← Chapters

အခန်း ၅၂၀

Vol. 38 Ch. 520

အခန်း ၅၂၀

Vol. 38 Ch. 520

အခန်း ( ၅၂၀ ) - အရာအားလုံးကို စတေးခြင်း၊ ကုသရန်နည်းလမ်းမရှိခြင်းနှင့် လုံးဝ ကွဲပြားခြားနားခြင်း

‎

‎

‎

‎အဆုံးမဲ့တာအို မွေးဖွားလာချိန်မှသည် ပျက်သုဉ်းသွားချိန်အထိ အဆုံးမရှိသော နှစ်ကာလများစွာများကို ကပ်စက်ဝန်းတစ်ခုဟု ခေါ်ဆိုလေသည်။

‎

‎

‎ဤအမည်မသိ အဘိုးအို၏ စကားများသည် ကုချန်အတွက် တံခါးသစ်တစ်ချပ်ကို အမှန်တကယ်ပင် ဖွင့်လှစ်ပေးလိုက်လေသည်။

‎

‎

‎" ဒါဆို ဒီကျယ်ပြောလှတဲ့ အဆုံးမဲ့တာအိုကြီးက မွေးဖွားချိန်ကနေ ပျက်သုဉ်းချိန်အထိ အဆုံးမရှိ လည်ပတ်နေပြီး ထပ်တလဲလဲ ဖြစ်ပေါ်နေတာပေါ့ "

‎

‎

‎ကုချန်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎အဘိုးအိုပြောသည့်အတိုင်း ဤကျယ်ပြောလှသော အဆုံးမဲ့တာအိုကြီးသည် အစဉ်အမြဲ လည်ပတ်ကာ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့မည် ဆိုပါလျှင် မွေးဖွားလာချိန်မှစ၍ အဆုံးမရှိသော နှစ်ကာလများကြာသည့်တိုင် ကုဋေကုဋာမကသော သက်ရှိများကို ပြုစုပျိုးထောင်ပေးပြီးနောက် ၎င်း၏ ဆည်းဆာချိန်သို့ ဝင်ရောက်လာကာ ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားရသည်။

‎

‎

‎စကြာဝဠာများအားလုံးသည် ကွေ့ရွှီးနယ်မြေထဲသို့ ကျရောက်သွား၍ မရေမတွက်နိုင်သော သက်ရှိများ ပျက်စီးသေဆုံးရကာ ထိုအကြွင်းအကျန် စကြာဝဠာအပိုင်းအစများသာ ဆက်လက် တည်ရှိနေတော့သည်။

‎

‎

‎ဟောင်းနွမ်းသွားသော ကပ်စက်ဝန်း ကုန်ဆုံးသွားပြီးနောက် အဆုံးမဲ့တာအို၏ ကပ်စက်ဝန်းသစ် ရောက်ရှိလာကာ မွေးဖွားခြင်းနှင့် ပျက်သုဉ်းခြင်း သံသရာတစ်ပတ်ကို ထပ်မံ သယ်ဆောင်လာပြန်လေသည်။

‎

‎

‎ထို့အပြင် ယခင်အဆုံးမဲ့တာအိုဟောင်း၏ အမှတ်အသားများအဖြစ် ဤကွေ့ရွှီးနယ်မြေထဲ၌ တိတ်ဆိတ်စွာ မျောပါနေကြသည့် ရှေးဟောင်းစကြာဝဠာ အပျက်အစီးများသာ ကျန်ရစ်တော့သည်။

‎

‎

‎" ဟုတ်တယ်... မှန်တယ်! "

‎

‎

‎သစ်ပင်ငယ်လေးသည် ဖြည်းညင်းစွာ လှုပ်ခတ်သွား၍ အဘိုးအို၏အသံမှာလည်း အနည်းငယ် စိတ်လှုပ်ရှားကာ ရူးသွပ်နေသည့်ဟန် ပေါက်သွားလေသည်။

‎

‎

‎" အဆုံးမရှိတဲ့ လည်ပတ်မှု... အဆုံးမရှိတဲ့ ထပ်တလဲလဲ ဖြစ်ပေါ်မှု... မရေမတွက်နိုင်တဲ့ ကပ်စက်ဝန်းတွေ... ဘယ်သူမှ ဒါကို မချိုးဖျက်နိုင်ခဲ့ကြဘူး! ဟားဟားဟား... ဟားဟားဟားဟားဟားဟား! "

‎

‎

‎" ဒါဆို အဆုံးမဲ့တာအို ပြိုကျပျက်စီးတဲ့အခါ စကြာဝဠာတွေ အားလုံးကွဲကြေပြီး ဒီကွေ့ရွှီးနယ်မြေထဲကို ရောက်သွားမယ်... သက်ရှိအားလုံးလည်း သေဆုံးသွားမယ်ဆိုရင်... အရှင်က ဘယ်လိုလုပ် အသက်ရှင်ကျန်ရစ်ခဲ့တာလဲ "

‎

‎

‎ကုချန်သည် အဘိုးအို၏ ရူးသွပ်နေသော တစ်ကိုယ်တော် ရေရွတ်သံများကို လျစ်လျူရှုကာ နောက်ထပ် မေးခွန်းတစ်ခုကို ဆက်လက် မေးမြန်းလိုက်၏။

‎

‎

‎အဘိုးအို၏စကားအရ အဆုံးမဲ့တာအို၏ ဆည်းဆာချိန် ကုန်ဆုံးသွားပါက ဤကပ်စက်ဝန်း၏ အဆုံးမဲ့တာအို ပြိုကျပျက်စီးမှုကြီးကို ကြုံတွေ့ရမည်ဖြစ်ပြီး သက်ရှိအားလုံးသည်လည်း ထိုအချိန်တွင် သေဆုံးသွားကြရမည် ဖြစ်သည်။

‎

‎

‎အင်မော်တယ်ဧကရာဇ်အဆင့် ရှိသူများပင်လျှင် ရုပ်အလောင်းသာ ကျန်ရစ်နိုင်ခဲ့၏။

‎

‎

‎သို့ဆိုလျှင် ဤအဘိုးအိုသည် မည်သို့ ရှင်သန်ကျန်ရစ်ခဲ့သနည်း။

‎

‎

‎" ငါလား... ငါ သေချာ မမှတ်မိတော့ဘူး... ရှင်သန်ဖို့အတွက် ငါ့မှာရှိတဲ့ အရာအားလုံးကို စတေးခဲ့ရတယ်ဆိုတာပဲ မှတ်မိတော့တယ်... ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ နတ်ဝိညာဉ်ကိုတောင်... အသက်ရှင်နေနိုင်ဖို့အတွက် အားလုံး စွန့်လွှတ်ခဲ့ရတာ... ဒါပေမဲ့ နောက်ဆုံးအချိန်ကို ရောက်လာတဲ့အခါ အရာအားလုံးက ပြီးဆုံးသွားခဲ့တယ်... ငါ အောင်မြင်ခဲ့တယ်... ပြီးတော့ ကျရှုံးခဲ့တယ်.....

‎

‎ငါ အသက်ရှင်ခဲ့ပေမဲ့ သေဆုံးသွားတာနဲ့ ဘာမှမကွာခြားပါဘူးကွာ... ဟားဟားဟား... ကျရှုံးတာပဲ... အရာအားလုံးက ကျရှုံးတာပဲ! တစ်ကပ်စက်ဝန်းလုံးမှာ ဒီအဘိုးကြီးအတွက် ဒီမီးတောက် အကြွင်းအကျန်လေးပဲ ကျန်ရစ်တော့တယ်... အခုတော့ ဒီမီးတောက်လေးကတောင် ငြိမ်းသေလုနီးပါး ဖြစ်နေပြီ "

‎

‎

‎အဘိုးအို၏အသံမှာ အလွန်တရာ နက်ရှိုင်းကာ ဖိနှိပ်ထားရသည့်ဟန် ပေါက်နေ၏။

‎

‎

‎သူ၏လက်ရှိအခြေအနေမှာ လွန်စွာဆိုးရွားနေ၍ အတိတ်မှ ပြတ်တောင်းတောင်း မှတ်ဉာဏ်အချို့ကိုသာ ပိုင်ဆိုင်ထားတော့သည်။

‎

‎

‎သူပိုင်ဆိုင်ခဲ့သော ကပ်စက်ဝန်း၌ အဆုံးမဲ့တာအိုကြီး ဆည်းဆာချိန်သို့ ဝင်ရောက်လာသောအခါ ပြိုကျပျက်စီးတော့မည့် သတင်းအချက်အလက်များသည် အဆုံးမဲ့တာအိုတစ်ခုလုံးသို့ စတင် ပျံ့နှံ့လာခဲ့ကြောင်းကိုသာ ဝေဝါးစွာ မှတ်မိနေတော့၏။

‎

‎

‎မရေမတွက်နိုင်သော သက်ရှိများနှင့် အစွမ်းထက်သူများစွာသည် အဆုံးမဲ့တာအို၏ နောက်ဆုံး ပြိုကျပျက်စီးမှုကို ခုခံတွန်းလှန်ရန် အစွမ်းကုန် ကြိုးပမ်းပြင်ဆင်ခဲ့ကြသည်။

‎

‎

‎မိမိ၏ကိုယ်ပိုင်အမည်ကိုပင် မေ့လျော့နေပြီဖြစ်သော ဤအဘိုးအိုကဲ့သို့ပင် သူတို့သည် များစွာသော ပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့ပြီး အလွန် ကြီးမားလှသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရပုံပင်။ သူ့ကိုယ်သူ ယခုလို လူနှင့်မတူဘဲ သရဲတစ္ဆေနှင့်တူသော အသွင်အပြင်မျိုးအထိပင် ပြောင်းလဲခဲ့ရသည်။

‎

‎

‎သို့သော် နောက်ဆုံး၌ ပြင်ဆင်မှုများနှင့် ကြိုးပမ်းအားထုတ်မှု အားလုံးသည် ကျရှုံးသွားခဲ့၏။

‎

‎

‎အဆုံးမဲ့တာအို စုဝေးရောက်ရှိလာသော မရေမတွက်နိုင်သည့် အစွမ်းထက်သူများသည် အဆုံးမဲ့တာအို ပြိုကျပျက်စီးမှုဖြစ်စဉ်ကို မခုခံနိုင်ခဲ့ကြသကဲ့သို့ ထိုဖြစ်စဉ်အတွင်းမှ သူတို့ကိုယ်တိုင် ရှင်သန်လွတ်မြောက်နိုင်ရန်လည်း မစွမ်းဆောင်နိုင်ခဲ့ကြပေ။

‎

‎

‎ယခုအခါ ဤအဘိုးအိုတွင် နောက်ဆုံးထွက်သက်သာ ကျန်ရှိတော့ပြီး သူ၏ အသက်မီးတောက်လေးမှာ ငြိမ်းသေလုနီးပါး ဖြစ်နေချေပြီ။

‎

‎

‎တစ်နည်းအားဖြင့် တွေးကြည့်လျှင် ဤအဘိုးအိုသည် သေဆုံးသွားခဲ့ကြသော အင်မော်တယ်ဧကရာဇ်များထက်ပင် ပို၍ အစွမ်းထက်နေ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ထိုအင်မော်တယ်ဧကရာဇ်များမှာ ရုပ်အလောင်းသာ ကျန်ရစ်ခဲ့သော်လည်း ဤအဘိုးအိုသည် ယနေ့တိုင် အသက်ရှင်နေနိုင်စွမ်း ရှိခြင်းကြောင့်ပင်။ ဤသည်မှာ အံ့ဖွယ်တစ်ခုပင် ဖြစ်နေတော့သည်။

‎

‎

‎" အရှင့်ကို ကယ်တင်ဖို့ အားမထုတ်နဲ့လို့ ခုနက ပြောတယ်လေ... ဘာကြောင့်လဲ... ကယ်တင်ဖို့ နည်းလမ်း လုံးဝ မရှိတော့ဘူးလား "

‎

‎

‎ကုချန်မှာ မျက်မှောင်ကျုံ့လိုက်၏။

‎

‎

‎သူသည် ဤအဘိုးအိုကို ကယ်တင်ချင်စိတ် ရှိနေဆဲဖြစ်ပြီး ဤမျှ လွယ်လွယ်ကူကူ မသေဆုံးစေချင်ပေ။ အကြောင်းမှာ ဤသူသည် အခြားသော အဆုံးမဲ့တာအို ကပ်စက်ဝန်းမှ တည်ရှိမှုတစ်ခုဖြစ်ရာ ကုချန်ကိုယ်တိုင်ပင် မသိရှိသေးသော တန်ဖိုးကြီးမားသည့် လျှို့ဝှက်ချက်များနှင့် ဗဟုသုတများကို သိရှိထားနိုင်သောကြောင့်ပင်။

‎

‎

‎" မင်း ငါ့ကို ကယ်နိုင်မှာ မဟုတ်ဘူး "

‎

‎

‎အဘိုးအိုသည် ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။ သူ၏အသံတွင် လှောင်ပြောင်ဟားတိုက်လိုသည့် အရိပ်အယောင်လေး စွက်နေလေသည်။

‎

‎

‎" ဒီအဘိုးကြီးက ဘာလို့ ဒီလိုပြောရသလဲ မင်းသိလား... ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ... ငါ ကျင့်ကြံခဲ့တဲ့ အဆုံးမဲ့တာအို စွမ်းအင်တွေက ဒီလက်ရှိကပ်စက်ဝန်းရဲ့ အဆုံးမဲ့တာအိုနဲ့ လုံးဝကို သဟဇာတ မဖြစ်လို့ပဲ.....

‎

‎ကောင်းကင်နဲ့ မြေကြီးကြားမှာ အဆုံးမဲ့တာအိုတွေ ရှိတယ်... ကျင့်ကြံသူတွေဟာ ရှင်သန်နိုင်ဖို့ အဆုံးမဲ့တာအိုကို ကျင့်ကြံကြရတယ်... ငါးတွေ ရေကင်းပြီး မရှင်သန်နိုင်သလိုမျိုးပေါ့.....

‎

‎ကျယ်ပြောလှတဲ့ တာအိုပင်လယ်ပြင်ကြီးက အဆုံးမဲ့တာအိုရဲ့ သက်ရှိတွေကို မွေးမြူပေးတယ်... ဒါကို ဒီလောကရဲ့ အကြီးကျယ်ဆုံးသော အံ့ဖွယ်တစ်ခုလို့ ခေါ်နိုင်တယ်.....

‎

‎အခုတော့ ငါ ပိုင်ဆိုင်ခဲ့တဲ့ တာအိုပင်လယ်ကြီးက မရှိတော့ဘူး... ဒီအဘိုးကြီးက ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်လိုပဲ... ရေငတ်ပြီး သေဆုံးဖို့ဆိုတာ အချိန်နဲ့ပဲ ဆိုင်တော့တယ်.....

‎

‎ငါ့ရဲ့ အောက်မှာရှိနေတဲ့... ဒီအရောင်ငါးမျိုး ဝိညာဉ်အရည်ခွက်ကို မင်း မြင်လား.....

‎

‎ဒါက... ငါ့ရဲ့ ကပ်စက်ဝန်းထဲက အထွတ်အထိပ် တည်ရှိမှုကြီးတစ်ခုက အဆုံးမရှိတဲ့ နှစ်ကာလတွေ အကြာမှာ စုစည်းဖန်တီးပေးခဲ့တာပဲ... ဒါဟာ ငါ့ရဲ့ ကပ်စက်ဝန်းနဲ့ သက်ဆိုင်တဲ့ အဆုံးမဲ့တာအိုရဲ့ စွမ်းအားတွေပေါ့.....

‎

‎အစကတော့ ဒါဟာ ရေကန်ငယ်လေး တစ်ခုစာလောက် ကြီးမားခဲ့တယ်... ဒါပေမဲ့ အခုတော့ ဒီရေအိုင်ငယ်လေးလောက်ပဲ ကျန်ရစ်တော့တယ်.....

‎

‎ဒီအရောင်ငါးမျိုး ဝိညာဉ်အရည် လုံးဝ ခန်းခြောက်သွားတဲ့အချိန်က ဒီအဘိုးကြီး သေဆုံးရမယ့် အချိန်ပဲ "

‎

‎

‎အဘိုးအိုမှာ ဖြည်းညင်းစွာ ပြောဆိုနေသော်လည်း သူ၏အသံတွင် ဖယ်ရှား၍ မရနိုင်သော နက်ရှိုင်းသည့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ ပါဝင်နေ၏။

‎

‎

‎အဘိုးအို၏ ရှင်းပြချက်ကို နားထောင်ရင်း ဤအဘိုးအို အဘယ်ကြောင့် ဤမျှလောက် မျှော်လင့်ချက်မဲ့နေရသည်ကို ကုချန် တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။

‎

‎

‎လက်ရှိ ကပ်စက်ဝန်း၏ အဆုံးမဲ့တာအိုမှာ သူ၏ အိမ်ဂေဟာ မဟုတ်တော့ပေ။

‎

‎

‎သူသည် ရေပြင်ပသို့ ရောက်ရှိနေသော ငါးတစ်ကောင်နှင့် တူနေပြီး ဤအဆုံးမဲ့တာအိုထံမှ မည်သည့် စွမ်းအားကိုမျှ စုပ်ယူနိုင်စွမ်း မရှိတော့ချေ။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီ အထောက်အပံ့ကို မရရှိနိုင်တော့ပါက မည်သို့ ဖြစ်သွားမည်နည်း။

‎

‎

‎ကျိန်းသေပေါက် သူ၏ရုပ်ခန္ဓာမှာ ပုပ်သိုးယိုယွင်းလာမည်ဖြစ်သလို နတ်ဝိညာဉ်မှာလည်း ပြာအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ဖြစ်စဉ်တစ်ခုပင် ဖြစ်၏။

‎

‎

‎ထို့အပြင် ယခင်ကပ်စက်ဝန်းမှ ဤအဘိုးအိုသည် ယခုလက်ရှိတွင် ထိုဖြစ်စဉ်အားလုံးကို ကိုယ်တိုင် ကြုံတွေ့ခံစားနေရခြင်း ဖြစ်သည်။

‎

‎

‎ခန်းခြောက်လုနီးပါး ဖြစ်နေသော သူ၏အောက်မှ အရောင်ငါးမျိုး ဝိညာဉ်အရည်မှာ ယခင်ကပ်စက်ဝန်းမှ ကျန်ရစ်ခဲ့သည့် နောက်ဆုံးသော မီးတောက်အလင်းတန်းလေးသာ ဖြစ်သည်။

‎

‎

‎ဤအလင်းတန်းလေး လင်းလက်နေသရွေ့ သူ ဆက်လက် ရှင်သန်နိုင်မည် ဖြစ်သည်။ အလင်းတန်း ငြိမ်းသတ်သွားချိန်သည် သူ ပျက်စီးသေဆုံးရမည့် အချိန်ပင် ဖြစ်လေသည်။

‎

‎

‎ဖြေရှင်းရန် မည်သည့် နည်းလမ်းမျှ မရှိတော့ဘဲ သေမင်း ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရခြင်းက မည်မျှတိုင်အောင် မျှော်လင့်ချက် ကင်းမဲ့စေမည်နည်း။

‎

‎

‎ကုချန်သည် ရှေ့သို့ ကိုင်းညွတ်လိုက်၍ ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ထဲသို့ သူ၏ လက်ချောင်းကို ဂရုတစိုက် နှစ်လိုက်ကာ အရည်တစ်စက်ကို ထုတ်ယူလိုက်၏။ ထို့နောက် ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ကို မည်သည့်အရာများဖြင့် ဖွဲ့စည်းထားသည်ကို သိရှိနိုင်ရန်အတွက် သူ၏နတ်ဝိညာဉ်ဖြင့် စူးစမ်းကြည့်ရန် ကြိုးစားလိုက်၏။

‎

‎

‎သူ၏နတ်ဝိညာဉ် ထိုအရောင်ငါးမျိုး ဝိညာဉ်အရည်တစ်စက်ထဲသို့ နစ်မြုပ်ဝင်ရောက်သွားသောအခါ ထိုထဲတွင် နက်ရှိုင်းကျယ်ပြန့်၍ အဆုံးအစမရှိသော အသက်စွမ်းအင်များ ပါဝင်နေသည်ကို ကုချန် ချက်ချင်း ခံစားလိုက်ရသည်။

‎

‎

‎၎င်းမှာ မြင့်မြတ်သော ရတနာပစ္စည်းများစွာနှင့် ဝိညာဉ်ချီတို့ စုပေါင်းပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။

‎

‎

‎သို့သော် ဤအဆုံးအစမရှိ ကြီးမားလှသော အသက်စွမ်းအင် အနှစ်သာရသည် ကုချန်နှင့် လုံးဝကို သီးခြားစီ ကွဲပြားခြားနားနေသည့် လေဟာနယ် နှစ်ခုတွင် ရှိနေသကဲ့သို့ ဖြစ်နေ၏။ ထိုအဘိုးအိုမှ ဤအဆုံးမဲ့တာအိုထံမှ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ချီကို စုပ်ယူ၍မရသကဲ့သို့ပင် သူသည်လည်း ဤဝိညာဉ်အရည်စက်လေးထံမှ စွမ်းအင်များကို လုံးဝ စုပ်ယူ၍ မရနိုင်ချေ။

‎

‎

‎ဤသို့ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ထဲတွင် ပါဝင်နေသော ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့တာအိုကြောင့်ပင် ဖြစ်သည်။

‎

‎

‎၎င်းသည် လက်ရှိ ကောင်းကင်နှင့် မြေကြီးမှ အဆုံးမဲ့တာအိုနှင့် လုံးဝ ကွဲပြားခြားနားနေသော အဆုံးမဲ့တာအို အငွေ့အသက်တစ်ခု ဖြစ်နေ၏။

‎

‎

‎ကုချန်သည် ကမ္ဘာများစွာသို့ ရောက်ရှိခဲ့ဖူးသော်လည်း အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေများကဲ့သို့ လုံးဝ ကွဲပြားခြားနားလှသော နေရာများ၌ပင် ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့တာအိုသည် ကွဲပြားသော လမ်းကြောင်းများမှတဆင့် တူညီသော ပန်းတိုင်တစ်ခုတည်းဆီသို့သာ ဦးတည်ကြ၍ တူညီသော အချက်များကို ရှာဖွေတွေ့ရှိနိုင်ဆဲပင်။

‎

‎

‎သို့သော်လည်း ဤအရောင်ငါးမျိုး ဝိညာဉ်အရည်တစ်စက်ထဲ၌ ပါဝင်နေသော အဆုံးမဲ့တာအို အငွေ့အသက်မှာ ကုချန် ယခင်က ခံစားခဲ့ဖူးသော မည်သည့်ကမ္ဘာမှ အဆုံးမဲ့တာအို အငွေ့အသက်နှင့်မဆို မတူညီဘဲ လုံးဝကို ကွဲပြားခြားနားနေလေသည်။

‎

‎

‎ထို့အပြင် အဆုံးမဲ့တာအိုများ လုံးဝ ကွဲပြားခြားနားနေခြင်းကြောင့် လုံးဝမတူညီသော စနစ်နှစ်ခုကဲ့သို့ ဖြစ်နေကာ သဘာဝတရားအရ မွေးမြူထားသော သက်ရှိများမှာလည်း လုံးဝ ကွဲပြားခြားနားကြလေသည်။

‎

‎

‎ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် မတူညီသော ကပ်စက်ဝန်းများမှ သက်ရှိများသည် အခြားသော ကပ်စက်ဝန်းများ၌ ဆက်လက် ရှင်သန်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

‎

‎

All Chapters