← Chapters

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း (၉၂၆) - တောင်နှင့်ပင်လယ် ကမ္ဘာ၏ ဆန္ဒတော်

အဆုံးမဲ့ပင်လယ်အတွင်း၌..

ပင်လယ်ဘိုးဘေးသည် နင်ချီက နယ်မြေများ ပင်လယ်၏ ခွန်အားများကို ဆွဲထုတ်ကာ ကောင်းကင်ကပ်ဘေးအတွင်း ပေါင်းစည်းလိုက်သည်ကို တွေ့မြင်ခဲ့ရချိန်မှစ၍... သူမ၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခုမှာ အမြဲ ရှိနေခဲ့၏။ သူမ၏ အေးစက်လှသော မျက်ဝန်းများကို မှိတ်လိုက်ဖွင့်လိုက် ပြုလုပ်ရင်း ပင်လယ်ဘိုးဘေးသည် ဟင်းလင်းပြင် အချည်းနှီးထဲသို့ စိုက်ကြည့်လိုက်သည်။

“နင်ချီ... မင်း ငါ့ကို နောက်ထပ် ဘယ်လောက်တောင် အံ့ဩစရာတွေ ပေးနိုင်ဦးမှာလဲ...”

...

စစ်မြေပြင်နယ်မြေအတွင်း၌..

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် ယခုရက်ပိုင်းအတွင်း အနည်းငယ် တိတ်ဆိတ်နေဟန် ရှိသည်။ သူ၏ အရိပ်အယောင် ပုံရိပ်သည် ဗဟိုဒေသ၏ နယ်နိမိတ်တံတိုင်း ရှေ့တွင် ရပ်နေကာ သူ၏ မျက်ဝန်းထဲတွင် နင်ချီနှင့် လန်ချင်းအောက်၏ စစ်တပ်နှစ်ခု၏ ပုံရိပ်များ ထင်ဟပ်နေ၏။

“မင်း အခု ဝင်သွားဖို့ သေချာပြီလား...”

လန်ချင်းအောက်သည် တောင်နှင့်ပင်လယ် ကမ္ဘာကမ္ဘာ့ဆန္ဒတော်အား များစွာ ရိုသေလေးစားမှု ရှိသည်။ သူမသည် ထိုမေးခွန်းကို ပြန်လည် မဖြေကြားပါချေ။

ဘယ်ကြောင့်ဆိုသော် ထိုသူသည် နင်ချီနှင့် စကားပြောနေခြင်း ဖြစ်မှန်း သူမ သိသောကြောင့် ဖြစ်၏။

နင်ချီ၏ အကြည့်မှာ ပြင်းထန်လှ၏။

“အတွင်းဘက်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျွန်တော် သိပြီးသားပါ... အပြင်ဘက် နယ်မြေတွေမှာ ကျန်နေခဲ့တာက အချိန်ဖြုန်းတာသက်သက်ပဲ ဖြစ်လိမ့်မယ်...”

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်မှာ အနည်းငယ် ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ... မင်း အတွင်းဘက်ကို ခြေချလိုက်တာနဲ့ မင်းရဲ့ စရိုက်အတိုင်း ချက်ချင်း ပြောင်းလဲမှုတွေ ဖြစ်လာတော့မှာပဲ... ဒါပေမယ့် မင်းကိုယ်မင်း ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်... မဟုတ်ရင် မင်းက ငါတို့ကို ဒီကစားပွဲထဲကနေ စောစောစီးစီး ထွက်ခွာသွားအောင် လုပ်မိလိမ့်မယ်...”

နင်ချီသည် တောင်နှင့်ပင်လယ် ကမ္ဘာ ..ကမ္ဘာ့ဆန္ဒတော်၏ အတွေးများကို ချက်ချင်း သိရှိသွားသည်။ တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် နယ်မြေနှစ်ခု စစ်ပွဲကို စောစောစီးစီး မဖြစ်ပွားစေလိုပုံ ရ၏။

သို့သော်ငြားလည်း တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာ စကားကို ဝေ့လည်ကြောင်ပတ် ပြောဆိုတတ်ကာ... အမြဲတစေ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေလေရာ... သူ ဘာကို ဆိုလိုသည်လဲ ဆိုသည်မှာမူ နင်ချီအနေဖြင့် ရှင်းလင်းစွာ မသိရှိပါချေ။

နင်ချီ ခန့်မှန်းရသလောက်တော့ တောင်နှင့်ပင်လယ် ကမ္ဘာကမ္ဘာ့ဆန္ဒတော်အား ဤမျှ လျှို့ဝှက်ချက်များ များစေသည်မှာ... တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့၏ အခြေအနေများနှင့် ပတ်သက်နေနိုင်သည်။ အချိန်တစ်ခုကြာ အတူတကွ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် နင်ချီသည် တောင်နှင့်ပင်လယ် ကမ္ဘာအပေါ် ပြင်းထန်သော အမုန်းတရားများ မရှိတော့ပါချေ။

သူသည် အစပိုင်းတွင် တောင်နှင့်ပင်လယ် ကမ္ဘာသို့ ပြန်လည် မွေးဖွားလာခဲ့စဉ်က... တောင်နှင့်ပင်လယ် ကမ္ဘာတစ်ခုလုံးကို ဖြိုဖျက်ပစ်ရန်နှင့်... ၎င်းကမ္ဘာ့ဆန္ဒတော်ကိုပါ သုတ်သင်ပစ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အချိန်အနည်းငယ် ကြာအောင် နေထိုင်ခဲ့ပြီးနောက်တွင် သူသည် ထိုစိတ်ဆန္ဒနှင့် ပတ်သက်သော အချက်အလက်အချို့ကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်၏။

ခြုံကြည့်မည်ဆိုလျှင် တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် သူ့အပေါ် အတော်လေး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ တောင်နှင့်ပင်လယ် ကမ္ဘာ တစ်ခုလုံးသည်လည်း ၎င်း၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား မရှိပါချေ... ၎င်း ဘာကိုပဲ လုပ်ဆောင်ပါစေ... တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့သည်လည်း ပါဝင် ပတ်သက်နေကြ၏။

ထို့ကြောင့် တောင်နှင့်ပင်လယ် ကမ္ဘာက အစစ်အမှန် သိုင်းကမ္ဘာကို ဝါးမြိုရန် ကြိုးပမ်းခြင်းအတွက် နင်ချီသည် တောင်နှင့်ပင်လယ် ကမ္ဘာကမ္ဘာ့ဆန္ဒတော်ကိုသာ အပြည့်အဝ အပြစ်မတင်နိုင်တော့ပါချေ။

နင်ချီသည် အရာအားလုံးကို အပြည့်အဝ နားမလည်သေးသော်လည်း... အချိန်ကြာလာသည်နှင့်အမျှ သူသည် ပိုမို ထိန်းချုပ်လာနိုင်မည်ဖြစ်ပြီး... အရာအားလုံး၏ အစနှင့်အဆုံးကို နောက်ဆုံးတွင် သဘောပေါက်သွားလိမ့်မည် ဖြစ်၏။

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်မှာ နောက်ထပ် ဘာမျှ မပြောတော့ဘဲ... သူ၏ လက်ဖဝါးကို ဗဟိုဒေသ၏ နယ်နိမိတ်တံတိုင်းပေါ်သို့ ဖိကပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တောင်ဘက်ခြမ်းရှိ နယ်နိမိတ်တံတိုင်းမှာ လျင်မြန်စွာ လှုပ်ရှားလာပြီး အရည်ပျော်သွားကာ... နင်ချီနှင့် အခြားသူများ ဝင်ရောက်နိုင်စေရန်အတွက် ကြီးမားသော တံခါးကြီးတစ်ခုကို ဖန်တီးပေးလိုက်၏။

“သွားကြစို့...”

နင်ချီသည် အတွင်းဘက်သို့ ပထမဆုံး ခြေလှမ်းလှမ်းကာ ဝင်ရောက်သွားတော့သည်။

နင်ချီနှင့် ပတ်သက်နေသော အခြားကိစ္စရပ်များကိုမူ... ဓားဘိုးဘေးနှင့် အခြားသော သူများကို သိကျွမ်းထားသူတို့မှာ ထိုအခိုက်အတန့်တွင် ရှုပ်ထွေးလှသော ခံစားချက်မျိုးစုံတို့ဖြင့် ပြည့်နှက်နေကြ၏။

ယန်ပေါ်ပင်၊ ကျန်းယွီယွဲ့၊ လန်ယင်းယင်းနှင့် ချင်းချူလန်တို့မှာ နင်ချီ၏ အကူအညီများကို ရရှိခဲ့ဖူးသူများ ဖြစ်ကြသည်။ သို့သော်ငြားလည်း ကုန်းထျန်းတောက် ရောက်ရှိလာပြီးသည့်နောက်တွင် သူတို့သည် မိမိတို့၏ ဂိုဏ်းများသို့ အသီးသီး ပြန်သွားခဲ့ကြရသဖြင့် နင်ချီနှင့် ဆက်ဆံရေးကို ဆက်လက် တည်ဆောက်ရန် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။

'ငါတို့သာ နောက်ထပ် တစ်ကြိမ် အခွင့်အရေး ရခဲ့မယ်ဆိုရင်... ဝေခွဲမနေဘဲ နင်ချီဘက်မှာပဲ မတ်မတ် ရပ်တည်မှာ သေချာတယ်...'

နင်ချီသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းပြလိုက်ကာ လူအားလုံး ငြိမ်သက်ကြရန် အချက်ပြလိုက်၏။ ထိုအခါ လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

နင်ချီသည် လူအုပ်ကြီးအား ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်လိုက်သည်။ သူနှင့် မျက်လုံးချင်း ဆုံမိသူတိုင်း၏ မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုတို့ဖြင့် လွှမ်းခြုံနေ၏။

နင်ချီသည် လူတိုင်း၏ လက်ရှိ ခွန်အားများကို အကြမ်းဖျင်းအားဖြင့် သိရှိထားပြီး ဖြစ်သည်။ သူကိုယ်တိုင် အပါအဝင် နယ်မြေနှစ်ခုလုံး၏ စုပေါင်းအင်အားမှာ ယခုအခါ တပ်မှူးအဆင့် ကျင့်ကြံသူ (၇၀) ကျော်အထိ ရှိနေလေပြီ။

ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှာမူ စုစုပေါင်း (၅၀၀) ခန့်အထိ ရှိနေသည်။ နက်ရှိုင်းသော သစ္စာတရား နယ်မြေသည် ဘာမျှ မရှိသည့် အခြေအနေမှ ယခုကဲ့သို့ ပါရမီရှင်တို့ဖြင့် ပြည့်နှက်နေသော အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ချေ၏။

နင်ချီ၏ ရင်ထဲတွင် ကျေနပ်ပီတိတရားတို့ လှိုက်တက်လာသည်။ တောင်နှင့်ပင်လယ် ကမ္ဘာသို့ ပြန်လည်မွေးဖွားခြင်း ရောက်ရှိလာပြီးနောက် ဘာမျှမရှိသည့် အစပျိုးမှုမှ ယခုကဲ့သို့ ခွန်အားကြီးမားသော ကျင့်ကြံသူ စစ်တပ်ကြီးတစ်ခုကို တည်ဆောက်ရန် သူသည် (၂၀၀) နီးပါးခန့် အချိန်ယူခဲ့ရသည်။ သို့သော်ငြားလည်း ဤခရီးလမ်းသည် မပြီးဆုံးသေးပါချေ။ ဒါက အဆုံးသတ် မဟုတ်သေးပေ။

“စစ်တပ်ကို ပြန်လည် စုစည်းပြီး ဗဟိုဒေသဆီကို ချီတက်ကြမယ်...”

နင်ချီသည် ဗဟိုဒေသဆီသို့ စူးစိုက်ကြည့်လိုက်၏။ သူသည် အပြင်ဘက် နယ်မြေများ၏ အောင်မြင်မှု ၊ ကျရှုံးမှုများကို ဂရုမစိုက်တော့ပါချေ။

All Chapters