← Chapters

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း (၉၂၇) - တောင်နှင့်ပင်လယ် ကမ္ဘာ၏ ဆန္ဒတော်

နင်ချီ၏ အော်ဟစ်သံကို ကြားရပြီးမှသာ စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ ဘာတွေ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားကြ၏။ နင်ချီသည် ကံကြမ္မာကပ်ဘေးကို စတင် ရင်ဆိုင်ခဲ့ရချိန်မှစ၍ နယ်မြေနှစ်ခုလုံးမှ ကျင့်ကြံသူတို့မှာ တိုက်ပွဲများကို ဘေးဖယ်ထားကာ နင်ချီကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကိုသာ စိုက်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ ထိုပြောင်းလဲမှုများမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ချေ၏။

နင်ချီသည် အပြင်ဘက် နယ်မြေများရှိ တိုက်ပွဲများကို အာရုံမစိုက်တော့ဘဲ စစ်မြေပြင်နယ်မြေအတွင်း တစ်ခုတည်းသော မသိမ်းပိုက်ရသေးသည့် ဒေသဖြစ်သော ဗဟိုနယ်မြေထဲသို့ သူ၏ စစ်တပ်ကို တိုက်ရိုက် ဦးဆောင်သွားလိုခြင်း ဖြစ်၏။ သို့သော်ငြားလည်း သူတို့သည် နင်ချီကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိဘဲ မိမိတို့၏ ရန်သူများကို တိုက်ခိုက်ရန် အပြင်ဘက် နယ်မြေများတွင်သာ ဆက်လက် ကျန်ရစ်ခဲ့ကြရ၏။

သို့တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ နင်ချီကို တားဆီးရန် မဝံ့ရဲကြပါချေ... နင်ချီ၏ လက်ရှိ ခွန်အားများကို ဘေးဖယ်ထားလျှင်ပင် နင်ချီသည် ကောင်းကင်မိုးကြိုး ကပ်ဘေးကို အသုံးပြု၍ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူ ထောင်ပေါင်းများစွာကို သုတ်သင်ပစ်ခဲ့သည်မှာ... တောင်နှင့်ပင်လယ် ကမ္ဘာအတွက် များစွာ အကျိုးပြုခဲ့ပြီး ဖြစ်သည်။ ထို့ပြင် အပြင်ဘက် နယ်မြေများတွင် ဆက်လက် တိုက်ပွဲဝင်နေကြသော ကျင့်ကြံသူများအတွက်လည်း များစွာ အားသာချက်များ ရရှိစေခဲ့၏။

နင်ချီ တစ်ဦးတည်းကပင် သာမန် စစ်ပွဲတစ်ခု၏ လားရာကို ပြောင်းလဲပစ်ခဲ့သည်ဟု ဆိုနိုင်သည်။ နင်ချီသည် လက်ကို နောက်ပစ်ကာ ပြန်လည် စုစည်းနေသော စစ်တပ်နှစ်ခုကို ကြည့်နေ၏။

ရုတ်တရက်ပင် လှပသော ပုံရိပ်တစ်ခုသည် ပျံသန်းဝင်ရောက်လာသည်။ ထိုသူ မရောက်လာမီမှာပင် နက်ရှိုင်းသော ချောက်ကမ္ဘာထဲသို့ ရေစက်ကလေးများ ကျဆင်းလာသကဲ့သို့ တချွင်ချွင်နှင့် သာယာလှသော အသံကလေးမှာ ပဲ့တင်ထပ်လာချေ၏။

“ဂုဏ်ယူပါတယ်... အရှင်နင်...”

နင်ချီသည် ရောက်ရှိလာသူကို ကြည့်လိုက်သည်။ သူမသည် အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက် သွယ်လျလျနှင့် ရှည်လျားလှပသော လည်တိုင်ရှိပြီး နှင်းပွင့်ပမာ ဖြူစင်သော အသားအရေရှိသူ လန်ချင်းအောက် ဖြစ်၏။ သူမ၏ နှင်းဆီရောင် မျက်ဝန်းများမှာ နင်ချီအပေါ် စိုက်ကြည့်နေကာ စိတ်ဝင်တစားရှိလှသော အရိပ်အယောင်များဖြင့် တောက်ပနေ၏။

သူမသည် ပင်လယ်ဘိုးဘေး၏ တာဝန်ပေးချက်အရ စစ်မြေပြင်နယ်မြေအတွင်း နင်ချီကို ကူညီရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း အစောပိုင်းတွင် ဖန်ချန်နှင့် အခြားသူများ နက်ရှိုင်းသော သစ္စာတရား နယ်မြေကို လာရောက် ရှာဖွေခြင်းကို တားဆီးပေးခဲ့သည်မှအပ... နင်ချီ ကြုံတွေ့နေရသော အခက်အခဲများတွင် သူမအနေဖြင့် များစွာ ကူညီနိုင်ခဲ့ခြင်း မရှိကြောင်း လန်ချင်းအောက်က ဝန်ခံရမည် ဖြစ်ချေသည်။

နင်ချီသည် တာအိုကပ်ဘေးကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီးသည့်နောက် ဤမျှ မြန်ဆန်သော အချိန်အတွင်းမှာပင် သူမအနေဖြင့် နင်ချီကို မော့ကြည့်ရမည့် အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပါချေ။

လန်ချင်းအောက်သည် သူမနှင့် ခွန်အားချင်း တူညီသော ဖန်ချန်နှင့် ကျယ်ပြန့်သော ကမ္ဘာမှ မီးခိုးရောင်ဝတ် ဓားကျင့်ကြံသူတို့ နင်ချီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကို မေ့လျော့ခြင်း မရှိပါချေ... လန်ချင်းအောက်သည် ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် နင်ချီ၏ရှေ့သို့ ဆင်းသက်လိုက်သည်။ တာအို အဆင့်သို့ ရောက်ရှိသွားခြင်းကို ဂုဏ်ပြုရန်အတွက် ဖြစ်၏။

နင်ချီကို သူမအနေဖြင့် ဆက်လက် မကူညီနိုင်တော့သော်လည်း နှုတ်ဆက်စကား ပြောဆိုခြင်းမှာမူ ပြုလုပ်သင့်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ နင်ချီသည် သူမကို မြင်သောအခါ ပြုံးလိုက်ချေ၏။

“အတူတူ လိုက်ချင်သလား...”

လန်ချင်းအောက်သည် ခေတ္တမျှ ကြောင်အသွား၏။ နင်ချီက သူမကို မြင်သောအခါ မျက်နှာဝင်းပသွားသဖြင့် သူမအနေဖြင့် ဘာကို ဆိုလိုသည်လဲဟု တွေးတောနေမိချေ၏။

ကံကောင်းထောက်မစွာဖြင့် လန်ချင်းအောက်သည် ချက်ချင်း တုံ့ပြန်နိုင်ခဲ့သည်။ သူမ၏ ခေတ္တမျှ ရပ်တန့်သွားသော ဦးနှောက်မှာ နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်လည် အလုပ်လုပ်လာခဲ့ပြီ ဖြစ်၏။

“ဒါပေါ့... ကျွန်မလည်း လိုက်ခဲ့ပါ့မယ်... ပြီးတော့ ကျွန်မတို့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းက အတွင်းရေးမှူးချုပ် ကျောက်ယွီကျွင်းနဲ့လည်း ကျွန်မ မိတ်ဆက်ပေးနိုင်ပါတယ်...”

လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း ဟူသော စကားကို ကြားလိုက်ရသည့်အခါ နင်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွား၏။ သူသည် တောင်နှင့်ပင်လယ် ကမ္ဘာရှိ အင်အားအကြီးဆုံး ဂိုဏ်းကြီးနှစ်ခုအနက် တစ်ခုနှင့် နောက်ဆုံးတွင် ထိတွေ့ ဆက်ဆံရတော့မည် ဖြစ်ချေ၏။

“ဒါဆိုရင်တော့ မင်းကို ဒုက္ခပေးရတော့မှာပဲ...”

ထို့နောက် လန်ချင်းအောက်သည် သူမ၏ ဝိညာဉ်နယ်မြေမှ ကျင့်ကြံသူများကို ဆင့်ခေါ်လိုက်သည်။ သူတို့သည် နင်ချီ၏ ကျင့်ကြံသူများကဲ့သို့ပင် သူတို့နှစ်ဦး၏ အနောက်တွင် တန်းစီရပ်လိုက်ကြကာ ဗဟိုဒေသသို့ အတူတကွ ဝင်ရောက်ရန် အသင့်ပြင်လိုက်ကြ၏။

...

ကျယ်ပြန့်သော ကမ္ဘာအတွင်း။

ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်သည် သန့်စင်သော သူတော်စင် ဘိုးဘေးကြီး၏ ရင်ပြင်တော်သို့ ဆင်းသက်လာ၏။ သူတော်စင် ဘိုးဘေးကြီး၏ အကြည့်မှာ သူ့ဆီသို့ တိုက်ရိုက် ရောက်ရှိလာသည်။ သူ၏ မျက်နှာထားမှာ ယခင်ကကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ပါချေ။

“ကျစ်လီ... မင်း ငါ့ကို မကယ်တင်နိုင်ခဲ့ဘူး... ကျယ်ပြန့်သော ကမ္ဘာနဲ့ တာအိုကျင့်ကြံသူတွေကို ဘာတွေ ဖြစ်ခဲ့တာလဲ... စစ်မြေပြင်နယ်မြေမှာ အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ...”

ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်၏ မျက်နှာပေါ်တွင် အပြစ်မကင်းသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ “ဆရာ... အားလုံးက ကျွန်တော့်အပြစ်တွေပါ...”

ထိုစကားကို ကြားသောအခါ သူတော်စင် ဘိုးဘေးကြီးသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်၏။

“ဒါက မင်းရဲ့ အပြစ်မဟုတ်ပါဘူး... ငါတို့အားလုံး နင်ချီကို အထင်သေးခဲ့မိကြတာပဲ...”

ထို့နောက် ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် စစ်မြေပြင်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူတော်စင် ဘိုးဘေးကြီးအား တင်ပြလိုက်သည်။ သူတော်စင် ဘိုးဘေးကြီးသည် ဂရုတစိုက် နားထောင်ပြီးနောက်တွင် ပြောလိုက်ချေ၏။

“မင်း ပြောချင်တာက... နင်ချီဟာ ကျယ်ပြန့်သော ကမ္ဘာအတွင်းက စည်းမျဉ်းတွေကိုပါ လှုံ့ဆော်နိုင်စွမ်းရှိပြီး... မင်းတောင်မှ သူ့ကို တားဆီးလို့ မရဘူးဆိုတဲ့ သဘောလား...”

ကျယ်ပြန့်သော ကမ္ဘာကမ္ဘာ့ဆန္ဒတော် ခေါင်းညိတ်ပြလိုက်သည်။ “တောင်နှင့်ပင်လယ် ကမ္ဘာဟာလည်း ကျွန်တော်တို့လိုပဲ ကြုံတွေ့ခဲ့ရမှာ သေချာပါတယ်... နင်ချီအပေါ် သူ့ရဲ့ အမြင်က ဘယ်လိုရှိသလဲ...”

ကျယ်ပြန့်သော ကမ္ဘာကမ္ဘာ့ဆန္ဒတော် ပြန်လည် ဖြေကြားလိုက်၏။

“သူနဲ့ နင်ချီကြားက ဆက်ဆံရေးဟာ အလွန် သဟဇာတဖြစ်နေတာကို ကျွန်တော် တွေ့ရပါတယ်... သူက ဒီကိစ္စကို ဂရုစိုက်ပုံ မရဘူး ခင်ဗျာ...”

“သဟဇာတ ဖြစ်နေတယ် ဟုတ်လား...”

သူတော်စင် ဘိုးဘေးကြီးသည် မျက်လုံးများကို မှေးကျဉ်းလိုက်ကာ ပြန်လည် မေးမြန်းလိုက်သည်။

“မင်း ပြောခဲ့သေးတယ်နော်... အတိုင်းအဆမဲ့တဲ့ ယုတ်ညံ့တဲ့ အငွေ့အသက်တွေနဲ့ တူတဲ့ အရာတစ်ခုကို မင်း တွေ့ခဲ့ရတယ်ဆိုတာ... အဲ့ဒါကိုလည်း နင်ချီကပဲ ယူသွားခဲ့တာလား...”

All Chapters