အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) အဒေါ်က မင်းကို ဒီနေရာမှာ ထာဝရနေထိုင်စေချင်တယ်
ထိုခေါင်းလောင်းသံလေး ထွက်ပေါ်လာသောအခါ လုယွမ်က ကျောက်ချောင်အာ ရထားလုံးပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။
လွန်ခဲ့သောရက်အနည်းငယ်က သူမ၏အားနည်းနေသောပုံစံနှင့် နှိုင်းယှဉ်ပါက အဒေါ်ကျောက်သည် ယနေ့တွင် များစွာပို၍ကောင်းမွန်နေပုံရသည်။ သူမ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေဆဲဖြစ်သော်လည်း သာမန်လူတစ်ယောက်နှင့် နီးပါးတူညီနေပြီဖြစ်သည်။
တာအိုဆရာလုံချွမ်း ပေးခဲ့သောနည်းလမ်းက အလွန်ထိရောက်ပုံရပေသည်။
အဒေါ်ကျောက်သည် ယနေ့တွင် လုံးဝတင့်တယ်လှပနေခဲ့သည်။ သူမက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ရှည်လျားသောဆံပင်များကို နောက်စေ့၌ သပ်ရပ်စွာ ထုံးဖွဲ့ထားသည်။ ပေါ်လွင်ပြီး နူးညံ့သောနှာတံနှင့် ပြည့်စုံကာ ပန်းရောင်သန်းနေသော နှုတ်ခမ်းများရှိနေသည်။
ဤသည်မှာ အသက်သုံးဆယ့်ငါးနှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေးထင်ရန်ခက်ခဲလှပေသည်။ ဤနေရာက ကမ္ဘာမြေနှင့် မတူညီကြောင်းကို နားလည်ထားရန်လိုအပ်သည်။
နေထိုင်မှုအဆင့်အတန်းများ တိုးတက်လာသည်နှင့်အမျှ အချို့သောသူများသည် အသက်ခြောက်ဆယ်အရွယ်တွင်ပင် အိုမင်းပုံမပေါ်ကြပေ။ သူတို့အားလုံးက အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်များဟုသာ ထင်ရပေသည်။
သို့သော်လည်း သယံဇာတရှားပါးသော ရှန်းလင်းအင်ပါယာ၌ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ် လူအများစုက အဘိုးအိုလေးများနှင့် တူနေကြသည်။
ပြောနိုင်သည်မှာ အဒေါ်ကျောက်က သူမကိုယ်သူမ အလွန်ဂရုစိုက်ကြောင်းပင်ဖြစ်သည်။ သူမ၏မျက်လုံးတစ်ဝိုက်ရှိ မျက်မှောင်ကြုတ်ရာ အနည်းငယ်မှလွဲ၍ သူမက မယုံနိုင်လောက်အောင် နုပျိုနေပုံရပေသည်။
သူမ၏ မျက်လုံးထောင့်ရှိ မျက်မှောင်ကြုတ်ရာများကလွဲလျှင် သူမ၏သေးသွယ်သော ခါးလေးက မိန်းမပျိုလေးတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး သူမ၏ခြေတံများကလည်း သွယ်လျလှသည်။
အဒေါ်ကျောက်၏ ဝမ်းဗိုက်လေးက အနည်းငယ်အသားပြည့်နေပြီး သူမ၏ပေါင်များကလည်း အနည်းငယ်ပြည့်ဖြိုးနေသော်လည်း သူမက ဝမနေခဲ့ပေ။
ဤအရာများကပင် ရင့်ကျက်သော အသက်သုံးဆယ့်ငါးနှစ်အရွယ် အမျိုးသမီးဖြစ်သည့် အဒေါ်ကျောက်ကို ပို၍ဆွဲဆောင်မှုရှိစေပြီး မိန်းမဆန်စေခဲ့သည်။
တုတ်ခိုင်သောခြေတံများက ရတနာတစ်ပါးပင်ဖြစ်သည်။ အကယ်၍ အဒေါ်ကျောက်၏ ပြည့်ဖြိုးပြီးလှပသော ခြေတံများကြား၌ ညှပ်ခံရပါက လုယွမ်တစ်ယောက် ဝိညာဉ်လွင့်ထွက်သွားလောက်ပေသည်။
အဒေါ်ကျောက်ကို မြင်လိုက်ရသောအခါ လုယွမ်က အလျင်အမြန်ပြေးသွားပြီး ပြောလိုက်သည်။
“အဒေါ်ကျောက် ဘာကိစ္စများရှိလို့ ဒီနေရာကို ရောက်လာတာလဲ...”
သူတို့နှစ်ယောက်က ဤအကြောင်းကို ယခင်က တစ်ခါမှ မဆွေးနွေးခဲ့ဖူးသောကြောင့် လုယွမ်က ဘာမှမသိခဲ့ပေ။
ရထားလုံးပေါ်မှ ဆင်းပြီးနောက် အဒေါ်ကျောက်က အိမ်စေမလေးတစ်ဦးက သူမ၏လက်တစ်ဖက်ကို တွဲကူပေးထားရသဖြင့် အသက်အရွယ်ကြီးရင့်သော မိဖုရားခေါင်ကြီးတစ်ပါးနှင့် တူနေခဲ့သည်။
အဒေါ်ကျောက်က ပြေးလာသော လုယွမ်ကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။
လုယွမ်၏ စကားများကြောင့် ကျောက်ချောင်အာက သူ့ကို ဆွဲဆောင်မှုရှိစွာ မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
“တူဖြစ်သူက ပွဲခံနေတာကို အဒေါ်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မလာဘဲနေနိုင်မှာလဲ...”
သတင်းများသာ ပေါက်ကြားသွားပါက လူများက အဒေါ်ကျောက်အား ဝေဖန်ကြမည်မဟုတ်ပါလား။
လုယွမ်က ရှေ့သို့တက်သွားပြီး ငယ်ရွယ်သောအိမ်စေမလေးကို ဖယ်လိုက်ကာ အဒေါ်ကျောက်၏လက်ကို တွဲကူရန်လာခဲ့ပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“ဘယ်သူကများ ငါ့အဒေါ်ကို ဝေဖန်ရဲမှာလဲ...”
သို့သော်လည်း ကျောက်ချောင်အာက သူမ၏အခြားလက်တစ်ဖက်ကိုဆန့်ထုတ်ကာ လုယွမ်၏ပါးကို ချစ်ခင်မြတ်နိုးစွာဖြင့် ဆွဲလိမ်လိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။
“ဒါ့အပြင် မင်းရဲ့အဒေါ်က မင်းရဲ့ တစ်ဦးတည်းသော လူကြီးလေ...”
“အရက်ခွက်ချီပြီး ဂါရဝပြုတဲ့အခါ တစ်ဖက်မိသားစုရဲ့ မိဘတွေပဲထိုင်နေပြီး တို့ဘက်ကလူမရှိဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေလို့မရဘူးလေ...”
“ဒါက ဘယ်လိုစကားမျိုးလဲ... အဒေါ်က လာပြီး မင်းအတွက် မျက်နှာပန်းလှအောင် လုပ်ပေးရမှာပေါ့...”
အဒေါ်ကျောက်၏ စကားများကို ကြားလိုက်ရသောအခါ လုယွမ်တစ်ယောက် စိတ်လှုပ်ရှားမှုများ တဖွားဖွားပေါ်ပေါက်လာသည်ကို မတားဆီးနိုင်ခဲ့သော်လည်း စိတ်ကိုပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“အဒေါ်ပြောနေတာကိုလည်း ကြည့်ပါဦး... တစ်ယောက်ယောက်က ကျွန်တော့ကို အနိုင်ကျင့်နေသလိုပဲ...”
ကျောက်ချောင်အာက ပြုံးလိုက်သော်လည်း အနည်းငယ်လေးနက်စွာဖြင့် ပြောလိုက်သည်။
“အနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ် မခံရတာပဲဖြစ်ဖြစ် ဘယ်နေရာမှာမှ အဲဒီလိုလုပ်လို့မရဘူးလေ...”
“ကါတို့မိသားစုက ဂုဏ်သိက္ခာရှိရှိနဲ့ ဖြောင့်မတ်မှန်ကန်စွာ နေထိုင်ရမယ်... ဒါမှ ဘယ်သူကမှ ငါတို့ကို အထင်သေးမှာမဟုတ်ဘူး...”
“အခုမှစပြီး မင်းဘာပဲလုပ်လုပ် အဒေါ်က မင်းနောက်ကနေ အမြဲတမ်း ကျောထောက်နောက်ခံ ပေးထားမှာပါ...”
အဒေါ်ကျောက်၏ စကားများကို ကြားလိုက်ရသောအခါ လုယွမ်က ပြုံးပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“ခုလိုပျော်ရွှင်စရာကောင်းတဲ့နေ့မှာ အဒေါ်က ကျွန်တော်တို့ကို ငိုအောင်လုပ်ဖို့ ဆုံးဖြတ်ထားတာပဲ...”
ကျောက်ချောင်အာက သူမဘေးရှိ လုယွမ်ကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများက ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေပြီး ပြောလိုက်သည်။
“အဒေါ်ကချစ်လို့ပါ...”
“သွားကြရအောင်... အဒေါ့်ကို အိမ်ထဲခေါ်သွားပါဦး...”
လုယွမ်က ချက်ချင်းခေါင်းညိတ်လိုက်ပြီး အဒေါ်ကျောက်၏လက်ကိုဆွဲကာ ရွာထဲသို့ လျှောက်သွားခဲ့သည်။
ထိုစဉ် ဘေးမှနေ၍ တိတ်ဆိတ်စွာ ကြည့်နေခဲ့သော အိမ်တော်ထိန်းအိုကြီးက သူ၏နောက်ရှိ ယာဉ်တန်းကို ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက် ဆူညံသော လှုပ်ရှားမှုများနှင့်အတူ ဂျွမ်းသံများနှင့် ဗုံသံများ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက တကယ်ကို တက်ကြွနေခဲ့သည်။ ပတ်ဝန်းကျင်အခြေအနေက ချက်ချင်းပင် အသက်ဝင်သွားခဲ့သည်။
အဒေါ်ကျောက် လုပ်ဆောင်ခဲ့သောအရာများကြောင့် လုယွမ်က အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။
ချန်လျိုရွာသည် တိုင်နင်းမြို့အနီးတွင် သွားလာရအဆင်ပြေသော နေရာ၌ တည်ရှိနေခြင်းမဟုတ်ပေ။ မြန်ဆန်သော မြင်းများပင်လျှင် အချိန်များစွာ ယူရပေသည်။
အကယ်၍ ဤကဲ့သို့သော ယာဉ်တန်းက ဖြည်းဖြည်းချင်းလာမည်ဆိုပါက အနည်းဆုံး လေးနာရီ သို့မဟုတ် ငါးနာရီခန့် ကြာမြင့်မည်ဖြစ်သည်။
ယခုမှ မနက် ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီသာ ရှိသေးသည်။
ဆိုလိုသည်မှာ သူတို့သည် တိုင်နင်းမြို့မှ မနက် နှစ်နာရီ သို့မဟုတ် သုံးနာရီခန့်ကတည်းက အနည်းဆုံး ထွက်ခွာလာရမည်ဖြစ်သည်။
ထို့အပြင် အဒေါ်ကျောက်၏ ဝတ်စုံကို ကြည့်လိုက်ပါ။ သူမက လက်ဝတ်ရတနာ အမျိုးမျိုးကို ဝတ်ဆင်ထားခြင်း မရှိသော်လည်း ဤတောက်ပနေသော ရတနာများက သေချာပေါက် အလှဆင်ထားခြင်းဖြစ်ပေမည်။
သူမက နေမကောင်းဖြစ်နေဆဲဖြစ်သော်လည်း တစ်ညလုံး အိပ်မနေခဲ့ပေ။ ထိုအရာက လုယွမ်ကို မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ယခုအခါ သူနှင့် အဒေါ်ကျောက်တို့က တကယ့်မိသားစုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
လုယွမ်က အဒေါ်ကျောက်အား ရွာဘက်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဆူညံသော ခေါက်သံနှင့် တီးခတ်သံများကို ကြားလိုက်ရပြီးနောက် ရွာသူရွာသားများလည်း ဘာတွေဖြစ်နေသလဲဆိုသည်ကို ကြည့်ရှုရန် ထွက်လာခဲ့ကြပြီဖြစ်သည်။
အဒေါ်ကျောက်ကို မြင်လိုက်ရပြီးနောက် သူမအပေါ်မှ မျက်လုံးလွှဲနိုင်သော အမျိုးသားမှာ အလွန်နည်းပါးလှသည်။
မည်သို့ပင်ဖြစ်စေ ဤမျှကျက်သရေရှိပြီး တင့်တယ်လှပသော အမျိုးသမီးက ယိမ်းနွဲ့စွာ လျှောက်လှမ်းလာသောကြောင့်ပင်။
ထိုရင့်ကျက်သော မိန်းမဆန်မှု အလှတရားက တကယ့်ကို အဆိပ်တစ်ခွက်ကဲ့သို့ပင်။
မီတာပေါင်းများစွာ အကွာအဝေးမှပင် ရေမွှေးနံ့ကို ရှူရှိုက်နိုင်သော ဤလှပသည့်အမျိုးသမီးက မည်သူဖြစ်ကြောင်းကို လူတိုင်းက ပို၍သိချင်နေကြသည်။
ပြောရမည်ဆိုလျှင် အဒေါ်ကျောက်က ဤရွာ၌ တကယ့်ကို ထင်ရှားပေါ်လွင်နေပေသည်။
အဒေါ်ကျောက်၏ အရပ်က မည်မျှရှိသနည်း။
လုယွမ်၏အရပ်က ၁.၇၈ မီတာရှိပြီး အဒေါ်ကျောက်က သူ့ထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်သောကြောင့် ရှစ်ပေခန့်မြင့်သော လူကြီးတစ်ဦးနှင့် တူနေစေသည်။
ငယ်စဉ်ကတည်းက ကောင်းမွန်သောအရာများကို ခဲယဉ်းစွာ စားသုံးခဲ့ရသော ရွာမှလူများက အားလုံး အရပ်မရှည်ကြပေ။
ထို့အပြင် လူများစွာမှာ အာဟာရချို့တဲ့မှု ခံစားနေရပြီး နေ့စဉ် လယ်ကွင်းများ၌ အလုပ်လုပ်ကြရသောကြောင့် အသက်သုံးဆယ်နှင့် လေးဆယ်အရွယ်များတွင် ခါးကုန်းနေကြသည်။
သူတို့က အစကတည်းက အရပ်မရှည်ကြသည့်အပြင် အားလုံးက ခါးကုန်းနေကြသောကြောင့် မှင်စာတစ္ဆေလေးများနှင့် တူနေကြသည်။
ယခုအခါ အဒေါ်ကျောက်က တကယ့်ကို အဆင့်အတန်းမြင့်မားပြီး ထင်ရှားပေါ်လွင်နေသည်။
ဤအခိုက်အတန့်တွင် စုလီယန်၏ မိခင်နှင့် အဒေါ်နှစ်ဦးတို့က အလျင်စလို ထွက်လာပြီး သူတို့ကို ကြိုဆိုခဲ့ကြသည်။
ကျောက်ချောင်အာကို မြင်ပြီးနောက် အဒေါ်နှစ်ဦးက လုယွမ်၏ အခြေအနေကို မသိခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ လုယွမ်က သူသည် ကျောက်ချောင်အာ၏ တူဖြစ်ကြောင်းကို အခြားမည်သူ့ကိုမျှ မပြောပြခဲ့ပေ။
လုယွမ်က ဘာမှမပြောသောကြောင့် စုလီယန်ကလည်း သဘာဝကျစွာပင် မည်သူ့ကိုမျှ ပြောပြမည်မဟုတ်ပေ။
စုလီယန်၏ မိခင်တစ်ဦးတည်းကသာ ဤအကြောင်းကို သိရှိလေသည်။
ထိုညက စုလီယန်၏မိခင် အိမ်ပြန်ရောက်လာသော်လည်း မိသားစုအား ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေ။
ယခု ထိုအရာကို မြင်လိုက်ရသောအခါ စုလီယန်၏မိခင်က အလျင်အမြန် ရှေ့သို့တက်လာပြီး ပြောလိုက်သည်။
“အိုး... သခင်မကြီး ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာရတာလဲ...”
သို့သော်လည်း ကျောက်ချောင်အာက စုလီယန်မိခင်၏ လက်ကိုဆွဲကာ ပြုံးပြီး ပြောလိုက်သည်။
“ဘာ သခင်မကြီးလဲ... ဆွေမျိုးတွေဖြစ်နေပြီပဲကို...”
...
ထို့နောက် ဖြစ်ပျက်ခဲ့သည်များက ရိုးရှင်းသလိုနှင့် အနည်းငယ် ရှုပ်ထွေးလှပေသည်။
မူလအစီအစဉ်မှာ ရိုးရိုးရှင်းရှင်းသာ ကျင်းပရန်ဖြစ်ပြီး ထို့နောက် နေ့လယ်ဘက်တွင် လူတိုင်းက ဘိုးဘေးခန်းမရှေ့၌ စားသောက်ပွဲ ကျင်းပကြမည်ဖြစ်သည်။
သို့သော် ယခု အဒေါ်ကျောက် ရောက်ရှိလာပြီဖြစ်သောကြောင့် သူမ၏အဆိုအရ သူတို့က ဤအရာကို ကောင်းမွန်မှန်ကန်ပြီး ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ရမည်ဖြစ်သည်။
ဤသည်မှာ လိုအပ်သော အခမ်းအနားတစ်ခုဖြစ်ပြီး မည်သည့်အရာကိုမျှ ချန်လှပ်ထား၍မရပေ။
ဒုက္ခများစွာပေးနေသလို ထင်ရသော်လည်း အဒေါ်ကျောက်က ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့ခြင်းဖြစ်သည်။
အရာအားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူမက စုလီယန်အတွက် မယုံနိုင်လောက်အောင် ခမ်းနားလှပသော ဖီးနစ်သရဖူနှင့် မင်္ဂလာဝတ်စုံကိုလည်း ယူဆောင်လာခဲ့သည်။
ထိုအရာက ယခင်ကတည်းက အလွန်တင့်တယ်လှပနေသော စုလီယန်အား ပို၍ပင် ကျက်သရေရှိစေခဲ့သည်။
နောက်ဆုံး၌ နေ့လယ်အချိန်သို့ရောက်သော်။
လုယွမ်နှင့် စုလီယန်တို့က သူတို့၏ လူကြီးများကို အတူတကွ အရက်ခွက်ချီ၍ ဂါရဝပြုခဲ့ကြသည်။
စုလီယန်၏ မိဘများက ညာဘက်ရှိ ခုံတန်းပေါ်တွင် ထိုင်နေကြသည်။ အခြားတစ်ဖက်တွင်တော့ ကျောက်ချောင်အာက ဘယ်ဘက်ရှိ ခုံတန်းပေါ်၌ ထိုင်နေသည်။
ထိုလူကြီးသုံးဦးက လုယွမ်နှင့် စုလီယန်အား ပြုံးကာ ကြည့်နေကြသည်။
သူတို့က ကြင်စဦးဇနီးမောင်နှံနှစ်ဦး ဆက်သသော မင်္ဂလာအရက်ကို သောက်သုံးနေကြသည်။
အခမ်းအနားပြီးဆုံးသွားပြီးနောက် မင်္ဂလာဦးညအခန်းသို့ ခေါ်ဆောင်သွားခြင်း သို့မဟုတ် ထိုကဲ့သို့သောအရာများနှင့်ပတ်သက်၍ မည်သည့်ပြောဆိုမှုမှ မရှိခဲ့ပေ။
ပြင်ဆင်မှုများစွာလည်း မလုပ်ထားခဲ့သည့်အပြင်…
လုယွမ်နှင့် စုလီယန်တို့သည် လွန်ခဲ့သောအချိန်ကတည်းကပင် သူတို့၏ အိမ်ထောင်ရေးကို ပြီးမြောက်ခဲ့ပြီးဖြစ်ကာ သူတို့က ညတိုင်း ကုတင်ပေါ်၌ တစ်ယောက်ကိုတစ်ယောက် ဖက်နမ်းနေကြခြင်းဖြစ်သည်။
ထို့ကြောင့် စုလီယန်သည် သူမ၏ ဈေးကြီးသော ဝတ်စုံကိုလဲကာ အနီရောင်ဝတ်စုံကိုဝတ်ဆင်ပြီး လုယွမ်နှင့်အတူ ဘိုးဘေးခန်းမသို့ သွားခဲ့သည်။
ရွာရှိ အချို့သော လူကြီးများကို အရက်ခွက်ချီ၍ ဂါရဝပြုခြင်းများကို ပြုလုပ်ခဲ့သည်။
ရွာသူရွာသားများအားလုံး အတူတကွ ဘိုးဘေးခန်းမသို့ သွားခဲ့ကြသည်။
လူတိုင်းက တစ်မနက်ခင်းလုံး ထိုအသားတစ်ဖတ်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့ကြသည်မဟုတ်ပါလား။
ဘိုးဘေးခန်းမသို့ ရောက်ရှိသွားသောအခါ စုချန်းလျန်နှင့် သူ၏ တတိယဦးလေးတို့မှာ လက်ဆောင်များကို လက်ခံရယူရန် စားပွဲနောက်တွင် ထိုင်စောင့်နေကြပြီဖြစ်သည်။
ရွာသူရွာသားများကလည်း ဤနေရာ၌ လက်ဆောင်များကို ပေးကြပြီးနောက် ထိုင်ရန် အထဲသို့ ဝင်သွားကြမည်ဖြစ်သည်။
မည်သူက လက်ဆောင်မည်မျှပေးသည်ကို စုချန်းလျန်က မှတ်တမ်းတင်ထားသည်။
ထိုစဉ် တတိယဦးလေးက အသံကျယ်ကျယ်ဖြင့် အော်ပြောနေသည်။
“စုရှို့ဇိုက လက်ဆောင်အဖြစ် ကြေးပြား ၁၀ ပြား ပေးပါတယ်...”
“စုယိုကျယ်က လက်ဆောင်အဖြစ် ကြေးပြား ၉ ပြား ပေးပါတယ်...”
“လျန်ချန်းဖေးက လက်ဆောင်အဖြစ် ၂ပြားပေးပါတယ်...”
တတိယဦးလေး စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က မျက်နှာနီရဲသွားပြီး အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။
“ကြေးပြား ၂ ပြားလေးအတွက်နဲ့ အဲဒီလောက် အော်ပြောစရာလိုလို့လား...”
တတိယဦးလေးက ရယ်မောလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။
ဤသည်က သားမက်ဖြစ်သူ၏ အကြံအစည်ပင်ဖြစ်သည်။
ဤစားသောက်ပွဲအတွက် လူတစ်ဦးလျှင် ပြားငွေတစ်ပြားစီ ထည့်ဝင်ပါကတောင် အရင်းကျေမည်မဟုတ်သော်လည်း မည်သူ့ကိုမျှ အကြောင်းပြချက်မရှိဘဲ အခွင့်အရေးယူခွင့် မပေးနိုင်ပေ။
တတိယဦးလေးက ဤသို့အော်ပြောလိုက်သောအခါ သူ့နောက်ရှိလူအချို့က သူတို့၏ အိတ်ကပ်ထဲမှ ငွေအနည်းငယ်ကို တိတ်တဆိတ် ထုတ်ယူလိုက်ကြသည်။
ဤနေရာ၌ ဆူညံပွက်လောရိုက်နေစဉ်။
ထို့နောက် ကျောက်ချောင်အာက အရက်ခွက်ချီ၍ ဂါရဝပြုတော့မည့် လုယွမ်အား ဆွဲယူကာ တီးတိုးပြောလိုက်သည်။
“ဒီည အဒေါ် မြို့ကို ပြန်တော့မယ်...”
“အဒေါ်က မြို့မှာ မင်းနဲ့ လီယန်အတွက် အိမ်တစ်လုံး ပြင်ဆင်ပေးထားတယ်... ဒါပေမဲ့ အခု သူတို့ကို အလှဆင်ခိုင်းထားတုန်းပဲ...”
“လောလောဆယ် မင်းနဲ့ လီယန်က အဒေါ့်အိမ်မှာ လိုက်နေကြပေါ့...”
ဤအချိန်တွင် ကျောက်ချောင်အာက လုယွမ် သဘောမတူမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် သူ့ကို ထပ်မံ၍ မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
“မင်းသာ အဒေါ့်စကားကို နားမထောင်ရင် မင်းကို ကြိုးတုပ်ပြီး အိမ်ကို ခေါ်သွားမယ်...”
ထိုသို့ဖြစ်နေသော ကျောက်ချောင်အာကို မြင်သောအခါ လုယွမ်က မရယ်ဘဲ မနေနိုင်တော့ပေ။
“ကိုယ့်အိမ်မှာ ကိုယ်နေတာကို ဘာဖြစ်လို့ တစ်ယောက်ယောက်က အတင်းအကျပ် ခိုင်းစေနေရမှာလဲ...”
“ကောင်းပါပြီ... အဒေါ်က သွားဖို့ အတင်းပြောနေတော့လည်း ကျွန်တော်တို့ သေချာပေါက် သွားရမှာပေါ့...”
“ကျွန်တော်တို့ အဲ့နေရာမှာနေရတာ အကျင့်ပါသွားလို့ အဒေါ်က ကျွန်တော်တို့ကို နှင်ထုတ်မယ်ဆိုရင်တောင် ကျွန်တော်တို့က ထွက်သွားမှာမဟုတ်ဘူးလို့ စိုးရိမ်မိတယ်...”
လုယွမ်က ထိုမျှလွယ်ကူစွာ သဘောတူလိုက်သည်ကို မြင်သောအခါ ကျောက်ချောင်အာသည်လည်း သဘာဝကျစွာပင် အလွန်ဝမ်းသာသွားခဲ့သည်။
ကျောက်ချောင်အာက သူမ၏ နူးညံ့သောလက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး လုယွမ်၏ နဖူးကို ချစ်ခင်မြတ်နိုးစွာ ခေါက်လိုက်ကာ ပြောလိုက်သည်။
“အဒေါ်က မင်းကို အဲ့နေရာမှာ ထာဝရနေထိုင်စေချင်တာပါ...”
“သခင်ကြီးကိုးက လက်ဆောင်အဖြစ် ကြေးပြား ၁၅၀၀ ပေးပါတယ်... ဟေး... သခင်ကြီးကိုး ကျေးဇူးပြုပြီး အထဲကို ဝင်ပါ...”
“အစ်ကိုကျင်းက လက်ဆောင်အဖြစ် ကြေးပြား ၁၀၀ ပေးပါတယ်... ကျေးဇူးပြုပြီး အထဲကို ဝင်ပါခင်ဗျာ...”