← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆) ကွာရှင်းပြတ်စဲစာ မဟုတ်ဘဲ နှစ်ဦးသဘောတူ ကွာရှင်းခြင်း

သူတို့သည် မိမိတို့ကိုယ်ကို ကြည့်ရုံသာမက သူ၏ ခေါင်းကိုပါ စူးစိုက်ကြည့်နေကြသည်။

အမတ်လျူသည် သူ၏ လက်ကို မြှောက်ကာ ခေါင်းကို စမ်းကြည့်လိုက်သော်လည်း ထိုနေရာတွင် ဘာမျှမရှိပေ။

“သနားစရာကောင်းလှတဲ့ သခင်မလျူ အိမ်ထောင်ရေးကို ကြိုးစားပမ်းစား စီမံခန့်ခွဲခဲ့ပြီး ယောက္ခမများအပေါ် သစ္စာရှိကာ ကိုယ်လုပ်တော်တွေ ဒါမှမဟုတ် တရားမဝင် သားသမီးတွေကိုတောင် ဘယ်တုန်းကမှ မတရား မဆက်ဆံခဲ့ဘူး.”

“နေဦး... နေပါဦး..”

ယွင်ဟွားက သေခြင်းရှင်ခြင်းစာအုပ်ကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုများ ရောယှက်နေ၏။

“သူ့မှာ တရားမဝင် သားသမီးတွေ ရှိတယ်ပေါ့… အမလေး... ဒီကိစ္စကတော့ အတော်လေး ကြည့်ကောင်းတော့မှာပဲ..”

ယွင်ဟွားက ရယ်ချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ကာ နှုတ်ခမ်းကို စေ့ထားလိုက်သည်။ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေသော သခင်မလျူကို မော့ကြည့်ရင်း သူမက ချက်ချင်းပင် နှစ်သိမ့်လိုက်၏။

"သခင်မလျူ... စိတ်မပူပါနဲ့.. အမှားအယွင်း မရှိစေဖို့ ဒီမင်းသမီးက ဗေဒင်ဟောတဲ့အခါ သတိထားဖို့ လိုအပ်တယ်."

“ရှောင်ရှူးရှူး... ဆက်ပြောပါဦး..”

ဤအတင်းအဖျင်းစကားများက သူတို့၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။

“ပန်းကလေး... အမတ်လျူက ကိုယ်လုပ်တော် အတော်များများကို ယူထားခဲ့တယ်... အဲ့အထဲမှ တစ်ဦးကို သူမရဲ့မိသားစုက အတင်းအကျပ် ပေးစားခဲ့တာပဲ... တကယ်တမ်းမှာ သူမက သူမရဲ့ချစ်သူနဲ့ လျှို့ဝှက်ဖောက်ပြန်နေခဲ့ပြီး သူနဲ့ ကလေးတစ်ယောက်တောင် ရနေပြီ ..”

“အနည်းငယ် ပိုပြီး ပါးနပ်တဲ့ အခြားတစ်ယောက်ကလည်း တစ်စုံတစ်ခု မှားယွင်းနေတာကို သတိထားမိခဲ့တယ်... ဒါ့ကြောင့် သူမက အိမ်တော်ထိန်းနဲ့ ဖောက်ပြန်ခဲ့တယ်..”

လူတိုင်း...

ဝါး...မည်မျှပင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သနည်း။ သူတို့သည် ဤကဲ့သို့သော အရသာရှိလှသည့် အတင်းအဖျင်း ဇာတ်လမ်းများကို နားထောင်ရသည်ကို အလွန် နှစ်သက်ကြလေသည်။

သေခြင်းရှင်ခြင်းစာအုပ်က သနားစရာကောင်းလှသော သခင်မလျူကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောလေသည်။

“ဟူး... သခင်မလျူကသာ ကလေးဘယ်လိုရဖို့တွေးတောနေဆဲ ဖြစ်ပေမယ့်လည်း သူမရဲ့ခင်ပွန်းက တစ်လအတွင်း သူမကို ကွာရှင်းပြီး ဇနီးသစ်တစ်ယောက်ယူဖိူ့ စီစဉ်နေတာကို သူမ မသိရှာဘူး..”

သခင်မလျူမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူမ အလွန် ဒေါသထွက်သွားသောကြောင့် ဖြစ်၏။

သူမသည် သွားများကို ကျိုးပဲ့မတတ် ကိုက်ခဲထားမိသည်။

ထိုမျှလောက် ကြိုးစားအားထုတ်ခဲ့သမျှ သူမ၏ အမှား မဟုတ်ခဲ့သော်လည်း သူမသည် နှစ်ပေါင်းများစွာ ကဲ့ရဲ့ရှုတ်ချမှုများနှင့် ဆင်းရဲဒုက္ခများကို သည်းခံခဲ့ရသည်။

သူမသည် တကယ့်ကို သနားစရာကောင်းပြီး ကံဆိုးလွန်းလှပေသည်။

“ပန်းကလေး... အမတ်လျူရဲ့ ရှုပ်ထွေးမှုတွေကို တစ်လောကလုံး သိအောင် လုပ်လိုက်ကြစို့... သူ့နိုင်ငံရေး စွမ်းဆောင်ရည်က အမှားအယွင်း မရှိတာတော့ နှမြောစရာပဲ... မဟုတ်ရင် ငါတို့ သူ့ရဲ့အရာရှိဝတ်စုံကို ထပ်ပြီး ဆွဲဆုတ်ပစ်ရမှာ.”

လူတိုင်းက စိတ်ထဲမှ ဆိုလိုက်ကြသည်။

ဆက်လုပ်ပါ... မင်းသမီးလေး စွမ်းရည်ပြသနိုင်ရန် သူတို့ နေရာဖယ်ပေးထားနိုင်သည်။

“အိုး... သရေစာစားရဖို့ ဆီပူထဲ ထည့်မကြော်နိုင်တာ နှမြောစရာပဲ..”

တရားသူကြီးပေပေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို သူ၏ တံခါးဝသို့ ရောက်အောင် ပို့ဆောင်နိုင်ခဲ့သော်လည်း ထိုသူ၏ အသက်ကို မယူနိုင်ခဲ့ပေ။

ယွင်ဟွားက အမတ်လျူကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာ၏။

“မဟုတ်ဘူး... အခုက အချိန်မကျသေးဘူး... အမတ်လျူ အမှန်တရားကို မသိခင် သခင်မလျူကို ဒုက္ခတွင်းထဲက လွတ်မြောက်အောင် ငါတို့ ကူညီရမယ်... အကယ်၍ သူသာ ဇနီးသည်ကိုလည်း ဆုံးရှုံးရပြီး ကလေးကလည်း သူ့သွေးသား မဟုတ်ဘူးဆိုရင် အဲဒါက တကယ့်ကို အဖြစ်ဆိုးကြီးပဲ..”

ဤစကားများကို ပြောဆိုခဲ့လေသည်။

လူတိုင်းက ဤအစီအစဉ်သည် အလွန်ကောင်းမွန်လှသည်ဟု တွေးလိုက်ကြ၏။

ယွင်ဟွားက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး နောင်တရနေဟန်ဖြင့် အသံကို အနည်းငယ် မြှင့်လိုက်သည်။

"သခင်မလျူ..."

“ရှင့်ကို လိမ်ညာပြောဆိုရတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..”

"ကလေးကိစ္စနဲ့ ပတ်သက်လာရင် အားလုံးက ကံကြမ္မာအပေါ်မှာပဲ မူတည်နေတာမို့ အတင်းအကျပ် မလုပ်ပါနဲ့တော့..."

“ရှင်က သူနဲ့ အတူရှိနေစဉ်မှာ ရှင့်ကိုယ်ရှင် ဘယ်လောက်ပဲ နှိပ်စက်နေပါစေ ကလေးရလာမှာ မဟုတ်ဘူး... အဲဒီယောက်ျားရဲ့ မျိုးစေ့က အသုံးမကျဘူး... ငါ မင်းသမီးက ဝိညာဉ်ကလေးငယ်တစ်ယောက်ကို ဖမ်းပေးရင်တောင်မှ ရှင်က ဖောက်ပြန်မှပဲ အဆင်ပြေလိမ့်မယ်..”

"တကယ်တော့ တရားမဝင် သားသမီးတွေ ရှိနေတာကလည်း သိပ်ဆိုးရွားလှတာတော့ မဟုတ်ပါဘူး... ကိုယ့်နာမည်နဲ့ သေသေချာချာ မွေးစားပြီး ပြုစုပျိုးထောင်လို့ ရပါတယ်... အကယ်၍ သူတို့တွေ နောင်တစ်ချိန်မှာ အောင်မြင်လာခဲ့ရင် အတူတူပဲ မိဘကျေးဇူးဆပ်ကြမှာပါ..."

“မလောပါနဲ့... ဒီဆင်းရဲဒုက္ခကနေ လွတ်မြောက်ဖို့ တစ်လလောက် စောင့်ပါဦး... ဒီမင်းသမီးက ရှင့်ကို ကယ်တင်ဖို့ ကောင်းကင်ဘုံကနေ ဆင်းသက်လာပြီး ရှင့်ရဲ့ ခင်ပွန်းဟောင်း မျက်နှာကို ရိုက်ချမယ်... ရှင့်အတွက် လူကောင်းတစ်ယောက် ရှာပေးပြီးတော့ ကလေး ခုနစ်ယောက်၊ ရှစ်ယောက် ဒါမှမဟုတ် ကိုးယောက်လောက် မွေးပေးစေရမယ်..”

သခင်မလျူ…

လူတိုင်း…

ကိုယ်ကိုတစ်စောင်းလှည့်ကာ ခိုးနားထောင်နေသော အမတ်လျူက အေးစက်စက် နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာစေ၏။

တကယ်ပင်။

*သူမက ဥမဥတဲ့ ကြက်မတစ်ကောင်လိုပဲ...ဝဖြိုးပြီး ရုပ်ဆိုးလိုက်တာ…*

*မျက်စိနောက်စရာပဲ…*

အမတ်လျူက အံကြိတ်လိုက်သည်။ ယခုအချိန်တွင် ဖုံးကွယ်ထားရန် အကြောင်းမရှိတော့သဖြင့် သူမအား ကွာရှင်းရန် ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေကာ ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်လေသည်။

"သခင်မလျူ... အခု ကျေနပ်သွားပြီလား..."

မှုန်ကုပ်နေသော မျက်နှာထားဖြင့် အမတ်လျူသည် မိမိကိုယ်ကို နစ်နာသူတစ်ဦးအဖြစ် ပုံဖော်လိုက်သည်။

"ကျွန်တော်တို့ လင်မယားအဖြစ် ပေါင်းသင်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... မင်းအပေါ်ကို ကျွန်တော် အတိုင်းထက်အလွန် ကြင်နာပြီး တရားမျှတခဲ့ပါတယ်... မိခင်ရဲ့ ဆူပူကြိမ်းမောင်းမှုတွေနဲ့ ဆွေမျိုးတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကို သည်းခံခဲ့ပေမယ့်လည်း မင်းနဲ့ ဘဝတစ်သက်တာ ကုန်ဆုံးဖို့ ကျွန်တော် တင်းခံခဲ့တယ်..."

"ဒါက ကျွန်တော် အလေးထားဆုံး ကိစ္စဆိုတာကို မင်း သေသေချာချာ သိရက်သားနဲ့ မင်းသမီးကို ဗေဒင်တွက်ခိုင်းပြီး လူသိရှင်ကြားဖြစ်အောင် မင်း အတင်းအကြပ် လုပ်ခဲ့တယ်... ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကိုရော မင်း ထည့်တွက်ခဲ့ရဲ့လား..."

အမတ်လျူ၏ မျက်လုံးများတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး မျက်လုံးထောင့်များတွင် မျက်ရည်များ ဝဲတက်လာ၏။

"သခင်မလျူ... ကျွန်တော်... ကျွန်တော် တကယ့်ကို ထပ်ပြီး တောင့်မခံနိုင်တော့ဘူး..."

“အိုး... ဘုရားရေ..”

သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးပြူးကာ ကြည့်နေပြီး ၎င်း၏ မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသည်...

“ပန်းကလေး... ဒီအကောင်က နင့်ထက်တောင် ပိုပြီး သရုပ်ဆောင်ကောင်းသေးတယ်..”

“ရှူးရှူး... နင် မှားနေပြီ... ဟွားဟွားက သရုပ်ဆောင်နေတာ မဟုတ်ဘူး... သူမက လျှောက်ပြီး ကစားနေရုံသက်သက်ပဲ..”

သခင်မလျူသည် ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ၏ စကားများတွင် အခြားရည်ရွယ်ချက် တစ်ခုခု ရှိနေသည်ကို မသိမသာ ခံစားလိုက်ရသည်။ သူသည် သူမကို ကွာရှင်းရန် အချိန်ကြာမြင့်စွာကတည်းက အလိုရှိနေခဲ့သည်ဟူသော ရှောင်ရှူးရှူး၏ စကားများကို သူမ မမေ့သေးပေ။

လူတွေ အများကြီးရှိနေတဲ့ ဤကဲ့သို့သော အထူးနေ့မျိုးမှာ သူက ဤသို့လုပ်ဖို့ စီစဉ်နေတာတော့ မဟုတ်ပါဘူးနော်။

အမတ်လျူက သခင်မလျူကို မျက်နှာမူကာ အံကြိတ်လိုက်ပြီး ဝမ်းနည်းမှုများနှင့် စွန့်လွှတ်ရခက်နေသော မျက်နှာအမူအရာဖြင့် သူမကို ကြည့်လိုက်သည်။

"လျူ... ကျွန်တော် ထပ်ပြောပါရစေ... မင်းအပေါ်ကို ကျွန်တော် အတိုင်းထက်အလွန် ကြင်နာခဲ့ပါတယ်... တရားဝင် သားတစ်ယောက် မရှိဘဲနဲ့တော့ မင်း ကျွန်တော့်ကို ထားခဲ့လို့ မရဘူး..."

"ဒါကြောင့် ကွာရှင်းပြတ်စဲခြင်း အကြောင်းရင်း ခုနစ်ချက်နဲ့အညီ မင်းကို ကျွန်တော် ကွာရှင်းမယ်... တုံလင်နိုင်ငံမှာ ဇနီးသည်တစ်ယောက်က ခုနစ်နှစ်တိတိ ကလေးမရရင် ကွာရှင်းနိုင်တယ်ဆိုတဲ့ ဥပဒေလည်း ရှိတယ်..."

အမတ်လျူ စကားပြောအပြီးတွင် ရှိနေသူအားလုံးမှာ အံ့အားသင့်သွားကြလေသည်။

ယွင်ဟွားသည် ဤလူက ဤမျှလောက် မလေးမစား လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရာ ဒေါသကြောင့် အံကြိတ်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ ဖောင်းမို့လာ၏။

“ဟွန့်..”

“အဲဒီကောင်စုတ်... မိန်းမတွေကို အနိုင်ကျင့်တယ်... သူက သိသိသာသာကို မကောင်းတဲ့ကောင်ပဲ... ရှူးရှူး၊ ပေပေ့... ဒီည သူ့ကို သယ်သွားပြီး တစ္ဆေတွေဆီ ပို့လိုက်ကြစို့..”

“သဘောတူတယ်…”

သေခြင်းရှင်ခြင်းစာအုပ်က ပထမဆုံး သဘောတူလိုက်လေသည်။

“ပေပေ့လည်း သဘောတူတယ်... တစ္ဆေဖမ်းတဲ့ကိစ္စကို ပေပေ့ကို တာဝန်ယူခိုင်းလိုက်ပါ... အနီရောင်ဝတ်ထားပြီး ဆံပင်အရှည်ကြီးနဲ့ လျှာထွက်နေတဲ့သူကို ကျွန်တော် သေချာပေါက် ရှာပေးမယ်..”

လူတိုင်းက ကြက်သီးထသွားကြ၏။

သခင်မလျူသည် သူ၏ အစီအစဉ်များကို ကြိုသိနေခဲ့သော်လည်း လူတိုင်း၏ အကြည့်များကို ဂရုမစိုက်ဘဲ လူသိရှင်ကြား ဤစကားများကို ပြောလိုက်သည့်အခါ သူမသည် ပြင်းပြင်းထန်ထန် နာကျင်ရဆဲ ဖြစ်သည်။

သူ၏ လျစ်လျူရှုမှုနှင့် အကြံအစည်များက သူမ၏ နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဟာသတစ်ခုသဖွယ် ဖြစ်သွားစေသည်။

သို့သော်…

ရောက်ရှိနေသော လူအများအပြားသည် ယုံအန်းမင်းသမီး၏ ရင်တွင်းစကားများကို ကြားနိုင်ကြသည်။

ထို့ကြောင့် ယနေ့တွင် အရှက်ရမည့်သူမှာ သူမ မဟုတ်ပေ။

သူသာလျှင်ဖြစ်သည်။

သူသည် သူ၏ ကိုယ်လုပ်တော်များထံမှ နှစ်ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပြီး သူသည် မြုံနေသည်ကိုလည်း လူတိုင်း သိနေကြပြီ ဖြစ်သည်။

"ဘာလို့ တစ်ဖက်သတ် ကွာရှင်းစာပေးမှာလဲ... နှစ်ဦးသဘောတူပဲ ကွာရှင်းကြတာပေါ့..."

ယွင်ဟွားက ရှေ့သို့ လှမ်းလာပြီး သခင်မလျူ၏ ရှေ့တွင် ရပ်လိုက်ကာ သူမ၏ မျက်နှာတွင် တောင်းပန်မှုများ ပြည့်နှက်နေသည်။

"တောင်းပန်ပါတယ်... ကျွန်မကြောင့် လူပုံအလယ်မှာ သူ့ရှေ့မှာ ရှင် အရှက်ရခဲ့ရတယ်..."

အမတ်လျူ ဤမျှလောက် ပြတ်သားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ယွင်ဟွားက အိမ်ပြန်ရောက်ပြီးမှသာ သူသည် ကွာရှင်းစာကို ရေးလိမ့်မည်ဟု အမြဲ ထင်မှတ်ထားခဲ့သည်။

သခင်မလျူက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ကျယ်လောင်စွာ ပြုံးလိုက်သည်။

"မင်းသမီးနဲ့ ဘာမှမဆိုင်ပါဘူး... ဘာပဲဖြစ်ဖြစ် ဗေဒင်မေးဖို့ကိစ္စကို အရင်ဆုံး စပြောခဲ့တာက ကျွန်မပါ..."

ထို့အပြင် သူမသည် ကလေးမွေးဖွားနိုင်စွမ်းရှိသည်ကို သူမ ကြိုသိနေခဲ့ပြီး သူ၏ စရိုက်အမှန်ကိုလည်း သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သူမက ငယ်ရွယ်ပါသေးသည်။ မင်းသမီး ပြောသကဲ့သို့ပင် သူမသည် ဆင်းရဲဒုက္ခများမှ အမြန်ဆုံး လွတ်မြောက်ကာ လူကောင်းတစ်ယောက်နှင့် ထပ်မံတွေ့ဆုံပြီး နောင်တွင် ကလေး ခုနစ်ယောက်၊ ရှစ်ယောက် သို့မဟုတ် ကိုးယောက်ခန့် မွေးဖွားသင့်ပေသည်။

အမတ်လျူသည် ယွင်ဟွား ထွက်ပေါ်လာသည်ကို ကြည့်လိုက်၏။

သူမ၏ မျက်ခုံးများက အကြိမ်ကြိမ် တွန့်ချိုးသွားသည်။ ဤယုံအန်းမင်းသမီးသည် အမှန်တကယ်ပင် အာဏာရှင်တစ်ဦး ဖြစ်ပေသည်။

သူ၏ မျက်နှာက တင်းမာသွားသည်။

"ကျွန်တော် သဘောမတူဘူး... သူမက ကွာရှင်းပြတ်စဲခြင်း အကြောင်းရင်း ခုနစ်ချက်ထဲက တစ်ချက်ကို ကျူးလွန်ထားတယ်... သူမကို ကျွန်တော် ကွာရှင်းစာပဲ ပေးနိုင်မယ်..."

"ယုံအန်းမင်းသမီး... ဒါက ကျွန်တော့် မိသားစုကိစ္စပါ... ကျေးဇူးပြုပြီး သိပ်ပြီး ဝင်မစွက်ဖက်ပါနဲ့... သတင်းထွက်သွားရင် မင်းသမီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်..."

သူသည် ဤထက် ပိုမို ပြင်းထန်သော စကားတစ်စုံတစ်ရာကို ပြောချင်ခဲ့သော်လည်း ညီလာခံခန်းမထဲတွင် ချွေ့မိသားစု၊ ယွင်မိသားစု၊ မင်းသားစု၏ မိသားစုနှင့် ချန်မိသားစုတို့ပင် ရှိနေကြပြီး သူတို့အားလုံးက သူမဘက်မှ ရပ်တည်ပြောဆိုပေးကြမည် ဖြစ်သည်။

လူအင်အားနှင့် အရည်အချင်းတွင် သူက အရေးနိမ့်နေသည်ဖြစ်ရာ သူ မနိုင်နိုင်ပေ။

All Chapters