← Chapters

အခန်း ၈၃၃

Vol. 42 Ch. 833

အခန်း ၈၃၃

Vol. 42 Ch. 833

အပိုင်း(၈၃၃) ကျိအန်မြို့ရှိ မုန်ယာ၏ သတင်းအချက်အလက်

"ပြန်တိုက်ခိုက်မယ်"

လျှိုချင့်ဟုန်က ချက်ချင်းပင် ရင်တဒိတ်ဒိတ်ခုန်လာပြီး အလွန်အမင်း ထိတ်လန့်သွား၏။

လင်းယွမ်တွင် ဤကဲ့သို့သော အတွေးမျိုးရှိနေမည်ကို သူမ ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။

သူမ၏ စိတ်ထဲတွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အင်အားက မုန်ယာနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် ကွာဟချက် အတော်လေး ကြီးမားနေဆဲ ဖြစ်သည်။

လင်းယွမ်၏ တစ်ကိုယ်ရည် စွမ်းဆောင်ရည်က အလွန် အားကောင်းသည်မှာ မှန်သော်လည်း ကျင်းရှီရုံ၏ စွမ်းအားကလည်း လင်းယွမ်ထက် လုံးဝ နိမ့်ကျမနေပေ။

ထို့ပြင် မုန်ယာ ဒါရိုက်တာအဖွဲ့ရှိ ဒါရိုက်တာ ဆယ်ဦးစလုံး နီးပါးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များ ဖြစ်ကြပြီး ယေဘုယျအားဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း (၅၀) ရာခိုင်နှုန်း အထက်တွင် ရှိကြသည်။

ထိုက်ယန်တောင်ဘက်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် ပညာရှင် ဘယ်နှစ်ယောက်များ ရှိနေလို့လဲ။

(၅၀) ရာခိုင်နှုန်းအထက် ရောက်ရှိသူ ဘယ်နှစ်ယောက် ရှိသလဲ။

ထို့ကြောင့် လင်းယွမ်က မုန်ယာကို တန်ပြန်တိုက်ခိုက်ရန် စဉ်းစားနေလိမ့်မည်ဟု သူမ တကယ်ကို မျှော်လင့်မထားခဲ့ခြင်း ဖြစ်သည်။

ခဏတာမျှ သူမ အနည်းငယ် စိုးရိမ်ပူပန်သွား၏။

"သခင်... သေချာ စဉ်းစားပါဦး... မုန်ယာရဲ့ စုစုပေါင်းအင်အားက တကယ်တော့ မသေးဘူး... အထူးသဖြင့် ယွီကျိုးပြည်နယ် ပင်မစခန်းမှာဆိုရင် ကျန်းနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာတွေ အားလုံးနီးပါးက သူတို့ရဲ့ နယ်မြေတွေချည်းပဲ"

"အဲဒီမှာ သူတို့ရဲ့ သူလျှိုတွေ ပြည့်နှက်နေတယ်... ဘယ်လို သင်္ဘော ဒါမှမဟုတ် လေယာဉ်မဆို အဲဒီအနီးနား နယ်မြေထဲကို ဝင်ချင်ရင် ကြိုတင် အကြောင်းကြားရတယ်"

လင်းယွမ်က ပြုံး၍ မေးသည်။ "လေထဲကနေရော သူတို့ စောင့်ကြည့်နိုင်လို့လား"

"စောင့်ကြည့်နိုင်တယ်... မုန်ယာက ကျိအန်မြို့ ကောင်းကင်ယံမှာ လေပေါ်ကျွန်း သုံးကျွန်း ရှိတယ်... ကျိအန်မြို့ တစ်မြို့လုံးက သူတို့ရဲ့ စောင့်ကြည့်ရေး နယ်ပယ်ထဲမှာ ရှိနေတာ"

"ယွီကျိုးပြည်နယ်ရဲ့ ဝေဟင်ပိုင်နက်ထဲ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး"

လင်းယွမ်က ပြုံးသည်။ "ယွီကျိုးပြည်နယ်ကို သွားတိုက်မယ်လို့ ဘယ်သူက ပြောလို့လဲ"

"မုန်ယာရဲ့ ဌာနချုပ်က ယွီကျိုးပြည်နယ်မှာ ရှိတယ်... ငါတို့ဆီကနေ မိုင် ၆၂၀ လောက် ဝေးတယ်... ငါက နယ်မြေတချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ရင်တောင် အမြဲတမ်း ခြေကုပ်ယူထားနိုင်ပါ့မလား"

လျှိုချင့်ဟုန်က အံ့သြစွာဖြင့် ခေါင်းမော့ကြည့်သည်။ "ဒါဆို သခင့် သဘောက"

လင်းယွမ်က ခေါင်းခါယမ်း၍ ပြောသည်။ "မုန်ယာက ငါတို့ရဲ့ လေပေါ်ကျွန်းကို လာတိုက်ရဲမှတော့... ငါလည်း သူတို့နယ်မြေထဲက လေပေါ်ကျွန်းတွေကို ဝင်တိုက်နိုင်တာပေါ့"

"ခုနက မင်းပဲ ပြောတာ မဟုတ်ဘူးလား... ကျိအန်မြို့မှာ မုန်ယာ သိမ်းပိုက်ထားတဲ့ လေပေါ်ကျွန်း သုံးကျွန်း ရှိတယ်လို့"

"ဒီလေပေါ်ကျွန်း သုံးကျွန်းကိုပဲ အရင်သိမ်းကြတာပေါ့... အတော်ပဲ... ဒီကျွန်းသုံးကျွန်းက ကျိအန်မြို့မှာ ရှိနေတာဆိုတော့ ငါတို့နဲ့လည်း နီးတယ်လေ"

"သိမ်းပိုက်ပြီးသွားရင် အဲဒီနေရာက ငါတို့ရဲ့ ရှေ့တန်း ကာကွယ်ရေးစခန်း ဖြစ်လာလိမ့်မယ်... နောင်တချိန် မုန်ယာပဲဖြစ်ဖြစ် ခိုက်ရီနည်းပညာပဲဖြစ်ဖြစ် ငါတို့ကို လာတိုက်ဖို့ ကြိုးစားရင်တောင် ဒီကာကွယ်ရေးစခန်းကို အရင်ဖြတ်ကျော်ရလိမ့်မယ်"

လျှိုချင့်ဟုန်က ယခုမှ သဘောပေါက်သွား၏။

သူမက အလျင်အမြန် ပြောသည်။ "သခင်က ကြိုတင် ကြံစည်ထားပြီးသား ကိုး... ကျွန်မကသာ အပိုတွေ တွေးပူနေမိတာပါ... သခင်... ကျိအန်မြို့က လေပေါ်ကျွန်း သုံးကျွန်းကို တိုက်မယ်ဆိုရင် ကျွန်မ အကူအညီ ပေးနိုင်လောက်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူမအား ကြည့်ကာ မေးသည်။ "ဟမ်... မင်းက ကျိအန်မြို့ဘက်က အခြေအနေကို သိလို့လား"

လျှိုချင့်ဟုန်က ပြုံးလျက် ဆိုသည်။ "ကျွန်မက ကျိအန်မြို့ဘက်ကနေ လာတာလေ... သခင့်ကို ဖုံးကွယ်မထားပါဘူး... ကျိအန်မြို့ဘက်က လေပေါ်ကျွန်း သုံးကျွန်းကို တကယ်တော့ မုန်ယာရဲ့ ဒါရိုက်တာ နှစ်ယောက်က ကြီးကြပ်ကွပ်ကဲနေတာ"

"အဲဒီ ဒါရိုက်တာ နှစ်ယောက်ထဲက တစ်ယောက်နဲ့ ကျွန်မက ဆက်ဆံရေး အတော်လေး ကောင်းတယ်... ကျွန်မ သူမကို ဆက်သွယ်ပြီး အပြင်ထွက်လာအောင် လှည့်စားလို့ ရမရ စမ်းကြည့်လို့ ရတယ်... အဲဒီအချိန်ကျရင် သခင် ကိုယ်တိုင် ဝင်ပါလိုက်ရင် သွေးထွက်သံယိုမရှိဘဲ လေပေါ်ကျွန်း တစ်ကျွန်းကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောသည်။ "ဟားဟားဟား... ကောင်းတယ်... လျှိုချင့်ဟုန်... ဒီကိစ္စသာ အောင်မြင်သွားရင် မင်းက ငါ့ကိုအများကြီးအကျိုးပြုလိုက်တာပဲ... နောင်တချိန် ကျိအန်မြို့က လေပေါ်ကျွန်းတွေထဲကနေ မင်း တစ်ကျွန်းကို စိတ်ကြိုက်ရွေးပြီး မင်းရဲ့ ဝိညာဉ်ထိန်းချုပ်ရေး ကျင့်စဉ်ကို ပြန်လေ့ကျင့်နိုင်တယ်"

လျှိုချင့်ဟုန်က ထိုစကားကို ကြားသောအခါ ရင်ထဲ၌ အလွန်အမင်း ဝမ်းသာသွား၏။

သူမ၏ မူလ လေပေါ်ကျွန်းငယ်လေးက ဝိညာဉ်ထိန်းချုပ်ရေးအတွက် အသုံးပြုရန် ဖန်တီးခံခဲ့ရသော်လည်း အတွင်းပိုင်းရှိ သွေးသလင်းကျောက် အရင်းအမြစ်များ အများစု ကုန်ဆုံးသွားပြီ ဖြစ်ရာ တကယ်တော့ သူမကလည်း လေပေါ်ကျွန်း အသစ်တစ်ခု လဲလှယ်ရန် စောစောကတည်းက စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

သို့သော် လေပေါ်ကျွန်း အရေအတွက်မှာ ကန့်သတ်ချက် ရှိနေပြီး ကျွန်းတိုင်းလိုလိုတွင် ပိုင်ရှင် အသီးသီး ရှိနေကြသည်။

သူမအနေဖြင့် လေပေါ်ကျွန်း အသစ်တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရန်ဆိုသည်မှာ အလွယ်တကူ ဖြစ်နိုင်မည် မဟုတ်ပေ။

ယခုအခါ လင်းယွမ်ထံမှ ဤကဲ့သို့သော ကတိစကားကို ရရှိလိုက်သဖြင့် ရင်ထဲတွင် အလွန် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ဆိုသည်။ "သခင် စိတ်ချပါ... လီရုံဟန်ကိုသာ မသိမ်းသွင်းနိုင်ရင် ကျွန်မရဲ့ ခေါင်းကို ဖြတ်ပြီး သခင့်ဆီ လာခဲ့မယ်"

"လီရုံဟန်"

"ဟုတ်တယ်... ကျွန်မနဲ့ ဆက်ဆံရေးကောင်းတဲ့ သူငယ်ချင်းနာမည်က လီရုံဟန် လို့ခေါ်တယ်... သူက ကပ်ဘေးမတိုင်ခင်ကတည်းက ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖြစ်ခဲ့တာ"

"ကပ်ဘေးအပြီး ကျွန်မတို့ ပြန်တွေ့ကြတဲ့အချိန်မှာ နှစ်ယောက်စလုံး ကျင်းရှီရုံရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး"

ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်း အကြောင်းကို ပြောရမည်ဆိုပါက သူမ၏ မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးသွား၏။

လင်းယွမ်က သူမ၏ ခံစားချက်ကို ရိပ်မိသွားပုံရပြီး မေးသည်။ "ဘာလဲ... မင်းနဲ့ သူ့ကြားမှာ တခြား ပြဿနာတွေ ရှိနေသေးလို့လား"

လျှိုချင့်ဟုန်က သက်ပြင်းတစ်ချက်ချကာ ဆိုသည်။ "ပြောရမယ်ဆိုရင် ကျွန်မရဲ့ ဒီနာမည်ကိုတောင် သူက ပေးခဲ့တာ"

"ကပ်ဘေးမတိုင်ခင်က လီရုံဟန်က မိသားစု အခြေအနေ သိပ်မကောင်းတဲ့ ကောင်မလေး တစ်ယောက်ပံ... ကျွန်မနဲ့အတူတူ ဟိုင်တိလောင် စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ကြတာ"

"ဒါပေမဲ့ ကျွန်မက တကယ့်ကို အချိန်ပြည့် အလုပ်လုပ်တာ... သူကတော့ တက္ကသိုလ်ကျောင်းသူ အနေနဲ့ အချိန်ပိုင်း လာလုပ်တာလေ"

"နွေရာသီ ကျောင်းပိတ်ရက် တစ်လျှောက်လုံး အားလုံးနဲ့ အဆင်ပြေပြေ နေခဲ့ကြတယ်... ဒီကောင်မလေးက အရမ်းလှသလို အရမ်းလည်း ကြိုးစားတယ်... ပညာရေးမှာလည်း ထူးချွန်တယ်လို့ ကြားတယ်... မိသားစုက ဆင်းရဲတော့ သူကိုယ်တိုင် နေထိုင်စရိတ်အတွက် ထွက်အလုပ်လုပ်နေရတာ"

"ကပ်ဘေးကျရောက်လာတဲ့ အချိန်မှာ သူက ကျောင်းပိတ်ရက်နဲ့ အတော်ပဲ တိုးသွားတယ်ထင်တယ်... ဘယ်လိုနည်းနဲ့ ဒီနေ့လိုမျိုး အစွမ်းထက်လာအောင် ရုန်းကန်ခဲ့ရလဲ ဆိုတာတော့ မသိဘူး"

"ကျွန်မ သူနဲ့ ပြန်တွေ့တဲ့ အချိန်မှာတော့ သူက လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ... လုပ်ရပ်တွေက ရက်စက်ကြမ်းကြုတ်ရုံသာမက လုပ်ကိုင်ပုံတွေကလည်း အလွန် အေးစက်ပြီး ကရုဏာကင်းမဲ့နေတယ်"

"ကျွန်မ နောက်ပိုင်း စုံစမ်းကြည့်တော့မှ သိရတာက... ရေကြီးမှုကြီး စတင်ပြီး သိပ်မကြာခင်မှာပဲ သူက တစ်ရွာထဲသား လူမိုက်တွေရဲ့ အဲဒီလိုမျိုး လုပ်တာကို ခံခဲ့ရတယ်တဲ့"

"အဲဒါကြောင့်ပဲ သူက အမျိုးသမီးတွေကို အတင်းအဓမ္မ စော်ကားဖူးတဲ့ အမျိုးသားတချို့ကို အခုချိန်မှာ အရမ်း မုန်းတီးနေတာ"

လျှိုချင့်ဟုန်က ဤနေရာအရောက်တွင် မနေနိုင်ဘဲ သက်ပြင်းချမိသည်။

လင်းယွမ်၏ စိတ်အာရုံထဲတွင်လည်း ထိုမြင်ကွင်းက ချက်ချင်း ပေါ်လာ၏။

ယေဘုယျအားဖြင့် ပညာရေးတွင် ထူးချွန်ပြီး ရုပ်ရည်လှပကာ စိတ်သဘောထား ဖြူစင်သော တက္ကသိုလ်ကျောင်းသူလေး တစ်ဦးသည် ကပ်ဘေးအပြီးတွင် လူယုတ်မာအချို့၏ အနိုင်ကျင့် ဗိုလ်ကျမှုကို ခံခဲ့ရပြီး နောက်ဆုံး မုန်ယာဘက်သို့ ရောက်ရှိလာချိန်တွင် ကျင်းရှီရုံ၏ မျက်စိကျခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေမည်။

ထို့နောက် ထိုအမျိုးသမီးက အကြောင်းသင့်စွာဖြင့် အရင်းအမြစ်အချို့ကို ရရှိသွားပြီး ယခုလို အခြေအနေမျိုးအထိ အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤ လီရုံဟန်က လန်ယွဲ့ဟွာ လောက်တော့ အစွန်းရောက်သွားပုံ မရပေ။

လီရုံဟန်က အမျိုးသား အားလုံးကို မုန်းတီးနေခြင်း မဟုတ်ဘဲ အမျိုးသား တစ်စိတ်တစ်ပိုင်းကိုသာ ရန်သူလို သဘောထားခြင်း ဖြစ်သည်။

လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်ကာ မေးသည်။ "မင်းပြောပုံအရဆိုရင် သူက ကျင်းရှီရုံကို အရမ်း မုန်းတီးနေသင့်တာ မဟုတ်ဘူးလား"

လျှိုချင့်ဟုန်က ထိုစကားကို ကြားသောအခါ အနည်းငယ် တွေဝေသွား၏။

လင်းယွမ်က အံ့သြသွားသည်။ "ဘာလဲ... အဲဒီလို မဟုတ်လို့လား"

လျှိုချင့်ဟုန်က ခေါင်းခါယမ်းလျက် ဆိုသည်။ "သူက ကျင်းရှီရုံကို အရမ်း ချစ်နေပုံပဲ"

"ဘယ်လို"

လင်းယွမ် ကြောင်အမ်းသွား၏။ ဤအချက်က သူ မှန်းထားသည်နှင့် သိသိသာသာကို ကွာခြားနေသည်။

လျှိုချင့်ဟုန်က ပြောသည်။ "သေချာ ပြောရမယ်ဆိုရင် သူ့ကို ကျင်းရှီရုံက ငရဲတွင်းထဲကနေ ကယ်တင်ခဲ့တာ... ကျင်းရှီရုံသာ မရှိခဲ့ရင် သူက အခုချိန်ထိ ကပ်ဘေးရဲ့ အောက်ခြေအကျဆုံး သနားစရာ မိန်းမတွေလို သူများ ကစားတာကို ခံနေရတုန်းပဲ ဖြစ်မှာ"

"သူ့ကို လုံခြုံမှုပေးခဲ့တာက ကျင်းရှီရုံပါ... အဲဒါကပဲ သူ့ကို တစ်လျှောက်လုံး အောင်မြင်မှုတွေ ရရှိစေခဲ့ပြီး အခုလို ပန်းတစ်ရာကျွန်းရဲ့ ကျွန်းသခင်မ ဖြစ်လာအောင် ကြီးထွားစေခဲ့တာ"

"သူက ဘယ်လို စိတ်ပိုင်းဆိုင်ရာ ဖြတ်သန်းမှုတွေကြောင့် ကျင်းရှီရုံကို ချစ်သွားလဲဆိုတာ ကျွန်မ မသိပေမယ့်... သူက ကျင်းရှီရုံကို တကယ်ကို ချစ်နေတယ်ဆိုတာ ကျွန်မ အသေအချာ ပြောရဲတယ်"

"ဒါကြောင့် သခင်... ကျွန်မ သူမကို အပြင်ထွက်လာအောင် လှည့်စားနိုင်ပေမယ့် ကျင်းရှီရုံကို သစ္စာဖောက်ဖို့ ဖျောင်းဖျဖို့ဆိုတာကတော့ နည်းနည်း ခက်လိမ့်မယ်"

လျှိုချင့်ဟုန်က သတိပေးသည်။

သူမက လင်းယွမ်အနေဖြင့် သူမအား လီရုံဟန်ကို ဖျောင်းဖျခိုင်းမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။ ထိုကိစ္စအတွက် သူမတွင် ဘာယုံကြည်ချက်မှ မရှိပေ။

လင်းယွမ်က ထိုစကားကို ကြားသောအခါ ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး ပြောသည်။ "ကိစ္စမရှိဘူး... သူနဲ့ ကျင်းရှီရုံ ဘယ်လို ပတ်သက်နေနေ ငါ ဂရုမစိုက်ဘူး"

"မင်း သူ့ကို အပြင်ရောက်လာအောင် ခေါ်ထုတ်လာနိုင်ရင် ရပြီ... သူ ငါ့ကို အညံ့ခံလာအောင် လုပ်ဖို့ ငါ့မှာ ကိုယ်ပိုင် နည်းလမ်းရှိတယ်"

လျှိုချင့်ဟုန်က ထိုစကားကို ကြားမှသာ မိမိ၏ သခင်ဖြစ်သူ၌ ထူးခြားဆန်းကြယ်သော နည်းလမ်းများ ရှိနေကြောင်းကို သတိရသွားတော့သည်။ သူမကိုယ်တိုင်လည်း ဤနည်းဖြင့်ပင် သူ၏ ကျွန်ဖြစ်လာခဲ့သည် မဟုတ်ပါလော။

ချက်ချင်းပင် သူမက အလျင်အမြန် ခေါင်းညိတ်ကာ ပြုံးလျက် ဆိုသည်။ "သခင်က ဉာဏ်အမြော်အမြင် ကြီးမားလှပါတယ်... ဒီကိစ္စကို ကျွန်မဆီသာ လွှဲထားလိုက်ပါ"

"မလောပါနဲ့... ဒီရက်ပိုင်းအတွင်း ခိုလှုံရေးစခန်းကို ပြန်လည် စည်းရုံးပြင်ဆင်ဖို့ လိုသေးတယ်... ဖမ်းမိထားတဲ့ သုံ့ပန်းတွေကိုလည်း သိမ်းသွင်းပြီး စိတ်သက်သာရာရအောင် လုပ်ပေးရဦးမယ်"

"ဒါ့အပြင် မုန်ယာနဲ့ ခိုက်ရီနည်းပညာကုမ္ပဏီ ကြားက မဟာမိတ်အဖွဲ့ ပြိုကွဲသွားတဲ့ အချိန်အထိလည်း စောင့်ရဦးမယ်"

လျှိုချင့်ဟုန်က အလျင်အမြန် မေးသည်။ "ကျွန်မ သူလျှိုတချို့ လွှတ်ပြီး သတင်းပြန်စုံစမ်းခိုင်းဖို့ လိုဦးမလား"

လင်းယွမ် အနည်းငယ် စဉ်းစားကြည့်သည်။ လျှိုချင့်ဟုန်၏ လက်အောက်ငယ်သားများက မုန်ယာဘက်မှ လာသူများချည်း ဖြစ်ရာ ဟိုဘက် ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်ပြီး သိကျွမ်းသူများလည်း ပိုများသည်။ သူမ၏ လူများကို စုံစမ်းခိုင်းခြင်းက အမှန်တကယ်ပင် အကြံကောင်း တစ်ခု ဖြစ်ပေသည်။

လင်းယွမ်က စဉ်းစားပြီးနောက် မေးသည်။ "မင်းရဲ့ လူတွေက ယုံကြည်ရပါ့မလား"

မည်သို့ပင်ဆိုစေကာမူ လျှိုချင့်ဟုန်သည် လင်းယွမ် မဟုတ်ပေ။ သူမအနေဖြင့် လက်အောက်ငယ်သားများအပေါ် လုံးဝ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိမရှိဆိုသည်ကို လင်းယွမ် သေချာ မသိနိုင်ပေ။

လျှိုချင့်ဟုန်က တွေးတောပြီးနောက် ပြောသည်။ "ကျွန်မက သွေးသားတော်စပ်တဲ့ ဆွေမျိုးရင်းချာတွေ ရှိတဲ့သူ တချို့ကို အတတ်နိုင်ဆုံး ရွေးချယ်ပြီး... သူတို့ရဲ့ မိသားစုဝင်တွေကို အနားမှာ ခေါ်ထားလိုက်မယ်... ပြီးမှ သူတို့ကို လျှို့ဝှက်သူလျှိုအဖြစ် သွားခိုင်းလိုက်ရင် သူတို့ သစ္စာဖောက်မယ့် အန္တရာယ်ကို လျှော့ချနိုင်ပါလိမ့်မယ်"

လင်းယွမ်က စဉ်းစားပြီးနောက် ခေါင်းခါယမ်းလျက် ဆိုသည်။ "သူတို့ကို အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ခိုင်းရမှာပဲလေ... ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်မနေပါနဲ့တော့"

"ဒီလိုလုပ်... မင်းက သင့်တော်မယ့်သူတွေကို သွားရွေးလိုက်... လူရွေးပြီးသွားရင် သူတို့ကို ငါ့ဆီ ခေါ်လာခဲ့... သူတို့ စကားနားထောင်လာအောင် လုပ်ဖို့ ငါ့မှာ ကိုယ်ပိုင် နည်းလမ်းရှိတယ်"

လျှိုချင့်ဟုန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

လင်းယွမ်၏ နည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းသည်။ တစ်ယောက်ကို ကပ်ပါးမျိုးစေ့ တစ်စေ့စီ ထည့်ပေးလိုက်ရုံဖြင့် ရပြီ ဖြစ်သည်။

ကပ်ပါးမျိုးစေ့က အခြားသူများ၏ ဖျက်ဆီးခြင်းကို ခံရဖူးသည့် အစဉ်အလာ ရှိခဲ့ဖူးသည် ဆိုသော်ငြားလည်း။

ယခင်က လန်ယွဲ့ဟွာ၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးမျိုးစေ့မှာ ချန်ယွင်တောက် ၏ ရေခဲစွမ်းအင်ဖြင့် အသက်ဓာတ်ကို တိုက်ရိုက် အေးခဲစေခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ကပ်ပါးမျိုးစေ့က ရှင်သန်နိုင်စွမ်း ဆုံးရှုံးသွားပြီး ဆက်လက် မကြီးထွားနိုင်တော့ဘဲ လက်ခံသူ၏ အသက်ဓာတ်ကို မစုပ်ယူနိုင်တော့သဖြင့် လန်ယွဲ့ဟွာကို အခွင့်အရေး ရသွားစေခဲ့ခြင်း ဖြစ်သည်။

လျှိုချင့်ဟုန်၏ ပြောစကားအရဆိုလျှင် ဤ ကျင်းရှီရုံတွင်လည်း ထိုနည်းတူ ရေခဲစွမ်းအင် ရှိနေရာ ကပ်ပါးမျိုးစေ့ကို အေးခဲသွားစေနိုင်သည့် စွမ်းရည်မျိုး ရှိကောင်း ရှိနိုင်ပေသည်။

သို့သော် လင်းယွမ်က ထိုအချက်ကို ဂရုမစိုက်ပေ။ ဤသူလျှိုများကို စေလွှတ်ခြင်းက သတင်းအချက်အလက် စုံစမ်းရန် သက်သက်သာ ဖြစ်ပြီး မိမိ၏ ရည်မှန်းချက်ကို ပေါက်ကြားသွားစေမည် မဟုတ်ပေ။

ယခုအချိန်တွင် ဘယ်ခိုလှုံရေးစခန်း၌ ရန်သူ့သူလျှို တချို့လောက်မှ မရှိဘဲ နေမည်နည်း။

ကပ်ဘေးမတိုင်ခင်က နည်းပညာတွေ ထိုမျှအထိ တိုးတက်နေသည့် အခြေအနေမျိုး၌ပင် နိုင်ငံအသီးသီးတွင် သူလျှိုလှုပ်ရှားမှု အမျိုးမျိုး ရှိနေခဲ့သေးသည် မဟုတ်ပါလော။

"ဒီ လီရုံဟန်က လေပေါ်ကျွန်း တစ်ကျွန်းကို သိမ်းပိုက်ထားတယ်ဆိုရင် နောက်ထပ် လေပေါ်ကျွန်း နှစ်ကျွန်းကရော ဘယ်သူတွေရဲ့ ဟာလဲ" ဟု လင်းယွမ်က မေးလိုက်သည်။

လျှိုချင့်ဟုန်က ပြောသည်။ "နောက်ထပ် လေပေါ်ကျွန်း နှစ်ကျွန်းလုံးကို မိုးကြိုးနတ်မင်းက ထိန်းချုပ်ထားတာ... သူကလည်း မုန်ယာရဲ့ ဒါရိုက်တာ ဆယ်ဦးထဲက တစ်ယောက်ပဲ... သူ့ရဲ့ အစွမ်းက မိုးကြိုးလျှပ်စီး အစွမ်းဖြစ်တယ်"

"ဒီလူရဲ့ စွမ်းဆောင်ရည်က ဘယ်လိုနေလဲ"

"အရမ်း မြင့်တယ်"

"ဘယ်လောက်တောင် မြင့်လို့လဲ"

"အင်း... ကျွန်မထက်တော့ အစွမ်းထက်တယ်"

လျှိုချင့်ဟုန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။ "မိုးကြိုးနတ်မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က (၆၀) ရာခိုင်နှုန်း အထက်ကို ရောက်နေပြီ... တိတိကျကျ ဘယ်လောက်လဲဆိုတာတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ ကျွန်မအထက်မှာ ရှိနေနိုင်တယ်"

"တကယ်တော့ မုန်ယာ အတွင်းမှာ ကျွန်မတို့လို ဒါရိုက်တာတွေကို အဆင့်သတ်မှတ်ပေးထားတယ်... အားလုံးက အပြင်ကနေ ကျွန်မတို့ရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေး မှတ်တမ်းတွေအပေါ် အခြေခံပြီး ခန့်မှန်းထားတာ ဖြစ်ပေမယ့် တကယ်တမ်းကျတော့ အမှန်တရားနဲ့ သိပ်မကွာပါဘူး"

"မိုးကြိုးနတ်မင်းရဲ့ အစွမ်းက မိုးကြိုးလျှပ်စီးကို အဓိကထားတယ်... အလွန်ပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းရည် ရှိရုံသာမကဘဲ သူ့ရဲ့ အလျင်ကလည်း လျှပ်စီးရဲ့ သဘာဝကို ပေါင်းစပ်ထားတော့ အသွားအလာက လျှပ်စီးလိုပဲ မြန်တယ်"

"ဒါရိုက်တာ ဆယ်ဦးရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ သူက ထိပ်ဆုံး သုံးယောက်စာရင်းထဲ ဝင်နိုင်တယ်"

လင်းယွမ်က သိချင်စိတ်ဖြင့် မေးသည်။ "ဒါဆို မင်းကရော... မုန်ယာရဲ့ ဒါရိုက်တာ ဆယ်ဦးထဲမှာ အဆင့်ဘယ်လောက် ရလဲ"

လျှိုချင့်ဟုန်က ချက်ချင်းပင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြောသည်။ "သူတို့က ကျွန်မကို အဆင့် ကိုး မှာ ထားတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး မေးသည်။ "ဒါဆို ဝူယောင်ပန်း ကရော"

"အဆင့် ငါး ပါ"

လင်းယွမ်က ချက်ချင်း အံ့သြသွားသည်။ "ဝူယောင်ပန်းက အဆင့် ငါး အထိ ရောက်နိုင်တယ်ပေါ့"

လျှိုချင့်ဟုန်က မတတ်သာသည့်ဟန်ဖြင့် ဆိုသည်။ "ဝူယောင်ပန်းရဲ့ ကိုယ်ပွား အစွမ်းက အရမ်း ထူးခြားတယ်လေ... မူလကိုယ်ခန္ဓာက အပြင်ထွက်မလာသရွေ့ ဘယ်သူမှ သူ့ရဲ့ အားနည်းချက်ကို ရှာမတွေ့နိုင်ဘူး... သူက သေမျိုးမဟုတ်တဲ့ ခန္ဓာကိုယ်လို့တောင် ပြောလို့ရတယ်"

"ဒါ့အပြင် သူ့ရဲ့ ကိုယ်ပွားက တခြား ကိုယ်ပွားတွေဆီကနေ ခွန်အားတွေ... ခန္ဓာကိုယ်ကြံ့ခိုင်မှု စတဲ့ အရည်အသွေးတွေကိုပါ ငှားရမ်းသုံးစွဲနိုင်ပြီး အံ့သြစရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်သေးတယ်"

"အဲဒီအပြင် ဒီကောင်က အစောပိုင်းတုန်းက ရန်သူကို သတ်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် အသေခံ တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ အမြဲ လုပ်လေ့ရှိတယ်... သေမတတ် ကြမ်းတမ်းလွန်းလို့ သူ့ရဲ့ အဆင့်က သေချာပေါက် မြင့်နေရမှာပေါ့"

"တကယ်တော့ ကျွန်မ အမြင်အရ ဒီအဆင့်သတ်မှတ်ချက်က သူ့ကို လျှော့တွက်ထားသေးတယ်လို့ ခံစားရတယ်"

"ဘာလို့လဲဆိုတော့ အခုအချိန်အထိ သူ့ရဲ့ မူလခန္ဓာကိုယ်က ဘယ်မှာရှိလဲဆိုတာ ကျွန်မတို့ မသိကြသေးဘူးလေ... သူ အပြင်ထွက်လာတာတွေ အားလုံးက သူ့ရဲ့ ကိုယ်ပွားတွေချည်းပဲ"

"သူ့ကိုယ်ပွားတွေရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်တွေကတောင် (၆၀) ရာခိုင်နှုန်း အထက်ကို ရောက်နေပြီဆိုတော့... သူ့ရဲ့ မူလခန္ဓာကိုယ်က သေချာပေါက် ပိုမြင့်ရင်မြင့်မယ်... နိမ့်တော့ မနိမ့်နိုင်ဘူး"

"အဓိက အချက်က အရင်တုန်းကလို ကိုယ်ပွားမျိုးတွေ သူ့မှာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး"

"ဒါကြောင့် ကျွန်မသာ ပြောရရင် တကယ်တမ်း စွမ်းဆောင်ရည်အရဆိုရင် သူ့ရဲ့ အဆင့်က တကယ်တော့ အဆင့် ငါး ထက် ပိုသင့်တယ်"

ဆက်ရန်...

All Chapters