← Chapters

အခန်း ၈၃၂

Vol. 42 Ch. 832

အခန်း ၈၃၂

Vol. 42 Ch. 832

အပိုင်း(၈၃၂) ရန်သူကို သွေးခွဲခြင်း

ကျင်းရှီရုံနှင့် ဂျိမ်းစ်တို့၏ အစွမ်းအစများကို လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး ဖြစ်သည်။

ဤလူနှစ်ယောက်ထဲတွင် သူမက ကျင်းရှီရုံကို ပို၍ အထင်ကြီးမိသည်။

အဘယ်ကြောင့်ဆိုသော် ကျင်းရှီရုံတွင် အစွမ်းများစွာရှိပြီး ခွန်အားမှာလည်း အလွန်ကြီးမားလွန်းလှသည်။ ဂျိမ်းစ်၏ အစွမ်းကမူ တစ်ခုတည်းသာရှိပြီး "တိတ်ဆိတ်ဇုန်" အစွမ်းတစ်ခုတည်းအပေါ် မှီခိုနေရသဖြင့် အဆုံးစွန်ထိ ရောက်ရန် အလွန်ခက်ခဲလိမ့်မည်ဟု သူမ ထင်မြင်ထားသည်။

ကျင်းရှီရုံ၏ တစ်ခုတည်းသော ပြဿနာမှာ မိန်းမလိုက်စားလွန်းခြင်း ဖြစ်သည်။ ကာမဂုဏ်ကို အသက်တမျှ သဘောထားကာ ခိုလှုံရေးစခန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လျစ်လျူရှုထားခဲ့သည်။

သို့သော် ထိုအချက်မှာ ယခင် လျှိုချင့်ဟုန်၏ အမြင်တွင် ဘာမှ မဟုတ်ခဲ့ပေ။

ဤကဲ့သို့သော ကပ်ဘေးကမ္ဘာကြီးတွင် မိန်းမလိုက်စားခြင်းက ဘာပြဿနာများ ရှိလာနိုင်မည်နည်း။

ဘယ်ခေါင်းဆောင်က မိန်းမ မကြိုက်ဘဲ နေမည်နည်း။

ခွန်အားပိုကြီးလာသည်နှင့်အမျှ မိန်းမလှလေးများစွာနှင့် ပျော်ပါးချင်သည်က အဆန်းတကြယ် မဟုတ်ပေ။

သူမကိုယ်တိုင်ပင်လျှင် ယောက်ျားပျိုလေးများစွာကို မွေးထားသေးသည် မဟုတ်ပါလော။

သို့သော် ဤတစ်ကြိမ်တွင် သူမ၏သခင် လင်းယွမ်နှင့် ဆုံတွေ့ရချိန်မှသာ စစ်မှန်သော ခေါင်းဆောင်တစ်ယောက်၏ အရည်အသွေး ဆိုသည်မှာ မည်သို့ရှိကြောင်းကို သူမ နားလည်သွားတော့သည်။

သူမ၏သခင်သည် ခွန်အားပိုင်းတွင် ကျင်းရှီရုံ သို့မဟုတ် ဂျိမ်းစ်တို့ထက် လုံးဝ နိမ့်ကျနေမည် မဟုတ်ပေ။

လုပ်ရည်ကိုင်ရည်ပိုင်းတွင်လည်း အလွန် ထက်မြက်လှသည်။

ခိုလှုံရေးစခန်းကို ဖွံ့ဖြိုးတိုးတက်စေသည့် စွမ်းဆောင်ရည်တွင်မူ ကျင်းရှီရုံထက် အဆပေါင်းများစွာ သာလွန်နေသေးသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်း မည်သို့ တိုးတက်လာသနည်း ဆိုသည်ကို သူမ စောစောစီးစီးကပင် အတိအကျ စုံစမ်းသိရှိထားပြီး ဖြစ်သည်။

သေချာသည်မှာ အရေးအကြီးဆုံးအချက်က ယခု သူမသည် လင်းယွမ်၏ ကျေးကျွန် ဖြစ်နေခြင်းပင်။

ထို့ကြောင့် သူမက သခင်ဖြစ်သူဘက်မှသာ ရပ်တည်ရမည် ဖြစ်သည်။

လျှိုချင့်ဟုန်က စုန်းမ မော်လီ လက်နက်ချရန် ယုံကြည်ချက်ရှိရှိဖြင့် ဖျောင်းဖျ ပြောဆိုနေသည်။

"ဒါကြောင့် မော်လီ... လက်နက်ချလိုက်ပါတော့... တကယ်ပြောတာပါ... သခင့်ကို ရှုံးတာက ရှက်စရာမကောင်းပါဘူး"

"သခင့်ဆီမှာ အစေခံဖြစ်ရတာက ကံကောင်းမှုတစ်ခုပဲ"

"အနှေးနဲ့အမြန် တစ်နေ့နေ့ကျရင် သခင်က ယွီကျိုးပြည်နယ်ကို သိမ်းပိုက်လိမ့်မယ်လို့ ငါကြိုသိနေတယ်... အဲဒီအချိန်ကျရင် မုန်ယာကုမ္ပဏီဖြစ်ဖြစ်... ခိုက်ရီနည်းပညာပဲဖြစ်ဖြစ် အကုန်လုံး သခင့်ရဲ့ ခြေအောက်မှာ ဒူးထောက်ခစားရမှာပဲ"

"ပြောတာကို နားထောင်ပြီး အချည်းနှီး ပြန်မခုခံပါနဲ့တော့"

"လက်နက်ချလိုက်ပါ... သခင့်ကို အတူတူ ကူညီကြရအောင်"

သူမက စုန်းမ မော်လီ လက်နက်ချလာစေရန် နည်းအမျိုးမျိုးဖြင့် သွေးဆောင် ဖြားယောင်းနေသည်။

သို့သော် နောက်တစ်ခဏတွင် မော်လီက ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ သူမ၏ မျက်လုံးများ နီရဲနေပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါကအရှုံးမပေးချင်လို့များ မှတ်နေလား"

"သူက အခွင့်အရေးမှ မပေးတာ"

"သူ့ကို ပြေလည်အောင် ညှိနှိုင်းချင်နေခဲ့တာ... ဒါပေမဲ့ သူက လုံးဝ အခွင့်အရေး မပေးခဲ့ဘူး"

"အခု လာပြောနေတော့ရော ဘာထူးမှာလဲ... ဘာအသုံးကျမှာလဲ"

"သခင့်ကို သွားပြောလေ... ပူးပေါင်းချင်ပါတယ်လို့... လက်နက်ချချင်ပါတယ်လို့"

ယခုအချိန်တွင် မော်လီမှာ အလွန် ဝမ်းနည်း နာကြည်းနေရှာသည်။

တကယ်ကို လွန်စွာ နာကြည်းနေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမက ဤနေရာတွင် ဤသို့ သေဆုံးမသွားချင်သောကြောင့် ဖြစ်သည်။ သူမက အစကတည်းက တစ်ဖက်လူကို သဘောကောင်းကြောင်း ပြသခဲ့ပြီး လက်နက်ချလိုကြောင်းလည်း ပြောပြခဲ့ပြီး ဖြစ်သည်။

သူမပေးခဲ့သော ကတိစကားများက သိပ်ပြီး ယုံကြည်ရဖွယ် မရှိသော်လည်း အနည်းဆုံးတော့ အကြံပြုချက်လေး ဘာလေး ပြန်ပေးသင့်သည် မဟုတ်ပါလော။

တောက်... ဘာမှလည်း မပြောဘဲ ဖမ်းချုပ်လိုက်ပြီး အခုဆို အကျဉ်းချထားလိုက်ပြီလေ။

ဒါက ဘာသဘောလဲ။

ခိုက်ရီနည်းပညာ ကုမ္ပဏီအပေါ် သေတဲ့အထိ သစ္စာစောင့်သိပါမယ်လို့ တစ်ခွန်းမှ မပြောခဲ့ပါဘူး။

စုန်းမ မော်လီမှာ လွန်စွာ ဝမ်းနည်း ပက်လက် ဖြစ်နေတော့သည်။

ဤစကားကို သူမက အော်ဟစ် ပေါက်ကွဲကာ ပြောချလိုက်ခြင်း ဖြစ်သည်။

မျက်နှာချင်းဆိုင်ရှိ လျှိုချင့်ဟုန်မှာ ချက်ချင်း ကြောင်အမ်းသွားပြီး အနည်းငယ် အံ့သြကာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။

"ဒါ... ဒါက... လက်နက်ချချင်တာလား"

"ငါ့ကိုငတုံးမများမှတ်နေလား... ကျင့်ကြံရတာ မလွယ်ဘူးဆိုတာကို သိနေမှတော့... ဒီအဆင့်ထိရောက်အောင် ခဲခဲယဉ်းယဉ်း ရုန်းကန်ခဲ့ရတာကို မသိဘဲ နေမလား"

"ငါ့လိုမိန်းမတစ်ယောက်က... ဒီလိုလောကကြီးထဲမှာ ဒီအဆင့်ထိ ရောက်လာဖို့က လွယ်ခဲ့တယ် ထင်နေလား"

လျှိုချင့်ဟုန်က ထိုစကားကို ကြားလိုက်ရသော် သက်ပြင်းချလိုက်ပြီး "ဒါဆို သခင်က လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြောရမှာပေါ့"

"ဟုတ်တယ်"

"ဒါဆိုရင်တော့ နည်းလမ်းမရှိတော့ဘူး"

လျှိုချင့်ဟုန်က ခေါင်းခါယမ်းလိုက်ပြီးနောက် ဘေးဘက်သို့ တည်ငြိမ်စွာ ဝင်ထိုင်လိုက်သည်။

မော်လီက အလျင်အမြန် ပြောလိုက်သည်။ "ဟဲ့... ဒါက ဘာသဘောလဲ... ခုနကပဲ လက်နက်ချစေချင်နေတာ မဟုတ်ဘူးလား... သခင့်ကို သစ္စာခံစေချင်တယ် မဟုတ်ဘူးလား... အနည်းဆုံးတော့ သခင့်ကို ကူပြီး စကားလေးတစ်ခွန်းလောက် သွားပြောပေးလေ"

လျှိုချင့်ဟုန်က ခေါင်းခါပြသည်။ "ထားလိုက်ပါတော့... သခင်ကမှ မလိုချင်တာ... ဘာသွားပြောနေစရာ လိုတော့လို့လဲ"

"တောက်... နင်ကတော့လေ..."

မော်လီမှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားပြီး ပါးစပ်မှလည်း ဆဲရေးတိုင်းထွာတော့သည်။

သို့သော် ထိုအချိန်မှာပင် ဟင်းလင်းပြင် တံခါး ရုတ်တရက် ပွင့်လာသည်။

ထို့နောက် လင်းယွမ်က လူတစ်ယောက်ကို ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။

လျှိုချင့်ဟုန်က ထိုလူကို မြင်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။ "ဒါရိုက်တာဝူ"

"ဝူယောင်ပန်း" က သူမကို အားနည်းစွာဖြင့် မော့ကြည့်လိုက်သော်လည်း ဘာစကားမှ မပြောပေ။

မျက်နှာချင်းဆိုင်ရှိ မော်လီမှာလည်း အနည်းငယ် အံ့သြသွားသည်။ "မသေသေးဘူးလား"

ထို့နောက် သူမက လင်းယွမ်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ "သူ့ကို မသတ်လိုက်ဘူးလား"

လင်းယွမ်က ပြုံးလိုက်ပြီး "ဝူယောင်ပန်း" အား ပြောလိုက်သည်။ "သွား... ဒီမိန်းမကို သတ်လိုက်... ဒါဆို ကတိအတိုင်း လွှတ်ပေးမယ်"

"တကယ်ပြောတာလား... မလိမ်ဘူးမလား"

"ဝူယောင်ပန်း" က အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

လင်းယွမ်က ပြုံးကာ ဓားမြှောင်တစ်လက်ကို အောက်သို့ ပစ်ချပေးလိုက်ပြီး "လုံးဝ အတည်ပဲ"

"ဝူယောင်ပန်း" မှာ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် အဆုံးတွင် မတ်တတ်ထရပ်ကာ မြေပြင်ပေါ်ရှိ ဓားမြှောင်ကို ကောက်ယူလိုက်သည်။

ထို့နောက် သူက စုန်းမ မော်လီကို ကြည့်ကာ တစ်လှမ်းချင်း လျှောက်သွားလေသည်။

မော်လီ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး အလျင်အမြန် အော်ပြောလိုက်သည်။ "ဆရာလင်း... လက်နက်ချပါ့မယ်... ဘာအခြေအနေမှ မတောင်းဆိုဘဲ လက်နက်ချပါ့မယ်... ဝူယောင်ပန်းကို သတ်ဖို့တောင် ကူညီပေးလို့ ရပါတယ်... ဂျိမ်းစ်ကိုလည်း မုန်ယာကုမ္ပဏီနဲ့ အဆက်အသွယ်ဖြတ်ဖို့ ဖျောင်းဖျပေးပါ့မယ်"

သူမ နားမလည်နိုင်အောင် ဖြစ်နေသည်။ ခုနကတင် လင်းယွမ်က ဝူယောင်ပန်းကို သတ်ရန် သူမအား ဖျောင်းဖျနေခဲ့သည် မဟုတ်ပါလော။ ယခု အဘယ့်ကြောင့် ပြောင်းပြန် ဖြစ်သွားရသနည်း။

ထို့ပြင် ဝူယောင်ပန်းဆိုသော ခွေးမသားက အကန့်အသတ်မရှိ ကိုယ်ပွားဖန်တီးနိုင်သည် မဟုတ်ပါလော။

ကိုယ်ပွားတစ်ခု သေသွားလည်း ကိစ္စမရှိဘဲနှင့် ဘာဖြစ်လို့ လင်းယွမ်၏ ခြိမ်းခြောက်မှုကို ခံနေရသနည်း။

ဤမြင်ကွင်းကို သူမ လုံးဝ နားမလည်နိုင် ဖြစ်နေတော့သည်။

ဓားမြှောင်ကို ဆုပ်ကိုင်ထားပြီး ရက်စက်သော မျက်ဝန်းများဖြင့် တစ်လှမ်းချင်း လျှောက်လာနေသော ဝူယောင်ပန်းကို ကြည့်ရင်း...

သူမ ရုတ်တရက် စိတ်လှုပ်ရှား ထိတ်လန့်လာသည်။ "ဒီနေရာမှာ ဒီလိုကြီး သေလို့မဖြစ်ဘူး"

"အောက်ခြေဘဝကနေ ဒီနေ့အထိ ရောက်အောင် မနည်း ကျင့်ကြံလာခဲ့ရတာ... ဂျိမ်းစ်ဆိုတဲ့ နိုင်ငံခြားသားနဲ့ အစောပိုင်းကတည်းက ရည်းစားဖြစ်အောင်လို့ ကိုယ့်ကိုယ်ကိုယ်တောင် အရင်းအနှီးပြုခဲ့ရတာ... ကျင့်ကြံဖို့ အရင်းအမြစ်တွေ ရဖို့ဆိုတာ မလွယ်ခဲ့ဘူး... ဒီလိုမျိုးကြီး ဘယ်လိုလုပ် သေလို့ရမှာလဲ"

သူမ မကျေမနပ် ဖြစ်လာပြီး ဝူယောင်ပန်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဝူယောင်ပန်း... ဘာလုပ်မလို့လဲ... ဒါက ကိုယ်ပွားတစ်ခုပဲလေ... သေချာစဉ်းစားဦး... တကယ်သာ သတ်လိုက်ရင် ဂျိမ်းစ်က ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးနော်"

"တခြားလူတွေက ပင်မခန္ဓာကိုယ်ကို ရှာမတွေ့နိုင်ပေမဲ့ ဂျိမ်းစ်ကတော့ သေချာပေါက် ရှာတွေ့နိုင်တဲ့ နည်းလမ်းရှိတယ်"

သို့သော် ရှေ့မှ "ဝူယောင်ပန်း" က သူမကို လုံးဝ ဂရုမစိုက်ပေ။

သူက လက်ထဲရှိ ဓားမြှောင်ကို မြှောက်လိုက်ပြီး စုန်းမကို တိုက်ရိုက် ထိုးချလိုက်သည်။

"စွပ်"

ထိုဓားချက်က စုန်းမ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားပြီး နှလုံးအထိ ထိုးဖောက်သွားလေသည်။

"ဝူယောင်ပန်း" က ဓားမြှောင်ကို အားကုန် ဆွဲနှုတ်လိုက်သောအခါ...

သွေးများက တဟုန်ထိုး ပန်းထွက်လာတော့သည်။

"အား"

မော်လီက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ ရင်ဘတ်မှ သွေးများ အဆက်မပြတ် စီးကျနေ၏။

လင်းယွမ်က ရယ်မောလိုက်ပြီး "ဝူယောင်ပန်း" ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "လုပ်တာ သိပ်ကောင်းတယ်"

"ဝူယောင်ပန်း" က အသံနိမ့်နိမ့်ဖြင့် "ပေးထားတဲ့ ကတိကို မမေ့နဲ့နော်"

လင်းယွမ်က ဟားတိုက်ရယ်မောလိုက်သည်။ "စိတ်ချပါ... စိတ်ပျက်စေရပါဘူး... လျှိုချင့်ဟုန်... ဒါရိုက်တာဝူကို ပြန်ပို့ပေးလိုက်"

လျှိုချင့်ဟုန်မှာ အလွန် အံ့သြသွားပြီး "ဝူယောင်ပန်း" ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။ ထိုလူက လင်းယွမ်နှင့် ဘာအလဲအလှယ်တွေ လုပ်ခဲ့သဖြင့် လင်းယွမ်က သူ့ကို ဤမျှ လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရသနည်း ဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေသည်။

"ဝူယောင်ပန်း" ကို မော်လီအား သတ်ခိုင်းရုံသက်သက်ပဲလား။

သို့သော် ဤသို့လုပ်ခြင်းက ဘာရည်ရွယ်ချက် ရှိနေသနည်း။

မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ ကုမ္ပဏီတို့ကို ရန်သူတွေ ဖြစ်သွားစေချင်လို့လား။

ဒါက သိပ်ပြီး လက်တွေ့မကျလှပေ။ ဝူယောင်ပန်း ပြန်ရောက်သွားပြီးနောက် ငြင်းချင်လည်း ငြင်းနိုင်သလို အတင်းအကျပ် ခိုင်းစေခံရသည်ဟုလည်း ပြောနိုင်သည် မဟုတ်ပါလော။

ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိနေပြီး နောက်ဆုံးတွင် ထိုအကြွေးက ထိုက်ယန်တောင် ခိုလှုံရေးစခန်း အပေါ်သို့သာ ကျရောက်လာမည် ဖြစ်သည်။

သူမက စိတ်ထဲမှ အမျိုးမျိုး တွေးတော ခန့်မှန်းနေသော်လည်း ယခုအချိန်တွင်မူ လင်းယွမ်၏ အမိန့်အတိုင်း ဝူယောင်ပန်းကို ပြင်ပသို့ ပို့ဆောင်ပေးလိုက်လေသည်။

ထိုအချိန်တွင် သူမက နောက်သို့ လှည့်ကြည့်လိုက်ရာ လင်းယွမ်လည်း အပြင်သို့ ထွက်လာပြီး လက်ထဲရှိ မော်လီ၏ အလောင်းကို ရေကြီးနေသော ရေပြင်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်ကို တွေ့လိုက်ရသည်။

ထို့နောက်မှ သူက "သွားကြစို့" ဟု ပြောလိုက်သည်။

လျှိုချင့်ဟုန်က ထိုစကားကို ကြားသည်နှင့် လင်းယွမ်နောက်သို့ အလျင်အမြန် လိုက်သွားပြီး အနီးရှိ စစ်သင်္ဘောတစ်စင်းပေါ်သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။

စစ်သင်္ဘောပေါ်သို့ ရောက်သောအခါ သူမက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ဆရာလင်း... ဟို ဝူယောင်ပန်းဆိုတာက သူ့ရဲ့ ပင်မခန္ဓာကိုယ်ကနေ ခွဲထွက်လာတဲ့ ကိုယ်ပွားတစ်ခုပဲလေ... ဘယ်လိုလုပ် အမိန့်ကို နာခံသွားတာလဲ"

"ပြီးတော့... တကယ်ပဲ သူ့ကို ဒီလို လွှတ်ပေးလိုက်တာလား"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရုတ်တရက် ရယ်မောလိုက်ပြီး "အနောက်မှာ ဘယ်သူလဲ ဆိုတာ ကြည့်လိုက်ဦး"

လျှိုချင့်ဟုန်မှာ ကြောင်သွားပြီး ကုန်းပတ်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ "ဝူယောင်ပန်း" က သူတို့နှစ်ဦးနှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး ပြုံးကာ လက်ပြနေသည်ကို တွေ့လိုက်ရသည်။

လျှိုချင့်ဟုန်မှာ လန့်သွားသည်။ "သူ... သူ ထွက်သွားပြီ မဟုတ်ဘူးလား"

"ဝူယောင်ပန်း" က ခပ်သုတ်သုတ် လျှောက်လာပြီး တစ်လှမ်း နီးကပ်လာတိုင်း သူ၏ မျက်နှာပေါ်တွင် ပြောင်းလဲမှု အနည်းငယ်စီ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်တို့ နှစ်ဦးနှင့် ပေ(၃၀) ခန့် အကွာသို့ ရောက်သောအခါ သူက မိန်းမတစ်ယောက်၏ ရုပ်သွင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားလေတော့သည်။

လင်းဝမ်က ပြုံးကာ "ဆရာလင်း... ကျွန်မသရုပ်ဆောင်တာ အဆင်ပြေရဲ့လား"

လင်းယွမ်က ရယ်မောလိုက်ပြီး "အတော်လေး တူပါတယ်"

ထိုအခါမှ လျှိုချင့်ဟုန်က ရုတ်တရက် သဘောပေါက်သွားပြီး "အတုကြီးလား"

လင်းယွမ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ရိပ်မိသွားပြီလား"

လျှိုချင့်ဟုန်၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွားပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားကာ အဝေးရှိ ရေပြင်ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။

ရေပြင်ထက်တွင် လှိုင်းလုံးများသာ အတက်အကျ ဖြစ်နေပြီး စုန်းမ မော်လီ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

ယခုအချိန်အထိမှ သူမ နားမလည်သေးလျှင်တော့ သူမ အမှန်တကယ်ပင် အဆုံးစွန်ထိ တုံးအလွန်းရာ ကျပေလိမ့်မည်။

"သခင်... စုန်းမ မော်လီက မသေသေးဘူးလား"

လင်းယွမ်က ရယ်မောလိုက်ပြီး "သူ့ရဲ့ အစွမ်းတွေကို ချိတ်ပိတ်ထားတယ် ဆိုပေမဲ့... ခုနက ဓားချက်က တကယ် အသက်ကို ရန်ရှာနိုင်မှာတော့ မဟုတ်ဘူး"

"သူ့ လည်ပင်းက စွမ်းအင်ချိတ်ပိတ်ထားတဲ့ သံကြိုးကို ဖယ်ရှားပေးလိုက်ပြီ... မသေသေးသရွေ့တော့ ဒီလောက် ဒဏ်ရာက သိပ်မကြာခင် ပြန်ကောင်းလာမှာပါ"

လျှိုချင့်ဟုန်က လျင်မြန်စွာဖြင့် "သူ့ကို အသက်ရှင်လျက် ပြန်သွားခိုင်းပြီး ဝူယောင်ပန်းအပေါ် မုန်းတီးသွားအောင် လုပ်လိုက်တာလား"

လင်းယွမ်က လျှိုချင့်ဟုန်ကို တစ်ချက်ကြည့်လိုက်ပြီး "နှမြောစရာပဲ... မုန်ယာကုမ္ပဏီကို ပြန်သွားရင်လည်း ဘာ အကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး... ဒီမိန်းမက ဂျိမ်းစ်ရဲ့ ရည်းစားဟောင်းလေ... သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက သာမန် အထက်အောက် ဆက်ဆံရေးမျိုး မဟုတ်ဘူး"

"သူ ပြန်ရောက်သွားပြီးရင် မုန်ယာကုမ္ပဏီနဲ့ ခိုက်ရီနည်းပညာ ကုမ္ပဏီတို့ကြားမှာ သေချာပေါက် အက်ကြောင်းတွေ ထင်သွားစေလိမ့်မယ်"

လျှိုချင့်ဟုန်က စောစောကတည်းက ကြိုတင် ခန့်မှန်းမိသော်လည်း ယခုလို ပြဿနာ၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရချိန်တွင်မူ ရင်ထဲ၌ ကျောချမ်းသွားရဆဲပင်။

သူမ၏ သခင်သည် တကယ်ကို နည်းဗျူဟာ ကြွယ်ဝလွန်းလှသည်။ ဤကဲ့သို့ ရန်သူကို သွေးခွဲသည့် အကြံအစည်မျိုးကိုပင် အသုံးချနိုင်ခဲ့သည် မဟုတ်ပါလော။

စုန်းမ မော်လီ ယွီကျိုးပြည်နယ်သို့ ပြန်ရောက်သွားပြီးနောက် ဝူယောင်ပန်းကို သေချာပေါက် ပြန်လည် တွက်ချက် ရှင်းလင်းလိမ့်မည်ဟု သူမ ခပ်ဟဟ အာမခံရဲသည်။

ဝူယောင်ပန်းကလည်း လုံးဝ ဝန်ခံမည်မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် နှစ်ဖက် အချေအတင် ဖြစ်လာကြပြီး ပွဲကြည့်ကောင်းတော့မည်မှာ သေချာသည်။

မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ ကုမ္ပဏီတို့ကြားတွင် မူလကတည်းက ပဋိပက္ခများ ရှိနေခဲ့ပြီး ဖြစ်သည်။

ယခင်က ထိုက်ယန်တောင် ခိုလှုံရေးစခန်း ဟူသော ဘုံရန်သူကြောင့်သာ အတိတ်က သဘောထားကွဲလွဲမှုများကို မနည်း ဘေးဖယ်ထားကာ တစ်ကြိမ်တစ်ခါ ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခု လင်းယွမ်၏ ဤကဲ့သို့ ဝင်ရောက်စွက်ဖက်မှုကြောင့် ၎င်းတို့၏ မဟာမိတ်အဖွဲ့မှာ သေချာပေါက် အလိုအလျောက် ပြိုကွဲသွားတော့မည် ဖြစ်သည်။

လျှိုချင့်ဟုန်က အသက်ကို ဝဝရှူသွင်းလိုက်ပြီး ရင်ထဲမှ လှိုက်လှဲစွာ လေးစားလျက် "သခင်က တကယ် ထက်မြက်လွန်းပါတယ်... နည်းနည်း ဝင်ပါလိုက်ရုံနဲ့ တစ်ဖက် မဟာမိတ်အဖွဲ့ကို အလွယ်တကူ ဖြိုခွင်းနိုင်လိုက်တယ်"

"ဒီတစ်ကြိမ် ပြီးသွားရင် ဒီအဖွဲ့အစည်း နှစ်ခုလုံးက ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို အလွယ်တကူ လာမထိပါးရဲတော့ဘူး... ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အန္တရာယ်လည်း ကင်းရှင်းသွားပြီပေါ့"

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောကာ "ထိုက်ယန်တောင်ရဲ့ အန္တရာယ်ကို ရှင်းလင်းရုံသက်သက်ဆိုရင် ဒီလောက်တောင် အချိန်ကုန်ခံပြီး လုပ်နေစရာ ဘယ်လိုမှာလဲ"

လျှိုချင့်ဟုန်မှာ ကြောင်သွားပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"တန်ပြန် တိုက်ခိုက်ဖို့... အစီအစဉ် ရှိနေတာလား"

သူမ ရင်ထဲ၌ အလွန် အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

လင်းယွမ်၏ မျက်ဝန်းများမှာ နက်ရှိုင်းသွားပြီး အနောက်မြောက်ဘက် ယွီကျိုးပြည်နယ် ရှိရာသို့ လှမ်းကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ "သူများတွေက တံခါးလာခေါက်နေမှတော့ ဘာမှ မတုံ့ပြန်ဘဲ နေလို့ ဘယ်ဖြစ်မလဲ"

"သူတို့ လာချင်တိုင်း လာ... သွားချင်တိုင်း သွားလို့ရအောင်... ထိုက်ယန်တောင်က အဲဒီလောက် သဘောကောင်းနေမယ် ထင်လို့လား"

"ဟက်ဟက်... သူတို့ ထပ်လာမယ့်အချိန်ကို စောင့်နေမယ့်အစား ဒီတစ်ကြိမ်မှာပဲ လက်ဦးမှုယူပြီး စတိုက်တာက ပိုကောင်းလိမ့်မယ်"

ဆက်ရန်...

All Chapters