← Chapters

အခန်း ၈၃၉

Vol. 42 Ch. 839

အခန်း ၈၃၉

Vol. 42 Ch. 839

အပိုင်း (၈၃၉) ကွမ်းတုံပြည်နယ်မှ သတင်း

လင်းယွမ်က သူ၏ ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုများကို ခံစားကြည့်နေသည်။

ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ အဆပေါင်းများစွာ ပေါက်ကွဲတိုးပွားလာသည်ကို သိသိသာသာ ခံစားရ၏။

တစ်ကိုယ်လုံး အဆုံးအစမဲ့သော ခွန်အားများဖြင့် ပြည့်နှက်နေသည်။

၎င်းက သူ့အား ကြယ်တာရာများကိုပင် ချိုးဖျက်ပစ်နိုင်မည့် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

ဤသည်မှာ အချိန်တိုအတွင်း ခွန်အားများ ရုတ်တရက် တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုမှန်း သူ သိထားသည်။

နောက်တစ်ဆင့်အနေဖြင့် သူသည် ဤစွမ်းအင်များနှင့် အသားကျအောင် ပြုလုပ်ပြီး စွမ်းအင်၏ ကန့်သတ်ချက်ကို သိရှိရန် လိုအပ်ပေသည်။

"အရည်အသွေး အကုန်လုံးလည်း တိုးလာပြီပဲ... အားလုံးက (၁၉၀) မှတ် အထိ ရောက်လာကြပြီ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် ၁၀၀% မပြည့်ခင်မှာတင်... အဓိက အရည်အသွေးတွေ အားလုံးက အမှတ် (၂၀၀) ကို ကျော်လွန်သွားမယ့်ပုံပဲ"

လင်းယွမ် ပြုံးလိုက်သည်။ သူ၏ မျက်စိရှေ့တွင် မြင်တွေ့နေရသော ဤအရည်အသွေးများသည် လူသားအသွင်ဖြင့် ရှိနေစဉ် သူ၏ အရည်အသွေး အခြေအနေသာ ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် ထို မျိုးရိုးဗီဇ အမှတ်များသည် အဆမတန် ထိုးတက်သွားမည် ဖြစ်၏။

လူသားအသွင်တွင် အရည်အသွေး မြင့်မားလေလေ မျိုးရိုးဗီဇအသွင် ပြောင်းလဲချိန်တွင် တိုးပွားလာမည့် အရည်အသွေးကလည်း ပို၍ မြင့်မားလေလေ ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုရလျှင် မျိုးရိုးဗီဇအသွင်၏ အရည်အသွေးသည် လူသားအသွင် အရည်အသွေးထက် ဆယ်ဆကျော် ပိုများတတ်သည်။

အဓိက အရည်အသွေး တိုးပွားမှုကမူ ပို၍ပင် အံ့မခန်းဖြစ်ပြီး အဆနှစ်ဆယ်ကျော်အထိပင် ရောက်ရှိနိုင်လေသည်။

သို့သော် လင်းယွမ်၏ အရည်အသွေး အသီးသီးသည် ယေဘုယျအားဖြင့် ညီမျှနေသည့်အတွက် အရည်အသွေးများ အဆမတန် တိုးပွားသွားလျှင်ပင် အခြား အရည်အသွေးများနှင့် အဓိက အရည်အသွေးကြားတွင် ကွာဟချက် သိပ်ကြီးမားမည် မဟုတ်ပေ။

ယခုအချိန်တွင် သူ၏ လူသားအသွင် အခြေခံ အရည်အသွေးမှာ အမှတ် (၁၉၀) ဖြစ်ရာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်တွင် အနည်းဆုံး အမှတ် (၁၉၀၀) အထိ တိုးလာနိုင်ပြီး အဓိက အရည်အသွေးမှာမူ အမှတ် (၃၈၀၀) အထိ တိုးလာနိုင်ပေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရည်အသွေး တိုးပွားမှုကပင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင်များ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သက်သေပြနေခြင်း ဖြစ်၏။

လင်းယွမ်က ရယ်မောလိုက်ရင်း "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြီးပြည့်စုံသွားရင် ဘယ်လို အပြောင်းအလဲတွေတောင် ဖြစ်လာမလဲမသိဘူး"

သူသည် လျှို့ဝှက်ခန်းထဲတွင် နောက်ထပ် တစ်ဝက်ခန့် ဆက်လက် လေ့ကျင့်ပြီးနောက် သူ၏ အရည်အသွေး ပြောင်းလဲမှုများနှင့် အသားကျသွားသည့်အခါ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲမှ ပျံသန်းထွက်ခွာလာခဲ့သည်။

ထို့နောက် သိပ်သည်းနေသော မိုးကြိုးတိမ်တိုက်များထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ မိုးကြိုးလျှပ်စီးများကြားတွင် ခန္ဓာကိုယ်ကို သန့်စင်ရင်း မျိုးရိုးဗီဇအသွင်ဖြင့် တိုးတက်လာသော ခွန်အားများကို အသားကျစေရန် လေ့ကျင့်လေတော့သည်။

နေ့ရက်ပေါင်းများစွာ ဆက်တိုက်ဆိုသလို လင်းယွမ်သည် ဤကဲ့သို့ ပြင်းထန်သော လေ့ကျင့်မှုများကြားတွင် အချိန်ကုန်ဆုံးခဲ့သည်။

တစ်နေ့တွင် သူ အိမ်ပြန်ရောက်ချိန်၌ တင်းယန်က သူ့ကို လာရှာလေသည်။

"ဘာဖြစ်လို့လဲ"

လင်းယွမ်က တင်းယန်ကို ကြည့်ကာ အနည်းငယ် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

တင်းယန်က "ကျွန်မတို့ ခိုလှုံရေးစခန်းကို မကြာသေးခင်က ဒုက္ခသည်တစ်စု ရောက်လာတယ်... သူတို့က သတင်းတစ်ခု ယူလာတယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်က အံ့သြသွားပြီး "ဘာသတင်းလဲ"

သာမန် သတင်းတစ်ခုသာဆိုလျှင် တင်းယန်တို့ ကိုယ်တိုင် ဖြေရှင်းလိုက်မည်ဖြစ်ပြီး သူ့ထံသို့ အထူးတလည် လာရောက် ပြောပြနေမည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

တင်းယန်က လေးနက်သော လေသံဖြင့် "အဲဒီ ဒုက္ခသည်တွေက ကမ်းရိုးတန်းဒေသတစ်ဝိုက်ကနေ ထွက်ပြေးလာကြတာတဲ့"

"ကမ်းရိုးတန်း"

လင်းယွမ် အံ့သြသွားသည်။

တင်းယန်က "ကပ်ဘေးမတိုင်ခင်က ကမ်းရိုးတန်းဒေသဆိုတာ ကွမ်းတုံပြည်နယ် တစ်ဝိုက်က နေရာတွေကို ပြောတာပါ"

ထိုစကားကို ကြားသောအခါ လင်းယွမ်က ချက်ချင်း စိတ်ဝင်စားသွားပြီး "အဲဒီဘက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတာလား"

လင်းယွမ် သံသယဖြစ်သည်မှာလည်း မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် ကွမ်းတုံပြည်နယ် ကဲ့သို့သော နေရာများ၏ မြေမျက်နှာသွင်ပြင်သည် ကျန်းနန်ပြည်နယ်ထက်ပင် ပို၍ နိမ့်ကျသေးသောကြောင့် ဖြစ်သည်။

ရေကြီးစကာလကတည်းက ထိုနေရာများသည် ရေလွှမ်းမိုးခြင်းကို ခံခဲ့ရလောက်ပြီ ဖြစ်သည်။

ရေကြီးမှုကြီးက ထိုဒေသများအတွက် ကြိုတင်ပြင်ဆင်ချိန် အနည်းငယ်မျှပင် ပေးခဲ့မည်မဟုတ်ဟု ဆိုနိုင်သည်။

လင်းယွမ်က ထိုနေရာများရှိ လူအားလုံး သေဆုံးကုန်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူများ ရှိနေသေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တင်းယန်က ခေါင်းညိတ်လိုက်ပြီး "အသက်ရှင်ကျန်ရစ်သူကတော့ မများဘူး... ဒါပေမဲ့ ကပ်ဘေးမတိုင်ခင်က လူဦးရေအများဆုံး ပြည်နယ်ဖြစ်ခဲ့တော့ အနည်းအကျဉ်းလောက်တော့ ကျန်နေဦးမှာ သေချာတာပေါ့"

"ဒီကို ရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ရေခဲတွေ အရည်ပျော်သွားလို့ ကျန်နေသေးတဲ့ မြေနေရာလေးတွေပါ ပျောက်ဆုံးသွားပြီး စောစောစီးစီး ရွှေ့ပြောင်းလာခဲ့တဲ့သူတွေ အများကြီးပါတယ်"

"သူတို့က ရေခဲနေတဲ့အချိန်မှာ ရွှေ့ပြောင်းလာခဲ့ကြတာလား"

"ဟုတ်တယ်... ကွမ်းတုံပြည်နယ်က ကျွန်မတို့ ဒီနေရာနဲ့ အရမ်းဝေးတယ်လေ... သူတို့ဆီက သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်မှုကလည်း နည်းနည်း နောက်ကျနေတော့ အခြေခံအကျဆုံး နည်းလမ်းနဲ့ပဲ ခရီးနှင်ခဲ့ရတာ"

"လမ်းလျှောက်ပြီးတော့လား"

"ဟုတ်တယ်"

လင်းယွမ်က "ကွမ်းတုံပြည်နယ်ဘက်က အခြေအနေက ဘယ်လိုရှိလဲ"

"ဟူး... အခြေအနေက နည်းနည်း ဆိုးရွားတယ်"

"ကုန်းမြေတွေက ယေဘုယျအားဖြင့် အကုန် ရေမြုပ်သွားပြီ... တောင်တွေတောင် မကျန်တော့ဘူး... ပစ္စည်းတွေလည်း ရှားပါးနေပြီး သန္ဓေပြောင်း ငါးတွေနဲ့ သန္ဓေပြောင်း သားရဲတွေရဲ့ အသားတွေကိုပဲ စားလို့ရတော့တာ"

"အဲဒါကြောင့်ပဲ ဟိုဘက်က လူတွေက လုံးဝကွဲပြားတဲ့ လမ်းကြောင်းဆီကို ဆင့်ကဲပြောင်းလဲသွားကြတယ်"

"ဘာ"

"ရေနေမျိုးနွယ်တွေ" တင်းယန်ကလည်း ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ရေနေမျိုးနွယ်"

"အင်း... ဟိုဘက်က လူတွေက သန္ဓေပြောင်းစွမ်းအင် ခေတ်ကြီး ရောက်လာပြီးနောက်မှာ ကိုယ်တိုင် ဆင့်ကဲပြောင်းလဲတဲ့ လုပ်ငန်းစဉ်ကနေတစ်ဆင့် ရေထဲမှာ အသက်ရှင်နေထိုင်နိုင်တဲ့ ရေနေလူသားတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကြတာ"

"ဘယ်လိုပြောရမလဲ... ပါးဟက်တွေ ထွက်လာပြီး လက်တွေ ခြေထောက်တွေမှာ ရေယက်တွေ ပါလာတယ်... ရေအောက်မှာ ရှင်သန်ဖို့ ပိုသင့်တော်တဲ့ လူသားမျိုးတွေအဖြစ် ပြောင်းလဲသွားကြတာပေါ့"

"အင်းပေါ့... တချို့ကျတော့လည်း ရေသူမ ဒါမှမဟုတ် ငါးလူသား ပုံစံမျိုး မျိုးရိုးဗီဇတွေကို တိုက်ရိုက် နိုးထလာကြတာလည်း ရှိတယ်"

"ဒီလို မျိုးရိုးဗီဇတွေ မနိုးထလာတဲ့ လူနည်းစုလောက်ပဲ ရေပေါ်ကျွန်းတွေကို ရှာတွေ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့ကြတာ"

"ဒါပေမဲ့ ရေပေါ်ကျွန်းတွေကလည်း အကန့်အသတ်နဲ့ပဲ ရှိတာဆိုတော့ လူတွေ ပြည့်ကျပ်ပြီး နေစရာတောင် မရှိတော့ဘူးလေ"

"သူတို့လည်း မတတ်နိုင်တဲ့အဆုံး အပြင်ထွက် စူးစမ်းပြီး ထွက်ပေါက်ရှာကြရတော့တာပေါ့"

လင်းယွမ်က အံ့သြချီးကျူးမိသွားသည်။ ရေနေမျိုးနွယ်အဖြစ် ဆင့်ကဲပြောင်းလဲသွားခြင်းအပေါ် အစပိုင်းတွင် ခေတ္တမျှ အံ့သြမှင်တက်သွားခဲ့သော်လည်း ချက်ချင်းပင် နားလည်သဘောပေါက်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က သူကိုယ်တိုင်လည်း ဆင့်ကဲပြောင်းလဲခြင်း ပင်ကိုယ်အစွမ်း နိုးထလာချိန်တွင် ရေအောက် ပတ်ဝန်းကျင်နှင့် ချက်ချင်း အသားကျသွားကာ ပါးဟက်များ အလိုအလျောက် ထွက်ပေါ်လာခဲ့ဖူးသောကြောင့် ဖြစ်သည်။

"ဒီလိုမှတော့ သူတို့ကို ဒီမှာပဲ နေဖို့ စီစဉ်ပေးလိုက်ပါ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာလည်း လူအင်အား လိုအပ်နေတာပဲလေ"

တင်းယန်က "အင်း... ဒါပေမဲ့ ကျွန်မ နည်းနည်း စိတ်ပူမိတယ်... ဒီလူတွေရဲ့ တွေးခေါ်ယုံကြည်မှုတွေက အနှောင့်အယှက်များ ဖြစ်လာမလားလို့"

"တွေးခေါ်ယုံကြည်မှု"

"ဟုတ်တယ်... ကျွန်မ သိထားသလောက်ဆိုရင် သူတို့နဲ့ ရေနေလူသားတွေကြားမှာ ရန်ငြိုးက တော်တော်လေး နက်ရှိုင်းတယ်"

"ရေနေမျိုးနွယ်တွေ စတင်ပေါ်ပေါက်လာချိန်တုန်းက ကုန်းပေါ်က လူတွေက သူတို့ကို လူထူးလူဆန်းတွေလို သဘောထားခဲ့ကြတာ"

"ဘာဖြစ်လို့လဲဆိုတော့ ဒီရေနေမျိုးနွယ်တွေက ရေအောက် အနက်ကြီးအထိ ဆင်းပြီး ကပ်ဘေးမတိုင်ခင်က ပစ္စည်းတွေကို ရှာဖွေနိုင်ကြလို့ပဲ"

"အဲဒီလို ပစ္စည်းတွေ ရလာပြီးတဲ့နောက် အဲဒီပစ္စည်းတွေကို ရေပေါ်ကျွန်းဆီ ယူလာပြီး အရောင်းအဝယ် လုပ်ကြတော့ မကြာခင်မှာပဲ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာကြတာပေါ့"

"ဒီလိုအခြေအနေက ကုန်းပေါ်က လူတချို့ရဲ့ မနာလိုမှုကို ဖြစ်စေခဲ့တယ်... အဲဒီတော့မှ တွေးခေါ်ယုံကြည်မှုပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ဖြစ်လာပြီး ဒီရေနေလူသားတွေဟာ လူသားမျိုးနွယ်ထဲမှာ မပါဝင်တော့ဘူးလို့ ယူဆလာကြတာပဲ"

"ရေနေလူသားတွေကလည်း ဒီလူတွေရဲ့ အနိုင်ကျင့်တာကို အလွယ်တကူ ခံမှာမဟုတ်ဘူးလေ... အဲဒါနဲ့ပဲ မတူညီတဲ့ တွေးခေါ်ယုံကြည်မှု နှစ်ခုရဲ့ တိုက်ပွဲအဖြစ် ပြောင်းလဲသွားတော့တာပဲ"

လင်းယွမ် အံ့အားသင့်သွားသည်။ ကွမ်းတုံပြည်နယ်ဘက်တွင် ဤအခြေအနေထိ ရောက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ပုံမှန်ပင် ဖြစ်သည်။ လူသားများ အကျွမ်းကျင်ဆုံးအရာမှာ ပြည်တွင်းစစ် ဆင်နွှဲခြင်းပင် မဟုတ်ပါလော။

မည်သည့် အခြေအနေမျိုးတွင်မဆို ဤကဲ့သို့သော တိုက်ပွဲမျိုးက ကင်းလွတ်နိုင်မည် မဟုတ်ပေ။

သူ မနေနိုင်ဘဲ ခေါင်းခါယမ်းလိုက်ရင်း "ထမင်းတောင် ဝအောင် မစားရသေးဘဲနဲ့ ဒီလိုအလုပ်တွေ လုပ်နေကြသေးတယ်"

"မင်း သွားပြီး သူတို့ကို ထိုက်ယန်တောင်ရဲ့ စည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်... ထိုက်ယန်တောင်ရဲ့ မူဝါဒကို လက်မခံနိုင်ရင် စောစောစီးစီး ထွက်သွားလို့ရတယ်လို့"

တင်းယန်လည်း ပြုံးလိုက်ပြီး "အေဒါ်ကြီးလီက ဝါဒဖြန့်ချိရေးဌာနက လူတွေကို စေလွှတ်ပြီး သူတို့ကို တွေးခေါ်မှုဆိုင်ရာ ပညာပေးဖို့ စီစဉ်ထားပြီးပါပြီ"

"နောက်ပိုင်း တာဝန်ထမ်းဆောင်ရမယ့် အချိန်အတွင်းမှာလည်း ဒီလူတွေကို အတွေးအခေါ်ပိုင်းဆိုင်ရာ ရိုက်သွင်းပေးသွားမှာပါ"

"ဒါနဲ့ နောက်ထပ် အရေးကြီးတဲ့ သတင်းတစ်ခု ရှိသေးတယ်"

ထိုနေရာသို့ ရောက်သောအခါ တင်းယန်၏ မျက်နှာထားမှာ ရုတ်တရက် လေးနက်သွားသည်။

လင်းယွမ်က လှမ်းကြည့်လိုက်ပြီး "ဘာသတင်းလဲ"

"ကွမ်းတုံပြည်နယ်ဘက်မှာ တိုင်းတစ်ပါးက ကျူးကျော်သူတွေ အများအပြား ပေါ်လာတယ်... သူတို့က ကွမ်းတုံက ခိုလှုံရေးစခန်းတွေကို အကြီးအကျယ် လုယက်ပြီး ရေပေါ်ကျွန်းတွေကို အတင်းအဓမ္မ သိမ်းပိုက်ကြလို့ တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြစ်ပွားခဲ့တယ်တဲ့"

ဤစကားကို ကြားသောအခါ လင်းယွမ်၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားလေသည်။

တိုင်းတစ်ပါးက ကျူးကျော်သူတွေ။

ကိုယ့်နယ်မြေကို လာရောက်ကျူးကျော်သူတွေဆိုတဲ့ အသိက သူ့ကို စိတ်ထဲကနေ အလိုလို ရွံရှာမုန်းတီးသွားစေသည်။

"ဒီလူတွေက မသေကုန်ကြသေးဘူးလား"

တင်းယန်ကလည်း ခေါင်းညိတ်လိုက်ပြီး "မသေကုန်တဲ့အပြင် သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်မှုမှာလည်း တော်တော်လေး အလှမ်းကျယ်နေပုံရတယ်"

လင်းယွမ်မှာ ပို၍ပင် အံ့သြသွားပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တင်းယန်က "ဒီထွက်ပြေးလာတဲ့ လူစုကို ကျွန်မ မေးကြည့်ခဲ့တယ်... သူတို့ပြောတာက အဲဒီ ကျွန်းနိုင်ငံကလာတဲ့ ကျူးကျော်သူတွေမှာ ပြင်းထန်တဲ့ မလုံခြုံမှု ခံစားချက်တွေ ရှိနေတယ်တဲ့... ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံက မကြာခဏဆိုသလို တိုင်ဖွန်းမုန်တိုင်းတွေ၊ မြေငလျင်တွေလိုမျိုး ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရလို့ပဲလေ"

"သူတို့သွေးထဲမှာကိုက ဒီလို အန္တရာယ်ရှိတယ်ဆိုတဲ့ အသိမျိုး ကိန်းအောင်းနေတော့ ရေကြီးမှုကြီး ရောက်လာတဲ့အခါမှာ ဒီလူတွေက သဘာဝဘေးအန္တရာယ်နဲ့ အသားကျတဲ့နှုန်းက အရမ်းမြန်ကြတယ်"

"သူတို့နိုင်ငံကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စောစောစီးစီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ရှိထားကြတာ... စစ်သင်္ဘောတွေပဲဖြစ်ဖြစ်၊ ရိက္ခာပစ္စည်းတွေပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားတာတွေ ရှိမယ်ဆိုရင် ဒီရေလွှမ်းမိုးတဲ့ ကပ်ဘေးနဲ့ အမြန်ဆုံး အသားကျနိုင်တာ သေချာတာပေါ့"

လင်းယွမ် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကိစ္စနှင့် ပတ်သက်သည့် ကောလာဟလများကို ကပ်ဘေးမတိုင်ခင်ကတည်းက သူ အနည်းအကျဉ်း ကြားဖူးခဲ့သည်။

ထိုနိုင်ငံသည် အမြဲတမ်းလိုလို လုံခြုံမှု ကင်းမဲ့နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နေထိုင်သည့် နေရာသည် ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ရင်ဆိုင်ရသည့် သဘာဝဘေးအန္တရာယ်များမှာ အလွန်များပြားသောကြောင့် ဖြစ်သည်။

၎င်းကပင် ထိုနိုင်ငံသည် နည်းလမ်းပေါင်းစုံ သုံး၍ ကုန်းမကြီးပေါ်သို့ ကျူးကျော်ဝင်ရောက်ကာ သေးငယ်သော ကျွန်းနိုင်ငံလေးမှ ထွက်ခွာချင်ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်ပေသည်။

ဒါဆို... ဒီလူစုက အခု တစ်ကျော့ပြန် ရောက်လာကြပြန်ပြီပေါ့လေ။

လင်းယွမ်၏ မျက်ဝန်းအောက်ခြေတွင် အေးစက်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"သူတို့က ကုန်းတွင်းပိုင်းကို ဆက်ပြီး ထိုးဖောက်ဝင်ရောက်လာနေပြီလား"

တင်းယန်က ခေါင်းအသာညိတ်လိုက်ပြီး "ဒီထွက်ပြေးလာတဲ့ လူတွေရဲ့ ပြောစကားအရဆိုရင် ဟုတ်တဲ့ပုံပဲ"

"အဲဒီ ကျူးကျော်သူတွေက အံ့သြစရာကောင်းတဲ့ အမြန်နှုန်းနဲ့ ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်း အများအပြားကို အလျင်အမြန် သိမ်းပိုက်နေကြတယ်"

"သူတို့ လူဦးရေက သိပ်မများတော့ ဒေသခံတွေကို နေရာအနှံ့ လိုက်ဖမ်းနေကြတယ်"

"ဒါပေမဲ့ သူတို့က ယောက်ျားတွေကို မယူဘဲ ဒေသခံ အမျိုးသမီးတွေကိုပဲ ဖမ်းတာ"

"ဖမ်းမိပြီးသွားရင် တစ်စုတစ်စည်းတည်း ပြန်ခေါ်သွားပြီး ခွဲဝေပေးကြတယ်... အဲဒီ အမျိုးသမီးတွေကို သူတို့ မျိုးဆက်ပြန့်ပွားရေးအတွက် သီးသန့် တာဝန်ယူခိုင်းကြတာ"

ဤနေရာသို့ ရောက်သောအခါ တင်းယန်၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာလေသည်။

သိသာစွာပင် သူမသည်လည်း ဤကဲ့သို့သော ကိစ္စရပ်များအပေါ် အလွန်အမင်း ဒေါသထွက်နေပေသည်။

လင်းယွမ်မှာ ပို၍ပင် ဒေါသထွက်နေ၏။ သူက မှုန်ကုပ်နေသော အကြည့်ဖြင့် "ဒီကျူးကျော်သူတွေက ငါတို့နယ်မြေကို သိမ်းပိုက်ဖို့ ကြံစည်နေတုန်းပဲကိုး"

တင်းယန်က "ရေကြီးမှုကြီးက ကမ္ဘာမြေတစ်ခုလုံးကို ဆေးကြောပစ်လိုက်ပြီး လူ့ယဉ်ကျေးမှုကလည်း အသစ်ကနေ ပြန်စရတဲ့အချိန်မှာ... သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး အလျင်အမြန် နေရာဦးဖို့ ကြံစည်နေကြတာပဲ"

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ရင်း "သူတို့ အိပ်မက်မက်နေကြတာပဲ"

တင်းယန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... သူတို့ တစ်ဆက်တည်းနဲ့ မရရင် နောက်တစ်ဆက်... အဲဒီနောက်ထပ် တစ်ဆက်ဆိုပြီး ဆက်လုပ်နေကြဦးမှာ"

"ကျွန်မတို့ လုံးဝ ပေါ့ဆနေလို့ မဖြစ်ဘူး"

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီးနောက် "ဒီလိုလုပ်မယ်... ထိုက်ယန်တောင်ဘက်မှာ တောင်ဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အဓိက ကယ်ဆယ်ဖို့အတွက် ရေတပ် သင်္ဘောအုပ်စု တစ်ခု ဖွဲ့စည်းလိုက်"

"အားလုံးက ကိုယ့်နယ်မြေက လူတွေပဲလေ... အခုက ထိုက်ယန်တောင်မှာလည်း လူအင်အား လိုအပ်နေတဲ့အချိန်ဆိုတော့ ဒီကွမ်းတုံပြည်နယ်က ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကယ်ဆယ်ရမယ်"

"တကယ်လို့ အဲဒီ ကျွန်းနိုင်ငံက ကျူးကျော်သူတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီးနောက် အေးစက်စွာ ပြုံးကာ "သူတို့ ငါတို့အပေါ် ဘယ်လိုဆက်ဆံလဲ... ငါတို့လည်း သူတို့ကို အဲဒီအတိုင်း ပြန်ဆက်ဆံပေးလိုက်ပေါ့"

"ဟင်"

လင်းယွမ်က ပြောလိုက်၏။ "ယောက်ျားတွေကို အကုန်သတ်ပစ်... မိန်းမတွေကိုတော့ ထားခဲ့လိုက်"

တင်းယန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ခေါင်းအသာညိတ်လိုက်ကာ "သိပြီ... ဒီကိစ္စကို ကျွန်မ သွားစီစဉ်လိုက်မယ်"

လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီးနောက် မတ်တတ်ထကာ လေ့ကျင့်ရေး လျှို့ဝှက်ခန်းဆီသို့ ထွက်ခွာသွားလေသည်။

ယနေ့ သူ လုပ်စရာ ကိစ္စတစ်ခု ကျန်နေသေးသည်။

"နတ်သစ်ပင်ကျွန်းရဲ့ သွေးသလင်းကျောက်ထဲကနေ ထုတ်ယူရရှိထားတဲ့ သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့က ငါ့ကို ဘယ်လိုမျိုး မျိုးရိုးဗီဇ အစွမ်းတွေ ယူဆောင်လာပေးမလဲဆိုတာ မသိရသေးဘူး"

"ငါသာ သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အောင်မြင်စွာ ပေါင်းစပ်ဖွဲ့စည်းနိုင်ခဲ့ရင်... ဓာတ်ငါးပါး မျိုးရိုးဗီဇမျိုးစေ့ အားလုံး အပြည့်အဝ စုဆောင်းမိသွားပြီလို့ ဆိုလို့ရတယ်"

"ဓာတ်ငါးပါးဆိုတာက အချင်းချင်း မှီခိုပြီး အချင်းချင်းလည်း ဖျက်ဆီးနိုင်ကြတာ... ငါသာ ဓာတ်ငါးပါးစလုံး စုဆောင်းမိသွားရင် တိုက်ခိုက်ရေးစွမ်းရည်က သေချာပေါက် နောက်တစ်ဆင့်ကို ထပ်တက်သွားနိုင်မှာပဲ"

"အဲဒီအချိန်ကျရင် အားကြီးတဲ့ ရန်သူနဲ့ ကြုံလာရရင်တောင် ပိုပြီး သွက်လက်မြန်ဆန်တဲ့ စစ်ပွဲဗျူဟာ အပြောင်းအလဲတွေကို လုပ်နိုင်မှာ"

လင်းယွမ်သည် မြစိမ်းရောင်ရှိသော မျိုးရိုးဗီဇမျိုးစေ့ တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ နတ်သစ်ပင်ကျွန်း၏ သွေးသလင်းကျောက်မှ ပေါင်းစပ်ဖွဲ့စည်းထားသော သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ပင် ဖြစ်၏။

ဤမျိုးရိုးဗီဇမျိုးစေ့သည် သူ၏လက်ထဲသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ နတ်သစ်ပင်ကျွန်းကို သူ သိမ်းပိုက်ရရှိပြီးနောက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနက သွေးသလင်းကျောက်များကို တူးဖော်ကာ သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စတင် သန့်စင်ထုတ်ယူနေခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်သည် သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အစောဆုံး ရရှိခဲ့သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

သူက သူ့အတွက် သန့်စင်မှုနှုန်း အလွန်မြင့်မားသော သစ်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်ခုကို ဖယ်ချန်ထားခဲ့သည်။

ယခုအချိန်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်မှာ ဆက်လက်၍ မြှင့်တင်၍ မရနိုင်တော့သဖြင့် မိမိ၏ စွမ်းရည်များကို ဘေးဘက်သို့ ချဲ့ထွင်ခြင်းဖြင့်သာ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရတော့မည် ဖြစ်သည်။

"အသွင်တစ်ရာ မျောက်ဝံမိစ္ဆာရဲ့ အသွင်တစ်ရာ ပင်ကိုယ်အစွမ်းက... ငါ့ကို တခြား မတူညီတဲ့ ဓာတ်တွေရဲ့ အစွမ်းအမျိုးမျိုးကို လွတ်လွတ်လပ်လပ် အသုံးချနိုင်စွမ်း ပေးထားတယ်"

"ဒီ အသွင်တစ်ရာ အစွမ်းကို တတ်နိုင်သမျှ နက်နက်ရှိုင်းရှိုင်း တူးဖော်လေ့လာနိုင်မှသာ... ငါ့ရဲ့ ခွန်အားတွေက အချိန်တိုအတွင်းမှာ ကြီးမားတဲ့ တိုးတက်မှုကို ရရှိနိုင်မှာ"

"ငါကိုယ်တိုင် လုံလုံလောက်လောက် သန်မာနေမှ ဟို... ကျင်းရှီရုံ နဲ့ ဂျိမ်းစ် တို့ကို မကြောက်ရွံ့ဘဲ ရင်ဆိုင်နိုင်မှာ"

ဆက်ရန်...

All Chapters