← Chapters

အခန်း ၅၂၆

Vol. 38 Ch. 526

အခန်း ၅၂၆

Vol. 38 Ch. 526

အခန်း ( ၅၂၆ ) - ကောင်းကင်ဘုံ၏ အလိုဆန္ဒ၊ မျှော်လင့်ချက် ရောင်ခြည်တစ်တန်းနှင့် ကံတရားအပေါ်သာ မူတည်နေခြင်း

‎

‎

‎

‎ရှူလောင်၏စကားကို နားထောင်ပြီးနောက် တာအိုအရှင်သခင်အဆင့် တည်ရှိမှုများအတွက်လည်း ကောင်းကင်ဘုံ နယ်မြေများထဲသို့ ဝင်ရောက်ရန် ခက်ခဲလှကြောင်း ကုချန် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။

‎

‎

‎သူတို့သည် တစ်ချိန်က ဤကောင်းကင်ဘုံများအတွင်း မွေးမြူခံခဲ့ရသော သက်ရှိများ ဖြစ်ခဲ့ဖူးသော်လည်း ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများကို မွေးမြူပေးခဲ့သော ကောင်းကင်ဘုံများ၏ ကပ်စက်ဝန်းသည် ပျက်သုဉ်းသွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

‎

‎

‎ကပ်စက်ဝန်းသစ်တွင် ကောင်းကင်ဘုံများ၏ အလိုဆန္ဒသည် ထိုတာအိုအရှင်သခင်များ၏ တည်ရှိမှုကို အသိအမှတ်မပြုသည်ဖြစ်ရာ ကပ်စက်ဝန်းသစ်ထဲသို့ သူတို့ ဝင်ရောက်လာမှုကို အလိုအလျောက် ငြင်းပယ်နေလိမ့်မည်ပင်။

‎

‎

‎ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် ကပ်စက်ဝန်းသစ်ထဲသို့ ဝင်ရောက်ရန် နည်းလမ်းအချို့ကို အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်မည် ဖြစ်သော်လည်း သေချာပေါက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရမည် ဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်စွမ်းအားများမှာလည်း ကောင်းကင်ဘုံများ၏ အလိုဆန္ဒကြောင့် ဖိနှိပ်ခံထားရမည် ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်များ သိသိသာသာ ကျဆင်းသွားမည်ဖြစ်၍ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားများကို ပြသနိုင်မည် မဟုတ်ချေ။

‎

‎

‎" ဒါက ငါ့ရဲ့ ထင်ကြေးသက်သက် မဟုတ်ဘူး "

‎

‎

‎ရှူလောင်မှ ဆက်၍ပြောဆိုလေသည်။

‎

‎

‎" ငါဟာ တာအိုအရှင်သခင်အဆင့်ကို ဘယ်တုန်းကမှ မရောက်ခဲ့ဘူးဆိုပေမဲ့ အဲဒီအဆင့်နဲ့ အများကြီး မကွာဝေးခဲ့ဘူး... ငါ့ရဲ့အဆင့်က ဆက်တိုက် မြင့်တက်လာတာနဲ့အမျှ ကောင်းကင်ဘုံတွေဆီကနေ လာတဲ့ ငြင်းပယ်မှုနဲ့ ဖိနှိပ်မှုကို ငါ ပိုပိုပြီး ခံစားလာခဲ့ရတယ်.....

‎

‎မင်းက တခြားကပ်စက်ဝန်းက တာအိုအရှင်သခင် ဖြစ်ဖြစ်... ဒါမှမဟုတ် လက်ရှိကပ်စက်ဝန်းကပဲ ဖြစ်ဖြစ်... ဒီကောင်းကင်ဘုံတွေက တာအိုအရှင်သခင်အဆင့် သက်ရှိတွေရဲ့ တည်ရှိမှုကို ကြိုဆိုပုံမပေါ်ဘူး.....

‎

‎ဒါပေမဲ့ ဒီလက်ရှိကပ်စက်ဝန်းထဲမှာ မွေးဖွားလာတဲ့ တာအိုအရှင်သခင်တွေကတော့ အခွင့်ထူးတချို့ ရှိနိုင်လို့... တခြားကပ်စက်ဝန်းတွေက တာအိုအရှင်သခင်တွေလောက် ဖိနှိပ်မှုကို မခံရဘဲ လက်ရှိကပ်စက်ဝန်းရဲ့ ကောင်းကင်ဘုံတွေထဲမှာ ဖြတ်သန်းသွားလာနိုင်စွမ်း ရှိကောင်းရှိလိမ့်မယ်.....

‎

‎ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်အရတော့... လက်ရှိကပ်စက်ဝန်းမှာ တာအိုကို သက်သေပြနိုင်ခဲ့တဲ့ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေတောင် ဒီကပ်စက်ဝန်းမှာ အကြာကြီး နေနိုင်မှာ မဟုတ်ဘူး... ကောင်းကင်ဘုံတွေရဲ့ အလိုဆန္ဒက ငြင်းပယ်နေတာကို သည်းမခံနိုင်လို့လားတော့ မသိဘူး... ငါ တောင်းဆိုခဲ့ဖူးတဲ့ တာအိုအရှင်သခင်က ငါ့အတွက် အရောင်ငါးမျိုး ဝိညာဉ်ရေကန်ကို ဖန်တီးပေးပြီးတာနဲ့ ဒီကောင်းကင်ဘုံတွေထဲကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့တာ.....

‎

‎ငါ ခန့်မှန်းရသလောက်ဆိုရင် သူဟာ ဒီကပ်စက်ဝန်းရဲ့ ကောင်းကင်ဘုံတွေထဲကနေ ထွက်ခွာသွားခဲ့ပြီပဲနေမှာ "

‎

‎

‎ဒီကောင်းကင်ဘုံတွေရဲ့ အဆုံးမဲ့ကမ္ဘာတွေက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါလား။

‎

‎

‎ရှူလောင်၏ပြောပြချက်ကို နားထောင်လျက် ကုချန်မှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎မူလက ထိုကောင်းကင်ဘုံများ၏ အဆုံးမဲ့ကမ္ဘာများသည် အခြေခံ စည်းမျဉ်းများနှင့်အညီ လည်ပတ်နေသော အသက်မဲ့အရာများဖြစ်သည်ဟုသာ သူ ထင်မှတ်ခဲ့သော်လည်း ယခုအခါ ကောင်းကင်ဘုံများတွင် ကိုယ်ပိုင် အလိုဆန္ဒ အမှန်တကယ် ရှိနေပုံရလေသည်။

‎

‎

‎မရေမတွက်နိုင်သော ကပ်စက်ဝန်းများကို ဖြတ်သန်းရင်း သက်ရှိများစွာကို မွေးမြူပေးခဲ့သလို လက်ရှိကပ်စက်ဝန်းအတွင်း မွေးမြူထားသော သက်ရှိများကို ခြိမ်းခြောက်လာမည့် ပြင်ပသက်ရှိများ ဝင်ရောက်လာမှုကိုလည်း အလိုအလျောက် ငြင်းပယ်နေလိမ့်မည်ပင်။

‎

‎

‎သို့သော် ၎င်း မွေးမြူထားသော သက်ရှိများ တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိသွားသောအခါ ၎င်းမှာ 'ရန်သူအဖြစ် ပြောင်းလဲ' သွားကာ သူတို့ကို နှင်ထုတ်ရန် ကြိုးစားလေသည်။

‎

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုသည် ကျယ်ပြောလှသော ကောင်းကင်ဘုံများ၏ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်နှင့် မြေကြီး၏ ငြင်းပယ်မှုကို ခံရကာ ကောင်းကင်ဘုံများမှ မွေးမြူထားသော ကလေးငယ်တစ်ဦးအဖြစ်မှ ကောင်းကင်ဘုံ၏ အလိုဆန္ဒမှ ရွံရှာသော ရန်သူတစ်ဦးအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားရ၏။

‎

‎

‎သို့သော် ပြန်လည်တွေးတောကြည့်လျှင် ကောင်းကင်ဘုံများ၏ အလိုဆန္ဒ၏ အပြုအမူမှာ လုံးဝ ယုတ္တိရှိလှပေသည်။

‎

‎

‎အကယ်၍ တာအိုအရှင်သခင်များကို ဖိနှိပ်ခြင်းနှင့် ငြင်းပယ်ခြင်းကဲ့သို့သော စည်းမျဉ်းများသာ မရှိခဲ့ပါက နောက်မှ ရောက်လာသူများအနေဖြင့် သူတို့၏အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားမည်ဖြစ်ကာ စောစီးစွာ တာအိုသက်သေပြနိုင်ခဲ့သော တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ ခြယ်လှယ်မှုကိုသာ ခံရတော့မည် မဟုတ်ပါလော။

‎

‎

‎မဟာတာအို သုံးထောင်လုံးတွင် ပိုင်ရှင်များ ရှိသွားသောအခါ မြင့်မြတ်ကြီးကျယ်သော တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ အားလုံးသည် တာအိုကို သက်သေပြရန် ကြိုးစားလာမည့် နောက်မှရောက်လာသူ မှန်သမျှကို သုတ်သင်ရှင်းလင်းပစ်ကြမည်သာ ဖြစ်သည်။

‎

‎

‎ထို့ပြင် နောက်မှ ရောက်လာသူများအနေဖြင့် ဤအခြေအနေကို ချိုးဖျက်ရန် အနည်းငယ်မျှပင် နည်းလမ်းရှိမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မဟာတာအို အားလုံးတွင် ပိုင်ရှင်များ ရှိနေမည်ဖြစ်ရာ မည်သည့်တာအိုကို ကျင့်ကြံရန် ရွေးချယ်သည်ဖြစ်စေ သေလမ်းသာ ဖြစ်နေမည်ဖြစ်သောကြောင့်တည်း။

‎

‎

‎ထိုအချိန်တွင် အင်မော်တယ်ဧကရာဇ်အဆင့်သည် မရေမတွက်နိုင်သော သက်ရှိများ၏ တိုးတက်မှုကို ပိတ်ဆို့ထားသည့် အမြင့်ဆုံးအဆင့်ကြီး ဖြစ်လာပေလိမ့်မည်။ ကောင်းကင်ဘုံများ မည်မျှပင် ထပ်မံ လည်ပတ်ကာ ပျက်သုဉ်းပြီး ပြန်လည်မွေးဖွားလာစေကာမူ ဤအချက်မှာ ပြောင်းလဲသွားမည် မဟုတ်ချေ။ ဤသည်မှာ မည်မျှ မျှော်လင့်ချက် ကင်းမဲ့ဖွယ်ကောင်းသော အခြေအနေမျိုး ဖြစ်မည်နည်း။

‎

‎

‎သို့သော် ယခုအခါ ကောင်းကင်ဘုံ၏ အလိုဆန္ဒ ကာကွယ်မှု ရှိနေပြီဖြစ်၏။

‎

‎

‎အနည်းဆုံးတော့ လက်ရှိကပ်စက်ဝန်း ပြင်ပမှ အခြားသော တာအိုအရှင်သခင်များသည် ဤလက်ရှိကပ်စက်ဝန်းထဲသို့ မဆင်မခြင် ဝင်ရောက်လာနိုင်မည်မဟုတ်ရာ သူတို့ ထိန်းချုပ်ထားသော တာအိုနှင့် တူညီသည့် တာအိုကို ရွေးချယ်မိသော အင်မော်တယ်ဧကရာဇ်များကိုလည်း အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ချေ။

‎

‎

‎ဤသည်မှာ နောက်မှ ရောက်လာသူများအနေဖြင့် ကပ်စက်ဝန်းတစ်ခုလုံး နီးပါး အချိန်ရကြောင်းကိုလည်း ဆိုလိုပေ၏။

‎

‎

‎ဤကပ်စက်ဝန်း အချိန်ကာလအတွင်းတွင် သူတို့သည် ကောင်းကင်ဘုံများ၌ အဟန့်အတားမရှိဘဲ ဖွံ့ဖြိုးကြီးထွားနိုင်ကြ၏။ ကောင်းကင်ဘုံပြင်ပမှ တာအိုအရှင်သခင်များအတွက်တော့ သူတို့ သတိထားနေလျှင်ဖြစ်စေ၊ သဘောမတူလျှင်ဖြစ်စေ ပိုကောင်းသော နည်းလမ်းမရှိပုံပင်။

‎

‎

‎ထို့ပြင် ရှူလောင် ယခုလေးတင် ပြောခဲ့သည့်စကားအရ ကောင်းကင်ဘုံများတွင် တာအိုအရှင်သခင်များကို တွေ့ရခဲလှသည်။

‎

‎

‎ဤသည်က ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများအနေဖြင့် လက်ရှိကပ်စက်ဝန်း၏ ကောင်းကင်ဘုံများထဲသို့ ဝင်ရောက်လာရန် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရမည်ဖြစ်ကြောင်းကို ကောင်းစွာ ပြသနေပေသည်။

‎

‎

‎ကောင်းကင်ဘုံများ ပျက်သုဉ်းချိန်သို့ ဝင်ရောက်လာပြီး ကောင်းကင်ဘုံ၏ အလိုဆန္ဒသည် ယခင်ကကဲ့သို့ အစွမ်းမထက်တော့သော အချိန်ရောက်မှသာ အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ ချောင်းမြောင်းနေကြသော ထိုတာအိုအရှင်သခင်များသည် သူတို့၏နည်းလမ်းများကို အသုံးပြုကာ လက်ရှိကပ်စက်ဝန်းထဲသို့ ဝင်ရောက်လာနိုင်မည့် အခွင့်အရေးကို ရရှိကြပေလိမ့်မည်။

‎

‎

‎ကုချန် ယခင်က မြင်တွေ့ခဲ့ရသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်း အချို့သည်လည်း ထိုကဲ့သို့ပင် ဖြစ်နိုင်လေသည်။

‎

‎

‎သူတို့သည် လက်ရှိကပ်စက်ဝန်းတွင် အဟန့်အတားမရှိဘဲ ဖွံ့ဖြိုးကြီးထွားလာခဲ့ကြပြီး အင်မော်တယ်ဧကရာဇ်အဆင့်၏ အလွန်နက်ရှိုင်းသော အဆင့်တစ်ခုအထိ ရောက်ရှိလာကာ တာအိုအရှင်သခင်အဆင့်၏ ထောင့်တစ်နေရာကိုပင် လှမ်းမြင်နိုင်ခဲ့ကြပေမည်။

‎

‎

‎သို့သော် ကောင်းကင်ဘုံများ၏ အလိုဆန္ဒကြောင့် သူတို့ ကျင့်ကြံသော တာအိုကို ထိန်းချုပ်ထားသည့် တာအိုအရှင်သခင်သည် ကောင်းကင်ဘုံများထဲသို့ အချိန်အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်နိုင်ခဲ့မည်မဟုတ်ပေ။ သို့မဟုတ် ဝင်ရောက်လာနိုင်ခဲ့လျှင်ပင် ထိုသူ၏စွမ်းအားမှာ များစွာ အားနည်းနေမည်ဖြစ်ရာ ထိုတာအိုကို နောက်မှ ကျင့်ကြံသူကို မည်သို့မျှ အန္တရာယ်ပြုနိုင်စွမ်း ရှိခဲ့မည် မဟုတ်ပေ။

‎

‎

‎သို့သော် ကောင်းကင်ဘုံများ ပျက်သုဉ်းချိန်သို့ ရောက်ရှိလာပြီး ကောင်းကင်ဘုံ၏ အလိုဆန္ဒ ကျဆင်းလာချိန်၌မူ အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ တာအိုအရှင်သခင်များသည် ထိုကပ်စက်ဝန်း၏ ကောင်းကင်ဘုံများထဲသို့ ဝင်ရောက်ခွင့် ရရှိသွားကြမည် ဖြစ်၏။ ထို့နောက် ကောင်းကင်ဘုံများ မပျက်သုဉ်းမီ အချိန်ကာလအတွင်း၌ တာအိုအရှင်သခင် နေရာကို တက်လှမ်းနိုင်မည့် အလားအလာရှိသော အင်မော်တယ်ဧကရာဇ် အားလုံးကို သတ်ဖြတ်ကာ ခြိမ်းခြောက်နိုင်သည့် ပြောင်းလဲမှုအားလုံးကို သုတ်သင်ရှင်းလင်းပစ်ကြမည် ဖြစ်သည်။

‎

‎

‎" ဒါဆိုရင် ခင်ဗျား အခုချိန်ထိ အသက်ရှင်နေနိုင်တာက... ဘယ်သူမှ မထိန်းချုပ်ရသေးတဲ့ မဟာတာအိုတစ်ခုကို ရွေးချယ်မိခဲ့လို့ ပေါ့... တကယ်ကို ကံကောင်းတာပဲ "

‎

‎

‎ကုချန်သည် ရှူလောင်ကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။

‎

‎

‎ရှူလောင်သည် မည်သို့ပင် စွမ်းဆောင်နိုင်ခဲ့သည်ဖြစ်စေ သူသည် ကောင်းကင်ဘုံများ ပြိုကျပျက်စီးခြင်း၏ စွမ်းအားကို ခုခံနိုင်ခဲ့၍ ယခင်ကပ်စက်ဝန်း၏ ကောင်းကင်ဘုံများ ပျက်သုဉ်းမှုမှ အသက်ရှင်လွတ်မြောက်ကာ ယခုအချိန်အထိ ရှင်သန်နေနိုင်ခဲ့၏။ ဤသည်က သူ၏စွမ်းအားနှင့် ကံတရားမှာ သာမန် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများထက် သေချာပေါက် သာလွန်နေကြောင်း သက်သေပြရန် လုံလောက်နေရာ ထိုသူသည် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများကြားတွင် အကြွင်းမဲ့ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။

‎

‎

‎ထို့အပြင် သူ့ကဲ့သို့ တည်ရှိမှုမျိုးက အခြားကပ်စက်ဝန်းများမှ တာအိုအရှင်သခင်များ၏ အခွင့်ကောင်းယူ သုတ်သင်ရှင်းလင်းခြင်းကို မခံခဲ့ရသည်မှာ ရှူလောင် ကျင့်ကြံခဲ့သော မဟာတာအိုကို မည်သည့် တာအိုအရှင်သခင်ကမျှ နေရာယူထားခြင်း မရှိကြောင်း ပြသနေပေသည်။

‎

‎

‎သို့မဟုတ်ပါက သူ၏စွမ်းအားနှင့် ပါရမီတို့ကြောင့် သူသည် အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ တာအိုအရှင်သခင် တစ်ပါးပါးကို ခြိမ်းခြောက်မှု ခံစားလာရစေမည်ဖြစ်ပြီး ထိုပြောင်းလဲမှုကို ဖယ်ရှားရန်အတွက် ယခင်ကတည်းက တိုက်ခိုက်ခံခဲ့ရလောက်ပေလိမ့်မည်။

‎

‎

‎" မင်းပြောတာ မှန်ပါတယ်... ငါ့ရဲ့ ကံတရားက တကယ်ကို ကောင်းခဲ့တာပါ "

‎

‎

‎ကုချန်၏ ခံစားချက်ပြည့်ဝသော စကားအပေါ် ရှူလောင်မှ မငြင်းဆိုခဲ့ပေ။ အကြောင်းမှာ ကုချန် ပြောသည်မှာ အမှန်တကယ် မှန်ကန်နေသောကြောင့်ပင်။

‎

‎

‎အကယ်၍ တာအိုအရှင်သခင် တစ်ပါးပါး ထိန်းချုပ်မထားသော မဟာတာအိုတစ်ခုကို ရွေးချယ်မိခဲ့ပါက သူသည် အစောကြီးကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။

‎

‎

‎" ဒါဆိုရင် တာအိုအရှင်သခင် ထိန်းချုပ်မထားတဲ့ မဟာတာအိုတစ်ခုကို ရွေးချယ်ဖို့က ကံတရားအပေါ်မှာပဲ မူတည်နေတာလား... မဟာတာအိုတစ်ခုမှာ ပိုင်ရှင်ရှိမရှိ သိနိုင်ပြီး... အဲဒီကနေ အန္တရာယ်ကို ရှောင်လွှဲပြီး တခြားလမ်းကြောင်းတွေကို ရွေးချယ်ဖို့ အာရုံခံနိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား "

‎

‎

‎ကုချန်မှ ထပ်မံ မေးမြန်းလိုက်မိသည်။

‎

‎

‎အကယ်၍ မဟာတာအိုတစ်ခုကို နေရာယူထားခြင်း ရှိမရှိ အာရုံခံနိုင်သည့် နည်းလမ်းမျိုး အမှန်တကယ်သာ ရှိနေပါက အနည်းဆုံးတော့ နောက်ပိုင်းပေါ်လာသည့် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများအနေဖြင့် အန္တရာယ်များစွာကို ရှောင်ရှားနိုင်မည်ဖြစ်ရာ အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ ထိုတာအိုအရှင်သခင်များ၏ ပစ်မှတ်ထားခံရခြင်းမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည် ဖြစ်သည်။

‎

‎

‎" ဒီမတိုင်ခင်က ဒီလောကမှာ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေ ဒီလောက် အများကြီး ရှိနေတယ်ဆိုတာကို မင်း သိခဲ့ဖူးလို့လား "

‎

‎

‎ရှူလောင်မှ ပြန်လည် မေးခွန်းထုတ်လိုက်၏။

‎

‎ကုချန်မှာ စကားစရှာမရ ဖြစ်သွားခဲ့ကာ ဤသည်မှာ အမှန်တကယ်ပင် မှန်ကန်ကြောင်း သိလိုက်ရ၏။

‎

‎

‎ယခင်က ရှာနာနတ်ဆိုးဧကရာဇ်မှ သူ့အား နတ်ဆိုးဧကရာဇ်အဆင့်၏ လျှို့ဝှက်ချက်များကို ပြောပြခဲ့စဉ်က ဤကောင်းကင်ဘုံများ၌ အင်မော်တယ်ဧကရာဇ်အဆင့်အထက်ရှိ တည်ရှိမှုများမှာ တစ်ပါး၊ နှစ်ပါးလောက်ပင် ရှိမည်မဟုတ်ကြောင်း ယုံကြည်မှုရှိရှိ ပြောဆိုခဲ့သည်။

‎

‎

‎ထို့ပြင် ရှာနာနတ်ဆိုးဧကရာဇ်မှ ထိုသို့ကောက်ချက်ချခဲ့ခြင်းကပင် သူ အင်မော်တယ်ဧကရာဇ်အဆင့်၌ သူ၏မဟာတာအိုကို ရွေးချယ်ခဲ့ချိန်တွင် မည်သည့် မဟာတာအိုများကို နေရာယူထားပြီးဖြစ်ကြောင်းကို သူ လုံးဝ အာရုံမခံနိုင်ခဲ့ကြောင်း ပြသနေပေသည်။

‎

‎

‎ထိုသို့မဟုတ်ဘဲ မည်သည့် တာအိုများကို တာအိုအရှင်သခင်များ နေရာယူထားပြီးဖြစ်ကြောင်းကိုသာ သိနိုင်မည်ဆိုပါက ကောင်းကင်ဘုံများရှိ တာအိုအရှင်သခင် တည်ရှိမှု အရေအတွက်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုလည်း သဘာဝကျကျပင် သိရှိနေမည်သာ ဖြစ်ပေသည်။

‎

‎

All Chapters