← Chapters

အခန်း ၅၁၉

Vol. 38 Ch. 519

အခန်း ၅၁၉

Vol. 38 Ch. 519

အခန်း ( ၅၁၉ ) - သစ်ပင်ထဲက ဝိညာဉ်၊ ပျက်သုဉ်းခြင်း ဝိညာဉ်နှင့် ကောင်းကင်ဘုံများ စုဝေးခြင်း

‎

‎

‎

‎အသက်ရှင်နေဆဲဖြစ်သော သစ်ပင်ငယ်လေးတစ်ပင်.....

‎

‎

‎" မင်းက ဒီစကြာဝဠာက သက်ရှိလား... ဘယ်ကနေ လာတာလဲ "

‎

‎

‎ကုချန်သည် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ရှေ့ရှိ လက်ဖဝါးအရွယ် သစ်ပင်ငယ်လေးကို ကြည့်ရင်း တိုးညင်းစွာ မေးမြန်းလိုက်၏။

‎

‎

‎ထိုသစ်ပင်ငယ်လေးတွင် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့ပြီး သူ့အတွက် မည်သည့်အန္တရာယ်မှ မပေးနိုင်တော့သည်ကို သူသိသည်။

‎

‎

‎" ရှဲ...! "

‎

‎

‎ကုချန် စကားပြောလိုက်သည်နှင့် သစ်ပင်ငယ်လေး၏ အရွက်များသည် သူ့အား တုံ့ပြန်သည့်အလား အားနည်းစွာ နှစ်ချက်မျှ လှုပ်ခတ်သွားလေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ကုချန်မှာ မျက်မှောင်ကျုံ့သွားမိသည်။ သစ်ပင်ငယ်လေး၏ အခြေအနေမှာ အလွန်ဆိုးရွားနေ၏။ ၎င်း၏ နောက်ဆုံးကျန်ရှိနေသော အသက်စွမ်းအင်လေးမှာ လောင်ကျွမ်းကုန်ခမ်းလုနီးပါး ဖြစ်နေပြီး သူ၏မေးခွန်းများကို ဖြေကြားရန် နတ်ဝိညာဉ်လှိုင်းလေး ထုတ်လွှင့်ဖို့ပင် ခက်ခဲလွန်းနေလေသည်။

‎

‎

‎" မင်းရဲ့ အခြေအနေကို အရင် တည်ငြိမ်အောင် ငါလုပ်ပေးမယ် "

‎

‎

‎ကုချန်မှ သူ၏လက်ဖဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ လက်ချောင်းထိပ်များမှ အသက်စွမ်းအင်များ ယိုစိမ့်ထွက်လာကာ သစ်ပင်ငယ်လေးဆီသို့ ကျဆင်းသွားလေ၏။

‎

‎

‎ကုချန်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဤအသက်စွမ်းအင် တစ်စက်သည် သေလုမြောပါး ဖြစ်နေသော အင်မော်တယ်အဆင့် ဝေလငါးကြီးတစ်ကောင်ကိုပင် ချက်ချင်း အသက်ဝင်လန်းဆန်းလာစေနိုင်သည်။

‎

‎

‎သစ်ပင်ငယ်လေး၏ အရွယ်အစားမှာ ဝေလငါးကြီးနှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်။ ယုတ္တိရှိရှိဆိုလျှင် ကုချန်သည် မည်သည့်အားစိုက်ထုတ်မှုမှ မလိုဘဲ ၎င်းကို အသက်ပြန်ရှင်လာစေနိုင်လေသည်။

‎

‎

‎သို့သော် ကုချန်အား အံ့အားသင့်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎သူ၏လက်ချောင်းများမှ စီးကျလာသော အသက်စွမ်းအင်များသည် သစ်ပင်ငယ်လေးထဲသို့ ဝင်ရောက်သွားသော်လည်း မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎သစ်ပင်ငယ်လေးမှာ နုံးချည့်ကာ သေလုမြောပါး အခြေအနေတွင်ပင် ရှိနေဆဲဖြစ်သည်။

‎

‎

‎" ဟင်? "

‎

‎

‎ဤသည်ကို မြင်လိုက်ရသဖြင့် ကုချန် အနည်းငယ် အံ့ဩသွားမိ၏။ ယခုလေးတင် သူ အသက်စွမ်းအင်ကို သစ်ပင်ငယ်လေးထဲသို့ ပို့လွှတ်လိုက်သော်လည်း ထိုစွမ်းအင်များသည် သစ်ပင်ငယ်အတွက် မည်သည့်အကျိုးမှ မသက်ရောက်ကြောင်း ခံစားလိုက်ရသည်။

‎

‎

‎ကုချန်သည် မယုံကြည်နိုင်စွာဖြင့် အသက်စွမ်းအင် ပို့လွှတ်မှုနှုန်းကို မြှင့်တင်လိုက်၏။ အဆုံးမဲ့ အသက်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နဂါးငယ်လေးများသည် ကုချန်၏ လက်ချောင်းထိပ်များတွင် ရစ်ဝဲကခုန်နေပြီး နောက်ဆုံးတွင် သစ်ပင်ငယ်လေးထဲသို့ အလုံးအရင်း ဝင်ရောက်သွားကြသည်။

‎

‎

‎သို့ရာတွင် အခြေအနေမှာ အတူတူပင် ဖြစ်နေဆဲ

‎ပင်။ ထိုအသက်စွမ်းအင် နဂါးငယ်လေးများသည် သစ်ပင်ငယ်လေးထဲသို့ ဝင်ရောက်သွားပြီးနောက် လျင်မြန်စွာ ပြိုကွဲပျံ့လွင့်သွားသော်လည်း ထွက်ပေါ်လာသော စွမ်းအင်များကို သစ်ပင်လေးမှာ အနည်းငယ်မျှပင် စုပ်ယူနိုင်ခြင်း မရှိပေ။

‎

‎

‎ဒါက.....

‎

‎

‎ဤသည်ကို မြင်သောအခါ ကုချန်မှာ မှင်တက်သွားရ၏။

‎

‎

‎ဤကဲ့သို့သောအခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဤသစ်ပင်ငယ်လေးသည် အသက်စွမ်းအင် အနည်းငယ်ကိုမျှပင် မစုပ်ယူနိုင်ချေ။

‎

‎

‎တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

‎

‎

‎ကုချန်သည် မျက်မှောင်ကျုံ့ကာ ဖြေရှင်းရန်နည်းလမ်းကို စဉ်းစားနေစဉ် သစ်ပင်ငယ်လေးသည် အားနည်းစွာဖြင့် နှစ်ချက်ခန့် လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသည်။

‎

‎

‎ထိုအချိန်မှာပင် သစ်ပင်ငယ်ထံမှ မှေးမှိန်မရေရာသော နတ်ဝိညာဉ်လှိုင်းလေးတစ်ခု ထွက်ပေါ်လာကာ ကုချန်၏နားထဲသို့ ဝင်ရောက်လာ၏။

‎

‎

‎" အဟွတ်! အဟွတ်...! အင်အားတွေ ဖြုန်းတီးမနေပါနဲ့... မင်းရဲ့ စွမ်းအားက ဒီအဘိုးကြီးအပေါ် ဘာအကျိုးမှ သက်ရောက်မှာ မဟုတ်ဘူး... ငါ့ကို အေးအေးဆေးဆေးပဲ ထွက်သွားခွင့် ပြုလိုက်ပါတော့ "

‎

‎

‎ရုတ်တရက် ထွက်ပေါ်လာသော အသံမှာ အနည်းငယ် တိုးညင်းသြရှနေပြီး အလွန်ပင် ရှေးကျနေဟန်ရှိသည်။

‎

‎

‎ဤအသံသည် သစ်ပင်ငယ်လေးထဲမှ ထွက်လာခြင်းများလော။

‎

‎

‎ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သစ်ပင်ငယ်လေးတစ်ပင်ထံမှ ရှေးကျသည့်အသံကြီးတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤပြင်းထန်လှသော ကွာဟချက်က သူ့ကို သဘာဝကျကျပင် အံ့ဩသွားစေခဲ့သည်။

‎

‎

‎" လိုက်မရှာနဲ့... မင်းကို စကားပြောနေတာ ဒီအဘိုးကြီးပဲ "

‎

‎

‎သစ်ပင်ငယ်လေးမှာ လှုပ်ရှားသွား၍ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာရာ ကုချန်အတွက် အရာအားလုံးကို အတည်ပြုပေးလိုက်သကဲ့သို့ပင် ဖြစ်သွား၏။

‎

‎

‎" လူလေး... မင်းဆီမှာ ပျက်သုဉ်းခြင်းချီတွေ မတွေ့ရဘူး... မင်းက ဒီကပ်စက်ဝန်းက သက်ရှိတစ်ယောက် ဖြစ်ရမယ်... ဟုတ်လား "

‎

‎

‎အဘိုးအို၏ စကားကြောင့် ကုချန်မှာ စိတ်ရှုပ်ထွေးသွားရသည်။

‎

‎

‎ပျက်သုဉ်းခြင်းချီလား။

‎

‎

‎ကပ်စက်ဝန်းလား။

‎

‎

‎ဒါတွေက ဘာအဓိပ္ပာယ်တွေလဲ။

‎

‎

‎ကုချန်၏ တွေဝေနေသော အမူအရာကို မြင်သောအခါ အဘိုးအိုသည် မနာလိုမှု အနည်းငယ်စွက်နေသော အသံဖြင့် ထပ်မံပြောဆိုလေ၏။

‎

‎

‎" ငါ မင်းကို တကယ်အားကျတယ်... ပူပင်သောကကင်းပြီး ဘာမှ မသိရှာဘူး... ကောင်းကင်ဘုံကလည်း စည်ပင်ဝပြောနေပြီး အရာရာတိုင်းအတွက် မျှော်လင့်ချက် ရှိနေသေးတယ်... ဒီအဘိုးကြီးနဲ့တော့ တခြားစီပါပဲလေ... ဒီနေရာမှာပဲ သောင်တင်နေပြီး နောက်ဆုံးထွက်သက်ကို စောင့်ရင်း မြေမှုန့်အဖြစ် လုံးဝ ပျောက်ကွယ်သွားရုံပဲ ရှိတော့တယ် "

‎

‎

‎" အရှင်... ခုနက စကားတွေက ဘာကိုဆိုလိုတာလဲ... ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး "

‎

‎

‎ကုချန်သည် သစ်ပင်ငယ်လေးဘက်သို့ လက်အုပ်ချီကာ မေးမြန်းလိုက်၏။

‎

‎

‎သစ်ပင်ထဲရှိ နတ်ဝိညာဉ်မှ သူ့ကိုယ်သူ 'အဘိုးကြီး' ဟု သုံးနှုန်းခဲ့သော်လည်း ကုချန်အတွက် မည်သို့မျှ မှားယွင်းနေသည်ဟု မခံစားရပေ။ ဤရှေးဟောင်းစကြာဝဠာကြီးသည် မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိနိုင်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။

‎

‎

‎ဤအဘိုးအို၏ သက်တမ်းသည် အဆုံးမဲ့ကမ္ဘာကို ဖန်တီးခဲ့သည့် အချိန်ထက်ပင် ပို၍ရှေးကျနေနိုင်သည်။ ယခုလို အဘယ်ကြောင့် ဖြစ်လာရပြီး နတ်ဝိညာဉ်ကိုပင် သစ်ပင်ငယ်လေးထဲ၌ အဘယ်ကြောင့် ချုပ်နှောင်ခံထားရသည်ကိုသာ မသိရခြင်း ဖြစ်သည်။

‎

‎

‎ကုချန်သည် အဘိုးအို၏ဇာစ်မြစ်ကို မသိသော်လည်း ထိုနတ်ဝိညာဉ်နှင့် သစ်ပင်ငယ်လေးမှာ အစကတည်းက ပြီးပြည့်စုံစွာ ပေါင်းစပ်နေခြင်း မဟုတ်ဘဲ နောက်မှ ဝင်ပူး ပေါင်းစပ်ထားခြင်းဖြစ်သည်ကိုမူ သိရှိနေ၏။

‎

‎

‎" တစ်ခါတလေတော့လည်း ဘာမှမသိတာက ကောင်းချီးတစ်ခုပါပဲ... မင်း တကယ်ပဲ အမှန်တရားကို သိချင်တာ သေချာလား "

‎

‎

‎အဘိုးအို၏အသံမှာ အလွန်တရာ ထူးကဲသော အမှန်တရားတစ်ခုကို ထုတ်ဖော်တော့မည့်အလား ပို၍ လေးနက်သွားလေသည်။

‎

‎

‎" သေချာတာပေါ့ "

‎

‎

‎ကုချန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ အမှန်တရားကို မသိရဘဲ မိုက်မဲစွာ ရှင်သန်နေရမည်ဆိုလျှင် ထိုဘဝက ဘာအဓိပ္ပာယ် ရှိမည်နည်း။

‎

‎

‎" အမှန်တရားက..... "

‎

‎

‎အဘိုးအိုသည် ဖြည်းညင်းစွာ စကားစလိုက်သော်လည်း ရုတ်တရက် လေသံပြောင်းသွားကာ ပြောဆိုလိုက်လေသည်။

‎

‎

‎" ဒီအဘိုးကြီးလည်း သိပ်မမှတ်မိတော့ဘူး "

‎

‎

‎" ..... "

‎

‎

‎ထိုအဘိုးအိုမှ သူ့အား 'နောက်ပြောင်' လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ကုချန်မှာ တိတ်ဆိတ်သွားရသည်။ သူ၏အကြည့်များမှာလည်း အနည်းငယ် စူးရှသွားကာ လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" အရှင်က ဘဝကို စိတ်မဝင်စားတော့ဘူးဆိုရင်လည်း... ကျွန်တော်က အရှင့်ကို စောစောစီးစီး လမ်းဖြောင့်အောင် ပို့ပေးလို့ရပါတယ် "

‎

‎

‎" အဟွတ်! အဟွတ်...! နောက်တာပါကွာ... နောက်တာပါ... တကယ်ပါပဲ... အခုခေတ် လူငယ်တွေက ဘာလို့ ဟာသဉာဏ်လေးတောင် မရှိကြတာလဲ "

‎

‎

‎ကုချန်သည် သူ့အား နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိသွားသဖြင့် အဘိုးအိုမှ ရယ်မောကာ အလျင်အမြန် ရှင်းပြလေသည်။

‎

‎

‎" ဒီအဘိုးကြီး တကယ် မမှတ်မိတော့တဲ့ အရာတွေ အများကြီးရှိတယ်... ငါ သိသေးသလောက်ပဲ မင်းကို ပြောပြနိုင်မယ်... မေးစရာရှိရင် အေးအေးဆေးဆေး မေးပါ... ဒီအဘိုးကြီး သိသမျှတော့ မင်းကို သေချာပေါက် ပြောပြပါ့မယ် "

‎

‎

‎အဘိုးအို၏စကားကို ကြားသောအခါ ကုချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားကာ သူ၏ ပထမဆုံး မေးခွန်းကို မေးမြန်းလိုက်၏။

‎

‎

‎" အရှင်... ခုနကပြောတဲ့ ပျက်သုဉ်းခြင်းချီ ဆိုတာက ဘာလဲ... ပြီးတော့ 'ကပ်စက်ဝန်း' ဆိုတာကကော ဘာအဓိပ္ပာယ်လဲ "

‎

‎

‎" သက်ရှိတွေမှာ အို၊ နာ၊ သေ ဆိုတာ ရှိကြတယ်... အသက်ကြီးလာတဲ့အခါ ယိုယွင်းခြင်းချီတွေ ပြည့်နှက်လာတတ်တယ်... ကောင်းကင်ဘုံကလည်း အတူတူပဲလေ.... ဆည်းဆာချိန်ကို ရောက်လာတဲ့အခါ ပျက်သုဉ်းခြင်းချီတွေ ပျံ့နှံ့လာပြီး သက်ရှိအားလုံးဆီမှာ ကပ်ငြိနေလိမ့်မယ်... သေလွန်သူတွေအတွက် အချိန်မရွေး မြည်ဟည်းနိုင်တဲ့ သေမင်းတမန် ခေါင်းလောင်းသံကြီးလိုပဲပေါ့ "

‎

‎

‎အဘိုးအိုမှ ခံစားချက်အပြည့်ဖြင့် ပြောဆိုလေသည်။

‎

‎

‎ကောင်းကင်ဘုံရဲ့ ဆည်းဆာချိန်လား။

‎

‎

‎ကုချန် အံ့အားသင့်သွားရ၏။ ဤကဲ့သို့သော စကားမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

‎

‎

‎ကောင်းကင်နှင့် မြေကြီး၏ သက်တမ်းမှာ အဆုံးမဲ့လုနီးနီးပင်။ သေးငယ်သော အဆုံးမဲ့ကမ္ဘာလေးပင်လျှင် မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိနိုင်ပါက အင်မော်တယ်နယ်မြေ၊ နတ်ဆိုးနယ်မြေနှင့် ပိုမိုကျယ်ပြောလှသော ကောင်းကင်ဘုံများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

‎

‎

‎ဤမျှ ကျယ်ပြောလှသော ကောင်းကင်ဘုံများ၌ပင် သက်တမ်းကုန်ဆုံးချိန် ရှိနေသလော။

‎

‎

‎ကုချန်၏မျက်ဝန်းများမှာ တုန်လှုပ်သွား၏။ သူ တစ်စုံတစ်ခုကို နောက်ဆုံးတွင် နားလည်သွားကာ အတည်ပြုသည့်အနေဖြင့် မေးမြန်းလိုက်လေသည်။

‎

‎

‎" အရှင့်စကားအရဆိုရင် ကွေ့ရွှီးနယ်မြေထဲက မရေမတွက်နိုင်တဲ့ ပျက်စီးနေတဲ့ စကြာဝဠာတွေက... 'သေဆုံး' သွားတဲ့ ကောင်းကင်ဘုံတွေရဲ့ အကြွင်းအကျန်တွေပေါ့ "

‎

‎

‎" မင်းက တကယ် သင်ပေးရလွယ်တဲ့သူပဲ "

‎

‎

‎အဘိုးအို၏အသံတွင် ကျေနပ်မှု အနည်းငယ် စွက်နေလေသည်။

‎

‎

‎" တိတိကျကျပြောရရင် အဲဒါတွေက အရင်ကပ်စက်ဝန်းမှာ သေဆုံးသွားခဲ့တဲ့ ကောင်းကင်ဘုံတွေရဲ့ အကြွင်းအကျန်တွေပဲ... ပိုပြီး ရှေးကျတဲ့ ကပ်စက်ဝန်းတွေတုန်းက ကောင်းကင်ဘုံတွေ လှည့်ပတ်နေချိန်မှာတင် သူတို့ဟာ မြေမှုန့်အဖြစ် ပြိုကွဲပျက်စီးသွားခဲ့တာ ကြာပြီလေ.....

‎

‎မင်းက... 'ကပ်စက်ဝန်း' ဆိုတာ ဘာလဲ သိချင်တယ် မဟုတ်လား.....

‎

‎ဟားဟားဟား... ဒီအဘိုးကြီး အခုပဲ ပြောပြမယ်... ကျယ်ပြောလှတဲ့ ကောင်းကင်ဘုံကြီး မွေးဖွားလာချိန်ကနေ ပျက်စီးသွားတဲ့အချိန်အထိ... ဒီအဆုံးမရှိတဲ့ အချိန်ကာလရှည်ကြီးကို ကပ်စက်ဝန်းလို့ ခေါ်တာပဲ.....

‎

‎ကပ်စက်ဝန်းရဲ့ အစမှာ... အရာရာတိုင်းက အသစ်ပြန်ဖြစ်တယ်.....

‎

‎ကပ်စက်ဝန်းရဲ့ အဆုံးသတ်မှာတော့ ကောင်းကင်ဘုံတွေ ပြိုကျပျက်စီးရတော့တာပဲ "

‎

‎

All Chapters