အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) သူတို့တွေ ပြန်လာကြပြီ
အချိန်ဟူသည်က မြန်ဆန်လှပေ၏။
မျက်တောင်တစ်ခတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွားပြီးနောက် ပျံသန်းလှေသည် တောင်တန်းတစ်သိန်းနယ်မြေမှ ထွက်ခွာခဲ့ကာ ချင်းယိုအင်ပါယာ၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
"ဒါက မြောက်ပိုင်းဒေသလား..."
ပျံသန်းလှေ ၏ ကုန်းပတ်ပေါ်တွင် နန်ကုန်းယွီနှင့် နန်ကုန်းရိုရွှယ်တို့သည် လက်ချင်းချိတ်ကာ လက်ရန်းနောက်မှနေ၍ အဝေးသို့ ငေးကြည့်နေကြ၏။
နန်ကုန်းယွီသည် အပြင်ဘက်သို့ စူးစိုက်ကြည့်နေမိသည်။ ဤနေရာသည် သူ၏ဖခင် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ပြီး အသက်ပေးသွားခဲ့ရသော ချင်းယိုအင်ပါယာ၏ မြောက်ပိုင်းနယ်စပ်မဟုတ်ပါလား။
ထိုပြင် သူသည်လည်း ကျန်းပေ့မင်းသား မဟုတ်ပါလား။
"ကျန်းပေ့မင်းသား" ဟူသော ဘွဲ့အမည်မှာ မြောက်ပိုင်းနယ်စပ်ကို စောင့်ရှောက်ရန်ဟူသော အဓိပ္ပာယ်မှ ဆင်းသက်လာခြင်းပင်။
သို့သော် သူသည် ဤဘွဲ့ထူးဂုဏ်ထူးများကို ဆက်ခံခဲ့သော်လည်း မြောက်ပိုင်းနယ်စပ်ကို စောင့်ကြပ်ရန် အမှန်တကယ် ရောက်မလာခဲ့ချေ။ မြောက်ပိုင်းဒေသရှိ ဖူကွမ်းမြို့တွင် မွေးဖွားပြီး ပထမဆုံး ရက်အနည်းငယ်မှလွဲ၍ သူသည် မြောက်ပိုင်းသို့ တစ်ခါမှ ထပ်မရောက်ဖူးတော့ချေ။
နန်ကုန်းယွီသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် တောင်တန်းတစ်သိန်းရှိရာဘက်သို့ ပြန်လည်ကြည့်ရှုလိုက်မိသည်။
အခြေအနေကို ခဏတာ စဉ်းစားပြီးနောက် နန်ကုန်းယွီသည် မည်သူ့ကိုမျှ ရပ်နားရန် ခွင့်မပြုခဲ့ချေ။ ပျံသန်းလှေ သည် မြောက်ပိုင်းနယ်စပ်ဒေသရှိ ဖူကွမ်းမြို့ဆီသို့ ဆက်လက်ဦးတည် ပျံသန်းသွားခဲ့သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ချင်မင်းသားနှင့် သူ၏အဖွဲ့သည် ဖူကွမ်းမြို့သို့ သွားရောက်ကာ ထိုမှတစ်ဆင့် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြု၍ ဧကရာဇ်မြို့တော်သို့ သွားရန် စီစဉ်နေပုံရပေသည်။
...
ချင်းယို ဧကရာဇ်မြို့တော်။
ခမ်းနားထည်ဝါလှသော နန်းတော်အတွင်းရှိ ဖုန်းရှန်းခန်းမဆောင်တွင် နန်ကုန်းကျင်းချီသည် အလှဆင်ထားသော နဂါးပလ္လင်ပေါ်၌ ခန့်ညားစွာ ထိုင်နေ၏။ သူ၏ရှေ့တွင်မူ သူကိုယ်တိုင် စစ်ဆေးအတည်ပြုရမည့် အစီရင်ခံစာများမှာ တောင်ပုံရာပုံ ရှိနေပေသည်။
သူ၏အမူအယာမှာ တည်ကြည်လေးနက်နေပြီး မျက်ခုံးများမှာလည်း တွန့်ကွေးနေ၏။ သိမ်းငှက်ကဲ့သို့ ထက်မြက်သော သူ၏မျက်လုံးများသည် အစီရင်ခံစာ တစ်စောင်ချင်းစီကို သေချာစီစစ်နေသကဲ့သို့ ရှိနေပေသည်။ တစ်ခါတစ်ရံတွင် သူသည် အနီရောင်စုတ်တံကို ကောက်ကိုင်ကာ အမှတ်အသားများ ပြုလုပ်လိုက်ပြီး တစ်ခါတစ်ရံတွင်မူ အဝေးသို့ ငေးကြည့်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ နန်ကုန်းကျင်းချီ၏ မျက်ခုံးများမှာ ပို၍ မကြာခဏ တွန့်ကွေးလာပြီး မမြင်ရသော ဖိအားတစ်ခုအောက်တွင် ရောက်နေသည့်အလားပင်။
နောက်ဆုံးတွင် သူသည် အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။
"ဒါတွေက သေးငယ်တဲ့ ကိစ္စလေးတွေပဲလေ... ဒါကိုတောင် ငါ့ဆီ ပို့ရဲကြတာလား... နန်းတွင်းအရာရှိတွေက တစ်နေ့လုံး ဘာမှမလုပ်ဘဲ အားနေကြတာလား..." သူ ပို၍ တွေးတောလေ ပို၍ ဒေါသထွက်လေ ဖြစ်လာခဲ့သည်။
သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး "ဟမ့်... ခမည်းတော် ထီးနန်းပေါ်မှာ ရှိတုန်းက ဒီလို သေးငယ်တဲ့ အစီရင်ခံစာတွေ ငါ့ရှေ့ကို တစ်ခါမှ ရောက်မလာခဲ့ဘူး... ငါ့ရဲ့ အရှိန်အဝါက အရာရှိတွေကို မတားဆီးနိုင်တာလား... ဒါမှမဟုတ် ငါက သူတို့အပေါ် အရမ်း လျော့ရဲပြီး သည်းခံပေးနေလို့ သူတို့က ဒီလောက်အထိ ရဲတင်းနေကြတာလား..."
သူ၏စကားများနောက်တွင် အေးစက်သောအငွေ့အသက်များ ပါဝင်နေသဖြင့် ဖုန်းရှန်းခန်းမဆောင်အတွင်းရှိ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဘေးတွင် စောင့်ကြပ်နေသော မိန်းမစိုးငယ်လေးသည်လည်း အမူအယာ ပျက်ယွင်းသွားပြီး ခေါင်းငုံ့ကာ ဘာမှမပြောရဲဘဲ စိတ်ထဲမှသာ သက်ပြင်းချနေမိ၏။
ထိုအခိုက်အတန့်တွင် နန်ကုန်းကျင်းချီသည် စားပွဲပေါ်ရှိ အစီရင်ခံစာများကို ပစ်ချလိုက်ပြီး မတ်တတ်ရပ်ကာ ဆိုလိုက်သည်။ "ရှောင်အန်းကျစ်... အကြီးအကဲကျန်းဆီကနေ အစ်မတော်နဲ့ ကျန်းပေ့မင်းသားတို့အကြောင်း သတင်းမကြားသေးဘူးလား... အချိန်ကို ကြည့်ရရင်လျှို့ဝှက်နယ်မြေက ပိတ်သွားတာ ကြာပြီပဲ... သတင်းအသစ် ထပ်ရောက်မလာသေးဘူးလား..."
ဤသည်ကို ကြားချိန်၌ မိန်းမစိုးငယ် ရှောင်အန်းကျစ်သည် ချက်ချင်း ဦးညွှတ်ကာ အရိုအသေပေးလိုက်ပြီး ဆိုလိုက်၏။ "အရှင်မင်းကြီး... အကြီးအကဲကျန်းက သတင်းပို့လာပါတယ်... သူတို့တွေ ချင်းယိုရဲ့ မြောက်ပိုင်းနယ်စပ်ကို ဝင်ရောက်လာပြီဖြစ်ပြီး မြို့တော်ကို ပြန်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်..."
"ဒါဆိုရင်လည်း ကောင်းပြီ"
နန်ကုန်းကျင်းချီသည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏ဒေါသများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"သွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါ... ငါကိုယ်တိုင် မြို့ပြင်ကို ထွက်ပြီး အစ်မတော်နဲ့ ကျန်းပေ့မင်းသားကို ကြိုဆိုမယ်... ပြီးတော့ သူတို့အတွက် ကြိုဆိုပွဲ တည်ခင်းဧည့်ခံပေးမယ်…”
"အမိန့်တော်အတိုင်းပါ..."
ရှောင်အန်းကျစ်သည် အမိန့်နာခံလိုက်ပြီးနောက် ဖုန်းရှန်းခန်းမဆောင်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
"မယ်တော်၂ ဆီ အရင်သွားပြီး သူမ လိုက်ချင်သလား ဆိုတာကို သွားမေးလိုက်ဦးမယ်"
နန်ကုန်းကျင်းချီသည် ပြုံးလိုက်ပြီး ဖုန်းရှန်းခန်းမဆောင်မှ ထွက်လာခဲ့သည်။
...
ရှိုးရှန်း နန်းဆောင်။
ရှိုးရှန်းနန်းဆောင်သည် မူလက မယ်တော်ကြီး၏ စံအိမ်ဖြစ်သော်လည်း သူ ထီးနန်းတက်ချိန်တွင် သူ၏မိခင်ဖြစ်သူ ဟန်လီယန်သည် မြင့်မြတ်နယ်မြေသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ရှိုးရှန်းနန်းဆောင်၌ စံမြန်းနေသူမှာ မယ်တော် ၂ ချင်အန်းလန် ပင်ဖြစ်ပေ၏။
နန်ကုန်းအောက်ထျန်း၏ လက်ထက်တွင် မိဖုရားခေါင်ကြီး ဟန်လီယန်အပြင် နောက်ထပ် ကိုယ်လုပ်တော် နှစ်ပါးသာ ရှိခဲ့သည်။ ထိုသူတို့မှာ တယ်ကိုယ်လုပ်တော် (ချင်အန်းလန်) နှင့် စုန့်ကိုယ်လုပ်တော် (စုန့်ရှောင်လင်း) တို့ ဖြစ်ကြသည်။
တစ်နည်းအားဖြင့် ဆိုရသော် ထိုသူနှစ်ဦးမှာ အထက်တန်းလွှာ မိသားစုများနှင့် တော်ဝင်မိသားစုကြား မဟာမိတ်ဖွဲ့ရန်အတွက် အသုံးချခံရသူများသာ ဖြစ်ကြပြီး နန်ကုန်းအောက်ထျန်း၏ မျက်နှာသာပေးခြင်းကို မခံခဲ့ရချေ။
နန်ကုန်းအောက်ထျန်းတွင် သူအမှန်တကယ် ချစ်မြတ်နိုးရသူ မရှိဘဲ တော်ဝင်မျိုးဆက် ဆက်ခံရန်အတွက်သာ ဤကဲ့သို့ လက်ထပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း မြို့တော်တွင် ရှစ်နှစ်ကြာ နေထိုင်ခဲ့သော နန်ကုန်းယွီသည် ထိုနှစ်ဦးကိုသာ တွေ့ရခဲ့ခြင်း ဖြစ်၏။
မိဖုရားခေါင်ကြီး ဟန်လီယန်နှင့် နန်ကုန်းအောက်ထျန်းတို့ပင်လျှင် အပြန်အလှန် လေးစားမှုရှိသော ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားခဲ့ကြသည်။
ချင်အန်းလန်သည် ဧကရာဇ်၏ အကြီးဆုံးသမီးဖြစ်သော နန်ကုန်းရိုရွှယ်ကို ဖွားမြင်ခဲ့ပြီး သူမသည် အတွင်းနန်းတော်၌သာ အချိန်အတော်ကြာ နေထိုင်ခဲ့ကာ အပြင်သို့ ထွက်ခဲလှပေသည်။
စုန့်ရှောင်လင်းမှာမူ နန်ကုန်းကျင်းလင်၏ မိခင်ဖြစ်ပြီး နန်းတော်၌ အဆင်ပြေစွာ နေထိုင်ခဲ့သော်လည်း နန်ကုန်းကျင်းလင်၏ ကိစ္စကြောင့် နောက်ဆုံးတွင် နန်ကုန်းအောက်ထျန်းမှ သူမကို အအေးနန်းတော်သို့ ပို့ဆောင်ခဲ့သည်။
နန်ကုန်းအောက်ထျန်း နန်းဆင်းသွားပြီး ဟန်လီယန် မြင့်မြတ်နယ်မြေသို့ ထွက်ခွာသွားချိန်တွင် ရှိုးရှန်းနန်းဆောင်၌ စံမြန်းနိုင်သူမှာ ချင်အန်းလန် တစ်ဦးတည်းသာ ရှိတော့၏။
ထိုအချိန်တွင် မယ်တော်ကြီး ချင်အန်းလန်သည် ရိုးရှင်းသော အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေပေသည်။ သူမသည် ခြံဝင်းအတွင်း၌ ထိုင်နေရင်း အဝေးသို့ ငေးကြည့်နေမိ၏။
"ရှောင်ရွှယ်... မင်း ပြန်မလာသေးဘူးလား..."
"ဒီနန်းတော်ထဲမှာ ငါ ပိတ်မိနေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ... အခု ငါက ဝိညာဉ်အရှင်မြတ်အဆင့် အလယ်အလတ်ကို ရောက်နေပြီ... ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်တဲ့အခါ ငါလည်း သေမျိုးနယ်ပယ်ကနေ ထွက်ခွာဖို့ စဉ်းစားရတော့မယ်..."
"ငါ မထွက်သွားခင်မှာ မင်းကို တွေ့ချင်ရုံလေးပါ... ဒါက အရမ်းခက်ခဲလွန်းနေလို့လား..."
သူမသည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူမ၏ အမူအယာမှာ ရှုပ်ထွေးနေပေ၏။
နန်ကုန်းရိုရွှယ်သည် နန်းတော်မှ ထွက်ခွာသွားသည်မှာ ခြောက်နှစ်ရှိပြီဖြစ်ပြီး စာတစ်စောင်မှ ပြန်မရေးခဲ့သဖြင့် သူမ အလွန်စိတ်ပင်ပန်းနေခဲ့ရသည်။ ထိုစဉ် နန်းတွင်းအစေခံမလေး တစ်ဦး ဝင်လာပြီး ဦးညွှတ်ကာ ဆိုလိုက်သည်။
"မယ်တော်ကြီး... မင်းသမီးကြီးနဲ့ ကျန်းပေ့မင်းသားတို့ မကြာခင် ပြန်ရောက်တော့မှာပါ... အရှင်မင်းကြီးက မြို့ပြင်ကို ထွက်ပြီး သူတို့ကို ကြိုဆိုဖို့ စီစဉ်နေပါတယ်... မယ်တော်ကြီး လိုက်ပါချင်သလား ဆိုတာကို လာမေးခိုင်းလိုက်ပါတယ်..."
"ဘာပြောလိုက်တာလဲ... ရွှယ်အာ ပြန်လာတော့မှာလား..."
ချင်အန်းလန်သည် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး သူမ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့သည်။
သူမ၏သမီးသည် နန်းတော်မှ ထွက်ပြေးသွားပြီး စာတစ်စောင်မှ မရေးခဲ့သော်လည်း သူမ ဘာလုပ်နိုင်မည်နည်း။ သူမက သူမ၏ သမီးအရင်း မဟုတ်ပါလား။
နန်းတွင်းအစေခံမလေးက အလျင်အမြန် ခေါင်းညိတ်လိုက်၏။ "ဟုတ်ကဲ့ပါ မယ်တော်ကြီး... အရှင်မင်းကြီးဆီက မိန်းမစိုးအန်း ပြောတာပါ..."
ဤသည်ကို ကြားချိန်၌ ချင်အန်းလန်၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် လင်းလက်သွားခဲ့သည်။ "ကောင်းပြီ... ငါ သွားပြီး ပြင်ဆင်လိုက်ဦးမယ်... အရှင်မင်းကြီးကို ငါလိုက်မယ်လို့ သွားပြောလိုက်ပါ..."
"အမိန့်တော်အတိုင်းပါ..."
နန်းတွင်းအစေခံမလေးသည် အမိန့်နာခံပြီးနောက် ထွက်ခွာသွားခဲ့သည်။
ချင်အန်းလန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများရှိနေသော်လည်း ရှုပ်ထွေးသော စိတ်ခံစားမှုအချို့လည်း ရှိနေပေသည်။ သူမက တိုးညှင်းစွာ ရေရွတ်လိုက်၏။
"ဒီကလေးမလေး... နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..."
သူမသည် စကားပြောရင်း နန်းဆောင်အတွင်းသို့ လှမ်းဝင်သွားခဲ့သည်။
ကိုယ်လုပ်တော်ဟောင်း တစ်ဦးအနေဖြင့် နန်းတော်အပြင်သို့ ထွက်ချိန်တွင် တရားဝင်ဝတ်စုံကို ဝတ်ဆင်ရမည် မဟုတ်ပါလား။
…
တောင်တန်းတစ်သိန်း၏ နယ်စပ်သည် ဖူကွမ်းမြို့နှင့် သိပ်မဝေးလှချေ။ ဝိညာဉ်ယာဉ်ပျံအား အရှိန်အပြည့်ဖြင့် မောင်းနှင်ခဲ့သဖြင့် နန်ကုန်းယွီနှင့် သူ၏အဖွဲ့သည် နာရီဝက်ပင် မကြာဘဲ ဖူကွမ်းမြို့သို့ ရောက်ရှိလာခဲ့သည်။
ရင်းနှီးသကဲ့သို့ရှိပြီး ထူးဆန်းနေသော ဤမြို့ကြီးကို ကြည့်ရင်း နန်ကုန်းယွီသည် ခေါင်းကို ခါယမ်းကာ ပြုံးမိလိုက်၏။
ဤနေရာသည် သူ မွေးဖွားခဲ့သော နေရာပင်။
"ရှောင်ယွီ... ငါတို့ ဒီမှာ ခဏလောက် နားပြီး ပတ်ကြည့်ကြမလား..." နန်ကုန်းရိုရွှယ်သည် သူ၏လက်ကို ဆွဲကာ မေးလိုက်၏။
နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားပြီး "အစ်မရွှယ်... အစ်မ ဒီမှာ လည်ချင်လို့လား..."