← Chapters

အခန်း ၈၂၁

Vol. 42 Ch. 821

အခန်း ၈၂၁

Vol. 42 Ch. 821

အပိုင်း (၈၂၁) ခိုက်ရီနည်းပညာ၏ စုန်းမ

လင်ကျောင်းမြို့ရှိ အင်အားစုကြီးများကို သိမ်းပိုက်ပြီးကတည်းက လင်းယွမ် တွေ့ကြုံခဲ့ဖူးသမျှထဲတွင် အမှောင်ဓာတ် အစွမ်းရှိသည့် တစ်ဦးတည်းသော ပြိုင်ဘက်မှာ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ အရိပ်ကောင်စီ ဥက္ကဋ္ဌ ကျန်းမိ ဆိုသူသာ ဖြစ်သည်။

ယခင်က ချုံးလုံတောင်တွင် ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် စစ်တပ်မှ သိန်းငှက်အဖွဲ့တို့ ပူးပေါင်းကာ သူ့ကို လာရောက် တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲတွင် သူသည် ရန်သူများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။

ဘာသာရေးဂိုဏ်းကြီး သုံးခုအနက် ဝိညာဉ်စွမ်းအင်ဂိုဏ်းနှင့် မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များစွာ သေဆုံးခဲ့ရသော်လည်း အဓိက ခေါင်းဆောင်ပိုင်းများမှာမူ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ထိုသူများမှာ လူမိုက်များ မဟုတ်ကြပေ။ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟော်ကော်တုန်းက ရွှေအစင်း သွေးကျိုင်းကောင် အစွမ်းဖြင့် လက်အောက်ငယ်သားများစွာကို ထိန်းချုပ် အသုံးချခဲ့သော်လည်း ထိုတိုက်ပွဲအပြီးတွင် လုံးဝ သတင်းအစအန ပျောက်ကွယ်သွားခဲ့သည်။

မြေမိခင်ဂိုဏ်းမှ ရှီလျန်ဟိုင်တို့ အဖွဲ့သည်လည်း လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြပြီး လင်းယွမ်က သူတို့၏ သတင်းအစအနများကို နေရာအနှံ့ လိုက်လံ စုံစမ်းခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

ရေနတ်ဘုရားဂိုဏ်းမှ ဖိန်ယွမ်ဟူပင်လျှင် လင်းယွမ်နှင့် အရောင်းအဝယ် ကိစ္စများ ပြီးပြတ်ပြီးနောက် စစ်တပ်၏ မျက်စိအောက်မှနေ၍ ပျောက်ကွယ်သွားခဲ့သည်။

ဤလူများအားလုံးသည် ကိုယ်ပိုင် ထူးခြားသည့် အစွမ်းများ ရှိကြသော အစွမ်းပိုင်ရှင်များ ဖြစ်ကြရာ သူတို့သာ တကယ် ထွက်ပြေးချင်ပါက သာမန်လူများအနေဖြင့် သူတို့ကို တားဆီးထားနိုင်မည် မဟုတ်ပေ။

အဓိက အချက်မှာ သူတို့၌ အစွမ်းအစများ ကိုယ်စီ ရှိကြသဖြင့် မည်သည့်နေရာသို့ ရောက်ရောက် ကောင်းစွာ ဝင်ဆန့်နိုင်ကြမည် ဖြစ်သည်။

ယခုအချိန်တွင် လင်းယွမ်က ထို ခိုက်ရီနည်းပညာမှ စုန်းမ၏ အစွမ်းကို စဉ်းစားတွေးတောနေသည်။

"အမှောင်ဓာတ် အစွမ်းပိုင်ရှင်တွေ အများစုက ကိုယ်ပျောက်တာတို့... ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာတို့လို အစွမ်းမျိုးတွေ ရှိတတ်ကြတယ်"

"ဒီလို အစွမ်းပိုင်ရှင်မျိုးတွေနဲ့ ရင်ဆိုင်ရရင် အဓိက သတိထားရမှာက သူတို့တွေ ကိုယ့်ရဲ့ အဓိက နေရာတွေဆီကို ခိုးဝင်လာပြီး ရုတ်တရက် တိုက်ခိုက်တာတို့... မိသားစုဝင်တွေကို ဓားစာခံ လုပ်တာတို့ပဲ"

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီးနောက် သူက ချက်ချင်းပင် ရယ်မောလိုက်သည်။

"ဒါပေမဲ့ ဒီတစ်ခေါက် ခိုက်ရီနည်းပညာ ကုမ္ပဏီက လွှတ်လိုက်တဲ့ စုန်းမကတော့ ဒီနေရာမှာ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူး"

"ရှောင်မောင်းတောင်မှာ သန္ဓေပြောင်း နေကြာပန်းတွေ အများကြီး စိုက်ပျိုးထားတဲ့အတွက် ကျွန်းတစ်ခုလုံးမှာ အလင်းဓာတ် စွမ်းအင်တွေ ပြည့်နှက်နေတာ... ဒီမိန်းမက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲကို ခိုးဝင်နိုင်ခဲ့ရင်တောင် ရှောင်မောင်းတောင်ထဲကိုတော့ လွယ်လွယ်နဲ့ ဝင်နိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ပေါ့ဆလို့တော့ မရဘူး... ရှောင်မောင်းတောင်ဘက်ကို ဒီသတင်း ကြိုတင် အကြောင်းကြားထားမှ ဖြစ်မယ်"

လင်းယွမ်က စိတ်ထဲမှ တွေးတောနေစဉ် ထိုရေပေါ်ကျွန်းလေးသည် လေဟုန်စီး ငါးလိပ်စွန် ရေပေါ်ကျွန်းအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။

လင်းယွမ်က အသံဩဩဖြင့် ပြောလိုက်သည်။ "အကာအကွယ်ကို ဖွင့်လိုက်... မင်းရဲ့ လူတွေအကုန်လုံးကို လက်နက်ချခိုင်းလိုက်တော့"

"ဟုတ်... ဟုတ်ကဲ့ပါ"

လျှိုချင့်ဟုန်၏ ဝဖြိုးနေသော မျက်နှာပေါ်ရှိ အဆီပိုများ တုန်ခါသွားပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

ချက်ချင်းပင် သူမက အောက်ဘက်ရှိ စခန်းကို ဆက်သွယ်ကာ လက်နက်များချရန်နှင့် ပြန်လည်မခုခံကြရန် အမိန့်ပေးလိုက်သည်။

ထို့နောက် သူမကိုယ်တိုင် အကာအကွယ်ကို ရုပ်သိမ်းလိုက်ပြီး စခန်း၏ တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။

လင်းယွမ်က သူမကို ခေါ်ဆောင်ကာ စခန်းအပြင်ဘက်သို့ ပျံသန်းထွက်ခွာလာပြီး ယွီဝမ်ထောင်နှင့် သူ၏လူများကို အခြေအနေ လာရောက်ထိန်းချုပ်ရန် အကြောင်းကြားလိုက်သည်။

မကြာမီမှာပင် ယွီဝမ်ထောင်သည် လေယာဉ်ယာဉ်ပျံ အမြောက်အမြားကို ဦးဆောင်ကာ ဆင်းသက်လာခဲ့သည်။

သူက ယာဉ်ပျံထဲမှ ထွက်လာပြီး လျှိုချင့်ဟုန်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာပေါ်တွင် ကျေနပ်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

မုန်ယာကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်ဖြစ်သော သူမသည် စောစောက လေဟုန်စီး ငါးလိပ်စွန် ကျွန်းကို မောက်မာစွာ လာရောက်တိုက်ခိုက်စဉ်က သူ အမှန်တကယ်ပင် အသည်းအေးမတတ် ကြောက်လန့်ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာအဖွဲ့ရှိ အစွမ်းပိုင်ရှင်တိုင်းသည် သန္ဓေပြောင်းလဲနှုန်း ၆၀% အထက် ရောက်ရှိနေသူများ ဖြစ်သောကြောင့်ပင်။

သို့သော် အချိန်ခဏလေးအတွင်းမှာပင် အခြေအနေများ ပြောင်းလဲသွားပြီး နာမည်ဆိုးဖြင့် ကျော်ကြားလှသော လျှိုချင့်ဟုန်သည် ဆရာလင်း၏ ကျေးကျွန်အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူက ပြုံးရွှင်စွာဖြင့် လင်းယွမ်၏ အနီးသို့ လျှောက်သွားကာ ပြောလိုက်သည်။ "သခင်"

လင်းယွမ်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး "သွား... ဒီနေရာက ရှုပ်ပွနေတာတွေကို ရှင်းလင်းလိုက်... ထုံးစံအတိုင်းပဲ ဒီလူတွေကို ရိုက်သွင်းပြီးမှ အဖွဲ့ထဲ ဝင်ခွင့်ပေးရမယ်... နားလည်လား"

"နားလည်ပါပြီ" ယွီဝမ်ထောင်က အလျင်အမြန် ပြုံး၍ ပြန်ဖြေလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောသည်။ "လျှိုချင့်ဟုန်... ယွီဝမ်ထောင်နဲ့ ပူးပေါင်းပြီး ကျန်တဲ့ကိစ္စတွေကို ပြီးပြတ်အောင် လုပ်လိုက်"

လျှိုချင့်ဟုန်က ပျာပျာသလဲ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ သခင်"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လေထဲသို့ ပျံတက်သွားကာ... "ငါ နတ်သစ်ပင်ကျွန်းကို ခဏ သွားလိုက်ဦးမယ်... ဒီနေရာကို မင်းတို့ပဲ တာဝန်ယူထားလိုက်" ဟု ပြောလိုက်သည်။

လင်းယွမ် ထွက်ခွာသွားသည်ကို မြင်မှသာ လျှိုချင့်ဟုန်သည် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ပြီး ခါးကို မတ်လိုက်သည်။

ယွီဝမ်ထောင်က လျှိုချင့်ဟုန်ဘက်သို့ လှည့်ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။ "မတွေ့ရတာ ကြာပြီနော်... ဒါရိုက်တာလျှို... နောက်တစ်ကြိမ် ပြန်တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ နှစ်ယောက် သခင်တစ်ယောက်တည်း လက်အောက်မှာ အတူတူ အလုပ်လုပ်ရလိမ့်မယ်လို့ မထင်ထားဘူး"

လျှိုချင့်ဟုန်က သူ့ကို တစ်ချက် စွေကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "သခင့်အတွက် အလုပ်လုပ်ပေးရတာ ငါ့အတွက် ဂုဏ်ယူစရာ ကိစ္စပဲ"

ယွီဝမ်ထောင်မှာ အံ့ဩသွားပြီးနောက် စကားပြန်မပြောနိုင်အောင် ဖြစ်သွားသည်။ "ဒါရိုက်တာလျှိုက အညံ့ခံတာ တော်တော် မြန်တာပဲ... သခင်လို့ ခေါ်ရတာလည်း နှုတ်ကျိုးနေပြီထင်တယ်... ဘာလဲ... ကျင်းရှီရုံက ဒါရိုက်တာလျှိုရဲ့ သခင် မဟုတ်တော့ဘူးလား"

လျှိုချင့်ဟုန်က ချက်ချင်း လှောင်ပြုံး ပြုံးလိုက်သည်။ "ကျင်းရှီရုံက ဘာအရေးစိုက်စရာ ရှိလို့လဲ... ငါ့ရဲ့ သခင်က ဆရာလင်း တစ်ယောက်တည်းပဲ... အပိုစကားတွေ ပြောမနေနဲ့... ယွီဝမ်ထောင်... ရှင်လည်း ငါ့ထက် ခြေတစ်လှမ်းစောပြီး အညံ့ခံခဲ့ရုံပဲ မဟုတ်လား... ဘာတွေများ လာကြွားလုံးထုတ်နေတာလဲ"

"မမေ့နဲ့ဦးနော်... ငါ့ရဲ့ သန္ဓေပြောင်းလဲနှုန်းက ၆၄% အထိ ရောက်နေပြီ... ဆရာလင်းဆီမှာ ခိုလှုံလိုက်ပေမဲ့ အနှေးနဲ့အမြန် နေရာကောင်းတစ်ခု ရလာမှာ အသေအချာပဲ"

"နင့်လို အသုံးမကျတဲ့သူက အနှေးနဲ့အမြန် ငါ့လက်အောက်ရောက်လာပြီး ငါ ခိုင်းသမျှ လုပ်ရမှာပဲ"

ယွီဝမ်ထောင်မှာ ချက်ချင်း ဒေါသထွက်သွားပြီး အေးစက်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဟမ့်... ဆရာလင်းက ကျင်းရှီရုံနဲ့ မတူဘူး... လူကို လူလို သဘောမထားတဲ့ ခင်ဗျားလို အစွမ်းပိုင်ရှင်မျိုးကို သူ အမုန်းဆုံးပဲ"

"ခင်ဗျားက လူငယ်လေးတွေကို ကစားတယ်... ယောက်ျားလေး အများကြီးကို ဝယ်ပြီး အပျော်ကြင်ဖော် လုပ်ထားတယ်... ဒီလို အကျင့်စရိုက်မျိုးနဲ့ ဆရာလင်းက နေရာပေးမယ်လို့ ထင်နေတာလား"

လျှိုချင့်ဟုန်မှာ ရင်ထိတ်သွားသည်။ စောစောက လင်းယွမ်က သူမအပေါ် အမြင်မကြည်ခဲ့ကြောင်းကို သူမကိုယ်တိုင်လည်း ကောင်းကောင်း သိထားသည် မဟုတ်ပါလော။

ယွီဝမ်ထောင် ပြောသလိုမျိုး သူမရဲ့ ဒီလို အကျင့်စရိုက်တွေကြောင့်များလား။

မဖြစ်နိုင်ပါဘူး။

သူမက လှောင်ပြုံးပြုံးကာ ယွီဝမ်ထောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ငါ့ကို လာခြောက်နေတာလား... အခုခေတ်မှာ အထက်တန်းလွှာတွေထဲက ဘယ်သူကများ အခွင့်ထူး မခံတာရှိလို့လဲ... ဘယ်သူကများ အချစ်ကြင်ဖော် အများကြီး မထားဘဲ နေတာရှိလို့လဲ"

"ယောက်ျားတွေ အကုန်လုံး လုပ်လေ့ရှိတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ရုံနဲ့ ဆရာလင်းက ဘာလို့များ ဒေါသထွက်ရမှာလဲ"

ယွီဝမ်ထောင်က ဟားတိုက် ရယ်မောလိုက်သည်။ "ခင်ဗျား သခင့်အကြောင်းကို လုံးဝ နားမလည်သေးပါလား"

"သူက ကျင်းရှီရုံလို ကိုယ်ကျင့်တရား ကင်းမဲ့ပြီး မိန်းမလိုက်စားတဲ့သူ မဟုတ်ဘူး"

"ထားပါတော့... ယုံတာ မယုံတာ ခင်ဗျားသဘောပဲ... ကျွန်တော် အပိုစကားတွေ ဆက်မပြောချင်တော့ဘူး... ချက်ချင်း အလုပ်လွှဲပြောင်းကြရအောင်... ဒီ ပုရွက်ဆိတ်ဘီလူးကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေက ခင်ဗျားလက်ထဲမှာ ရှိသေးလား"

လျှိုချင့်ဟုန်က နှာခေါင်းရှုံ့လိုက်ပြီး "ပုရွက်ဆိတ်ဘီလူးကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ဆရာလင်းဆီ ပေးလိုက်ပြီ" ဟု ဖြေလိုက်သည်။

ယွီဝမ်ထောင်က ထပ်မမေးတော့ဘဲ ဤလေပေါ်ကျွန်းကို လွှဲပြောင်းရယူရန် ချက်ချင်း စတင်လိုက်တော့သည်။

...

တစ်ချိန်တည်းမှာပင် လင်းယွမ်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး နတ်သစ်ပင်ကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။

မကြာမီ နတ်သစ်ပင်ကျွန်း အနီးသို့ ရောက်ရှိသွားပြီး ထိုနေရာတွင်လည်း အကာအကွယ် ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။

ကျိုးဟောင်ရန်တို့ဘက်မှ အခြားလေပေါ်ကျွန်းများကို ကြိုတင် ကာကွယ်မှုများ လုပ်ထားရန် လူလွှတ်၍ အကြောင်းကြားခဲ့ပုံရသည်။

လင်းယွမ် ပေါ်လာသည်နှင့် မကြာမီမှာပင် ယာဉ်ပျံ တစ်စင်း ထွက်ပေါ်လာသည်။

"ဆရာလင်းလား"

ယာဉ်ပျံပေါ်ရှိ လူက အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။

လင်းယွမ်၏ စခန်းအားလုံးတွင် စည်းမျဉ်းတစ်ခု ရှိသည်။ တိုက်ပွဲဖြစ်ပွားနေချိန်၌ မည်သူမည်ဝါဖြစ်ကြောင်း မမေးမြန်းဘဲ အထူးသက်သေခံ အမှတ်အသား ပြသနိုင်မှသာ စခန်းအတွင်းသို့ ဝင်ထွက်ခွင့် ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် လင်းယွမ်၏ စခန်းအတွင်း၌ပင် အသွင်ပြောင်းအစွမ်း ကျွမ်းကျင်သော လင်းဝမ် ဆိုသူ ရှိနေသောကြောင့် ဖြစ်သည်။

သူမက မည်သူ့ပုံစံမဆို အသွင်ပြောင်းနိုင်ပြီး ရန်သူ့စခန်းအတွင်းသို့ အလွယ်တကူ ခိုးဝင်နိုင်စွမ်း ရှိသည်။

လင်းဝမ် ကဲ့သို့သော အစွမ်းပိုင်ရှင်မျိုး ရှိနေမှတော့ အခြားနေရာများတွင်လည်း မရှိနိုင်ဘူးဟု မည်သူမှ အတတ်မပြောနိုင်ပေ။

ထို့ကြောင့် လင်းယွမ်၏ စခန်းအားလုံးတွင် ဤကဲ့သို့သော စည်းကမ်းချက်ကို သတ်မှတ်ထားခြင်း ဖြစ်သည်။

လင်းယွမ်က ချက်ချင်းပင် ရှေ့သို့ လျှပ်တစ်ပြက် တိုးသွားပြီး အထူး သင်္ကေတကျောက်တုံး တစ်ခုကို ထုတ်ယူကာ ရှေ့ရှိ စွမ်းအင်အကာအကွယ်အတွင်းသို့ ပစ်သွင်းလိုက်သည်။

ထိုအခါ စွမ်းအင်အကာအကွယ်သည် အနည်းငယ် တုန်ခါသွားပြီး သင်္ကေတကျောက်တုံးနှင့် စွမ်းအင်အကာအကွယ်ရှိ သင်္ကေတတစ်ခုတို့ ကိုက်ညီသွားသည်ကို ခံစားလိုက်ရကာ လမ်းကြောင်းတစ်ခု ပွင့်လာလေသည်။

လင်းယွမ်က အလျင်အမြန်ပင် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။

နောက်မှ လိုက်ပါလာသော ယာဉ်ပျံမှ လူများလည်း ထိုအခါမှသာ သက်ပြင်းချနိုင်သွားကြသည်။

"တကယ် ဆရာလင်းပဲ"

"ဆရာလင်း ရောက်လာတာ တော်တော် မြန်တယ်... လေဟုန်စီး ငါးလိပ်စွန် ကျွန်းဘက် အခြေအနေ ဘယ်လိုနေလဲ မသိဘူး"

"ဆရာလင်းတောင် ရောက်လာပြီဆိုမှတော့ ဖြေရှင်းပြီးသွားလောက်ပါပြီ"

"သွားကြမယ်... အဲဒီဘက် သွားပြီး အခြေအနေ စုံစမ်းကြည့်ရအောင်... အစကတည်းက သတင်းသွားထောက်လှမ်းဖို့ တာဝန်ကျထားတာပဲ"

ယာဉ်ပျံသည် နတ်သစ်ပင်ကျွန်းမှ အလျင်အမြန် ထွက်ခွာသွားပြီး အဝေးရှိ လေဟုန်စီး ငါးလိပ်စွန် ကျွန်းဘက်သို့ ဦးတည် ပျံသန်းသွားလေသည်။

လင်းယွမ်ကမူ နတ်သစ်ပင်ကျွန်းရှိ စခန်းအတွင်းသို့ တောက်လျှောက် ပျံသန်း ဝင်ရောက်သွားသည်။

ဝမ်ထျန်အန်းသည် စခန်းအတွင်းမှ အလျင်အမြန် ပျံသန်းထွက်လာပြီး ကြိုဆိုလိုက်သည်။

"သခင်... ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ရောက်လာတာလဲ"

လင်းယွမ်က ပြန်ဖြေလိုက်သည်။ "စိတ်မပူနဲ့တော့... မုန်ယာကုမ္ပဏီက လူတွေကို ရှင်းပြီးသွားပြီ"

ဝမ်ထျန်အန်း အံ့ဩသွားပြီး မသိစိတ်မှနေ၍ မေးလိုက်မိသည်။ "ဒီလောက် မြန်တာလား"

သူသည် လေဟုန်စီး ငါးလိပ်စွန် ကျွန်းမှ သတင်းရရှိထားသည်မှာ မကြာသေးပေ။ ဤ နတ်သစ်ပင်ကျွန်း၏ အကာအကွယ်ကို ဖွင့်ထားသည်မှာလည်း အချိန်သိပ်မရှိသေးဘဲ ဤအန္တရာယ်ကြီး ပြီးဆုံးသွားပြီတဲ့လား။

လင်းယွမ်က ပြန်ပြောလိုက်သည်။ "ကိစ္စလေးတစ်ခု ရှိတာနဲ့လေပေါ်ကျွန်းဆီ လာရင်း... မုန်ယာကုမ္ပဏီက လူတွေနဲ့ သွားတိုးပြီး အလွယ်တကူ ရှင်းလိုက်တာပဲ"

ဝမ်ထျန်အန်းမှာ တံတွေးတစ်ချက် မျိုချလိုက်ပြီး သူ၏ ခေါင်းထဲတွင် စကားလုံးတစ်လုံးတည်းသာ ပေါ်လာတော့သည်။

အမိုက်စားပဲ။

မုန်ယာကုမ္ပဏီဘက်မှ စေလွှတ်လိုက်သူမှာ ဒါရိုက်တာ ဆယ်ဦးအနက်မှ တစ်ဦးဖြစ်သော လျှိုချင့်ဟုန် ဖြစ်သည်။ ဆရာလင်း၏ အလွယ်တကူ ရှင်းလိုက်တာ ဆိုသော စကားတစ်ခွန်းဖြင့် အရာအားလုံး ပြီးဆုံးသွားပြီလား။

သူက အလျင်အမြန် မေးလိုက်သည်။ "သခင်... လျှိုချင့်ဟုန်က ထွက်ပြေးသွားတာလား"

လင်းယွမ်က ထိုသူများကို ရိုက်နှက် မောင်းထုတ်လိုက်ရုံသာ ဖြစ်မည်ဟု သူက မသိစိတ်မှ ထင်မြင်နေမိသည်။

လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "လျှိုချင့်ဟုန်က လက်နက်ချ အညံ့ခံသွားပြီ... အခု ယွီဝမ်ထောင်က ကျန်တဲ့ကိစ္စတွေကို ရှင်းလင်းနေတယ်" ဟု ဖြေလိုက်သည်။

"အရေးတကြီး ကိစ္စရှိတယ်... စခန်းထဲရောက်မှ ဆက်ပြောကြတာပေါ့"

"ဗျာ... ဟုတ်... ဟုတ်ကဲ့ပါ"

ဝမ်ထျန်အန်းသည် လင်းယွမ်ကို စခန်းအတွင်းသို့ အလျင်အမြန် ခေါ်ဆောင်သွားလေသည်။

"ကိစ္စနှစ်ခု ရှိတယ်... ပထမတစ်ခုက လုတရုံကို သွားခေါ်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ... အခုပဲ လူလွှတ်လိုက်ပါမယ်"

"ဒုတိယတစ်ခုက... မင်းက ခိုက်ရီနည်းပညာ ကုမ္ပဏီက လူဆိုတော့ ငါ မေးချင်တယ်... စုန်းမ မော်လီဆိုတဲ့ အကြောင်းကို သိလား" လင်းယွမ်က ဝမ်ထျန်အန်းကို ကြည့်ကာ မေးလိုက်သည်။

သူ ဤနေရာသို့ လာရခြင်းမှာ လုတရုံကို ရှာရန်အပြင် ဝမ်ထျန်အန်းထံမှ စုန်းမ မော်လီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းရန် ဖြစ်သည်။

ဝမ်ထျန်အန်းမှာ ထိုစကားကို ကြားသည်နှင့် လန့်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "အဲဒီ မိန်းမဆိုးကြီး ရောက်လာလို့လား"

လင်းယွမ်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ "ရထားတဲ့ သတင်းတွေအရ ခိုက်ရီနည်းပညာနဲ့ မုန်ယာကုမ္ပဏီတို့ ပူးပေါင်းလိုက်ကြပြီ... ဒီတစ်ခေါက် လျှိုချင့်ဟုန်က လေပေါ်ကျွန်းကို လာတိုက်ခိုက်တာ ငါ့အာရုံကို လွှဲဖို့သက်သက်ပဲ"

"သူတို့ အဖွဲ့နှစ်ဖွဲ့က ငါ့ရဲ့ ရေပေါ်ကျွန်းကို အခွင့်ကောင်းယူပြီး ဝင်တိုက်ဖို့ ပြင်ဆင်နေကြတာ"

ဝမ်ထျန်အန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... မော်လီဆိုတဲ့ မိန်းမဆိုးကြီးက သာမန်မဟုတ်ဘူး... လက်အောက်ငယ်သားတွေကို လုံးဝ ပေါ့ဆလို့ မရဘူးလို့ သေချာ မှာကြားထားမှ ဖြစ်မယ်"

"ဘယ်လို သာမန်မဟုတ်တာလဲ"

"ဒီမိန်းမက ခိုက်ရီနည်းပညာ ကုမ္ပဏီမှာ ဒါရိုက်တာ သုံးယောက်ကလွဲရင် အစွမ်းထက်ဆုံးစာရင်းထဲ ပါတဲ့သူပဲ"

"အစွမ်းထက်ဆုံး ဟုတ်လား... မင်းကကော ခိုက်ရီနည်းပညာ ကုမ္ပဏီမှာ ဘယ်အဆင့်လောက် ရှိလဲ" လင်းယွမ်က မေးလိုက်သည်။

ဝမ်ထျန်အန်းမှာ ရှက်ရွံ့သွားပြီး ပြောလိုက်သည်။ "ကျွန်တော်က အသုံးမကျပါဘူး... ခိုက်ရီနည်းပညာ ကုမ္ပဏီမှာ ဒါရိုက်တာ သုံးယောက်ကလွဲရင် ဒုတိယအဆင့်လောက်ပဲ ရှိတာပါ"

"မင်းရဲ့ သန္ဓေပြောင်းလဲနှုန်းကလည်း သိပ်မနိမ့်ပါဘူး... အဲဒါတောင် ဒုတိယအဆင့်ပဲလား... ဒီ စုန်းမ မော်လီရဲ့ သန္ဓေပြောင်းလဲနှုန်းက အများကြီး မြင့်နေလို့လား"

ဝမ်ထျန်အန်းက ပြန်ဖြေသည်။ "ဟုတ်ကဲ့... ကျွန်တော် သိသလောက်ဆိုရင် သူမရဲ့ သန္ဓေပြောင်းလဲနှုန်းက အနည်းဆုံး ၆၅% အထက်မှာ ရှိတယ်"

"ဒါပေမဲ့ အဓိက အချက်က သူရဲ့ အစွမ်းက အရမ်း ထူးခြားတယ်... သူမရဲ့ အစွမ်းဓာတ်က အမှောင်ဓာတ် ဖြစ်ပြီး ဒီလို အမှောင်ဓာတ်ဆိုတာ တော်တော်လေး ရှားပါးတဲ့ အမျိုးအစားပဲ"

"အနည်းဆုံးတော့ မုန်ယာကုမ္ပဏီထဲမှာ အဲဒီလို ဆင်တူတဲ့ အစွမ်းဓာတ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး"

လင်းယွမ်က ထပ်မေးလိုက်သည်။ "သူရဲ့ အမှောင်ဓာတ် အစွမ်းက ဘယ်လို အစွမ်းမျိုးလဲဆိုတာ သိလား"

ဝမ်ထျန်အန်းက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ဒါကိုတော့ ကျွန်တော်လည်း မသိဘူး... သူ တိုက်ခိုက်တာကို မြင်ဖူးပေမဲ့ ဘယ်လို တိုက်ခိုက်လိုက်မှန်း ကျွန်တော် မသိလိုက်ဘူး"

"သူ့ရဲ့ အရိပ်အယောင်ကိုတောင် မမြင်လိုက်ရဘဲ ပြိုင်ဘက်က ရှင်းလင်းခံလိုက်ရတာမျိုးပဲ"

"အမှန်တိုင်း ပြောရရင် ခိုက်ရီနည်းပညာ ကုမ္ပဏီထဲက လူတော်တော်များများက သူ့ကို ကြောက်ကြတယ်"

"ဒါဆို သူမကို ဘာလို့ စုန်းမလို့ ခေါ်ကြတာလဲ... အဲဒါက ဘာအဓိပ္ပာယ်လဲ"

"အင်း... သူက သတ်ဖြတ်ရတာ ဝါသနာပါလို့လေ... စကားပြော အပေါက်အလမ်း မတည့်တာနဲ့ လူသတ်တတ်တယ်" ဝမ်ထျန်အန်းက ဖြေလိုက်သည်။

"ပြီးတော့ သူ လူသတ်ရတဲ့ အကြောင်းပြချက်တွေကလည်း ထူးထူးဆန်းဆန်းတွေချည်းပဲ... တစ်ခါကဆို အစွမ်းပိုင်ရှင် တစ်ယောက်က သူမကို အကြည့်များသွားတာနဲ့တင် အဲဒီလူရဲ့ မျက်လုံးကို ချက်ချင်း ဖောက်ထုတ်ပစ်ခဲ့ဖူးတယ်"

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ လောလောဆယ် အခြေအနေအရ ဤအမျိုးသမီးမှာ အစွန်းရောက်သည့် စရိုက်ရှိပြီး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်သောကြောင့် စုန်းမ ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ကြောင်းသာ သိရှိရသေးသည်။

သို့သော် သူမ၌ အတိအကျ မည်သို့သော အစွမ်းများ ရှိသည်ကိုမူ လုံးဝ မသိရသေးပေ။

"ကိစ္စမရှိပါဘူး... အမှောင်ဓာတ် အစွမ်းလောက်ဆိုရင်တော့ ကြီးကြီးမားမား ပြဿနာပေးနိုင်မှာ မဟုတ်ဘူး"

လင်းယွမ်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ အမှောင်ဓာတ် အစွမ်းဆိုလျှင် သူ့ထံတွင်လည်း အမှောင်ဓာတ် စွမ်းအင် ရှိနေသည်သာ ဖြစ်ပြီး သူ၏ သန္ဓေပြောင်းလဲနှုန်းသည်လည်း သူမထက် သေချာပေါက် သာလွန်နေသည်။

ထို့ကြောင့် လင်းယွမ်မှာ သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိတော့ပေ။

ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ထိုလူများက ထိခိုက်ပျက်စီးမှု ပိုမိုကြီးမားအောင် မလုပ်ဆောင်နိုင်မီ အမြန်ဆုံး ဖမ်းဆီးနိုင်ရန်သာ ဖြစ်ပေသည်။

ဆက်ရန်...

All Chapters