← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း။ ၁၄၈

မစ်ရှင်၏ ဆုလာဘ်က တကယ်ကို မက်မောစရာ ကောင်းလှသော်လည်း ၎င်းကို အကောင်အထည်ဖော်ရမည့် နေရာကမူ အလွန်ပင် စိတ်ကူးရခက်ခဲသည်။

သူသည် ဂိုဏ်းရာပေါင်းစုံမဟာမိတ်အဖွဲ့မှ နက်နဲသောအဆင့်ရှိ ကျင့်ကြံသူ ငါးဦးကို သတ်ပစ်ခဲ့သည်မှာ မကြာသေးချေ။ ထိုအဖွဲ့က ယခုအချိန်တွင် သူ့ကို မည်သို့ သတ်ရမည်ဆိုသည်ကို ကြံစည်နေကြလောက်ပြီ ဖြစ်သည်။

သို့ပါလျက်နှင့် ယခုအခါတွင်မူ နာမည်ဂုဏ်သတင်း ကျော်စောစေရန်အတွက် ဟွမ်လီမြို့သို့ မစ်ရှင်တစ်ခုဖြင့် စေလွှတ်ခြင်း ခံရခြင်းမှာ သေတွင်းထဲသို့ ကိုယ်တိုင် တိုးဝင်သွားခိုင်းသကဲ့သို့ ခံစားရစေသည်။

သို့သော်လည်း ဝမ်ပင်းသည် ဤကဲ့သို့ စိန်ခေါ်မှုရှိသော ခံစားချက်ကို သဘောကျမိသည်။

ဝမ်ပင်းသည် ငယ်စဉ်က သူ့မိဘများ ပြောပြချက်အရ ဟွမ်လီမြို့အကြောင်းကို အနည်းငယ် သိရှိထားခဲ့သည်။

၎င်းသည် အရှေ့အိုင်တစ်ခုလုံး၏ ဗဟိုချက်ဖြစ်ပြီး အကြီးဆုံးမြို့ကြီးလည်း ဖြစ်သည်။ မြို့ကြီး မည်မျှအထိ ကျယ်ဝန်းသည်ကို သူ သေသေချာချာမသိသော်လည်း သူ့အဖေက ထိုမြို့သည် ဆန်းဝူမြို့ထက် အနည်းဆုံး အဆပေါင်း နှစ်ဆယ်ခန့် ပိုမိုကြီးမားပြီး အရှေ့မြို့တံခါးမှ အနောက်မြို့တံခါးအထိ လမ်းလျှောက်မည်ဆိုပါက တစ်နေ့တာ၏ ထက်ဝက်ခန့် အချိန်ယူရမည်ဟု ပြောပြခဲ့ဖူးသည်။

ဟွမ်လီမြို့နှင့် နှိုင်းယှဉ်ပါက ဆန်းဝူမြို့မှာ ရွာငယ်လေးတစ်ရွာကဲ့သို့ပင် ထင်မှတ်ရပေလိမ့်မည်။

ခဏအကြာတွင် ဝမ်ပင်းသည် ကျောက်စိမ်းသေတ္တာကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ရင်း စနစ်ကို အတွင်းရှိ ရွှေလက်မှတ်များကို ရေတွက်ခိုင်းလိုက်ရာ စုစုပေါင်း ရွှေဒင်္ဂါး ၁၀၅,၇၀၀ တိတိ ရှိနေခဲ့သည်။

တင်းယွီဆောင်ကို အဆင့်မြှင့်တင်ရန်အတွက်မူ ရွှေဒင်္ဂါး ၃၀၀,၀၀၀ ပင် လိုအပ်နေသေးသည်။

ဝမ်ပင်းသည် ပင်မဆောင် သို့မဟုတ် အိပ်ဆောင်ဧရိယာကို အဆင့်မြှင့်တင်ရန် စဉ်းစားမိလိုက်သည်။

ပင်မဆောင်က ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဖော်ဆောင်ပေးနိုင်ပြီး အိပ်ဆောင်ဧရိယာကို အဆင့်

မြှင့်တင်မည်ဆိုပါက အခန်းအမြောက်အမြား ထပ်မံတိုးချဲ့နိုင်မည်ပင်။

ဟွမ်းရှန်း ရောက်ရှိလာကတည်းက အိပ်ဆောင်ဧရိယာမှာ လူအပြည့် ဖြစ်နေခဲ့ကာ အကယ်၍ နောက်ထပ် တပည့်အသစ်များ ထပ်မံဝင်ရောက်လာပါက အိပ်စရာနေရာ ရှိတော့မည်မဟုတ်ပေ။

သို့သော် သေသေချာချာ စဉ်းစားပြီးနောက်တွင်မူ ဤကိစ္စကို ခရီးစဉ်မှ ပြန်လာပြီးမှသာ ထည့်သွင်းစဉ်းစားရန် ဆုံးဖြတ်လိုက်တော့သည်။

ညနေစောင်းအချိန်တွင် ဝမ်ပင်းသည် သူလိုအပ်မည့် ပစ္စည်းအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် လူတိုင်းကို ညစာစားရန်အတွက် စုစည်းစေကာ လူတစ်ဦးလျှင် ရေတွက်ရေ တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် အချိန်အတော်ကြာ ရေမသောက်ဘဲ နေနိုင်ကြသဖြင့် မည်သူမျှ ရေတွက်ရေ၏ ဆန်းကြယ်မှုကို သတိမပြုမိကြဘဲ စားပွဲပေါ်ရှိ ရေခွက်ကို မြင်သောအခါ ပင်ကိုယ်အသိဖြင့်သာ အနံ့ခံကြည့်လိုက်ကြသည်။

"ငါက အရက်များလားလို့"

ချင်ရှန်းက အရက်သမားအိုကြီးတစ်ဦးကဲ့သို့ ပြုံးလျက် တဟားဟား ရယ်မောလိုက်သည်။

ဟွမ်းရှန်းကမူ ဤရေသည် ဘာလဲဆိုသည်ကို သိရှိထားသဖြင့် အလျင်အမြန်ပင် ကောက်ယူမော့သောက်လိုက်ပြီး "ဂိုဏ်းချုပ်... ဒီနေ့ လူတိုင်း ပျော်နေကြတာဆိုတော့ ကျွန်တော် နောက်ထပ် ရေတစ်ခွက်လောက် ထပ်သောက်လို့ ရမလားခင်ဗျာ" ဟု ပြောလိုက်သည်။

"မရဘူး"

ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်နေကြသော အခြားသူများမှာမူ ဇဝေဇဝါ ဖြစ်သွားကြပြီး ဟွမ်းရှန်းက ဘာဖြစ်လို့ ရေကို ထပ်မံသောက်ချင်နေရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ရန်လီလီသည် မနေနိုင်တော့ဘဲ ခွက်ကို ကောက်ကိုင်ကာ အတွင်းရှိ ရေကို ကြည့်ပြီး အနံ့ကို ထပ်မံခံကြည့်လိုက်သည်။

ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် တစ်ငုံ မြည်းစမ်းကြည့်လိုက်ရာ ချက်ချင်းပင် "ဒါက ရေ ဟုတ်လား။ ဘာလို့ ဒီလောက်တောင် သောက်လို့ကောင်းနေရတာလဲ" ဟု အော်ဟစ်မိတော့သည်။

ဟွမ်းရှန်းးက ဘေးမှနေ၍ "ဟုတ်တယ်လေ... အဲဒါ ရေပဲ မီးဖိုချောင်ဘေးက ရေတွင်းထဲက ရေလေ" ဟု ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် ဟွမ်ယီသည်လည်း ကြွေခွက်ကို ကောက်ကိုင်ကာ လူနှစ်ဦး ချီးမွမ်းနေကြသော ရေကို မြည်းစမ်းကြည့်လိုက်သည်။ အခြားသူများသည်လည်း စူးစမ်းလိုစိတ်ကြောင့် ဖြစ်စေ ပုံစံပြရန်အတွက်ဖြစ်စေ သူတို့၏ ခွက်ကို အသီးသီး ကောက်ကိုင်ကာ တစ်ငုံစီ မြည်းစမ်းကြည့်လိုက်ကြတော့သည်။

သို့သော် တစ်ငုံမျှ သောက်ကြည့်ပြီးနောက်တွင်မူ သူတို့ မရပ်တန့်နိုင်ကြတော့ချေ။

ချင်မိုက သောက်ရင်းနှင့် သက်ပြင်းချကာ "ဒီရေက တကယ့်ကို သောက်လို့ကောင်းတာပဲ။ သောက်လိုက်ရင် စိတ်ဝိညာဉ်ပါ လန်းဆန်းသွားသလိုပဲ" ဟု ပြောလိုက်သည်။

သို့သော်လည်း သူတို့ အရသာခံနေဆဲမှာပင် ခွက်ထဲရှိ ရေများမှာ ကုန်ခမ်းသွားခဲ့သည်။

ချင်မိုက အလျင်အမြန်ပင် မတ်တပ်ရပ်လိုက်ပြီး "ကျွန်တော် နောက်ထပ် တစ်ခွက် လိုချင်သေးတယ်။ ဒီလောက် သောက်လို့ကောင်းတဲ့ရေကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ အားလုံးပဲ ထပ်သောက်ချင်ကြသေးလား။ ကျွန်တော် သွားခပ်ပေးမယ်လေ" ဟု ပြောလိုက်သည်။

ထိုသို့ပြောရင်း ချင်မိုက လူတိုင်းကို လှမ်းကြည့်လိုက်သည်။

လူတိုင်းကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြကြသည်။

ချင်မို ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ဟွမ်းရှန်းက "အစ်ကိုချင်... မစဉ်းစားနဲ့တော့ ဒီရေကို ငါတို့ တစ်နေ့ကို တစ်ခွက်ပဲ သောက်ခွင့်ရှိတာ" ဟု တားမြစ်လိုက်သည်။

"ဒါက ရေပဲဥစ္စာ တစ်နေ့ကို တစ်ခွက်ပဲ သောက်ရမယ်လို့ ဘယ်သူက စည်းကမ်းသတ်မှတ်ထားလို့လဲ"

"ငါ သတ်မှတ်ထားတာ"

ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

ဝမ်ပင်း၏ စကားကို ကြားလိုက်ရသောအခါ ချင်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်ချလိုက်ပြီး "ဂိုဏ်းချုပ်... ဒီရေကို နည်းနည်းလောက် ပိုသောက်လို့ မရဘူးလား" ဟု စိတ်မကောင်းစွာ မေးလိုက်သည်။

"မရဘူး။ အခုကစပြီး မင်းတို့အားလုံး ဒီဝိညာဉ်ရေကို တစ်နေ့ကို တစ်ခွက်ပဲ သောက်ခွင့်ရှိမယ်။ ကျင့်ကြံခြင်းကြောင့် ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဝိညာဉ်ရေ တစ်ခွက် သောက်လိုက်ရုံနဲ့ မင်းတို့ကို အဆပေါင်းများစွာ လန်းဆန်းသွားစေလိမ့်မယ်"

ဝမ်ပင်းသည် ရေအကြောင်းကို ဆက်လက်ပြောမနေတော့ဘဲ လက်ကို ဝေ့ယမ်းကာ "အားလုံး ထိုင်ကြပါ။ ငါ ဒီနေ့ အားလုံးကို စုခေါ်ရတဲ့ အကြောင်းရင်းကတော့ ကြေညာစရာတစ်ခု ရှိလို့ပဲ။ ငါ မနက်ဖြန် မသေမျိုးဂိုဏ်းကနေ ဟွမ်လီမြို့ကို ဆယ်ရက်ကြာ ခရီးလှည့်လည်ဖို့ ထွက်ခွာတော့မယ်။ ငါနဲ့အတူ လိုက်ခဲ့ချင်တဲ့သူ ရှိရင် လက်ထောင်ကြပါ" ဟု ပြောလိုက်သည်။

ရန်လီလီက ပထမဆုံး ဝင်ပြောခဲ့ကာ သူသည် ဂိုဏ်းချုပ်က ဘာဖြစ်လို့ ဟွမ်လီမြို့သို့ ရုတ်တရက် သွားချင်ရသလဲဆိုသည်ကိုမူ နားမလည်နိုင် ဖြစ်နေခဲ့သည်။

"ဂိုဏ်းချုပ်... ဟွမ်လီမြို့က ငါတို့နဲ့ အရမ်းဝေးတယ်မဟုတ်ဘူးလား"

ဟွမ်ယီကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြကာ "အင်း... ဂိုဏ်းချုပ် ကျွန်မလည်း တကယ်မသွားချင်ဘူး။ အဲဒါက အရမ်းဝေးလွန်းတယ်။ သွားလိုက်ပြန်လိုက်ဆိုရင် အနည်းဆုံး နှစ်လလောက် ကြာမှာ..." ဟု ပြောလိုက်သည်။

ချင်ရှန်းနှင့် အခြားသူများလည်း ထိုအတိုင်းပင် တွေးမိကြသည်။ သူတို့သည် မသေမျိုးဂိုဏ်းအတွင်း၌သာ ကောင်းမွန်စွာ ကျင့်ကြံလိုကြပြီး ဟွမ်လီမြို့သို့ အပျော်ခရီးသွားရန် အစီအစဉ် မရှိကြချေ။

နှစ်လဆိုသော အချိန်အတွင်းမှာ ကိစ္စရပ်အမြောက်အမြားကို လုပ်ဆောင်နိုင်သည်။

ခရီးသွားရန်အတွက် အလျင်လိုစရာမရှိပေ။ နောက်မှ သွားလည်း ရသည့်အရာပင်။

ချင်ရှန်းက မျက်မှောင်ကုတ်လျက် "ဂိုဏ်းချုပ်... မင်း ဟွမ်လီမြို့က နက်နဲသောအဆင့်ရှိ ကျင့်ကြံသူ ငါးယောက်ကို အခုတင် သတ်လိုက်တာလေ။ အခု ဟွမ်လီမြို့ကို သွားဖို့ တကယ်ပဲ သတ္တိရှိလို့လား" ဟု မေးလိုက်သည်။

"ခရီးသွားရုံသက်သက်ပါ။ သူတို့ကို သွားတိုက်ခိုက်ဖို့ မဟုတ်ပါဘူး"

ဝမ်ပင်းသည် အချို့က တိတ်ဆိတ်နေပြီး အချို့က ငြင်းဆန်နေကြသည်ကို မြင်သောအခါ နည်းလမ်းအသစ်တစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ... လီလီ ဟင်းခတ်တူတစ်ချောင်းကို ယူပြီး နှစ်ပတ်လောက် လှည့်လိုက်စမ်း။ တူထိပ်က ဘယ်သူ့ကို ညွှန်ပြမလဲ အဲဒီလူ ငါနဲ့အတူ ဟွမ်လီမြို့ကို လိုက်ခဲ့ရမယ်"

"ကောင်းပါပြီ"

ရန်လီလီ ခေါင်းငြိမ့်လိုက်သည်။

သူသည် စားပွဲပေါ်မှ ဟင်းခတ်တူတစ်ချောင်းကို ကောက်ယူကာ ထမင်းစားစားပွဲ၏ အလယ်တွင် နေရာလွတ်တစ်ခု ပြုလုပ်လိုက်ပြီးနောက် လက်ချောင်းဖြင့် ဝေ့ယမ်း၍ လှည့်လိုက်ရာ တူမှာ စတင်လည်ပတ်သွားတော့သည်။

နောက်တစ်စက္ကန့်တွင်မူ လူတိုင်း တဟားဟား ရယ်မောလိုက်ကြတော့သည်။

ရန်လီလီသည် ကိုယ့်ကိုကိုယ် ပြန်လည်ညွှန်ပြနေသော တူထိပ်ကို ကြည့်ရင်း ဘာမှမတတ်နိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ပြုံးလိုက်မိတော့သည်။

ဝမ်ပင်းက "နောက်တစ်ကြိမ်...ထပ်လှည့်လိုက်ဦး" ဟု ပြောလိုက်သည်။

ရန်လီလီသည် မလိုလားသော်လည်း ခေါင်းငြိမ့်လိုက်ပြီး ကျောက်ချင်းးကို လှမ်းကြည့်ကာ ဒုတိယမြောက်လူမှာ ကျောက်ချင်းး ဖြစ်လာစေရန် မျှော်လင့်ချက်ဖြင့် အားအနည်းငယ် လျှော့၍ လှည့်လိုက်သော်လည်း သူ ထင်သလို ဖြစ်မလာခဲ့ပေ။

တူ လည်ပတ်မှု ရပ်တန့်သွားသောအခါ ၎င်းသည် ယွမ်လျောင်ကို ညွှန်ပြနေခဲ့သည်။

၎င်းသည် သူဖြစ်နေကြောင်း မြင်လိုက်ရသောအခါ ယွမ်လျောင်၏ မျက်ခုံးများမှာ တွန့်ချိုးသွားခဲ့သော်လည်း သူ ဘာမှတော့ ထုတ်ဖော်မပြောခဲ့ချေ။

ဝမ်ပင်းသည် သူတို့၏ မလိုလားမှုကို လျစ်လျူရှုကာ "မင်းတို့နှစ်ယောက် ဒီညပဲ ပစ္စည်းတွေ သိမ်းဆည်းထားကြ။ ငါတို့ မနက်ဖြန်မနက် စောစော ထွက်ခွာကြမယ်။ ကျန်တဲ့သူတွေကတော့ ပုံမှန်အတိုင်း ဆက်ပြီး ကျင့်ကြံနေကြပါ။ ဒီညပဲ ဒီဆယ်ရက်အတွင်းမှာ ဆယ်ဆင့်မျှော်စင်ကို ဘယ်နှကြိမ် ဝင်ရောက်ရမလဲဆိုတာကို တွက်ချက်ထားကြ။ ပြီးရင် အကြီးအကဲချင်း... ဆယ်ဆင့်မျှော်စင် ဝင်ရောက်ခအတွက် ငွေတွေကို စုဆောင်းထားပြီး မနက်ဖြန်မနက်ကျရင် ငါ့ကို လာပေးပါ။ အော် ပြီးတော့ တစ်စုံတစ်ယောက်က လာပြီး ပြဿနာရှာရင် မျက်လုံးနီ မိစ္ဆာဘုရင်ဆီ သွားလိုက်ကြ။ အကယ်၍ သူက မကူညီဘူးဆိုရင် ငါ ပြန်လာတဲ့အခါ နဂါးဆီ အစာကျွေးပစ်မယ်လို့ ပြောလိုက်" ဟု မှာလိုက်သည်။

ချင်ရှန်းက ခေါင်းငြိမ့်လိုက်ပြီး ဝမ်ပင်း သွားရန် ဆုံးဖြတ်ချက် ပြတ်သားနေသည်ကို မြင်သောအခါ ဘာမှ ထပ်မံ၍ မပြောတော့ပေ။

လူတိုင်း ညစာသုံးဆောင်ပြီး လူစုခွဲသွားကြပြီးနောက် ဝမ်ပင်းသည် ပျံသန်းရေးသင်္ဘော ဆောက်လုပ်ရေးအိမ်အတွင်းရှိ စတိုးဆိုင်မှ ရွှေဒင်္ဂါး နှစ်ထောင် သုံးစွဲကာ ပေါက်တူးနှင့် ဂေါ်ပြားတစ်ချောင်းကို ဝယ်ယူခဲ့ပြီး ကျောက်ဝမ်းကို ၎င်းတို့အား မျက်လုံးနီ မျောက်ဝံကြီးထံသို့ သွားရောက်ပေးအပ်ခိုင်းလိုက်ကာ ဂိုဏ်း၏ အခြားသော ကိစ္စရပ်များကို မိုးလင်းခါနီးအထိ ဖြေရှင်းနေခဲ့သည်။

မနက်ခင်းရောက်လာသောအခါ လူတိုင်းသည် ကျင့်ကြံခြင်း မပြုလုပ်ကြသေးဘဲ ရန်လီလီနှင့် ယွမ်လျောင်တို့ကို လိုက်ပါပို့ဆောင်ရန်အတွက် ကွင်းပြင်ကျယ်သို့ စုဝေးရောက်ရှိလာကြသည်။

ဘာပဲဖြစ်ဖြစ် ဤခရီးစဉ်မှာ တစ်လမှ နှစ်လအထိ ကြာမြင့်နိုင်သောကြောင့်ပင်။

ဘေးနားတွင် ရပ်နေသော ရန်ရှီးက တဟားဟား ရယ်မောရင်း "လီလီ... လမ်းခရီးမှာ ဘေးကင်းပါစေကွာ။ စိတ်မပူပါနဲ့ မင်း နှစ်လကြာလို့ ပြန်လာတဲ့အခါကျရင်လည်း ငါက ခန္ဓာကိုယ်

သန့်စင်ခြင်း အဆင့်ရှစ်မှာပဲ ရှိနေဦးမှာပါ" ဟု စနောက်လိုက်သည်။

"သွားစမ်းပါ"

ရန်လီလီက ရန်ရှီးကို ချက်ချင်း စိုက်ကြည့်လိုက်သဖြင့် လူတိုင်း တဟားဟား ရယ်မောလိုက်ကြတော့သည်။

အမှန်တကယ်ပင် ဤနှစ်လကြာ ခရီးစဉ်က ကျင့်ကြံခြင်း အချိန်အမြောက်အမြားကို အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သော်လည်း ရန်လီလီအနေဖြင့် စိတ်ပျက်မှုကို ရင်ထဲ၌သာ မြိုသိပ်ထားရတော့သည်။

ဝမ်ပင်း ပေါ်လာသောအခါ ရန်လီလီသည် ကျောပိုးအိတ်ကို လွယ်လျက် ပြေးလာပြီး "ဂိုဏ်းချုပ်... ကျွန်တော် ဟွမ်လီမြို့ကို သွားမယ့် ခရီးစဉ် အချိန်ကို အနည်းဆုံး ဆယ်ရက်

လောက် လျှော့ချနိုင်ဖို့အတွက် တောင်အောက်ကို ဆင်းပြီး လေထက်မြန်တဲ့ အဆင့်မြင့်မြင်းတွေ သွားယူလိုက်ပါဦးမယ်" ဟု အကြံပြုသည်။

ဝမ်ပင်းက တည်ငြိမ်စွာပင် "လေထက်မြန်တဲ့ မြင်းတွေ မလိုပါဘူး" ဟု ပြန်ပြောလိုက်သည်။

ရန်လီလီက အလျင်အမြန် မေးလိုက်သည်။

"ဒါဆိုရင် ကျွန်တော်တို့ မြင်းလှည်းနဲ့ သွားကြမှာလား။ ဂိုဏ်းချုပ်... မြင်းလှည်းတွေက အရမ်းနှေးတယ်ဗျ... ဟွမ်လီမြို့ကနေ ပြန်လာဖို့ဆိုရင် ခရီးက သုံးလလောက် ကြာသွားနိုင်တယ်"

ဝမ်ပင်းက ခပ်ပြုံးပြုံးသာ လုပ်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ပျံသန်းရေးသင်္ဘော ဆောက်လုပ်ရေးအိမ် မရှိခင်တုန်းကမူ သူ၏ အမြန်ဆုံး ခရီးသွားလာရေး နည်းလမ်းမှာ လေထက်မြန်တဲ့ မြင်းများသာ ဖြစ်သော်လည်း ပျံသန်းရေးသင်္ဘောနှင့် နှိုင်းယှဉ်ပါက လေထက်မြန်တဲ့ မြင်းများမှာ ယခုအခါ များစွာ နှေးကွေးသည်။

ထို့နောက် ဝမ်ပင်းက ရန်လီလီနှင့် ယွမ်လျောင်တို့ကို "မင်းတို့နှစ်ယောက် ငါ့နောက် လိုက်ခဲ့ကြ။ ငါတို့ ဒီနေရာကနေ ထွက်ခွာမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ရန်လီလီက ခေါင်းငြိမ့်ပြီး လိုက်ပါလာခဲ့သည်။ အခြားသူများသည်လည်း သဘာဝကျကျပင် နောက်မှ လိုက်ပါလာကြပြီး ချူးရောက်တောင်သို့ အတူတကွ ဦးတည် လျှောက်လှမ်းခဲ့ကြသည်။

သားရဲရိုင်းများ စမ်းသပ်ကွင်း၏ နောက်ဘက်သို့ ရောက်ရှိလာသောအခါ ရန်လီလီက ရှေ့သို့ လက်ညှိုးထိုးပြရင်း "ဟိုမှာ... အဲဒါ ဘာကြီးလဲ" ဟု အော်ဟစ်လိုက်မိသည်။

ချက်ချင်းပင် အခြားသူများ၏ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာခဲ့တော့သည်။

"သင်္ဘောကြီးတစ်စင်း ဟုတ်လား"

"ဒီသင်္ဘောကြီးက ဘယ်တုန်းက ဒီကို ရောက်နေတာလဲ"

"သင်္ဘောပုံစံက တကယ့်ကို လှတာပဲ။ နာမည်တောင် ပါသေးတယ် မိုးတိမ်ရိပ်တဲ့"

လူတိုင်း သင်္ဘောကြီး ရှိနေခြင်းအပေါ် ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် ဝမ်ပင်းက "ဟားဟား... အကြီးအကဲယွန်း၊ လီလီ၊ မင်းတို့ အရင်ဆုံး အပေါ်ကို တက်လိုက်ကြ" ဟု ပြောလိုက်သည်။

"ဟင်"

ရန်လီလီ ကြောင်သွားခဲ့သည်။

သို့သော် ဟားဟားကမူ ပျံသန်းရေးသင်္ဘောမှ ကုန်းပတ်ပေါ်သို့ သွယ်တန်းထားသော သစ်သားလှေကားထံသို့ ခြေလှမ်းနှစ်လှမ်းတည်းဖြင့် လျင်မြန်စွာ ပြေးတက်သွားခဲ့ပြီးနောက် ကုန်းပတ်ပေါ်မှနေ၍ လူတိုင်းကို ဝမ်းသာအားရ လှမ်း၍ အော်ဟစ်လိုက်တော့သည်။

ရန်လီလီနှင့် ယွမ်လျောင်တို့ သင်္ဘောပေါ်သို့ တက်ရောက်ပြီးနောက် ဝမ်ပင်းက လူတိုင်းကို "ဒီဆယ်ရက်အတွင်းမှာ ကောင်းကောင်းမွန်မွန် ကျင့်ကြံနေကြပါ" ဟု မှာကြားလိုက်သည်။

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည်လည်း ကုန်းပတ်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်။

"တက်စေ"

ဤစကားလုံးနှင့်အတူ ပျံသန်းရေးသင်္ဘော၏ လှေကားမှာ ပြန်လည် သိမ်းဆည်းသွားခဲ့ပြီး သင်္ဘောကြီးသည် မြေပြင်မှ ဖြည်းညှင်းစွာ ကြွတက်လာကာ ကောင်းကင်ယံထက်သို့ ပျံသန်း၍ ထွက်ခွါသွားတော့သည်။

All Chapters