အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁) အတူတကွ ခေါက်ဆွဲစားခြင်းနှင့် တရားသူကြီးစုတ်တံ ပေါက်ကွဲသွားခြင်း
ချက်ချင်းပင်…
ယွင်ယာ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားလေ၏။ သူမသည် တည်ငြိမ်နေဟန်ရှိသော မင်းသားနန်ကုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူမပါးစပ်ထဲရှိ ခေါက်ဆွဲများကို အသံမထွက်စေဘဲ မြိုချလိုက်သည်။
"ဒီခေါက်ဆွဲက တော်တော်လေး ကောင်းတယ်... အားလုံးပဲ မြည်းကြည့်သင့်တယ်..."
သူမက ပြုံးလျက်ပြောကာ ဒုတိယအကြိမ် တူကို ကောက်ကိုင်လိုက်လေသည်။
"တကယ်ပဲ အဲ့လောက်တောင် အရသာရှိလို့လား..."
ယွင်ဝေသည် ကြက်ဥထဲမှ ကြက်ဥခွံကို ခပ်ရေးရေး မြင်လိုက်ရသော်လည်း သူမက သံသယဖြစ်နေဆဲပင်။
"တကယ်ပြောတာ.."
ယွင်ယာက ထပ်မံအတည်ပြုလိုက်ရာ အားလုံးက ၎င်းကိုမြင်ပြီး တူများကို ယူလိုက်ကြသည်။
သို့သော်လည်း…
"အင်း... အရသာရှိလိုက်တာ..."
"ဝါး... ငါ့သမီးလေးက တော်လိုက်တာ... ဒီခေါက်ဆွဲက အရမ်းအရသာရှိတာပဲ... အပြင်မှာ ဆိုင်တောင် သွားဖွင့်လို့ရတယ်..."
"တကယ်ပါပဲ... ယုံအန်းမင်းသမီးရဲ့ ဟင်းချက်လက်ရာက တကယ့်ကို ထူးချွန်တာပဲ..."
အဆက်မပြတ် ချီးကျူးသံများက ယွင်ဝေ၏ စိုးရိမ်ပူပန်မှုများကို ပြေပျောက်သွားစေသည်။ သူမသည် လူတိုင်း၏ မျက်လုံးများထဲမှ ထူးဆန်းသော အရောင်အဝါကို သတိမထားမိဘဲ မျက်နှာပြင်ပေါ်ရှိ ကြက်ဥကို ဂရုတစိုက် ခွာလိုက်လေ၏။
“စားလိုက်... စားလိုက်... နင်မပါဘဲ ငါတို့က ဘယ်လိုလုပ် စားလို့ရမှာလဲ…”
နောက်တစ်စက္ကန့်တွင်မူ။
နန်ကုန်းယွမ်မှလွဲ၍ ကျန်လူအားလုံးမှာ အေးခဲနေသော ရာသီဥတုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အပြင်သို့ အပြေးအလွှားထွက်ကာ အန်ထုတ်လိုက်ကြတော့သည်။
ယွင်ဟွားက သူတို့ ထိတ်လန့်တကြား ပြေးထွက်သွားသည်ကို ကြည့်ရင်း သူမ၏ မျက်နှာထားမှာ ခေတ္တမျှ ကြက်သေ၊ သေသွားလေ၏။ တစ်ချိန်တည်းမှာပင် နန်ကုန်းယွမ်က သူမလက်ထဲမှ တူကို ယူလိုက်ပြီး ပြောလိုက်သည်။
"ကိုယ်ပြောတာ နားထောင်... မစားနဲ့..."
ယွင်ဟွား၏ နှုတ်ခမ်းများ ရုတ်တရက် တွန့်ကွေးသွားပြီး သူမက တိုးညင်းစွာ မေးလိုက်သည်။
"အဲ့... အဲ့လောက်တောင် ဆိုးနေလို့လား..."
နန်ကုန်းယွမ်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေ၏။
ဤမိန်းကလေး ပြုလုပ်သမျှ အရာများသည် သူမ၏ လက်ရေးနှင့် အတူတူပင်။ သေစေလောက်အောင် ဆိုးရွားလှသည်။
"ညီ... ညီမလေး... မင်းရဲ့ အစ်ကိုကြီးကတော့ နောက်ဆိုရင် မီးဖိုချောင်နဲ့ ဝေးဝေးနေဖို့ အကြံပြုချင်တယ်... အစ်ကိုက ငယ်ပါသေးတယ်... နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ပြီး အသက်ရှင်ချင်သေးတယ်..."
*ဘုရားရေ... ငရဲပြည်က လာတာဆိုတော့လည်း အံ့ဩစရာတော့ မရှိပါဘူးလေ... သူမချက်တဲ့ အစားအစာတွေကလည်း ငရဲပြည်က အရသာမျိုးပဲကိုး*
ယွင်ဝေသည် ထူးဆန်းသော အရသာကို ဖိနှိပ်ရန်အတွက် လက်ဖက်ရည် တစ်ငုံကို မျိုချလိုက်ပြီး ညည်းတွားလိုက်သည်။
"အဖေတို့တွေ တော်တော် လွန်လွန်းတယ်... မျိုချဖို့တောင် ခက်ခဲနေတာကို... အရမ်း အရသာရှိသယောင် ဟန်ဆောင်နေကြတယ်..."
သူမက အလွန်ဒေါသထွက်သွားသည်။ သူမက သူတို့ကို ရှောင်နေခဲ့ပြီးဖြစ်သော်လည်း သူတို့က ပူးပေါင်းကာ ထောင်ချောက်ဆင်လိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
"သမီး... ငါတို့ကို အပြစ်မတင်နဲ့... ခေါက်ဆွဲကို ပထမဆုံး စားခဲ့တဲ့သူကိုသာ အပြစ်တင်... သူက ငါတို့ကို လမ်းလွဲအောင် လုပ်ခဲ့တာ..."
ယွင်ရှောင်ထျန်းက နန်ကုန်းယွမ်အား စိုက်ကြည့်လိုက်ပြီး သူ၏ သမီးငယ်လေးထံမှ မည်သည့် အံ့ဩစရာများကိုမျှ ထပ်မံမျှော်လင့်တော့မည် မဟုတ်ကြောင်း ပြသလိုက်၏။
နန်ကုန်းယွမ်က သူ၏ နှုတ်ခမ်းထောင့်ကို သပ်ရပ်သေသပ်စွာ သုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... ဒါက မွေးနေ့ရှင် ယုံအန်းမင်းသမီး ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ် အစားအစာ ပြင်ဆင်ပေးခြင်းပါပဲ... အားလုံးက မစားကြဘူးဆိုရင် သူမရဲ့ စိတ်နှလုံးကို နာကျင်စေရာ မရောက်ဘူးလား..."
အားလုံး : …..
ဤအရာက သူတို့၏ အသက်ကိုပါ ရန်ရှာနိုင်သည်ဆိုသည်ကို သူက ဘာကြောင့် မတွေးမိရသနည်း။
“အဟွန်း…”
တရားသူကြီးစုတ်တံက သူတို့၏ တုံ့ပြန်မှုများကို ကြည့်နေရင်း သူ၏ ခေါင်းပေါ်မှ ဆံပင်စလေးမှာ ထောင်မတ်နေလေ၏။
“ပန်းကလေးက မင်းတို့အားလုံးအတွက် သူကိုယ်တိုင် အစားအစာတွေ လုပ်ပေးတာတောင်မှ မင်းတို့က ညည်းတွားနေကြသေးတယ်... ဒါက တကယ့်ကို ဒေါသထွက်စရာပဲ…”
တရားသူကြီးပေပေ့သည် သေခြင်းရှင်ခြင်းစာအုပ်၏ မူလပုံစံကို ကိုင်ဆောင်ထားလျက် သူတို့၏ နားရွက်များအနီးသို့ ပျံသန်းသွားကာ အတင်းအဖျင်းများဖြင့် စတင်ဗုံးကြဲတော့၏။
“ဟွားဟွားရဲ့အဖေ... ခင်ဗျား ပိုက်ဆံတွေ ထပ်ဝှက်ထားပြန်ပြီနော်... ဒီတစ်ကြိမ်တော့ ခေါင်မိုးတန်းပေါ်မှာ ဝှက်ထားတာ... စုစုပေါင်း ငွေ ၇၃၃ တေးလ် ရှိတယ်..”
ယွင်ရှောင်ထျန်းအတွက်မူ ကောင်းကင်ကြီး တစ်စက္ကန့်အတွင်း ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“မင်းသားစု... ခင်ဗျားက ခြံဝင်းထဲမှာ အရက်အိုး ဆယ်အိုးကို တိတ်တဆိတ် မြှုပ်ထားခဲ့တယ်... ဒါမှမဟုတ် ခင်ဗျားသားရဲ့ သိုလှောင်ရုံထဲကို ဖောက်ဝင်ပြီး ငွေကြေးနဲ့ လဲလှယ်ခဲ့တာ... စုစုပေါင်း ငွေ ၁၂၀၀ တေးလ် ရှိတယ်... ကျန်တာတွေကိုတော့ ကုတင်အောက်မှာ ဝှက်ထားတယ်..”
မင်းသားစုမှာ ကြက်သေ သေသွားပြီး ရုတ်တရက် မျက်လုံးနှစ်စုံက သူ၏ထံသို့ စူးစိုက်ကြည့်လာလေသည်။
“တော်ဝင်ကြင်ယာတော်စု... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခင်ဗျားဟာ မင်းသားစုကို ဒေါသထွက်ပြီး နန်ဖုန်းရိပ်သာကိုတောင် ခိုးသွားခဲ့သေးတယ်... ခင်ဗျား ဘာအမှားမှ မလုပ်ခဲ့ပေမယ့် အဲ့ဒီလူငယ်လေးရဲ့ ဗိုက်ကြွက်သားတွေကို အကြိမ်အနည်းငယ်လောက် ကိုင်တွယ်ကြည့်ဖို့အတွက် ငွေသုံးထောင်တေးလ်ဆိုတဲ့ ပမာဏကို အကုန်အကျခံခဲ့တယ်…”
တော်ဝင်ကြင်ယာတော်စု…..
သူမက တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
ပြီးပြီ... နောက်ထပ် ရက်အတော်ကြာအောင် သူမ ကုတင်ပေါ်ကနေ မထနိုင်တော့မည် မဟုတ်ကြောင်း တွက်ဆမိလိုက်၏။
အားမရသေးသဖြင့် တရားသူကြီးစုတ်တံက ထပ်မံ၍ ဖွင့်ချလိုက်ပြန်သည်။
“ဟွားဟွားရဲ့အစ်ကို... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းအမေဆီက ချင်းကျိုး ရေခဲကျောက်စိမ်းမှင်သွေးကျောက်ကို အသနားခံ တောင်းဆိုပြီး ဖြားယောင်းယူခဲ့တယ်... ပြီးတော့ ဟွားဟွားရဲ့အဖေကို မသိစေဖို့တောင် ပြောခဲ့သေးတယ်…”
“ဟေး... ငါ ခဏနေရင် စာတိုလေးတစ်စောင် ရေးပြီး အဘိုးကြီးယွင်ကို ပြောပြလိုက်ဦးမယ်... မင်းတို့နှစ်ယောက်ကို ရန်ဖြစ်ခိုင်းလိုက်ရမယ်…”
ယွင်ရှောင်ထျန်းသည် မူးဝေသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဇနီးသည်ထံမှ အချိန်အတော်ကြာအောင် တောင်းဆိုနေခဲ့ရသော ချင်းကျိုး ရေခဲကျောက်စိမ်းမှင်သွေးကျောက်ကို ဤမိုက်မဲသော သားက လုယူသွားခဲ့ခြင်းပင်။
ယွင်ချင်းမော့၏ ခေါင်းများ ကိုက်ခဲလာပြီး သူ၏ ဖခင်ကို သက်သောင့်သက်သာမရှိစွာဖြင့် ကြည့်လိုက်လေသည်။ သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြရာ သူ၏ ဖခင်မှာ အံကြိတ်ထားလေ၏။
“ဟွားဟွားရဲ့ ဒုတိယအစ်မ... မင်းက…”
တရားသူကြီးစုတ်တံက ဆက်မဖတ်ရသေးမီ ယွင်ယာက ရုတ်တရက် ထအော်လေသည်။
"အဖေ... အမေ... သမီး သွားပြီး မျက်နှာသစ်လိုက်ဦးမယ်... မကြာခင် နန်းတွင်းပွဲတော်ကို တက်ရောက်ရတော့မှာ..."
ထိုသို့ပြောပြီးသည်နှင့် မည်သူမျှ မတုံ့ပြန်နိုင်မီ သူမသည် စကတ်ကိုမလျက် ထွက်ပြေးသွားလေတော့၏။
"ဒုတိယအစ်မ... ညီမကိုလည်း စောင့်ပါဦး..”
ယွင်ဝေသည်လည်း ဖွင့်ချခံရမည်ကို ကြောက်ရွံ့သဖြင့် အနောက်မှ ကပ်လျက် လိုက်သွားလေသည်။
ခဏအကြာတွင် ကျန်ရှိနေသော ယွင်မိသားစုဝင်များသည်လည်း အကြောင်းပြချက်အမျိုးမျိုးပေးကာ ထွက်ခွာသွားကြပြီး ယွင်ချင်းမော့မှာမူ သူ၏ ဖခင် ခိုးယူမည့်ရန်ကို ကာကွယ်ရန် သူ၏ ချင်းကျိုး ရေခဲကျောက်စိမ်းမှင်သွေးကျောက်ကို သွားရောက်ဖွက်ထားလေသည်။
တရားသူကြီးစုတ်တံသည်လည်း အရှုံးမပေးဘဲ သူတို့၏ အနောက်သို့ လိုက်သွားကာ အော်ဟစ်လျက် လျှို့ဝှက်ချက်များကို အဆက်မပြတ် ဖွင့်ချနေတော့၏။ ဧည့်ခန်းမအတွင်း၌ မင်းသားစု၏ မိသားစုနှင့် ယွင်ဟွားတို့သာ ကျန်ရစ်ခဲ့ပြီး အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်နေကြလေသည်။
"အစ်မ... အစ်မကြီး..."
လူတိုင်း၏ မေ့လျော့ခြင်းကို ခံထားရသော ကလေးငယ်လေးသည် ယွင်ဟွား၏ ခြေထောက်ကို ဖက်တွယ်ကာ တက်လာပြီး သူမ၏ ပါးကို သူ၏ ပါးစပ်လေးဖြင့် နမ်းလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ခေါက်ဆွဲကို သူ၏ လက်ညှိုးလေးဖြင့် ညွှန်ပြကာ တံတွေးများကို အကြိမ်ကြိမ် မျိုချနေလေ၏။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ အစ်မ... မောင်လေး စားချင်တယ်..."
နန်ကုန်းယွမ်သည် ယွင်ချင်းဟန်၏ ဝိုင်းစက်နေသော မျက်နှာလေးကို ဆွဲညှစ်လိုက်ရင်း ဤမိန်းကလေး ငယ်ငယ်ကလည်း သူ၏ကဲ့သို့ပင် ချစ်စရာကောင်းနေမည်မှာ သေချာကြောင်း တွေးမိကာ သူမအပေါ်ထားရှိသော သူ၏ ချစ်ခင်ယုယမှုများမှာ သိသာထင်ရှားနေလေသည်။
ယွင်ဟွားသည် သူမကိုယ်တိုင် ပြုလုပ်ထားသော ဆိုးရွားလှသည့် အစားအစာများကို ကလေးငယ်အား မကျွေးရဲသဖြင့် သူ့ကို ချော့မော့ကာ သရေစာအချို့ကိုသာ ကျွေးလိုက်သည်။ အချိန်နီးကပ်လာသောအခါ လူအုပ်စုသက ရထားလုံး အတော်များများပေါ်သို့ တက်ကာ နန်းတော်ဆီသို့ ဦးတည်သွားကြလေသည်။
ချွေ့ဝမ်ရှင်းသည် သက်ပြင်းချလိုက်ပြီး အနည်းငယ် မှုန်ကုပ်နေဟန်ရှိ၏။
"အကယ်၍ ရှောင်ဟွားအာသာ တစ်ရက်စောပြီး မွေးလာခဲ့မယ်ဆိုရင် ငါတို့ မိသားစုတစ်ခုလုံး သူမရဲ့ မွေးနေ့ကို သေချာ ကျင်းပပေးလို့ ရမှာပဲ... ဒီနေ့ရောက်တိုင်း နန်းတော်ကို သွားနေရတော့ ငါတို့ရဲ့ သမီးငယ်လေးကို လျစ်လျူရှုထားသလို ခံစားရတယ်..."
ယွင်ရှောင်ထျန်းက သူမ၏ လက်ကို နှစ်သိမ့်ပေးသည့်အနေဖြင့် ပုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ရဲ့ သမီးငယ်လေးက စိတ်ဆိုးမှာ မဟုတ်ပါဘူး... ဒီနေ့ပွဲတော်မှာ သူမက လက်ဆောင်တွေ ပိုပြီးတောင် ရချင်ရဦးမှာ..."
အဖေအိုကြီးတစ်ဦးအနေဖြင့် သူသည် သူ၏ သမီးငယ်လေးအတွက် ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ရအောင် ယူပေးရမည် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက အရှက်အကြောက်ကင်းသူပဲလေ။ မျက်နှာပြောင်တိုက်တော့ရော ဘာဖြစ်သလဲ။ ဧကရာဇ်နဲ့ သူ့သမီးက ကျောထောက်နောက်ခံ ပေးထားတော့ သူက ဘယ်သူ့ကိုမှ စော်ကားမိမှာကို မကြောက်ပေ။
တစ်နှစ်ပတ်လုံး အိမ်ထောင်စုတိုင်းက ဤနေ့ကို မျှော်လင့်နေကြခြင်းဖြစ်သည်။ အေးခဲနေသော ရာသီဥတုကပင် ပြည်သူများ၏ ရင်ထဲရှိ ပျော်ရွှင်မှုများကို မတားဆီးနိုင်ခဲ့ပေ။ မီးအိမ်များကို အမြင့်တွင် ချိတ်ဆွဲထားပြီး ကဗျာစာသားများကို ကပ်ထားကာ လမ်းမများပေါ်မှ ကလေးများ ဆော့ကစားနေသည့် အသံများကို ကြားနေရ၏။ အနီရောင် ချည်နှောင်ထားသော အနွေးထည်များကို ဝတ်ဆင်ထားသည့် လမ်းဘေးဈေးသည်များ၏ အော်ဟစ်ရောင်းချသံများက လေထုထဲတွင် ပျံ့နှံ့နေပြီး အသက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည်။
ဆန့်ကျင်ဘက်အနေဖြင့်…
အလွန်ဝေးကွာသော မြောက်ပိုင်းတွင် အမည်းရောင် အရိပ်တစ်ခု ပေါ်လာလေ၏။ သဟဇာတဖြစ်နေသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် ယမမင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်တွင် သူသည် အဆက်မပြတ် တွက်ချက်နေလေ၏။
*ထူးဆန်းလိုက်တာ...တကယ့်ကို ထူးဆန်းတာပဲ…*
ဤကမ္ဘာတွင် နှင်းမုန်တိုင်းကပ်ဘေးကြောင့် ထောင်သောင်းချီသော လူများ၏ တစ္ဆေဝိညာဉ်များ ပေါ်လာစေမည် ဖြစ်သည်။ သို့ပေမဲ့ ယခုမူကား... ဘာမှဖြစ်မလာခဲ့ပေ။
ယမမင်းက နှုတ်ခမ်းကိုစူကာ တင်းမာသော မျက်နှာထားဖြင့် သတင်းတစ်ခုကို ပြန်လည်ပေးပို့လိုက်လေသည်။ မကြာမီတွင် တရားသူကြီး ချွေ့ကျွယ်သည် 'ယင်ယန်ကျောက်စိမ်း' ကို ယူဆောင်လျက် လူ့ပြည်သို့ ပြန်လည်ရောက်ရှိလာ၏။
"ရှောင်ကျွယ်ကျွယ်... အဲ့ကမ္ဘာကို စုံစမ်းစစ်ဆေးပြီး ဘာတွေဖြစ်နေလဲဆိုတာ ရှာဖွေစမ်း... သေသင့်တဲ့လူတွေက ဘာလို့ အခုထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေကြတာလဲ..."
ချွေ့ကျွယ်သည်လည်း ထိုအရာကို ထူးဆန်းနေမိသည်။ ယင်ယန်ကျောက်စိမ်းပေါ်တွင် မှတ်တမ်းတင်ထားသော အမည်များက မူလက အနီရောင်ဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင် အမည်းရောင်သို့ ပြောင်းလဲသွားပြီး အခြားမည်သည့် မှတ်တမ်းမျှ မရှိတော့ပေ။
"အရှင်မင်းကြီး... ယင်ယန်ကျောက်စိမ်းဆိုတာ သေခြင်းရှင်ခြင်းစာအုပ် မဟုတ်ပါဘူး... အလွန်ဆုံး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို စစ်ဆေးနိုင်ပြီး ကောင်းမှု၊ မကောင်းမှုကိုသာ ဆုံးဖြတ်ပေးနိုင်တာပါ... လုံးဝကို ရှာမတွေ့နိုင်တဲ့ အရာတချို့လည်း ရှိနေပါတယ်..."
ထိုစကားကို ကြားသောအခါ ယမမင်း၏ မျက်မှောင်များ ပို၍ နက်ရှိုင်းစွာ ကွေးညွတ်သွားလေသည်။ သူသည် ဤကမ္ဘာကို အာရုံခံကြည့်လိုက်ရာ ထိုသတ္တဝါများ၏ တည်ရှိနေမှုမှာ ယာယီ ပျောက်ကွယ်နေကြောင်း တွေ့ရှိလိုက်ရ၏။ သူသည် ကမ္ဘာပေါင်း သုံးထောင်လုံးကို တစ်ခုပြီးတစ်ခု ဆက်လက် ရှာဖွေရဦးမည် ဖြစ်သည်။
"မင်း ဒီနေရာမှာနေပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးလိုက်... ငါကတော့ အဲ့ပြဿနာကောင်တွေကို ရှာဖွေရဦးမယ်..."
"အမိန့်တော်အတိုင်းပါ..."
တရားသူကြီး ချွေ့ကျွယ်က အရိုအသေပေးသည့်အနေဖြင့် လက်ကို ယှက်လိုက်ပြီး ယမမင်းသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
သူ မေ့သွားခဲ့ခြင်းသာ ဖြစ်သည်။
ငရဲလကျောက်သည် ၎င်း၏ တည်ရှိနေမှုကို ဖုံးကွယ်နိုင်သော စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားလေသည်။ သို့မဟုတ်ပါက ယွင်ဟွားနှင့် အခြားသူများ ဤနေရာတွင် မရှိကြောင်းကို အလျင်အမြန် ဆုံးဖြတ်နိုင်ခဲ့မည် မဟုတ်ပေ။