← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း။ ၁၄၅

ဖြန်း…

ရေသုံးခွက် သောက်ပြီးနောက် ဝမ်ပင်းသည် ရေခွက်ကို ရေပုံးထဲသို့ အရှိန်ဖြင့် ပစ်ချလိုက်တော့သည်။

"မင်း ဒီကနေ အဆုံးထိ တည့်တည့်လျှောက်သွားလိုက်။ ငါ မင်းအတွက် အဝတ်အစားတွေ အရင်သွားယူပေးမယ်"

"ဒါပဲ ဝတ်ထားလို့ ရပါတယ်ဗျာ။ ကျွန်တော် ဒီချပ်ဝတ်တန်ဆာကို ဝတ်လာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ ကျင့်သားရနေပါပြီ။ ရုတ်တရက်ကြီး ချွတ်လိုက်ရရင် တစ်မျိုးကြီး ဖြစ်နေသလိုပဲ" ပြောရင်းဆိုရင်း ဟွမ်းရှန်းက သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာကို ပုတ်ပြလိုက်သည်။

"ငါ သွားယူပေးမယ် ဝတ်မဝတ်ဆိုတာကတော့ မင်းသဘောပဲ"

"ဒါနဲ့... အဲဒါက ဂိုဏ်းချုပ် ဝတ်ထားတဲ့ အဝတ်အစားမျိုးတော့ မဟုတ်လောက်ပါဘူးနော်"

"ဒါမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ"

ဟွမ်းရှန်းသည် ဝမ်းသာအားရ ဖြစ်သွားပြီး "ဒါဆိုရင် ကျွန်တော် စောင့်နေပါ့မယ်" ဟု အလျင်အမြန် ပြန်ပြောလိုက်သည်။

ဤကောင်လေး မျက်နှာပြောင်းလဲပုံ မြန်လှသည်ကို မြင်သောအခါ ဝမ်ပင်းသည် ဘာမှမတတ်

နိုင်ဘဲ ပြုံးမိလိုက်ပြီး တင်းယွီဆောင်ရှိရာဘက်သို့ လှည့်ထွက်ခဲ့တော့သည်။

ဟွမ်းရှန်းကမူ တောအုပ်လမ်းလေးအတိုင်း လျှောက်လာခဲ့ရာ အိပ်ဆောင်ဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် သစ်သားတံတားဘေးရှိ ကြေညာချက်သင်ပုန်းပေါ်သို့ မျက်စိကျသွားတော့သည်။

[ဆွဲငင်အားကွင်းပြင် တစ်နာရီလျှင် ရွှေဒင်္ဂါး ၁၀ ပြား]

[အိပ်ဆောင်အဆောင် တစ်ရက်လျှင် ရွှေဒင်္ဂါး ၅၀]

[တိုက်ပွဲနယ်ပယ် တစ်ကြိမ်လျှင် ရွှေဒင်္ဂါး ၁၀၀]

...

"ဒါတွေက ဘာတွေပါလိမ့်"

သူ အတွေးပွားနေစဉ်မှာပင် ကျောက်ချင်းသည် အိပ်ဆောင်ဆောင်ဆီသို့ ပြန်လာခဲ့ရာ ဟွမ်းရှန်းကို မြင်လျှင် မြင်ချင်း ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ "ရှင့်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဘယ်သူ့ကို လာရှာတာလဲ" ဟု မေးလိုက်သည်။

မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းမေးသည်ကို မြင်သောအခါ ဟွမ်းရှန်းသည် ချက်ချင်းပင် ကိုယ်ဟန်ကို ပြင်လိုက်ပြီး "မင်္ဂလာပါ... ကျွန်တော့်နာမည် ဟွမ်းရှန်းလို့ ခေါ်ပါတယ်။ တပည့်သစ်တစ်ယောက်ပါ" ဟု ပြန်ဖြေလိုက်သည်။

"တပည့်သစ်လား... မသေမျိုးဂိုဏ်းက ပါရမီမရှိတဲ့သူတွေကို လက်မခံဘူး မဟုတ်လား"

"အဲဒါ... ဒါကြောင့် ကျွန်တော်က အမည်ခံတပည့် ဖြစ်နေတာပေါ့"

သူ အကျယ်တဝံ့ မရှင်းပြချင်သလို သူကိုယ်သု ပါရမီမရှိသူဟု ဝန်မခံချင်သော်လည်း အမည်ခံတပည့် ဖြစ်ရသည်ကိုမူ သူ ရှက်ရွံ့မနေပေ။

ကျောက်ချင်းက ခေါင်းငြိမ့်လိုက်ပြီး "ဩော်... ဒါဆိုရင်တော့ သဘာဝကျပါတယ်လေ။ ဒါဆိုရင် ဟိုမှာရှိတဲ့ သံနက်သေတ္တာထဲကို ရွှေဒင်္ဂါး ငါးဆယ် ထည့်လိုက်ပြီး အထဲဝင်ပြီး အားတဲ့အခန်းတစ်ခုခုမှာ နေရာယူလိုက်လို့ ရပြီ" ဟု ပြောလိုက်သည်။

ဟွမ်းရှန်း ခေါင်းငြိမ့်ပြကာ ကျောက်ချင်း ပြောသည့်အတိုင်း လုပ်ဆောင်ပြီးနောက် အိပ်ဆောင်အဆောင်ထဲသို့ ချက်ချင်း ဝင်လာခဲ့သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားကာ ကျောက်ချင်း၏ ကျင့်ကြံခြင်းအဆင့်ကို သိလိုသဖြင့် သူ၏ အာရုံခံစွမ်းအားကို တိတ်တဆိတ် ထုတ်လွှတ်၍ စမ်းသပ်ကြည့်လိုက်မိသည်။

သူသည် စူးစမ်းလိုစိတ်သက်သက်ဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းပင်။

သို့သော် မသိဘဲ စမ်းသပ်ကြည့်လိုက်မိခြင်းက သူ့ကို အလွန်ပင် တုန်လှုပ်သွားစေခဲ့တော့သည်။

သူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်မှာ သူ့ရှေ့မှောက်ရှိ မိန်းကလေးသည် သူ့ထက် အသက်အနည်းငယ်မျှ ငယ်ရွယ်သော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူသည် သူမထက် အသက်ကြီးသော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအဆင့်တွင်သာ ရှိနေသေးသောကြောင့်ပင်။

သူမကဲ့သို့ ပါရမီရှင်မျိုးသည် ဆန်းဝူမြို့တွင် တစ်ခါမျှ မပေါ်ဖူးချေ။ မှီခိုရာဂိုဏ်းနှင့် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တို့သာ သိလျှင် သူမကို ရရှိရန်အတွက် ရူးသွပ်သွားကြပေလိမ့်မည်။

သို့သော် မသေမျိုးဂိုဏ်းတွင်မူ သူမကဲ့သို့ လူမျိုး ရှိနေခြင်းပင်။

ဘုရားရေ….

သူ့ပါးစပ်မှ အာမေဍိတ်သံ ထွက်ပေါ်လုနီးပါး ဖြစ်သွားစဉ်မှာပင် ကျောက်ချင်းက ရုတ်တရက် လှမ်းပြောလိုက်သည်။

"နောက်တစ်ခါ ကျင့်ကြံခြင်းအဆင့်တူတဲ့သူတစ်ယောက်ရဲ့ စွမ်းအားကို ဒီလိုမျိုး မဆင်မခြင် လာပြီး စမ်းသပ်မနေနဲ့ဦး ရန်သူလို့ သတ်မှတ်ခံရနိုင်တယ်"

"အာ... တောင်းပန်ပါတယ်ဗျာ"

ဟွမ်းရှန်းက ရှက်ကိုးရှက်ကန်းဖြင့် အားနာတုံ့ပြန်လိုက်ရှာသည်။

ထိုအချိန်တွင် ဝမ်ပင်းသည် တင်းယွီဆောင်မှ အလျင်အမြန် လျှောက်လှမ်းလာပြီး မသေမျိုး လေညင်းဝတ်စုံကို ဟွမ်းရှန်းထံသို့ ကမ်းပေးလိုက်ရာ ဟွမ်းရှန်းသည်လည်း ရွှေဒင်္ဂါး တစ်

ထောင်တန် ရွှေလက်မှတ် နှစ်ရွက်ကို အမြန်ဆွဲထုတ်၍ ဝမ်ပင်းထံသို့ အပ်နှံလိုက်သည်။

သူ့အတွက် ငွေကြေးဆိုသည်မှာ ဘယ်တော့မှ မပြတ်တောက်ဖူးသောအရာ ဖြစ်သဖြင့် ၎င်းငွေကြေးကို အသုံးပြု၍ မသေမျိုး လေညင်းဝတ်စုံနှင့် လဲလှယ်နိုင်မည်ဆိုပါက ဟွမ်းရှန်းအနေဖြင့် တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမည်သာ ဖြစ်သည်။

ဝမ်ပင်းက ပြောလိုက်သည်။

"ပထမဆုံး အခန်းတစ်ခန်းမှာ နေရာအရင်ယူလိုက်ဦး။ မင်းရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် ဆွဲငင်အားကွင်းပြင်မှာ သွားပြီး ကျင့်ကြံတာ အကောင်းဆုံးပဲ။ ဆွဲငင်အားကွင်းပြင်က ကျင့်ကြံခြင်းနှုန်းကို ကိုးဆအထိ မြှင့်တင်ပေးနိုင်ပြီး တစ်နေ့ကို သုံးနာရီကြာ ကျင့်ကြံနိုင်တယ်။ တစ်နာရီကိုတော့ ရွှေဒင်္ဂါး ၁၀ ပြား ကျသင့်မှာပေါ့"

"ကိုးဆတောင်လား"

ဟွမ်းရှန်းသည် ၎င်းကို ကြားလိုက်ရသည့်အခါ အလွန်ပင် လန့်ဖျပ်သွားရတော့သည်။

ဝမ်ပင်းသည် သူ၏ အမူအရာကို ဂရုမစိုက်ဘဲ နေအိမ်ထဲမှ ထွက်လာသည့် ရန်ရှီးကို လှမ်းမြင်

လိုက်ရသဖြင့် မေးလိုက်သည်။

"ရန်ရှီး... မင်း ဆွဲငင်အားကွင်းပြင်ကို သွားမလို့လား"

ရန်ရှီးက ခေါင်းငြိမ့်ပြသည်။

"ကောင်းပြီ... ဒါဆိုရင် သူ့ကိုပါ တစ်ပါတည်း ခေါ်သွားပေးလိုက်ပါဦး"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

ရန်ရှီးက ခေါင်းငြိမ့်လိုက်၏။

ဟွမ်းရှန်းသည် ရန်ရှီးဟူသော နာမည်ကို ကြားလိုက်ရသောအခါ မသိစိတ်အလျောက် ခေါင်းလှည့်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးမိလိုက်သည်။

"ဒီရန်ရှီးဆိုတာ မှီခိုရာဂိုဏ်းနဲ့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တို့ လုခက်နေကြတဲ့ အသက် တစ်ဆယ့်ငါးနှစ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအဆင့်ကို ရောက်နေတဲ့ ပါရမီရှင်မလေး မဟုတ်ဘူးလား"

သူ ခေါင်းလှည့်ပြီး ရန်ရှီး၏ မျက်နှာကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်စွာဖြင့် အော်

လိုက်မိတော့သည်။

"တကယ်ပဲ မင်းကိုး"

"မြို့တော်ဝန်သခင်လေးက ကျွန်မကို သိနေတာပဲ"

ရန်ရှီးက ခပ်ဖွဖွ ပြုံးပြလိုက်သည်။

"သိတာပေါ့"

ဟွမ်းရှန်းက ပြန်ဖြေလိုက်ရင်း စိတ်ထဲတွင်မူ "မင်းကို မသိတဲ့သူ ဘယ်သူရှိမှာလဲ။ မင်းက ဒီလောက်တောင် တောက်ပနေတာကို" ဟု တွေးနေမိသည်။

သူသည် ယခုမှသာ သူကိုယ်သူ တကယ့်ကို ပါရမီမရှိသူတစ်ဦး ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သွားတော့သည်။

မသေမျိုးဂိုဏ်း၏ မည်သည့်တပည့်မဆို ပါရမီက သူ့ထက် များစွာ သာလွန်နေကြခြင်းပင်။

သူ ကြောင်အမ်းနေစဉ်မှာပင် ရန်ရှီးသည် အိပ်ဆောင်ဆောင်မှ ထွက်ခွာသွားသည်ကို လှမ်းမြင်လိုက်ရသဖြင့် ဟွမ်းရှန်းသည် ချက်ချင်းပင် သူမနောက်သို့ အမီလိုက်ရင်း "နေဦး... ငါ့ကို စောင့်ပါဦး" ဟု အော်ကာ ပြေးလိုက်သွားတော့သည်။

ဝမ်ပင်းသည် ရန်ရှီး၏ ကျောပြင်ကို စိုက်ကြည့်နေသည့် ကျောက်ချင်းကို တစ်ချက်ကြည့်ကာ စနောက်လိုက်သည်။

"သူက လီလီလည်း မဟုတ်ဘဲနဲ့ ဒီလောက်တောင် စူးစူးစိုက်စိုက် ကြည့်နေဖို့ မလိုပါဘူး ဟုတ်တယ်မလား"

"ဂိုဏ်းချုပ်... ကျွန်မ ကျင့်ကြံဖို့ သွားတော့မယ်"

ကျောက်ချင်းသည် သူမ၏ စိတ်တွင်းအတွေးများ ဖော်ထုတ်ခံလိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားကာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ဝမ်ပင်း ချူးရောက်တောင်သို့ သွားရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ အသံကို ကြားလိုက်ရသည်။

ဝမ်ပင်း ခန့်မှန်းထားသည့်အတိုင်းပင် ဟန်ဝမ်သည် ဆန်းဝူမြို့မှ ထွက်ခွာသွားခြင်း မရှိသေးပေ။ တစ်ရက်တာ နှိပ်စက်ခံရပြီးနောက် သူသည် ဆက်လက်၍ အောင့်အီးမထားနိုင်တော့ဘဲ ယွန်းလန်တောင်သို့ လာရောက်ခဲ့သော်လည်း ယခုအခါတွင်မူ တောင်ပေါ်ခွေးကြီးက သူ့ကို အထပ်

တစ်ထောင်ဝင်္ကပါ၏ အပြင်ဘက်တွင် ပိတ်ဆို့ထားခဲ့ခြင်းပင်။

ဟန်ဝမ်သည် သင်ခန်းစာရသွားပုံရပြီး အတင်းအဓမ္မ တိုးမဝင်တော့ဘဲ တောင်ခြေတွင်သာ စောင့်ဆိုင်းနေခဲ့ရာ ဝမ်ပင်းကို စောင့်ဆိုင်းနေသည့်အလား ဖြစ်နေသည်။

"အဲဒီမှာပဲ ဆက်ပြီး စောင့်ကြည့်ထားလိုက် သူ့ကို တောင်ပေါ် တက်ခွင့်မပေးနဲ့ဦး"

တောင်ပေါ်ခွေးကြီးကို အမိန့်ပေးပြီးနောက် ဝမ်ပင်းသည် ချူးရောက်တောင်သို့ သွားရောက်ခဲ့ပြီး သူ ပြန်လည်ရောက်ရှိလာချိန်တွင်မူ ညနေစောင်းနေခဲ့ပြီ ဖြစ်သည်။

ဟန်ဝမ်မှာလည်း ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

သို့သော် နောက်တစ်နေ့မနက်တွင် ဟန်ဝမ်သည် ထပ်မံ ရောက်ရှိလာပြန်ပြီး တောင်ခြေ၌ တောင်ပေါ်ခွေးကြီး၏ ပိတ်ဆို့ခြင်းကို ခံနေရဆဲပင်။

စူးစမ်းလိုစိတ်ကြောင့် ဝမ်ပင်းသည် တောင်ပေါ်ခွေးကြီးကို သူ့အား လွှတ်ပေးရန် ခွင့်ပြုလိုက်ပြီး သူကိုယ်တိုင်ကမူ ကွင်းပြင်ကျယ်ဘေးရှိ ကျောက်စားပွဲတွင် ထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။

ဟန်ဝမ် တောင်ပေါ်သို့ တက်လာသောအခါ သူ့ဘေးတွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ပါလာခဲ့ရာ ၎င်းက အဆင့်နိမ့်နက်နဲသောအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

မိစ္ဆာဘုရင်၏ ရှုံးနိမ့်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် ထိုလူသည် တောင်ပေါ်သို့ ရောက်ရှိလာသည့်တိုင်အောင် အလွန်ပင် သတိကြီးစွာ ထားနေပြီး ဝမ်ပင်းကို နှုတ်ပင်မဆက်ဘဲ ငြိမ်သက်စွာ ရပ်နေခဲ့ရာ စကားနည်းလေ ကောင်းလေဟူသော အမူအရာမျိုး ဖြစ်နေသည်။

ဟန်ဝမ်က စတင်၍ စကားပြောလာသည်။

"ဂိုဏ်းချုပ်ဝမ်... မင်းက တကယ့်ကို ငယ်ရွယ်တာပဲ။ မင်းရဲ့ အသက်အရွယ်တုန်းက ငါကတော့ အူကြောင်ကြောင်နဲ့ ဘာမှမသိနားမလည်သေးဘူး"

"ပြောစရာရှိတာကို အမှန်အတိုင်းသာ တိုက်ရိုက်ပြောပါ"

ဟန်ဝမ်၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ရင်း ဝမ်ပင်း ခံစားရသည်မှာ တကယ့်ကို ဟန်ဆောင်မှုအပြည့် ဖြစ်နေသည်ဟူ၍ပင်။

ဟန်ဝမ်သည် တစ်ဖက်လူက ပွင့်ပွင့်လင်းလင်း ပြောလာသည်ကို မြင်သောအခါ ဟန်ဆောင်မနေတော့ဘဲ ချက်ချင်းပင် လိုရင်းကို ပြောလိုက်တော့သည်။

"ဂိုဏ်းချုပ်ဝမ်... ဒီသခင်လေးက မင်းရဲ့လက်ထဲမှာရှိတဲ့ သစ်သားလွင့်သဲကို ဝယ်ချင်လို့ပါ။ မင်း ကြိုက်တဲ့ဈေးကိုသာ ခေါ်လိုက်စမ်းပါ"

"မရှိတော့..."

ဝမ်ပင်း စကားမဆုံးခင်မှာပင် ဟန်ဝမ်က ဖြတ်ပြောလိုက်သည်။

"ရွှေဒင်္ဂါး ငါးသောင်း ပေးမယ်"

ဝမ်ပင်းက အလျင်အမြန်ပင် "ငါ ပြောချင်တာက သစ်သားလွင့်သဲက ငါ့ဆီမှာ မရှိတော့ဘူးလို့ ပြောတာ။ မင်း ရွှေဒင်္ဂါး တစ်သိန်းပေးရင်တောင် ငါ မရောင်းနိုင်တော့ဘူး" ဟု ပြောလိုက်သည်။

"တစ်ယောက်ယောက်က ဝယ်သွားပြီလို့လား"

"မဟုတ်ဘူး ငါကိုယ်တိုင် မတော်တဆ စားပစ်လိုက်လို့"

ထိုရှင်းလင်းချက်ကို ကြားလိုက်ရသောအခါ ဟန်ဝမ်၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားတော့သည်။

သစ်သားလွင့်သဲကို စားပစ်လိုက်တယ်ဟုတ်လား။

အကယ်၍ သစ်သားလွင့်သဲကို ဒီအတိုင်း တိုက်ရိုက်စားလို့ရမယ်ဆိုရင် ငါလည်း ရွှေရောင်လွန်းပျံရွက်ကို ဒီအတိုင်း တိုက်ရိုက် မျိုချပစ်လိုက်မယ်။

ဟန်ဝမ်က ဆက်ပြောသည်။

"ဂိုဏ်းချုပ်ဝမ်... အခုက နောက်ပြောင်နေရမယ့် အချိန်မဟုတ်ဘူးနော်။ အကယ်လို့ ဈေးနည်းတယ်လို့ ထင်ရင် ငါတို့ ထပ်တိုးပေးလို့ရတယ်။ မင်း စိတ်ကြိုက်သာ တိုးတောင်းစမ်းပါ"

"တစ်သန်း"

"ဂိုဏ်းချုပ်ဝမ်... မင်းက တမင်သက်သက် လူကို အကျပ်ကိုင်နေတာ မဟုတ်လား"

"သစ်သားလွင့်သဲ မရှိတော့ဘူးလို့ ငါ အမှန်အတိုင်း ပြောတော့လည်း မင်းက မယုံဘူး။ ငါက တစ်သန်းလို့ ပြောတော့လည်း လူကို အကျပ်ကိုင်နေတယ်လို့ မင်းက ပြောပြန်ပြီ"

ဝမ်ပင်း၏ စကားကို ကြားသောအခါ ဟန်ဝမ်၏ မျက်နှာက ချက်ချင်းပင် သွေးမရှိသကဲ့သို့ ဖြူလျော်သွားတော့သည်။

သို့သော် သစ်သားလွင့်သဲကို ရရှိရန်အတွက် သူ သည်းခံရမည်သာ ဖြစ်သည်။

ထို့အပြင် အခြားရွေးချယ်စရာ လုံးဝမရှိချေ။

မိစ္ဆာဘုရင်တောင်မှ မသေမျိုးဂိုဏ်း၏ ရှေ့မှောက်တွင် ကျဆုံးသွားခဲ့ရခြင်းပင်။

မသေမျိုးဂိုဏ်းသည် သူ လက်ရှိအခြေအနေဖြင့် ထိပ်တိုက်တွေ့နိုင်မည့် အရာမျိုး မဟုတ်ပေ။

ဟန်ဝမ်သည် သူ၏ဒေါသကို အောင့်အီးထားရင်း ဆက်ပြောလိုက်သည်။

"ငါ ရွှေဒင်္ဂါး တစ်သန်းကိုတော့ ထုတ်မပေးနိုင်တာ အမှန်ပဲ။ ပြီးတော့ သစ်သားလွင့်သဲကလည်း ဒီလောက်တောင် မတန်ပါဘူး။ ဒီလိုလုပ်ရအောင် ဂိုဏ်းချုပ်ဝမ်... ငါ့ရဲ့ ပါရမီရှင်ဆယ်ယောက်တံဆိပ်ပြားနဲ့ မင်းရဲ့ သစ်သားလွင့်သဲကို လဲလှယ်ကြရအောင် ဘယ်လိုလဲ"

"ပါရမီရှင်ဆယ်ယောက်တံဆိပ်ပြား..."

"ဂိုဏ်းချုပ်ဝမ်... မင်းက ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူပဲ။ မင်းသာ ဒီပါရမီရှင်ဆယ်ယောက်တံဆိပ်ပြားကို ကိုင်ပြီး ဟွမ်လီမြို့ကို သွားမယ်ဆိုရင် နောက်ထပ် လဝက်အတွင်းမှာ ကျင်းပမယ့် ငါးနှစ်တစ်ကြိမ် ပါရမီရှင်ဆယ်ယောက်စမ်းသပ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာ"

"စိတ်မဝင်စားဘူး"

"ဂိုဏ်းချုပ်ဝမ်... မင်း ပါရမီရှင်ဆယ်ယောက်စမ်းသပ်ပွဲဆိုတာ ဘာလဲဆိုတာ မသိသေးလို့ ဖြစ်လိမ့်မယ်။ အဲဒီစမ်းသပ်ပွဲမှာ ထိပ်တန်းအဆင့် ၅၀၀ အတွင်း ဝင်ရုံတင်နဲ့တင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုခုမှာ အမာခံတပည့်အဖြစ် ဝင်ရောက်ခွင့်ရမှာ ဖြစ်ပြီး အဝါရောင်အဆင့်အလယ်အလတ် ကျင့်စဉ်တွေကိုတောင် ကျင့်ကြံခွင့်ရမှာ ဖြစ်တဲ့အပြင် နက်နဲသောအဆင့်ဆီကို လမ်းကြောင်းပွင့်သွားမှာ။ အကယ်လို့ ထိပ်တန်း အယောက် ၁၀၀ အတွင်း ဝင်မယ်ဆိုရင် ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေထဲကိုတောင် ဝင်ခွင့်ရနိုင်ချေ ရှိတယ်။ ငါ့မှာလည်း ဒီတံဆိပ်ပြား တစ်ခုတည်းပဲ ရှိတာကို သစ်သားလွင့်သဲနဲ့ လဲဖို့အတွက် လိုလိုလားလား ကမ်းလှမ်းနေတာပါ"

သစ်သားလွင့်သဲကို ပြန်လည်ရရှိရန်အတွက် ဟန်ဝမ်သည် မည်သည့်ဈေးနှုန်းကိုမဆို ပေးရန် အသင့်ရှိနေခဲ့သည်။

အဆိုးဆုံးအနေဖြင့် ပါရမီရှင်ဆယ်ယောက်စမ်းသပ်ပွဲကို မပြိုင်ဘဲ နေလိုက်ရုံသာ ရှိသည်။

သူသာ ဝဲဂယက်မြေပုံကို ဖန်တီးပြီး ထူးခြားဆန်းပြားသော သွေးကြောကို ရရှိနိုင်မည်ဆိုပါက ကြယ်သုံးပွင့်အဆင့်ရှိ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်နိုင်ဆဲပင်။

အရှုံးနှင့် အမြတ်ကို နှိုင်းယှဉ်ရလျှင် သူသည် ဝဲဂယက်မြေပုံကို ရရှိရန်အတွက်သာ ရွေးချယ်ရမည်ပင်။ မဟုတ်ပါက သူ ပေးဆပ်ခဲ့ရသော အချိန်အားလုံးမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

All Chapters