရေး ရောက်လာပြီး ရက်အနည်းငယ်အကြာမှာ ငါ သတိပြန်ရလာတော့ မင်းကို လိုက်ရှာခဲ့ သေးတယ်...။ ဒါပေမဲ့ မင်းက ကြေးစားအဖွဲ့ကနေ အလုပ်ထွက်ပြီး မင်းရဲ့ မိသားစုနဲ့အတူ ထွက်သွားပြီ လေ...။"

ထိုစကားကို ကြားရသောအခါ ယောင်ရန်သည် သူမကိုယ်တိုင်လည်း ထိုကဲ့သို့သော အရာမျိုးကို အမှန် တကယ် လုပ်ဆောင်ခဲ့ဖူးသကဲ့သို့ ခံစားလိုက်ရ၏။ ကံမကောင်းစွာဖြင့် သူမ မှတ်မိသမျှမှာ မှတ်ဉာဏ် အစအနများသာ ဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်တိုင်း ပြန်လည် ပျောက်ကွယ်သွားကြလေ သည်။

ယောင်ရန်သည် ချောကလက်ပူပူလေးကို တစ်ငုံ သောက်လိုက်ပြီး မေးလိုက်၏...။

"ဒါဆို ငါတို့ရဲ့ တတိယအကြိမ် ဆုံတွေ့မှုကော ဘယ်လိုလဲ...။"

လုံယုသည် ထိုနေ့ကို ပြန်လည် အမှတ်ရလိုက်ပြီး သူတို့၏ အတိတ်ဘဝတွင် ရေစက် မပါခဲ့ပုံကို ညည်း တွားနေမိလေသည်။

သူသည် သူမကို ကြည့်ကာ ပြောလိုက်၏...၊

"တစ်နေ့မှာ ငါ တာဝန်တစ်ခုကနေ ပြန်လာတဲ့ အချိန်မှာ မင်း ကျွင်းချန် အခြေစိုက်စခန်းရဲ့ ရှေ့မှာ တန်းစီ နေတာကို မြင်လိုက်ရတယ်...။ အဲ့ဒါက ဟိုင်ချန် အခြေစိုက်စခန်းမှာ ငါတို့ လမ်းခွဲခဲ့ပြီး သုံးနှစ်အကြာ မှာပေါ့...။ မင်းကို ပြန်တွေ့ရလို့ ငါ အရမ်း ဝမ်းသာသွားခဲ့တာ၊ ဒါကြောင့် စစ်တပ်ဆီကို တာဝန် သတင်းပို့ ပြီးတာနဲ့ မင်းဆီကို ချက်ချင်း အပြေးအလွှား လာခဲ့တာပေါ့...။"

"ဒါပေမဲ့ မင်း ငှားနေတဲ့ အိမ်ကို ငါ ရောက်တဲ့အခါကျတော့ အဲ့ဒီမှာ နေတဲ့သူတွေက ယောင်ရန်ဆိုတဲ့ နာ မည်နဲ့လူ မရှိဘူးလို့ ပြောကြတယ်...။ ငါက သူတို့ကို မယုံတာနဲ့ နေရာအနှံ့မှာ လိုက်ရှာခဲ့သေးတယ်...။ ဒါ ပေမဲ့ ဘယ်လောက်ပဲ ကြာကြာ၊ ဘယ်လောက်ပဲ ဝေးဝေး လိုက်ရှာပါစေ...၊ မင်းက ဒီလောကကြီးထဲ ကနေ အစအန ရှာမရအောင် ပျောက်ကွယ်သွားသလိုပဲ...။"

လူတိုင်းက သူမ သေဆုံးသွားပြီဟု ပြောကြစဉ်က သူ ခံစားခဲ့ရသော မျှော်လင့်ချက် ကင်းမဲ့မှု၊ မကျေနပ် မှုနှင့် ပြင်းထန်သော ကြောက်ရွံ့မှုများကို ပြန်လည် သတိရကာ သူ၏ မျက်ဝန်းများမှာ နီရဲလာလေသည်။ ကံကောင်းထောက်မစွာဖြင့် ဤဘဝတွင် သူမကို ပြန်လည် ဆုံတွေ့နိုင်ခဲ့ပေပြီ။

ယောင်ရန်သည် ခဏမျှ စဉ်းစားပြီး မေးလိုက်လေ၏...။

"အဲ့ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ...။"

"ကမ္ဘာပျက်ကပ် စတင်ပြီး ရှစ်နှစ်မြောက်မှာပေါ့...။" ဟု လုံယုက ပြန်လည် ဖြေလိုက်လေသည်။

၎င်းကို ကြားရသောအခါ ယောင်ရန်သည် သက်ပြင်းချလိုက်၏...။

"ကမ္ဘာပျက်ကပ် စတင်ပြီး ရှစ်နှစ်အကြာမှာ လန်ကွမ်းဟွေ့က ငါ့ကို ဓာတ်ခွဲခန်းဆီ ရောင်းစားလိုက်တာ ပဲ...။"

လုံယုမှာ အံ့အားသင့်သွားပြီး ယခင်က ယောင်ရန်ကို လာရှာခဲ့သော လူလတ်ပိုင်း အမျိုးသားကို သတိရ သွားခဲ့လေ၏။ သူသည် အံကိုကြိတ်လိုက်ကာ ဤအကြောင်းကို စောစောစီးစီး မသိခဲ့ရသည့်အတွက် နောင်တရနေမိလေသည်။ သို့မဟုတ်ပါက ထိုလူ ယောင်ရန်အပေါ် လုပ်ဆောင်ခဲ့သမျှအတွက် ပြန်လည် ပေးဆပ်စေရမည်သာဖြစ်၏။

သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားမိသဖြင့် ယောင်ရန်သည် ရင်ထဲ၌ နွေးထွေးသွားရ လေသည်။ သူမ၏ အဘိုးနှင့် သူမကို မွေးစားခဲ့သော အဘိုးအဘွားများမှလွဲ၍ မည်သူမျှ သူမဘက်မှ ရပ်တည်ပေးခဲ့ခြင်း မရှိပေ။ သို့သော် ယခုအခါတွင်မူ သူမ၌ လုံယုနှင့် သူ၏ သူငယ်ချင်းများ ရှိနေပြီ ဖြစ် ၏။

သူမသည် မျက်လွှာချလိုက်ပြီး ဆက်ပြောလိုက်လေသည်၊

"ကျွင်းချန် အခြေစိုက်စခန်းမှာ အိမ်တစ်လုံး ငှားပြီးတဲ့နောက် သူက ငါ့ကို လူတစ်စုနဲ့ သွားတွေ့ခိုင်းတာ ကို မှတ်မိတယ်... ။ အဲ့ဒီနောက် ငါ ပြန်နိုးလာတဲ့ အချိန်မှာတော့ ဗလာကျင်းနေတဲ့ အဖြူရောင် အခန်း တစ်ခုထဲ ရောက်နေခဲ့တာပဲ...။ ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးကို အဲ့ဒီနေရာမှာပဲ ကုန်ဆုံးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ သေဆုံးခဲ့တာ...။"

သူ၏ မှိုင်တွေနေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် ဝက်သားခြောက် အတုံးကြီးတစ်တုံးကို ယူ၍ သူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

သူမက သူ့ကို ပြုံးပြကာ ပြောလိုက်လေ၏...။

"ရှင် ကျွန်မအတွက် စိတ်မကောင်းဖြစ်မနေပါနဲ့...။ ဒါတွေအားလုံးက အတိတ်က ကိစ္စတွေပဲဟာ...။ ဒါ့ အပြင် အဲ့ဒီလူတွေကိုလည်း ငါ အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး...။ သူတို့ ငါ့အပေါ် ကြွေးတင် ထားသမျှ အားလုံးကို ပြန်တောင်းမှာ...။"

လုံယုသည် ပန်းကန်ထဲရှိ ဝက်သားခြောက်ကို ကြည့်လိုက်ကာ ယောင်ရန်၏ အပြုံးကို မြင်လိုက်ရသည့် အခါ သူ၏ မှိုင်တွေနေသော စိတ်ခံစားချက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

"ရန်ရန်...၊ ငါ မင်းကို ကူညီပါရစေ...။"

ယခင်က ယောင်ရန်သည် သူနှင့် အသင်းဖွဲ့ရန် တုံ့ဆိုင်းနေခဲ့သော်လည်း ယခုအခါတွင်မူ သူမက ခေါင်းငြိမ့်ပြကာ လိုလိုလားလားပင် သဘောတူလိုက်လေသည်။

"ဒါ ရှင့်ဘာသာ ရှင် ပြောတာနော်...၊ အခုကစပြီး ငါ ရှင့်ကိုပဲ မှီခိုတော့မှာ...။ လမ်းတစ်ဝက်မှာတော့ ကျွန်မကို ပစ်မထားခဲ့နဲ့ဦး...။ မဟုတ်ရင် ရှင့်နာမည်ကို ကျွန်မ သတ်တာခံရမယ့် စာရင်းထဲမှာ ထည့်လိုက် မှာနော်...။"

"အင်း...။"

သူက သူမကို ပြုံးပြလိုက်ပြီး သူတို့နှစ်ဦးမှာ စကားတပြောပြောဖြင့် မနက်စာကို အပြီးသတ်လိုက် ကြလေသည်။

စားသောက်ပြီးနောက် လုံယုက ပြောလိုက်၏...။

"ရန်ရန်...၊ ငါ မင်းကို ပြောစရာတစ်ခု ရှိသေးတယ်...။"

"ဘာများလဲ...။" ဟု ယောင်ရန်က စူးစမ်းစွာ မေးလိုက်လေသည်။

လုံယုသည် လက်ကို မြှောက်၍ လက်ဖဝါးကို ဖြန့်လိုက်ရာ ယောင်ရန်သည် လေထုထဲ၌ စွမ်းအင်လှိုင်းတ စ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရ၏။ သူမသည် လုံယု၏ လက်ဖဝါးကို မျက်တောင်မခတ်တမ်း ကြည့်နေမိလေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုစွမ်းအင်လှိုင်းများမှာ ပျောက်ကွယ်သွားတော့၏။

ယောင်ရန် စကားမပြောမီ လုံယုက ဦးအောင် ပြောလိုက်လေသည်...။

"ငါ့မှာ လေစွမ်းအင် ရှိတယ်...၊ မင်းမှာလည်း သစ်စွမ်းအင်နဲ့ ရေစွမ်းအင် ရှိတာကို ငါ သိပါတယ်...။ မင်း ရဲ့ ပတ်ဝန်းကျင်က စွမ်းအင်လှိုင်းတွေကို ငါ ခံစားလို့ ရနေတယ်လေ...။"

ယခုအခါ သူက သူ၏ လျှို့ဝှက်ချက်ကို ပြောပြလာသလို သူမ၏ သစ်သားနှင့် ရေစွမ်းအင် အကြောင်း ကိုလည်း သိရှိနေသဖြင့် ယောင်ရန်သည် ခေါင်းငြိမ့်ကာ ဝန်ခံလိုက်တော့၏။ သို့သော်လည်း ဓာတ်ခွဲခန်း တွင် ဆေးရည် အမျိုးမျိုး အထိုးခံရပြီးနောက် ရရှိလာခဲ့သည့် နေရာလွတ် စွမ်းအား အကြောင်းကိုမူ သူမ ပြောပြခြင်း မရှိပေ။

လန်ကွမ်းဟွေ့က သူမကို ဓာတ်ခွဲခန်းသို့ ရောင်းစားခဲ့သည်ကို ကြားလိုက်ရချိန်တွင် လုံယု ပြသခဲ့သော တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူမ ဓာတ်ခွဲခန်းတွင် မည်သို့သော ဒုက္ခများ ခံစားခဲ့ရသည်ကို သူ သိရှိ ထားပုံ ရလေသည်။ ထို့ကြောင့် ယောင်ရန်သည် ဓာတ်ခွဲခန်းတွင် သူမ ကြုံတွေ့ခဲ့ရသည်များကို အသေး စိတ် ပြောပြရန် မလိုအပ်ဟု ဆုံးဖြတ်လိုက်၏။ ထိုဆင်းရဲဒုက္ခများကို သူမ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ ရသည်မှာ လုံလောက်လှပေပြီ။

သူတို့နှစ်ဦး လျှို့ဝှက်ချက် အချို့ကို ဝေမျှပြီးနောက်တွင်မူ ယောင်ရန်သည် လုံယုနှင့် ပိုမို ရင်းနှီးသွားသည် ဟု ခံစားလိုက်ရကာ သူမ၏ အပြုအမူများမှာလည်း ပြောင်းလဲသွားခဲ့လေသည်။ သူမသည် ထိုသိသာ သော အပြောင်းအလဲကို သတိမထားမိသော်လည်း လုံယုကမူ ရှင်းလင်းစွာ မြင်တွေ့နေရလေ၏။

အတိတ်အကြောင်းများကို နောက်ထပ် တစ်နာရီခန့် ဝေမျှပြီးနောက် လုံယုသည် မတ်တပ်ရပ်ကာ ပြော လိုက်လေသည်...။

"ငါ အရင် ပြန်လိုက်ဦးမယ်...၊ မင်း အဲ့ဒီ စာရွက်စာတမ်းတွေကို အေးအေးဆေးဆေး ကြည့်လိုက်ဦး လေ...။ မင်း ကြည့်ပြီးသွားတဲ့အခါ ယောင်ယွဲ့ချွမ်ဆီ သွားဖို့အတွက် ငါ လိုက်ခဲ့ပေးပါ့မယ်...။"

All Chapters