← Chapters

ဒုက္ခခံရတာ ကျင့်သားရနေပြီ

Vol. 40 Ch. 394

ဒုက္ခခံရတာ ကျင့်သားရနေပြီ

Vol. 40 Ch. 394

"ဘာ..."

"ဂိုဏ်းချုပ်က ဘယ်သူ့ကို အမြစ်ပြတ်ချေမှုန်းပစ်ခဲ့တာလဲ"

"ဝူကျိဂူဗိမာန်ကိုလား"

သူတို့မှာ အံ့ဩလွန်းသဖြင့် ပါးစပ်များက အိုပုံသဏ္ဌာန်ဖြစ်သွားသည်။ သူတို့သည် ဂိုဏ်းချုပ်ကျန်း၏ စွမ်းရည်များအပေါ် အလွန်အမင်း ယုံကြည်ကြသော်လည်း မူလကမူ သူသည် သာမန်ဂိုဏ်းတစ်ခုခုကိုသာ အမြစ်ပြတ်ချေမှုန်းပစ်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။ ထိုကဲ့သို့သော ဂိုဏ်းမျိုးတွင် ဧကရာဇ်တစ်ပိုင်း တစ်ပါးရှိနေလျှင်ပင် အတော်လေး ကြီးကျယ်လှပြီဖြစ်သည်။ သူက အထက်အင်မော်တယ်လောကသို့ ရောက်ရှိလာခဲ့သည်မှာ ရက်ပိုင်းမျှသာရှိသေးသည်ဟု ခုလေးတင်ပြောခဲ့သည် မဟုတ်ပါလား။ ယောင်နယ်မြေသို့ ခရီးနှင်ခဲ့ရသည့်အချိန်ကိုပါ ဖယ်ထုတ်လိုက်လျှင် တွက်ချက်ကြည့်ပါက သူသည် ကြီးမားသည့် ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ရန်အတွက် အချိန်လုံးဝမရှိခဲ့သကဲ့သို့ပင်...

သို့သော်လည်း သူသည် ဝူကျိဂူဗိမာန်ကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းပစ်ခဲ့သည်။ ၎င်းသည် အင်မော်တယ်နယ်မြေတွင် ထိပ်တန်းအဆင့်ဆယ်ဆင့်အတွင်းဝင်နိုင်သည့် စူပါဂိုဏ်းကြီးတစ်ခုဖြစ်ပြီး မည်သည့်အချိန်ကတည်းက တည်ရှိနေခဲ့သည်ကို မည်သူမျှမသိနိုင်ဘဲ မရေမတွက်နိုင်သော အင်မော်တယ်များ၏ ကြည်ညိုလေးစားမှုကို ရရှိထားသည့်ဂိုဏ်းဖြစ်သည်။ ၎င်းကို ယခုကဲ့သို့ အလွယ်တကူ အမြစ်ပြတ်ချေမှုန်းပစ်ခဲ့သည်ဆိုသည်မှာ အစစ်အမှန်မဟုတ်သကဲ့သို့ ဖြစ်နေ၏။

"ဂိုဏ်းချုပ်က တကယ်ပဲ အမြစ်ပြတ်ချေမှုန်းပစ်ခဲ့တာလား"

အစ်ကိုကြီးချန်က တမင်တကာပင် အနည်းငယ် နှမြောတသဖြစ်ရသည့်လေသံမျိုးဖြင့် ပြောလိုက်သည်

"အဲဒီလိုပဲ ပြောရမှာပေါ့၊ ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့ရဲ့ အင်မော်တယ်ဧကရာဇ်သုံးပါးကတော့ သေမသွားခဲ့ဘူး။ ဧကရာဇ်တစ်ပိုင်းငါးပါး သေဆုံးခဲ့ပြီး အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ်အရှင်တွေ အကုန်လုံးလည်း အမြစ်ပြတ်ချေမှုန်းခံခဲ့ရတယ်။ ဒါ့အပြင် သူတို့ရဲ့ ဂိုဏ်းတံခါးဝတောင်တန်းကြီးကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်"

ရှူး...

သူတို့ သုံးဦးစလုံးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်မိကြသည်။

၎င်းသည် အမြစ်ကနေဆွဲနုတ်ပစ်လိုက်ခြင်း မဟုတ်ပါလား...

ဒါက တကယ်ကို ပြင်းထန်လွန်းတယ် မဟုတ်လား...

ထိုစဉ်တုန်းက သူတို့သည် အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့ကို ဆန့်ကျင်၍ စစ်ပွဲကြီးဆင်နွှဲခဲ့စဉ်က အင်မော်တယ်ဘုရင် ထောင်ပေါင်းများစွာနှင့် ဧကရာဇ်တစ်ပိုင်း အချို့တို့သည် သွေးချောင်းစီးတိုက်ပွဲများ ဆင်နွှဲခဲ့ကြရသော်လည်း နောက်ဆုံးတွင် ဧကရာဇ်တစ်ပိုင်း တစ်ပါးမျှမရှိသည့် မိစ္ဆာဂိုဏ်းအချို့ကိုသာ အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ကြသည်။ ထိုနှစ်များအတွင်း သူတို့သတ်ဖြတ်ခဲ့သည့် အင်မော်တယ်ဘုရင်များနှင့် မိစ္ဆာဘုရင် အရေအတွက်မှာ ရာနှင့်ချီ၍ရှိသော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ပတ်သက်၍မူ သုံးပါးကိုသာ အနိုင်ယူနိုင်ခဲ့၏။

၎င်းသည်ပင် အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတစ်ခုလုံးကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီးဖြစ်သည်။ အင်မော်တယ်ဘုရင်များနှင့် ဧကရာဇ်တစ်ပိုင်းများ အားလုံးတွင် အင်မော်တယ်နိုင်ငံတော်တစ်ခုစီရှိကြသဖြင့် သူတို့၏အသက်ရှင်သန်နိုင်စွမ်းမှာ အလွန်အားကောင်း၏။ သူတို့ကို သတ်ဖြတ်ရန် မည်သို့လွယ်ကူပါမည်နည်း...

ယခုမူ ဂိုဏ်းချုပ်ရောက်ရှိလာသည်နှင့် သူ၏ တစ်ကိုယ်တော် တိုက်ပွဲမှတ်တမ်းသည် သူတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် အလုပ်များအားလုံး၏ စုစုပေါင်းထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ဒါက အခြားလူတွေကို အသက်ရှင်ခွင့်မပေးတော့တဲ့သဘောပဲ မဟုတ်လား...

"ဟူး... နောက်ဆုံးတော့ ငါတို့ရဲ့တောင်ပံတွေ သန်မာလာပြီလို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရတာတော့..."

"ဂိုဏ်းချုပ်ရဲ့ရှေ့မှောက်မှာ ငါတို့က အခုထိ လူမိုက်ကလေးတွေ ဖြစ်နေတုန်းပဲ"

ရှန်ထိုက်သည် မည်သည့်အချိန်က မှတ်စုစာအုပ်အသေးလေးကို ထုတ်ယူလိုက်သည်မသိဘဲ အသည်းအသန်ရေးမှတ်နေတော့သည်

"ဂိုဏ်းချုပ်ရောက်လာတာနဲ့ ငါတို့ကို နောက်ထပ် ထင်ရှားတဲ့သင်ခန်းစာတစ်ခု ပေးလိုက်ပြန်ပြီ။ ရေးမှတ်ထားရမယ်၊ ရေးမှတ်ထားရမယ်"

ဂိုဏ်းချုပ်ကျန်း၏ ရှေ့မှောက်တွင်မူ သူသည် ယခင်က ရှိခဲ့ဖူးသည့် အေးစက်သော မိစ္ဆာဘုရင် ပုံစံမှနေ၍ ဖားယားတတ်သည့် လူတစ်ယောက်အဖြစ်သို့ ပြန်ပြောင်းသွား၏။

အင်မော်တယ်မိုက သူ၏မုတ်ဆိတ်မွေးကိုသပ်ရင်း ရယ်မောလိုက်သည်

"ဟားဟား... အချို့သော ကောင်းကင်ဘုံက ရွေးချယ်ခံရသူတွေက မင်းနဲ့ငါ ဘယ်လိုမှမမီနိုင်တဲ့အဆင့်မှာရှိနေဖို့ ကံပါလာပြီးသားပဲ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ကန့်သတ်ချက်ကို သိရမယ်။ အလွန်အမင်း ရည်မှန်းချက်မကြီးသင့်ဘူး"

ဝေမြောင်ကလည်း အပြည့်အဝ ထောက်ခံလိုက်သည်

"ဟုတ်ပါတယ် ဂိုဏ်းချုပ်။ ဂိုဏ်းချုပ်ရဲ့ ဘေးနားမှာ ဆက်လက်လိုက်ပါခွင့်ရပြီး ဂိုဏ်းချုပ်ကို မော့ကြည့်ခွင့်ရနေတာကပဲ ဘဝရဲ့ အကြီးမားဆုံးသော ကံကောင်းခြင်းပါပဲ"

ဤစကားလုံးများသည် ဂိုဏ်းချုပ်ကျန်းကို အလွန်စိတ်ကျေနပ်စေသည်။

သေချာတာပေါ့၊ ဒါက ရင်းနှီးနေခဲ့တဲ့ အရသာပဲ...

သူသည် အလွန်အမင်း ကျေနပ်သွားခဲ့ပြီး သူတို့ကိုဆုချရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏လက်စွပ်ကို ဝေ့ယမ်းလိုက်ပြီးနောက် အဆင့်ရှစ် အင်မော်တယ်လက်နက်သုံးခုနှင့် အဆင့်ရှစ် အင်မော်တယ်ဝတ်စုံသုံးခုအပြင် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာသုံးခုကို ထုတ်ယူလိုက်သည်။ ဤအရာအားလုံးသည် ဝူကျိဂူဗိမာန်ရှိ တိုက်ပွဲမှရရှိခဲ့သောပစ္စည်းများဖြစ်၏။ မူလက သူသည် ၎င်းတို့ကို ကံတရားအမှတ်အဖြစ် လဲလှယ်ရန် စီစဉ်ထားခဲ့သော်လည်း သူတို့သုံးဦး၏ ဝတ်ဆင်ထားသော ပစ္စည်းများကို ကြည့်လိုက်သည့်အခါ ၎င်းမှာ တကယ်ပင် စုတ်ပြတ်လွန်းလှသည်။ အထူးသဖြင့် မိုချန်... သူသည် ဧကရာဇ်တစ်ပိုင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ အသုံးပြုနေသည့်အရာများမှာ အဆင့်ခုနစ် အင်မော်တယ်လက်နက်များနှင့် အလယ်အလတ်အဆင့် အင်မော်တယ်ရတနာများသာ... ၎င်းကို အပြင်မှာထုတ်ပြောလိုက်လျှင် ကြားရသူတိုင်း ဝမ်းနည်းရမည်ဖြစ်ပြီး မြင်ရသူတိုင်း မျက်ရည်ကျရပေလိမ့်မည်။

"ဒီနှစ်တွေအတွင်းမှာ မင်းတို့ တကယ်ပဲ ဒုက္ခခံခဲ့ရပါတယ်"

"လောလောဆယ် ဒီပစ္စည်းတွေကိုပဲ ယူထားလိုက်ကြဦး"

သူတို့သုံးဦးစလုံး၏ မျက်လုံးများမှာ ချက်ချင်းပင် စိမ်းတောက်သွားကြတော့သည်။ ငတ်မွတ်နေသော လူတစ်ယောက်က အရသာရှိသော စားသောက်ပွဲကြီးကို မြင်လိုက်ရသကဲ့သို့ပင်။ အခြားနည်းလမ်း မရှိပေ... အစ်ကိုကြီးချန် မရှိတော့သည့်နောက်ပိုင်း သူတို့ရရှိသော အခွင့်အရေးများနှင့် ဆက်ဆံမှုများမှာ ချောက်ကမ်းပါးထဲသို့ ထိုးဆင်းသွားခဲ့၏။ အလယ်အင်မော်တယ်လောကတွင် ကောင်းမွန်သောအရာများစွာ မရှိခဲ့သလို၊ သူတို့သည် ထိုနေရာတွင် ကြာကြာလည်းမနေခဲ့ကြခြင်းလည်းမရှိ။

အထက်အင်မော်တယ်လောကသို့ ရောက်ရှိလာပြီးနောက်တွင်လည်း သူတို့သည် ကောင်းမွန်စွာမဖွံ့ဖြိုးနိုင်သေးမီမှာတင် ဝိုင်းရံပိတ်ဆို့ပြီး လိုက်လံနှိမ်နင်းခံခဲ့ကြရသည်။ သူတို့သည် အဆင့်ရှစ်အင်မော်တယ်လက်နက်များကို ဘယ်ကနေသွားနိုင်ပါမည်နည်း။ ဤအဆင့်ခုနစ် အင်မော်တယ်လက်နက်များပင်လျှင် အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့ကို ဆန့်ကျင်သည့် စစ်ပွဲကြီးအပြီးတွင် သူတို့လုယူခဲ့ကြရသောအရာများ ဖြစ်ကြသည်။

မျက်တောင်တံခတ်အတွင်းမှာတင် ထိုရတနာ ကိုးပါးစလုံးကို သူတို့သုံးဦးက လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောနှုန်းဖြင့် သိမ်းဆည်းလိုက်၏။ ၎င်းက ဂိုဏ်းချုပ်ကျန်း ဆုလာဘ်များ ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်သဖြင့် အားမနာတော့ပေ။ ထို့နောက် သူတို့သည် ပစ္စည်းများကို တတ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် လဲလှယ်ဝတ်ဆင်လိုက်၏။ သူတို့ အလွန်အမင်း စိတ်အားထက်သန်နေကြသည်။

"အား... ဒါက ထိပ်တန်းအဆင့် အင်မော်တယ်ရတနာရဲ့ အရသာလား။ ခန္ဓာကိုယ်တစ်ခုလုံး ပိုပြီးမြင့်မြတ်သွားသလို ခံစားရတယ်"

"ဒီအဖိုးကြီးမှာ အဆင့်ရှစ် အင်မော်တယ်ဓားသာ စောစောစီးစီးရှိခဲ့ရင်... ဟဲဟဲ၊ ငါ အနည်းဆုံး အင်မော်တယ်ဘုရင်အချို့ကို ထပ်ပြီးသတ်ပစ်နိုင်ခဲ့မှာ သေချာတယ်"

"ဒီအဆင့်ရှစ် အင်မော်တယ်ဝတ်စုံကို ဝတ်လိုက်ရတော့ ပိုပြီးခန့်ညားလာသလို ခံစားရတယ်"

သူတို့သုံးဦးစလုံး၏ မိန်းမောတွေးဝေနေသော အမူအရာများကိုကြည့်ရင်း အစ်ကိုကြီးချန်သည် ခေတ္တမျှ စကားမဲ့သွားခဲ့ရသည်။ အဲဒီနောက်ပိုင်းတွင် သူသည် သူတို့သုံးဦးကို အဆင့်ရှစ် အင်မော်တယ်ဆေးလုံး ပုလင်းပေါင်း ဒါဇင်ချီ၍ ထပ်ပေးလိုက်၏။

ရေငတ်တုန်းရေတွင်းထဲကျသည့် သူတို့သုံးဦးသည် ဧည့်ခံခန်းမဆောင်ထဲမှ ထွက်လာကြသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး အသစ်လဲလှယ်ထားသကဲ့သို့ ဖြစ်နေလေပြီ။ သူတို့၏ တက်ကြွမှုနှင့် စိတ်ဓာတ်များပင်လျှင် လုံးဝကွဲပြားခြားနားသွား၏။

ထို့နောက်တွင် အစ်ကိုကြီးချန်၏ ဦးဆောင်မှုအောက်၌ သူတို့သည် မိုးပြာနဂါးချိုင့်ဝှမ်းအတွင်းရှိ ဖေးရှန်ဂိုဏ်း၏ စခန်းချရာနေရာဆီသို့ ပျံသန်းလာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် သူတို့သုံးဦးစလုံးမှာ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ထိုဖေးရှန်ဂိုဏ်းကို သူတို့၏ကိုယ်ပိုင်လက်များဖြင့် တည်ထောင်ခဲ့ကြခြင်းဖြစ်သဖြင့် သူတို့၏သံယောဇဉ်ကို ထွေထွေထူးထူး ပြောနေရန် မလိုတော့ပေ။

သူတို့အုပ်စု ရောက်ရှိလာပြီးနောက်တွင် မိစ္ဆာဘုရင် ရှောင်ခွန်းနှင့် အင်မော်တယ်ဘုရင် ဝူကျွယ်တို့နှင့် ထိပ်တိုက်တိုးကြတော့သည်။

"မင်းတို့က‌ရော ဘာလို့ ဒီမှာရှိနေတာလဲ"

ရှောင်ခွန်းက သူ၏လက်ကိုပွတ်လိုက်ရင်း ရယ်မောလိုက်သည်

"ငါတို့က ဂိုဏ်းချုပ်ကျန်းရဲ့နောက်ကို အမြဲတမ်းလိုက်ပါနေပြီး ဂိုဏ်းချုပ်ရဲ့ ဆုံးမဩဝါဒတွေကို နေ့တိုင်းနာယူနေတာလေ"

အင်မော်တယ်ဘုရင် ဝူကျွယ်ကလည်း သူ၏ ရှည်လျားသော အင်္ကျီလက်စကို တမင်တကာ ဝှေ့ယမ်းပြလိုက်သည်

"ဒီခရီးစဉ်တစ်လျှောက်လုံး ဂိုဏ်းချုပ်ရဲ့နောက်ကို လိုက်ပါလာခဲ့ရလို့ ငါတို့ တကယ်ပဲ အကျိုးကျေးဇူးတွေအများကြီးရရှိခဲ့တာ"

ထိုစဉ်တုန်းက အောက်ကမ္ဘာ၏ နယ်ပယ်ပေါင်းတစ်သောင်းမှ ထိုအုပ်စုသည် ဖေးရှန်ဂိုဏ်းအပေါ် အတော်လေး မနာလိုဖြစ်ခဲ့ကြဖူးသည်။ ဂိုဏ်းချုပ်ကျန်း၏ လက်အောက်ငယ်သားများဖြစ်ကြသဖြင့် သူတို့၏ရင်းနှီးမှုအဆင့်အတန်းနှင့် ရရှိသောအခွင့်အရေးများမှာ အခြားလူများနှင့် တစ်ဆင့်တည်းမဟုတ်ခဲ့။ ယခုအခါ အခွင့်အရေးရရှိခဲ့ပြီဖြစ်သဖြင့် သူတို့၏ စိတ်ပျက်စရာများကို ဖြေဖျောက်ရန်အတွက် ကြွားဝါပြနေကြခြင်းသာ။

မိုချန် တစ်စုံတစ်ရာ မပြောနိုင်သေးမီမှာတင် ရှန်ထိုက်နှင့် ဝေမြောင်တို့မှာ ပျာယာခတ်သွားကြတော့သည်။ သူတို့က ဒီနေရာကို လာပြီး မျက်နှာသာပေးမှုကို လုယူချင်နေကြတာလား...

"မင်းတို့ ဘာတွေလာပြီး လေပေါနေတာလဲ"

"ကျေးဇူးပြုပြီး ငါတို့ဂိုဏ်းချုပ်နဲ့ ဝေးဝေးမှာနေပေးလို့ရမလား"

"အခု ငါတို့ ဒီကိုရောက်လာပြီဆိုတော့ မင်းတို့ လာခဲ့တဲ့နေရာကိုပဲ ပြန်သွားကြတော့"

"ထွက်သွား၊ ထွက်သွား၊ ထွက်သွား"

ရှောင်ခွန်းနှင့် ဝူကျွယ်တို့ကတော့ ထွက်သွားကြမည်မဟုတ်။ ဂိုဏ်းချုပ်ကျန်းသည် ဤကဲ့သို့သော အသေးအဖွဲကိစ္စများကို ဂရုမစိုက်တတ်မှန်းသိကြသဖြင့် သူတို့ကို ဒေါသထွက်စေရန်အတွက် တမင်တကာ ပြောင်စပ်စပ်ပြုမူနေကြခြင်းဖြစ်သည်။

"အခု ဂိုဏ်းချုပ်ကျန်းရဲ့ ယုံကြည်ရတဲ့လူယုံတွေက ငါတို့ပဲ။ မင်းတို့က ဘေးဖယ်ပေးရမယ်။"

"ဟုတ်တယ်၊ ငါတို့က အလယ်အင်မော်တယ်လောကကနေပြီးတော့ ဂိုဏ်းချုပ်ကျန်းနဲ့အတူ ရုန်းကန်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့လူတွေ... ငါတို့ကသာ ဂိုဏ်းချုပ်ရဲ့ဘေးနားက စစ်မှန်တဲ့လူတွေပဲ"

သူတို့က ရုန်းကန်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်ဟု ပြောသော်လည်း၊ အမှန်စင်စစ် သူတို့သည် မည်သည့်ရုန်းကန်မှုမျှ မလုပ်ခဲ့ကြရပေ။ အရာအားလုံးမှာ အစ်ကိုကြီးချန်၏ တစ်ကိုယ်တော် ပြပွဲသက်သက်သာ...

ဤသို့ဖြင့် ထိုအုပ်စုသည် တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံစကားများကြရင်း နောက်ဆုံးတွင် လက်ရှိဖေးရှန်ဂိုဏ်းဆီသို့ ရောက်ရှိလာကြသည်။ ကြီးမားလှသော နန်းတော်အဆောက်အအုံ အစုအဝေးကြီးကို မြင်လိုက်ရသည့်အခါ သူတို့သုံးဦးစလုံးသည် ၎င်းမှာ ဂိုဏ်းချုပ်၏ အခြားသော အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်မှန်း ခန့်မှန်းနေရန်မလိုတော့ပေ။ သူတို့သည် အတော်လေး တည်ငြိမ်နေ၏။ အစ်ကိုကြီးချန် မူလက ပိုမိုကြီးမားသော တုန်လှုပ်မှုတန်ဖိုးကိုရရှိရန် ရည်ရွယ်ထားခဲ့သော်လည်း မရနိုင်တော့သည့်အတွက် နှမြောစရာကောင်းလှပေသည်။

ဝင်ပေါက်ဝရှိ တပည့်အချို့က မော့ကြည့်လိုက်ကြပြီး ချက်ချင်းပင် ဆွံ့အသွားကြရသည်။ ဘိုးဘေးကြီး ကျန်း၏ ဘေးနားကသုံးဦးမှာ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...

သူတို့က...

သူရဲကောင်းဂူဗိမာန်ထဲမှာ ကျောက်စိမ်းရုပ်တုအဖြစ် ချန်ထားခဲ့ဖူးတဲ့ လူတွေနဲ့ တူနေသလိုပဲ...

ချက်ချင်းဆိုသလို ဖေးရှန်ဂိုဏ်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ ဂိုဏ်းချုပ် ယွမ်ကျန့်မှစ၍ ဂိုဏ်းသားအားလုံး တတ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်လာကြ၏။ သူတို့သည် ဤသုံးဦးကိုမြင်လိုက်ရသည်နှင့် တပြိုင်နက် တညီတညွတ်တည်း ဒူးထောက်လိုက်ကြတော့သည်။

"အရည်အချင်းမရှိတဲ့ ဂျူနီယာ၊ ဖေးရှန်ဂိုဏ်းရဲ့ ၁၃၅ ဆက်မြောက် ဂိုဏ်းချုပ် ယွမ်ကျန့်က ဘိုးဘေးကြီးမိုကို အရိုအသေပေးပါတယ်"

"ဘိုးဘေးကြီးရှန်ကို အရိုအသေပေးပါတယ်"

"ဘိုးဘေးကြီးဝေကို အရိုအသေပေးပါတယ်..."

"ဘိုးဘေးဂိုဏ်းချုပ်တွေနဲ့ နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"တကယ်ပဲ၊ ကောင်းကင်ဘုံက ငါတို့ကို သနားညှာတာပေးခဲ့တာပဲ..."

သူတို့၏ ယခင် ဘိုးဘေးဂိုဏ်းချုပ်များကို မြင်တွေ့လိုက်ရသဖြင့် ဤဖေးရှန်ဂိုဏ်းသားများသည် နှစ်ပေါင်းများစွာ လမ်းပျောက်နေခဲ့ပြီး နောက်ဆုံးတွင် မိမိတို့၏ အဖွဲ့အစည်းကို ပြန်လည်ရှာဖွေတွေ့ရှိသွားခဲ့ကြသည့် လူများကဲ့သို့ ဖြစ်နေကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့ သုံးဦးစလုံးသည် အလျင်အမြန် ရှေ့တိုးကာ သူတို့ကို ထူမပေးလိုက်ကြ၏။

ဖေးရှန်ဂိုဏ်း၏ အဓိက ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် လူတိုင်း နေရာယူလိုက်ကြသည်။ ဘိုးဘေးကြီးသုံးဦးမှာ ဂုဏ်ထူးဆောင်နေရာများတွင် ထိုင်ကြပြီး အခြားသူများကမူ အောက်ခြေနေရာများတွင် ရိုသေစွာဖြင့် နေရာယူလိုက်ကြ၏။ အစ်ကိုကြီးချန်ကမူ အလယ်ဗဟိုတည့်တည့်ရှိ ဂိုဏ်းချုပ်နေရာတွင် ထိုင်လိုက်လေသည်။

၎င်းက ယွမ်ရှု၊ ယွမ်မူတို့အပြင် လင်ဟန်ဟန်၊ ကူချင်းယွီနှင့် ရောက်ရှိလာသည့် အခြားဂိုဏ်းသားအားလုံးကို လုံးဝ ထိတ်လန့် အံ့ဩသွားစေသည်။ မိုချန်သည် သူရဲကောင်းဂူဗိမာန်၏ ကျောက်စိမ်းရုပ်တုများတွင် ဒုတိယမြောက်နေရာတွင် ရှိနေသူဖြစ်သည်။ အဆင့်အတန်းအရပြောရလျှင် သူသည် ပထမမျိုးဆက် ဂိုဏ်းချုပ် ကျိလင်းဟန်ပြီးလျှင် ဒုတိယမြောက်ဖြစ်၏။ သူရှိနေပါလျက်နှင့် အခြားမည်သူက ထိုနေရာတွင် ထိုင်ရဲသနည်း...

All Chapters