အခန်း ၉၂၁
Vol. 62 Ch. 921
အခန်း (၉၂၁) အတိုင်းအတာ မရှိသော မကောင်းဆိုးဝါး ချီ
ကောင်းကင်မိုးကြိုး ကပ်ဘေး သည် မကောင်းဆိုးဝါး ချီများ အပေါ် သက်ရောက်မှု မရှိရုံ သာမက... နင်ချီ ၏ အာရုံခံစားမှု အရ ၎င်းသည် ကောင်းကင်မိုးကြိုး ကပ်ဘေး နှင့် လျင်မြန်စွာ လိုက်လျော ညီထွေ ဖြစ်သွားပြီး ကောင်းကင်မိုးကြိုး ကပ်ဘေး ၏ စွမ်းအား များကို တိတ်တဆိတ် စုပ်ယူကာ ဦးဆောင်မှုကို စတင် ရယူနေပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
မကောင်းဆိုးဝါး ချီများသည် ပို၍ပင် ကြီးမားလာပြီး... နောက်ဆုံးတွင် မိုးကြိုး တိမ်တိုက်ကြီးများ ၏ ထိပ်သို့ ရောက်ရှိလာတော့သည် ။ ၎င်းသည် မိုးကြိုး တိမ်တိုက်ကြီး အတွင်းသို့ ဝင်ရောက်သွားသည် နှင့် တစ်ပြိုင်နက်... မိုးကြိုး တိမ်တိုက်ကြီး တစ်ခုလုံး စတင် တုန်ခါလာတော့၏။
“ရွှတ်…”
မကောင်းဆိုးဝါး ချီများသည် သဲ့သဲ့လေး အသံ တစ်ခု ထုတ်လွှတ်လိုက်ဟန် ရှိ၏ ။ နောက်တစ်စက္ကန့် တွင်မူ မကောင်းဆိုးဝါး ချီများသည် ပြန့်ကျဲသွားပြီး မျက်စိဖြင့် မမြင်နိုင်သလောက် သေးငယ်သော အမှုန်အမွှား လေးများ အဖြစ်သို့ အသွင်ပြောင်းသွားသည့်အလား အရပ် လေးမျက်နှာ သို့ ပြန့်ကျဲသွားကာ ကပ်ဘေး တိမ်တိုက်ကြီးများ နှင့် ပေါင်းစပ် ဝင်ရောက်သွားကြတော့၏။
ဤ အခိုက်အတန့် တွင် နင်ချီ ၏ အရှေ့ရှိ ကောင်းကင်မိုးကြိုး ကပ်ဘေး ဆေးလုံးကြီး သည် အလိုအလျောက် စတင် လည်ပတ်လာပြီး မိုးကြိုး ဟိန်းဟောက်သံ များကို ဆက်တိုက် ထုတ်လွှတ်နေ၏ ။ ကောင်းကင်မိုးကြိုး ကပ်ဘေး ဆေးလုံးကြီး သည် ကောင်းကင်ယံ ၌ အဆုံးအစမဲ့သော လျှပ်စီးတန်း များကို ထုတ်လွှတ်လိုက်ပြီး ကပ်ဘေး တိမ်တိုက်ကြီးများ ကို လျင်မြန်စွာ ဖြတ်သန်း သွားလာနေသော လျှပ်စီး မြွေကောင်များ အဖြစ်သို့ အသွင်ပြောင်းသွားသည်ကိုသာ လူတိုင်း မြင်တွေ့လိုက်ကြရ၏။
"ရွှီ.."
လျှပ်စီးများ ပြည့်နှက်နေသော ကောင်းကင်ယံ တစ်ခုလုံး သည် ၎င်းနှင့် ပေါင်းစပ် ဝင်ရောက်ရန် ကြိုးစားနေသော မီးခိုးရောင် သန်းသည့် မည်းနက်သော အမှုန်အမွှား များကို တွန်းကန် ဖယ်ရှားနေကြ၏ ။ သို့သော် တစ်ဖက်လူ သည် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာသော ဗိုင်းရပ်စ် တစ်ခု အလား ဖြစ်နေပြီး... ၎င်းကို ဖယ်ရှားပစ်ရန် လုံးဝ မလွယ်ကူလှချေ။
နောက်ဆုံးတွင် နင်ချီ လှုပ်ရှားလိုက်လေပြီ ။ ကောင်းကင်ယံ ၌ ခမ်းနား ကြီးကျယ်လှသော အလိုဆန္ဒ တစ်ခု နိုးထလာပြီး ကပ်ဘေး တိမ်တိုက်ကြီးများ နှင့် ပေါင်းစပ် ဝင်ရောက်သွားသည့်အလား ရှိနေတော့၏။ နင်ချီ ၏ အလိုဆန္ဒ ပေါင်းစပ် ဝင်ရောက်သွားသည် နှင့် တစ်ပြိုင်နက်... လျှပ်စီး မိုးကြိုးများ နှင့် ပေါင်းစပ် ကာ မီးခိုးရောင် သန်းနေသည့် ဗိုင်းရပ်စ် အမှုန်အမွှား များကို အတင်းအကျပ် ဖိအားပေး ထုတ်ပစ်လိုက်၏ ။ မီးခိုးရောင် သန်းနေသည့် အမှုန်အမွှား များသည် နောက်တစ်ကြိမ် ပြန်လည် စုစည်းသွားကြပြီး... နင်ချီ အပေါ် အဆုံးအစ မရှိသော အမုန်းတရား များဖြင့် ပြည့်နှက်နေဟန် ရှိ၏။
၎င်းသည် အဆက်မပြတ် စုစည်းလိုက် ပြန့်ကျဲလိုက် ဖြစ်နေပြီး ကပ်ဘေး တိမ်တိုက်ကြီးများ အတွင်း၌ မည်သည့် ရည်ရွယ်ချက် ဖြင့်မှန်း မသိဘဲ အဆက်မပြတ် ရွေ့လျား သွားလာနေတော့သည် ။ ကိုယ်ပိုင် အလိုဆန္ဒ ရှိပုံ ရသော ဤ ထူးဆန်းသည့် သတ္တဝါ ကို နင်ချီ သည်လည်း အလွန်အမင်း စပ်စုချင်နေမိသော်ငြား အချိန်တို အတွင်းမှာတော့ ၎င်း၏ အသေးစိတ် အချက်အလက် များကို သူ နားလည် သဘောပေါက်နိုင်စွမ်း မရှိခဲ့ချေ။
မီးခိုးနက်ရောင် မကောင်းဆိုးဝါး ချီများကို လိုက်လံ ဖမ်းဆီးရန် ကောင်းကင်မိုးကြိုး ကပ်ဘေး ကို ဆက်လက် ကြိုးကိုင် ခြယ်လှယ်နေစဉ် တွင်... နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆက်သွယ်လိုက်၏ ။
“ကမ္ဘာ့အရှင်သခင်... ဒီအရာ က ဘာကြီးလဲ သိပါသလား...”
နင်ချီ အံ့အားသင့်သွားရသည်မှာ... အသိပညာ ကြွယ်ဝလှသော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ဤတစ်ကြိမ်တွင် အဖြေ မပေးနိုင်ခဲ့ခြင်း ပင်တည်း။
“ကောင်လေး... ဒီအရာကို မင်း ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ...”
နင်ချီ က ပြန်လည် ဖြေကြားလိုက်၏။
“ကျွန်တော် ဒါကို တွေ့ခဲ့တုန်းက... အကန့်အသတ်မဲ့ ဓားဂိုဏ်း က ဓားဘိုးဘေးကြီး ရဲ့ ခန္ဓာကိုယ် ထဲမှာ နှစ်ပေါင်း သောင်းချီ တိုင်အောင် ပုန်းအောင်း နေခဲ့တာပါ...”
ထိုစကားကို ကြားလိုက်ရသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည်လည်း တစ်စုံတစ်ရာကို စဉ်းစား တွေးတောနေဟန် ရှိသည်။
“ဒီအရာ က အတော်လေး ထူးဆန်းတယ်... ပြင်ပ ကနေ လာတာ မဟုတ်လောက်ဘူး... သူ ပိုပြီး အစွမ်းထက် မလာခင် မင်း သူ့ကို အမြန်ဆုံး ဖယ်ရှားပစ်သင့်တယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ သည် ညွှန်ကြားချက် အတိုင်း လိုက်နာရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
မီးခိုးနက်ရောင် မကောင်းဆိုးဝါး ချီများ သောင်းကျန်းနေစဉ် တွင်... အနီးအနား၌ ပုန်းအောင်းနေသော ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင်၏ မျက်လုံးများ အနည်းငယ် တောက်ပနေသည်ကို နင်ချီ ရော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပါ မသိရှိခဲ့ကြချေ။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် သည် စိတ်ကြိုက် စုစည်းနိုင် ပြန့်ကျဲနိုင်စွမ်း ရှိပြီး ကောင်းကင်မိုးကြိုး ကပ်ဘေး နှင့် လိုက်လျော ညီထွေ ဖြစ်ကာ ၎င်းကိုပါ စုပ်ယူနိုင်စွမ်း ရှိသော မီးခိုးနက်ရောင် မကောင်းဆိုးဝါး ချီများကို စူးစိုက် ကြည့်နေပြီး... သံသယ အရိပ်အယောင် အချို့ဖြင့် ရေရွတ်လိုက်၏။
“ဒီ မကောင်းဆိုးဝါး ချီ တွေက... ဒဏ္ဍာရီ ထဲက အတိုင်းအတာ မရှိတဲ့ မကောင်းဆိုးဝါး ချီတွေများလား…”
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် ထိုမကောင်းဆိုးဝါးချီများအကြောင်းကို များစွာသိရှိထားပုံမရသော်လည်း သူတော်စင် ဘိုးဘေးကြီး တစ်ခါကပြောပြခဲ့ဖူးသော ပုံပြင်တစ်ပုဒ်ကို ပြန်လည်သတိရသွားသည်။
နယ်မြေများပင်လယ်အတွင်း၌ ကြီးမားသော ကံကောင်းခြင်းများနှင့်အတူ ကြီးမားသော အန္တရာယ်များလည်း ရှိနေသည်။ ၎င်းတို့အနက် 'အတိုင်းအတာမရှိသော မကောင်းဆိုးဝါးချီ' ဟုခေါ်သော အလွန်တရာထူးဆန်းသည့် မကောင်းဆိုးဝါးချီတစ်မျိုး ရှိနေပေ၏။ ၎င်း၏မွေးရာပါ ဖျက်ဆီးနိုင်စွမ်းသည် ဝိညာဉ်ကမ္ဘာတစ်ခုလုံး၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
'အတိုင်းအတာမရှိ' ဆိုသည်မှာ ဤမကောင်းဆိုးဝါးသတ္တဝါသည် မိမိကိုယ်ကိုပိုမိုအားကောင်းလာစေရန် စွမ်းအင်ပုံစံအမျိုးမျိုးကို အဆက်မပြတ်စုပ်ယူနိုင်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် ၎င်းသည် မိစ္ဆာတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပါက ဘယ်သောအခါမှ အမြစ်ပြတ်အောင် ဖျက်ဆီး၍မရနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် သူတော်စင် ဘိုးဘေးကြီးထံမှ ကြားဖူးခဲ့သော ထိုပုံပြင်မှာ အမှန်တကယ်ဟုတ်မဟုတ် မသေချာသော်လည်း နင်ချီနှင့် ရင်ဆိုင်နေရသော ထိုမကောင်းဆိုးဝါးချီမှာ 'အတိုင်းအတာမရှိသော မကောင်းဆိုးဝါးချီ' နှင့် အတော်လေးဆင်တူနေသည်ဟု ခံစားနေရ၏။
အကယ်၍ ၎င်းမှာ ထိုအရာသာ အမှန် ဖြစ်ခဲ့ပါက တောင်နှင့်ပင်လယ်ကမ္ဘာ၏ ရန်သူ ဖြစ်နေသော်ငြား နင်ချီ့အနေဖြင့် ၎င်းကို လုံးဝအမြစ်ပြတ်အောင် ဖျက်ဆီးနိုင်ပါစေဟု သူမျှော်လင့်မိတော့သည်။ သို့မဟုတ်ပါက တစ်နေ့တွင် ထိုအရာသည် ဝိညာဉ်ကမ္ဘာနှစ်ခုလုံး၏ တည်ရှိမှုကို ထိခိုက်လာမည်ပင်။
ဝိညာဉ်ကမ္ဘာနှစ်ခုသည် စစ်ပွဲများဆင်နွှဲနေကြသော်လည်း တစ်ခုနှင့်တစ်ခု အပြီးတိုင်ဖျက်ဆီးနိုင်ခြင်း မရှိနိုင်သော်ငြား အကယ်၍ ၎င်းမှာ အတိုင်းအတာမရှိသော မကောင်းဆိုးဝါးချီသာ အမှန်ဖြစ်ခဲ့ပါက ဝိညာဉ်ကမ္ဘာတစ်ခုလုံးမှာ ၎င်းကြောင့်ပင် ပျက်စီးသွားနိုင်သည်။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်သည် ကောင်းကင်ယံကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေ၏။
ကံကောင်းထောက်မစွာဖြင့် နင်ချီသည် အလွန်အမင်း အသုံးဝင်နေခဲ့သည်။ သူသည် နင်ချီက ကပ်ဘေးတိမ်တိုက်များ၏ စွမ်းအားကို အပြည့်အဝလှုံ့ဆော်လိုက်ပြီး တစ်ခါတစ်ရံတွင် ပြိုကျလာသော လှိုင်းလုံးကြီးများအလား၊ တစ်ခါတစ်ရံတွင် မြင့်မားသော တောင်တန်းကြီးများအလား အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးရန်ကြိုးစားနေသော မကောင်းဆိုးဝါးချီများကို အဆက်မပြတ် ဖိနှိပ်နေသည်ကို မြင်တွေ့နေရ၏။
ဓားဘိုးဘေးကြီးပင်လျှင် သူ၏ကိုယ်တွင်းရှိ ထိုမကောင်းဆိုးဝါးချီမှာ ဤမျှအထိ ဒုက္ခပေးနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ ယခုခေတ် နင်ချီပင်လျှင် ၎င်းကို လွယ်ကူစွာ မအနိုင်ယူနိုင်ခဲ့ပေ။ ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက်တွင်မှ နင်ချီသည် နောက်ဆုံး၌ ထိုမကောင်းဆိုးဝါးချီကို ပိတ်လှောင်နိုင်ခဲ့၏။
သူ၏မျက်လုံးများကို မှိတ်လိုက် ဖွင့်လိုက်လုပ်လိုက်ရာ မိစ္ဆာခွင်းရွှေရောင်မျက်လုံးများပွင့်လာပြီး ထိုမီးခိုးနက်ရောင် မကောင်းဆိုးဝါးချီထုကြီးကို စူးစိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးများ၏ အမြင်အရ နင်ချီသည် တစ်စုံတစ်ခုကို ထူးခြားစွာခံစားလိုက်ရသော်လည်း အတိအကျဖော်ပြရန်ခက်ခဲလှသည့် လျှို့ဝှက်ဆန်းကြယ်သော အသိတစ်ခုကို ရရှိလိုက်၏။ ဤအရာသည် သူ့အတွက် အလွန်အသုံးဝင်လာလိမ့်မည်ဟု အကြောင်းပြချက်မရှိဘဲ ခံစားနေမိတော့သည်။
ရုတ်တရက် နင်ချီသည် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေတွင် သူ ရရှိခဲ့သော ရွှေရောင်သော့လေးကို သတိရသွားသည်။ သူသည် ထိုသော့ကို ဓားဘိုးဘေးကြီးအား ပြသခဲ့စဉ်ကပင် ၎င်းသော့၌ ထိုမကောင်းဆိုးဝါးချီကို ခြိမ်းခြောက်နိုင်သော စွမ်းအားရှိကြောင်း သိခဲ့ရဖူးသည်။
၎င်းကို သတိရသွားသည်နှင့်တစ်ပြိုင်နက် နင်ချီသည် စိတ်အာရုံကို သိုလှောင်ရေးဟင်းလင်းပြင်နှင့် ချိတ်ဆက်ကာ ရွှေရောင်သော့ကို ထုတ်ယူလိုက်တော့သည်။
တဆက်တည်း၌ သူ၏ဝိညာဉ်အာရုံသည် ရွှေရောင်သော့ကို ရစ်ပတ်ကာ မီးခိုးနက်ရောင် မကောင်းဆိုးဝါးချီကို ဓားတစ်လက်အလား ခုတ်ပိုင်းလိုက်၏။ ရုတ်တရက် ထိုမကောင်းဆိုးဝါးချီမှာ ထူးဆန်းသောနည်းလမ်းဖြင့် နှစ်ပိုင်းကွဲသွားသည်ကို မြင်တွေ့လိုက်ရရာ နင်ချီမှာ အံ့အားသင့်သွားရသည်။