← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) ဘယ်လောက်တောင် ခမ်းနားတဲ့ ပြကွက်ကြီးလဲ

"ရှောင်ယွီ... မစိုးရိမ်ပါနဲ့..."

နန်ကုန်းရိုရွှယ်က နန်ကုန်းယွီ၏ လက်ကို ဆုပ်ကိုင်ထားပြီး တိုးညှင်းစွာ ရှင်းပြလိုက်၏။

"ဘာမှမဖြစ်ပါဘူး... လွန်ခဲ့တဲ့ တစ်လလောက်က ခမည်းတော်က ကျင်းချီကို ထီးနန်းလွှဲပြောင်းပေးခဲ့ပြီး သေမျိုးနယ်ပယ်ကနေ ထွက်သွားပြီဆိုတာ မင်းကို ပြောပြဖို့ မေ့သွားလို့ပါ..."

ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားပေ၏။

"ဦးရီးတော် ထွက်သွားပြီလား..."

"အင်း..."

နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်သည်။

"သခင်ကြီး ကျန်း ဆီကနေ အရင်ကတည်းက ကြားခဲ့တာ... အခု ကျင်းချီက တာဝန်ယူထားပြီလေ..."

ဤရှင်းပြချက်ကို ကြားချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ခါးသက်စွာ ပြုံးလိုက်၏။

"အစ်မရွှယ်... ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်က တကယ်ကို ပျော်လွန်နေခဲ့တာပဲ."

"ဒါကို ဘယ်သူက ငြင်းနိုင်မှာလဲ..."

နန်ကုန်းရိုရွှယ်က ခေါင်းကို ခါယမ်းကာ အနည်းငယ် ပြုံးလိုက်သည်။

"ကောင်းပြီ... သွားကြစို့..."

"ကောင်းပြီ..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်၏။

လူတိုင်းသည် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါပေါ်သို့ တက်လှမ်းလိုက်ကြပြီး ဝိညာဉ်ကျောက်တုံးများကို ပစ်ချကာ နေရာရွှေ့ပြောင်းခြင်းကို အသက်သွင်းလိုက်ကြသည်။

ချင်းယို ဧကရာဇ်မြို့တော် အပြင်ဘက်။

နေဝင်ဆည်းဆာသည် ကောင်းကင်ယံတစ်ခွင်၌ ရွှေရောင်ပန်းချီကားချပ်ကြီးတစ်ခုအလား ဖြန့်ကြက်ထားပေ၏။

ကျန်ရှိနေသော နေရောင်ခြည်သည် ရွှေရောင်မြှားတစ်သောင်းကဲ့သို့ တိမ်တိုက်များကို ထိုးဖောက်ကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းနေသည်။

ကမ္ဘာကြီးတစ်ခုလုံးသည် လိမ္မော်ရောင်သန်းနေပြီး နွေးထွေးသော မျက်နှာဖုံးစွပ်တစ်ခုဖြင့် ဖုံးလွှမ်းထားသည့်အလားပင်။

အဝေးရှိ တောင်တန်းများသည် နေဝင်ဆည်းဆာ၏ အလင်းရောင်အောက်တွင် ပို၍ ထင်ရှားပြီး ခမ်းနားထည်ဝါနေပေသည်။

ထိုအခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်း ကွင်းပြင်၌ အလံများ လွင့်ဝဲနေပြီး ဧကရာဇ်မြို့တော် အစောင့်တပ်ဖွဲ့သည် သပ်ရပ်စွာ တန်းစီရပ်နေကြကာ သူတို့၏ ရွှေရောင်သံချပ်ကာများသည် နေဝင်ဆည်းဆာ၏ ရောင်နီအောက်တွင် တောက်ပနေပေ၏။

ခမ်းနားထည်ဝါသော နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် နန်ကုန်းကျင်းချီသည် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို မျက်နှာမူကာ ရပ်နေပြီး သူ၏မျက်နှာသည် တည်ကြည်လေးနက်နေသည်။ မှူးမတ်များသည်လည်း ဝတ်ရုံအသီးသီးကို ဝတ်ဆင်ကာ သူ၏နောက်တွင် ရိုသေစွာ ရပ်နေကြ၏။

နန်ကုန်းကျင်းချီ၏ ဘေးတွင် အမျိုးသမီးသုံးဦး ရပ်နေပြီး သူတို့အားလုံးသည် အလွန် လှပတင့်တယ်ကြပေသည်။

သူ၏ဘယ်ဘက်ရှိ အမျိုးသမီးသည် တောက်ပသော အဝါရောင် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု အလှဆင်ထား၏။

သူမ၏ အကြည့်အများစုသည် နန်ကုန်းကျင်းချီအပေါ်သို့သာ ကျရောက်နေသည်။

သူမ၏ ဝတ်စားဆင်ယင်မှု၊ အပြုအမူနှင့် အကြည့်တို့ကို ကြည့်ခြင်းအားဖြင့် သူမသည် လက်ရှိ မိဖုရားခေါင်ကြီး ဖြစ်ကြောင်း သေချာပေသည်။

သူမသည် အသက် နှစ်နှစ် သုံးနှစ်အရွယ် ကောင်လေးတစ်ဦး၏ လက်ကို ဆွဲထားပြီး ထိုကောင်လေး၏ မျက်လုံးများသည် တောက်ပကာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

နန်ကုန်းကျင်းချီ၏ ညာဘက်တွင် ရွှေရောင်အနားကွပ်ထားသော အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အပြာရောင်ဝတ်ဆင်ထားသော မျက်လုံးတောက်ပသည့် သက်ဝင်လှုပ်ရှားနေသော မိန်းကလေးတစ်ဦးတို့ ရပ်နေကြ၏။

ဤနှစ်ဦးမှာ အခြားသူများမဟုတ်ဘဲ မယ်တော်ကြီး ချင်အန်းလန် နှင့် မင်းသမီး နန်ကုန်းရိုရွှေ တို့ပင် ဖြစ်ပေသည်။

ဤမြင်ကွင်းကို မြင်ချိန်တွင် အဝေးမှ ကြည့်ရှုနေသူများအားလုံးသည် အလွန်အမင်း အံ့အားသင့်သွားကြပြီး အသက်ဝင်စွာ ဆွေးနွေးပြောဆိုလာကြသည်။

"ဧကရာဇ်မင်းမြတ်က မှူးမတ်တွေ၊ မိဖုရားခေါင်ကြီး၊ ကိုယ်လုပ်တော်တွေနဲ့ မင်းသမီးလေးတို့ကိုပါ ခေါ်ဆောင်လာပြီး ခမ်းနားတဲ့ ကြိုဆိုပွဲကြီး လုပ်နေတာ... သူတို့က ဘယ်သူ့ကို ကြိုဆိုနေကြတာလဲ..."

"ဘယ်သူဖြစ်မလဲ မသိဘူးနော်...ဒီလောက် ခမ်းနားတဲ့ မြင်ကွင်းမျိုးကို နောက်ဆုံးအကြိမ် မြင်ခဲ့ရတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ဧကရာဇ်မင်းမြတ်က ကျန်းပေ့မင်းသမီးနဲ့ ကျန်းပေ့မင်းသားတို့ကို ကြိုဆိုခဲ့တဲ့ အချိန်ကပဲ..."

"ဟုတ်တယ်... ဒီတစ်ကြိမ်ကရော ဘယ်သူဖြစ်မလဲလို့ တွေးမိတယ်..."

"စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေကို သွားခဲ့တဲ့ ချင်းယိုတော်ဝင်မိသားစုက နောက်ရက်အနည်းငယ်အတွင်း ပြန်ရောက်လာလိမ့်မယ်လို့ ကြားတယ်... အဲ့ဒီလူတွေကို ကြိုဆိုဖို့များလား..."

"မဖြစ်နိုင်ဘူး... တော်ဝင်မိသားစုဝင်တစ်ယောက် ပြန်လာရင်တောင် ဧကရာဇ်နဲ့ မှူးမတ်တွေအားလုံး ကြိုဆိုရလောက်အောင် မလိုပါဘူး..."

"ဒါဆိုရင် ဘယ်သူဖြစ်နိုင်မလဲ... အပြင်မှာ တပ်စွဲထားတဲ့ စစ်သူကြီး ဒါမှမဟုတ် မင်းသား တစ်ပါးပါးတော့ မဖြစ်နိုင်ဘူးမလား... လတ်တလော စစ်ပွဲဖြစ်တယ်လို့လည်း မကြားမိပါဘူး…”

"မင်း ဒါကို မသိဘူးမလား... မင်းသမီးကြီးနဲ့ ကျန်းပေ့မင်းသား ပြန်လာမယ်လို့ ကောလာဟလ သတင်းတွေကနေ ကြားတယ်..."

"မင်းသမီးကြီး နဲ့ ကျန်းပေ့မင်းသားလား... ဝိုး... မင်း ဆိုလိုတာက လွန်ခဲ့တဲ့ ခြောက်နှစ်က တစ်နိုင်ငံလုံး အနှံ့ ရှာဖွေခံခဲ့ရတဲ့ မင်းသမီးကြီး နန်ကုန်းရိုရွှယ်နဲ့ ကျန်းပေ့မင်းသား နန်ကုန်းယွီကို ပြောတာလား..."

"သူတို့နှစ်ယောက်ကလွဲပြီး တခြား ဘယ်သူဖြစ်နိုင်ဦးမှာလဲ..."

"သူတို့သာဆိုရင်တော့ ဒီလို မြင်ကွင်းမျိုးက အံ့ဩစရာ မဟုတ်တော့ပါဘူး... ဟုတ်တယ်... လက်ရှိ မယ်တော်ကြီးရဲ့ သမီးအရင်းက မင်းသမီးကြီးနန်ကုန်းရိုရွှယ် လေ ၊သူမက လက်ရှိ ဧကရာဇ်ရဲ့ အစ်မတော် ဖြစ်ပြီး ကျန်းပေမင်းသားက ဝမ်းကွဲအစ်ကိုဖြစ်နေတာကို ထည့်တွက်ရင် ဧကရာဇ်မင်းမြတ်က ဒီလို ခြွေရံသင်းပင်းတွေနဲ့ ကြိုဆိုတာ တကယ်ကို အံ့ဩစရာ မဟုတ်တော့ဘူး..."

"အဲ့ဒါက ကျန်းပေ့မင်းသားဟာ ဆယ့်လေးနှစ်အကြာမှာ ဧကရာဇ်နဲ့ မှူးမတ်တွေရဲ့ ကြိုဆိုခြင်းကို နောက်ထပ်တစ်ကြိမ် ခံရတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..."

"အရမ်း ဖြစ်နိုင်တယ်..."

" ဒီလို ဂုဏ်ကျက်သရေက တကယ်ကို မနာလိုချင်စရာပဲ..."

"မနာလိုဖြစ်စရာ ဘာရှိလို့လဲ... မနာလိုဖြစ်နေလို့လည်း မင်းအတွက် ဘာမှ အကျိုးရှိလာမှာ မဟုတ်ဘူး..."

အဝေးတွင် လူများသည် အချင်းချင်း တီးတိုးပြောဆိုနေကြပြီး နန်ကုန်းကျင်းချီ၏ နောက်တွင် ရပ်နေသော မှူးမတ်များသည်လည်း စိတ်ထဲမှ ခေါင်းယမ်းနေကြပေ၏။

နန်းတွင်းအရာရှိများအနေဖြင့် နန်ကုန်းကျင်းချီသည် ယနေ့ မည်သူ့ကို ကြိုဆိုနေကြောင်း သဘာဝကျကျ သိရှိထားကြသည်။

ရိုးရိုးသားသားပြောရလျှင် သူတို့သည်လည်း နန်ကုန်းကျင်းချီက အသေးအမွှားကိစ္စကို ကြီးကျယ်ခမ်းနားအောင် လုပ်နေသည်ဟု ခံစားမိကြသော်လည်း သူတို့က ဘာမှ မပြောခဲ့ကြချေ။

"အရှင်မင်းကြီး... အစ်မတော်နဲ့ ရှောင်ယွီတို့ ဘယ်တော့ ရောက်လာမှာလဲ... ကျွန်မတို့ ဒီနေရာမှာ စောင့်နေတာ နာရီဝက်တောင် ကျော်နေပြီ..."

နန်ကုန်းရိုရွှေက မလှုပ်မယှက်ဖြစ်နေသော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်၏။

သူမသည် အစပိုင်းတွင် လာရန်၊ မလာရန် မဆုံးဖြတ်ရသေးသော်လည်း နန်ကုန်းကျင်းချီက သူမကို အတင်းဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့က "အစ်မတော်နဲ့ ရှောင်ယွီတို့ နောက်ဆုံးတော့ ပြန်လာပြီဆိုတော့ ငါတို့ သွားကြိုသင့်တာပေါ့..." ဟု ဆိုပေသည်။

သူမ၏ အမေးကို ကြားချိန်တွင် ချင်အန်းလန်က ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

"ကျင်းချီ... သူတို့တွေ ဘယ်ရောက်နေပြီလဲ ဆိုတာ မင်း သိလား..."

နန်ကုန်းကျင်းချီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။

"နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်... အချိန်ကို မှန်းကြည့်ရရင် မကြာခင် ရောက်လာသင့်ပါပြီ..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါသည် အဖြူရောင် အလင်းတန်းများဖြင့် တောက်ပသွားရာ တစ်စုံတစ်ယောက် နေရာရွှေ့ပြောင်းလာကြောင်း ညွှန်ပြနေပေသည်။

ဤသည်ကို မြင်ချိန်တွင် လူတိုင်းသည် အလျင်အမြန် လှမ်းကြည့်လိုက်ကြ၏။

နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှ မှေးမှိန်သော အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် လူတစ်စုသည် လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။

အခြားသူများမဟုတ်ဘဲ နန်ကုန်းယွီနှင့် သူ၏အဖွဲ့ပင် ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် ထိုအဖွဲ့ကို ချင်မင်းသားက ဦးဆောင်လာပြီး သူ၏ ဘယ်ဘက်တွင် အဆင့်မြင့် အကြီးအကဲ နှစ်ဦး ရပ်နေကာ သူ၏ ညာဘက်တွင် ထူးကဲသော အငွေ့အသက်များရှိသည့် လူငယ်စုံတွဲတစ်တွဲ ရပ်နေ၏။

သူတို့၏နောက်တွင်မူ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေသို့ သွားခဲ့ကြသော တော်ဝင်မိသားစုဝင်များ ပါဝင်သည်။

ရောက်လာသူကို မြင်ချိန်တွင် နန်ကုန်းကျင်းချီသည် ချက်ချင်း ပြုံးလိုက်ပြီး သူတို့ကို ကြိုဆိုရန် အလျင်အမြန် သွားရောက်ခဲ့သည်။

"စတုတ္ထမြောက် ဘိုးလေး နဲ့ အကြီးအကဲတွေအားလုံးကို ဂါရဝပြုပါတယ်... ပင်ပန်းသွားကြပြီ..."

နန်ကုန်းကျင်းချီက ချင်မင်းသားနှင့် အခြားသူများကို နှုတ်ဆက်လိုက်ရာ သူတို့ကလည်း အလျင်အမြန် ခေါင်းငုံ့ကာ ပြန်လည် တုံ့ပြန်လိုက်ကြ၏။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."

"အားလုံး ထကြပါ..."

နန်ကုန်းကျင်းချီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်သည် နန်ကုန်းရိုရွှယ်နှင့် နန်ကုန်းယွီတို့အပေါ်သို့ ကျရောက်သွားသည်။

"အစ်မတော်၊ ရှောင်ယွီ... မင်းတို့ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."

သူက စကားပြောရင်း ရှေ့သို့တိုးလာကာ နန်ကုန်းယွီကို ညင်သာစွာ ဖက်လိုက်ပြီးနောက် နန်ကုန်းယွီကို ဆွဲခေါ်သွား၏။

"လာကြ... မင်းတို့ကို ကြိုဆိုဖို့နဲ့ ခရီးပန်းလာတာတွေကို ဖြေဖျောက်ဖို့အတွက် မဟာငြိမ်းချမ်းရေး ခန်းမဆောင်မှာ စားသောက်ပွဲတစ်ခု ပြင်ဆင်ထားတယ်..."

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်..."

နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်နေပုံဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ငါတို့က ညီအစ်ကိုတွေပဲဟာကို... ဘာတွေများ ကြီးကျယ်နေလို့လဲ…”

နန်ကုန်းကျင်းချီက အပြစ်တင်သလို ပြုံးကာ ပြောဆိုလိုက်၏။

"အစ်မတော်နဲ့ မင်း ပြန်လာမယ်လို့ ငါ ကြားတာနဲ့ စားသောက်ပွဲတစ်ခုကို အထူး ပြင်ဆင်ခဲ့တာ... ပထမတစ်ခုက မင်းတို့ ပြန်လာတာကို ကြိုဆိုဖို့နဲ့ ဒုတိယတစ်ခုက စတုတ္ထမြောက် ဘိုးလေး တို့ လျှို့ဝှက်နယ်မြေကနေ အောင်မြင်စွာ ပြန်လာနိုင်တဲ့ ခရီးစဉ်ကို ဂုဏ်ပြုဖို့အတွက်ပဲ..."

နန်ကုန်းယွီသည် ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်ပြီး နန်ကုန်းကျင်းချီ၏ နောက်မှ လိုက်သွားသော်လည်း သူ၏နောက်တွင် ခြေတစ်ဝက်ခန့် တမင်တကာ နောက်ကျနေခဲ့သည်။

မည်သို့ပင်ဆိုစေ ဤအစ်ကိုဖြစ်သူမှာ ဧကရာဇ် ဖြစ်နေပြီဖြစ်ရာ အပြင်လူများရှေ့တွင် သူ၏ မျက်နှာကို အနည်းဆုံးတော့ ထောက်ထားပေးရမည် မဟုတ်ပါလား။

ချင်အန်းလန်နှင့် နန်ကုန်းရိုရွှေ တို့လည်း ရှေ့သို့ တိုးလာကြပြီး ပြောဆိုလိုက်၏။

"မင်းတို့ ကလေး နှစ်ယောက်... ဒီတစ်ကြိမ် နန်းတော်ကနေ ထွက်သွားတာ တော်တော် ကြာနေပြီ..."

နန်ကုန်းယွီက သူတို့ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

" အရီးတော် ကို ဂါရဝပြုပါတယ်... ဒုတိယ အစ်မတော်ကို ဂါရဝပြုပါတယ်..."

"မယ်တော်..."

နန်ကုန်းရိုရွှယ်က အလျင်အမြန် ဦးညွှတ်လိုက်ပြီး ချင်အန်းလန်၏ လက်ကို ကိုင်ကာ တောင်းပန်သလို ပြုံးပြလိုက်၏။

"သမီးကတော့လေ..."

ချင်အန်းလန်က လက်လှမ်းကာ နန်ကုန်းရိုရွှယ်ကို အသာအယာ ပုတ်လိုက်ရာ သူမ၏ အမူအယာမှာ ကူကယ်ရာမဲ့မှုနှင့် အလိုလိုက်မှုတို့ ရောယှက်နေပေသည်။

"ကောင်းပြီ... နန်းတော်ကို အရင် ပြန်ကြတာပေါ့..."

နန်ကုန်းကျင်းချီက ပြုံးကာ ပြောဆိုလိုက်၏။

လူတိုင်းက သဘောတူညီစွာဖြင့် အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

"အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါပဲ..."

ထို့နောက် ဧကရာဇ် နန်ကုန်းကျင်းချီနှင့် ကျန်းပေ့မင်းသား နန်ကုန်းယွီတို့သည် လက်ချင်းချိတ်ကာ မြို့တံခါးကို ဖြတ်သန်းသွားကြပြီး သူတို့၏နောက်တွင် မယ်တော်ကြီးနှင့် အခြားမှူးမတ်များက အနီးကပ် လိုက်ပါသွားကြသည်။

လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူများသည် နန်ကုန်းယွီကို အံ့ဩမှုနှင့် သံသယများဖြင့် ကြည့်နေကြပေ၏။

…

All Chapters