← Chapters

အခန်း ၉၁၇

Vol. 62 Ch. 917

အခန်း ၉၁၇

Vol. 62 Ch. 917

အခန်း (၉၁၇) ကပ်ဘေးအတွင်းမှ မွေးဖွားလာသော အသင်္ချေ တာအို နည်းစနစ်များ

ဤတစ်ကြိမ်တွင်မူ အစစ်အမှန်သိုင်းကမ္ဘာ၏ စွမ်းအားများကို ဆွဲယူရန်အတွက် အစစ်အမှန်သိုင်းကမ္ဘာနှင့် သူ၏ အကြား ဆက်သွယ်မှုကို သူ အသက် မသွင်းခဲ့ချေ။ အကြောင်းမူကား ယခင်က သူ ကပ်ဘေး ဖြတ်ကျော်ခဲ့စဉ် ကနှင့် မတူဘဲ ဤကောင်းကင်မိုးကြိုး ကပ်ဘေးသည် အလွန်တရာ အစွမ်းထက်လှသော်ငြား ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ၏ အာရုံခံနိုင်စွမ်းကို ကာကွယ်ပေးနိုင်စွမ်း မရှိသောကြောင့် ပင်တည်း။

သို့သော် စစ်မြေပြင်နယ်မြေ အတွင်း၌ နယ်မြေများ ပင်လယ်၏ စည်းမျဉ်းများ ကိန်းအောင်း နေနှင့်ပြီး ဖြစ်ရာ နယ်မြေများ ပင်လယ်၏ စွမ်းအားကိုမူ ကောင်းကင်မိုးကြိုး ကပ်ဘေး အတွင်းသို့ ပေါင်းထည့် အသုံးပြုနိုင်၏။ နင်ချီသည် စည်းမျဉ်း စွမ်းအားများကို ကြိုးကိုင် ခြယ်လှယ်လိုက်သည်နှင့် တစ်ပြိုင်နက်... မျက်စိတစ်မှိတ် အတွင်းမှာပင် စစ်မြေပြင်နယ်မြေ တစ်ခုလုံး အတွင်းရှိ နယ်မြေများ ပင်လယ်၏ ကျန်ရစ်နေသော စည်းမျဉ်းများသည် ကောင်းကင်မိုးကြိုး ကပ်ဘေး အတွင်းသို့ တဟုန်ထိုး စုစည်း ဝင်ရောက်လာကြတော့သည်။

ကပ်ဘေး တိမ်တိုက်ကြီး တစ်ခုလုံး၏ တလက်လက် တောက်ပနေသော အလင်းရောင်များသည် ချက်ချင်းပင် မီးခိုးရောင်နှင့် သွေးနီရောင်များ ရောယှက် သွားကာ... ပို၍ ထူးဆန်း အကျည်းတန် လာပြီး လျှို့ဝှက် ဆန်းကြယ်သော အငွေ့အသက် အချို့ကိုပါ ထပ်ဆောင်း ပေးလိုက်၏။ မျက်တောင် တစ်ခတ်စာ အချိန်လေး အတွင်းမှာပင်... အောက်ဘက်ရှိ လူတိုင်းသည် ကပ်ဘေး တိမ်တိုက်ကြီး တစ်ခုလုံး၏ အတွင်း၌ နင်ချီကို ဗဟိုပြုကာ သစ်ပင် တစ်ပင်၏ အကိုင်းအခက်များအလား လျှပ်စီး ကွန်ရက်ကြီး တစ်ခုကို တည်ဆောက်ထားသည့်အလား ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

“ဂျုန်း...”

မိုးခြိမ်းသံများ နောက်တစ်ကြိမ် မြည်ဟည်းလာပြန်၏။

ထိုအသံမှာ စစ်စည်တော် ထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း တီးခတ်လိုက်သည့်အလား အလွန်တရာ လေးလံ ထိုင်းမှိုင်း နေ၏။ လျှပ်စီးများဖြင့် သွန်းလောင်းခံနေရသော နင်ချီ၏ တစ်ကိုယ်လုံးမှ ကောင်းကင် နတ်ဘုရား တစ်ပါးအလား တည်ကြည် ခမ်းနားသော အရှိန်အဝါများ ဖြာထွက်နေသည်။

သူသည် အောက်ဘက်ရှိ ဓားဘိုးဘေးကြီးနှင့် အခြားသူများကို ငုံ့ကြည့်လိုက်ပြီး...ထက်ရှ၍ လေးနက်သော အသံဖြင့် ကြေညာလိုက်၏။

“ပထမဆုံး ကပ်ဘေး...”

“ပထမဆုံး ကပ်ဘေး ဟုတ်လား...”

ဓားဘိုးဘေးကြီး၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လှုပ်သွားတော့သည်။

ဆိုလိုတာက... စောစောက ငါတို့ကို ရိုက်ခတ်သွားတဲ့ ကောင်းကင်မိုးကြိုး ကပ်ဘေး တွေက အရာမဝင်ဘူး ဆိုတဲ့ သဘောပေါ့...

နင်ချီ စကားပြောပြီး သည်နှင့် တစ်ပြိုင်နက် ကပ်ဘေး တိမ်တိုက်ကြီး တစ်ခုလုံး အတွင်းရှိ လျှပ်စီးတန်းများသည် ထူးဆန်းပြီး မျက်စိကျိန်းမတတ် စူးရှ တောက်ပလှသော အလင်းရောင် များဖြင့် စတင် လင်းလက်လာကြ၏။ သစ်ပင် တစ်ပင်၏ သရဖူအလား... လျှပ်စီးတန်းများသည် တိမ်မည်းကြီးများကို မျက်စိတစ်မှိတ် အတွင်း ထိုးဖောက် ထွက်ပေါ်လာပြီး... ကပ်ဘေး ဖြတ်ကျော်နေကြသော ဓားဘိုးဘေးကြီးနှင့် အခြားသူများ အပေါ်သို့ တဟုန်ထိုး ရိုက်ချသွားကြတော့သည်။

ဓားဘိုးဘေးကြီးနှင့် အခြားသူများသည် ကောင်းကင်ယံ သို့ မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာ အမူအရာများမှာ အလွန်တရာ တည်ကြည် လေးနက်နေကြ၏။

အကယ်၍ ယခင် ကောင်းကင်မိုးကြိုး ကပ်ဘေးသည် သူတို့ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ခဲ့သည် ဆိုပါက... ယခု ကောင်းကင်မိုးကြိုး ကပ်ဘေး ကတော့ လုံးဝ ကွဲပြား ခြားနားနေပြီတည်း။

နင်ချီ ရှိနေသရွေ့ သူတို့ အသက်ရှင် ကျန်ရစ်ရန်အတွက် နောက်ထပ် အကာအကွယ် တစ်လွှာ ပိုရလာသော်ငြား... နင်ချီသည် လုံးဝ အလျှော့ပေး လိမ့်မည် မဟုတ်ဘဲ သူတို့ကို အရိုးထဲထိတိုင်အောင် အစွမ်းကုန် သွေးပေးလိမ့်မည် ဖြစ်ကြောင်း သေချာလှသည်။

သို့သော် အောက်ဘက်မှ စောင့်ကြည့်နေသူများ အတွက်မူ ဤသည်မှာ အတိုင်းမသိ ကြီးမားလှသော အခွင့်အရေးကြီး တစ်ခု ပင် ဖြစ်တော့၏။ ရေတွက်၍ မရနိုင်သော လူများစွာ၏ မနာလို ငြူစူသော အကြည့်များ ကြားတွင်ပင်... ကောင်းကင်ယံမှ လျှပ်စီးတန်း တစ်ခုသည် ထက်ရှသော တာအို ဓားတစ်လက် အလား တဟုန်ထိုး ကျဆင်းလာပြီး... ကပ်ဘေး ဖြတ်ကျော်နေကြသော ဓားဘိုးဘေးကြီးနှင့် အခြားသူများကို မျက်စိတစ်မှိတ် အတွင်း ရိုက်ခတ်သွား၏။ လျှပ်စီးတန်း တစ်ခုစီတိုင်းသည် လူ့လက်မောင်း တစ်လုံးစာခန့် ထူထဲနေသော်ငြား အလွန်တရာ သိပ်သည်း ကျစ်လျစ် နေသည်။

တစ်ချက် အာရုံစိုက်လိုက်ရုံ ဖြင့်ပင် လူတိုင်း၏ ကျောရိုးထဲသို့ စိမ့်ခနဲ အေးစက်သွားစေပြီး တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်း များပင် ထသွားစေတော့၏။

ဘုရားရေ... ဒါကိုများ ကောင်းကင် ကပ်ဘေး လို့ ခေါ်ရတာလား... ။

ယခင်က ဖန်ချန် ကြိုးကိုင် ခြယ်လှယ်ခဲ့သော ကောင်းကင်မိုးကြိုး ကပ်ဘေးသည် စံသတ်မှတ်ချက် တစ်ခု အနေဖြင့် သာမန် ပေါင်းစပ် ကောင်းကင်မိုးကြိုး ကပ်ဘေး၏ အရွယ်အစား မျှသာ ရှိခဲ့ပြီး အရည်အသွေး ပိုင်းတွင် အနည်းငယ်မျှ ပိုမို အစွမ်းထက်သည်။ သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။

လက်မောင်း တစ်လုံးစာခန့် ထူထဲသော လျှပ်စီးတန်းများတွင် ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရား စွမ်းရည်များ ကိန်းအောင်းနေပြီး ၎င်းတို့၏ အရည်အသွေးမှာ ဖန်ချန် ကြိုးကိုင် ခြယ်လှယ်ခဲ့သော လျှပ်စီးများထက် အဆင့် တစ်ဆင့် ပိုမို မြင့်မားနေကြောင်း ရှင်းလင်းစွာ သိသာနေပေ၏။

လူတိုင်းသည် အကြီးအကျယ် အံ့အားသင့် မှင်သက်သွားကြရ၏။

မည်သို့ပင် ဆိုစေကာမူ... နင်ချီ ကပ်ဘေး ဖြတ်ကျော်စဉ်က အခြေအနေများကို သူတို့ မသိရှိခဲ့ကြချေ။ နင်ချီ၏ ယခင် ကပ်ဘေး ဖြတ်ကျော်မှုမှာ ပြင်ပ လူများ ထိုးဖောက် မမြင်နိုင်လောက်အောင် လျှို့ဝှက် ဆန်းကြယ် လွန်းလှပြီး... ထိုအထဲတွင် မည်သို့သော ကပ်ဘေး မိုးကြိုးများ ပါဝင်နေသနည်း ဆိုသည်ကို သူတို့ လုံးဝ မသိရှိခဲ့ကြပေ။ ထို့ကြောင့် ဤ လက်မောင်း တစ်လုံးစာခန့် ရှိသော ကောင်းကင်မိုးကြိုး ကပ်ဘေး ကပင် ကောင်းကင်မိုးကြိုး ကပ်ဘေးနှင့် ပတ်သက်၍ သူတို့၏ နားလည် သဘောပေါက်မှုများကို အသစ်တဖန် ပြန်လည် ရေးဆွဲပေးလိုက်ပြီ ဖြစ်၏။

သူတို့ မသိရှိခဲ့သည့် အချက်မှာ... နင်ချီ၏ ပထမဆုံး ကပ်ဘေးမှာ ရေစည်ပိုင်း ကြီး တစ်လုံးစာခန့် ထူထဲနေခဲ့သည် ဆိုသည့် အချက်ပင် ဖြစ်တော့သည်။

လူ့ လက်မောင်း တစ်ဖက်စာခန့် ထူထဲသော လျှပ်စီးတန်းများသည် ဓားဘိုးဘေးကြီးနှင့် အခြားသူများကို ရိုက်ခတ်သွားပြီး ဧရာမ မြွေကြီး တစ်ကောင်အလား သူတို့ကို အရှင်လတ်လတ် ဝါးမျိုသွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပင်... သူတို့၏ အဝတ်အစားများနှင့် အသားစများ အားလုံးသည် မိုးကြိုးများဖြင့် ခြစ်ထုတ် ဖယ်ရှားခံလိုက်ရသည့်အလား ပြောင်စင်သွားတော့၏။ သို့သော် လူတိုင်းသည် ဤကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် ခိုင်မာသော ဆုံးဖြတ်ချက် များဖြင့် တိတ်ဆိတ်စွာ ကြိတ်မှိတ် သည်းခံနေကြသည်။

ရုတ်တရက် အောက်ဘက်မှ အံ့အားသင့် အော်ဟစ်သံ အချို့ ထွက်ပေါ်လာ၏။

ကောင်းကင်မိုးကြိုး ကပ်ဘေး ဆိုသည်မှာ အောက်သို့ ရိုက်ခတ်ပြီးသည်နှင့် ပြီးဆုံးသွားသော အရာ မဟုတ်ကြောင်းကို လူတိုင်း နားလည် သဘောပေါက်သွားကြသည်။

ကပ်ဘေး မိုးကြိုးများသည် ကပ်ဘေး တိမ်တိုက်ကြီးများမှ ပျောက်ကွယ် သွားခြင်း မရှိပေ။ ၎င်းတို့ အတွင်း၌ ပါဝင်သော စွမ်းအင် စည်းမျဉ်းများသည် ဆက်လက် တည်ရှိနေပြီး... သူတို့ကို လျှပ်စီးတန်းများ အသွင်ဖြင့် အဆက်မပြတ် ရစ်ပတ် လွှမ်းခြုံထားဆဲ ဖြစ်၏။

ဤအခိုက်အတန့်တွင် ဓားဘိုးဘေးကြီးနှင့် အခြားသူများသည် လျှပ်စီးများဖြင့် ဆေးကြောခံနေရသော အရိုးစုများ သက်သက်သာ ဖြစ်နေကြပြီး... မီးကင်ထားသော အမဲရိုးများအလား တရှဲရှဲ မြည်ဟည်းနေကြသည်။

သေချာသည်ကတော့ မီးကင်ထားသော အမဲရိုး၏ အနံ့အသက် မျိုးတော့ ထွက်ပေါ်မလာခဲ့ချေ။ လူအုပ်ကြီး၏ စောင့်ကြည့်မှု အောက်တွင်... ကပ်ဘေး မိုးကြိုး ဝတ်ရုံကြီးသည် သူတို့၏ အရိုးများကို အဆက်မပြတ် သန့်စင် ဆေးကြောပေးနေပြီး... စည်းမျဉ်း အရိုးများ အဖြစ်သို့ ပြောင်းလဲ ပေးနေဟန် ရှိ၏။ မူလက သူတို့သည် ဤဒဏ်ကို ကြိတ်မှိတ် သည်းခံရန် ပြင်ဆင်ထားခဲ့ကြသော်ငြား ရုတ်တရက် အံ့အားသင့်သွားကြရ၏။ အထက်ဆီမှ နင်ချီ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

“ဘာလို့ ဒီတိုင်းကြီး ရပ်နေကြတာလဲ... ဒီ ကောင်းကင်မိုးကြိုး ကပ်ဘေး ကို မြန်မြန် စုပ်ယူလိုက်ကြလေ...”

ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီးနှင့် အခြားသူများမှာ အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်သွားကြပြီး... ကောင်းကင်မိုးကြိုး ကပ်ဘေးကို စတင် စုပ်ယူရန်အတွက် သူတို့၏ ယခင် ကျင့်စဉ် များကို ချက်ချင်း အသက်သွင်းလိုက်ကြ၏။

သူတို့သည် မတူညီသော ကျင့်စဉ် များကို ကျင့်ကြံကြသူများ ဖြစ်သဖြင့် သူတို့၏ စုပ်ယူနိုင်စွမ်း အမြန်နှုန်း များမှာလည်း ကွဲပြား ခြားနားနေကြသည်။

ဓားဘိုးဘေးကြီး၏ အမြန်နှုန်းမှာ အမြန်ဆုံး ဖြစ်ပြီး သူ့နောက်တွင် ချီခယ်ချင်းက ကပ်လျက် လိုက်နေ၏။

ဓားဘိုးဘေးကြီးသည် သူ၏ ဘဝ တစ်သက်တာလုံးကို ဓားပညာ အတွက် မြှုပ်နှံထားခဲ့ပြီး ဓားပညာ တစ်ခုတည်းကိုသာ တစ်စိုက်မတ်မတ် လေ့လာ ကျင့်ကြံခဲ့သူ ဖြစ်သည်။

အကယ်၍ မကောင်းဆိုးဝါး ချီများ၏ နှောင့်ယှက်မှု သာ မရှိခဲ့ဘူး ဆိုလျှင်... သူသည် ဓားပညာနှင့် ပေါင်းစည်းခြင်းကို သူ ကိုယ်တိုင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

ချီခယ်ချင်းမှာလည်း ယောင်ကွမ် အင်မော်တယ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် တစ်ဦး ဟူသော သူမ၏ ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှ၏။ သူမသည် ဖူယောင် နယ်မြေကို နှစ်ပေါင်း များစွာ ခြိမ်းခြောက် လွှမ်းမိုးထားနိုင်ခဲ့သူ ဖြစ်ပြီး သူမ၏ ပါရမီ စွမ်းရည် များမှာလည်း အလွန်တရာ အံ့မခန်း ဖြစ်လှပါ၏။ သို့သော် အထက်မှ ငုံ့ကြည့်နေသော နင်ချီ၏ မျက်မှောင်များမှာ တွန့်ချိုးနေဆဲ ပင်တည်း။

'သူတို့ စုပ်ယူတဲ့ နှုန်း က အရမ်း နှေးလွန်းတယ်...'

ထို့နောက် နင်ချီ၏ နဖူးပြင် တောက်ပလာပြီး သူသည် ဝိညာဉ် စွမ်းအား အမျှင်တန်း အချို့ကို တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ... အောက်ဘက်ရှိ လူတိုင်း၏ နဖူးပြင် များဆီသို့ တိုးဝင် သွားကြတော့သည်။

နင်ချီ၏ ဝိညာဉ် စွမ်းအားကို လက်ခံ ရရှိပြီးနောက် လေထဲရှိ အရိုးစု တစ်ခုစီတိုင်းသည် တဆတ်ဆတ် တုန်ခါသွားကြပြီး... တဖြန်းဖြန်း မြည်ဟည်းသံများ ထွက်ပေါ်လာကာ အကြီးအကျယ် တုန်လှုပ် အံ့အားသင့် သွားကြရ၏။

အကြောင်းမူကား နင်ချီ၏ ဝိညာဉ် စွမ်းအား ထဲမှ အလွန်တရာ အဖိုးတန်လှသော လျှို့ဝှက် နက်နဲသည့် ကျင့်စဉ် တစ်ခုကို သူတို့ မျက်စိတစ်မှိတ် အတွင်း နားလည် သဘောပေါက်သွားသောကြောင့်ပါပင်။

All Chapters