← Chapters

အခန်း ၉၂၉

Vol. 62 Ch. 929

အခန်း ၉၂၉

Vol. 62 Ch. 929

အခန်း (၉၂၉)- လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း

နင်ချီသည် သူ၏ အတွေးများကို ချက်ချင်း သိရှိသွားသည်။ တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် နယ်မြေနှစ်ခု စစ်ပွဲကို စောစောစီးစီး မဖြစ်ပွားစေလိုပုံ ရ၏။

သို့သော်ငြားလည်း တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာ စကားကို ဝေ့လည်ကြောင်ပတ် ပြောဆိုတတ်ကာ... အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေလေရာ... သူ ဘာကို ဆိုလိုသည်လဲ ဆိုသည်မှာမူ နင်ချီအနေဖြင့် ရှင်းလင်းစွာ မသိရှိပါချေ။

နင်ချီ ခန့်မှန်းရသလောက်တော့ တောင်နှင့်ပင်လယ် ကမ္ဘာကမ္ဘာ့ဆန္ဒတော်အား ဤမျှ လျှို့ဝှက်ချက်များ များစေသည်မှာ... တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့၏ အခြေအနေများနှင့် ပတ်သက်နေနိုင်သည်။ အချိန်တစ်ခုကြာ အတူတကွ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် နင်ချီသည် တောင်နှင့်ပင်လယ် ကမ္ဘာအပေါ် ပြင်းထန်သော အမုန်းတရားများ မရှိတော့ပါချေ။

သူသည် အစပိုင်းတွင် တောင်နှင့်ပင်လယ် ကမ္ဘာသို့ ပြန်လည် မွေးဖွားလာခဲ့စဉ်က... တောင်နှင့်ပင်လယ် ကမ္ဘာတစ်ခုလုံးကို ဖြိုဖျက်ပစ်ရန်နှင့်... ၎င်း၏ ကမ္ဘာ့ဆန္ဒတော်ကိုပါ သုတ်သင်ပစ်ရန် ရည်ရွယ်ခဲ့သည်။

သို့သော်လည်း အချိန်အနည်းငယ် ကြာအောင် နေထိုင်ခဲ့ပြီးနောက်တွင် နင်ချီသည် ထိုစိတ်ဆန္ဒနှင့် ပတ်သက်သော အချက်အလက်အချို့ကို တဖြည်းဖြည်း နားလည်လာခဲ့ချေပြီ။

ခြုံကြည့်မည်ဆိုလျှင် တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် သူ့အပေါ် အတော်လေး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ တောင်နှင့်ပင်လယ် ကမ္ဘာ တစ်ခုလုံးသည်လည်း ၎င်း၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား မရှိပါချေ... ။ ၎င်း ဘာကိုပဲ လုပ်ဆောင်ပါစေ... တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့သည်လည်း ပါဝင် ပတ်သက်နေကြ၏။

ထို့ကြောင့် တောင်နှင့်ပင်လယ် ကမ္ဘာက အစစ်အမှန် သိုင်းကမ္ဘာကို ဝါးမြိုရန် ကြိုးပမ်းခြင်းအတွက် နင်ချီသည် တောင်နှင့်ပင်လယ် ကမ္ဘာကမ္ဘာ့ဆန္ဒတော်အားသာ အပြည့်အဝ အပြစ်မတင်နိုင်တော့ပါ။

နင်ချီသည် အရာအားလုံးကို အပြည့်အဝ နားမလည်သေးသော်လည်း... အချိန်ကြာလာသည်နှင့်အမျှ သူသည် ပိုမို ထိန်းချုပ်လာနိုင်မည် ဖြစ်ပြီး... အရာအားလုံး၏ အစနှင့်အဆုံးကို နောက်ဆုံးတွင် သဘောပေါက်သွားလိမ့်မည်ပင်။

တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်မှာ နောက်ထပ် ဘာမျှ မပြောတော့ဘဲ... သူ၏ လက်ဖဝါးကို ဗဟိုဒေသ၏ နယ်နိမိတ်တံတိုင်းပေါ်သို့ ဖိကပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တောင်ဘက်ခြမ်းရှိ နယ်နိမိတ်တံတိုင်းမှာ လျင်မြန်စွာ လှုပ်ရှားလာပြီး အရည်ပျော်သွားကာ... နင်ချီနှင့် အခြားသူများ ဝင်ရောက်နိုင်စေရန်အတွက် ကြီးမားသော တံခါးကြီးတစ်ခုကို ဖန်တီးပေးလိုက်၏။

“သွားကြစို့...”

နင်ချီသည် အတွင်းဘက်သို့ ပထမဆုံး ခြေလှမ်းလှမ်းကာ ဝင်ရောက်သွားတော့၏။

ဗဟိုဒေသ၏ ကျယ်ပြောလှသော မြေပြင်သည် နယ်မြေနှစ်ခု ပေါင်းစည်းခြင်း၏ ပင်မအချက်အချာပင် ဖြစ်၏။ ယခုအခါတွင်မူ ကမ္ဘာလောကတစ်ခုလုံးကို သွေးနီရောင် မြူထုကြီးက လွှမ်းခြုံထားချေပြီ... ထိုမြူထုမှာ ကျင့်ကြံသူတို့၏ ဝိညာဉ်အာရုံ စူးစမ်းမှုကိုပါ ပိတ်ဆို့ထားနိုင်စွမ်း ရှိပါပေ၏။

ဤမြူထုသည် စစ်မြေပြင်နယ်မြေ စတင်ပွင့်လှစ်ခဲ့ချိန်မှစ၍ တိုက်ပွဲဝင်ခဲ့ကြသော ကျင့်ကြံသူတို့၏ နာကျည်းမှုများနှင့် သေဆုံးမှုများမှတစ်ဆင့် ဖြစ်တည်လာခြင်း ဖြစ်၏။ သူတို့၏ နာကျည်းမှုတို့မှာ နယ်မြေများ ပင်လယ်၏ စွမ်းအားကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားကာ ထူးခြားလှသော သွေးမြူထုအဖြစ် အသက်ဝင်လာခဲ့ခြင်းပင်တည်း။

သွေးမြူထုများ ဖုံးလွှမ်းနေသော ဗဟိုဒေသသည် တောင်နှင့်ပင်လယ် ကမ္ဘာရှိ အင်အားအကြီးဆုံး ဂိုဏ်းကြီးနှစ်ခုနှင့် ကျယ်ပြန့်သော ကမ္ဘာတို့ ရောက်ရှိလာခြင်းနှင့်အတူ... နယ်မြေနှစ်ခု၏ ဝိညာဉ်စိတ်ဆန္ဒများက မိမိတို့၏ ကိုယ်ပိုင်စွမ်းအားများဖြင့် တောင်ဘက်နှင့် မြောက်ဘက်ကို ပိုင်းခြားထားသော အတားအဆီးတစ်ခုကို ဖန်တီးထားကြ၏။

ဗဟိုဒေသသည် တစ်ခုတည်းသော မသိမ်းပိုက်ရသေးသည့် နယ်မြေဖြစ်ပြီး... ၎င်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လျှင် တစ်နယ်မြေလုံးသည် အတားအဆီးမဲ့သော ဒေသကြီးအဖြစ်သို့ ပြောင်းလဲသွားတော့မည် ဖြစ်ချေသည်။ ထိုအခါ အားသာချက် ရရှိထားသော ဘက်က ရန်သူ၏ ဝိညာဉ်နယ်မြေကို တိုက်ရိုက် တိုက်ခိုက်နိုင်မည် ဖြစ်သဖြင့်... ဤနယ်မြေစစ်ပွဲမှာလည်း အဆုံးသတ်သို့ ရောက်ရှိသွားပေလိမ့်မည်။

နင်ချီနှင့် လန်ချင်းအောက်တို့သည် သူတို့၏ စစ်သည်တော်များကို ဦးဆောင်လျက် ဗဟိုဒေသ၏ နယ်နိမိတ်တံတိုင်းကို ဖြတ်ကျော်ဝင်ရောက်လိုက်ကြသည်။ သွေးမြူထုတို့ လှိုင်းထနေသော ဤကျယ်ပြောသည့် မြေပြင်ထက်သို့ သူတို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းပိုင်းမှ တုံ့ပြန်မှုတစ်ခု ချက်ချင်း ပေါ်ပေါက်လာတော့၏။

ရှေ့ဘက်မှ လိပ်ခဲနေသော သွေးမြူထုများအတွင်းမှ ကျင့်ကြံသူ နှစ်ဦးသည် ကောင်းကင်ယံမှ လျင်မြန်စွာ ဆင်းသက်လာကာ နင်ချီတို့အဖွဲ့၏ ရှေ့တွင် ပိတ်ရပ်လိုက်ကြသည်။ “ဘယ်သူတွေလဲ...”

ဤကျင့်ကြံသူ နှစ်ဦးမှာ တောင်နှင့်ပင်လယ် ကမ္ဘာမှ ဖြစ်ကြသည်။ တောင်ဘိုးဘေးနှင့် ပင်လယ်ဘိုးဘေးတို့၏ လက်အောက်ခံ ဂိုဏ်းကြီးနှစ်ခုမှ ဖြစ်ကြောင်းကိုမူ သူတို့၏ ဝတ်ရုံအရောင်များက သက်သေပြနေ၏။

ဘယ်ဘက်မှ အမျိုးသမီးမှာ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းမှ ဖြစ်သည်။ လှိုင်းတံပိုး ပုံသဏ္ဍာန်များ ပါရှိသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ ဟန်ပန်မှာ ရဲရင့်ပြတ်သားနေ၏။ ညာဘက်မှ အမျိုးသားမှာမူ ကျိုးရှန်း အင်မော်တယ်ဂိုဏ်းမှ ဖြစ်ပြီး... အပြာရောင် တောင်တန်းရိပ်များ ပါရှိသည့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားချေသည်။

သူတို့ နှစ်ဦးမှာ ဤဒေသတစ်ဝိုက်တွင် ကင်းလှည့်နေကြခြင်း ဖြစ်ဟန်တူသည်။ ဗဟိုဒေသအတွင်းရှိ သွေးမြူထုများက ဝိညာဉ်အာရုံကို ပိတ်ဆို့ထားသဖြင့် နယ်စပ်တစ်လျှောက်တွင် လူကိုယ်တိုင် ကင်းလှည့်ရန် စေလွှတ်ထားခြင်း ဖြစ်၏။ သူတို့သည် အနီးအနားတွင် စွမ်းအင်လှုပ်ခတ်မှုများကို ခံစားမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရောက်ရှိလာကြခြင်းပင်တည်း။

ဂိုဏ်းကြီးနှစ်ခု၏ လက်အောက်ခံ ကျင့်ကြံသူတို့မှာ နယ်နိမိတ်ချင်း ရှင်းလင်းစွာ ပိုင်းခြားထားသော်လည်း... လက်ရှိ အခြေအနေများကြောင့် တောင်နှင့်ပင်လယ် ကမ္ဘာအတွင်းရှိ ပဋိပက္ခများကို ဗဟိုနယ်မြေအတွင်းသို့ ယူဆောင်လာခြင်း မရှိကြသေးပါချေ။

“မင်းပဲ...”

ကျိုးရှန်း အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူသည် နင်ချီ၏ မျက်နှာကို စိုက်ကြည့်လိုက်ကာ လန်ချင်းအောက်ကိုလည်း တစ်ချက် ဝေ့ကြည့်လိုက်၏။ သူ၏ မျက်နှာထားမှာ အလွန်ပင် ခက်ထန်နေသော်လည်း များများစားစားတော့ မပြောပါချေ။

နင်ချီသည် ယခင်က ထိတ်လန့်ဖွယ်ကောင်းလှသော ကောင်းကင်မိုးကြိုး ကပ်ဘေးကို လှုံ့ဆော်ခဲ့သဖြင့် ဗဟိုဒေသအတွင်းမှပင် ခံစားမိခဲ့ကြ၏။ ထို့ကြောင့် ကျိုးရှန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကုန်းထျန်းတောက်သည် နင်ချီ၏ အချက်အလက်များကို သူ၏ လက်အောက်ခံ ကျင့်ကြံသူများထံသို့ ဖြန့်ဝေထားခဲ့ပြီး ဖြစ်၏။

ထိုနည်းတူစွာပင် လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းသည်လည်း အလားတူ အခြေအနေမျိုးတွင် ရှိနေသည်။ အမျိုးသမီး ကျင့်ကြံသူသည် နင်ချီကို မြင်သည်နှင့် သူမ၏ မျက်ဝန်းများ ဝင်းပသွားကာ လန်ချင်းအောက်ကို မြင်သောအခါတွင်လည်း သာမန်ကာလျှံကာ ရှိလှသော သူမ၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။

“မိတ်ဆွေနင်... ချင်းအော... နင်တို့ ရောက်လာကြပြီပဲ...”

သူမ၏ အသံမှာ နားဝင်ပီသူ ရှိလှသည်။ ဆောင်းရာသီ၏ နှင်းပွင့်များကို အရည်ပျော်ကျစေနိုင်သော နွေဦးလေပြေကဲ့သို့ နွေးထွေးလှသဖြင့် လူအများကို ရင်းနှီးဖော်ရွေသော ခံစားချက်မျိုး ပေးစွမ်းနိုင်၏။

နင်ချီသည် ထိုစကားကို ကြားသောအခါ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ တစ်ဖက်လူက သူ့ကို မိတ်ဆွေဟု ခေါ်သော်လည်း လန်ချင်းအောက်ကိုမူ ချင်းအောဟု ခေါ်လိုက်ခြင်းမှာ... သူမနှင့် အလွန် ရင်းနှီးကြောင်း ပြသနေခြင်းပင် ဖြစ်ချေ၏။

ထိုအတွေးသည် နင်ချီ၏ ဦးနှောက်အတွင်းသို့ ဖြတ်ပြေးသွားချိန်မှာပင် လန်ချင်းအောက်သည် ထိုအမျိုးသမီးထံသို့ ပျံသန်းသွားကာ နှစ်ဦးသား ပွေ့ဖက်လိုက်ကြသည်ကို တွေ့မြင်လိုက်ရသည်။

နှုတ်ဆက်ပြီးနောက်တွင် လန်ချင်းအောက်သည် နင်ချီကို မေ့လျော့ခြင်း မရှိဘဲ ကုချင်းယန်နှင့် စတင် မိတ်ဆက်ပေးလိုက်၏။ “အရှင်နင်... ဒါကတော့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းက စီနီယာအစ်မ ကုချင်းယန်ပါ...”

နင်ချီသည် လက်သီးကို အုပ်ကိုင်ကာ ယဉ်ကျေးစွာ ဂါရဝပြုလိုက်၏။

“နှုတ်ဆက်ပါတယ်... မိတ်ဆွေကု...”

ကုချင်းယန်ကလည်း ပြန်လည် နှုတ်ဆက်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။

“မိတ်ဆွေနင် ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာကပ်ဘေးက တကယ်ကို အံ့ဩစရာကောင်းလှပါတယ်... ဂိုဏ်းချုပ် ကျောက်ကတော့ မိတ်ဆွေနင် ရောက်လာတာနဲ့ သူ့ဆီကို ချက်ချင်း လာတွေ့ဖို့ မှာကြားထားပါတယ်... အခု ကျွန်မနဲ့အတူ လိုက်ခဲ့မလား...”

ယခုအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေသည် ပင်လယ်ဘိုးဘေး၏ ပိုင်နက်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် နင်ချီသည်လည်း ပင်လယ်ဘိုးဘေး၏ လက်အောက်ခံ ကျင့်ကြံသူ တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်၏။

သူသည် ကုချင်းယန်၏ အနောက်သို့ လိုက်ပါရန် ပြင်ဆင်လိုက်ချိန်တွင်... ကျိုးရှန်း အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူ ကျိုးဟန်ရှန်းက အေးစက်စက် လေသံဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။

“နင်ချီ... မင်းရဲ့ အရင်းအမြစ်ကို မမေ့လိုက်နဲ့... မင်းဟာ ငါတို့ တောင်ဘိုးဘေးရဲ့ လက်အောက်ခံ ကျင့်ကြံသူ တစ်ယောက်ပဲဆိုတာ အမြဲ သတိရနေပါ...”

ထိုစကားကို ကြားလိုက်ရသည့်အခါ နင်ချီသာမက လန်ချင်းအောက်၊ ကုချင်းယန်နှင့် သူတို့၏ အနောက်မှ ကျင့်ကြံသူ အများအပြားမှာ ထိုအမျိုးသားဆီသို့ အကြည့်များ တစ်ပြိုင်တည်း ရောက်ရှိသွားကြ၏။

ကျင့်ကြံသူ အများအပြား၏ စိုက်ကြည့်ခြင်းကို ခံနေရသော်လည်း ထိုအမျိုးသားမှာမူ ရဲရင့်စွာပင် နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝ မပြပါချေ။

နင်ချီ ဘာမျှ မပြောရသေးမီမှာပင် ကုချင်းယန်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူမ၏ လေသံမှာလည်း ရုတ်ချည်းပင် အေးစက်သွားတော့၏။

“ကျိုးဟန်ရှန်း... နင် ဘာကို ဆိုလိုတာလဲ... ငါတို့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းက လူကို လုချင်နေတာလား...”

“ကုချင်းယန်... ငါက အမှန်တရားကိုပဲ ပြောနေတာပါ... တကယ်လို့ မင်းတို့ရဲ့ ပင်လယ်...”

ကျိုးဟန်ရှန်းသည် ပင်လယ်ဘိုးဘေး ဟူသော အမည်နာမကို ပြောဆိုရန် ပြင်လိုက်သော်လည်း... ရုတ်တရက်ပင် ပါးစပ်ကို ပိတ်လိုက်ကာ စကားကို အဆုံးမသတ်တော့ပါချေ။

ကြည့်ရသည်မှာ ထိုဘိုးဘေး၏ ဘွဲ့အမည်မှာ သူ့အတွက် အလွန်တရာ လေးလံလွန်းနေပုံ ရ၏။

ကုချင်းယန်က တစ်ဖက်လူ ပင်လယ်ဘိုးဘေး၏ အမည်ကိုပင် မပြောရဲသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်သည်။

“ပင်လယ်ဘိုးဘေးက မိတ်ဆွေနင်ရဲ့ ပါရမီကို တန်ဖိုးထားတာကြောင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေကို ငါတို့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းနဲ့ ကပ်ရက် နေရာမှာ စီစဉ်ပေးခဲ့တာလေ... မင်းတို့ကတော့ ဒီလောက် ထူးချွန်တဲ့ ပါရမီရှင်ကို အေးစက်စက် ဆက်ဆံခဲ့ပြီး... ဝေးလံလှတဲ့ ဝိညာဉ်နယ်မြေထဲမှာ ပစ်ထားခဲ့တာ မဟုတ်ဘူးလား... ဘယ်တုန်းကမှလည်း ဂရုမစိုက်ခဲ့ကြဘူး...”

“မင်း...”

ကျိုးဟန်ရှန်းက စကားဖြတ်ပြောရန် ကြိုးစားလိုက်သော်လည်း... ကုချင်းယန်၏ မိုးကြိုးပမာ ပြင်းထန်လှသော စကားလုံးများအောက်တွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားရပြန်၏။

“နင် ပြောတာက နင့်ရဲ့ အမှန်တရား ဖြစ်နိုင်ပေမယ့်... ငါပြောတာကတော့ အားလုံး သိနေကြတဲ့ အဖြစ်မှန်ပဲ... နည်းနည်းလောက် ဆင်ခြင်တုံတရား ရှိသူတိုင်းဟာ ပင်လယ်ဘိုးဘေးက မိတ်ဆွေနင်လို ပါရမီရှင်ကို အမြဲတမ်း တန်ဖိုးထားခဲ့တာကို သိကြတယ်...”

“ဒါ့အပြင် မိတ်ဆွေနင်ဟာ တာအိုပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိဖို့ ကြိုးစားနေချိန်မှာ... နင်တို့ဘက်က ဘယ်တုန်းကများ သူ့ကို ကူညီခဲ့ဖူးလို့လဲ... နင်တို့ ကူညီဖို့ နေနေသာသာ... မင်းတို့ထဲက တချို့ဆိုရင် သူ့ကို သတ်ဖို့တောင် ကြိုးစားခဲ့ကြသေးတယ် မဟုတ်လား...”

“ငါတို့ဆီမှာ သတင်းအချက်အလက်တွေ မရှိဘူးလို့ မထင်လိုက်နဲ့... နင်တို့ဘက်က နယ်မြေအရှင် သုံးဦးဖြစ်တဲ့ ဖန်ချန်၊ ကျန်းကွမ်ဟွာနဲ့ မုကျူးထျန်းတို့ဟာ စစ်မြေပြင်နယ်မြေထဲကို ဝင်လာကတည်းက နင်ချီကို ပစ်မှတ်ထားခဲ့ကြတာလေ... တကယ်လို့ မိတ်ဆွေနင်သာ ကပ်ဘေး မိုးကြိုးတွေနဲ့ ဒီအန္တရာယ်ကို မကျော်လွှားနိုင်ခဲ့ရင်... သူဟာ နင်တို့လူတွေရဲ့ လက်ချက်နဲ့ပဲ သေဆုံးသွားနိုင်တာပေါ့...”

“ဒါဆို... အတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ နင်က ပြောချင်တာလား...”

ကုချင်းယန်သည် သူမ၏ စကားများကို တစ်ချက်မနားတမ်း ဆက်တိုက် ပြောဆိုလိုက်ရာ... ကျိုးဟန်ရှန်းမှာမူ ပြန်လည် ချေပရန် စကားလုံးပင် မရှိတော့ဘဲ ဆွံ့အသွားရသည်။

ကျိုးဟန်ရှန်းသည် ကုချင်းယန်ကို နာကျည်းစွာ စိုက်ကြည့်လိုက်၏။

သူသည် နင်ချီဘက်သို့ နောက်တစ်ကြိမ် လှည့် ကြည့်လိုက်သောအခါ... နင်ချီ သာမက လန်ချင်းအောက်နှင့် သူမ၏ နောက်ကွယ်မှ စစ်တပ်ကြီးတစ်ခုလုံးမှာ သူ့ကို အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို တွေ့မြင်လိုက်ရသည်။

သူ မည်မျှပင် ပြောဆိုပါစေ... နင်ချီကို သူတို့၏ ကျိုးရှန်း အင်မော်တယ်ဂိုဏ်းသို့ ခေါ်ဆောင်သွားနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ကြောင်း ရှင်းလင်းစွာ သိသာနေချေပြီ။ ထို့ပြင် ကုချင်းယန်၏ စကားများမှာလည်း ထိုနေရာရှိ ကျင့်ကြံသူ အားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားစေခဲ့သည် မဟုတ်ပါလော။

ကျိုးဟန်ရှန်းသည် ထိုနေရာ၌ ဆက်လက် မနေလိုတော့ဘဲ လူတိုင်း၏ မကျေမနပ် အကြည့်များအောက်မှ ချက်ချင်းပင် ထွက်ခွာသွားတော့၏။

နင်ချီသည် သူ၏ မျက်ဝန်းများကို အနည်းငယ် နှိမ့်ချလိုက်သည်။ ကုချင်းယန်၏ စကားများမှာ ကျိုးဟန်ရှန်းကို ပြန်လည် ချေပနေခြင်း ဖြစ်သော်လည်း... တစ်ဖက်တွင်မူ သူ့အတွက် သတိပေးချက် တစ်ခုလည်း ဖြစ်နေ၏။

နက်ရှိုင်းသော သစ္စာတရား နယ်မြေကို ပင်လယ်ဘိုးဘေးက လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ အနီးသို့ ရွှေ့ပြောင်းလိုက်ခြင်းမှာ... ပင်လယ်ဘိုးဘေးက သူ့ကို အမှန်တကယ်ပင် တန်ဖိုးထားခြင်းလား သို့မဟုတ် ခြိမ်းခြောက်လိုက်ခြင်းလား ဆိုသည်ကိုမူ နင်ချီ အတိအကျ မပြောနိုင်သေးပါချေ။

“သွားကြစို့... မိတ်ဆွေနင်... ကျိုးရှန်း အင်မော်တယ်ဂိုဏ်းက လူတွေ နောက်ထပ် လာပြီး နှောင့်ယှက်နေဦးမယ် ထင်တယ်... ကျွန်မတို့ လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းဆီကိုပဲ အမြန် သွားလိုက်ကြရအောင်”

“ကောင်းပါပြီ”

နင်ချီက ပေါ့ပေါ့ပါးပါးပင် ပြန်လည် ဖြေကြားလိုက်သည်။

ကုချင်းယန်က လမ်းပြလျက် သူတို့အဖွဲ့သည် လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း စခန်းချရာ အရပ်ဆီသို့ လျင်မြန်စွာ ဦးတည်လိုက်ကြ၏။ နင်ချီသည် ဗဟိုဒေသအတွင်းရှိ အခြေအနေများကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ ဤ သွေးမြူထုကြီးမှာ သူ၏ ဝိညာဉ်အာရုံကို အနည်းငယ်မျှပင် မဖုံးကွယ်နိုင်ပါချေ။

သူသည် ဤဒေသသို့ ပထမဆုံး ဝင်ရောက်လာစဉ်ကပင် ဗဟိုဒေသ တစ်ခုလုံးကို အကြမ်းဖျင်း မြင်တွေ့ခဲ့ပြီး ဖြစ်ရာ... ယခု တာအိုပေါင်းစည်းခြင်း ကပ်ဘေးကို ကျော်ဖြတ်ပြီးချိန်တွင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဤ သွေးမြူထုက ကျင့်ကြံသူ တစ်ဦးကို မည်မျှအထိ ကန့်သတ်နိုင်သနည်း ဆိုသည်မှာ ထိုသူ၏ ခွန်အားအပေါ်တွင်သာ မူတည်လေရာ... နင်ချီမှာမူ ထိုသူတို့ထဲတွင် ချွင်းချက်တစ်ခုပင် ဖြစ်တော့၏။

နင်ချီ ခန့်မှန်းရသလောက်တော့ ဤမြူထုသည် ဂိုဏ်းချုပ်ကြီး သုံးဦး၏ ဝိညာဉ်အာရုံကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါချေ။ ကျန်ရှိနေသော ကျင့်ကြံသူများ အနေဖြင့်မူ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်း အနိမ့်အမြင့် အလိုက်သာ မြင်ကွင်းများကို မြင်တွေ့နိုင်ကြမည်သာ။ နင်ချီ၏ အနောက်မှ လန်ချင်းအောက်နှင့် သူမ၏ ကျင့်ကြံသူများသည် ဗဟိုဒေသ၏ အခြေအနေများနှင့် ပတ်သက်၍ များစွာ စပ်စုချင်နေကြသည်။

သူတို့သည် အပြင်ဘက် နယ်မြေများတွင်မူ အသက်လု၍ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း... ဤနေရာသို့ ရောက်ရှိလာချိန်တွင် ဘာကြောင့် ဤမျှအထိ ငြိမ်သက်နေရသနည်း ဟု တွေးတောနေမိကြခြင်း ပင်တည်း။

မကြာမီမှာပင်... နင်ချီနှင့် လန်ချင်းအောက်တို့သည် ဗဟိုဒေသ၏ ဘယ်ဘက်ခြမ်းဆီသို့ ပျံသန်း ရောက်ရှိလာကြ၏။

လှပကျော့ရှင်းသော ပုံရိပ်တစ်ခုသည် ရှေ့ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏ ခန္ဓာကိုယ်မှာရေလှိုင်းအလား နူးညံ့ပျော့ပျောင်းလှပြီး... သူမ၏ ပတ်လည် ဆယ်ကိုက်အတွင်း မည်သူမျှ မရှိပါချေ။

ဆယ်ကိုက်ခန့် အကွာအဝေးတွင်မူ စနစ်တကျ တန်းစီနေသော စစ်တပ်ကြီးကို တွေ့မြင်ရပြီး... နင်ချီသည် ထိုစစ်တပ်၏ အခင်းအကျင်းကို ချက်ချင်းပင် မှတ်မိလိုက်သည်။

၎င်းမှာ ထပ်ဆင့် လှိုင်းတံပိုးများ၏ ဆူနာမီ အခင်းအကျင်း ပင် ဖြစ်၏။ ဤ အခင်းအကျင်းသည် ကျင့်ကြံသူတို့၏ စွမ်းအားများကို ပိုမို ကြီးမားလာစေရန် အားဖြည့်ပေးနိုင်ပြီး... လူတိုင်း၏ စွမ်းအားများကို စုစည်းကာ အလွန်ပြင်းထန်လှသော တိုက်ခိုက်မှုများကို တစ်လှိုင်းပြီး တစ်လှိုင်း ထုတ်လွှတ်နိုင်စွမ်း ရှိပါပေသည်။

စွမ်းအားများကို မည်မျှအထိ ပေါင်းစပ်နိုင်သနည်း ဆိုသည်မှာမူ... ကျင့်ကြံသူတို့၏ ယေဘုယျ ခွန်အားနှင့် ခေါင်းဆောင်ဖြစ်သူ၏ ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်၏။

နင်ချီတို့ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သောအခါ... ဗဟိုဒေသ၏ နယ်နိမိတ်တံတိုင်းကို စိုက်ကြည့်နေသော ထို လှပသည့် ပုံရိပ်သည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။

လှပသည့် ပုံရိပ်၏ မျက်ဝန်းများမှာ ကြည်လင်သော အပြာရောင် ရှိပြီး... သူမ၏ အကြည့်များမှာ နူးညံ့ပျော့ပျောင်းလှသဖြင့်... ကျယ်ပြောလှသော ပင်လယ်ပြင်အတွင်းသို့ နစ်မြုပ်သွားကာ မရုန်းထွက်နိုင်တော့သည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်၏။

“မိတ်ဆွေနင်...”

ကျောက်ယွီကျွင်းသည် ပင်လယ်ဘိုးဘေး ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့သော လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လေရာ... သူမ၏ စွမ်းဆောင်ရည်မှာ ပင်လယ်ဘိုးဘေး ပြီးလျှင် ဒုတိယ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်ချေသည်။

သူမထံမှ မည်သည့် အရှိန်အဝါမှ ထွက်ပေါ်မလာသော်လည်း... နင်ချီကဲ့သို့ပင် လောကီအာရုံများမှ ကင်းလွတ်နေသော ကြီးမြတ်သည့် အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားလေသည်။

ယနေ့တွင် ကျောက်ယွီကျွင်းက နင်ချီကို မိတ်ဆွေနင် ဟု ခေါ်ဆိုလိုက်ခြင်းမှာ... နင်ချီကို အထင်ကြီး လေးစားနေခြင်း မဟုတ်ဘဲ၊ သူ့ကို သူမနှင့် တန်းတူအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်လိုက်ခြင်းပါပင်။

သူမက အနည်းငယ် ပြုံးလိုက်ရာ နီစွေးသော ပါးပြင်ပေါ်တွင် ပါးချိုင့်ကလေး နှစ်ခု ပေါ်ထွက်လာကာ

နင်ချီဘက်သို့ လက်ကမ်းပေးလိုက်၏။

All Chapters