အခန်း ၈၂၉
Vol. 42 Ch. 829
အပိုင်း(၈၂၉) မော်လီ စေ့စပ်ဆွေးနွေးခြင်း
"ဆရာလင်း"
"ဆရာလင်း ရောက်လာပြီ"
"ဟူး... တော်သေးတယ်... အချိန်မီ ရောက်လာလို့"
လင်းယွမ် ဝင်ပါလာသည်နှင့်အမျှ လီချင်းဟွာဖြစ်စေ ထူလုံဖြစ်စေ... သတိပြန်လည်လာသော ဟန်ရှန်းမန်ဖြစ်စေ အားလုံး၏ မျက်နှာတွင် စိတ်အေးသွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။
သူတို့အားလုံး လင်းယွမ်၏ အနောက်သို့ အလျင်အမြန် ပျံသန်းသွားကြသည်။
မြေပြင်ပေါ်ရှိ လင်ယွီရုံကလည်း ချက်ချင်း ပျံသန်းလာပြီး လေးစားအားကျသော မျက်နှာထားဖြင့် "သခင်လေးရဲ့ အစွမ်းတွေ ထပ်ပြီး တိုးတက်လာပြန်ပြီ" ဟု ပြောသည်။
လင်းယွမ်နှင့် ပတ်သက်၍ သူမ၏ မှတ်ဉာဏ်သည် ပြီးခဲ့သည့်အကြိမ်က သူမ၏ စိတ်ဝိညာဉ်အပိုင်းအစကို အသုံးချကာ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ရိုက်သွင်းခဲ့သည့် အချိန်၌သာ ရပ်တန့်နေဆဲ ဖြစ်သည်။
သို့သော် အချိန်သိပ်မကြာသေးခင်မှာပင် လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုသည် သူမပင် အကဲမခတ်နိုင်တော့သည့် အဆင့်အထိ တက်လှမ်းသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လင်းယွမ်က ခပ်ဖွဖွ ရယ်မောရင်း "ငါ ဝင်မပါရင်တောင် စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေနဲ့ ကင်းစောင့်စက်ရုပ်တွေ ပေါင်းစပ်ထားရင် မင်းတို့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာပါ"
ထိုသို့ပြောရင်း လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းကာ ကင်းစောင့်စက်ရုပ်များစွာကို "သူ့ကို ဖမ်းလိုက်စမ်း" ဟု အမိန့်ပေးသည်။
ချက်ချင်းပင် ကင်းစောင့်စက်ရုပ် အုပ်စုကြီးသည် စက်ယန္တရား အသံများ မြည်ဟည်းလျက် စုန်းမ မော်လီထံသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားကြသည်။
မော်လီသည် ဤကင်းစောင့်စက်ရုပ်များက ဝူယောင်ပန်းကို မည်သို့ ဖမ်းဆီးခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံထားရသဖြင့် ယခုအချိန်တွင် မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် မည်သို့ ရဲဝံ့မည်နည်း။
သူမက ဘာမှမပြောတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ပျောက်ကွယ်သွားစေပြီး ထူထဲသော အမှောင်ရိပ်အဖြစ် ပြောင်းလဲကာ ရေခဲပြင်ကို ဖောက်ထွင်း၍ ရေအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးဝင်ရောက်သွားသည်။
ဟန်ရှန်းမန်က ထိုမြင်ကွင်းကို မြင်သောအခါ အစွမ်းကို ချက်ချင်း အသက်သွင်းပြီး လက်ကို အားပြင်းပြင်း ဝှေ့ယမ်းသည်။
ထိုအခိုက် ရေအောက်တွင် လှိုင်းလုံးကြီးများ ဆူပွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးကြီးများ ရုတ်တရက် ထကြွလာသည်။
သူမက ရေထိန်းချုပ်ခြင်း အစွမ်းကို အသုံးပြု၍ တစ်ဖက်လူကို ဖမ်းဆွဲထုတ်ရန် ကြိုးစားခြင်း ဖြစ်သည်။
သို့သော် လှိုင်းလုံးကြီးများ အပေါ်သို့ လွင့်စင်လာချိန်တွင် သန္ဓေပြောင်း ငါးနှင့် ပုစွန်အချို့သာ ပါလာပြီး စုန်းမ မော်လီ၏ အရိပ်အယောင်မှာမူ လုံးဝ ပျောက်ကွယ်နေခဲ့သည်။
"ဘယ်ရောက်သွားတာလဲ" ဟန်ရှန်းမန်က အံ့သြဒေါသထွက်စွာ မေးသည်။
လင်းယွမ်က "သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်ပဲ... အရိပ်ရှိတဲ့ နေရာတိုင်းက သူ့အတွက် အကောင်းဆုံး ပုန်းအောင်းစရာ နေရာဖြစ်နေတာ... မင်းရဲ့ လှိုင်းလုံးကြီးတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ အမှောင်ထဲက အရိပ်ကိုတော့ သွားပြီး မသက်ရောက်နိုင်ဘူး" ဟု ရှင်းပြသည်။
ထိုသို့ ရှင်းပြပြီးနောက် လင်းယွမ်က "မင်းတို့ ဟိုလေယာဉ်တင်သင်္ဘောကို သွားသိမ်းပိုက်ကြ... ဒီမိန်းမကို ငါ့ဆီသာ လွှဲထား" ဟု ပြောသည်။
ပြောရင်းနှင့်ပင် သူက လက်တစ်ချက် ဝှေ့ယမ်းရာ ဟင်းလင်းပြင် တံခါးပေါက် ပွင့်လာပြီး လင်းယွမ်က ထိုအထဲသို့ ချက်ချင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လီချင်းဟွာက ခါးသီးစွာ ပြုံးလျက် "ဆရာလင်းသာ ဝင်မပါခဲ့ရင် ငါတို့အားလုံး အခုလောက်ဆို ရှုံးနိမ့်နေလောက်ပြီ" ဟု ပြောသည်။
ထူလုံက မနေနိုင်ဘဲ "စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေကို သုံးပြီး တစ်ဖက်လူကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ ငါတို့ ဘာလို့ မစဉ်းစားမိခဲ့တာလဲ" ဟု ဝင်ပြောသည်။
လင်ယွီရုံက တိတ်ဆိတ်နေပြီး ခဏအကြာမှ "ဘာလို့လဲဆိုတော့ ငါတို့က ဒီကင်းစောင့်စက်ရုပ်တွေကို အခြေခံအားဖြင့် အထင်မကြီးခဲ့လို့ပဲ... သူတို့ကို စက်အဟောင်းအစုတ်တွေလို့ပဲ အမြဲတမ်း ထင်နေကြတာကိုး" ဟု ရှင်းပြသည်။
"တကယ်တမ်းတော့ သေချာ အသုံးချတတ်ရင် ဒီစက်ရုပ်တွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို ကြီးမားတယ်"
ဟန်ရှန်းမန်ကလည်း လေးနက်စွာ ခေါင်းညိတ်ပြီး "ကင်းစောင့်စက်ရုပ်တွေနဲ့ စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေ ပေါင်းစပ်လိုက်တာက တကယ့်ကို ကြောက်စရာကောင်းတဲ့ လူသတ်လက်နက်ကြီးပဲ" ဟု ထောက်ခံသည်။
လီချင်းဟွာကလည်း သက်ပြင်းချရင်း "ဒါက တိုက်ခိုက်ရေး ပါရမီပဲ... တူညီတဲ့ ပစ္စည်းတစ်ခုကို လူတစ်ယောက်က ပထမဆုံးအကြိမ် မြင်တာနဲ့ ဘယ်လို အသုံးချရမလဲဆိုတာ သိပေမယ့် တချို့ကျတော့ အသုံးဝင်ပုံကို သိနေရင်တောင် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သုံးဖို့ သတိမရတတ်ကြဘူး" ဟု ပြောသည်။
"ဒါက ငါတို့နဲ့ ဆရာလင်း ကြားက ကွာဟချက်ပဲ"
"ဒါတွေ ပြောမနေနဲ့တော့... ထူလုံ... မင်း ဝူယောင်ပန်းကို ဖမ်းထား... ငါတို့ သူ့ကို ခေါ်ပြီး ဟိုလေယာဉ်တင်သင်္ဘောထဲကို ဝင်တိုက်ကြမယ်... ဒီ ဝူယောင်ပန်းက သူတို့ရဲ့ ခေါင်းဆောင်ဆိုတော့ သူ့ကို ဖမ်းထားရင် ဒီလူတွေရဲ့ စိတ်ဓာတ်ကို သေချာပေါက် ရိုက်ချိုးနိုင်မှာပဲ" ဟု လီချင်းဟွာက အကြံပြုသည်။
ထူလုံက အမြန် ခေါင်းညိတ်ကာ သတိလစ်နေသော ဝူယောင်ပန်းကို လက်တစ်ဖက်ဖြင့် ဆွဲမပြီး သူတို့အားလုံး ဧရာမ လေယာဉ်တင်သင်္ဘောကြီးဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
ယခုအချိန်တွင် နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်၌ အလင်းရောင် အလွန်နည်းပါးနေပြီး ပတ်ဝန်းကျင် အခြေအနေကို ကောင်းစွာ မမြင်ရသလောက်ပင် ဖြစ်သည်။
ရေစီးကြောင်းများ လှုပ်ရှားနေစဉ်အတွင်း အနက်ရောင် အရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်အလား ရေအောက်တွင် အလျင်အမြန် ခုန်ပျံ ရွေ့လျားနေသည်။
မော်လီ၏ ထွက်ပြေးပုံမှာ ရေထဲတွင် ကူးခတ် ထွက်ပြေးခြင်း မဟုတ်ဘဲ ဤအမှောင်ထုထဲတွင် ပုန်းလျှိုး ထွက်ပြေးခြင်း ဖြစ်သည်။
သူမက ရေကူးနေခြင်း မဟုတ်ဘဲ အနက်ရောင် အရိပ်များအတွင်း၌ လျင်မြန်စွာ ရွေ့လျားနေခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများသည် သူမအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပေ။
ရေငုပ်သင်္ဘောများ သို့မဟုတ် ရေလွှမ်းခံထားရသော အဆောက်အအုံများကို တိုက်မိလျှင်ပင် မည်သည့် အတားအဆီးမျှ မဖြစ်ပေါ်စေချေ။
ထိုအဆောက်အအုံများကို တိုက်ရိုက် ဖောက်ထွင်းပြီး အရိပ်ထဲမှတစ်ဆင့် ထွက်ပြေးသွားနိုင်စွမ်း ရှိသည်။
ယခုအချိန်တွင် မော်လီသည် ရူးသွပ်မတတ် ထွက်ပြေးနေပြီး သူမ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
"အဲဒီလူကလည်း အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေတာလား... ပြီးတော့ သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ငါ့ထက် သေချာပေါက် မြင့်နေလောက်တယ်... မဟုတ်ရင် ငါ့ရဲ့ မကောင်းဆိုးဝါးသန္ဓေသားက ထုတ်လွှတ်လိုက်တဲ့ အမှောင်ဓာတ် မိစ္ဆာစွမ်းအင်တွေကို သူက ဘယ်လိုလုပ် အလွယ်တကူ စုပ်ယူနိုင်မှာလဲ"
"ဝူယောင်ပန်းဆိုတဲ့ ခွေးမသား... ဒီလင်းဆိုတဲ့လူရဲ့ အသေးစိတ် အချက်အလက်တွေ ငါ့ကို မပေးဘူး"
သူမသည် ဤတာဝန်ကို လက်ခံခဲ့မိသည့်အတွက် ယခု အလွန် နောင်တရနေပြီ ဖြစ်သည်။ ခိုက်ရီနည်းပညာ၏ ထောက်လှမ်းရေးဌာနကလည်း အချည်းနှီးသာ ဖြစ်နေသည် မဟုတ်ပါလော။
ဘာကြောင့်များ ဤလူ၏ အသေးစိတ် အချက်အလက်များတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းမှာ (၅၀) ရာခိုင်နှုန်း သို့မဟုတ် (၆၀) ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသော်လည်း ယခုအခါ ဤမျှလောက် အစွမ်းထက်နေရသနည်း။
မော်လီ အလွန်အမင်း ဒေါသထွက်နေသည်။ ခိုက်ရီနည်းပညာတွင် တာဝန်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသော်လည်း ဤမျှလောက် အရှက်ကွဲ အကျိုးနည်းဖြစ်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
တိုက်ခိုက်မှုပင် မစတင်ရသေးဘဲ ကြောက်လန့်တကြား လှည့်ပြေးခဲ့ရသည့် အဖြစ်ပင်။
"အဲဒီ ထူးဆန်းတဲ့ သင်္ကေတက အစွမ်းစွမ်းအင်တွေ လည်ပတ်တာကို ချိတ်ပိတ်နိုင်စွမ်း ရှိတယ်... ဒီသင်္ကေတရဲ့ စွမ်းဆောင်ရည်က ဂျိမ်းစ်ရဲ့ အစွမ်းနဲ့ တစ်ပုံစံတည်းပဲ"
"ဒီသတင်းကို ချက်ချင်း ပြန်ပို့ရမယ်... ထိုက်ယန်တောင်က ဒီလို သင်္ကေတမျိုးကို လက်နက်အဖြစ် ပိုင်ဆိုင်ထားတယ်ဆိုရင် လူတိုင်းက ဂျိမ်းစ်ရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားနိုင်တယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား"
"ဒီ သေးငယ်တဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို သာမန် ခိုလှုံရေးစခန်း တစ်ခုလို လုံးဝ သဘောထားလို့ မရတော့ဘူး... ဂျိမ်းစ်ကို သေချာ အလေးထားလာအောင် လုပ်ရမယ်"
"ဝှစ်"
သူမသည် စက္ကန့်ပိုင်းအတွင်း မိုင်အနည်းငယ်ကို ဖြတ်ကျော်သွားပြီး အနီးအနားရှိ စစ်တလင်းပြင်မှ လွတ်မြောက်သွားပြီ ဖြစ်သည်။
နောက်ကျောဘက်မှ လေယာဉ်များ... စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ၏ အဆက်မပြတ် ပစ်ခတ်နေသော အမြောက်သံများမှာ ရှင်းလင်းပြတ်သားနေဆဲ ဖြစ်သော်လည်း အကွာအဝေးမှာမူ အတော်လေး ဝေးကွာသွားပြီ ဖြစ်သည်။
သူမ အနည်းငယ် သက်ပြင်းချနိုင်သွားပြီး "ငါ့ရဲ့ အမှောင်ဓာတ် အစွမ်းနဲ့ဆိုရင် ထွက်ပြေးဖို့ပဲ စိတ်ကူးထားသရွေ့ ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး" ဟု တီးတိုး ရေရွတ်သည်။
"ဟက်... ငါကတော့ အဲဒီလို မထင်ဘူး"
ရုတ်တရက်... မမျှော်လင့်ဘဲ အသံတစ်သံက သူမ၏ နားနားဆီမှ ထွက်ပေါ်လာသည်။
စုန်းမ မော်လီမှာ ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ချက်ချင်း ကျောချမ်းသွားသည်။
တစ်ကိုယ်လုံး အားပြင်းပြင်းဖြင့် နောက်သို့ လှည့်ကြည့်ကာ "ဘယ်သူလဲ" ဟု မေးသည်။
သူမက မယုံကြည်နိုင်စွာ အော်ဟစ်မေးမြန်းပြီး အကြည့်များက ဝေ့ဝဲသွားသော်လည်း ပတ်ဝန်းကျင်တွင် အရိပ်များမှလွဲ၍ အရိပ်များသာ ရှိနေသည်။
ရုတ်တရက်... တစ်ခုခု မှားယွင်းနေကြောင်း သူမ ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အမြောက်သံများမှာ ယခုတိုင် ရှင်းလင်းပြတ်သားစွာ ကြားနေရဆဲ ဖြစ်သည်။ သူမ ဤမျှ အချိန်ကြာမြင့်စွာ ပြေးလာခဲ့သည်ဖြစ်ရာ မိုင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိနေသင့်ပြီ မဟုတ်ပါလော။
စစ်တလင်းပြင်မှ ပေါက်ကွဲသံများက မည်သို့လုပ် ဤမျှ ရှင်းလင်းပြတ်သားနေရသနည်း။
သူမက အစွမ်းကို အမြန် အသက်သွင်းကာ အမှောင်ထုထဲမှ ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် အစွမ်းကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ရသည်။
"မဖြစ်နိုင်ဘူး... ဒီနေရာက အမှောင်ဓာတ် စွမ်းအင်တွေက ဘာလို့ ဒီလောက်တောင် သိပ်သည်းနေရတာလဲ"
"ပြီးတော့... ပြီးတော့ ဒီက အမှောင်ဓာတ် စွမ်းအင်တွေက ငါ့ရဲ့ အမိန့်ကို လုံးဝ မနာခံဘူးလား"
သူမ မယုံကြည်နိုင်ဖြစ်သွားပြီး ဘာမှမပြောတော့ဘဲ ချက်ချင်း စိတ်စွမ်းအင်ဖြင့် အာရုံခံကြည့်လိုက်ရာ အာရုံခံမိသော လမ်းကြောင်းအတိုင်း အမှောင်ထု၏ နယ်နိမိတ်ကို တွေ့ရှိသွားသည်။
သူမ ဘာမှဆက်မစဉ်းစားတော့ဘဲ အမှောင်နယ်နိမိတ်၏ အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။
တွင်းနက်အရိပ်ဝ အတွင်း၌ ရှိနေသော လင်းယွမ်သည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့သြနေမိသည်။
"တွင်းနက်အရိပ်ဝက စွမ်းရည်ထက်မြက်ပြီး တခြားဓာတ် အစွမ်းပိုင်ရှင်တွေကို ပိတ်လှောင်ထားနိုင်တယ် ဆိုပေမယ့်... တစ်ဖက်လူကလည်း အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေရင်တော့ ထိထိရောက်ရောက် ဖိနှိပ်ထားဖို့ မဖြစ်နိုင်ဘူးပဲ"
သူက တွင်းနက်အရိပ်ဝကို ထိန်းချုပ်ကာ အတွင်းရှိ အမှောင်ဓာတ် စွမ်းအင်များ လည်ပတ်မှုကို လွှမ်းမိုးထားပြီး တစ်ဖက်လူအား ဤစွမ်းအင်များကို မစုပ်ယူနိုင်ရန် တားဆီးထားသော်လည်း ခံစားသိရှိနိုင်သည်။
သို့သော် တစ်ဖက်လူသည်လည်း အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေသဖြင့် စွမ်းအင်များကို မစုပ်ယူနိုင်လျှင်တောင် ဤအမှောင်ဓာတ် စွမ်းအင်များအတွင်းသို့ ပေါင်းစပ်ဝင်ရောက်ကာ တွင်းနက်အရိပ်ဝ အတွင်းရှိ ပတ်ဝန်းကျင်ကို အာရုံခံနိုင်သည်။
ဆိုလိုသည်မှာ အမှောင်ဓာတ် အစွမ်းပိုင်ရှင်များသည် တွင်းနက်အရိပ်ဝ အတွင်း၌ နေရခြင်းနှင့် အပြင်ဘက်တွင် နေရခြင်းမှာ အမှန်တကယ်တော့ ဘာမှမကွာခြားပေ။
တစ်ဖက်လူသည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ဆဲဖြစ်ပြီး လမ်းကြောင်းကိုလည်း အာရုံခံနိုင်ဆဲ ဖြစ်သည်။
တွင်းနက်အရိပ်ဝ၏ အရိပ်ကမ္ဘာထဲမှပင် အလွယ်တကူ ထွက်ပြေးသွားနိုင်စွမ်း ရှိသည်။
"ဝှစ်"
တွင်းနက်အရိပ်ဝ၏ နယ်နိမိတ်တွင် စုန်းမ မော်လီသည် နောက်ဆုံး၌ တွင်းနက်အရိပ်ဝ အတွင်းမှ ဖောက်ထွက်လာနိုင်ခဲ့သည်။
သူမက မော့ကြည့်လိုက်ရာ ချက်ချင်း မျက်နှာ ပျက်သွားသည်။
"ငါ... ငါက ဒီနေရာမှာပဲ ရှိနေသေးတာလား"
ပတ်ဝန်းကျင်က စစ်တလင်းပြင် ဖြစ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမက တစ်လမ်းလုံး အရူးအမူး ပြေးလာခဲ့သည်မှာ အချိန်အကြာကြီး ရှိနေပြီ ဖြစ်သော်လည်း တစ်ပတ်လှည့်ကာ မူလနေရာသို့ ပြန်ရောက်လာခဲ့ခြင်းပင်။
ဤအခိုက်အတန့်တွင် စုန်းမဟု နာမည်ကြီးသော ဤအမျိုးသမီးသည် ကျောချမ်းသွားပြီး သူမထံသို့ သေမင်း၏ အန္တရာယ် လွှမ်းမိုးလာကြောင်းကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
သူမက နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
သူမ၏ အနောက်တွင် လူရိပ်တစ်ခုက အသံတိတ် ရပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
မော်လီသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ရောက်လာသူကို စိုက်ကြည့်ကာ "ရှင်က လင်းယွမ် လား" ဟု မေးသည်။
လင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် "ဘာလဲ... ခိုက်ရီနည်းပညာက လူတွေ အပြင်မထွက်ခင် ပြိုင်ဘက်ရဲ့ အချက်အလက်တွေကို အရင် မရှာဖွေကြဘူးလား" ဟု ပြန်မေးသည်။
မော်လီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး "အခု လင်ကျန်းမြို့မှာ ရှိတဲ့ နယ်မြေအားလုံးကို ကျွန်မ စွန့်လွှတ်လိုက်မယ်... ဒီနယ်မြေတွေကို ရှင်တို့ရဲ့ ထိုက်ယန်တောင်ကို ပေးဖို့ ဆန္ဒရှိတယ်... ပြီးတော့ ဒီနေ့ကစပြီး လင်ကျန်းမြို့ကို ဘယ်တော့မှ ခြေချမှာ မဟုတ်တော့ဘူးလို့ ပြောရင်... ရှင်နဲ့ ကျွန်မကြားမှာ သဘောတူညီမှု ယူလို့ ရနိုင်မလား" ဟု မေးမြန်းသည်။
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "မင်းက ဟာသ ပြောနေတာလား... လင်ကျန်းမြို့မှာ အခု မင်းတို့ရဲ့ နယ်မြေ ရှိနေသေးလို့လား" ဟု မေးလိုက်သည်။
"အော်... ဒါမှမဟုတ် ငါ သိမ်းပိုက်ပြီးသား နယ်မြေတွေကို ပြန်သုံးပြီး ငါ့ဆီလာပြီး အပေးအယူ လုပ်ချင်နေတာလား"
မော်လီ ချက်ချင်း စကားမှားသွားသည်။ အမှန်တကယ်ပင် လင်ကျန်းမြို့ရှိ ရေပေါ်ကျွန်း အားလုံးကို လင်းယွမ်က သိမ်းပိုက်ထားပြီး ဖြစ်သည်။
ယခု သူမ၌ တစ်ဖက်လူနှင့် စေ့စပ်ဆွေးနွေးရန် မည်သည့်အရာမျှ ထုတ်ပြစရာ မရှိတော့ပေ။
"ကျွန်မကို လွှတ်ပေးဖို့ ရှင် တကယ် ဘာလိုချင်နေတာလဲ"
မော်လီက ပွင့်ပွင့်လင်းလင်းပင် တိုက်ရိုက် မေးမြန်းလိုက်သည်။
သူမက တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသည်။ တစ်ဖက်လူ စတင် တိုက်ခိုက်ချိန်မှစ၍ ယခုတိုင် သူမသည် အမြဲတမ်း ခံစစ်အနေအထားတွင်သာ ရှိနေပြီး တစ်ဖက်လူ၏ ကစားစရာသဖွယ် အလှည့်စားခံနေရခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
လက်ရှိအခြေအနေအရ သူမ၌ လက်နက်ချ အရှုံးပေးရန် လမ်းတစ်လမ်းသာ ရှိတော့ပုံရသည်။
လင်းယွမ်က "ခိုက်ရီနည်းပညာက မင်းကို ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဖျက်စီးဖို့ ခိုင်းထားတာ မဟုတ်ဘူးလား... ငါ မင်းကို လွှတ်ပေးလိုက်တာက ကျားကို တောထဲ ပြန်လွှတ်လိုက်သလို ဖြစ်မနေဘူးလား... နောက်တစ်ကြိမ် မင်းတို့ ပြန်လာရင် မင်းက အန္တရာယ်ကြီး တစ်ခု ဖြစ်မလာနိုင်ဘူးလား" ဟု မေးသည်။
မော်လီက ချက်ချင်း "ထိုက်ယန်တောင်ကို နောက်ထပ် လာမှာမဟုတ်ဘူးလို့ ကျွန်မ ကျိန်ဆိုရဲတယ်... ပြီးတော့ ကျွန်မ ပြန်ရောက်သွားရင် ဥက္ကဋ္ဌ ဂျိမ်းစ်ကို လင်ကျန်းမြို့ကို တိုက်ခိုက်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့ ဖြောင်းဖျပေးနိုင်ပါတယ်" ဟု ပြောသည်။
လင်းယွမ် ပြုံးလိုက်ပြီး "မင်းစကားက အသုံးဝင်လို့လား" ဟု မေးသည်။
မော်လီက ချက်ချင်း ပြန်ဖြေသည်။ "သေချာပေါက် အသုံးဝင်ပါတယ်... ကျွန်မနဲ့ ဂျိမ်းစ်ရဲ့ ဆက်ဆံရေးကို ရှင် သိချင်မှ သိမှာ... ကမ္ဘာပျက်ကပ် မတိုင်ခင်က ကျွန်မနဲ့ သူက ရည်းစားတွေ ဖြစ်ခဲ့ဖူးတယ်"
"နောက်ပိုင်း လမ်းခွဲခဲ့ကြတယ် ဆိုပေမယ့် ကျွန်မတို့ရဲ့ ဆက်ဆံရေးက သာမန် အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးမျိုး မဟုတ်ဘူး"
လင်းယွမ် အံ့သြသွားသည်။ သူမ၌ ဤကဲ့သို့သော နောက်ခံမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မော်လီက လျင်မြန်စွာ ဆက်ပြောသည်။ "တကယ်လို့ ရှင်တို့ဆီမှာ ကျွန်မ တစ်ခုခု ဖြစ်သွားခဲ့ရင် သူက ကျွန်မအတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်"
"ကျွန်မပြောတာကို ယုံပါ... ကျွန်မကို သတ်လိုက်လို့ ရှင့်အတွက် ဘာအကျိုးအမြတ်မှ ရလာမှာ မဟုတ်ဘူး"
လင်းယွမ် စဉ်းစားခန်း ဝင်သွားသည်။ အမှန်အတိုင်း ပြောရလျှင် ဤအမျိုးသမီးကို ချန်ထား၍လည်း မည်သည့် အသုံးဝင်မှုမျှ မရှိပေ။
စွမ်းရည် မဆိုးလှသော်လည်း အမှောင်ဓာတ် အစွမ်းနှင့် ပတ်သက်၍ သူက ဝူယင် ကို ပြုစုပျိုးထောင်ပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် ဤအမျိုးသမီးကို ဤအတိုင်း လွှတ်ပေးလိုက်ရန် ဆိုသည်မှာလည်း လင်းယွမ်၏ လုပ်ဟန် မဟုတ်ပေ။
တစ်ဖက်လူက မိမိအိမ်ပေါက်ဝအထိ လာရောက် တိုက်ခိုက်နေပြီဖြစ်ရာ သူမကို အေးအေးချမ်းချမ်း ပြန်လွှတ်ပေးလိုက်ရန် အကြောင်းပြချက် ရှိပါမည်လော။
သူ စဉ်းစားတွေးတောလိုက်ပြီးနောက် အကြံတစ်ခု ချက်ချင်း ရသွားသည်။
ထို့နောက် သူက ပြုံးလျက် "ငါ့ဆီမှာ အကြံတစ်ခုတော့ ရှိတယ်... မင်း အဲဒါကို လုပ်နိုင်ရင် မင်းကို ငါ ပြန်လွှတ်ပေးနိုင်တယ်" ဟု ပြောလိုက်သည်။
"ကျွန်မကို ဘာလုပ်စေချင်လို့လဲ" ဟု မော်လီက အမြန် မေးသည်။
လင်းယွမ်က ပြုံးလိုက်ပြီး အဝေးရှိ ထူလုံကို ကြည့်ကာ စိတ်စွမ်းအင်ဖြင့် အသံပို့လွှတ်လိုက်သည်။
ထူလုံက အလျင်အမြန် ပျံသန်းလာပြီး သူ၏ လက်ထဲတွင် သတိလစ်နေသော ဝူယောင်ပန်းကို ဆွဲထားဆဲ ဖြစ်သည်။
"ဆရာလင်း... ခေါ်လာပါပြီ"
လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ကာ "သူ့ကို သတိရအောင် လုပ်လိုက်" ဟု အမိန့်ပေးသည်။
"ဟုတ်ကဲ့"
ထူလုံက ပုလင်းတစ်လုံးကို အမြန်ထုတ်ယူပြီး ဝူယောင်ပန်း၏ နှာခေါင်းဝနားတွင် လှုပ်ယမ်းလိုက်သည်။
မကြာမီမှာပင် သတိလစ်နေသော ဝူယောင်ပန်း သတိပြန်လည်လာသည်။
သို့သော် ဤကောင်က အကြံအစည် ကြီးမားလှသဖြင့် သတိလစ်နေဟန် ဆက်လက် ဟန်ဆောင်နေသည်။
လက်ရှိ အခြေအနေကို တွေးတောရန် သူ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေသည်။
လင်းယွမ်က သူ အိပ်ချင်ယောင် ဆောင်နေသည်ကို ဂရုမစိုက်ဘဲ စုန်းမ မော်လီအား "မင်း သူ့ကို သတ်လိုက်... ပြီးရင် ငါတို့ ဆက်ဆွေးနွေးကြတာပေါ့" ဟု ပြောလိုက်သည်။
မော်လီ၏ မျက်နှာအမူအရာ ချက်ချင်း အနည်းငယ် ပြောင်းလဲသွားသည်။
သူမ၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး လင်းယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။
သူက မိမိကိုယ်တိုင် မုန်ယာကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သော ဝူယောင်ပန်းကို သတ်ဖြတ်စေချင်နေခြင်း ဖြစ်သည်။ ထိုသို့ လုပ်လိုက်ပါက ခိုက်ရီနည်းပညာနှင့် မုန်ယာကုမ္ပဏီကြားရှိ ဆက်ဆံရေးတွင် အက်ကွဲကြောင်း ဖြစ်ပေါ်သွားစေမည် ဖြစ်သည်။
ဝူယောင်ပန်းတွင် ကိုယ်ပွားပေါင်းများစွာ ရှိနေသဖြင့် အပြီးတိုင် သတ်ဖြတ်၍ မရနိုင်ပေ။
သို့သော် သူ၏ ဤအစွမ်းကလည်း အကျိုးကျေးဇူး တစ်ခု ရှိနေသည်ဟု ဆိုနိုင်သည်။ ၎င်းမှာ အသက်ရှင်နေသော စကားပြောစက်အဖြစ် အသုံးချနိုင်ခြင်းပင် ဖြစ်သည်။
ကိုယ်ပွား သေဆုံးသွားသည်နှင့် ဝူယောင်ပန်း၏ ကိုယ်ပွား မှတ်ဉာဏ်များကို ပင်မကိုယ်ထည်က လျင်မြန်စွာ ဆက်ခံရရှိသွားမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူ၏ ပင်မကိုယ်ထည်က ဤနေရာမှ အခြေအနေများကို သိရှိသွားမည် ဖြစ်သည်။
ဒါက ဝူယောင်ပန်း၏ ပင်မကိုယ်ထည်ကို မိမိအား အမုန်းပွားစေရန် လုပ်ဆောင်ခြင်းပင်။
မော်လီ စိတ်ထဲတွင် ရှင်းလင်းစွာ သိလိုက်သော်လည်း ယခုလက်ရှိတွင် မည်သည့် နည်းလမ်းမှ မရှိပေ။
သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင် မမျှော်လင့်ဘဲ ဝူယောင်ပန်းက ရုတ်တရက် ခေါင်းမော့လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ "ဟက်ဟက်... မော်လီ... မင်း ကြိုက်သလိုသာ လုပ်ပါ... စိတ်ချပါ... ပြဿနာတိုင်းမှာ တရားခံ ရှိပြီးသားပါ... ငါက မင်းအပေါ် ဒေါသပုံချမှာ မဟုတ်ဘူး... တကယ့် ရန်သူက ဘယ်သူလဲဆိုတာ ငါ သိတယ်" ဟု အော်ပြောလိုက်သည်။
ဆက်ရန်...