← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း (၂၂၀) မက်မွန်ပန်းများ ပွင့်လန်းလာခြင်း

ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ဟွားထံမှ အကာအကွယ်ကျောက်စိမ်းပြား ရရှိမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်တွင် ကောင်မလေးထံမှ ဖြစ်ကတတ်ဆန်း ဆုတောင်းစကားတစ်ခွန်းကိုသာ ရရှိလိုက်လေသည်။

"ယွင်ဟွားက အရှင်မင်းကြီးအတွက်လည်း သက်တော်ရာကျော်ရှည်ပြီး ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်..."

ဤမျှသာ... ဤမျှသာလား…

သူတို့သည် စကားအနည်းငယ်သာ ပြောခဲ့ကြခြင်း ဖြစ်သည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ ပို၍ပင် ရင်ကွဲနာကျ ဖြစ်သွားရလေသည်။

*ဝါး...ကလေးဆိုးမလေး... မင်းက ငါ့ကို ခွဲခြားဆက်ဆံနေတာပေါ့…*

ယွင်ဟွားတွင် အကြိုက်ဆုံးအရာ သုံးခုရှိ၏။ ၎င်းတို့မှာ ရွှေ၊ အလှမယ်များနှင့် အရသာရှိသော အစားအစာများပင် ဖြစ်သည်။

လူတိုင်းက အတင်းအဖျင်းများကို နားထောင်ချင်နေကြသော်လည်း ယွင်ဟွားမှာမူ သူမရှေ့ရှိ အရသာရှိသော အစားအစာများနှင့် ကချေသည်မလေးများ၏ ဖမ်းစားမှုအောက်တွင် နစ်မြောနေသဖြင့် ထိုအရာများကို သတိပင်မထားမိတော့ပေ။

“ဟွားဟွား... သူတို့က ဘယ်လောက်တောင် လှသလဲဆိုတာ ကြည့်လိုက်ပါဦး... သူတို့က တင်ပါးတွေကို လှုပ်ရမ်းပြီး ခြေတံတွေကို ပြသနေကြတယ်... ပေပေ့တောင် အရမ်းစိတ်လှုပ်ရှားလာပြီး နှာခေါင်းသွေးထွက်တော့မယ်…”

တရားသူကြီးစုတ်တံအတွက်မူ ၎င်းသည် ငရဲပြည်တွင် တစစီဖြစ်နေသော တစ္ဆေများကိုသာ အမြဲမြင်တွေ့ခဲ့ရ၏။ ဤသည်မှာ ၎င်းအတွက် ပထမဆုံးအကြိမ်အဖြစ် ဤမျှဆွဲဆောင်မှုရှိသော မြင်ကွင်းကို မြင်တွေ့ရခြင်းဖြစ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကပြရာနေရာ အလယ်သို့ ပျံသန်းသွားလေသည်။

ယွင်ဟွားနှင့် သေခြင်းရှင်ခြင်းစာအုပ် - ......

သေခြင်းရှင်ခြင်းစာအုပ်က အလွန်အရှက်ရသွားသဖြင့် ၎င်းကို ပြန်လည်ဆွဲယူလိုက်ပြီး ပြောလိုက်လေသည်။

“နင်က စုတ်တံအစုတ်လေး တစ်ချောင်းလေ.. ဘာတွေများ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ... နင်သာ ငါတို့ရဲ့ ကပ်ဘေးဒုက္ခဆိုတဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး ညှိုးနွမ်းအောင် လုပ်ရဲရင် နင့်ရဲ့ အမွေးတွေ အကုန်လုံးကို နုတ်ပစ်မယ်…”

တရားသူကြီးစုတ်တံ : ….

“ဟွားဟွား... ရှောင်ရှူးရှူးက ငါ့ကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ... ငါက စုတ်တံဖြစ်နေတော့ ဘာဖြစ်လဲ... ငါ့ရဲ့ စိတ်ထဲမှာတော့ ငါက အလွန်စွမ်းအားကြီးတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတုန်းပဲ... ငါက ကြည့်ရတာ သဘောကျတယ်... ကြည့်ရတာကို သဘောကျတယ်... ငါက တစ်ယောက်ယောက်ကို မြှူဆွယ်ပြီး ငါနဲ့အတူ အိပ်ခိုင်းဦးမယ်…”

တရားသူကြီးစုတ်တံက မကျေမနပ်ဖြစ်ကာ ခေါင်းပြူထွက်လျက် ပြန်လည်ချေပလိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်က ၎င်းအား အကဲခတ်လိုက်ပြီး မျက်လုံးလန်ပြကာ ပြောလိုက်၏။

“ယောက်ျားဟုတ်လား... ကောင်းပြီ… ဒီသခင်မလေးက နင် ဘယ်လောက်တောင် စွမ်းအားကြီးသလဲဆိုတာ ကြည့်ရသေးတာပေါ့..”

ထိုသို့ပြောပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်သည် အကြမ်းဖက်ကာ တရားသူကြီးစုတ်တံကို ဖိချလိုက်ပြီး ၎င်း၏ အလုံခြုံဆုံး ဖုံးကွယ်ထားသော အစိတ်အပိုင်းများကို လှန်လှောကြည့်ရှုလိုက်လေသည်။

တရားသူကြီးမှာ အလွန်တုန်လှုပ်သွားလေသည်။

“အာ…”

“ယောက်ျားနဲ့ မိန်းမဆိုတာ အချင်းချင်း မထိတွေ့အပ်ဘူး... ရှူးရှူး... နင်က လူရမ်းကားပဲ... မိန်းမရမ်းကားမ... မကြည့်နဲ့... ပေပေ့ရဲ့ ညီလေးကို မကြည့်နဲ့…”

လူအားလုံး : ….

ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ တရားသူကြီးစုတ်တံကို လွှတ်ပေးလိုက်ပြီး ပြောလိုက်၏။

“ဟွန့်... သာမန်ပါပဲ..”

“ဝါး…”

တရားသူကြီးစုတ်တံခမျာ သနားစရာကောင်းလောက်အောင် ငိုကြွေးလိုက်ပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေကာ ၎င်း၏ အတောင်ပံငယ်လေး တစ်ဖက်ကို လက်မောင်းအောက်တွင် တင်းကျပ်စွာ ဖိညှပ်ထားလျက် ယွင်ဟွားထံသို့ သနားဖွယ်ကောင်းစွာ တိုင်တန်းလိုက်လေသည်။

“ဟွားဟွား... နင် ငါ့အတွက် မားမားမတ်မတ် ရပ်တည်ပေးရမယ်.. ရှူးရှူးက ငါ့ကို အနိုင်ကျင့်တယ်... သူမက လူရမ်းကားဆန်ဆန် ပြုမူပြီး ငါ့ကို နှုတ်နဲ့ စော်ကားခဲ့တယ်…”

“ဝါး... ပေပေ့ရဲ့ အပြစ်ကင်းစင်မှုတွေ ပျောက်ဆုံးသွားပြီ... ငါ့ရဲ့ အပြစ်ကင်းစင်မှုတွေ ပျောက်ဆုံးသွားပြီ... ဒါဆိုရင် ငါက ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်ရတော့မလဲ..”

“ဟွားဟွား... ပေပေ့အတွက် နင် တစ်သက်လုံး တာဝန်ယူပေးရမယ်..”

ယွင်ဟွား : ......

ငိုကြွေးနေသော ကလေးငယ်တစ်ဦးနှင့် တူသည့် တရားသူကြီးစုတ်တံကို ကြည့်ရင်း သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ လက်သီးဆုပ်လေးကို မြှောက်လိုက်လေသည်။

“စိတ်မပူပါနဲ့... နင် သေချင်ရင်တောင်မှ သေလို့မရပါဘူး... ငါတို့ရဲ့ အဆင့်အတန်းတွေအရ ငါတို့က ဘဝအဆက်ဆက် ဘယ်တော့မှ ကွဲကွာသွားမှာ မဟုတ်ဘူး... အစ်မရှူးက နင့်ကို သေချာပေါက် ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်..”

သေခြင်းရှင်ခြင်းစာအုပ်ဟူသော နောက်ဆုံးစကားလုံးအနည်းငယ်ကို အလွန်အလေးအနက်ထား၍ ဖိပြောလိုက်ပြီး လေသံတွင် ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

တရားသူကြီးစုတ်တံမှာ တစ်ခဏမျှ အေးခဲသွားပြီး သတိပြန်ဝင်လာချိန်တွင် ၎င်း၏ ကြေကွဲဖွယ် ငိုကြွေးသံသည် ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။

လူအားလုံးသည် သူတို့၏ နားစည်များ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။

နန်ကုန်းယွမ်သည် ကလေးနှစ်ဦး၏ စကားဝိုင်းကို တွေးတောနေစဉ် သူ၏ မျက်လုံးများက အလွန်နက်ရှိုင်းသွားလေသည်။

သို့မဟုတ်…

သူကရော "အနိုင်ကျင့်ခံရသည်" ဆိုသည့် ဟန်ဆောင်မှုကို အသုံးပြုပြီး ထိုကောင်မလေးကို တာဝန်ယူခိုင်းလိုက်ရမည်လား။

နန်ကုန်းယွမ်၏ နှုတ်ခမ်းများက တင်းမာသွား၏။ ထိုအတွေးသည် သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်းပင် ဖယ်ရှားလိုက်လေသည်။

ကောင်မလေး၏ အတွေးအမြင်များက အတော်လေး ထူးဆန်းလွန်းလှသည်။

ကိစ္စများ လွဲချော်သွားမည်ကို သူ စိုးရိမ်မိလေသည်။

ယွင်ဟွားမှာ ဒေါသထွက်သွားပြီး တရားသူကြီးစုတ်တံကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေရန် အချိန်များစွာ အကုန်ခံကာ ချော့မော့ခဲ့ရသည်။ စုတ်တံမှာမူ ၎င်း၏ အပြစ်ကင်းစင်မှုသည် သေခြင်းရှင်ခြင်းစာအုပ်ကြောင့် ပျက်စီးသွားပြီဟု အခိုင်အမာ ပြောဆိုရင်း သူမ၏ နောက်မှ ပျော်ရွှင်စွာ လိုက်ပါလာခဲ့လေသည်။

ထိုအကောင်ပေါက်လေးနှစ်ကောင် တိတ်ဆိတ်သွားချိန်တွင် ယွင်ဟွားသည် သူမ၏ အကြည့်များကို ပင်မခန်းမဆီသို့ လှည့်လိုက်၏။

အမြင့်တွင် ရှိနေခြင်းက ကောင်းမွန်လှသည်။ ပင်မခန်းမအတွင်းရှိ အရာအားလုံးကို မြင်တွေ့နိုင်လေသည်။

ရုတ်တရက်...

ယွင်ဟွားသည် တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဖြစ်သွားလေသည်။

သူမ၏ အစ်ကိုကြီး၏ အကြည့်များတွင် ချစ်ခင်မြတ်နိုးမှု အရိပ်အယောင်တစ်ခု ပါဝင်နေပြီး သူသည် တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ တစ်စုံတစ်ရာသော ဦးတည်ချက်ဆီသို့ ဝေ့ကြည့်နေလေသည်။

ယွင်ဟွားသည် သူမ၏ အစ်ကိုကြီး၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်၏။

မင်းသားစုနှင့် သူ၏ အခြွေအရံများ၏ အောက်ဘက်တွင် အနုရောင်ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် ခေါင်းကို အနည်းငယ် စောင်းလျက် ထိုင်နေသည်။ သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးနေပြီး သူမ၏ မျက်နှာက ကျက်သရေရှိကာ လှပရုံသာမက သူမ၏ မျက်လုံးများကလည်း တောက်ပကာ အသက်ဝင်နေကြောင်းကို ဝိုးတဝါး မြင်တွေ့နိုင်လေသည်။

သူမက မော့ကြည့်လိုက်ပြီး ယွင်ချင်းမော့၏ အကြည့်နှင့် ဆုံသွားသောအခါ သူမ၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး ရှက်ရွံ့စွာဖြင့် အကြည့်လွှဲသွားလေသည်။

ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားပြီး သူမ၏ ရင်ထဲတွင် မြေကြွက်တစ်ကောင်ကဲ့သို့ ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။

“အာ…”

“အား…”

ယွင်ဟွား၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကြောင့် လူတိုင်း၏ ကျောရိုးထဲတွင် စိမ့်တက်သွားလေသည်။

စိတ်ဝင်စားစရာ အတင်းအဖျင်းတစ်ခုခု ရှိနေသလား...။

ငါတို့ အတင်းအဖျင်းတွေကို ထပ်ပြီး ခံစားခွင့်ရတော့မည်လား...။

နန်းတွင်းစားသောက်ပွဲ၏ လေထုမှာ ချက်ချင်း မြင့်တက်သွားပြီး လူတိုင်းက အချင်းချင်း အရက်ခွက်များကို မြှောက်ကာ ဂုဏ်ပြုနေကြသော်လည်း လက်တွေ့တွင်မူ သူတို့၏ စိတ်နှလုံးများက ယွင်ဟွားထံတွင်သာ စွဲလန်းနေကြလေသည်။

“ပန်းကလေး... နင် ဘာတွေ အော်နေတာလဲ... ဘာတွေ အော်နေတာလဲ…”

သေခြင်းရှင်ခြင်းစာအုပ်မှာ ယခုလေးတင် ယွင်ဟွား၏ ခေါင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်အထက်ပိုင်းတွင် တွယ်ကပ်နေသော တရားသူကြီးစုတ်တံကို တွန်းဖယ်လိုက်လေသည်။

“ရှောင်ရှူးရှူး... မြန်မြန်... မြန်မြန်... ဟိုခရမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာ ငါ့ကို ကူရှာပေးပါဦး... ငါ့အစ်ကိုကြီးရဲ့ မျက်လုံးတွေက သူမဆီမှာ ကပ်နေပြီ..”

သူမက သူမ၏ အနာဂတ် မရီးများ ဖြစ်နိုင်မလား...

ယွင်ချင်းမော့ - !!!

ခရမ်းရောင်ဝတ် မိန်းကလေး - !!!

သူမသည် အခန်းထဲတွင် ခရမ်းရောင်ဝတ်ဆင်ထားသော တစ်ဦးတည်းသောသူဖြစ်ပြီး ထိုမိန်းကလေးသည် သူမအပေါ် ကျရောက်နေသော လူတိုင်း၏ အကြည့်များကို လုံးဝနီးပါး ခံစားမိနေလေသည်။ သူမ၏ နီမြန်းနေပြီဖြစ်သော မျက်နှာမှာ ပို၍ပင် နီမြန်းလာတော့၏။

သူမသည် အထိတ်တလန့်ဖြင့် ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ စကတ်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ သူမ၏ လက်ဖဝါးများတွင် ချွေးများပင် ထွက်နေပြီ ဖြစ်သည်။

ဤသည်က အလွန်ရှက်စရာကောင်းလှသည်။

ယွင်ချင်းမော့သည် လျှို့ဝှက်စွာ အံကြိတ်လိုက်၏။ အကယ်၍ သူ၏ ညီမငယ်သာ မယ်တော်ကြီး၏ ခုံတွင် ထိုင်မနေခဲ့လျှင် သူမ၏ ပါးစပ်ကို သေချာပေါက် ပိတ်ပစ်မည်ဖြစ်သည်။ သူမက အဘယ်ကြောင့် အခြားသူများ၏ ကိစ္စများကို အတင်းအဖျင်းပြောရုံသာမက သူမ၏ ကိုယ်ပိုင်မိသားစုကိုပါ ဒုက္ခပေးရသနည်း။

ချွေ့ဝမ်ရှင်းသည် သူတို့နှစ်ဦးကို နောက်ပြောင်သော အကြည့်ဖြင့် တလှည့်စီ ကြည့်လိုက်လေသည်။ ထိုမိန်းကလေးက မည်သူ၏ သမီးဖြစ်ကြောင်း သူမ သိရှိထားပြီး ချွေ့ဝမ်ရှင်းအနေဖြင့် သူမကို အတော်လေး သဘောကျကျေနပ်ကြောင်း ဖော်ပြနေလေသည်။

သေခြင်းရှင်ခြင်းစာအုပ်ကို စစ်ဆေးပြီးနောက် ၎င်းသည် အတင်းအဖျင်းပြောလိုသော မျက်နှာအမူအရာကို ဖော်ပြကာ နောက်ပြောင်လိုက်၏။

“ပန်းကလေး... နင့်အစ်ကိုကြီးရဲ့ အနာဂတ် ဇနီးအကြောင်း ငါ ပြောပြခဲ့တာကို မှတ်မိသေးလား..”

“ငါ မှတ်တမ်းမှတ်ရာတချို့တော့ မှတ်မိပါသေးတယ်... သူမက စစ်ဆေးရေးမှူး ကျန်းဝမ်ချန်ရဲ့ မြေးမလေးထင်တယ်... သူမရဲ့ နာမည်က... သူမရဲ့ နာမည်က ကျန်း... ဘာဆိုလား..”

ယွင်ဟွား၏ မှတ်ဉာဏ်မှာ အနည်းငယ် အားနည်းနေသဖြင့် သူမသည် နာမည်ကို အချိန်အတော်ကြာသည်အထိ ပြန်လည်မမှတ်မိနိုင်ခဲ့ပေ။

“ကျန်းစီကျင်း... အဲ့ခရမ်းရောင်ဝတ် မိန်းကလေးက သူမပဲ…”

သေခြင်းရှင်ခြင်းစာအုပ်က ရယ်မောလိုက်လေသည်။

“ဝါး…”

ယွင်ဟွားက အံ့ဩစွာ ရေရွတ်လိုက်၏။ သူမသည် နောက်ဆုံးတွင် သူမ၏ အနာဂတ် မရီးကို တွေ့ဆုံခွင့်ရခဲ့ပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးက ခေါင်းကို အနည်းငယ် ငုံ့ထားသဖြင့် သူမကို သေသေချာချာ အပြည့်အဝ မမြင်တွေ့နိုင်ခဲ့ပေ။

ဤရုတ်တရက် သတင်းကြောင့် မယ်တော်ကြီး၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်စွာဖြင့် ပြူးကျယ်သွားလေသည်။

ကျန်းဝမ်ချန်သည် သူမ၏ မောင်ငယ်ဖြစ်ပြီး စီကျင်း ကြီးပြင်းလာသည်ကို သူမ စောင့်ကြည့်ခဲ့ရသည်။ စီကျင်းသည် ယဉ်ကျေးသိမ်မွေ့ကာ နူးညံ့ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သူ ဖြစ်သည်။

ယွင်မိသားစု၏ သားအကြီးဆုံးဖြစ်သော ယွင်ချင်းမော့အကြောင်းကိုလည်း သူမ ကြားသိထားခဲ့သည်။ သူသည် ရုပ်ရည်ချောမောပြီး ဗဟုသုတကြွယ်ဝကာ ရှားပါးလှသော ယောက်ျားကောင်းတစ်ဦးဖြစ်ရုံသာမက သူမ၏ ညီမငယ်လေး၏ အစ်ကိုကြီးလည်း ဖြစ်ပေသည်။

ဤမိသားစုသည် အလွန်ကောင်းမွန်သော နောက်ခံသမိုင်းကြောင်း ရှိပြီး ဤလက်ထပ်ပွဲက စီကျင်းထံသို့ ကျရောက်လာလိမ့်မည်ဟု သူမ ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ပေ။

မယ်တော်ကြီး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြာဝေနေလေသည်။

ယွင်ဟွားသည် သူမ၏ လွတ်လပ်ပေါ့ပါးသော သဘာဝအတိုင်း သူမရှေ့ရှိ အစားအစာများကို ကောက်ယူကာ ကျန်းစီကျင်းရှိရာသို့ ပြေးသွားသဖြင့် ယွင်ချင်းမော့မှာ ထိုင်ခုံတွင် ဆက်၍ပင် မထိုင်နိုင်တော့ပေ။

"မင်း ဘာလုပ်နေတာလဲ... ကောင်းကောင်း ထိုင်နေစမ်း..."

ယွင်ရှောင်ထျန်းက ယွင်ချင်းမော့၏ ပခုံးကို ဖိချလိုက်ပြီး သူ၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်၏။

"မိန်းကလေးတွေက အချင်းချင်း တွေ့ဆုံစကားပြောနေကြတာလေ... မင်းလို အရွယ်ရောက်နေတဲ့ ယောက်ျားကြီးက ဘာလို့ ဝင်ပါနေရတာလဲ..."

သူ့ဖခင်နှင့် မှင်သွေးကျောက်ကို လုခိုင်းထားပြီး ကောင်မလေးကို ဆက်လက်၍ အတင်းအဖျင်း နားထောင်ခိုင်းထားလိုက်မည်။

"ဟုတ်တယ်... ဟုတ်တယ်..."

ယွင်ဝေက လက်မောင်းတစ်ဖက်ကို ဖမ်းဆုပ်လိုက်ပြီး

"အနာဂတ်မရီးက ယုံကြည်စိတ်ချရပြီး ပေါင်းသင်းရ လွယ်ကူမှုရှိမရှိကို ငါ့ညီမလေးကို သွားစစ်ဆေးခိုင်းလိုက်ပါ..."

*ဟွန်း….အခုလေးတင် ငါ့အုတ်ခဲကို ခိုးသွားတဲ့အတွက် နင် ခံလိုက်ရပြီ…*

ယွင်ချင်းမော့ - ......

သူက အဘယ်ကြောင့် အခြေအနေကို ပိုဆိုးသွားအောင်လုပ်ရန် ဝန်မလေးသည့် ဖခင်နှင့် ညီမတို့နှင့် လာဆုံတွေ့နေရသနည်း။

All Chapters