← Chapters

အခန်း ၂၇၈၇

Vol. 219 Ch. 2787

အခန်း ၂၇၈၇

Vol. 219 Ch. 2787

အခန်း(၂၇၈၇)

“ရှပေါင် မင်းက တိုက်ခိုက်ချင်လို့လား”

ဟယ်ယွီက ရှပေါင်ကို သုန်မှုန်သော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းနဲ့ ငါ့ရဲ့ကြားက ရန်ငြိုးတွေကို ဒုတိယအဆင့်ကျမှ ရှင်းတာ အကောင်းဆုံးပဲ.. အခုအချိန် ငါတို့တိုက်ခိုက်ကြရင် ဘယ်သူ့ဘက်ကမှ အကျိုးရှိမှာမဟုတ်ဘူး”

“ဟားဟား ဟယ်ယွီ အပိုစကားတွေပြောမနေနဲ့.. အဲဒီနေ့က မင်းသာ ငါ့ကို အလစ် မတိုက်ခိုက်ခဲ့ရင် မင်း ငါ့ကို ဘယ်လိုလုပ်ပြီး နိုင်မှာလဲ.. ဒီနေ့တော့ အဲဒီနေ့က အရှက်ရခဲ့သမျှကို မင်းဆီကနေ ဆယ်ဆ ပြန်ယူမယ်”

“ဝုန်း..”

စကားပြောနေရင်း ရှပေါင်က‌‌ မြေပြင်ကို ဆောင့်နင်းလိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် သွေးရောင် ဓားရှည်တစ်လက်သည် သူ၏ ညာဘက်လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

သူက ခန္ဓာကိုယ် အတွင်းမှ အင်မော်တယ် စွမ်းအားများကို ဓားရှည် အတွင်းသို့ ထည့်သွင်းလိုက်ရာ ဓားသွားကနေ သွေးနီရောင် ဓားအလင်းတန်းများ ထွက်ပေါ်လာခဲပြီး ဟယ်ယွီ ထံသို့ ဦးတည်သွားခဲ့သည်။

ဟယ်ယွီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်နက် ဖြစ်သည့် ကျောက်စိမ်းပလွေကို ထုတ်ယူကာ လျင်မြန်စွာ မှုတ်လိုက်ရာ ကြောက်မက်ဖွယ် အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

လေထုထဲတွင် အသံလှိုင်း ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး အသံလှိုင်းများသည် အပြာရောင်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ရှပေါင် ထုတ်ဖော်လိုက်သည့် ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ဟယ်ယွီသည် ခပ်သဲ့သဲ့ ညည်းညူလိုက်ရပြီး ခြေလှမ်းခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်သို့ ဆုတ်သွားခဲ့ရသည်။

သူက ခန္ဓာကိုယ်အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ခြေလှမ်းတစ်ဝက်သာ နောက်သို့ ဆုတ်သွားခဲ့ရသည့် ရှပေါင်ကို ကြည့်ကာ ဟယ်ယွီ၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရှပေါင်သည် ဌာနခွဲ(၁၇)၏ အသန်မာဆုံး ပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် သူ့ထက် သိသိသာသာ သာလွန်နေခဲ့သည်။

ဟယ်ယွီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။

သူနှင့် ရှပေါင်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ရှပေါင်သည် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့် နှောင်းပိုင်းတွင်သာ ရှိသေးသည်။

ပါရမီနှင့် အထောက်အပံ့အရ ဆိုလျှင် ဌာနခွဲ(၁၇)မှ ပျိုးထောင်ထားသည့် ရှပေါင်သည် သူ့ထက် မနိမ့်ကျပေ။

လက်ရှိ အချိန်တွင် သူ့အနေဖြင့် ရှပေါင်ကို အစွမ်းကုန် တိုက်ခိုက်ရန်သာ ရှိတော့သည်။

သို့မဟုတ်လျှင် လျှို့ဝှက်နယ်မြေကနေ စောစောစီးစီး ထွက်ခွာရန်သာ ရှိတော့သည် မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ကြိမ်တွင် ဌာနခွဲ(၁၈)သည် ကျန်းချန် ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ကို ရှာဖွေတွေ့ရှိထားသည် ဖြစ်ရာ သူ့အနေဖြင့် စောစောစီးစီး ပြိုင်ပွဲမှ ထွက်ခဲ့ရလျှင်ပင် ပြဿနာ သိပ်မရှိပေ။

လျှို့ဝှက်နယ်မြေထဲတွင် ကျန်းချန် ရှိနေသရွေ့ ဌာနခွဲ(၁၈)သည် ဤတစ်ကြိမ်တွင် နောက်ဆုံးအဆင့်၌ ရပ်တည်နေမည် မဟုတ်တော့ချေ။

ထိုသို့ တွေးမိသည်နှင့် ဟယ်ရီသည် တွေဝေမနေတော့ဘဲ သူ၏ ခန္ဓာကိုယ် အတွင်းမှ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။

ထိုခဏဝယ် ပြင်းထန်သော လေပြင်းများသည် သူ၏ ပတ်ပတ်လည်တွင် ရုတ်တရက် ဝန်းရံသွားခဲ့သည်။

ဟယ်ယွီက ကျောက်စိမ်းပလွေကို လက်နှစ်ဖက်ဖြင့် ကိုင်၍ မှုတ်လိုက်ရာ ချက်ချင်းပင် စူးရှထက်မြက်သော ပလွေသံသည် လေထဲတွင် ပြင်းထန်သော အသံလှိုင်းများ အဖြစ် ထွက်ပေါ်လာခဲ့သည်။

အသံလှိုင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုသည်ပင် ကွဲအက်သွားခဲ့သည်။

“တလော့နည်းစနစ်.. ပျက်စီးခြင်း မှော်တေးသံ”

ရှပေါင်၏ အနီးမှ လူငယ်ပါရမီရှင် နှစ်ဦးသည် ပလွေသံ၏ သက်ရောက်မှုကို ခံလိုက်ရပြီး ဦးခေါင်းများ ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရကာ ထိတ်လန့် တုန်လှုပ်စွာဖြင့် လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ကြသည်။

သူနှင့် စွမ်းရည်ချင်း သိပ်မကွာသော ရှပေါင်နှင့် ရင်ဆိုင်ရာတွင် ဟယ်ယွီသည် အနည်းငယ်မျှပင် သူ၏ စွမ်းအားများကို ထိန်ချန်မထားဘဲ အစွမ်းအထက်ဆုံးနည်းစနစ် ဖြစ်သည့် တလော့အဆင့် နည်းစနစ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။

ပလွေသံက ပို၍ပင် ကျယ်လောင်လာခဲ့ပြီး အသံလှိုင်းများသည် အလွန်တရာ သိပ်သည်းလာခဲ့ကာ ကြီးမားသော ကွန်ရက်ကြီး တစ်ခုသဖွယ် ကောင်းကင်ယံတွင် ပုံပေါ်လာခဲ့ပြီး ရှပေါင်ဆီ သက်ရောက်လာခဲ့သည်။

ဟယ်ယွီ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ရှပေါင်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

သူက ဟယ်ယွီ၏ မှော်တေးသံနှင့် ရင်ဆိုင်ရန် အတွက် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဓားဆန္ဒစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အသံလှိုင်းစွမ်းအားနှင့် ဓားဆန္ဒစွမ်းအား တို့သည် ထိပ်တိုက် ဆုံတွေ့ရာကနေ ပေါက်ကွဲသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဟယ်ယွီ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

သူက ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပင် ချလိုက်ပြီး ကျောက်စိမ်းပလွေမှ ထွက်ပေါ်လာသော ပလွေသံကို ထပ်မံ၍ အားဖြည့်လိုက်သည်။

“ဝုန်း..”

မီတာတစ်ထောင် ဧရိယာပတ်လည် အတွင်းရှိ ဟင်းလင်းပြင်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး အသံလှိုင်းများကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည် အရပ်မျက်နှာအနှံ့ကနေ ရှပေါင် ဆီသို့ ဦးတည်လာခဲ့သည်။

ရှပေါင် ရှိနေသည့် ဟင်းလင်းပြင်သည် လိမ်ဖယ်လာခဲ့ပြီး ရှပေါင်ကိုပင် ကြိတ်ချေတော့မည့်အလား ဖြစ်နေခဲ့သည်။

သို့သော်လည်း ရှပေါင်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် လေထုအတွင်းရှိ အပူချိန်သည် ရုတ်တရက် ထိုးဆင်းသွားခဲ့ပြီး သွေးရောင်နှင်းပွင့်များသည် ရှပေါင်၏ ဦးခေါင်းအထက်ကနေ ကျဆင်းလာခဲ့သည်။

“တလာ့နည်းစနစ်. သွေးမျက်ရည်အင်မော်တယ်ဓားသိုင်း”

ရှပေါင်ကလည်း သူ၏ စွမ်းအားများကို အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ သူ အားအကိုးရဆုံး ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

သွေးရောင်ဓားအလင်းများသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ထွက်ပေါ်လာခဲ့ပြီး နေရာအနှံ့ကို လွှမ်းမိုးထားသည့် ကြောက်မက်ဖွယ် အသံလှိုင်းစွမ်းအားများကို ချေမှုန်းပစ်လိုက်သည်။

ထိုမျှနှင့် မပြီးသေးဘဲ သွေးရောင် ဓားအလင်းများသည် ဟယ်ယွီထံသို့ တိုးဝင်လာခဲ့သည်။

ဓားအလင်းတစ်ခုက ဟယ်ယွီ၏ လက်ထဲရှိ ကျောက်စိမ်းပလွေကို ထိမှန်သွားခဲ့ရာ ကျောက်စိမ်းပလွေ ပေါ်တွင် အက်ကြောင်းတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

ဟယ်ယွီက နောက်သို့ ဆက်တိုက်ဆိုသလို ဆုတ်ခွာလိုက်ရပြီး သွေးရောင် ဓားအလင်းများကို ခုခံရန် ကျောက်စိမ်းပလွေကို စဥ်ဆက်မပြတ် ဝှေ့ယမ်းခဲ့ရသည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

မီတာနှစ်ဆယ် သုံးဆယ်ခန့် အကွာအဝေး အထိ နောက်ဆုတ်ပြီးမှသာ အဆုံးသတ်တွင် သွေးရောင် ဓားအလင်းကို ခုခံနိုင်ခဲ့၏။

ဤအချိန်တွင် ဟယ်ရီ၏ မျက်နှာ တစ်ခုလုံးသည် အတော်လေး ဖြူဖျော့နေခဲ့သည်။

အမည်မဲ့အင်‌မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ ထိပ်သီးပါရမီရှင် အားလုံးသည် သာမန် ပါရမီရှင်များ မဟုတ်ကြပေ။

သူ့အနေဖြင့် ဌာနခွဲ(၁၇)မှ ရှပေါင်ကိုပင် မရင်ဆိုင်နိုင်ခဲ့ပေ။

အကယ်၍ ဤတစ်ကြိမ်တွင် ကျန်းချန်သာ သူတို့နှင့် မပါလာခဲ့လျှင် သူတို့ အမည်မဲ့အင်မော်တယ် နန်း‌တော်၏ ဌာနခွဲ (၁၈)သည် နောက်ဆုံးနေရာတွင် ဆက်လက် ရပ်တည်ရမည်မှာ သေချာသလောက်ပင်။

“ဟယ်ယွီ.. မင်း အဲဒီနေ့က ငါ့ကို အလစ်တိုက်ခိုက်ပြီး ငါ့ရဲ့အရေးကြီးတဲ့ ကိစ္စတွေကို ဖျက်ဆီးခဲ့တယ်.. ဒီနေ့တော့ အဲဒီနေ့က အကြွေး အတွက် မင်းကို လျှို့ဝှက်နယ်မြေထဲကနေ စောစောစီးစီး မောင်းထုတ်ပစ်မယ်”

ရှပေါင်က ဟယ်ယွီကို အသက်ရှုရန်ပင် အခွင့်အရေး လုံးဝ မပေးဘဲ သူ၏ လက်ထဲမှ သွေးရောင်ဓားရှည်ကို ဝှေ့ယမ်းကာ ဟယ်ယွီကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ရှပေါင်၏ ဓားချက်ကို မြင်လျှင် ဟယ်ယွီက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူ၏ လက်ရှိ အခြေအနေဖြင့်သာ ရှပေါင်၏ ဓားချက်ကို ရင်ဆိုင်လျှင် သေမသွားသည့်တိုင် ဒဏ်ရာ အပြင်းအထန် ရရှိသွားမည် ဖြစ်သည်။

သူ့အနေဖြင့် ရှပေါင်၏ ဓားချက်ကို ခံယူပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လျှင်ပင် ရှပေါင်သည် အလျှော့ပေးမည် မဟုတ်ပေ။

ယခု သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ လျှို့ဝှက်နယ်မြေကနေ ထွက်ခွာရန် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုရန်သာ ဖြစ်သည်။

ဟယ်ယွီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာရန် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုတော့မည့် အချိန်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ ရုတ်တရက် ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှပေါင်၏ ဓားချက်ကို ချေမှုန်းပစ်လိုက်သည်။

ရုတ်တရက် ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် ဟယ်ယွီ တစ်ခဏမျှ မှင်တက်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ဟယ်ယွီသည် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ပြီး သူ၏မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဘယ်သူလဲ”

သူ၏ ဓားချက်က ရုတ်တရက် ထွက်ပေါ်လာသော ဓားအလင်းကြောင့် ချေမှုန်းခံလိုက်ရသည်အား မြင်လျှင် ရှပေါင်သည် အံ့ဩထိတ်လန့်သွားခဲ့ပြီး ကောင်းကင်ယံသို့ လှမ်းကြည့်ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။

ထိုအခိုက်အတန့်တွင် အဝေးရှိ ကောင်းကင်ယံကနေ ပုံရိပ်နှစ်ခုသည် သူတို့ ရှိရာ ဆီသို့ ပျံသန်းလာခဲ့ကြသည်။

“ညီနောင်ကျန်းချန်ပါလား”

ဟင်းလင်းပြင်မှ သူနှင့် ရင်းနှီးသောပုံရိပ်ကို မြင်လျှင် ဟယ်ယွီသည် တအံ့တဩ ရေရွတ်မိလိုက်သည်။

ဤကဲ့သို့ သေရေးရှင်ရေး အချိန်တွင် ကျန်းချန် ရောက်ရှိလာမည်ဟု သူ မထင်ထားခဲ့ပေ။

ရှပေါင်က ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

“ကောင်လေး မင်းကလည်း ဌာနခွဲ(၁၈)ကပဲလား”

“ဟုတ်တယ်”

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း ရှပေါင်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေထဲကနေ မထွက်သွားချင်ဘူး ဆိုရင် အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားစမ်း.. ငါတို့ ဌာနခွဲ(၁၈)မှာ မင်းကို ရင်ဆိုင်နိုင်မဲ့သူ မရှိဘူးလို့များ ထင်နေလား”

အခန်း(၂၇၈၇)ပြီး၏။

All Chapters