← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) ရှင့်ကို ကျွန်မ စွန့်ပစ်မှာ မဟုတ်ဘူး

ပေါက်ကွဲမှုကြောင့် လွင့်စင်လာသော ဘိလပ်မြေစများက လုံယု၏ နဖူးကို ခြစ်မိသွားပြီး အေးခဲနေသော သွေးစများက အရေပြားပေါ်တွင် ကပ်ငြိနေ၏။ သူ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်ကို မြင်သောအခါ ယောင်ရန်သည် သူ့ကို အလျင်အမြန်ပင် တွဲကူလိုက်လေသည်။

ဒဏ်ရာကို ကိုင်တွယ်ရန် အချိန်မရှိသဖြင့် သူမသည် သူ၏ ဒဏ်ရာများ ပိုမိုအေးခဲမသွားစေရန် အပူချိ န်ထိန်း အဝတ်အထည် တစ်ခုဖြင့် ဖုံးအုပ်ပေးလိုက်ပြီး မေးလိုက်၏။

"လုံယု...၊ ငါပြောတာ ကြားရလား...။"

လုံယုသည် ညည်းညူလိုက်ကာ သူ၏ ကိုယ်အလေးချိန်ကြောင့် သူမကို ဖိမိမနေစေရန် ဘေးသို့ အသာ အယာ ဖယ်လိုက်လေသည်။ အင်အားအနည်းငယ် ပြန်လည်ရရှိလာသည့်အခါ သူက သူမကို ကြည့်၍ မေးလိုက်လေသည်။

"ရန်ရန်...၊ မင်းရော အဆင်ပြေရဲ့လား...။"

ယောင်ရန်သည် သူ့ကို စိုးရိမ်တကြီး ကြည့်ကာ ပြန်လည်ဖြေလိုက်လေသည်။

"ငါ အဆင်ပြေပါတယ်...၊ ဒါပေမဲ့ ရှင် ဒဏ်ရာရနေပြီလေ...။ နှင်းကိုက်နာတွေ ပိုဆိုးမလာခင် ရှင့်ဒဏ်ရာ ကို ကုသဖို့ ဘေးကင်းတဲ့ နေရာတစ်ခု အမြန်ရှာရမယ်...။"

သူမ စကားပြောပြီးသည်နှင့် နှင်းလျှောစီးယာဉ်များ ချဉ်းကပ်လာသံကို ကြားလိုက်ရ၏။ စက္ကန့်အနည်း ငယ် ကြာသည့်အခါ ဖိနပ်အောက်ခြေတွင် နှင်းများ ကြေမွသွားသည့် အသံကို ကြားလိုက်ရလေသည်။ အပြင်ဘက်တွင် အနည်းဆုံး လူတစ်ဒါဇင်ခန့် ရှိနေပေလိမ့်မည်။

"ပတ်ပတ်လည်ကို ရှာကြစမ်း...။"

"ဟုတ်ကဲ့ ခေါင်းဆောင်..."

၎င်းကို ကြားလိုက်ရသည့်အခါ ယောင်ရန်သည် အမြန်ပင် ထရပ်ကာ လုံယုကို တွဲလိုက်ပြီး ပြောလိုက် လေ၏။

"သူတို့ ရောက်လာကြပြီ...၊ ငါတို့ အခုချက်ချင်း ထွက်သွားမှ ဖြစ်မယ်...။"

လုံယုသည်လည်း အပြင်ဘက်မှ လူသံများကို ကြားလိုက်ရသဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။ လုံယုမှာ ဒဏ်ရာရထားပြီး ယောင်ရန်က သူ့ကို တွဲထားရသဖြင့် သူတို့ အမြန် မပြေးနိုင်ကြပေ။

လက်ရှိ အရှိန်ဖြင့်ဆိုပါက လိုက်လံဖမ်းဆီးသူများ၏ လက်မှ လွတ်နိုင်မည် မဟုတ်ကြောင်း သိရှိလိုက်သ ဖြင့် ယောင်ရန်သည် ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်၏။ မလှမ်းမကမ်းရှိ ရုံးအဆောက် အအုံ တစ်ခုကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။

ယောင်ရန်သည် သူမ၏ ကျောပြင်မှ နာကျင်မှုကို အောင့်အည်းသည်းခံကာ လုံယုကို တစ်ဝက်ခန့် ဆွဲခေါ် လျက် အပြင်သို့ လျှောထွက်လာခဲ့ပြီး တိုးတိုးလေး ပြောလိုက်၏။

"တောင့်ခံထားပါဦး...။"

လုံယုသည် သွေးအမြောက်အမြား ဆုံးရှုံးထားရသလို၊ သူ၏ ဒဏ်ရာများမှာလည်း အေးခဲနေပြီ ဖြစ်သ ဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးမှာ ယားယံနာကျင်နေကာ အသိစိတ်များမှာလည်း ဝေဝါးနေခဲ့ပြီ ဖြစ်သည်။

ယောင်ရန်၏ အသံထဲမှ စိုးရိမ်ပူပန်မှုများကို ခံစားမိသဖြင့် သူက အားနည်းစွာ ပြောလိုက်လေသည်။

"ငါ အဆင်ပြေပါတယ်...။ စိတ်မပူပါနဲ့...၊ ငါတို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး...။"

ယောင်ရန်သည် သူ၏ စကားကို ကြားရသည့်အခါ သူ၏ ခါးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေ၏။ အဆောက်အအုံ အတွင်းမှ တိတ်တဆိတ် ထွက်လာပြီးနောက် သူမသည် လုံယုကို တွဲကာ အခြား ရုံး အဆောက်အအုံ တစ်ခုဆီသို့ ဦးတည် လျှောက်လှမ်းခဲ့လေသည်။ သူမအနေဖြင့် မည်သူမျှ မသိအောင် အဆောက်အအုံအတွင်း ဝင်နိုင်ပြီဟု ထင်လိုက်စဉ်မှာပင်၊ တစ်စုံတစ်ယောက်က သူတို့ကို အဝေးမှ လှမ်း မြင်သွားခဲ့တော့၏။

"ဟိုမှာ...၊ သူတို့ ဟိုမှာ...။"

ယောင်ရန်သည် ထိုအသံကို ကြားလိုက်ရသည့်အခါ ရင်ထိတ်သွားရလေသည်။ သူမ လှည့်ကြည့်လိုက် သည့်အခါ ထိုလူများမှာ ရုံးအဆောက်အအုံ အတွင်းမှ တစ်ဦးပြီးတစ်ဦး ပြေးထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။ လူတိုင်းတွင် သေနတ်များ ကိုင်ဆောင်ထားကြပြီး သူတို့အထဲမှ နှစ်ဦးမှာ ဂတ်တလင်း သေနတ်များပင် ကိုင်ဆောင်ထားကြလေသည်။

သူတို့မှာ လူအင်အား မမျှသလို၊ ရန်သူများမှာလည်း လက်နက်ကြီးများ ကိုင်ဆောင်ထားကြ၏။

သူတို့ အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့လျှင်ပင် ထိုလူများကို တိုက်ခိုက်ရန် ခက်ခဲမည်ဖြစ်ရာ၊ ယခု ကဲ့သို့ နှစ်ဦးစလုံး ဒဏ်ရာရထားသည့် အခြေအနေတွင်မူ ပို၍ပင် ဆိုဖွယ်မရှိတော့ပေ။

သူမက အခြေအနေကို သုံးသပ်နေစဉ်အတွင်း လုံယုမှာမူ ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့၏။

သူတို့ ရုံးအဆောက်အအုံ အတွင်းသို့ ဝင်ရောက်ပြီးနောက် ယောင်ရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက် ရာ ညာဘက်တွင် သိုလှောင်ရုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် အံကိုကြိတ်ကာ လုံယုကို ထိုသိုလှောင်ရုံအတွင်းသို့ အမြန်ပင် တွဲခေါ်သွားလိုက်၏။ တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် ညစ်ပတ်သော ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားကာ ပင်ပန်းနွမ်းနယ်မှုကြောင့် မောဟိုက်စွာ အသက်ရှူနေမိလေတော့သည်။

သူမ၏ နှလုံးခုန်သံများ မတည်ငြိမ်သေးမီမှာပင် လုံယု၏ အားနည်းသော အသံကို ကြားလိုက်ရ၏။

"ဟိုဘက်မှာ ပြတင်းပေါက်တစ်ခု ရှိတယ်...။ မင်း အဲ့ဒီကနေ ထွက်သွားပြီး ရှီရွှမ်းတို့ဆီ ပြန်ပြေးပါတော့ ...။ အပြင်ရောက်တာနဲ့ အရှေ့ဘက်ကို ဆက်ပြေး...။ မိုးလင်းတဲ့အထိ ပုန်းနေပြီးမှ လင်းယွမ်တိုက်ခန်း အဆောက်အအုံဆီကို ပြန်သွားပါ...။"

ထိုစကားကို ကြားရသောအခါ ယောင်ရန်မှာ မှင်တက်သွားရလေသည်။ သူမသည် လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ကာ သူ့ကို စိုက်ကြည့်၍ ပြောလိုက်၏။

"ကျွန်မ ရှင့်ကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး...။ ကျွန်မတို့ ဒီည ရှင်သန်နိုင်မယ့် နည်းလမ်း တစ်ခုခုတော့ ရှိမှာပါ...။"

လုံယုသည် သူမထံသို့ လက်လှမ်းလိုက်သော်လည်း ထိုလှုပ်ရှားမှုကြောင့် သူ၏ ကျောပြင်မှ ဒဏ်ရာမှာ ပွင့်ထွက်သွားကာ နာကျင်မှုကြောင့် ညည်းညူလိုက်ရလေသည်။ သူ၏ နဖူးမှ ချွေးစေးများမှာ စီးကျလာ ပြီး နောက်တစ်စက္ကန့်တွင်ပင် အေးခဲသွားတော့၏။

သူသည် ယောင်ရန်ကို ပြုံးပြကာ သူမ၏ ပါးပြင်ပေါ်မှ ဖုန်မှုန့်များကို အသာအယာ ပွတ်ခါပေးပြီး တိုး ညှင်းစွာ ပြောလိုက်လေသည်။

"မင်း ငါ့ကို တွဲထားရင် လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး...၊ ရန်ရန်...၊ လိမ္မာပါနော်...။ ငါ့ကို ထားခဲ့ပြီး မင်းကိုယ်မင်း ကယ်ပါ...။ မင်း ငါ့ထက်အရင် မသေပါဘူးလို့ ငါ့ကို ကတိပေးထားတယ် မဟုတ်လား...။ ဒါကြောင့် ရှိသမျှ အရှိန်နဲ့ ပြေးပြီး အသက်ရှင်အောင် နေပါတော့...။"

သူ၏ မျက်ဝန်းများထဲမှ ကြင်နာယုယသော အမူအရာကို မြင်လိုက်ရသည့်အခါ ယောင်ရန်၏ မျက်ဝန်း များမှာ နီရဲလာတော့၏။ သူမသည် ခေါင်းခါလိုက်ကာ နားထောင်ရန် ငြင်းဆန်လိုက်လေသည်။

"ပါးစပ်ပိတ်ထားစမ်း...၊ ကျွန်မ ရှင့်ကို စွန့်ပစ်မှာ မဟုတ်ဘူး...။"

လုံယုက သူမကို ထပ်မံ ဖျောင်းဖျရန် မကြိုးစားမီမှာပင် ခြေသံများမှာ ပိုမို နီးကပ်လာသည်ကို ကြား လိုက်ရလေသည်။

လိုက်လံဖမ်းဆီးသူများ ရောက်ရှိလာကြပြီ ဖြစ်၏။

သူတို့ ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ လုံယုသည် လျင်မြန်စွာပင် ဆုံးဖြတ်ချက် တစ်ခု ချ လိုက်လေသည်။ ထိုလိုက်လံဖမ်းဆီးသူများက တံခါးဖွင့်လိုက်သည်နှင့် သူတို့ နှစ်ဦးစလုံး သေနတ်ဖြင့် ပစ်သတ်ခံရပေလိမ့်မည်။ သူမနှင့်အတူ သေဆုံးသွားမည့်အစား သူမ၏ အသက်ကို ကယ်တင်ရန်သာ သူ ရွေးချယ်လိုက်တော့၏။

လုံယုသည် ကျန်ရှိသော အင်အားများကို စုစည်းကာ နံရံကို အမှီပြု၍ မတ်တပ်ရပ်လိုက်လေသည်။ ထို့ နောက် ယောင်ရန်ကို ထူမလိုက်ကာ ကျိုးပဲ့နေသော ပြတင်းပေါက်ဆီသို့ အတင်းအကြပ် ဆွဲခေါ်သွား တော့၏။

ယောင်ရန်မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း ယခုအချိန်တွင် ထွက်ခွာရမည်ဖြစ်ကြောင်း သူမ သိရှိထား ၏။ သူမက လုံယုကို ပြတင်းပေါက်မှ တက်နိုင်ရန် ကူညီပေးရန် ပြင်လိုက်စဉ်မှာပင် လုံယုက ပြောလိုက် လေသည်။

"အမြန်ပြေးပါ...၊ အနောက်ကို လှည့်မကြည့်နဲ့ဦး...။ ငါ မင်းအတွက် အချိန်ဆွဲပေးထားမယ်...။"

သူ ဘာလုပ်ချင်နေသည်ကို သိရှိလိုက်သည့်အခါ ယောင်ရန်သည် ဇွတ်တရုတ်ပင် ခေါင်းခါလိုက်၏။ သူမ သည် သူ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လွှတ်မပေးဘဲ နေလေသည်။

သူမသည် နီမြန်းနေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။

"မရဘူး...၊ ငါတို့ အတူတူ ထွက်သွားရမယ်...။"

လုံယုမှာ အလွန်ပင် ပူပန်နေပြီး သူတို့တွင် အချိန်အများကြီး မရှိတော့ကြောင်း သိထား၏။ သူသည် သူမ ကို တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"ရန်ရန်...၊ အမြန်သွားပါတော့ကွာ...။"

နောက်တစ်စက္ကန့်တွင် ပိတ်ထားသော တံခါးနောက်ကွယ်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

"အထဲမှာ လူရှိတယ်...၊ တံခါးကို ဖျက်ဆီးကြစမ်း...။"

လုံယုသည် ထိုအသံကို ကြားသည်နှင့် ယောင်ရန်ကို တိုက်ရိုက် မချီလိုက်ကာ ပြတင်းပေါက် အပြင်ဘက် သို့ တွန်းထုတ်လိုက်လေတော့သည်။

"ငါ တောင်းပန်ပါတယ်...၊ သွားပါတော့...။"

သူ၏ စကားအဆုံးမှာပင် တစ်စုံတစ်ယောက်က တံခါးကို ကန်ကျောက်လိုက်လေ၏။

"ဒိုင်း… ဒိုင်း… ဒိုင်း…"

ထိုအခိုက်အတန့်တွင် ယောင်ရန်၏ တုံ့ပြန်မှုမှာ သူမ၏ ဦးနှောက်ထက်ပင် ပိုမို လျင်မြန်နေခဲ့လေသည်။ တံခါးကြီး အပြည့်အဝ ပွင့်မလာခင်မှာပင် သူမနှင့် လုံယုတို့သည် သိုလှောင်ရုံအတွင်းမှ ပျောက်ကွယ် သွားကြလေတော့သည်။

"ဝုန်း…"

နောက်တစ်စက္ကန့်တွင် တံခါးမှာ ပျက်စီးသွားခဲ့ပြီး မရေမတွက်နိုင်သော ကျည်ဆန်များမှာ အခန်း အတွင်းသို့ မိုးရွာသကဲ့သို့ ကျရောက်လာတော့၏။

"ဒိုင်း… ဒိုင်း… ဒိုင်း…"

လိုက်လံဖမ်းဆီးသူများမှာ တစ်မိနစ်ခန့်ကြာအောင် ပစ်ခတ်ပြီးမှ ရပ်တန့်လိုက်ကြလေသည်။ ထိုနေရာ တွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူသည် စစ်ဆေးရန်အတွက် ပြတင်းပေါက် ဆီသို့ အမြန် လျှောက်သွားလိုက်လေ၏။

နှင်းပေါ်ရှိ ခြေရာများကို မြင်လိုက်ရသည့်အခါ သူက ကျိန်ဆဲလိုက်ပြီး အမိန့်ပေးလိုက်လေသည်။

"သူတို့ ထွက်ပြေးသွားပြီ...၊ လိုက်ကြ...။"

All Chapters