← Chapters

အခန်း ၂၇၈၅

Vol. 219 Ch. 2785

အခန်း ၂၇၈၅

Vol. 219 Ch. 2785

အခန်း(၂၇၈၅)

ယဇ်ပလ္လင်ပေါ်တွင် ရန်လီ ပေါ်လာပြီး သိပ်မကြာခင်မှာပင် ဌာနခွဲ(၃)မှ နောက်ထပ် ပါရမီရှင် တပည့် တစ်ဦးသည်လည်း ထပ်မံ ထွက်ပေါ်လာခဲ့သည်။

သူတို့ နှစ်ယောက်လုံးက စကားတစ်ခွန်းမျှ မပြောဘဲ ယဇ်ပလ္လင်ပေါ်ကနေ လျင်မြန်စွာ ဆင်းလာခဲ့ကြပြီး ဌာနခွဲ(၃) တည်ရှိရာ နေရာ ဆီသို့ ပြန်လာခဲ့ကြသည်။

အရှင်ဟေးယွင်သည် လျှို့ဝှက်နယ်မြေထဲကနေ စောစောစီးစီး ထွက်ခွာလာခဲ့ရသည့် ရန်လီတို့ နှစ်ယောက်ကို ကြည့်ကာ မျက်နှာ တစ်ခုလုံး ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့သည်။

“ရန်လီ.. မင်းတို့ ဘာလို့ စောစောစီးစီး ထွက်လာခဲ့ရတာလဲ.. လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ”

“ကျွန်တော်တို့ ထွက်လာခဲ့ရတာက ဌာနခွဲ(၁၈)က ကျန်းချန်ဆိုတဲ့ ကောင်လေးကြောင့်ပဲ”

ရန်လီက အံကြိတ်လိုက်ပြီး အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို အရှင်ဟေးယွင်အား ပြောပြလိုက်သည်။

အရှင်ဟေးယွင်က ခေါင်းကို ခါရမ်းလိုက်ပြီး ရန်လီကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“အဲဒီကောင်လေးရဲ့ ပါရမီနဲ့ ခွန်အားက မင်းအောက်မှာ မရှိဘူးလို့ ငါ အစောကတည်းက သတိပေးခဲ့သားပဲ.. ဒါပေမဲ့ မင်းက င့ါစကားကို လက်မခံခဲ့ဘူး.. အခုတော့ မင်းခံလိုက်ရပြီ မဟုတ်လား”

အမည်မဲ့အင်မော်တယ် မြို့တော်၏ မြို့တံခါးဝတွင် ရှိစဥ်ကတည်းကပင် အရှင်ဟေးယွင်သည် ကျန်းချန်၏ ခွန်အားက ရန်လီထက် ပိုမို မြင့်မားနိုင်သည်ဟု မရေမရာ ခံစားမိခဲ့သည်။

ထိုခံစားချက်ကြောင့်ပင် လျှို့ဝှက်နယ်မြေထဲ မဝင်ခင် ကျန်းချန်နှင့် ထိပ်တိုက် မရင်ဆိုင်မိစေရန် အတတ်နိုင်ဆုံး ရှောင်ရှားဖို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရန်လီသည် သူ၏ အကြံဥာဏ်ကို နားထောင်ခြင်း မရှိဘဲ အဆုံးသတ်တွင် ကျန်းချန်၏ လက်ချက်ဖြင့် လျှို့ဝှက်နယ်မြေထဲကနေ ‌စောစီးစွာ မောင်းထုတ်ခံလိုက်ရသည်။

ရန်လီ၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

“အားအနည်းဆုံး ဖြစ်တဲ့ ဌာနခွဲ(၁၈)က ဒီလို မွန်းစတားဆန်လွန်းတဲ့ ပါရမီရှင် တစ်ယောက်ကို ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားခဲ့ဘူး”

ဌာနခွဲ(၃)၏ ပါမီရှင်များထဲတွင် နံပါတ်တစ် ဖြစ်ပြီး အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုထဲတွင် အထူးချွန်ဆုံး ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည့် ရန်လီသည် ပထမအဆင့်တွင် စောစောစီးစီး ထွက်ခွာခဲ့ရသည်။

ယင်းမှာ ရန်လီအတွက် ကြီးမားသော အရှက်ရမှုတစ်ခုလည်း ဖြစ်၏။

အရှင်ဟေးယွင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ရန်လီကို ကြည့်ကာ မေးလိုက်သည်။

“မင်း လျှို့ဝှက်နယ်မြေထဲမှာ အမြုတေ ဘယ်နှစ်ခုလောက် စုဆောင်းမိခဲ့လဲ”

ရန်လီက ဌာနခွဲ(၁၈)မှ ကျန်းချန်ကို ရှုံးနိမ့်ခဲ့ခြင်းသည် သူကြိုတင် တွေးဆထားပြီးသား ဖြစ်၍ အရှင်ဟေးယွင် အလွန်အမင်း အံ့ဩမနေခဲ့ပေ။

ယခု သူအလေးအထားဆုံး အရာမှာ ဌာနခွဲ(၃)၏ ကိစ္စပင်ဖြစ်သည်။

ရန်လီက စောစောစီးစီး ထွက်ခွာလာခဲ့ရသည် ဖြစ်ရာ အကယ်၍ သူတို့သာ အမြုတေ အလုံအလောက် မစုဆောင်းနိုင်လျှင် ပထမအဆင့်တွင် သူတို့ ဌာနခွဲ(၃)၏ အဆင့်သတ်မှတ်ချက်သည် အတော်လေး နိမ့်ကျသွားနိုင်ခြေ ရှိနေခဲ့သည်။

ယင်းမှာ ဌာနခွဲ ဆယ့်ရှစ်ခုကို အသစ်တစ်ဖန် အဆင့်သတ်မှတ်ရာတွင် သူတို့ အတွက် အတော်လေး အခြေအနေ မလှ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

“တစ်ရာကျော်လောက်ပဲ စုဆောင်းမိခဲ့တယ်”

ထိုစကားကို ပြောနေစဥ် ရန်လီ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည့် အရှင်ဟေးယွင်ကို ကတိပေးလိုက်သည်။

“နန်းတော်သခင် စိတ်မပူပါနဲ့.. ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ရင်တောင် ဒုတိယအဆင့်မှာ ကျွန်တော်တို့ ဌာနခွဲ(၃)ရဲ့ အဆင့် မကျသွားအောင် ကျွန်တော် သေချာပေါက် အစွမ်းကုန်ကြိုးစားပါ့မယ်”

“အဲဒီလို မျှော်လင့်ရတာပဲ”

အရှင်ဟေးယွင်က သက်ပြင်းကို ညင်သာစွာ ချ၍ ပြောလိုက်သည်။

ဤတစ်ကြိမ် ကျင်းပသည့် အမည်မဲ့အင်မော်တယ် ညီလာခံတွင် ပါရမီရှင် အသစ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။

လော့ကျင်းလင်နှင့် ရီချန်းခွန်တို့ အပြင် ယခုအခါ ဌာနခွဲ(၁၈)တွင် ကျန်းချန် ကဲ့သို့ အစွမ်းထက် ဖြတ်မြင်းတစ်ကောင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အခြားဌာနခွဲများတွင်လည်း ကျန်းချန်ကဲ့သို့ ပါရမီရှင်များ ရှိနေနိုင်သေး၏။

ရန်လီက ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့ပြီ ဖြစ်ရာ ဒုတိယအဆင့်တွင် သူတို့ ဌာနခွဲ(၃)၏ လက်ရှိ အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းရန် ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

-------------------

ကျန်းချန်က ရန်လီကို လျှို့ဝှက်နယ်မြေထဲကနေ မောင်းထုတ်လိုက်ပြီးနောက်တွင် ရှကျီနှင့်အတူ အမြုတေများကို စုဆောင်းရန် ရှေးဦးအင်မော်တယ်များကို အမဲလိုက်ခဲ့သည်။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ရှေးဦးအင်မော်တယ်များကို အမဲလိုက်ရသည်မှာ အလွန်ပင် လွယ်ကူနေခဲ့သည်။

ရက်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် အမြုတေအရေအတွက် ငါးရာကျော်ကို စုဆောင်းနိုင်ခဲ့သည်။

ကျန်းချန်နှင့်အတူ လိုက်ပါလာသည့် ရှကျီပင်လျှင် အမြုတေတစ်ရာထက်မနည်း စုဆောင်းမိခဲ့၏။

“ရှကျီ.. အရင်ပြိုင်ပွဲတုန်းက ထိပ်ဆုံးသုံးနေရာထဲ ဝင်ဖို့အတွက်ဆိုရင် အမြုတေ ဘယ်လောက် စုဆောင်းဖို့လိုအပ်လဲ”

ကျန်းချန်က ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ရှေးဦးအင်မော်တယ် တစ်ပါးကို ဓားချက် တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် ခန္ဓာကိုယ်ထဲမှ အမြုတေကို ထုတ်ယူရင်း ရှကျီကို မေးလိုက်သည်။

ရှကျီက တစ်ခဏမျှ စဥ်းစားပြီးမှ ပြန်ဖြေလိုက်၏။

“အကြမ်းဖျင်းအားဖြင့် ပြောရရင် ထိပ်ဆုံးသုံးနေရာထဲ ဝင်ရောက်နိုင်တဲ့ ဌာနခွဲတွေက အမြုတေ အရေအတွက် တစ်ထောင်ကျော် စုဆောင်းရတတ်တယ်.. ဒါပေမဲ့ အဆင့် ဆုံးဖြတ်တာက အမြုတေ အရေအတွက် ပေါ်မှာပဲ ရိုးရိုးရှင်းရှင်း ရေတွက်တာ မဟုတ်ဘူး”

အမြုတေ အရေအတွက် တွက်ချက်ပုံသည် ရှေးဦးအင်မော်တယ်၏ ခွန်အားနှင့်လည်း ဆက်စပ်မှုတချို့ ရှိနေခဲ့သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့်အောက်ရှိ ရှေးဦးအင်မော်တယ်ကို အမြုတေတစ်ခုအဖြစ် သတ်မှတ်ပြီး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကနေ ဆဋ္ဌမအဆင့် ရှေးဦးအင်မော်တယ်၏ အမြုတေကို အမြုတေနှစ်ခု အဖြစ် သတ်မှတ်သည်။

ကောင်းကင်အင်မော်တယ် နှောင်းပိုင်းအဆင့် ရှေးဦးအင်မော်တယ် အမြုတေ ဆိုလျှင်မူ အမြုတေသုံးခု အဖြစ် ရေတွက်မည် ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်သည် အမြုတေငါးရာကျော်ကို ပိုင်ဆိုင်ထားပြီး ထိုအထဲမှ အများစုသည် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ရှိ ရှေးဦးအင်မော်တယ်များကို သတ်ဖြတ်ရာကနေ ရရှိခဲ့ခြင်း ဖြစ်သည်။

အမြုတေ ရေတွက်ပုံ နည်းလမ်းအရဆိုလျှင် ကျန်းချန်၏ အမြုတေ အရေအတွက်သည် တစ်ထောင်ထက်မက ကျော်လွန်နေပြီ ဖြစ်သည်။

ဆိုရလျှင် မတော်တဆ ဖြစ်ရပ် တစ်စုံတစ်ရာ မရှိသရွေ့ ကျန်းချန်သည် ပထမအဆင့်၏ ထိပ်ဆုံး သုံးနေရာထဲ ဝင်ရန် ပြဿနာများစွာ ရှိလိမ့်မည် မဟုတ်ပေ။

နောက်ပိုင်းတွင် ကျန်းချန်သည် ရှေးဦးအင်မော်တယ်များကို ဆက်လက် အမဲလိုက်ရင်း တစ်ဖက်တွင်လည်း လျှို့ဝှက်နယ်မြေထဲမှ အမွေအနှစ်များကို ဆက်လက် စူးစမ်းရှာဖွေခဲ့သည်။

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေသည် ရှေးခေတ်ကာလက အင်မော်တယ်လောက၏ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့သည်။

ဤနေရာက အလွန်ပင် ရှေးကျသော သမိုင်းကြောင်း ရှိပြီး အရင်းအမြစ်များ ကြွယ်ဝသည့် အပြင် ပြင်ပလောကတွင် ရှားပါးသည့် အင်မော်တယ် ဆေးဝါး အများအပြားလည်း ရှိ၏။

ကျန်းချန်တို့ နှစ်ယောက်က ရှေးဦးအင်မော်တယ်များကို အမဲလိုက်ရင်း အဖိုးတန် အင်မော်တယ်ဆေးဝါး တော်တော်များများကိုပါ စုဆောင်းမိခဲ့ကြသည်။

ယနေ့တွင် ကျန်းချန်နှင့် ရှကျီ တို့သည် တောင်ထိပ်တစ်ခု ပေါ်တွင် အနားယူနေကြစဥ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အလွန်တရာ စူးရှတောက်ပသော အင်‌မော်တယ် အလင်းတန်း တစ်ခုသည် အဝေးရှိ ကောင်းကင်ယံကနေ မြင့်တက်လာခဲ့၏။

ကျန်းချန်က ကောင်းကင်ယံထိ ရုတ်တရက် ပေါက်ကွဲထွက်လာသော အင်မော်တယ် အလင်းတန်းကို လှမ်းကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။

“သိပ်ကို ကြောက်ဖို့ကောင်းတဲ့ စွမ်းအင်လှိုင်းပါလား.. ဒါက ဘာများလဲ”

“ညီနောင်ကျန်းချန်.. ဒါက အစွမ်းထက် အင်မော်တယ်ဆေးဝါး တစ်ခုခု ပေါ်ထွက်လာတာကြောင့် ဖြစ်ရမယ်”

ရှကျီက ကောင်းကင်ယံမှ တောက်ပသော အင်မော်တယ်အလင်းတန်းကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါ့အထင် မမှားဘူးဆိုရင် အခုပေါ်လာတဲ့ ဆေးဝါးက အနည်းဆုံး ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ဖြစ်ဖို့များတယ်”

ဘုရင်အဆင့် အင်မော်တယ် ဆေးဝါးသည် တလော့အဆင့်ဆေးဝါးထက် ဆယ်ဆမက ပို၍ တန်ဖိုးကြီးသော အင်မော်တယ်ဆေးဝါး ဖြစ်ပြီး အင်မော်တယ်ဘုရင်များကိုပင် ဆွဲဆောင်ရန် လုံလောက်သည့် ဆေးဝါး ဖြစ်သည်။

ဘုရင်အဆင့် အင်မော်တယ် ဆေးဝါးများသည် အင်မော်တယ်လောကတွင်ပင် အလွန်တရာ ရှားပါး၏။

အင်မော်တယ်လောကတွင် ဘုရင်အဆင့် ဆေးဝါး တစ်ခု ပေါ်ထွက်လာတိုင်းတွင် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိပြီး အင်‌မော်တယ်ဘုရင်များ ကြားမှာပင် တိုက်ပွဲများ ဖြစ်ပွားစေနိုင်၏။

ရှကျီသည် ဘုရင်အဆင့် ဆေးဝါး သို့မဟုတ် တလော့အဆင့် ဆေးဝါးကိုပင် တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ဌာနခွဲ(၈)မှ ပါရမီရှင်တပည့် တစ်ယောက် အနေဖြင့် အင်မော်တယ်ဆေးဝါးနှင့် ပတ်သက်၍ နားလည်မှုတချို့ ရှိခဲ့သည်။

သူသိထားသော အချက်အလက်အရ တလော့အဆင့်‌ ဆေးဝါးသည် မိုင်ပေါင်းသန်းချီ အကွာအဝေးကိုသာ လွှမ်းမိုးနိုင်၏။

သူ့ရှေ့တွင် ပေါ်ထွက်လာသော အင်မော်တယ်ဆေးဝါးကမူ လျှို့ဝှက် နယ်မြေ တစ်ခုလုံးကို လှုပ်ခတ်သွားစေလုနီးပါး ဖြစ်ခဲ့သည်။

ဆိုရလျှင် ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ပေါ်ထွက်လာမှာသာ ထိုကဲ့သို့ ကြီးမားသော လှုပ်ခတ်မှုကို ပြုလုပ်နိုင်လိမ့်မည် ဖြစ်၏။

“ဒါဆို ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ပေါ်ထွက်လာပြီပေါ့”

ကျန်းချန်က ကောင်းကင်ယံမှ အင်မော်တယ် အလင်းတန်းကို မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေဖြစ်သည့် လျှိ့ဝှက်နယ်မြေသည် ရှေးခေတ်ကာလက အင်မော်တယ်လောက၏ မတူကွဲပြားသော ဒိုင်မန်းရှင်းနေရာလွတ် တစ်ခု ဆီသို့ ပို့လွှတ်ခံခဲ့ရသည့် နယ်မြေတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော နေရာတွင် ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ရုတ်တရက် ပေါ်ထွက်လာသည်မှာ အမှန်တကယ်ပင် ဆန်းကြယ်နေခဲ့၏။

မည်သို့ပင်ဖြစ်စေကာမူ ဤလျှို့ဝှက်နယ်မြေထဲတွင် ဘုရင်အဆင့် ဆေးဝါး ထွက်ပေါ်နေပြီ ဖြစ်ရာ သူ့အနေဖြင့် သွားရောက် ကြည့်ရှုရလိမ့်မည် မဟုတ်ပါလား။

“ငါတို့ အဲဒီနေရာဆီသွားကြစို့”

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ရှကျီကို ခေါ်ကာ အင်မော်တယ်အလင်းတန်း ထွက်ပေါ်လာရာ အရပ် ဆီသို့ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။

အခန်း(၂၇၈၅)ပြီး၏။

All Chapters