← Chapters

အခန်း ၈၃၈

Vol. 42 Ch. 838

အခန်း ၈၃၈

Vol. 42 Ch. 838

အပိုင်း (၈၃၈) ဝူယောင်ပန်း၏ ပင်မခန္ဓာကိုယ်

"ဒိုင်း"

တိတ်ဆိတ်နေသော လျှို့ဝှက်ခန်းထဲတွင် ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ "ထွက်သွား... ထွက်သွားစမ်း"

ထိုအသံပိုင်ရှင်မှာ နာကျင်စွာဖြင့် အော်ဟစ်နေခြင်း ဖြစ်သည်။

အချိန်ခဏအကြာတွင် အခြားအသံတစ်သံ ထွက်ပေါ်လာပြန်သည်။ "ဟားဟား... ငါက မင်းပဲ... မင်းကလည်း ငါပဲလေ... ငါ့ကို ထွက်သွားခိုင်းနေတာလား"

ဤအသံသည် စောစောက ဟိန်းဟောက်သံနှင့် တစ်ထပ်တည်းတူညီနေပြီး ပုံတူကူးချထားသည့်အလား... သို့မဟုတ် လူတစ်ယောက်တည်းက ဇာတ်ကောင်နှစ်ခုခွဲကာ စကားပြောနေသည့်အလား ထင်မှတ်ရသည်။

"ဟားဟားဟား... မထင်ထားဘူး... တကယ်ကို မထင်ထားမိဘူး... ဒီလင်းယွမ်ဆိုတဲ့ကောင်က ဒီလိုအကွက်မျိုး ရှိနေသေးတာပဲ... ငါ့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစကိုတောင် လှည့်စားသွားနိုင်တယ်"

"ဒီလောက် သေးမွှားတဲ့ စိတ်ဝိညာဉ်အပိုင်းအစလေးကို ငါ မလိုချင်ရင် ဖျက်စီးလိုက်လို့ရတာပဲ"

နောက်ထပ် အသံတစ်သံက တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာသည်။ "ငါ့ကို ဖျက်ဆီးလိုက်ရင် မင်းရဲ့ စိတ်ဝိညာဉ်က ပြည့်စုံတော့မှာ မဟုတ်ဘူး... မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းလည်း ကျဆင်းသွားလိမ့်မယ်... မင်း တကယ် ရက်စက်နိုင်လို့လား"

"ဟားဟား... ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်း ၈၀% အထိ ဒီလောက်မြန်မြန် ရောက်လာနိုင်ခဲ့တာ... မင်းလို စိတ်ဝိညာဉ်အပိုင်းအစလေး တစ်ခုကို ဆုံးရှုံးသွားရင်တောင် အချိန်နည်းနည်းလောက်ပဲ နောက်ကျသွားမှာပါ... ဖြည်းဖြည်းချင်း ပြန်ဖြည့်တင်းယူလို့ ရပါတယ်"

"ထွက်သွားလိုက်တော့"

"ဖောင်း"

လေပူဖောင်း ပေါက်ကွဲသွားသည့်အလား အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လျှို့ဝှက်ခန်းထဲတွင် ပြန်လည် တိတ်ဆိတ်သွားလေသည်။

အချိန်ခဏအကြာတွင် လျှို့ဝှက်ခန်းထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုသူမှာ ဝူယောင်ပန်း ပင်ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင် ဝူယောင်ပန်း၏ နဖူး၌ ချွေးစေးများ ပြန်နေပြီး မျက်နှာမှာလည်း ဖြူရော်နေသည်။

သူ၏ အသက်ရှူသံများက ပြင်းထန်နေပြီး မျက်ဝန်းထဲတွင်မူ အမုန်းတရားများနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

"တော်လိုက်တဲ့ ထိုက်ယန်တောင် သခင်... တော်လိုက်တဲ့ လင်းယွမ်"

"မင်းမှာ စိတ်ဝိညာဉ်အပိုင်းအစကို တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ သန္ဓေပြောင်းအစွမ်းမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ငါ မင်းကို အထင်သေးမိသွားတယ်"

"မင်းရဲ့ ထောင်ချောက်ထဲကို တကယ်ကျသွားတော့မလို့ပဲ"

ဝူယောင်ပန်းက တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် နောက်ကျမှ ဝင်ရောက်လာသော ကြောက်ရွံ့မှုများ စွန်းထင်းနေသည်။

စောစောကမှ ထိုက်ယန်တောင်တွင် သေဆုံးသွားခဲ့သော သူ၏ ကိုယ်ပွားထံမှ စိတ်ဝိညာဉ်အပိုင်းအစကို သူ ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထိုက်ယန်တောင်၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သူ အလွန် သိချင်နေခဲ့သဖြင့် ထိုစိတ်ဝိညာဉ်အပိုင်းအစကို ချက်ချင်း စုပ်ယူကာ မှတ်ဉာဏ်များကို ဆက်ခံရန် ရည်ရွယ်ခဲ့သည်။

သို့သော် ထိုစိတ်ဝိညာဉ်အပိုင်းအစနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။

ထိုစိတ်ဝိညာဉ်အပိုင်းအစထဲတွင် အခြားသူတစ်ယောက်၏ စိတ်ဆန္ဒများ ကိန်းအောင်းနေခြင်းပင် ဖြစ်သည်။

ထိုအရာကို တွေ့ရှိလိုက်ရခြင်းက သူ့ကို ချက်ချင်း ချွေးစေးများ ပြန်သွားစေသည်။

သူ၏ စိတ်ဝိညာဉ်အပိုင်းအစကို အသုံးပြုကာ သူ၏ ပင်မခန္ဓာကိုယ်ဆီသို့ ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားခဲ့ဖူးပေ။

ထိုခဏတွင်ပင် ထိုစိတ်ဝိညာဉ်အပိုင်းအစနှင့် ပေါင်းစည်းခြင်းကို သူ ချက်ချင်း ရပ်တန့်လိုက်သည်။

သို့သော် ပေါင်းစည်းမှုက စတင်နေပြီဖြစ်ရာ နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့ပေ။

၎င်းသည် ရေကြည်များ အပြည့်ထည့်ထားသော ဖန်ခွက်ထဲသို့ မှင်တစ်စက် ကျသွားသကဲ့သို့ပင်။

ပျံ့နှံ့သွားသော ထိုမှင်စက်ကို ပြန်လည်စုဆောင်းရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပါချေ။

ထို့ကြောင့် အရေးကြီးသော အချိန်တွင် ဝူယောင်ပန်းသည်လည်း သူ၏ ထူးခြားသော ဆုံးဖြတ်နိုင်စွမ်းကို ပြသလိုက်သည်။

သူသည် ဘာမှထပ်မတွေးတော့ဘဲ ထိုစိတ်ဝိညာဉ်အပိုင်းအစ အနီးတစ်ဝိုက်ရှိ စိတ်ဝိညာဉ်များအားလုံးကို ဖြတ်တောက်လိုက်ကာ ကိုယ်ပွားအသစ်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်လေသည်။

ထို့ကြောင့်ပင် စောစောက သူ၏ ကိုယ်ပွားနှင့် ပင်မခန္ဓာကိုယ်တို့ကြားမှ အပြန်အလှန် စကားပြောဆိုမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ထိုကိုယ်ပွားကို သတ်ဖြတ်ရန် ရွေးချယ်ခဲ့ပြီး ထိုစိတ်ဝိညာဉ်အပိုင်းအစကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။

သို့သော် ထိုသို့ လုပ်လိုက်ခြင်းကြောင့် သူ၏ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားရလေသည်။

သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းမှာလည်း ၈၀% မှ ၇၀% သို့ ချက်ချင်း ထိုးကျသွားခဲ့၏။

၁၀% တိတိ ကျဆင်းသွားခြင်းက သူ သုံးလတိုင်တိုင် ကြိုးစားအားထုတ်ခဲ့ရသည့် ကျင့်ကြံမှုများကို အလဟဿ ဖြစ်သွားစေခဲ့သည်။

သူက သာမန် အစွမ်းပိုင်ရှင်များနှင့် မတူပေ။

သူ၏ ကိုယ်ပွားအစွမ်းက သူ့အား ကြီးမားလှသော အမှားခံနိုင်စွမ်းကို ပေးစွမ်းထားသည်။

အခြားသူများက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရာတွင် အလွန် သတိထားကြရသည်။

သို့သော် သူက ထိုသို့လုပ်ရန် မလိုအပ်ပေ... သူက ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး ထိုကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်ကို အရင်စမ်းသပ်ခိုင်းနိုင်သည်။

အကယ်၍ ပြန်လည်ဖွဲ့စည်းမှုတွင် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ထိုကိုယ်ပွားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး ကိုယ်ပွားအသစ် တစ်ခုထပ်မံ ဖန်တီးကာ ဆက်လက် စမ်းသပ်နိုင်သည်။

ဤနည်းအားဖြင့် မှန်ကန်သော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု နည်းလမ်းကို သူ အမြဲတမ်း ရှာတွေ့နိုင်ခဲ့သည်။

ဤသို့ ထပ်ခါတလဲလဲ ပြုလုပ်ခြင်းဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းသည့် လမ်းကြောင်းပေါ်တွင် သူ့အတွက် မည်သည့် အန္တရာယ်မှ မရှိသလောက်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် သူက ဤမျှမြန်ဆန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။

မုန်ယာကုမ္ပဏီ တစ်ခုလုံးတွင် ကျင်းရှီရုံ ပင်လျှင် သူ့ထက်ပို၍ မြန်ဆန်စွာ ကျင့်ကြံနိုင်မည် မဟုတ်ချေ။

"မဖြစ်နိုင်ဘူး... မဟုတ်သေးဘူး"

ဝူယောင်ပန်းသည် ကျင်းရှီရုံကို တွေးမိလိုက်သောအခါ မျက်နှာ အနည်းငယ် ပျက်သွားပြီး... ယခင်က သူ၏ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုသည် ကျင်းရှီရုံနှင့် တွေ့ဆုံပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

ထိုစိတ်ဝိညာဉ်အပိုင်းအစသည် ကျင်းရှီရုံ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရကြောင်း သူ သိထားသည်။

မည်သည့်အကြောင်းကြောင့် ထိုကိုယ်ပွားကို ကျင်းရှီရုံက ဖျက်ဆီးခဲ့မှန်း မသိရသော်လည်း... ကျင်းရှီရုံက သူ၏ ကိုယ်ပွားအစွမ်းကို ပုံတူကူးချသွားခဲ့သည်မှာ သေချာကြောင်း ဝူယောင်ပန်း သိထားသည်။

ဤအချက်က သူ့ကို ပြင်ပကမ္ဘာနှင့် ပတ်သက်၍ ပိုမို သတိထားလာစေခဲ့သည်။

သူ၏ ပင်မခန္ဓာကိုယ်ကို မည်သည့် အန္တရာယ်ရှိသော အလုပ်မျိုးကိုမျှ သွားရောက် လုပ်ဆောင်ခိုင်းမည် မဟုတ်ပေ။

သို့သော် ယခုအခါတွင် သူ၏ကိုယ်ပွားကို အသုံးချကာ အရင်းအမြစ်ကို ခြေရာခံပြီး သူ၏ ပင်မခန္ဓာကိုယ်ကိုပါ တိုက်ခိုက်နိုင်သူ ရှိလာခဲ့ပြီ ဖြစ်သည်။

ဤအရာက သူ့ကို ကျောချမ်းသွားစေပြီး အလွန်အမင်း ကြောက်ရွံ့သွားစေသည်။

သူ၏ ကိုယ်ပွားများကို ပြင်ပတွင် မည်သည့်အရာမဆို စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးထားနိုင်ခြင်းမှာ... သူ၏ ပင်မခန္ဓာကိုယ် ရှိရာနေရာကို မည်သူမျှ မသိရှိသောကြောင့်ဖြစ်ပြီး သူ့ကို တကယ်တမ်း အန္တရာယ်ပေးနိုင်သူ မရှိသောကြောင့် ဖြစ်သည်။

၎င်းက ပြင်ပရှိ ကိုယ်ပွားများအတွက် သေရမည်ကို မကြောက်မရွံ့ လုပ်ရဲကိုင်ရဲစေသော အဓိက အရင်းအနှီးပင် ဖြစ်သည်။

သို့သော် ယခုတော့ မဖြစ်နိုင်တော့ပေ... တစ်စုံတစ်ယောက်က သူ၏ ပင်မခန္ဓာကိုယ်ကို တိုက်ရိုက် အန္တရာယ်ပေးနိုင်နေပြီ ဖြစ်သည်။

"မဖြစ်ဘူး... ဒီ ထိုက်ယန်တောင်က လင်းယွမ်ကို ထပ်ပြီး ရန်သွားစလို့ မဖြစ်တော့ဘူး"

"ငါ သူ့ကို ဝေးဝေးကနေ ရှောင်နေဖို့ နည်းလမ်းရှာရမယ်... ကိုယ်ပွားဖြစ်နေရင်တောင် သူ့ရှေ့မှာ လုံးဝ ပေါ်သွားလို့ မဖြစ်ဘူး"

ဝူယောင်ပန်း ပင်မခန္ဓာကိုယ်၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေပြီး လျှောက်လမ်းတစ်လျှောက် လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့သည်။

အပြင်သို့ ရောက်သောအခါ ဧရာမ စံအိမ်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။

စံအိမ်ကြီးထဲတွင် ငှက်ကလေးများ တေးဆိုနေကြပြီး ပန်းရနံ့များ သင်းပျံ့နေကာ စမ်းရေစီးသံများ၊ ကျောက်တောင်တုများဖြင့် အလွန် လှပလွန်းလှပေသည်။

ဟိုဟိုဒီဒီ သွားလာနေကြသော မိန်းမလှလေးများ အများအပြား ရှိနေပြီး... အချို့က ရိုးရာဝတ်စုံများ ဝတ်ဆင်ထားကာ၊ အချို့က ခေတ်မီ ဖက်ရှင်ကျကျ ဝတ်ဆင်ထားပြီး၊ အချို့မှာမူ ရှေးဟောင်း တရုတ်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ဤအမျိုးသမီးများ အားလုံးမှာ သူ ကိုယ်တိုင် ရှာဖွေစုဆောင်းထားသော မိန်းမလှလေးများ ဖြစ်ပြီး သူ၏ စိတ်ကြိုက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

ဤနေရာက သူ၏ နောက်ဆောင်ဖြစ်ပြီး... သူက ဤနေရာတွင် ဧကရာဇ် တစ်ပါးပင် ဖြစ်သည်။

အမြင်ကို အပေါ်သို့ မြှင့်၍ ကြည့်လိုက်ပါက ဤစံအိမ်ကြီးမှာ စိမ်းလန်းသော ကျွန်းငယ်လေးတစ်ခုပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

ကျွန်း၏ ပတ်ပတ်လည်တွင် မည်သည့် ရေလွှမ်းမိုးမှုမျှ မရှိဘဲ တိမ်တိုက်များနှင့် မြူခိုးများသာ ဖုံးလွှမ်းနေလေသည်။

၎င်းသည် အရွယ်အစား သိပ်မကြီးမားသော လေပေါ်ကျွန်းတစ်ခု ဖြစ်ပြီး အလွန် လျှို့ဝှက်သော နေရာတွင် တည်ရှိသည်။

ကျွန်းပေါ်တွင် ဤစံအိမ်ကြီး တစ်ခုတည်းသာ ရှိပြီး တောအုပ်ထဲတွင်မူ သန္ဓေပြောင်း သတ္တဝါများ အများအပြား ရှိနေသည်။

စံအိမ်ကြီး၏ အနောက်ဘက်တွင် လေယာဉ်ကွင်း တစ်ခုရှိပြီး မုန်ယာကုမ္ပဏီထုတ် ပုံမှန် ယာဉ်ပျံ အချို့ ရပ်နားထားသည်။

ယခုအချိန်တွင် ဤကျွန်းလေးသည် လေဟာနယ်ထဲတွင် ရပ်တန့်နေပြီး ပတ်ပတ်လည်တွင် အကာအကွယ် အလွှာတစ်ခု ဖုံးအုပ်ထားသည်။

ထို အကာအကွယ် အလွှာတွင် အရောင်ပြောင်းလဲနိုင်သော စွမ်းဆောင်ရည် ရှိသဖြင့် တိမ်တိုက်များကြားတွင် ပုန်းကွယ်နေနိုင်ကာ သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ပေ။

ဤနေရာသည် ဝူယောင်ပန်း၏ ပင်မခန္ဓာကိုယ် ပုန်းအောင်းနေသော နေရာပင် ဖြစ်လေသည်။

ကျွန်းတစ်ကျွန်းလုံးတွင် သူ တစ်ယောက်တည်းသာ ယောက်ျားလေး ဖြစ်ပြီး ကျန်သူများအားလုံးမှာ မိန်းကလေးများ ဖြစ်ကြသည်။

မိန်းမလှလေး မျိုးစုံက သူ့ကို ဝန်းရံနေကြပြီး ၎င်းက သူ၏ ကြီးမားလှသော အနောက်ဆောင်အဖွဲ့ကြီးပင် ဖြစ်သည်။

ထို မိန်းမလှလေးများအပြင် အခြား တောင့်တင်းသော လူရိပ်များကိုလည်း တွေ့ရသော်လည်း ထိုသူများမှာ သူ၏ ကိုယ်ပွားများသာ ဖြစ်သည်။

သူ၏ ကိုယ်ပွားများ အားလုံးသည် မျက်နှာဖုံးများ တပ်ဆင်ထားပြီး ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြသည်။ အချို့က ကင်းလှည့်သည့် တာဝန်၊ အချို့က ကျွန်းပေါ်ရှိ နေထိုင်မှုကိစ္စရပ်များ၊ အချို့ကမူ ပစ္စည်းများ သယ်ယူပို့ဆောင်ရေး တာဝန်များကို အသီးသီး ယူထားကြသည်။

ဤနေရာသည် သူ၏ ကိုယ်ပိုင် နိုင်ငံတော်ငယ်လေး တစ်ခုအလား ဖြစ်နေတော့သည်။

"ကိုကို... ဒီနေ့ ဘာလို့ ကျင့်ကြံတာ အစောကြီး ပြီးသွားတာလဲ"

ဝူယောင်ပန်းသည် အခန်းထဲမှ အမြန် ထွက်လာပြီး ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။

ဆွဲဆောင်မှု အပြည့်ရှိသော မိန်းမလှလေး တစ်ဦးက ချက်ချင်း လျှောက်လာပြီး သူ၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။

သူမ၏ ကြီးမားထွားကြိုင်းသော ရင်သားအစုံက သူ၏ လက်မောင်းကို ပွတ်သီးပွတ်သပ် လုပ်နေ၏။

ပုံမှန်အချိန်ဆိုလျှင်တော့ သူ သေချာပေါက် အထက်အောက် ပွတ်သပ်ဆုပ်နယ်နေမည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူ့စိတ်ထဲ၌ ထိုကိစ္စများအတွက် စိတ်ကူး လုံးဝ မရှိနေပေ။

"မင်းတို့ဘာသာ သွားကစားကြ... ကိုယ့်မှာ အလုပ်ရှိတယ်"

သူက လက်ကို ပြန်ရုပ်လိုက်ပြီး ထိုအမျိုးသမီးကို ထွက်သွားရန် အချက်ပြလိုက်သည်။

အမျိုးသမီးလေးမှာ ကြောင်သွားပြီး စိတ်ထဲတွင် သံသယ ဝင်သွားသည်။ သူမက သူ အနှစ်သက်ဆုံး အမျိုးသမီး ဖြစ်ပါလျက်နှင့် ယနေ့တွင် ဝူယောင်ပန်းက သူမကို ဘာကြောင့် စိတ်ဝင်စားမှု မပြရသနည်း။

သို့သော် ဝူယောင်ပန်း၏ ဒေါသကို ကောင်းကောင်း သိထားသော သူမက မည်သို့မျှ မဆန့်ကျင်ရဲဘဲ အလျင်အမြန် ခေါင်းညိတ်ပြကာ အခန်းထဲမှ ချက်ချင်း ထွက်သွားလေသည်။

ဝူယောင်ပန်းက သူမကို ဂရုမစိုက်တော့ဘဲ အခြား လျှို့ဝှက်ခန်း တစ်ခုဆီသို့ အမြန် လျှောက်သွားလိုက်သည်။

လျှို့ဝှက်ခန်းထဲသို့ ရောက်သောအခါ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး နှလုံးအမြူတေကို အသုံးပြုကာ ကျွန်းကို အာရုံခံလိုက်သည်။

"ဒီနေရာက လုံခြုံမှု မရှိတော့ဘူး... လေပေါ်ကျွန်းကို ချက်ချင်း နေရာရွှေ့ပြီး ပိုလျှို့ဝှက်တဲ့ နေရာဆီ သွားရမယ်"

"ကံကောင်းလို့ ငါ့ရဲ့ ဒီ လေပေါ်ကျွန်းက သိပ်မကြီးလို့ ရွှေ့လျားနိုင်စွမ်းက မဆိုးလှဘူး"

"ကျယ်ပြောတဲ့ လေဟာနယ်ထဲမှာ ခြောက်မိုင်လောက် ကျော်သွားတာနဲ့ ငါ့ကို ရှာတွေ့ဖို့ဆိုတာ စိတ်ကူးတောင် ယဉ်မနေနဲ့တော့"

သူ စိတ်ထဲမှ ကြိတ်တွေးလိုက်ပြီး ဦးနှောက်အမြူတေကို အသက်သွင်းကာ ကျွန်းပေါ်ရှိ သက်ရှိများ၏ အငွေ့အသက်ကို တစ်ချက် အာရုံခံကြည့်လိုက်သည်။

မည်သည့် စိမ်းသက်သော အငွေ့အသက်မျှ ဝင်ရောက်လာခြင်း မရှိသည်ကို တွေ့ရမှသာ သူ သက်ပြင်းချနိုင်တော့သည်။

အနည်းဆုံးတော့ ကျွန်းပေါ်မှာ လုံခြုံနေဆဲပင် ဖြစ်သည်။

သူက ချက်ချင်းပင် နှလုံးအမြူတေကို ထပ်မံ အသက်သွင်းလိုက်ပြီး လေပေါ်ကျွန်းကို အရှေ့တောင်ဘက်သို့ အမြန် ပျံသန်းသွားရန် ထိန်းချုပ်လိုက်လေသည်။

ဝူယောင်ပန်း၏ မျက်ဝန်းများ အရောင်လက်သွားသည်။ "အနောက်မြောက်ဘက်က မြေမျက်နှာပြင် ပိုမြင့်တဲ့ နေရာဆိုပေမဲ့... အသက်ရှင်ကျန်ရစ်သူတွေ စုဝေးနေတဲ့ နေရာတွေ အများကြီး ရှိနိုင်တယ်"

"ဒါပေမဲ့ ငါက အဲဒီလို လူများတဲ့ နေရာတွေကို သွားစရာ မလိုပါဘူး... ကိုယ်ပွားကို လွှတ်လိုက်ရင် ရပြီလေ"

"အဲဒီအစား မြေမျက်နှာပြင် ပိုနိမ့်တဲ့ အရှေ့တောင်ဘက်ကတော့ အခြေခံအားဖြင့် ပင်လယ်ရေအောက် ရောက်ကုန်လောက်ပြီ"

"လေပေါ်ကျွန်းနဲ့ ရေပေါ်ကျွန်းတွေ ရှိနေရင်တောင်... ကျွန်းပေါ်က တိုးတက်မှု အခြေအနေက တော်တော်လေး နောက်ကျကျန်နေနိုင်တယ်"

"ငါ အဲဒီကို သွားမှ ပင်မခန္ဓာကိုယ်ရဲ့ လုံခြုံရေးကို ပိုပြီး သေချာအောင် လုပ်နိုင်မှာ"

ဝူယောင်ပန်းက သူ၏ ဤအစီအစဉ်မှာ အလွန်ကောင်းမွန်သည်ဟု တွေးကာ ပြုံးလိုက်မိသည်။

သူ၏ ပင်မခန္ဓာကိုယ်ကို အလယ်ပိုင်းဒေသရှိ ပဋိပက္ခများထဲတွင် မပါဝင်စေချင်ပေ။

ကိုယ်ပွားကိုသာ သွားရောက် ပါဝင်ခိုင်းမည် ဖြစ်ပြီး ပင်မခန္ဓာကိုယ်ကမူ လုံးဝ သွားရောက် စွန့်စားမည် မဟုတ်ချေ။

"နောက်ဆုံးအထိ ပုန်းကွယ်နေနိုင်မှ... နောက်ဆုံးအထိ ရယ်မောနိုင်မှာပေါ့... ဘာပဲဖြစ်ဖြစ် ငါ့မှာ မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေ ရှိနေတာပဲ... အဆင့်လိုက် ပုံမှန် ကျင့်ကြံသွားရုံနဲ့... အနှေးနဲ့အမြန် ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းကို ၁၀၀% အထိ ရောက်လာအောင် လုပ်နိုင်မှာပဲ"

"ဟမ့်... အဲဒီအချိန်ကျရင် ကျင်းရှီရုံရော... လင်းယွမ်ရော... ဘယ်သူ့ကိုမှ အလွတ်မပေးဘူး"

သူ၏ စိတ်ထဲတွင် ရက်စက်စွာ တွေးလိုက်သော်လည်း လက်ရှိ အချိန်တိုအတွင်း၌မူ ကိုယ်ပွားကို လွှတ်ကာ လင်းယွမ်ထံ သွားရောက် ပြဿနာရှာရန် မရဲတော့ပေ။

ဤတစ်ကြိမ် လင်းယွမ်၏ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ အစွမ်းက သူ့ကို အမှန်တကယ်ပင် ထိတ်လန့်သွားစေခဲ့သည်။

အပြင်ဘက်တွင် ကိုယ်ပွားက တိုက်ပွဲဝင်ပြီး ပင်မခန္ဓာကိုယ်က ပုန်းအောင်းနေမည် ဆိုပါက သူသည် မည်သည့်ရန်သူကိုမျှ ပူပန်စရာမလိုဘဲ အေးဆေးနေနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် လင်းယွမ်၏ ဤ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ အစွမ်းက သူ၏ စိတ်ကူးယဉ်မှုများကို တိုက်ရိုက် ရိုက်ချိုးပစ်လိုက်လေသည်။

သူ တကယ်ပဲ ဒီ အစွမ်းကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။

စောစောက သူ၏ ကိုယ်ပွားအတွင်းရှိ ထို ထူးဆန်းသော သင်္ကေတက သူ၏ ပင်မခန္ဓာကိုယ်ထဲသို့သာ ဝင်ရောက်လာခဲ့ပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို သူ တွေးတောင် မတွေးရဲတော့ပေ။

သူ၏ ပင်မခန္ဓာကိုယ်ဖြင့် သူ လုံးဝ နောက်ပြောင်ရဲမည် မဟုတ်ပါချေ။

...

ထိုက်ယန်တောင်၊ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်။

လင်းယွမ်သည် လျှို့ဝှက်ခန်းထဲတွင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

"အမှတ် တစ်သန်းတန် မျိုးရိုးဗီဇ ဆေးရည်ကို စုပ်ယူလို့ ပြီးသွားပြီ... အခုတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို စလုပ်လိုက်ရအောင်"

လင်းယွမ်က တီးတိုးရေရွတ်လိုက်သည်။ ဤတစ်ကြိမ် သူရွေးချယ်လိုက်သော ဆေးရည်သည် တူညီသော မျိုးရိုးဗီဇများကို မှတ်သားပေးနိုင်သည့် အိုင်ဆိုတုပ် ဆေးရည်တစ်မျိုး ဖြစ်သည်။

၎င်းက ခန္ဓာကိုယ်အတွင်းရှိ ဆင်တူသော မျိုးရိုးဗီဇများကို တိကျစွာ ရှာဖွေပေးနိုင်သည်။

သို့သော် အာနိသင်က နာရီဝက်သာ ခံသည်။

လင်းယွမ်အနေဖြင့် ထိုဆေးရည်ကို သန့်စင်နေသည့် နာရီဝက်အတွင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အလျင်အမြန် လုပ်ဆောင်ရမည်ဖြစ်ပြီး အချိန် အနည်းငယ်မျှပင် ဖြုန်းတီးပစ်၍ မရပေ။

သူသည် မျက်လုံးများကို ချက်ချင်း ပြန်မှိတ်လိုက်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အခြေအနေသို့ အလျင်အမြန် ဝင်ရောက်သွားလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နာရီဝက်အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွား၏။

ဆေးအာနိသင်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ မှတ်သားထားသော မျိုးရိုးဗီဇများမှာလည်း အလျင်အမြန် မှေးမှိန်သွားသည်။

လင်းယွမ်၏ အာရုံထဲတွင် မျိုးရိုးဗီဇများ အားလုံးသည် မိုင်းရှင်းလင်းရေး ကစားပွဲလိုမျိုး ပြန်ဖြစ်သွားပြီး မည်သည့် ကွာခြားချက်ကိုမျှ မမြင်နိုင်တော့ချေ။

သူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

"မျိုးရိုးဗီဇ ဆေးရည်က တကယ် မိုက်တာပဲ... မျိုးရိုးဗီဇ ဆေးရည်သာ မရှိရင် ကိုယ့်ဘာသာ ကျင့်ကြံရတာက မိုင်းရှင်းရတာထက် အဆတစ်သောင်းလောက် ပိုခက်ခဲမှာ"

လင်းယွမ်က ညည်းတွားလိုက်ပြီးနောက် သူ၏ အရည်အသွေး ဇယားကွက်ကို ကြည့်လိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၉၂

ခွန်အား - ၁၉၅

အလျင် - ၁၉၁

စိတ်စွမ်းအင် - ၂၀၂

မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲဝက်ဝံ၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၊ တွင်းနက်အရိပ်နဂါး၊ လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ၊ ရဲရဲတောက် မီးလင်းယုန်၊ နတ်ရေစင်ဖီးနစ်ငှက်၊ အမွေးရှည်ဆင်ကြီး၊ ရွှေမွေးခြင်္သေ့မိစ္ဆာ

မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (၈၄%)

...

လင်းယွမ်သည် အရည်အသွေးမှတ် မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်း ၈၄% အထိ ရောက်သွားပြီပဲ"

ဆက်ရန်...

All Chapters