ဂိုဏ်းချုပ်၊ ခုနက တမင်လုပ်တာမဟုတ်လား
Vol. 40 Ch. 400
ဖေးရှန်ဂိုဏ်း၏ ဒုတိယမျိုးဆက်တွင် ၂၂ ဦး၊ တတိယမျိုးဆက်တွင် ၅၄ ဦး၊ ဇာတ်လိုက်စံနှုန်းရှိသူ ၄ ဦးနှင့် စတုတ္ထမျိုးဆက်တွင် ၉၅၁ ဦး ရှိခဲ့သည်။ မိုချန်အပါအဝင်ဆိုပါက စုစုပေါင်း လူဦးရေ ၁,၀၃၂ ဦး ရှိခဲ့၏။ လက်ရှိအသက်ရှင်ကျန်ရစ်သူများထဲတွင်မူ အပြင်ရောက်နေသည့် သွမ့်ဟယ်နှင့် အခြားသုံးဦးကို ဖယ်ထုတ်လိုက်ပါက၊ ၁၅၂ ဦးသာ ကျန်တော့သည်။ ဤနှစ်များအတွင်း အများဆုံး ၈၇၆ ဦးအထိ သေဆုံးခဲ့သည်။
အစ်ကိုကြီးချန်သာ မရှိပါက ဤ ၈၇၆ ဦးသည် မည်သည့်အခါမျှ ပြန်လာနိုင်တော့မည်မဟုတ်ပေ။ ထိုလူများ၏ ရုပ်အလောင်း အပိုင်းအစများနှင့် အကြွင်းအကျန်များကို သိမ်းဆည်းထားသည့် အင်မော်တယ်ရတနာမှာ ဖေးရှန်ဂိုဏ်း၏ အဖိုးတန်ဆုံးနှင့် အဓိကအကျဆုံးအရာဖြစ်လာ၏။ မိုချန်၏ အဆင့်အတန်းသာ မြင့်မားမနေခဲ့ပါက သူသည် ၎င်းကို မည်သို့မှ ခိုးယူလာနိုင်လိမ့်မည်မဟုတ်။
ထိုသုံးဦးသည် အင်မော်တယ်ရတနာကို ယူဆောင်ကာ ဖေးရှန်ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြပြီး အစ်ကိုကြီးချန်ကို ဆက်သွယ်လိုက်ကြသည်။
"အကုန်လုံး ယူလာခဲ့ရဲ့လား"
"အားလုံး ဒီမှာပါ"
"ဒါဆို အရင်ဆုံး လူသူကင်းဝေးတဲ့ နေရာတစ်ခုကို ရှာကြရအောင်"
ထို့နောက်တွင် တိတ်တဆိတ်ဆုံတွေ့ကြသည့် ထိုလေးဦးသည် မိုးပြာနဂါးချိုင့်ဝှမ်းအတွင်းရှိ ဂူတစ်ခုထဲ၌ အကာအကွယ်အတားအဆီးတစ်ခုကို တည်ဆောက်လိုက်ပြီးနောက် မိုချန်သည် အင်မော်တယ်ရတနာကို ဂရုတစိုက်ဖွင့်လိုက်သည်။ သေတ္တာပုံစံရှိသော ပိတ်လှောင်ထားသည့် မိစ္ဆာလက်နက် ၈၇၆ ခုသည် လေထုထဲ၌ စနစ်တကျလွင့်မျောနေကြပြီး အလွန်ခမ်းနားလှ၏။
"ဒီမိစ္ဆာလက်နက်တွေက သူတို့ သေဆုံးသွားခဲ့ရတဲ့ အချိန်တုန်းကရှိနေခဲ့တဲ့ ရုပ်အလောင်း အပိုင်းအစတွေကို ပိတ်လှောင်ထားတာပါ။ ဘာတစ်ခုမှ အပြင်ကိုပေါက်ထွက်သွားတာမျိုး မရှိပါဘူး"
အစ်ကိုကြီးချန်က ခေါင်းညိတ်လိုက်သည်
"ဒါက အကောင်းဆုံးပဲ"
သူ အသက်ပြန်သွင်းခြင်း အတတ်ပညာကို စတင်တော့မည့်အချိန်မှာပင် မိုချန်က စိုးရိမ်စိတ်များဖြင့် နောက်ထပ် မေးခွန်းတစ်ခုကို မေးမြန်းလိုက်ပြန်သည်။
"ဂိုဏ်းချုပ်၊ သူတို့ဆီမှာ သွေးတစ်စက်ပဲကျန်ခဲ့ရင်တောင်မှ အဆင်ပြေတာ ဟုတ်တယ်မလား"
အစ်ကိုကြီးချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။
"သူတို့ရဲ့ ကိုယ်ပိုင်သွေးဖြစ်နေသရွေ့တော့ ဘာပြဿနာမှမရှိလောက်ပါဘူး"
ထိုအခါမှသာ ထိုသုံးဦးစလုံးမှာ တပြိုင်နက်တည်း သက်ပြင်းချလိုက်နိုင်ကြတော့ပြီး သူတို့ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
"ဒါဆို ကောင်းတာပေါ့"
"အရင်တုန်းက ငါတို့ရဲ့ဆုံးဖြတ်ချက်က တကယ်ကို မှန်ကန်ခဲ့တာပဲ"
"ဘာဖြစ်လို့လဲ... ဘာဆုံးဖြတ်ချက်လဲ"
ရှန်ထိုက်က ပြုံးရင်း ပြောလိုက်သည်
"ဘာလို့လဲဆိုတော့ ဒီထဲက လူပေါင်း ၇၅၀ ကျော်မှာ သွေးတစ်စက်ပဲကျန်တော့လို့ပါ"
"ဪ"
အစ်ကိုကြီးချန်ပင် အံ့အားသင့်သွားသည်။
"သူတို့အားလုံးက သွေးတစ်စက်စီပဲ ချန်ထားခဲ့ကြဖို့က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုက်ဆိုင်ရတာလဲ... ဒါက ကြိုတင် ပြင်ဆင်ထားခဲ့ကြတာလား"
မိုချန်သည် သူ၏ မုတ်ဆိတ်မွေးကိုသပ်ရင်း ခိုးရယ်လိုက်သည်
"မှန်ပါတယ် ဂိုဏ်းချုပ်။ ပထမဆုံးအကြိမ် ရုပ်အလောင်းတွေကို ပြန်သယ်ဆောင်ခဲ့တုန်းက အလွန်ခက်ခဲပြီး အန္တရာယ်များလွန်းခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်ကျိ အပါအဝင်၊ လူတိုင်းက သိမ်းဆည်းထားဖို့အတွက် သွေးတစ်စက်စီချန်ထားခဲ့ကြတာပါ။ တိုက်ပွဲမှာ သေဆုံးသွားပြီးတဲ့နောက် ရုပ်အလောင်းတွေကို ပြန်မသယ်နိုင်မှာစိုးလို့ပါ"
"ကြည့်ရတာ ဒီလုပ်ရပ်က တကယ်ကို အမြော်အမြင်ရှိခဲ့တာပဲ"
အစ်ကိုကြီးချန် ချက်ချင်းသဘောပေါက်သွားသည်။ ဤသေတ္တာ ၈၇၆ ခုကို မြင်တွေ့လိုက်ရစဉ်က စိတ်ထဲမှနေ၍ တိတ်တဆိတ် ဆင်ခြင်နေခဲ့၏။ ထိုကဲ့သို့သော ဆက်တိုက်ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲကြီးများတွင် သူတို့သည် သေဆုံးသွားသူတိုင်း၏ ရုပ်အလောင်းများကို တစ်ခုမှမကျန်ဘဲ ဘယ်လိုလုပ်ပြီး ပြန်သယ်နိုင်ခဲ့ကြသနည်း...
ထိုမျှလောက်အဆင့်အတန်းရှိသည့် တိုက်ပွဲမျိုးတွင် တစ်ခါတစ်ရံ၌ ခန္ဓာကိုယ်များမှာ အမှုန်အမွှားအဖြစ် ပျောက်ကွယ်သွားတတ်လေသည်။ ပြန်သယ်ချင်လျှင်ပင် မရနိုင်ပေ။ ယခုမူ သူတို့မှာ ကြိုတင်ပြင်ဆင်ထားခဲ့ကြမှန်း သူနားလည်သွားလေပြီ။
"ဟူး... ဒါက တကယ်ကို မလွယ်ကူခဲ့ပါဘူး"
ထိုစဉ်တုန်းက လူတိုင်းသည် မိမိတို့၏ဂိုဏ်းချုပ် ရှိနေသေးလားမသိရဘဲ သေခြင်းတရားကို ရင်ဆိုင်ရန် ဆုံးဖြတ်ချက်များဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေးလိုက်မိသည့်အခါ... ၎င်းက တကယ့်ကို ဝမ်းနည်းစရာကောင်းပြီး သူရဲကောင်းဆန်လှပေသည်။
အသက်ပြန်သွင်းခြင်းဆိုသည်မှာ သူ့အတွက်တော့ သာမန်အတတ်ပညာတစ်ခုသာ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ့စိတ်မှာ တည်ကြည်လေးနက်နေခဲ့သည်။ သူသည် နောက်ထပ် အကာအကွယ်အတားအဆီးအချို့ကို ထပ်မံပြုလုပ်လိုက်ပြီးနောက် ပထမဆုံးသေတ္တာကို ဂရုတစိုက်ဖြင့် လေးနက်စွာဖွင့်လိုက်သည်။ သူ့ရှေ့မှောက်တွင် ပေါ်ထွက်လာသည်မှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်နေသော ဖြတ်တောက်ခံထားရသည့် လက်ညှိုးတစ်ချောင်းပင်။ အရာရာတိုင်းမှာ ထိုစဉ်တုန်းကအတိုင်း ရှိနေဆဲဖြစ်ကာ လက်ညှိုး၏ အောက်ခြေတွင် သွေးစီးကြောင်းများ ရှိနေဆဲပင်။ မိစ္ဆာလက်နက်၏ ချိပ်ပိတ်ခြင်းကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ယခင်က ငြိမ်သက်နေခဲ့သော သွေးများမှာ ပြန်လည်စီးဆင်းလာခဲ့တော့သည်။
"ဒါက စီနီယာအစ်မ ယင်..."
သူ့နောက်ကွယ်တွင်၊ ရှန်ထိုက်၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် လွှတ်ခနဲပြောလိုက်မိသော်လည်း မိုချန်က လက်ဝေ့ယမ်းကာ သူ့ကို ချက်ချင်းတားဆီးလိုက်သည်။ သူသည် အပြင်ဘက်မှ သေးငယ်သော နှောင့်ယှက်မှုလေးတစ်ခုကပင် အသက်ပြန်သွင်းခြင်း အောင်မြင်မှုကို ထိခိုက်စေနိုင်မလားဆိုသည်ကို မသေချာပေ။
ထိုဖြတ်တောက်ခံထားရသည့် လက်ညှိုးကိုကြည့်ရင်း အစ်ကိုကြီးချန်သည် အသက်ပြန်သွင်းခြင်း အတတ်ပညာကို နှိပ်လိုက်တော့သည်။
ပစ်မှတ်- ယင်းရွှယ်အာ
ကျင့်ကြံခြင်းအဆင့်- အဆင့်ခြောက် မိစ္ဆာဘုရင်
အခြေအနေ- သေဆုံး
သေဆုံးခဲ့သည့်အချိန်- လွန်ခဲ့သော ရက်ပေါင်း ၂၅,၆၈၀,၁၃၄,၁၈၀ က
အသက်ပြန်သွင်းရန် လိုအပ်သော ကံကြမ္မာအမှတ်- ၇၄,၅၅၄
သေဆုံးခဲ့သည့်အချိန်ကာလ ပိုကြာလေ လိုအပ်သောအမှတ် ပိုများလေဖြစ်သည်။ သူ ယခင်က အသက်ပြန်သွင်းပေးခဲ့ဖူးသော ပစ်မှတ်များမှာ အလွန်ဆုံးရှိမှ သေဆုံးခဲ့သည်မှာ တစ်နာရီခန့်သာ ကြာသေးသဖြင့် ၎င်းက အလွန်သက်သာလှပြီး အမှတ်ရာဂဏန်းသာ ကုန်ကျခဲ့၏။ ဤအကြိမ်တွင် သူက အမြန်တွက်ချက်ကြည့်လိုက်ရာ ယင်းရွှယ်အာသည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက သေဆုံးခဲ့ဖြစ်သဖြင့် သူမသည် အစောဆုံးအုပ်စုထဲမှ ဖြစ်နိုင်ပေသည်။ ထို့ပြင် သူမ၏ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားလှပေသည်။
ကံကြမ္မာအမှတ် ၇၀,၀၀၀ ကျော်ဆိုသည်မှာ အတိတ်တုန်းက အမှတ် ဘီလီယ ခုနစ်သိန်းနှင့် ညီမျှသဖြင့် ထိတ်လန့်စရာကောင်းပေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဤကံကြမ္မာအမှတ်ပမာဏကို တတ်နိုင်သေးသည်။ သူသည် ဝူကျိဂူဗိမာန်၌ ဖြစ်ပွားခဲ့သောတိုက်ပွဲမှရရှိခဲ့သည့် အဆင့်ခုနစ်အောက် အင်မော်တယ်လက်နက်များအပြင် အလယ်အဆင့်နှင့် အဆင့်နိမ့် အင်မော်တယ်ရတနာအားလုံးကို အရင်ဆုံး ကံကြမ္မာအမှတ်အဖြစ် ပြောင်းလဲလိုက်သည်။ နောက်ဆုံးတွင်၊ သူသည် ကံကြမ္မာစွမ်းအား ၉၂.၄ သန်း ရရှိခဲ့၏။
ထို့နောက်တွင် သူသည် ချက်ချင်း အသက်ပြန်သွင်းရန်ကို နှိပ်လိုက်တော့သည်။
ဖြတ်တောက်ခံထားရသည့် လက်ညှိုးမှနေ၍ အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီးနောက် အလွန်တရာတောက်ပလှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ယခင်က အသက်ပြန်သွင်းခြင်းများနှင့်မတူဘဲ ခန္ဓာကိုယ်မှာ မပြည့်စုံခြင်းကြောင့်ဖြစ်နိုင်ပေသည်... ဤအကြိမ်တွင် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုမှာ ကြီးမားလှ၏။ ယင်းရွှယ်အာ၏ ခန္ဓာကိုယ်မှနေ၍ ချောမွေ့လှသော လက်မောင်းတစ်ခု စတင်ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အစ်ကိုကြီးချန်သည် နောက်ထပ် သီးခြားခွဲထုတ်သည့် အကာအကွယ်အတားအဆီးတစ်ခုကို အလျင်အမြန်ပင် တည်ဆောက်လိုက်တော့သည်။ ပြည့်စုံသောရုပ်အလောင်းမရှိဘဲ အသက်ပြန်ရှင်လာကြသူများသည် အဝတ်မပါဗလာကျင်းနေတတ်မှန်း သိရှိခဲ့ခြင်းကြောင့်ပင်။ ကိုယ်တိုင်ကြုံခဲ့ရသည်လေ။
သူ့အနေဖြင့်မူ အသက်ပြန်သွင်းခြင်းအတွက် မလွှဲမရှောင်သာကြည့်ရှုရခြင်းက အဆင်ပြေသော်လည်း ရှန်ထိုက်၊ ဝေမြောင်နှင့် အင်မော်တယ်မိုတို့က မမြင်တာအကောင်းဆုံးဖြစ်လိမ့်မည်။ ၎င်းက အလွန်အမင်း အဆင်မပြေဖြစ်ရလိမ့်မည်...
လက်မောင်းတစ်ခုလုံး ပြန်လည်တည်ဆောက်ပြီးသွားသည့်အခါမှသာ အသက်ပြန်သွင်းခြင်းသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ဆက်လက်ပျံ့နှံ့သွားတော့သည်။ တစ်မိနစ် ကြာမြင့်ပြီးနောက် ယင်းရွှယ်အာ၏ ဦးခေါင်းပိုင်းမှာ ပြန်လည် ပြည့်စုံသွားလေပြီ။ သေးငယ်သော နှာခေါင်းလေး၊ နုနယ်လှသော ပါးပြင်များနှင့် ရေတံခွန်ကဲ့သို့ ဆံနွယ်များဖြင့် သူမသည် ယခင်တုန်းကအတိုင်း သူမ၏ငယ်ရွယ်နုပျိုပြီး လှပသောအသွင်အပြင်ကို ထိန်းသိမ်းထားဆဲပင်။ သို့သော်လည်း ယခုအချိန်တွင် သူမသည် မျက်ဝန်းများကို တင်းကျပ်စွာပိတ်ထားဆဲဖြစ်ကာ သေဆုံးနေသည့် အခြေအနေ၌သာ ရှိနေသေးသည်။ သုံးမိနစ်ကြာမြင့်ပြီးနောက်တွင် သူမ၏ နောက်ဆုံး ခြေချောင်းလေးပင် ပြည့်စုံသွားလေပြီ။
ထို့နောက်တွင် သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း နွေးထွေးလာခဲ့ကာ အသက်ရှူသံများပါ ထွက်ပေါ်လာတော့သည်။ အစ်ကိုကြီးချန်သည် သူမ၏ ရှည်လျားလှသော မျက်တောင်လေးများ တုန်ခါလာပြီး ကြယ်ပွင့်များကဲ့သို့ တောက်ပလှသော မျက်ဝန်းများက အရောင်အဝါများ ပြန်လည်ရရှိလာသည့်အချိန်အထိ သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့မိသည်။
"ပြန်လည် ကြိုဆိုပါတယ်"
သူက သူမကို ပြုံးရင်း လက်ဝေ့ယမ်းပြလိုက်သည်။
ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ယင်းရွှယ်အာသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့အပြေးအလွှား ခုန်အုပ်လိုက်တော့သည်။
"ဂိုဏ်းချုပ်"
"ဝါး... ဂိုဏ်းချုပ် ဘာလို့ ဒီမှာရှိနေရတာလဲ"
"ကျွန်မ သေသွားခဲ့တာ မဟုတ်ဘူးလား"
"ဪ... ဟုတ်သားပဲ၊ ဂိုဏ်းချုပ်က ကျွန်မကို အသက်ပြန်သွင်းပေးခဲ့တာကိုး။ ဝါး... ဂိုဏ်းချုပ်ကို တကယ်ပဲ အရမ်းလွမ်းနေခဲ့တာပါ..."
"ဒီနှစ်တွေအများကြီးအတွင်းမှာ ဂိုဏ်းချုပ် ဘယ်တွေကိုရောက်နေခဲ့တာလဲ"
ဤဆက်တိုက်ထွက်ပေါ်လာသော မေးခွန်းများကြောင့် အစ်ကိုကြီးချန်မှာ ဘယ်ကနေ စတင်ဖြေကြားရမှန်း မသိတော့ပေ။ ထို့အပြင် သူမ၏ သေးငယ်သော လက်သီးဆုပ်လေးများကလည်း သူ့အပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာသေးသည်။ ယင်းရွှယ်အာနှင့် သူ၏ဆက်ဆံရေးမှာ အလွန်အမင်း ရင်းနှီးပြီးသားဖြစ်သဖြင့် အချိန်အများစုတွင် အထက်လူကြီးနှင့် လက်အောက်ငယ်သားဟူ၍ ခွဲခြားထားခြင်းမရှိပေ။ ထို့ကြောင့် ထိုနောက်ဆုံးစကားလုံးမှာ အတော်လေး ရိုသေမှုမရှိသကဲ့သို့ ဖြစ်နေပါစေဦးတော့ သူသည် ပြုံပြနိုင်ခဲ့၏။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒါ ငါ့အပြစ်ပါပဲ။ အဲဒီ ကုသခြင်းအပိုင်းက နည်းနည်းလေးပိုပြီး ကြာမြင့်သွားခဲ့လို့ပါ..."
"ဒါက နည်းနည်းလေးပဲကြာသွားတာ ဟုတ်လို့လား"
ထိုအလှပဂေးမလေးသည် ဒေါသတကြီးဖြင့် စွပ်စွဲပြောဆိုနေစဉ်မှာပင် သူမ၏ လက်မောင်းများသည် သူ့လည်ပင်းကို တင်းကျပ်စွာဖက်တွယ်ထားခဲ့ပြီးဖြစ်ကာ သူမ၏ ပေါ့ပါးလှသော ခန္ဓာကိုယ်တစ်ခုလုံးကို သူ့အပေါ်သို့ ချိတ်ဆွဲထားခဲ့သည်။
"နှစ်ပေါင်းသန်းသုံးဆယ်ကျော်သွားပြီလေ"
"ငါတို့တွေ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရလဲဆိုတာ ဂိုဏ်းချုပ်သိရဲ့လား"
"ဂိုဏ်းချုပ် ကျွန်မတို့ကို ဒီလောက်အထိ ရက်ရက်စက်စက် လှည့်စားခဲ့တာ၊ ဝါး... ဂိုဏ်းချုပ် ကျွန်မတို့ကို ပြန်ပြီးအစားပေးရမယ်..."
အစ်ကိုကြီးချန်သည် စိတ်ထဲမှနေ၍ ၎င်းက အမှန်စင်စစ် နှစ်ပေါင်းသန်းတစ်ရာရှိသွားခဲ့ပြီဖြစ်ကြောင်း တွေးလိုက်မိသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါ အစားပေးပါ့မယ်၊ ငါ ပြန်ပြီး အစားပေးပါ့မယ်..."
"မင်း အရင်ဆုံး အဝတ်အစားတွေ ဝတ်လိုက်ပါဦး။ ဒီမှာ အခုထိ အသက်ပြန်မသွင်းရသေးတဲ့ အခြားလူတွေ ရှိနေသေးတယ်လေ"
ထိုအခါမှသာ ယင်းရွှယ်အာသည် သူ့အပေါ်မှ ဆင်းလိုက်တော့သည်။ သူမသည် အစ်ကိုကြီးချန် ဖန်တီးပေးလိုက်သော အဝတ်အစားများကို ယူဆောင်ကာ အနည်းငယ်မျှ ပျာယာခတ်ခြင်းမရှိဘဲ ယဉ်ကျေးသိမ်မွေ့စွာဖြင့် တဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်၏။ သူမသည် အဝတ်အစား ဝတ်ဆင်နေစဉ်မှာပင် အစ်ကိုကြီးချန်ကို မေးမြန်းလိုက်သည်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် ခုနက တမင်တကာလုပ်တာ မဟုတ်လား"
အစ်ကိုကြီးချန်က အနေသလိုဟန်ဆောင်လိုက်သည်
"ငါ ဘာကို တမင်တကာလုပ်လို့လဲ"
"ဟိဟိ၊ ကျွန်မ လှလား"
"လှတာပေါ့၊ အနှိုင်းမဲ့အောင် လှပပါတယ်"
ယင်းရွှယ်အာ၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်
"ဒါဆို ဂိုဏ်းချုပ် အရာရာကိုမြင်တွေ့သွားခဲ့ပြီဆိုတော့၊ ဂိုဏ်းချုပ် တာဝန်ယူရမယ် မဟုတ်ဘူးလား"
"အဟွတ်..."
အစ်ကိုကြီးချန်သည် စိတ်မသက်မသာဖြင့် သူ့နှာခေါင်းကိုပွတ်လိုက်မိသည်
"ငါတို့တွေအားလုံးက ရိုးရာကျင့်ထုံးတွေရဲ့ ချုပ်နှောင်ခြင်းကို မခံယူကြတဲ့ ဇာတ်လိုက်တွေပဲလေ။ ယောကျာ်းနဲ့ မိန်းမကြားက အကွာအဝေးကို ဒီလောက်အထိ အသေအချာ သတ်မှတ်နေဖို့မလိုဘူး မဟုတ်လား။ ဒါ့အပြင်၊ ခုနက အခြေအနေကလည်း အလွန်အမင်း အရေးကြီးနေလို့ပါ"
ယင်းရွှယ်အာက ခေါင်းညိတ်လိုက်သည်
"ဒါဆိုလည်း ပြီးတာပါပဲ။ ဒါက ဘာမှမဟုတ်ဘူးဆိုတော့၊ ငါပြန်ရောက်တဲ့အခါ စီနီယာအစ်မကျိကို သွားပြောပြလိုက်မယ်... ပြီးရင် အနာဂတ်မှာ လန်ယီကိုလည်း သွားပြောပြဦးမယ်"
အစ်ကိုကြီးချန် ချက်ချင်းပင် ပျာယာခတ်သွားခဲ့ရသည်
"ဟေး၊ ဟေး၊ ဒါက လွန်လွန်းနေပြီနော်။ ဒါက တကယ့်ကို အကျပ်ကိုင်တာပဲ"
"တဟီးဟီး၊ ငါ ဂိုဏ်းချုပ်ကို ခြောက်လှန့်လိုက်ရုံသက်သက်ပါ"
"ဒါပေမဲ့၊ အကယ်၍ သူတို့တွေသာ သဘောတူကြမယ်ဆိုရင်၊ ငါကတော့ မိန်းမအမြောက်အမြားက လင်တစ်ယောက်တည်းကို ပြုစုရတာကို စိတ်မရှိပါဘူး"
စကားပြောပြီးနောက်၊ သူမသည် အစ်ကိုကြီးချန်ထံသို့ အနမ်းတစ်ခုပင် ပေးလိုက်သေးသည်။