← Chapters

အခန်း ၉၁၉

Vol. 62 Ch. 919

အခန်း ၉၁၉

Vol. 62 Ch. 919

အခန်း (၉၁၉) အတိုင်းအတာ မရှိသော မကောင်းဆိုးဝါး ချီ

နင်ချီသည် အနည်းငယ်မျှပင် မကုန်ခမ်းသွားသေးသော သူ၏ ရှေ့မှောက်ရှိ ကပ်ဘေး မိုးကြိုး တိမ်တိုက်ကြီးကို တစ်ချက် အာရုံစိုက်လိုက်ပြီး ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့ဘက်သို့ လှည့်ကာ မေးလိုက်၏။

“ခင်ဗျားတို့ နှစ်ယောက် အသင့်ဖြစ်ပြီလား...”

ဓားဘိုးဘေးကြီးနှင့် ချီခယ်ချင်း တို့၏ အခြေအနေမှာ အခြားသူများထက် ပိုမို ကောင်းမွန်နေပြီး သူတို့၏ ပေါင်းစည်းခြင်း ရုပ်ခန္ဓာများမှာ အကောင်းပကတိ ရှိနေသေးသော်ငြား သူတို့ နှစ်ဦးစလုံးမှာ ဆံပင်များ လုံးဝ မရှိတော့ဘဲ ပြောင်ရှင်းနေကြလေပြီ။

ဓားဘိုးဘေးကြီး သည် သူ၏ မျက်ခုံးမွှေးများနှင့် မျက်တောင်မွှေးများကိုပင် ပြန်လည် စုစည်းရန် အာရုံမစိုက်နိုင်တော့ချေ။ သူသည် လုံးဝ ပြောင်ရှင်းနေသော သူ၏ ခေါင်းကြီးကို ပွတ်သပ်ကာ နင်ချီကို ကြည့်၍ ပြုံးဖြဲဖြဲ လုပ်လိုက်တော့၏။

“ဟေ့ကောင်လေး... နည်းနည်းလောက် လျှော့လုပ်လို့ မရဘူးလားကွ...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချီခယ်ချင်း က ပြုံးလိုက်သည်။

“အရှင်သခင် နင်... ခယ်ချင်း က နောက်ထပ် အကြိမ် အနည်းငယ်လောက် ဆက်ပြီး တောင့်ခံထားနိုင်မယ် ထင်ပါရဲ့...”

နင်ချီ သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။

“ဒသမမြောက် ကပ်ဘေး”

ဝုန်းခနဲ မြည်ဟည်းသံကြီး ပေါ်ထွက်လာသည်။

ရေတွက်၍ မရနိုင်သော စည်းမျဉ်း စွမ်းအားများ ကိန်းအောင်းနေသည့် စက်လုံးပုံသဏ္ဌာန် လျှပ်စီးတန်း နှစ်ခုသည် ကောင်းကင်မိုးကြိုး ကပ်ဘေး ထဲမှ မျက်စိတစ်မှိတ် အတွင်း ပုံပေါ်လာပြီး သူတို့ နှစ်ဦး ရှိရာဆီသို့ တဟုန်ထိုး ပျံသန်းလာကြတော့၏။

ဓားဘိုးဘေးကြီး မှာ လန့်ဖျပ်သွားရ၏။

“ဒါ... ဒါကြီးက ဘာကြီးလဲ...”

နင်ချီ က သူ့ကို ပြန်လည် ဖြေကြားမည် မဟုတ်ချေ။ ပစ်မှတ်ကို ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် သူ အလိုလို သိသွားမည်သာ ဖြစ်၏။

စက်လုံးပုံသဏ္ဌာန် လျှပ်စီး နှစ်ခုမှာ စူးရှ တောက်ပလှသော အလင်းရောင်များဖြင့် လင်းလက်နေပြီး နေနှင့် လ၏ အလင်းရောင်များ၊ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများ အားလုံး ပါဝင် ကိန်းအောင်းနေသည့်အလား သူတို့ နှစ်ဦးကို မျက်စိတစ်မှိတ် အတွင်း ရိုက်ခတ်သွားတော့သည်။

သူတို့ နှစ်ဦးစလုံးမှာ ကပ်ဘေး မိုးကြိုး စက်လုံးကြီး၏ လုံးလုံးလျားလျား ဝါးမျိုခြင်းကို ခံလိုက်ရ၏။ ဤတစ်ကြိမ်တွင်မူ ကပ်ဘေး မိုးကြိုး စက်လုံးကြီးမှာ အချိန် အတော်ကြာအောင် ကျန်ရစ်နေခဲ့ပြီး မည်သူကမျှ ထိုးဖောက် မမြင်နိုင်ကြသဖြင့် တာအို ကပ်ဘေး မည်သို့ ဖြစ်ပျက်နေသနည်း ဆိုသည်ကို သူတို့ လုံးဝ မသိရှိကြတော့ပေ။

အမွှေးတိုင် တစ်တိုင်၏ သုံးပုံတစ်ပုံစာ အချိန် ကြာမြင့်ပြီးနောက်။ ကပ်ဘေး မိုးကြိုး စက်လုံးကြီး မပျောက်ကွယ်သွားမီမှာပင် နင်ချီ သည် ကပ်ဘေး တိမ်တိုက်ကြီးများကို နောက်တစ်ကြိမ် ထပ်မံ လှုံ့ဆော်လိုက်ပြီး ကပ်ဘေး မိုးကြိုး စက်လုံးကြီး ပေါ်သို့ ကောင်းကင်မိုးကြိုး ကပ်ဘေး နှစ်ချက်ကို ထပ်မံ ရိုက်ချလိုက်တော့၏။

အမွှေးတိုင် တစ်ဝက်စာ အချိန် ကြာမြင့်ပြီးနောက်.. နင်ချီ က နောက်တစ်ကြိမ် ထပ်တိုးလိုက်ပြန်သည်။ စုစုပေါင်း အားဖြင့် နင်ချီ သည် ကောင်းကင်မိုးကြိုး ကပ်ဘေး ငါးချက်ကို ထပ်မံ ပေါင်းထည့်လိုက်လေ၏။

နင်ချီ ဘာလုပ်နေသနည်း ဆိုသည်ကို လူအုပ်ကြီးမှာ ဝေခွဲမရ ဖြစ်နေကြ၏။ ဤကဲ့သို့သော ကောင်းကင်မိုးကြိုး ကပ်ဘေး မျိုးကို သူတို့ ဘယ်သောအခါမှ မမြင်ဖူးခဲ့ကြသလို တာအို ကပ်ဘေး က ဘာလုပ်နေသနည်း ဆိုသည်ကိုလည်း လုံးဝ နားမလည်ကြချေ။

ဓားဘိုးဘေးကြီးနှင့် သူ၏ အဖော်တို့သည် ဆယ့်ငါးကြိမ်မြောက် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဟု ပြောနိုင်မည်လော။ အချုပ်အားဖြင့် ဆိုရလျှင် ချီခယ်ချင်း သည် ကပ်ဘေး မိုးကြိုး စက်လုံးကြီး ထဲမှ ပထမဆုံး ထွက်ပေါ်လာခဲ့ပါ၏။

သူမသည် နင်ချီကို အလွန်တရာ ရိုသေ လေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် အောက်ဘက်သို့ ပျံသန်း ဆင်းသက်သွားတော့သည်။

နောက်ဆက်တွဲ ကောင်းကင်မိုးကြိုး ကပ်ဘေး အတွင်း၌ တာအို ကပ်ဘေး မည်သို့ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကိုမူ မည်သူကမျှ မသိရှိကြတော့ချေ။ ဓားဘိုးဘေးကြီး မှာမူ ကပ်ဘေး ဖြတ်ကျော်ခြင်း လုပ်ငန်းစဉ် တွင် ဆက်လက် ရှိနေဆဲ ပင်တည်း။

နင်ချီ သည် ဓားဘိုးဘေးကြီး ၏ ကပ်ဘေး မိုးကြိုး စက်လုံးကြီး အပေါ်သို့ ကောင်းကင်မိုးကြိုး ကပ်ဘေး သုံးခုကို ထပ်မံ ပေါင်းထည့်ပေးလိုက်၏။

နောက်ဆုံးတွင် တစ်ဆယ့်ရှစ်ကြိမ်မြောက် ကောင်းကင်မိုးကြိုး ကပ်ဘေး အပြီး၌ ဓားဘိုးဘေးကြီး သည် ကပ်ဘေး မိုးကြိုး စက်လုံးကြီးကို အပိုင်းပိုင်းအစစ ရိုက်ခွဲပစ်လိုက်တော့သည်။ သူ၏ နဖူးပြင် အထက်၌ ကောင်းကင် မျက်လုံး တစ်လုံး ပွင့်လာသည့်အလား ရှိနေပါ၏။ ရေတွက်၍ မရနိုင်သော မီးခိုးနက်ရောင် မကောင်းဆိုးဝါး ချီများသည် ထို ကောင်းကင် မျက်လုံး ထဲမှ အဆက်မပြတ် ဆွဲထုတ်ခံနေရပြီး နင်ချီ ရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားကြတော့သတည်း။

ကောင်းကင်ယံ အထက်တွင် ကပ်ဘေး တိမ်တိုက်ကြီးများမှာ လွင့်စင် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ သို့သော် ကပ်ဘေး ဖြတ်ကျော်နေသူများ အားလုံးမှာမူ သူတို့၏ ကပ်ဘေးများကို အောင်မြင်စွာ ကျော်ဖြတ်ပြီးစီးသွားကြပြီ ဖြစ်၏။

လျှပ်စီး မိုးကြိုး စက်လုံးကြီးကို ခွဲထွက်ကာ အပြင်ဘက်သို့ ရောက်ရှိလာသော ဓားဘိုးဘေးကြီးကို လူတိုင်းက အံ့အားသင့် မှင်သက်စွာဖြင့် စူးစိုက် ကြည့်နေကြတော့သည်။ ဓားဘိုးဘေးကြီး၏ နဖူးပြင် အထက်၌ ငါးရောင်ခြယ် နတ်ဘုရား စည်းမျဉ်း စွမ်းအား အကွင်းအဝိုင်းလေး တစ်ခုက အလိုအလျောက် ကွာကျလာပြီး ပန်းပွင့်ဖတ်လေးများ အလား လွင့်စင် ပျောက်ကွယ်သွား၏။

ဤ အခိုက်အတန့်တွင် အဆုံးအစမဲ့သော မီးခိုးနက်ရောင် မကောင်းဆိုးဝါး ချီများသည် ရေတံခါး ဖွင့်ချလိုက်သည့်အလား ကောင်းကင်ယံရှိ ကောင်းကင်မိုးကြိုး ကပ်ဘေး များဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြတော့သည်။ ဓားဘိုးဘေးကြီး၏ မျက်နှာ အမူအရာမှာ နာကျင်နေဟန် ရှိသလို ရှင်းလင်း ကြည်လင်နေဟန် လည်း ရှိ၏။ ရုတ်တရက် သူ၏ မျက်ခုံး ကြားရှိ ကောင်းကင် မျက်လုံး မှနေ၍ တစ်ပိုင်း ဖောက်ထွင်း မြင်ရသော ဓားစိတ်ဆန္ဒဓား တစ်လက် ပျံထွက်လာတော့သည်။

“ချွင်...”

ဤ ဓားစိတ်ဆန္ဒ ဓားပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထို နေရာရှိ လူတိုင်းသည် ဟင်းလင်းပြင် နေရာလွတ် အတွင်းမှ ပြိုင်ဘက်ကင်းသော ဓားစိတ်ဆန္ဒ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်ကို ခံစားလိုက်ကြရ၏။ ဓား ကျင့်ကြံသူ အများအပြား ၏ ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသော မှော် ဓားများ မှာလည်း ဓားစိတ်ဆန္ဒ ဓားကို တုံ့ပြန်သည့် အနေဖြင့် တချွင်ချွင် မြည်ဟည်းလာကြပြီး သူတို့၏ လက်ထဲမှ ပျံထွက်သွားတော့မည့်အလား ဖြစ်နေတော့၏။

All Chapters