← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း ၂၃၅: လူငယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဝမ်တန်

ဤသည်မှာ ရိုးရှင်းသော မီးတောက်များ တိုက်ခတ်မိခြင်း မဟုတ်တော့ဘဲ ဥပဒေသအဆင့်ကို ထိတွေ့နေသည့် မီးတောက်မူလအစနှစ်မျိုးကြားရှိ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုပင်။

ရွှေရောင် အစစ်အမှန် နေမင်း မီးတောက်နှင့် ဖရိုဖရဲအသင်္ချေ ပြောင်းလဲခြင်း နတ်ဘုရားမီးတောက်တို့သည် ရူးသွပ်စွာ ယှက်နွယ်ကာ ဝါးမျိုပြီး တစ်ခုနှင့်တစ်ခု ဖျက်ဆီးနေကြသည်။

ကောင်းကင်ယံတစ်ခုလုံးသည် ဆူပွက်နေသော စွမ်းအင်သမုဒ္ဒရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်သည် ကျိုးပဲ့လွယ်သော ဖန်ခွက်အလား ပြိုကျအက်ကွဲသွားသည်။ ထိုအက်ကွဲကြောင်းများ၏နောက်တွင် နက်ရှိုင်းသော ဟင်းလင်းပြင် လှိုင်းဂယက်၏ မည်းနက်သော လေဟာနယ်ကို လှစ်ဟပြနေခဲ့ပေ၏။

ပြင်းထန်သော နောက်ဆက်တွဲ သက်ရောက်မှုများက စက်ဝိုင်းပုံစံလှိုင်းဂယက်ဖြင့် ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။ ထိုအရာများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် အောက်ဘက်ရှိ ကောင်းကင်တက်လှမ်းခြင်းလှေကား၏ မဖျက်ဆီးနိုင်သော ရှေးဟောင်း မျက်နှာပြင်ပင်လျှင် အလွှာထူကြီးတစ်ခု ကွာကျသွားပြီး လောင်ကျွမ်းထားသော အစွန်းအထင်းများကို ချန်ထားခဲ့သည်။

ဝုန်း...

ကျန်းချီလီ၏ ပေတစ်ရာမြင့်မားသော နေမင်း အစစ်အမှန် ရုပ်ခန္ဓာကိုယ်သည် တန်ချိန်တစ်သောင်းလေးလံသော တူဖြင့် ထုနှက်ခံရသော သတ္တုရုပ်ထုတစ်ခုအလား တိုက်ခတ်မိခြင်း၏ အလယ်ဗဟိုမှ နောက်သို့လွင့်စင်သွားသည်။

မရေမတွက်နိုင်သော အက်ကွဲကြောင်းများက အစစ်အမှန် ရုပ်ခန္ဓာကိုယ်ကို ဖြတ်သန်း၍ ရူးသွပ်စွာ ပျံ့နှံ့သွားပြီး ဖျော့တော့သော ရွှေရောင်နေမင်း နတ်ဘုရားသွေးများက အက်ကွဲကြောင်းများမှ ရေပန်းများအလား ပန်းထွက်လာသည်။ ထိုအရာများသည် ဟင်းလင်းပြင်တွင် ရွှေရောင်မီးတောက် အစုအဝေး များကို လောင်ကျွမ်းသွားစေပြီးနောက် နောက်မှလိုက်ပါလာသော ဖရိုဖရဲ မီးတောက်စွမ်းအားကြောင့် လျင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရသည်။

သူ၏ လက်ခြောက်ဖက်အနက် သုံးဖက်သည် သူတို့၏ လက်ဝါးများတွင် ကိုင်ဆောင်ထားသော ပုံရိပ်ယောင် နေမင်းများနှင့်အတူ လုံးလုံးလျားလျား အက်ကွဲသွားတော့သည်။

ကျန်ရှိနေသော လက်သုံးဖက်တွင်လည်း အက်ကွဲကြောင်းများ ဖုံးလွှမ်းနေပြီး ထိုအရာများ၏ အလင်းရောင်များ မှေးမှိန်သွားပေ၏။

သူ၏ခေါင်းသုံးလုံးမှ ခန္ဓာကိုယ်တွင်းကလီစာ အပိုင်းအစများ ရောနှောနေသော ရွှေရောင်သွေး များကို တပြိုင်နက်တည်း အန်ချလိုက်ပြီး သူ၏ အရှိန်အဝါမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ကျဆင်းသွားတော့သည်။

ဤမြင်ကွင်းက လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို အံ့အားသင့်သွားစေသည်။ ဤသည်မှာ ပါရမီရှင်များ၏ ရိုးရှင်းသော တိုက်ခိုက်ခြင်း မဟုတ်ဘဲ နတ်ဘုရားများကြားရှိ လွှမ်းမိုးချုပ်ကိုင်မှုအတွက် ရုန်းကန်မှုတစ်ခုဖြစ်ကြောင်း သိသာထင်ရှားနေသည်။

"ဘုန်း... "

ကျန်းချီလီသည် အောက်ရှိ လှေကားထစ်ဆယ်ပေါင်းများစွာအကွာမှ အတော်လေး ပြန့်ပြူးသော ရှေးဟောင်းကျောက်တုံးစင်မြင့် တစ်ခုပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ထိုစင်မြင့်ပေါ်၌ နက်ရှိုင်းသော ဧရာမတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ရွှေရောင်သွေးမြူခိုးများနှင့် ရောနှောနေသော ဖုန်မှုန့်များက မိုးကောင်းကင်ယံသို့ မြင့်တက်သွားတော့သည်။

သူသည် နေမင်းအစစ်အမှန် ရုပ်ခန္ဓာကိုယ်ကို ဆက်လက်၍ ထိန်းသိမ်းမထားနိုင်တော့ဘဲ လျှင်မြန်စွာ ကျုံ့ဝင်သွားကာ သူ၏မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။

သူသည် တွင်းနက်ကြီး၏အောက်ခြေတွင် ပက်လက်လှန်၍ လဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်။

သူ၏ ရွှေရောင်ရင့်ရင့် တိုက်ပွဲဝင်ဝတ်ရုံသည် အချိန်ကြာမြင့်စွာကတည်းက ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ပေါ်လွင်နေသော ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ကျွမ်းထားသော အမာရွတ်များ၊ အက်ကွဲကြောင်းများနှင့် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာများက နေရာတိုင်းတွင် ရှိနေသော်လည်း ကျန်းချီလီ၏ ရွှေရောင်မျက်လုံးများက ကောင်းကင်ယံကို စူးစိုက်၍ ကြည့်နေဆဲပင်။

ထိုနေရာတွင် ဟွမ်ကျင်း၏ပုံရိပ်က ပြင်းထန်သော စွမ်းအင်လှိုင်းဂယက်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သူသည်လည်း တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရလေ၏။

သူ့ကို ဝန်းရံထားသော ဖရိုဖရဲ နတ်ဘုရား မီးတောက်သည် အနည်းမှေးမှိန်သွားပြီး ကွဲအက်ပြီးနောက် ပြန်လည်စုစည်းလာသော သူ၏နဖူးပေါ်ရှိ မီးတောက်နတ်ဘုရား မှော်စာလုံး၏အရောင်သည်လည်း များစွာဖျော့တော့သွားသည်။ သူ၏မျက်နှာ အနည်းငယ် ဖြူရော်နေပြီး သူ၏အရှိန်အဝါသည် အစွမ်းထက်နေဆဲ ဖြစ်သော်လည်း သူသည် စွမ်းအားများကို အလွန်အကျွံ့အသုံးပြုထားကြောင်း ပြသသည့်အနေဖြင့် သူ၏အသက်ရှူသံက အနည်းငယ် မြန်ဆန်နေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် နတ်ဘုရား သံချပ်ကာတွင် သိသာထင်ရှားသော ပျက်စီးမှုများနှင့် မီးလောင်ကျွမ်းထားသော နေရာတချို့ ရှိနေလေ၏။ သူ၏ဘယ်ဘက် လက်ဖျံတွင် အရိုးထိအောင် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ရှိနေကာ ထိုနေရာမှ စီးထွက်လာသော သွေးများသည် အနီရောင် မဟုတ်ဘဲ လောင်ကျွမ်းနေသော ရွှေရောင်ရင့်ရင့်အရည်များ ဖြစ်နေသည်။

"နေမင်း နတ်ဘုရား ရုပ်ခန္ဓာကိုယ်..."

ဟွမ်ကျင်းက ခေါင်းငုံ့ပြီး သူ၏လက်ရှိ ဒဏ်ရာကို ကြည့်လိုက်ရာ ကြွင်းကျန်နေသော အစစ်အမှန် နေမင်းမီးတောက်များက ဒဏ်ရာ၏အစွန်းများတွင် ခေါင်းမာစွာ လောင်ကျွမ်းနေဆဲပင်။

ထို့နောက် သူ၏အကြည့်သည် အောက်ဘက်ရှိ တွင်း နက်ကြီးထဲတွင် သေလုမြောပါး ဖြစ်နေသော ကျန်းချီလီအပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများတွင် အသိအမှတ်ပြုမှု အပါအဝင် ရှုပ်ထွေးသော စိတ်ခံစားမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။

"နှမြောစရာပဲ...မင်းက နောက်ဆုံးတော့ သေမျိုး ခန္ဓာကိုယ်တစ်ခု သက်သက်ပဲ.... စစ်မှန်တဲ့ နတ်ဘုရား ဥပဒေသရဲ့ ရှေ့မှာ သေမျိုးခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်က မင်းရဲ့ အဆုံးသတ်ပဲ "

သူက ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ကျန်းချီလီ လဲကျနေသော တွင်းနက်ကြီး၏နံဘေးသို့ ကျရောက်သွားသည်။

သူ၏လက်ဝါးထဲတွင် ဖရိုဖရဲ နတ်ဘုရား မီးတောက် က နောက်တစ်ကြိမ် လှည့်ပတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းတွင်းနက်ကို တဖန်ပြန်၍ ဖွဲ့စည်းလိုက်၏။

"မင်းရဲ့ နေမင်း မူလအစကို ငါ ယူမယ်.ငါ့ရဲ့ မီးတောက် နတ်ဘုရား သွေးမျိုးဆက်ကို ခြေတစ်လှမ်း ရှေ့ဆက်ဖို့ ကူညီပေးနိုင်တာကလည်း မင်းရဲ့ ဂုဏ်ကျက်သရေပဲ "

ထိုအချိန်မှာပင်...

ကျန်းချီလီက ရုတ်တရက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး မိုးကောင်းကင်ယံသို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဝမ်အိုကြီး...ငါ မလုပ်နိုင်တော့ဘူး...မင်း ဆက်လုပ်တော့ "

ဤစကားများကို ကြားချိန်၌ ဟွမ်ကျင်းသည် အချိန်တခဏကြာမျှ ကြက်သေသေသွားတော့သည်။

နောက်တစ်စက္ကန့်တွင်....

"ဝေါင်း...."

လောကကြီးကို တုန်ခါစေသော ကျားဟိန်းသံတစ်သံက မည်သည့်သတိပေးချက်မျှ မရှိဘဲ ပေါက်ကွဲထွက်လာသည်။

ဤသည်မှာ အစစ်အမှန် အသံလှိုင်းတစ်ခု မဟုတ်ဘဲ စိတ်ဝိညာဉ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိသော လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ကင်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၏ တုန်ခါမှုတစ်ခုပင်။

ထို့နောက် ကောင်းကင်ကို ဆုတ်ဖြဲနိုင်သော နတ်ဘုရား ဓားတစ်လက်အလား အဆုံးစွန်အထိ တောက်ပနေသော ရွှေဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်တက်လှမ်းခြင်းလှေကား၏ တခြား တစ်ဖက်ရှိ မြူခိုးများထဲမှ ဆုတ်ဖြဲထွက်လာပြီး အတွေးထက် ကျော်လွန်သော အရှိန်ဖြင့် ဟွမ်ကျင်း ဆီသို့ တိုက်ရိုက်တိုးဝင်သွားတော့သည်။

ထိုအလင်းတန်းအတွင်းတွင် ကောင်းကင်သို့ဦးတည်၍ ဟိန်းဟောက်နေသော ရှေးဟောင်းကျားဖြူ ၏ပုံရိပ်ယောင်ကို ဝေဝါးစွာ မြင်တွေ့နိုင်ပြီး မကောင်းဆိုးဝါးချီများက မိုးကောင်းကင်ယံသို့ မြင့်တက်နေသည်။

ကျားလက်သည်းများကို ဝှေ့ယမ်းလိုက်သည်နှင့် ဥပဒေသများ ဆုတ်ဖြဲသွားပြီး ကန်းကျင်းသတ်ဖြတ်ခြင်း ချီများက အရာအားလုံးကို တိုက်ခတ်သွားပေ၏။

ကျားဖြူသည် သတ်ဖြတ်ခြင်းကို အုပ်စိုးပြီး သင်္ကေတလေးပါး မြင့်မြတ်သားရဲများအနက်မှ တစ်ကောင်ပင်။

ဟွမ်ကျင်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကျန်းချီလီ၏ နေမင်းမူလအစအား ထုတ်ယူနေခြင်းကို ယာယီ ရပ်တန့်လိုက်ရသည်။ ထို့နောက် ဖရိုဖရဲ နတ်ဘုရား မီးတောက်က သူ၏ရှေ့တွင် ဧရာမ မီးတောက် အကာအကွယ်တစ်ခုအဖြစ် စုစည်းသွားပြီး သူက လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။

"ချလွင်...."

ကျယ်လောင်သော သတ္တုအချင်းချင်းထိခတ်သံတစ်သံ ပေါက်ကွဲထွက်လာသည်။ ကျားဖြူပုံရိပ်ယောင်သည် မီးတောက်အကာအကွယ်ကို ပြင်းထန်စွာ ဝင်တိုက်မိပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများနှင့် ပြင်းထန်သော စွမ်းအားလှိုင်းဂယက်ကို ပေါက်ကွဲထွက်လာစေသည်။

မီးတောက်အကာအကွယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ ဟွမ်ကျင်း၏ပုံရိပ်မှာ ခြေလှမ်းတော်တော်များများ နောက်ဆုတ်သွားသည်။

"ဘယ်သူလဲ "

ဟွမ်ကျင်းက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများတွင် ဒေါသများ မြင့်တက်လာသည်။ သူ အောင်မြင်တော့မည့် အချိန်မှာပင် တစ်စုံတစ်ယောက်က အမှန်တကယ်ကို အတင့်ရဲစွာ ဝင်ရောက်စွက်ဖက်ခဲ့သလော။

သူ ပြန်ရလိုက်သော တုံ့ပြန်မှုမှာ အဆုံးမရှိသော ဧကရာဇ် နဂါးချီများဖြင့် ဖုံးလွှမ်းထားသည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော ပြိုင်ဘက်ကင်း ပုံရိပ်တစ်ခုပင်။

"မင်းလို ကောင်တွေက ငါ့ရဲ့နာမည်ကို သိဖို့ အရည်အချင်း မပြည့်မီဘူး "

ထိုအသံမှာ ကောင်းကင်ကိုးထပ်မှ ဆင်းသက်လာသော မိုးကြိုးအလား ဖြစ်နေပြီး တစ်ဦးတည်းသော အချုပ်အခြာအာဏာပိုင် ဖြစ်ခြင်း၏ ပြိုင်ဘက်ကင်း အရှိန်အဝါကို သယ်ဆောင်ထားလေ၏။

ဝမ်တန်က ဟင်းလင်းပြင်ပေါ်တွင် ခြေချလိုက်ရာ သူ၏ခြေလှမ်းတိုင်းက ပုံရိပ်ယောင်များကဲ့သို့ ဝေဝါးနေပြီး တိုက်ပွဲမြေပြင်၏အလယ်ဗဟိုသို့ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ရောက်ရှိသွားသည်။

သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ကိုယ်ဟန်အနေအထားက ကောင်းကင်ယံကို ထောက်မထားသော နတ်ဘုရားတောင်ကြီးတစ်လုံးအလား မတ်မတ်ဖြစ်နေသည်။ သူ၏မျက်နှာအမူအရာသည် အေးစက်ပြီး အထင်အမြင်သေးသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဖျော့တော့သော ဖရိုဖရဲချီ နှင့် ကောင်းကင်အောက်တွင် တစ်ဦးတည်းသော အချုပ်အခြာအာဏာပိုင် ဖြစ်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဆန္ဒတစ်ရပ်ဖြင့် ဝန်းရံထားသည်။

အစောပိုင်းက ကျားဖြူသတ်ဖြတ်ခြင်း အလင်းတန်း မှာ သူ၏လက်ချက်ပင်။

"ဝမ်တန်... "

ယခုရောက်ရှိလာသူကို မြင်တွေ့ချိန်တွင် ဟွမ်ကျင်း၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

လူငယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဝမ်တန်...

ဤမျိုးဆက်တွင် လူသားမျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်များအနက်မှ တစ်ဦးဖြစ်ကာ ကြီးမားသော ကံတရားကို ပိုင်ဆိုင်ထားပြီး တစ်ချိန်က မဟာ ဧကရာဇ် လွမ်ကူ၏ အမွေအနှစ်ကို ရရှိခဲ့ဖူးလေ၏။ သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ ကျန်းချီလီထက် ပို၍မြင့်မားသည်။

"ဟမ့်....ဝမ်တန်က အမြဲတမ်း မာနကြီးတယ်လို့ ပြောကြတာ မဟုတ်လား...ဘာလို့ မင်းတို့က အတူပူးပေါင်းပြီး ငါ့ကို တိုက်ခိုက်ချင်ရတာလဲ..."

ဟွမ်ကျင်းက တိုးညှင်းသော လေသံဖြင့် ပြောဆိုကာ သူ၏အရှိန်အဝါက ဝမ်တန်ကို ချိတ်ပိတ်လိုက်ပြီး ဖရိုဖရဲ နတ်ဘုရား မီးတောက်များက သူ့ကို ဝန်းရံ၍ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

အကယ်၍ သူသာ သူ၏အထွတ်အထိပ်တွင် ရှိနေပါက ဤကဲ့သို့ စကားမျိုးကို ဘယ်တော့မှ ပြောမည် မဟုတ်ပေ။

သို့သော် ကျန်းချီလီသည် ဤမျှထိ အလွန်ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ကျန်းချီလီသည် သူ့ကို ဒဏ်ရာရသည်အထိ အမှန်တကယ်ကို တိုက်ခိုက်နိုင်ခဲ့သည်။

ထို့ပြင် သူ့ရှေ့တွင်ရှိနေသော ဝမ်တန်သည် ကျန်းချီလီ ထက် တိုက်ပွဲဝင်စွမ်းအား ပို၍သာလွန်သည်ဟု ကောလဟာလများ ရှိနေပေ၏။

"ဟုတ်တော့ရော ဘာဖြစ်လဲ"

ဝမ်တန်က သူ၏လက်များကို နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး သူ၏ အေးစက်သော အကြည့်က အောက်ဘက်ရှိ တွင်းနက်ကြီးထဲမှ သနားစရာကောင်းသော ကျန်းချီလီကို မကြည့်မီ ဟွမ်ကျင်း အပေါ် ကျရောက်သွားသည်။ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်နှင့်အမျှ သူ၏ မျက်ခုံးများ မသိမသာ တွန့်ကွေးသွားသည်။

သူသည် ကျန်းချီလီနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိပြီး တစ်ဖက်လူ ဒဏ်ရာရသည်ကို မည်သို့မျှ မကြည့်ရက်နိုင်ပေ။

"ဟန်ရေးပြဖို့ ကြိုးစားနေတဲ့ မင်းရဲ့ ပုံစံကို ကြည့်အုံး"

ဝမ်တန်၏အသံမှာ တည်ငြိမ်နေသော်လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားလေ၏။

ကျန်းချီလီက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောဆိုသည်။

"အဲ့ဒီလို လုံးဝ မဟုတ်ဘူး...သူက ငါ့အတွက် သီးသန့် လာခဲ့တာ မင်း မတွေ့ဘူးလား..."

"ဝမ်တန်... မင်းတို့က ဒီအရှင်ကို အနိုင်ယူပြီးပြီလို့ ထင်နေတာလား "

သူတို့သည် မိတ်ဆွေဟောင်းများ စကားစမြည် ပြောဆိုနေသည့်အလား ပြုမူနေသည်ကို မြင်တွေ့ချိန်၌ ဟွမ်ကျင်းက အလွန်အမင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။

"မင်းက အစွမ်းထက်ပေမဲ့ ငါ့လက်ထဲကနေ တစ်ယောက်ယောက်ကို ကယ်တင်နိုင်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ် "

"ဒါဆို စမ်းကြည့်ကြတာပေါ့ "

ဝမ်တန်က စကားများများ မပြောတော့ဘဲ တိုက်ရိုက် လှုပ်ရှားလိုက်၏။

သူသည် လက်စည်းသင်္ကေတများကို ဖွဲ့စည်းလိုက်ရာ သူ့ကို ဝန်းရံထားသော ဖရိုဖရဲချီများ တလိမ့်လိမ့်ထလာသည်။

"သင်္ကေတလေးပါး နတ်ဘုရားပုံစံတွေ... ငါ့ရဲ့အမိန့်ကို နာခံစမ်း "

"မိုးပြာနဂါး ကျားဖြူ ဗာမီလီယန်ငှက် လိပ်နက်... "

"ထွက်ပေါ်လာစမ်း "

"ဂါး..."

"ဝေါင်း..."

"ကျီ..."

"ဝူ... "

ထူးခြားကွဲပြားသော်လည်း လောကကြီးကို ထပ်တူထပ်မျှ တုန်ခါစေသော ဟိန်းဟောက်သံနှင့် မြည်တမ်းသံလေးသံက ဝမ်တန်၏နောက်ရှိ ဟင်းလင်းပြင်မှ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

အရှေ့ဘက်တွင် မိုးပြာရောင် အလင်းရောင်များ တောက်ပလာပေ၏။

ထို့နောက် အေးစက်သော အကြေးခွံများနှင့် ကြီးမားကျယ်ပြန့်သော နဂါးအရှိန်အဝါတို့ ပါရှိသည့် ပေတစ်ထောင် ရှည်လျားသော ရှေးဟောင်းနဂါးပြာပုံရိပ်ယောင်တစ်ခုက တွန့်လိမ်ကွေ့ကောက်၍ ထွက်ပေါ်လာခဲ့လေသည်။ နဂါး၏ခန္ဓာကိုယ် ယိမ်းနွဲ့သွားသည်နှင့်အမျှ ယီမုသက်စောင့်စွမ်းအားနှင့် ဧကရာဇ် နဂါးချီတို့က လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။

အနောက်ဘက်တွင် ရွှေဖြူရောင် မကောင်းဆိုးဝါးချီ များက မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

ရုပ်ဝတ္ထုအလား ခိုင်မာသော မကောင်းဆိုးဝါးချီများ ကြက်သွေးရောင် ကျားမျက်လုံးများနှင့် ကောင်းကင်ကို ဆုတ်ဖြဲနိုင်သော လက်သည်းများ ပါရှိသည့် သတ်ဖြတ်ခြင်း ကျားဖြူတစ်ကောင်က မောက်မာစွာ မတ်တတ်ရပ်နေပြီး ထိုကျား၏ကန်းကျင်းချီကဟင်းလင်းပြင်ကို ဖြတ်တောက်သွားလေ၏။

တောင်ဘက်တွင် ကြက်သွေးရောင် မီးတောက်များက ကောင်းကင်ကို လောင်ကျွမ်းသွားစေခဲ့သည်။ လူးလွန့်သော အမြှီးမွေးများရှိပြီး နန်မင်လီမီးတောက်များဖြင့် ဝန်းရံထားသည့် ထူးခြားသော ဗာမီလီယန် နတ်ဘုရား ငှက်တစ်ကောင်က တောင်ပံများကိုဖြန့်ကာ မြည်တမ်းလိုက်ရာ လောင်ကျွမ်းနေသော အပူချိန်မြင့်မားမှုက ဟင်းလင်းပြင်ကို ပုံပျက်သွားစေသည်။

မြောက်ဘက်တွင် အနက်ရောင်ရေများ လှိုင်းထလာခဲ့သည်။ လိပ်နှင့် မြွေခန္ဓာကိုယ် ပေါင်းစပ်ထားပြီး ကျောပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုပုံစံများကို သယ်ဆောင်ကာ လေးလံပြီး အဆုံးမရှိသော ကာကွယ်ရေးစွမ်းအားများ ဖြာထွက်နေသည့် လိပ်နက် မြင့်မြတ်သားရဲ ပုံရိပ်ယောင်တစ်ခုက အရပ်မျက်နှာတစ်ခုကို စောင့်ရှောက်နေပြီး ထိုလိပ်၏ရေမည်းချီက အရာအားလုံးကို အေးခဲတောင့်တင်းသွားစေသည်။

အခန်း ၂၃၆: ငါနဲ့ သေရေးရှင်ရေး တိုက်ပွဲဝင်ဖို့ မင်းက ထိုက်တန်တယ်လို့ ထင်နေတာလား

သင်္ကေတလေးပါး နတ်ဘုရားပုံစံများ၏ ပုံရိပ်ယောင်များက ဝမ်တန်၏နောက်တွင် စုစည်းလာကြသည်။

ဤအရာများသည် စစ်မှန်သော နတ်ဘုရား သားရဲများ မဟုတ်ဘဲ သူ မွေးရာပါ ပိုင်ဆိုင်ထားသည့် သဘာဝလွန်ဖြစ်စဉ်တစ်ခုဖြစ်ကာ သင်္ကေတလေးပါး မဟာတာအိုမှ ဆင့်ကဲပြောင်းလဲလာသော မူလအစ နတ်ဘုရားပုံစံများပင်။

နတ်ဘုရားပုံစံတစ်ခုစီတိုင်းသည် သက်ဆိုင်ရာ နတ်ဘုရားသားရဲ၏ မူလအစ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားပြီး ထိုပုံစံများ အတူတကွ ရှိနေချိန်၌ သူတို့၏စွမ်းအားများက လောကကြီးကို တုန်လှုပ်စေနိုင်သည်။

"သင်္ကေတလေးပါး ကောင်းကင်ဖိနှိပ်ခြင်း မြေပုံ... သွားစမ်း"

ဝမ်တန်၏နောက်ရှိ လောကကြီးကို ဖိနှိပ်ထားပြီး ရှေးဟောင်းမူလဘူတ အရှိန်အဝါ ဖြာထွက်နေသည့် နတ်ဘုရားပုံစံလေးခုကို ရင်ဆိုင်ရချိန်၌ ဟွမ်ကျင်း၏ မျက်လုံးများထဲရှိ မီးတောက်များက ပြင်းထန်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။

ကျန်းချီလီထက် သာလွန်သော တိုက်ပွဲဝင်စွမ်းအားရှိသည့် လူငယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ် ချီးကျူးခံရသော ဝမ်တန်သည် အစွမ်းထက်ကြောင်း သူ သိထားလေ၏။

သို့သော် သင်္ကေတလေးပါး နတ်ဘုရားပုံစံများ အတူတကွ ထင်ဟပ်လာသည်ကို မြင်တွေ့ပြီးနောက် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားကာ ဝင်ရိုးစွန်း လေးခုနှင့် အရပ်ရှစ်မျက်နှာကို ဖိနှိပ်ထားသည့် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ့ကို မျက်မှောင်ကြုတ်သွားစေဆဲပင်။

အထူးသဖြင့် သူသည် သူ၏အထွတ်အထိပ် အခြေအနေတွင် ရှိမနေပေ။ ကျန်းချီလီနှင့် ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူ၏ မီးတောက်နတ်ဘုရား သွေးမျိုးဆက်မှ စွမ်းအားများ အကြီးအကျယ် ကုန်ခမ်းသွားသည်။ ထို့ပြင် နတ်ဘုရားဥပဒေသများကို အသုံးပြုခြင်းက သူ၏နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကိုလည်း ကုန်ခမ်းသွားစေခဲ့ပေ၏။

ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေသည့် ဝမ်တန် ကို ရင်ဆိုင်ရချိန်၌ သူ အနိုင်ယူနိုင်ရန် သေချာမှု မရှိတော့ပေ။

"ဝမ်တန် သေလုမြောပါး ဖြစ်နေတဲ့ လူတစ်ယောက်အတွက် ဒီအရှင်နဲ့ သေရေးရှင်ရေး တိုက်ပွဲဝင်ဖို့ မင်းက တကယ်ကြီး ရည်ရွယ်ထားတာလား"

ဟွမ်ကျင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဝမ်တန်၏ဆုံးဖြတ်ချက်ကို စကားလုံးများဖြင့် လှုပ်ခတ်ရန် ကြိုးစားလိုက်သည်။ ကမ္ဘာအသင်္ချေ အထူးသဖြင့် လူငယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်များကြားတွင် တစ်စိတ်တစ်ဝမ်းတည်း ရှိမနေကြောင်း သူ သိထားသည်။

"မင်း ငါ့ကို အနိုင်ယူနိုင်ရင်တောင်မှ မင်းက ကြီးမားတဲ့ တန်ကြေးကို ပေးဆပ်ရမယ်ဆိုတာ မင်း သိသင့်တယ်...မင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရင် ဒီ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေထဲမှာ မင်း ဘယ်လောက်ဝေးဝေးထိ သွားနိုင်မှာလဲ..."

ဤစကားကို ကြားသောအခါ ဝမ်တန် ၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ လူငယ်အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး၏ အကြွင်းမဲ့ယုံကြည်မှုနှင့် တခြားလူများအပေါ် အထင်သေးမှုပင်။

"ပေးဆပ်မှု ဟုတ်လား..."

သူ၏အသံမှာ တည်ငြိမ်နေပြီးပြတ်သားသော စိတ်ပိုင်းဖြတ်မှုတစ်ခုကို သယ်ဆောင်ထားသည်။

"မင်းတို့လို အသုံးမကျတဲ့ နတ်ဘုရားသားတော်တွေကပဲ ဒီလောက် ရယ်စရာကောင်းတဲ့ ရန်စမှုမျိုးကို တွေးနိုင်မှာပေါ့..."

"မင်းတို့ နတ်ဘုရား မျိုးနွယ်စုဝင်တွေနဲ့တွေ့ရင် ငါက သတ်ဖြတ်မယ်"

"သေရေးရှင်ရေး အတွက်တော့..."

ဝမ်တန်၏အကြည့်က လျှပ်စီးအလား စူးရှနေပြီး ဟွမ်ကျင်းကို တိုက်ရိုက် ကြည့်ကာ ပြောလိုက်သည်။

"ငါနဲ့သေရေးရှင်ရေး တိုက်ပွဲဝင်ဖို့ မင်းက ထိုက်တန်တယ်လို့ ထင်နေတာလား "

သူ၏စကားသံ မဆုံးမီမှာပင် ဝမ်တန်က လှုပ်ရှားလိုက်သည်။

သူသည် ဟွမ်ကျင်းကို နောက်ထပ် အဓိပ္ပာယ်မဲ့သောစကားများ ပြောဆိုရန် အခွင့်အရေး မပေးတော့ပေ။ သူ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင် သူ၏ ခြေထောက်အောက်ရှိ ဟင်းလင်းပြင်တွင် ရွှေကြာပန်း ပုံရိပ်ယောင်များ ပွင့်လန်းလာသည်။ ဤသည်မှာ ဧကရာဇ် ကျမ်းစာတစ်ခုဖြစ်သော ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်နည်းစနစ်မှ ဆင့်ကဲပြောင်းလဲလာသော သဘာဝလွန်ဖြစ်စဉ်တစ်ခုဖြစ်သည့် ခြေလှမ်းတိုင်းတွင် ကြာပန်းတစ်ပွင့် ခြေလှမ်းတိုင်းတွင် အသက်နှင့် သေခြင်းတရားပင်။

"သင်္ကေတလေးပါး ကောင်းကင်ဖိနှိပ်ခြင်းမြေပုံ...ဖိနှိပ်စမ်း "

ဝမ်တန်က သူ၏လက်ချောင်းများကို ဓားတစ်လက်အလား ပူးဆုပ်ကာ ဟွမ်ကျင်းဆီသို့ ဦးတည်၍ အဝေးမှ ညွှန်ပြလိုက်သည်။

သူ၏နောက်ရှိ သင်္ကေတလေးပါး နတ်ဘုရားသားရဲများကလည်း တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။

မိုးပြာနဂါးက အမြှီးကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော မိုးပြာရောင် ကောင်းကင်မြစ် တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ဟွမ်ကျင်းဆီသို့ တိုးဝင်သွားစဥ်တွင် အဆုံးမရှိသော သစ်သား ဒြပ်စင် သက်စောင့်စွမ်းအားနှင့် ဧကရာဇ် နဂါးချီတို့ကို သယ်ဆောင်သွားသည်။

ထိုမြစ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်၌ နွယ်ပင်များ ပေါက်ရောက်လာပြီး အရာအားလုံးက ပြန်လည်အသက်ဝင်လာသည်။ သို့ရာတွင် ထိုမြစ်သည် သက်ရှိများအားလုံးကို သတ်ဖြတ်ရန် ကြိုးစားနေသည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုကိုလည်း ဖုံးကွယ်ထားလေ၏။

ကျားဖြူက ရှေ့သို့ခုန်အုပ်လိုက်ရာ ရွှေဖြူရောင် မကောင်းဆိုးဝါးချီများက ကောင်းကင်ကို ဆုတ်ဖြဲနိုင်သော ရုပ်ဝတ္ထုအလား ခိုင်မာသည့် ကျားလက်သည်းများအဖြစ် စုစည်းသွားသည်။ သတ္တုဒြပ်စင် သတ်ဖြတ်ခြင်းချီများက ကန့်လန့်ဖြတ်လူးလွန့်နေပြီး ဟွမ်ကျင်း၏ ဆုတ်ခွာလမ်းကြောင်းများအားလုံးကို ပိတ်ဆို့ဟန့်တားထားသည်။

ကျားလက်သည်းများ မရောက်မီမှာပင် အရိုးထိအောင် အေးစက်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက ဟွမ်ကျင်း၏အရေပြားကို နာကျင်စေပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို စူးရှသွားစေသည်။

ဗာမီလီယန်ငှက်က အသံရှည်ကြီးဖြင့် အော်မြည်လိုက်ပြီး တောင်ပံများကို ခတ်လိုက်ရာ ကောင်းကင်ကို ဖုံးလွှမ်းသွားသော နန်မင်လီမီးတောက် မိုးတစ်ခုကို ရွာသွန်းစေသည်။

ဤနန်မင်လီမီးတောက်သည် သာမန်မီးတောက်တစ်ခု မဟုတ်ပေ။ ထိုမီးတောက်က မကောင်းဆိုးဝါးများကို အထူးဖိနှိပ်နိုင်ပြီး အရာအားလုံးကို သန့်စင်ပေးကာ နတ်ဘုရား မျိုးနွယ်စု၏ နတ်ဘုရားသွေးကြောများအပေါ် သဘာဝအလျောက် ဖိနှိပ်မှုတစ်ခုကိုပင် ပိုင်ဆိုင်ထားသည်။

လိပ်နက်က ပင်လယ်ကို ဖိနှိပ်ထားပြီး လေးလံသော ရေမည်းချီ များက လေထုထဲတွင် ပျံ့နှံ့သွားကာ အချိန်နှင့်ဟင်းလင်းပြင်ကို အေးခဲတောင့်တင်းစေပြီး အရာအားလုံးကို နှေးကွေးသွားစေသည်။

ဤရေမည်းအအေးဒဏ်၏ လွှမ်းမိုးမှု အောက်တွင် ဟွမ်ကျင်းကို ဝန်းရံထားသော ဖရိုဖရဲ နတ်ဘုရား မီးတောက်က အမှန်တကယ်ကို ရပ်တန့်သွားပြီး လည်ပတ်မှု နှေးကွေးသွားမည့် လက္ခဏာများ ပြသနေပေ၏။

သင်္ကေတလေးပါး၏ ပေါင်းစပ်ထားသော စွမ်းအားသည် ရိုးရှင်းသော စွမ်းအားပူးပေါင်းမှုတစ်ခု မဟုတ်ဘဲ ပြီးပြည့်စုံပြီး အဆက်မပြတ် လည်ပတ်နေသော ဖိနှိပ်ခြင်းနယ်ပယ်တစ်ခုအား ဖွဲ့စည်းခြင်းပင်။

နဂါးပြာက အသက်စွမ်းအားကို အုပ်စိုးပြီး ကျားဖြူ က သတ်ဖြတ်ခြင်းကို အုပ်စိုးသည်။ ဗာမီလီယန်ငှက် က လောင်ကျွမ်းခြင်းကို အုပ်စိုးပြီး လိပ်နက်က ဖိနှိပ်ခြင်းကို အုပ်စိုးလေ၏။

အသက်စွမ်းအား၊ သတ်ဖြတ်ခြင်း၊ လောင်ကျွမ်းခြင်း နှင့် ဖိနှိပ်ခြင်း သင်္ကေတလေးပါးက လည်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီးကို ပိတ်ဆို့ထားသည်။

ဟွမ်ကျင်း၏မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။

ဝမ်တန်၏ ပထမဆုံး လှုပ်ရှားမှုက ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း တိုက်ခိုက်မှု ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ဤသင်္ကေတလေးပါး ကောင်းကင်ဖိနှိပ်ခြင်း မြေပုံ၏ စွမ်းအားက သူ၏ခန့်မှန်းချက်များထက် များစွာပို၍ ကျော်လွန်နေသည်။

"မီးတောက် နတ်ဘုရား အစစ်အမှန် ရုပ်ခန္ဓာကိုယ်... ကောင်းကင်ကို လောင်ကျွမ်းစေသော မီးတောက်အသင်္ချေ "

ဟွမ်ကျင်းသည် ပေါ့ဆမှု အနည်းငယ်မျှပင် မပြသရဲချေ။ စူးရှသော ဟိန်းဟောက်သံနှင့်အတူ သူသည် သူ၏ မီးတောက် နတ်ဘုရား သွေးမျိုးဆက်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်၏။

သူ၏ခန္ဓာကိုယ် ကြီးမားကျယ်ပြန့်လာပြီး ပေတစ်ရာ မြင့်မားသော မီးတောက် နတ်ဘုရား အစစ်အမှန် ရုပ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ သူ၏လက်ခြောက်ဖက်က ဝှေ့ယမ်းနေပြီး ဖရိုဖရဲ နတ်ဘုရား မီးတောက်များ ရူးသွပ်စွာ ဖြာထွက်လာကာ သင်္ကေတလေးပါး၏ ဖိနှိပ်မှုကို တားဆီးရန် ကြိုးစားသည့်အနေဖြင့် သူ၏ရှေ့တွင် မီးတောက်ဒိုင်းခြောက်ခု အဖြစ် စုစည်းသွားသည်။

တစ်ချိန်တည်းမှာပင် သူ၏နဖူးပေါ်ရှိ မီးတောက် နတ်ဘုရား မှော်စာလုံးက တောက်ပစွာ လင်းလက်လာပြီး ဖရိုဖရဲ မီးတောက်နတ်ဆိုး၏ ဝိုးတဝါးပုံရိပ်ယောင်က သူ၏နောက်တွင် တဖန်ပြန်၍ ထွက်ပေါ်လာသည်။ ယခင်ကထက် များစွာပို၍ မှေးမှိန်နေသော်လည်း ထိုအရာမှနေ၍ နှလုံးတုန်စရာကောင်းသော ဥပဒေသ ဖိအားတစ်ရပ် ဖြာထွက်နေဆဲပင်။

"မီးတောက်နတ်ဆိုးရဲ့ဒေါသ...အရပ်ရှစ်မျက်နှာကို ပြာကျစေခြင်း "

ဖရိုဖရဲ မီးတောက်နတ်ဆိုး ပုံရိပ်ယောင်က ဧရာမ မီးတောက် ဓားတစ်လက်ကို မြှောက်ကာ ကျဆင်းလာသော သင်္ကေတလေးပါး နယ်ပယ်ကို ခုတ်ပိုင်းလိုက်သည်။

ဘုန်း...

သင်္ကေတလေးပါး၏စွမ်းအားက မီးတောက်နတ်ဆိုး ၏ဓားနှင့် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံသွားသည်။

ဤတစ်ကြိမ်တွင် ဟွမ်ကျင်း၏စွမ်းအားသည် ကျန်းချီလီ၏ နေမင်း အစစ်အမှန် ရုပ်ခန္ဓာကိုယ်ကို ခုခံတိုက်ခိုက်ခဲ့စဉ်ကထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။

မိုးပြာနဂါး ကောင်းကင်မြစ်က အသက်နှင့်ဖျက်ဆီးခြင်း စွမ်းအားကို သယ်ဆောင်လာပြီး ဧရာမ မီးတောက်ဓားကို ဖိနှိပ်လိုက်၏။ ကျားဖြူ၏ သတ်ဖြတ်ခြင်း လက်သည်းများက သတ္တု ချီ နှင့် ဖရိုဖရဲ နတ်ဘုရား မီးတောက်တို့ တစ်ခုနှင့်တစ်ခု တွေ့ဆုံနေစဥ်တွင် မီးတောက်ဒိုင်းများကို ဆုတ်ဖြဲလိုက်သည်။ ဗာမီလီယန်ငှက်၏ နန်မင်လီမီးတောက် နှင့် မီးတောက်နတ်ဆိုး ပုံရိပ်ယောင်၏ ဖရိုဖရဲ မီးတောက်တို့က သန့်စင်ခြင်းနှင့်လောင်ကျွမ်းခြင်းအကြား၌ ပြင်းထန်စွာ တိုက်ခိုက်နေပြီး တစ်ခုနှင့်တစ်ခု လောင်ကျွမ်းနေကြသည်။ လိပ်နက်၏ ရေမည်းချီက အချိန်နှင့်ဟင်းလင်းပြင်ကို အေးခဲသွားစေပြီး မီးတောက်နတ်ဆိုး ပုံရိပ်ယောင်၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေသည်။

မိုးကောင်းကင်ယံတခွင်လုံးသည် စွမ်းအင်မုန်တိုင်း တစ်ခု၏ ဗဟိုချက်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ ဟင်းလင်းပြင်သည် ကျိုးပဲ့နေသော မှန်တစ်ချပ်အလား ပြိုကွဲပြီး ပြန်လည်ဖွဲ့စည်းသွားကာ ထိုအရာ၏အနောက်ရှိ မည်းနက်သော ဟင်းလင်းပြင်ကို ဖော်ပြနေပေ၏။

ပြင်းထန်သော စွမ်းအင်လှိုင်းဂယက်များက အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းတိုက်ခတ်သွားပြီး အောက်ဘက်ရှိ စောင့်ကြည့်နေသော ကျင့်ကြံသူများကို အကြိမ်ကြိမ် နောက်ဆုတ်သွားစေသည်။ ထိုကျင့်ကြံသူတစ်ဦးစီတိုင်းသည် ခုခံရန်အတွက် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

ယွဲ့ယီနှင့်လျှိုရူယန်တို့ပင်လျှင် စူးချန်ကဲ၏ ဖရိုဖရဲချီများမှ ကာကွယ်မှုအောက်တွင် ရှိနေသော်လည်း လောကကြီးကို ဖျက်ဆီးမည့်ဖိအားကို ခံစားနေရဆဲပင်။ သူမတို့၏မျက်နှာများ အနည်းငယ် ဖြူရော်သွားပေ၏။

"ဝမ်တန်... သူက တကယ့်ကို နာမည်နဲ့ လိုက်ဖက်တာပဲ..."

လျှိုရူယန်က သူမ၏စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဤသင်္ကေတလေးပါး ကောင်းကင်ဖိနှိပ်ခြင်းမြေပုံ၏ စွမ်းအားသည် ဟင်းလင်းပြင် နယ်ပယ် အထွတ်အထိပ်အဆင့်စွမ်းအားကို ထိတွေ့နေလေပြီ။ ထို့ပြင် မြေပုံအတွင်း၌ ပါဝင်သော ကောင်းကင်နှင့်မြေကြီး၏ အခြေခံသဘောတရားများနှင့် သင်္ကေတလေးပါး၏ သံသရာလမ်းစဉ်မှာ သူမ ကြုံတွေ့ဖူးသော လူငယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်များ၏ သာမန်နတ်ဘုရားစွမ်းရည်များထက် များစွာသာလွန်ကာ အလွန်အစွမ်းထက်သည်။

သို့သော် သူမ၏အထွတ်အထိပ်တွင် ရှိနေပါက သူမက အကြောက်အလန့် ကင်းနေဆဲသာ ဖြစ်ပေမည်။ သူမသည် ဝမ်တန်ကို အနိုင်ရနိုင်မည်ဟု သူမ ယုံကြည်ထားသည်။

"မဟာဧကရာဇ်တစ်ပါးရဲ့ အလားအလာရှိတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ် ဝမ်တန်လည်း ရောက်လာပြီ..."

ယွဲ့ယီ၏ လှပသော မျက်လုံးများတွင် တင်းမာမှုများ ပြည့်နှက်နေပြီး တီးတိုးမရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

သို့သော် လျှိုရူယန်က စူးချန်ကဲကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

စီနီယာအစ်ကိုက ဝမ်တန် ဒီနေမှာ ရှိနေမှန်း အစကတည်းက သိနေတယ်..အဲ့ဒါကြောင့် သူ ဝင်မစွက်ဖက်ခဲ့တာပဲ...

ကျန်းမိသားစုနှင့် ဝမ်မိသားစုတို့သည် စူးမိသားစုနှင့် အလွန်ရင်းနှီးကြောင်း သူမ သိထားသဖြင့် စူးချန်ကဲသည် နံဘေးမှ ရပ်ကြည့်မနေသင့်ချေ။ သို့သော် ဝမ်တန် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ သူမ နားလည်သွားသည်။

စူးချန်ကဲသည် ကောင်းကင်ယံရှိ ပြင်းထန်သော တိုက်ပွဲကို တည်ငြိမ်စွာ ကြည့်နေပြီး သူ၏ အကြည့်က ဝမ်တန်အပေါ် ကျရောက်သွားသောအခါ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

တခြားမိတ်ဆွေဟောင်းတစ်ယောက် ထပ်ရောက်လာလေပြီ။

သို့သော် မကြာမီမှာပင် သူ၏အကြည့်က ကောင်းကင်တက်လှမ်းခြင်း လှေကား၏ ဒုတိယအဆင့် အဝင်ဝ သို့ ကျရောက်သွားပြီး သူ၏မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။

မိုးကောင်းကင်ယံတွင် တိုက်ပွဲသည် အထွတ်အထိပ် ပြင်းထန်မှုသို့ ရောက်ရှိနေလေပြီ။

ဝမ်တန်သည် ရွှေကြာပန်းများပေါ်တွင် မတ်တတ်ရပ်နေပြီး သူ၏ကိုယ်ဟန်အနေအထားက ထင်းရှူးပင် တစ်ပင်အလား မတ်မတ်ဖြစ်နေသည်။ သင်္ကေတလေးပါး နတ်ဘုရားပုံစံများကို ထိန်းချုပ်ရန်အတွက် သူ၏လက်များဖြင့် လက်စည်းသင်္ကေတများကို အဆက်မပြတ် ဖွဲ့စည်းနေပေ၏။ သူ၏မျက်နှာက အေးစက်တင်းမာနေပြီး သူ၏အကြည့်က စူးရှကာ ဖရိုဖရဲချီများဖြင့် ဝန်းရံထားပြီး ကောင်းကင်နှင့်မြေကြီးတွင် အမြင့်မြတ်ဆုံးအဖြစ် ထုတ်ပြန်ကြေညာနိုင်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ခုကို ထွက်ပေါ်နေသည်။

ဝမ်တန်က ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်နည်းစနစ်ကို အပြည့်အဝ အသုံးပြုနေသည်။ သူ၏တိုက်ခိုက်မှု တိုင်းက ကောင်းကင်ကို အနှောင့်အယှက်ဖြစ်စေပြီး စကြဝဠာကို ပြောင်းပြန်လှန်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ရပ် ပါဝင်နေပေ၏။ သူက ရန်သူအားလုံးကို ဖိနှိပ်ရန် သင်္ကေတလေးပါး ကို အမိန့်ပေးနေသည့် လောကသို့ ဆင်းသက်လာသော လူငယ် ရှေးဟောင်းဧကရာဇ်တစ်ပါးအလားပင်။

ဟွမ်ကျင်း၏ မီးတောက် နတ်ဘုရား အစစ်အမှန် ရုပ်ခန္ဓာကိုယ်သည် အဆက်မပြတ် ဟိန်းဟောက်နေပြီး သင်္ကေတလေးပါး နတ်ဘုရားပုံစံများနှင့် ရူးသွပ်စွာ တိုက်ခိုက်နေသည်။ သူ၏လက်ခြောက်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းနေပြီး ဖရိုဖရဲ နတ်ဘုရား မီးတောက်က အမျိုးမျိုးသော မီးတောက်လက်နက်များ၊ ရက်စက်ကြမ်းကြုတ်သည့် သားရဲများအဖြစ် ပြောင်းလဲသွားပေ၏။ သူ၏တိုက်ပွဲအတွေ့အကြုံသည် အလွန်ကြွယ်ဝသဖြင့် သူ့ထံတွင် အားသာချက် မရှိသော်လည်း ဝမ်တန်၏အကာအကွယ်တွင် အားနည်းချက်တစ်ခုကို ရှာဖွေရင်း ခေါင်းမာစွာ ခုခံနေဆဲပင်။

All Chapters