← Chapters

အခန်း ၉၂၄

Vol. 62 Ch. 924

အခန်း ၉၂၄

Vol. 62 Ch. 924

အခန်း (၉၂၄) - သူတော်စင် ဘိုးဘေးကြီး၏ ကိုယ်ပွား

နင်ချီ၏ နောက်သို့ လိုက်ပါလာသော ဖူယောင် နယ်မြေ မှ ကျင့်ကြံသူများမှာ အပျော်ဆုံး ဖြစ်နေကြသည်။ သူတို့ ရရှိခဲ့သော အကျိုးအမြတ်မှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည် မဟုတ်ပါလော။ သေချာသည်မှာ အစစ်အမှန် အကျိုးခံစားရသူများမှာ နင်ချီ၏ ကိုယ်ပိုင် လူများသာ ဖြစ်ကြသော်လည်း သူတို့ကဲ့သို့ ပြင်ပ လူများ အတွက်မူ ဤ ရလဒ်မှာ မယုံနိုင်လောက်အောင် ကောင်းမွန်နေခဲ့လေပြီ။ ၎င်းမှာ မူလ အရင်းအနှီးထက် အဆပေါင်း ရာချီ၊ ထောင်ချီ မြတ်စွန်းသော လောင်းကစား တစ်ခုတွင် အနိုင်ရလိုက်သည့်အလား ပင်တည်း။

အကယ်၍ နင်ချီကသာ သူတို့ကို ခေါ်ယူ စုဆောင်းမည် ဆိုပါက သူတို့ အားလုံး နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာရန် ဝန်လေးကြမည် မဟုတ်ချေ။ ဤသည်မှာ ဖူယောင် နယ်မြေ၏ ဂိုဏ်းများ အတွက် အတန်ငယ် မတရားသကဲ့သို့ ဖြစ်နေသော်ငြား သူတို့ အများအပြားမှာ ဖူယောင် နယ်မြေကို ကိုယ်စားပြုနေကြသူများ ဖြစ်ပေရာ သူတို့၏ မူလဂိုဏ်း တစ်ခုတည်းကသာ ဖူယောင် နယ်မြေကို ကိုယ်စားပြုနိုင်သည် ဟု မည်သို့ ပြောနိုင်ပါမည်နည်း။

အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေရသော အခိုက်အတန့်များ ရှိသကဲ့သို့ အလွန်အမင်း နောင်တရနေရသော အခိုက်အတန့်များ လည်း ရှိနေပါသည်။

နင်ချီကို စွန့်ခွာသွားခဲ့ကြသော ကျူးယန့်ချွမ်း နှင့် အခြား ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင်မူ နာကျင် နောင်တရမှုများဖြင့် ပုံပျက် ပန်းပျက် ဖြစ်နေတော့သည်။ သူတို့ အနေဖြင့် ထို နာကျင်မှုများကို အောင့်အည်း သည်းခံနေရုံမှတစ်ပါး အခြား မတတ်နိုင်ကြချေ။

သူတို့သာ ဖူယောင် နယ်မြေမှ အခြား ကျင့်ကြံသူများ ကဲ့သို့ နင်ချီ၏ နောက်သို့ ဆက်လက် လိုက်ပါခဲ့မည် ဆိုပါက အဆပေါင်း ရာချီ၊ ထောင်ချီသော ဆုလာဘ်များကို ပေးစွမ်းနိုင်မည့် ထို ရထားကြီးကို အချိန်မီ စီးနင်းနိုင်ခဲ့မည် မဟုတ်ပါလော။

နင်ချီနှင့် ပတ်သက်နေသော... ဓားဘိုးဘေးနှင့် အခြားသော သူများကို သိကျွမ်းထားသူတို့မှာ ထိုအခိုက်အတန့်တွင် ရှုပ်ထွေးလှသော ခံစားချက်မျိုးစုံတို့ဖြင့် ပြည့်နှက်နေကြ၏။

ရန်ပေါ်ဖျင်၊ ကျန်းယွီယွဲ့၊ လန်ယင်းယင်းနှင့် ချင်းချူလန်တို့မှာ နင်ချီ၏ အကူအညီများကို ရရှိခဲ့ဖူးသူများ ဖြစ်ကြသည်။ သို့သော်ငြားလည်း မဟာတာအို ရောက်ရှိလာပြီးသည့်နောက်တွင် သူတို့သည် မိမိတို့၏ ဂိုဏ်းများသို့ အသီးသီး ပြန်သွားခဲ့ကြရသဖြင့် နင်ချီနှင့် ဆက်ဆံရေးကို ဆက်လက် တည်ဆောက်ရန် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။

'ငါတို့သာ နောက်ထပ် တစ်ကြိမ် အခွင့်အရေး ရခဲ့မယ်ဆိုရင်... ဝေခွဲမနေဘဲ နင်ချီဘက်မှာပဲ မတ်မတ် ရပ်တည်မှာ သေချာတယ်...'

နင်ချီသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းပြလိုက်ကာ လူအားလုံး ငြိမ်သက်ကြရန် အချက်ပြလိုက်၏။ ထိုအခါ လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။

နင်ချီသည် လူအုပ်ကြီးအား ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်လိုက်သည်။ သူနှင့် မျက်လုံးချင်း ဆုံမိသူတိုင်း၏ မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုတို့ဖြင့် လွှမ်းခြုံနေ၏။

နင်ချီသည် လူတိုင်း၏ လက်ရှိ ခွန်အားများကို အကြမ်းဖျင်းအားဖြင့် သိရှိထားပြီး ဖြစ်သည်။ သူကိုယ်တိုင် အပါအဝင် နယ်မြေနှစ်ခုလုံး၏ စုပေါင်းအင်အားမှာ ယခုအခါ တပ်မှူးအဆင့် ကျင့်ကြံသူ (၇၀) ကျော်အထိ ရှိနေပြီ ဖြစ်၏။

ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှာမူ စုစုပေါင်း (၅၀၀) ခန့်အထိ ရှိနေ၏။ နက်ရှိုင်းသော သစ္စာတရား နယ်မြေသည် ဘာမျှမရှိသည့် အခြေအနေမှ ယခုကဲ့သို့ ပါရမီရှင်တို့ဖြင့် ပြည့်နှက်နေသော အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ချေ၏။

နင်ချီ၏ ရင်ထဲတွင် ကျေနပ်ပီတိတရားတို့ လှိုက်တက်လာသည်။ တောင်နှင့်ပင်လယ် ကမ္ဘာသို့ ပြန်လည်မွေးဖွားခြင်း ရောက်ရှိလာပြီးနောက် ဘာမျှမရှိသည့် အစပျိုးမှုမှ ယခုကဲ့သို့ ခွန်အားကြီးမားသော ကျင့်ကြံသူ စစ်တပ်ကြီးတစ်ခုကို တည်ဆောက်ရန် သူသည် (၂၀၀) နီးပါးခန့် အချိန်ယူခဲ့ရခြင်း ဖြစ်၏။ သို့သော်ငြားလည်း ဤခရီးလမ်းသည် မပြီးဆုံးသေးပါချေ... ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။

“စစ်တပ်ကို ပြန်လည် စုစည်းပြီး ဗဟိုဒေသဆီကို ချီတက်ကြမယ်...”

နင်ချီသည် ဗဟိုဒေသဆီသို့ စိုက်ကြည့်လိုက်၏။ သူသည် အပြင်ဘက် နယ်မြေများ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုများကို ဂရုမစိုက်တော့ပါချေ။

နင်ချီ၏ အော်ဟစ်သံကို ကြားရပြီးမှသာ စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ ဘာတွေ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားကြ၏။ နင်ချီသည် ကံကြမ္မာကပ်ဘေးကို စတင် ရင်ဆိုင်ခဲ့ရချိန်မှစ၍ နယ်မြေနှစ်ခုလုံးမှ ကျင့်ကြံသူတို့မှာ တိုက်ပွဲများကို ဘေးဖယ်ထားကာ နင်ချီကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကိုသာ စိုက်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ ထိုပြောင်းလဲမှုများမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ချေ၏။

နင်ချီသည် အပြင်ဘက် နယ်မြေများရှိ တိုက်ပွဲများကို အာရုံမစိုက်တော့ဘဲ စစ်မြေပြင်နယ်မြေအတွင်း တစ်ခုတည်းသော မသိမ်းပိုက်ရသေးသည့် ဒေသဖြစ်သော ဗဟိုနယ်မြေထဲသို့ သူ၏ စစ်တပ်ကို တိုက်ရိုက် ဦးဆောင်သွားလိုခြင်း ဖြစ်၏။ သို့သော်ငြားလည်း သူတို့သည် နင်ချီကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိဘဲ မိမိတို့၏ ရန်သူများကို တိုက်ခိုက်ရန် အပြင်ဘက် နယ်မြေများတွင်သာ ဆက်လက် ကျန်ရစ်ခဲ့ကြရ၏။

သို့တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ နင်ချီကို တားဆီးရန် မဝံ့ရဲကြပါချေ... နင်ချီ၏ လက်ရှိ ခွန်အားများကို ဘေးဖယ်ထားလျှင်ပင် နင်ချီသည် ကောင်းကင်မိုးကြိုး ကပ်ဘေးကို အသုံးပြု၍ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူ ထောင်ပေါင်းများစွာကို သုတ်သင်ပစ်ခဲ့သည်မှာ... တောင်နှင့်ပင်လယ် ကမ္ဘာအတွက် များစွာ အကျိုးပြုခဲ့ပြီး ဖြစ်သည်။ ထို့ပြင် အပြင်ဘက် နယ်မြေများတွင် ဆက်လက် တိုက်ပွဲဝင်နေကြသော ကျင့်ကြံသူများအတွက်လည်း များစွာ အားသာချက်များ ရရှိစေခဲ့၏။

နင်ချီ တစ်ဦးတည်းကပင် သာမန် စစ်ပွဲတစ်ခု၏ လားရာကို ပြောင်းလဲပစ်ခဲ့သည်ဟု ဆိုနိုင်သည်။ နင်ချီသည် လက်ကို နောက်ပစ်ကာ ပြန်လည် စုစည်းနေသော စစ်တပ်နှစ်ခုကို ကြည့်နေ၏။

ရုတ်တရက်ပင် လှပသော ပုံရိပ်တစ်ခုသည် ပျံသန်းဝင်ရောက်လာသည်။ ထိုသူ မရောက်လာမီမှာပင် နက်ရှိုင်းသော ချောက်ကမ္ဘာထဲသို့ ရေစက်ကလေးများ ကျဆင်းလာသကဲ့သို့ တချွင်ချွင်နှင့် သာယာလှသော အသံကလေးမှာ ပဲ့တင်ထပ်လာချေ၏။

“ဂုဏ်ယူပါတယ်... အရှင်နင်...”

နင်ချီသည် ရောက်ရှိလာသူကို ကြည့်လိုက်သည်။ သူမသည် အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ အရပ်မြင့်မြင့်၊ သွယ်လျလျနှင့် ရှည်လျားလှပသော လည်တိုင်.. နှင်းပွင့်ပမာ ဖြူစင်သော အသားအရေရှိသူ လန်ချင်းအောက် ဖြစ်၏။

သူမ၏ နှင်းဆီရောင် မျက်ဝန်းများမှာ နင်ချီအပေါ် စိုက်ကြည့်နေကာ စိတ်ဝင်တစားရှိလှသော အရိပ်အယောင်များဖြင့် တောက်ပနေ၏။

လန်ချင်းအောက်သည် ပင်လယ်ဘိုးဘေး၏ တာဝန်ပေးချက်အရ စစ်မြေပြင်နယ်မြေအတွင်း နင်ချီကို ကူညီရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း အစောပိုင်းတွင် ဖန်ချန်နှင့် အခြားသူများ နက်ရှိုင်းသော သစ္စာတရား နယ်မြေကို လာရောက် ရှာဖွေခြင်းကို တားဆီးပေးခဲ့သည်မှအပ... နင်ချီ ကြုံတွေ့နေရသော အခက်အခဲများတွင် သူမအနေဖြင့် များစွာ မကူညီနိုင်ခဲ့ကြောင်း လန်ချင်းအောက်အနေနှင့် ဝန်ခံရမည်သာ။

နင်ချီသည် တာအိုကပ်ဘေးကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီးသည့်နောက် ဤမျှ မြန်ဆန်သော အချိန်အတွင်းမှာပင် သူမအနေဖြင့် နင်ချီကို မော့ကြည့်ရမည့် အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပါချေ။

လန်ချင်းအောက်သည် သူမနှင့် ခွန်အားချင်း တူညီသော ဖန်ချန်နှင့် ကျယ်ပြန့်သော ကမ္ဘာမှ မီးခိုးရောင်ဝတ် ဓားကျင့်ကြံသူ (မီဟွေ့) တို့ နင်ချီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကို မမေ့လျော့ပါ။

လန်ချင်းအောက်သည် ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် နင်ချီ၏ရှေ့သို့ ဆင်းသက်လိုက်သည်။ တာအို အဆင့်သို့ ရောက်ရှိသွားခြင်းကို ဂုဏ်ပြုရန်အတွက် ဖြစ်၏။

နင်ချီကို သူမအနေဖြင့် ဆက်လက် မကူညီနိုင်တော့သော်လည်း နှုတ်ဆက်စကား ပြောဆိုခြင်းမှာမူ ပြုလုပ်သင့်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ နင်ချီသည် သူမကို မြင်သောအခါ ပြုံးပြလာသည်။

“အတူတူ လိုက်ချင်သလား...”

လန်ချင်းအောက်သည် ခေတ္တမျှ ကြောင်အသွား၏။ နင်ချီက သူမကို မြင်သောအခါ မျက်နှာဝင်းပသွားသဖြင့် သူမအနေဖြင့် ဘာကို ဆိုလိုသည်လဲဟု တွေးတောနေမိသည်။

ကံကောင်းထောက်မစွာဖြင့် လန်ချင်းအောက်သည် ချက်ချင်း တုံ့ပြန်နိုင်ခဲ့သည်။ သူမ၏ ခေတ္တမျှ ရပ်တန့်သွားသော ဦးနှောက်မှာ နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်လည် အလုပ်လုပ်လာခဲ့ပြီ ဖြစ်၏။

“ဒါပေါ့... ကျွန်မလည်း လိုက်ခဲ့ပါ့မယ်... ပြီးတော့ ကျွန်မတို့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းက ဂိုဏ်းချုပ် ကျောက်ယွီကျွင်းနဲ့လည်း ကျွန်မ မိတ်ဆက်ပေးနိုင်ပါတယ်...”

လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း ဟူသော စကားကို ကြားလိုက်ရသည့်အခါ နင်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွား၏။ သူသည် တောင်နှင့်ပင်လယ် ကမ္ဘာရှိ အင်အားအကြီးဆုံး ဂိုဏ်းကြီးနှစ်ခုအနက် တစ်ခုနှင့် နောက်ဆုံးတွင် ထိတွေ့ ဆက်ဆံရတော့မည်။

“ဒါဆိုရင်တော့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ...”

ထို့နောက် လန်ချင်းအောက်သည် သူမ၏ ဝိညာဉ်နယ်မြေမှ ကျင့်ကြံသူများကို ဆင့်ခေါ်လိုက်သည်။

သူတို့သည် နင်ချီ၏ ကျင့်ကြံသူများကဲ့သို့ပင် သူတို့နှစ်ဦး၏ အနောက်တွင် တန်းစီရပ်လိုက်ကြကာ ဗဟိုဒေသသို့ အတူတကွ ဝင်ရောက်ရန် အသင့်ပြင်လိုက်ကြ၏။

...

ကျယ်ပြန့်သော ကမ္ဘာအတွင်း။

ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်သည် သန့်စင်သော သူတော်စင် ဘိုးဘေးကြီး၏ ရင်ပြင်တော်သို့ ဆင်းသက်လာ၏။

သူတော်စင် ဘိုးဘေးကြီး၏ အကြည့်မှာ သူ့ဆီသို့ တိုက်ရိုက် ရောက်ရှိလာသည်။ သူ၏ မျက်နှာထားမှာ ယခင်ကကဲ့သို့ မတည်ငြိမ်တော့ပါချေ။

“ကျစ်လီ... မင်း ငါ့ကို မကယ်တင်နိုင်ခဲ့ဘူး... ကျယ်ပြန့်သော ကမ္ဘာနဲ့ တာအိုကျင့်ကြံသူတွေကို ဘာတွေ ဖြစ်ခဲ့တာလဲ... စစ်မြေပြင်နယ်မြေမှာ အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ...”

All Chapters