အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃) နန်းတွင်းပွဲတော်
"အထိန်းတော်ချောင်... တုံလင်နယ်မြေထဲမှာ ရွှေတွင်းတွေ ရှာဖွေဖို့ ဧကရာဇ်အမိန့်တော် ထုတ်ပြန်လိုက်စမ်း..."
ဧကရာဇ်ဝမ်ရွှမ်းမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားရ၏။ သူ အလွန် ကြိုးစားပန်းစား ရှာဖွေထားခဲ့ရသော ရွှေအနည်းငယ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သူ့အတွက် အမွေးတစ်ပင်မျှပင် မကျန်ရစ်ခဲ့ပေ။
အထိန်းတော်ချောင်သည် ရယ်ချင်စိတ်ကို အောင့်ထားရင်း မေးလိုက်၏။
"အရှင်မင်းကြီး... အခု ကျွန်တော်မျိုးတို့ ဘာဆက်လုပ်ရမလဲ…”
"ငါက ဘယ်လိုလုပ်သိမှာလဲ..."
ဧကရာဇ်ဝမ်ရွှမ်းသည် အလွန် ခေါင်းကိုက်နေလေသည်။ ယခုလို မိန်းကလေးငယ်ကို မည်သည့် လက်ဆောင်ပေးရမည်မှန်း မသိဘဲ အကျပ်ရိုက်နေမည့်အစား သူသည် စောစောစီးစီး ပုန်းနေခဲ့သင့်ပေသည်။
သူမ၏ ဖခင်ဖြစ်သူ၏ မှောင်ခိုလုပ်ရပ်များကြောင့် နောက်ဆောင်တစ်ခုလုံး ကမောက်ကမဖြစ်သွားကာ သူမ၏ မွေးနေ့ပွဲမှာ အလွန် ဝင်ငွေကောင်းသွားမည်ကို ယွင်ဟွားတစ်ယောက် မသိရှိခဲ့ပေ။
ယခုနှစ် နန်းတွင်းပွဲတော်သည် ပြီးခဲ့သည့်အကြိမ်နှင့် မတူညီပေ။ နှစ်သစ်ကူးအကြိုညသည် မိသားစုများ ပြန်လည်ဆုံစည်းရာ နေ့တစ်နေ့ဖြစ်သောကြောင့် ဤအကြိမ်တွင် အမျိုးသားများနှင့် အမျိုးသမီးများကို သီးခြားခွဲ၍ နေရာချထားခြင်း မရှိပေ။
ယွင်ရှောင်ထျန်းသည် မူလကတည်းက ပထမအဆင့် အရာရှိတစ်ဦးဖြစ်ပြီး ယွင်ဟွား၏ ကောင်တီမင်းသမီး အဆင့်အတန်းကြောင့် သူ၏ နေရာကို အရှေ့ဆုံး၌ ချထားပေးလေသည်။
ယွင်မိသားစုဝင်များသည် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ သူတို့၏ သမီး/ညီမငယ်၏ ခံစားချက်များအတွက် များစွာ စိုးရိမ်ပူပန်နေခြင်း မရှိကြတော့ပေ။
ယွင်ဝေတစ်ဦးတည်းသာ ချွင်းချက်ဖြစ်၏။
ယခင်ကကဲ့သို့ပင် သူမသည် ရင်ခွင်ထဲ၌ အုတ်ခဲတစ်လုံးကို ဝှက်ထားလေသည်။
ပြီးခဲ့သည့်အကြိမ်က ညီမငယ်ကို ထုချရန် ရည်ရွယ်ခဲ့သော်လည်း ဤအကြိမ်တွင်မူ အခြားသူများကို ထုချရန် ဖြစ်သည်။
ယွင်ယာသည် တတိယညီမဖြစ်သူ၏ ရင်ခွင်ထဲမှ ဖောင်းတက်နေသော အရာကို လှမ်းကြည့်လိုက်ပြီး နဖူးကို မပွတ်သပ်ဘဲ မနေနိုင်တော့ဘဲ တိုးတိုးလေး ပြောလိုက်၏။
"တတိယညီမ... နင် မသက်မသာ မဖြစ်ဘူးလား... ဒါ့အပြင် သည်နေ့က နှစ်သစ်ကူးအကြိုညလေ... ဘယ်သူကမှ သေချင်စော မြန်နေမှာ မဟုတ်ပါဘူး..."
"အဲ့လိုလည်း အတိအကျ ပြောလို့ မရဘူးလေ..."
ယွင်ဝေသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ပါးစပ်ထဲသို့ မုန့်တစ်ချပ်ကို ထိုးထည့်လိုက်ရင်း တိုးတိုးလေး ပြောလိုက်၏။
"ဒုတိယအစ်မ... ညီမလေးရဲ့ စိတ်ထဲက စကားတွေကို ကြားနိုင်တဲ့သူတွေက ညီမလေးကို ပြဿနာရှာမှာ မဟုတ်ပေမယ့် မကြားနိုင်တဲ့သူတွေကတော့ တခြားကိစ္စတစ်ခုပေါ့..."
"ရုပ်ပြစာအုပ်တွေ ဖတ်ဖူးတဲ့ ညီမရဲ့ အတွေ့အကြုံအရဆိုရင် နန်းတွင်းပွဲတော်တွေနဲ့ လူစုလူဝေးတွေရှိတဲ့ နေရာတွေဟာ လူတွေကို ဒုက္ခပေးဖို့ အကောင်းဆုံး အခွင့်အရေးတွေပဲလေ... ညီမငယ်ရဲ့ တတိယအစ်မတစ်ယောက်အနေနဲ့ ညီမက သူ့ရဲ့ ခိုင်မာတဲ့ အားကိုးရာပဲ..."
"အစ်မလည်း ယူထားလိုက်ဦး..."
ယွင်ဝေသည် လက်အိတ်ထဲမှ အနည်းငယ် သေးငယ်သော အုတ်ခဲတစ်လုံးကို ထုတ်ယူကာ ယွင်ယာ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
"ဒုတိယအစ်မ... ညီမကို ယုံလိုက်... တစ်ယောက်ယောက်ကို ထုချရတာ တကယ့်ကို ကျေနပ်ဖို့ ကောင်းတာ..."
"ညီမလေးနဲ့ ပူးပေါင်းပြီး ကျောက်... ဘာဆိုလားပဲ အဲ့လူကို သတ်လိုက်ရတုန်းက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲဆိုတာ အစ်မ မသိပါဘူး... ငရဲပြည်မှာပဲရှိတဲ့ ကြော်ထားတဲ့ တစ္ဆေတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာလေ... လေထုနဲ့ အနံ့တွေကအစ ကျွန်မ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ရက်အတော်ကြာတဲ့အထိတောင် အိပ်လို့ မရခဲ့ဘူး..."
"ဒီဘဝမှာ အလိုလိုက်ခံရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ဘာလို့ ပူပန်နေရမှာလဲ..."
"ညီမလေးမှာ အဲ့လိုမျိုး အထောက်အကူပြုတဲ့ စွမ်းရည်တွေရှိနေတော့ ညီမတို့လည်း ကိစ္စများစွာကို မြင်နိုင်တာပေါ့... ပထမဆုံး တစ္ဆေတွေကို မြင်ရမယ်... ပြီးတော့ တစ္ဆေတမန်တွေ... နောက်ပိုင်းကျရင် တရားသူကြီးတွေ၊ ယမမင်းနဲ့ တခြားသူတွေကိုတောင် မြင်ရဦးမှာလေ... နောက်ဆုံးကျရင် ဒဏ္ဍာရီလာ ဖုန်းတုဧကရာဇ်နဲ့ ဟို့ထုနတ်သမီးကိုတောင် မြင်ရနိုင်တယ် မဟုတ်လား..."
ထိုစကားကို ကြားသောအခါ ယွင်ယာမှာ အနည်းငယ် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
အငယ်ဆုံးညီမလေးက ပူပင်သောကကင်းကာ လွတ်လပ်ပေါ့ပါးစွာ နေထိုင်ပြီး တတိယညီမသည်လည်း လွတ်လွတ်လပ်လပ်နှင့် သက်တောင့်သက်သာ နေထိုင်လေသည်။
အစ်မအကြီးဆုံးအနေဖြင့် သူမသည် မိခင်ဖြစ်သူအား အိမ်မှုကိစ္စများ စီမံခန့်ခွဲရာတွင် ကူညီပေးရင်း၊ မိမိကိုယ်ကို ထိန်းချုပ်ကာ၊ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ပြီး မည်သည့်အမှားကိုမျှ မလုပ်မိစေရန် ညီမနှစ်ဦးအတွက် အမြဲတမ်း စံပြအဖြစ် နေထိုင်ခဲ့သည်။
သူမသည် သူမ့လက်ထဲရှိ အုတ်ခဲကို တစ်ချက် ငေးကြည့်လိုက်၏။
သူမ၏ ဖခင်မှာ တိုင်းပြည်၏ ဝန်ကြီးချုပ်ဖြစ်ပြီး၊ မိခင်ဘက်မှ အဘိုးဖြစ်သူမှာ နယ်စားတစ်ဦးဖြစ်ကာ၊ ဦးလေးဖြစ်သူမှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်၏။ ထို့အပြင် ညီမငယ်မှာ မင်းသမီးတစ်ပါးဖြစ်သလို ငရဲပြည်မှ နတ်ဘုရားတစ်ပါးလည်း ဖြစ်ရာ သူမအား ဩဇာတိက္ကမကြီးမားသူ အများအပြားက ကာကွယ်ပေးထားလေသည်။
သူမ စိတ်ကြိုက် ပြုမူနေထိုင်၍ပင် ရနိုင်မည် ထင်ရပေသည်။
ယွင်ယာသည် ခေါင်းကို လှည့်ကာ သူမ၏ ပုံရိပ်ကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး စားသောက်နေသော ညီမလေးကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်လေသည်။
သူမသည် အုတ်ခဲကို သိမ်းဆည်းလိုက်၏။ သူမ၏ ညီမငယ်နှစ်ဦးကဲ့သို့ တစ်ခါတစ်ရံတွင် လွတ်လွတ်လပ်လပ် နေထိုင်ရသည်မှာလည်း ကောင်းမွန်မည်ဟု ထင်ရပေသည်။
ချွေ့ဝမ်ရှင်းသည် တစ်စုံတစ်ဦးနှင့် စကားစမြည် ပြောဆိုနေလေသည်။
နောက်တစ်စက္ကန့်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွား၏။
ယွင်ဟွားသည် သူမ၏ အစားအစာများကို စားနေရင်း မိခင်ဘက်မှ အဘိုးဖြစ်သူထံမှ သူမအပေါ် ကျရောက်လာသော အကြည့်များကို အစွမ်းကုန် လျစ်လျူရှုထားလိုက်၏။
“ရှောင်ရှူးရှူး... မနေ့က ငါ တိုင်ပြောခဲ့တာ အလုပ်ဖြစ်သွားပုံရတယ်... အဘိုးက ဘိုးဘွားတွေဆီကနေ တကယ်ပဲ အရိုက်ခံခဲ့ရတာပဲ..”
ယွင်ဟွားက မော့ကြည့်လိုက်ပြီး သူမ၏ အဘိုးထံတွင် ချွေ့မိသားစု ဘိုးဘေးများ၏ အနံ့အသက်များ စွဲကျန်နေသည်ကို သတိပြုမိကာ ဖားယားသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။
ချွေ့ဟုန်ယွမ်...
အံ့သြစရာတော့ မရှိပေ။
သူသည် ညတစ်ညလုံး ဘိုးဘေးများ၏ ဆူပူကြိမ်းမောင်းမှုများကို နားထောင်ရင်း စာရေးကျင့်နေခဲ့ရသဖြင့် သူ့ကို သေလုနီးပါး ဖြစ်စေခဲ့၏။
ချွေ့ဟုန်ယွမ်သည် မနေ့က စကားတစ်ခွန်းမှ မပြောဘဲ ချွေ့မိသားစု ဘိုးဘေးခန်းမဆီသို့ အပြေးအလွှားသွားကာ သူမကိုယ်သူမ အထဲတွင် သော့ခတ်ထားခဲ့သော မြေးမလေးကို တွေးမိသောအခါ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူမက တစ်ခုခု ကြံစည်နေခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
မည်သို့ပင်ဆိုစေ ဤမိန်းကလေးမှာ ထူးခြားသော သရုပ်လက္ခဏာတစ်ခုရှိနေပြီး သူမက ဘိုးဘေးများကို ပြန်လည်ဆင့်ခေါ်နိုင်မည့် ဖြစ်နိုင်ခြေမှာ အလွန် မြင့်မားနေဆဲပင်ဖြစ်၏။
သူက သေခြင်းရှင်ခြင်းစာအုပ်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
“ဟွန့်... နင့်ကို အနိုင်ကျင့်တဲ့အတွက် မှတ်လောက်သားလောက် ဖြစ်သွားတာပေါ့... အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို အပို့မခံရတာပဲ ကံကောင်း..”
"အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေ" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ တရားသူကြီးစုတ်တံ၏ မျက်လုံးများ အရောင်လက်သွားလေသည်။
“ဟွားဟွား... ငါတို့ ဘယ်တော့ ပြောင်းကြမလဲ... နင့်အဖေ၊ ဧကရာဇ်၊ နင့်ဦးလေး၊ နင့်အဘိုး၊ အိမ်ရှေ့စံ၊ တတိယမင်းသား၊ မင်းသားစု... အကုန်လုံးက ငါတို့ရဲ့ စာရင်းထဲမှာ ရှိနေတယ်လေ..”
လူတိုင်း...
*ယုံအန်းမင်းသမီး... မင်း ဘယ်တော့ ပြောင်းရွှေ့မှာလဲ... သူတို့က အအေးဒဏ်ကို မကြောက်ကြပါဘူး... သူတို့လည်း လာပြီး ပျော်ရွှင်မှုမှာ ပါဝင်ဆင်နွှဲနိုင်တာပဲလေ…*
ချွေ့ဟုန်ယွမ်သည် ဤစုတ်တံက ထိုစာအုပ်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်သည်ဟု ခံစားလိုက်ရ၏။
သခင်မကြီးချွေ့ဖြစ်သူ ကျန်းလင်းရှူက ချွေ့ဟုန်ယွမ်၏ အင်္ကျီလက်စကို ဆွဲကာ သတိပေးလိုက်၏။
"ဆက်မကြည့်နေနဲ့တော့... မနက်ဖြန်ကျရင် ရှင် သူမအတွက် လက်ဆောင်အသစ်တစ်ခု ပြင်ဆင်ထားတာ ပိုကောင်းမယ်..."
မြေးမလေး၏ မွေးနေ့တွင်မှ သူမအား ပေးစရာ လက်ဆောင်များစွာ ရှိသည့်အထဲမှ စာကြည့်ဆောင်၏ အဖိုးတန်ရတနာလေးပါးကိုမှ သွားပေးခဲ့မိသည်။ ထိုကောင်မလေးက သူ၏ နယ်စားဘွဲ့ကို လိုချင်တပ်မက်ကာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသို့ နေ့ရောညပါ ခရီးစဉ်တစ်ခု ပို့ဆောင်ပေးခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။
ချွေ့ဟုန်ယွမ်သည် ညည်းညူလိုက်ပြီး ယွင်ဟွားအား ကြည့်နေခြင်းကို ရပ်တန့်လိုက်လေသည်။
သို့သော်လည်း ကျန်လူတိုင်း၏ အကြည့်များက ယွင်ဟွားအပေါ်တွင်သာ စူးစိုက်နေဆဲဖြစ်ပြီး ထိုတောက်ပနေသော အကြည့်များက ယွင်ဟွားကို အေးခဲသွားစေခဲ့၏။
“ရှောင်ရှူးရှူး... ရှောင်ပေပေ့... မြန်မြန်လာကြည့်ကြစမ်း... ငါ့မျက်နှာပေါ်မှာ ပန်းပွင့်များ ပွင့်နေလို့လား... ဘာလို့ ဒီသခင်မတွေ အကုန်လုံးက ငါ့ကို စိုက်ကြည့်နေကြတာလဲ..”
ယွင်ဟွား၏ ရင်တွင်းစကားများကို ကြားလိုက်ရသောအခါ လူအုပ်ကြီးသည် ပထမအကြိမ်က သူတို့၏ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားခဲ့သကဲ့သို့ မဟုတ်တော့ဘဲ ယွင်ဟွားအား အားလုံးက ပွင့်လင်းစွာ ပြုံးပြလိုက်ကြလေသည်။
ပြီးခဲ့သည့် ပွဲတော်အပြီးတွင် သူတို့သည် အတင်းအဖျင်းများကိုသာ နားထောင်နိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရသဖြင့် ၎င်းမှာ သူတို့အတွက် တကယ့်ကို အခက်အခဲတစ်ခု ဖြစ်ခဲ့ရသည်။
ယခုအချိန်တွင် သူတို့ မည်သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
တရားသူကြီးစုတ်တံသည် ယွင်ဟွားထံသို့ ပျံသန်းလာကာ မရပ်မနား ချီးကျူးလေတော့၏။
“ငါ့ရဲ့ ဟွားဟွားကို လူတိုင်းက ချစ်ကြတယ်လေ... နင်က နတ်သမီးလေးတစ်ပါးလို လှပနေတော့ သူတို့အားလုံး နင့်ကို သဘောကျပြီး ချစ်မိသွားကြတာ သေချာတယ်..”
လူတိုင်း…
သေခြင်းရှင်ခြင်းစာအုပ်ကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။
“ပြီးခဲ့တဲ့အကြိမ် အနောက်နန်းဆောင်မှာတုန်းကလိုပဲပေါ့... အဲ့ကိုယ်လုပ်တော်တွေက ပန်းကလေးကို ခြေလှမ်းအနည်းငယ် လျှောက်တိုင်း လှည့်လှည့်ကြည့်နေကြတာလေ... တကယ်တော့ နင့်ကို တွယ်ကပ်ချင်နေကြတာ..”
“ပန်းကလေး... နင် ဘာလို့ ပြန်မစဉ်းစားရတာလဲ... ငါတို့ ထီးနန်းကို လုယူပြီး တစ်နှစ်လောက် ဧကရီအဖြစ် နေကြရအောင်လေ... ပြီးရင် ဧကရာဇ်ရဲ့ အနောက်နန်းဆောင်တစ်ခုလုံးကို သိမ်းပိုက်လိုက်မယ်... တစ်နှစ်ကြာရင် ငါတို့ သူတို့ကို ခေါ်ပြီး တိုင်းပြည်အနှံ့ စွန့်စားခန်းတွေ ထွက်ကြမယ်လေ..”
“ပြီးတော့ နင့်ရဲ့ အသက်ကြီးကြီး ငယ်ငယ် သူငယ်ချင်းမလေးတွေလည်း နင်နဲ့အတူ ရှိနေတာပဲလေ... တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့စံကြင်ယာတော်ကလည်း အဲ့အချိန်လောက်မှာ နင့်ရဲ့ ခေါင်းကိုင်သားနဲ့ သမီးကို မွေးဖွားပေးခဲ့တာဆိုတော့ သူတို့အားလုံးကို အတူတူ ခေါ်သွားကြတာပေါ့..”
“စုတ်တံက သဘောတူတယ်…”
တရားသူကြီးစုတ်တံက သဘောတူညီစွာဖြင့် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်၏။
နန်ကုန်းယွမ်၏ မျက်လုံးများ မှောင်မိုက်သွားလေသည်။
သို့မဟုတ်...
သူသည် မိန်းကလေးငယ်နှင့် နေရာချင်းလဲပြီး ညီအစ်မတွေ ဖြစ်လာနိုင်မည်လား။
အိမ်ရှေ့စံနှင့် သူ၏ ကြင်ယာတော်တို့က အဓိကခန်းမဆောင်ထဲသို့ ဝင်ရောက်လာချိန်တွင် အတင်းအဖျင်းပြောတတ်သော အဘိုးကြီးက သူ၏ ဇနီးကို အထုပ်အပိုးသိမ်းကာ ခေါ်သွားချင်သည်ဟု ပြောနေသည်ကို ကြားလိုက်ရလေသည်။
ချက်ချင်းပင် ခြေချော်သွားရလေ၏။
ယုံအန်းမင်းသမီး…
အိမ်ရှေ့စံကြင်ယာတော်သည် ယွင်ဟွားကို ချက်ချင်း သတိပြုမိသွားကာ သူမထံသို့ ပြေးသွားချင်နေသော်လည်း အိမ်ရှေ့စံက သူမကို ဆွဲထားပြီး သူမ၏ နေရာတွင် ထိုင်စေလိုက်သည်။
"ရှောင်မိန်... အဟွတ် အဟွတ်... အိမ်ရှေ့စံကြင်ယာတော်..."
အိမ်ရှေ့စံကြင်ယာတော်၏ ရုပ်ရည်သွင်ပြင်မှာ ယွင်ဟွား လှပသည်ဟု ယူဆထားသည့် ပုံစံမျိုး အတိအကျပင် ဖြစ်၏။ သူတို့ နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ၃ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ သူမကို အလွန်အမင်း လွမ်းဆွတ်နေခဲ့လေသည်။
ထိုအခါ…
ယွင်ဟွားသည် သူမ၏ အရှေ့ရှိ အစားအစာများကို ကောက်ယူကာ အိမ်ရှေ့စံကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အိမ်ရှေ့စံကြင်ယာတော်၏ ဘေးတွင် ဝင်ထိုင်လိုက်၏။ သူမ၏ ဖြူဖွေးနူးညံ့သော လက်ကလေးများက အိမ်ရှေ့စံကြင်ယာတော်၏ ဗိုက်ပေါ်တွင် သဘာဝကျကျပင် တင်ထားလေသည်။
သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"ကလေးတွေက အစ်မကို ဒုက္ခပေးနေလား..."
“ဟီးဟီး... ဒီကလေးနှစ်ယောက်က ငါတို့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးထားတဲ့ ကလေးတွေဆိုတော့ ငါ အများကြီး အောင်မြင်သွားသလို ခံစားရတယ်..”
“အခုကစပြီး နင်တို့က ငါနဲ့အတူ မွေးဖွားလာပြီး တုံလင်ရဲ့ အာဏာရှင်ပေါက်စလေးတွေ ဖြစ်လာတော့မှာပဲ..”
“သူတို့ကို အလိုလိုက်ပြီး ပျက်စီးစေမယ်... သူတို့ရဲ့ အဖေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ ခေါင်းကိုင်အမေကနေ သူတို့ကို တုံလင်ရဲ့ ဧကရီဖြစ်လာအောင် တိုက်ရိုက် ဖန်တီးပေးလိမ့်မယ်..”
အိမ်ရှေ့စံ : ဆိုတော့ သူက မျိုးစေ့ချတဲ့သူ သက်သက်ပဲပေါ့…