← Chapters

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း။ ၃၉၁

"ငါ့ရဲ့ သစ္စာအရှိဆုံး နောက်လိုက်တို့... ငါက မင်းတို့ နှစ်ပေါင်းရာချီ ကိုးကွယ်ယုံကြည်လာခဲ့တဲ့ မဟာနတ်မင်း မိုက်ကယ်ပဲ ဖြစ်တယ်။ မင်းတို့ ရာစုနှစ်တစ်ခုလုံး တောင်းဆိုခဲ့တဲ့ ဆုတောင်းသံတွေကို ငါ ကြားသိရပြီ"

"မင်းတို့ မျှော်လင့်တောင့်တနေတဲ့ အိမ်မက်ကမ္ဘာကို ရရှိဖို့အတွက် မင်းတို့မှာ ရှိသမျှ အရာအားလုံးကို စွန့်လွှတ်ဖို့ အသင့်ပဲလား"

မဟာနတ်မင်း မိုက်ကယ်၏ နတ်ဘုရားဆန်သော တန်ခိုးများ ပြည့်နှက်နေသည့် စကားသံများသည် ယုံကြည်သူတိုင်း၏ စိတ်နှလုံးထဲတွင် ပဲ့တင်ထပ်သွားသည်။

မိုက်ကယ်၏ စကားကို ကြားလိုက်ရချိန်တွင် သစ္စာရှိသော ကိုးကွယ်သူတိုင်းသည် ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားသွားကြသည်။ ကောင်းကင်ယံရှိ ဧရာမမျက်လုံးအိမ်ကြီးမှာ အလွန်အမင်း ထူးဆန်းဆိုးဝါးနေသော်လည်း ဘုရားကျောင်းများတွင် ထိုပုံရိပ်ကို ချိတ်ဆွဲကိုးကွယ်လာခဲ့သည်မှာ နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်ရာ သူတို့သည် ထိုထူးဆန်းသော သတ္တဝါကို နတ်ဘုရားတစ်ပါးအဖြစ် ရိုးရာအစဉ်အလာအရ ယုံကြည်နေခဲ့ကြခြင်းပင်။

"ကျွန်တော်က ကိုယ်တော့်ရဲ့ သစ္စာအရှိဆုံး ယုံကြည်သူပါ။ မဟာနတ်မင်းရဲ့ ကယ်တင်ခြင်းကို ရဖို့အတွက် ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို စွန့်လွှတ်ဖို့ အသင့်ပါပဲ"

"ကျွန်တော်လည်း အားလုံးကို စွန့်လွှတ်ဖို့ အသင့်ပါပဲ"

"ကျွန်မလည်း အရာအားလုံးကို စွန့်လွှတ်ဖို့ အသင့်ပါပဲ"

...

ဘုရားကျောင်းတိုင်းတွင် မရေမတွက်နိုင်သော နောက်လိုက်များသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ မဟာနတ်မင်း မိုက်ကယ်၏ ကယ်တင်ခြင်းအတွက် ဆက်တိုက် ဆုတောင်းနေကြတော့သည်။

"ကောင်းပြီ"

သူတို့၏ တုံ့ပြန်မှုများကို ကြားလိုက်ရသောအခါ ကောင်းကင်ယံရှိ စက်လုံးသတ္တဝါကြီးကအလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

နောက်တစ်ခဏတွင် ၎င်း၏ပတ်ပတ်လည်တွင် လှည့်ပတ်နေသော မျက်လုံးတန်းများသည် ကောင်းကင်အပြည့် ကြယ်တာရာများအလား ပြောင်းလဲသွားပြီး အောက်တွင် ဆုတောင်းနေကြသော ယုံကြည်သူများထံသို့ ပျံသန်း၍ ဆင်းသက်သွားကြသည်။

ဝတ်ပြုသူများကမူ ဤသည်မှာ မဟာနတ်မင်းက သူတို့ကို ကယ်တင်မည့် နည်းလမ်းဟု ထင်မှတ်နေကြသော်လည်း အမှန်တကယ် ဆိုက်ရောက်လာသည်မှာ သေခြင်းတရားသာ ဖြစ်သည်။

ဆင်းသက်လာသော မျက်လုံးအိမ်ငယ်များသည် ယုံကြည်သူတစ်ဦးချင်းစီ၏ ရှေ့သို့ ရောက်ရှိလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမျက်လုံးများထဲမှ သွေးနီရောင် ဖဲကြိုးတန်းများ ပစ်ထွက်လာကာ ကိုးကွယ်သူများ၏ မျက်လုံးများကို ရက်ရက်စက်စက် ဖောက်ခွဲပစ်လိုက်တော့သည်။

အသက်ရှူတစ်ချက်စာ အချိန်အတွင်းမှာပင် ထိုသူတို့၏ မျက်နှာများပေါ်၌ မျက်လုံးအိမ်များ မရှိတော့ဘဲ ဟောက်လောင်းပေါက်တွင်းကြီးများသာ ကျန်ရစ်ခဲ့သည်။ မျက်လုံးများ ကွယ်ပျောက်သွားသည်နှင့်အမျှ ယုံကြည်သူများ၏ အသက်ဓာတ်များလည်း ချုပ်ငြိမ်းသွားခဲ့ရသည်။

ဝတ်ပြုသူအားလုံး၏ အသက်များ ပျောက်ကွယ်သွားပြီးနောက် သူတို့၏ မျက်လုံးအိမ်များသည် ကောင်းကင်ရှိ စက်လုံးသတ္တဝါကြီး၏ ပတ်ပတ်လည်သို့ ပျံတက်သွားကာ ၎င်း၏မျက်လုံးများကို သိသိသာသာ ပိုမိုကြီးထွားလာစေသည်။

မျက်လုံးအိမ်များ တိုးပွားလာသည်နှင့်အမျှ မိုက်ကယ်၏ ခန္ဓာကိုယ်မှာ ပိုမိုကြီးမားလာပြီး သူ၏ အရှိန်အဝါမှာလည်း ပိုမိုကြောက်မက်ဖွယ်ကောင်းလာတော့သည်။

မြို့ကြီး၏ ကောင်းကင်ယံတွင် တောင်ကုန်းတစ်လုံးအလား ကြီးမားလှသော ဗဟိုမျက်လုံးကြီးသည် ဝဲပျံနေပြီး ၎င်း၏ဘေးပတ်လည်ရှိ မျက်လုံးပေါင်း ဘီလီယံချီမှာ နောက်ထပ် ရိတ်သိမ်းရမည့် မျက်လုံးများကို ရှာဖွေနေသကဲ့သို့ အဆက်မပြတ် လည်ပတ်နေကြသည်။

ယခင်က ထွက်ပေါ်နေသော ခန့်ညားထည်ဝါသည့် အလင်းတန်းများသည်လည်း ယခုအခါတွင် အဆုံးမဲ့သော ညစ်ညမ်းမှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

"မလောက်သေးဘူး... မျက်လုံးအိမ်တွေ မလောက်သေးဘူး နည်းလွန်းသေးတယ်။ ရတဲ့ချီစွမ်းအင်ကလည်း နည်းလွန်းတယ်။ တခြားမျက်လုံးတွေကိုပါ ထပ်ပြီး စုပ်ယူရမယ်"

နောက်တစ်ခဏတွင် ၎င်းသည် နောက်ထပ် မြို့တစ်မြို့သို့ ချက်ချင်း ရွှေ့ပြောင်း၍ ရောက်ရှိသွားသည်။

ယခင်မြို့မှ မျက်လုံးပေါင်း သောင်းနှင့်ချီ၍ စုပ်ယူပြီးသွားပြီဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ လူသားများကို လှည့်စားဖျားယောင်းနေရန် မလိုတော့ဘဲ တိုက်ရိုက် ရိတ်သိမ်းရန်သာ ပြင်တော့သည်။

လူများ သတိမပြုမိခင်မှာပင် မျက်လုံးအိမ်များသည် ဖဲကြိုးတန်းများအလား မြို့တွင်းသို့ အဆက်မပြတ် ဖြတ်သန်းသွားလာကာ မြင်မြင်သမျှ လူတိုင်း၏ မျက်လုံးများကို အတင်းအဓမ္မ ဆွဲထုတ်ယူကြတော့သည်။

ရိတ်သိမ်းရရှိသော မျက်လုံးတိုင်းသည် ဖဲကြိုးတန်းပေါ်တွင် စုစည်းသွားပြီး မိုက်ကယ်အတွက် ကုန်ဆုံးနိုင်ခြင်းမရှိသော ချီစွမ်းအင်များကို ပံ့ပိုးပေးနေသည်။

"ပြေးကြပါဦး... ဂြိုလ်ပြင်ပ မိစ္ဆာနတ်ဘုရား ဆင်းသက်လာပြီ အမြန်ပြေးကြ"

"အမြန်ပြေး... အမြန်ပြေး"

"ကယ်ကြပါဦး"

လမ်းတကာ၊ အိမ်တကာတွင် အော်ဟစ်ငိုကြွေးသံများ ဆူညံသွားသော်လည်း ထိုကယ်ပါယူပါ အော်သံများကို ရက်စက်ကြမ်းကြုတ်သော ဖဲကြိုးတန်းများကသာ တုံ့ပြန်ပြီး မျက်လုံးများကို လုယူသွားကြသည်။

တစ်မိနစ်မျှသာ ရှိသေးသော်လည်း ယခင်က စည်ကားခဲ့သော မြို့ကြီးမှာ သေမြို့တစ်မြို့အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

လမ်းမများပေါ်တွင် သက်မဲ့အလောင်းများမှာ ပြွတ်သိပ် စုပုံနေကြသည်။

ထိုအလောင်းများအားလုံးတွင် တူညီသောအချက်တစ်ခုမှာ လူကို ကြက်သီးထစရာကောင်းလောက်အောင် ချိုင့်ဝင်နေသော မျက်တွင်းဟောင်းကြီးများ ရှိနေခြင်းပင်။

မျက်လုံးပေါင်းများစွာကို စုပ်ယူပြီးနောက်တွင်တော့ မိုက်ကယ်၏ တောင်ကုန်းအလား ကြီးမားသော ဗဟိုမျက်လုံးကြီးမှာ တောင်တစ်လုံးကဲ့သို့ ပိုမိုကြီးမားလာခဲ့ပြီး ၎င်း၏ကိုယ်မှ ထွက်ပေါ်နေသော ညစ်ညမ်းမှုများမှာ မြို့တစ်မြို့လုံးကို ဖုံးလွှမ်းနိုင်လောက်သည်အထိ ပြင်းထန်လာခဲ့သည်။

"လူသားတွေက တကယ့်ကို အကောင်းဆုံး အသွေးအသား အာဟာရပဲ။ သူတို့ရဲ့ မျက်လုံးတွေက တကယ့်ကို အရသာရှိလှတယ်"

ထိုသို့ပြောပြီးနောက် မိုက်ကယ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်ထပ်မြို့တစ်မြို့ဆီသို့ ဦးတည်သွားတော့သည်။

သူ၏နောက်ကွယ်တွင်မူ မြို့ကြီးကို တဖြည်းဖြည်း တိုက်စားဖျက်ဆီးနေသော အဆုံးမဲ့ ညစ်ညမ်းမှုကြီးသာ ကျန်ရစ်ခဲ့တော့သည်။

မရေမတွက်နိုင်သော ကြွက်များ စုဝေးနေကြသည့် မိလ္လာမြောင်းတစ်ခုအတွင်း ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခဲ့ပြီး မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ ကိုးကွယ်ယုံကြည်မှု အငွေ့အသက်များသည် ထိုကြွက်ပုံကြီးဆီသို့ ဆင်းသက်လာခဲ့သည်။

ထိုအထဲတွင် ကြွက်ပုံ၏ အမြင့်ဆုံးနေရာ၌ ရှိနေသော ပုံသဏ္ဌာန်ပျက်နေသည့် ကြွက်မိစ္ဆာကြီးသည် မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ ရွေးချယ်ခြင်းကို ခံလိုက်ရသည်။

၎င်း၏ မျက်လုံးများသည် တစ်ခဏချင်းမှာပင် သွေးကဲ့သို့ နီမြန်းသွားပြီး ပတ်ဝန်းကျင်ရှိ ကြွက်များကို အတင်းအဓမ္မ စတင်ဝါးမြိုတော့သည်။

"ဂျွတ် ဂျွတ်"

ထိုပုံသဏ္ဌာန်ပျက် ကြွက်မိစ္ဆာသည် သာမန်ကြွက်များကို တစ်ကောင်ပြီးတစ်ကောင် ကိုက်ခဲဝါးမြိုနေခဲ့သည်။

မကြာမီမှာပင် ထိုကြွက်တောင်ပို့ကြီးပေါ်၌ ၎င်းတစ်ကောင်တည်းသာ ကျန်ရစ်တော့ပြီး နောက်ဆုံးတွင် မျက်လုံးအိမ် တစ်ဆယ့်သုံးလုံး ရှိသော ဧရာမကြွက်မိစ္ဆာကြီးအဖြစ်သို့ ကြီးထွားလာခဲ့သည်။

၎င်း၏ သွေးကြောများ ယှက်သန်းနေသော မျက်လုံးများသည် သူ၏ရှေ့မှ ပုံရိပ်ယောင်ကို စိုက်ကြည့်ရင်း တဖြည်းဖြည်းနှင့် အသိစိတ် ပြန်လည်ကြည်လင်လာသည်။

"မင်းက နတ်ဘုရား ရွေးချယ်လိုက်တဲ့ တမန်တော်ပဲ။ မင်းက နတ်ဘုရားရဲ့ အလိုတော်ကို ဆောင်ကြဉ်းရမယ်။ ငါက မင်းကို ရွေ့လျားကြွက်မိစ္ဆာလို့ အမည်ပေးပြီး ကမ္ဘာမြေဆီ စေလွှတ်လိုက်တယ်"

"အမိန့်အတိုင်းပါ... မြင့်မြတ်လှတဲ့ အရှင်သခင်"

ဧရာမကြွက်မိစ္ဆာကြီးက မတ်တတ်ရပ်ရင်း ပြန်ဖြေလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုပုံရိပ်ယောင်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ကြွက်မိစ္ဆာ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ မကြာခင်မှာပဲ ကြွက်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် ကြွက်ခေါင်းနှင့် လူခန္ဓာကိုယ် ပုံစံဖြစ်သွားပြီး အနောက်တွင် အမြီးအရှည်ကြီး တစ်ချောင်း ပါရှိနေသည်။ ၎င်း၏ကိုယ်ပေါ်တွင် နက်ရှိုင်းသော ချောက်နက်ကြီးအလား မျက်လုံးများဖြင့် ပြည့်နှက်နေသည့် စိမ်းဖန့်ဖန့် ဝတ်ရုံတော်ကြီးကို ဆင်မြန်းထားသည်။ ကြွက်ခေါင်းပေါ်ရှိ မျက်လုံးအိမ် တစ်ဆယ့်သုံးလုံးမှ ကြောက်မက်ဖွယ် စိမ်းရွှေရောင် အလင်းများ ဖြာထွက်နေပြီး ၎င်း၏ကိုယ်မှ ထွက်ပေါ်နေသော နတ်ဘုရားဆန်ဆန် သန့်စင်သည့် အလင်းရောင်များကမူ လူကို ကြက်သီးထစေသည်။

ထိုသန့်စင်သောအလင်းရောင်များသည် မိလ္လာမြောင်းအပေါက်မှတစ်ဆင့် အမှိုက်များ ပြန့်ကျဲနေသော လမ်းမထက်သို့ ဖြာထွက်လာပြီး မှောင်မည်းနေသော လမ်းကြားလေးကို အနည်းငယ် လင်းထိန်သွားစေသည်။

လမ်းပေါ်တွင် လဲလျောင်းနေကြသော လူများသည် မိလ္လာမြောင်းမှ ထွက်ပေါ်လာသော ထိုအလင်းရောင်ကို သတိပြုမိသွားကြပြီး စူးစမ်းလိုစိတ်ဖြင့် မိလ္လာမြောင်းအဖုံးနားသို့ ချဉ်းကပ်သွားကြသည်။

"အောက်မှာ ဘာရှိနေတာလဲ"

သူတို့က ဘာဖြစ်နေလဲဆိုတာကို ကြည့်ဖို့ မိလ္လာမြောင်းအဖုံးကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ပြင်းထန်လှသော အားတစ်ခုက မြောင်းအဖုံးကို လေထဲသို့ လွင့်စင်သွားစေသည်။

မိလ္လာမြောင်းကို စစ်ဆေးချင်နေသည့်သူမှာ ထိုလွင့်လာသော မြောင်းအဖုံးနှင့် တိုက်ရိုက်ထိမှန်ပြီး ခေါင်းပြတ်ထွက်ကာ သေဆုံးသွားခဲ့ရသည်။

မြောင်းအဖုံး ပွင့်ထွက်သွားသည်နှင့်အမျှ အလင်းရောင်မှာ ပိုမိုကြီးမားလာပြီး လူရိပ်တစ်ခု ပေါ်ထွက်လာကာ ထိုအလင်းသည် လမ်းမတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

လူတိုင်းက ထိုအလင်းတုံးကြီးကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

"ဒါ... နတ်ဘုရားတစ်ပါးလား"

တစ်ယောက်က ထိုအလင်းတုံးကြီး ဘာလဲဆိုတာကို သိချင်သဖြင့် တဖြည်းဖြည်း တိုးကပ်သွားသည်။

"အားးး"

စူးရှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းနားသို့ ချဉ်းကပ်သွားသူ၏ အရေပြားများသည် လျင်မြန်စွာ မည်းမှောင်လာပြီးနောက် အရည်ပျော်ကာ ပုပ်ပွသွားပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင် ရွှံ့စေးရည်ပုပ်များအဖြစ် ပြောင်းလဲသွားတော့သည်။

ရွေ့လျားကြွက်မိစ္ဆာ၏ မျက်လုံးအိမ် တစ်ဆယ့်သုံးလုံးစလုံးသည် မြေပြင်ပေါ်ရှိ အနက်ရောင် ရွှံ့စေးရည်ပုပ်များဆီသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

နောက်တစ်ခဏတွင် ၎င်းသည် သားရဲတစ်ကောင်ကဲ့သို့ ကုန်းစောင်း၍ ထိုင်ချလိုက်ပြီး လျှာအရှည်ကြီးကို ဆန့်ထုတ်ကာ မြေပြင်ပေါ်ရှိ အရည်ပုပ်များကို တစ်စက်မကျန် လျှာဖြင့် လိုက်ယက်နေတော့သည်။

အရည်ပုပ်များ ပေကျံနေသော အမှိုက်များကိုပင် တကူးတက မျိုချပစ်လိုက်သေးသည်။

"ငါ... ဒီလို အရည်ပုပ်တွေ ပိုလိုချင်သေးတယ်"

ရွေ့လျားကြွက်မိစ္ဆာသည် လူစကားဖြင့် ပြောဆိုလိုက်ပြီး ထိုအရည်ပုပ်ကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးသွားချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ကိုယ်မှ ထွက်ပေါ်နေသော သန့်စင်သောအလင်းမှာ ပိုမိုတောက်ပလာပြီး ထိုအလင်းနှင့် ထိမိသမျှ လူတိုင်းသည် အရည်ပုပ်များအဖြစ် ပြောင်းလဲကုန်ကြတော့သည်။

ရွေ့လျားကြွက်မိစ္ဆာကမူ မြေပြင်ပေါ်တွင် ကြွက်တစ်ကောင်ကဲ့သို့ ဝပ်စင်းရင်း လျှာကိုအဆက်မပြတ် ဆန့်ထုတ်ကာ ယက်နေခဲ့သည်။

အရည်ပုပ်များကို ပိုမိုယက်စားမိလေလေ ရွေ့လျားကြွက်မိစ္ဆာထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဘုရားကျောင်း အဖွဲ့အစည်း ၏ အခြားသော မိလ္လာမြောင်းတစ်ခု၌ မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ ပုံရိပ်ယောင် ဆင်းသက်လာပြီး ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ မိလ္လာမြောင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ဤနေရာတွင် စုဝေးနေကြသော မျှော့များအားလုံးသည် ထိုရွှေရောင်အလင်းတန်းဆီသို့ တရွေ့ရွေ့ စုရုံးလာကြသည်။

မကြာမီမှာပင် ထိုရွှေရောင်အလင်း၏ သက်ရောက်မှုကြောင့် မရေမတွက်နိုင်သော မျှော့များသည် တစ်ခုတည်းအဖြစ် စတင်ပူးပေါင်းသွားကြတော့သည်။

မကြာခင်အချိန်အတွင်းမှာပင် မိလ္လာမြောင်းထဲ၌ ဧရာမမျှော့အစုအဝေးကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်း၏စိတ်ထဲတွင် မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ စကားသံများ ပဲ့တင်ထပ်သွားသည်။

"ငါက မင်းကို ကောင်းအိုင်လန်အမည်ပေးတယ်။ မင်းက နတ်ဘုရားရဲ့ တမန်တော်ဖြစ်လာပြီး ကမ္ဘာမြေဆီ ဆင်းသက်ကာ နတ်ဘုရားရဲ့ တာဝန်ကို ထမ်းဆောင်ရမယ်"

ထို့နောက်တွင်တော့ ဧရာမ ကောင်းအိုင်လန်ကြီးသည် မိလ္လာမြောင်းထဲမှ ရုန်းထွက်လာခဲ့ရာ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လမ်းမတစ်ခုလုံးနီးပါးကို ပြည့်နှက်သွားစေသည်။ ၎င်း၏ကိုယ်ပတ်ပတ်လည်တွင် သွေးကြောမျှင်များအလား သေးငယ်လှသော အာရုံခံမျှင်တန်းပေါင်း သောင်းနှင့်ချီ၍ ဝန်းရံထားပြီး ထိုမျှင်တန်းတစ်ခုချင်းစီ၏ အဖျားတွင် မျှော့တစ်ကောင်စီ ရှိနေကြသည်။

မျှော့များပါရှိသော ထိုသွေးကြောမျှင်တန်းများသည် လမ်းမများပေါ်ရှိ သက်ရှိသတ္တဝါမှန်သမျှကို စတင်ဖမ်းဆီးတော့သည်။

မပြေးနိုင်ဘဲ ပိတ်မိသွားသူများကို ထိုမျှင်တန်းအဖျားရှိ မျှော့များက ကြောက်မက်ဖွယ် ခံတွင်းကြီးများကို ဖွင့်ကာ လူသားတို့၏ အသွေးအသားများကို အဆက်မပြတ် စုပ်ယူကြတော့သည်။

အသွေးအသားများသည် သေးငယ်လှသော သွေးကြောမျှင်များမှတစ်ဆင့် ကောင်းအိုင်လန် ဆီသို့ စီးဝင်သွားပြီး ၎င်း၏ခန္ဓာကိုယ်ကြီးကို ကြောက်မက်ဖွယ်ကောင်းသော နီမြန်းသည့်အရောင်အဖြစ် ပြောင်းလဲသွားစေသည်။

အမျှင်တန်းများ၏ ဖမ်းဆီးခြင်းကို မခံရသေးသူများမှာမူ အသက်လုကာ ထွက်ပြေးနေကြသည်။

"အမြန်... အဆောက်အဦးတွေရဲ့ အနောက်မှာ ပုန်းကြ။ ဒါဆိုရင် သူတို့ ငါတို့ကို ရှာမတွေ့နိုင်တော့ဘူး"

ထိုသူ စကားပြော၍ပင် မဆုံးသေးမီမှာပင် မျှင်တန်းပေါ်ရှိ မျှော့များသည် သူတို့၏ ထက်မြက်လှသော သွားများဖြင့် ခိုင်မာလှသော ကွန်ကရစ်အဆောက်အဦးများကိုပါ တိုက်ရိုက် ဖောက်ထွင်းပစ်လိုက်ကြသည်။

"ဖတ်"

အသံတစ်ခုနှင့်အတူ အဆောက်အဦးနောက်ကွယ်တွင် ပုန်းနေသောသူ၏ ရင်ဘတ်၌ အပေါက်အသေးလေးတစ်ခု ဖြစ်သွားပြီး၊ ထိုအပေါက်မှတစ်ဆင့် မျှော့၏ထက်မြက်သော ခံတွင်းကြီးက ထိုသူ၏ နှလုံးသားမှ သွေးများကို အဆက်မပြတ် စုပ်ယူနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူ၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွားပြီးနောက် မကြာခင်မှာပဲ သေဆုံးသွားခဲ့ရသည်။

"ဝုန်း"

"ဝုန်း"

"ဝုန်း"

ကောင်းအိုင်လန် ၏ ထိန်းချုပ်မှုအောက်တွင် မရေမတွက်နိုင်သော သွေးကြောမျှင်တန်းများသည် မြို့ပြတစ်ခုလုံးကို လှည့်ပတ်ဖျက်ဆီးနေပြီး သက်ရှိမှန်သမျှကို ချန်မထားခဲ့ပေ။

အဆောက်အဦးများသည် တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားခဲ့ပြီး ဆယ်မိနစ်အတွင်းမှာပင် ကောင်းအိုင်လန် ပေါ်ထွက်လာခဲ့သော နေရာသည် လုံးဝဥဿုံ ပျက်စီးယိုယွင်းနေသော အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မြို့တစ်မြို့လုံး၏ သွေးများကို စုပ်ယူပြီးနောက်တွင်တော့ ကောင်းအိုင်လန်သည် ကောင်းကင်ယံတွင် ဝဲပျံနေခဲ့ပြီး မြေအောက်ကမ္ဘာမှ လူသားတို့၏ အသက်ရှင်သေဆုံးမှုကို စိတ်တိုင်းကျ ထိန်းချုပ်နေသော နတ်ဘုရားတစ်ပါးအလား တည်ရှိနေတော့သည်။

All Chapters