အခန်း (၅၄-၅၅)
Vol. 6 Ch. 54-54
အခန်း ၅၄ - သွေးအား ပြန်လည်ကောင်းမွန်လာသော စွမ်းရည်
"မရီးက .. အိမ်မပြန်တော့ဘူးလား"
ဝမ်ထောင်သည် တင်ယွီချင်ကို ငုံ့ကြည့်ကာ မေးလိုက်၏။ မွန်းတည့်ချိန်က အစားအစာများစွာ ချက်ပြုတ်ထားသဖြင့် ညစာအတွက် ပြန်နွှေးရုံသာ ရှိလေသည် ၊ ထို့ကြောင့် တင်ယွီချင်၏ အကူအညီကို မလိုတော့ပေ။
"ငါ နည်းနည်းလောက် နားချင်သေးတယ် ၊ နည်းနည်း ပင်ပန်းနေလို့ပါ"
တင်းယွီချင်သည် ခေါင်းငုံ့ထားပြီး ဝမ်ထောင်၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။
"ဘယ်နားက ပင်ပန်းနေတာလဲ"
ဝမ်ထောင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
"ခြေထောက်တွေ ညောင်းနေလို့ပါ"
သူမသည် ဝမ်ထောင်၏ အိမ်တွင် အိမ်အလုပ်များနှင့် ဟင်းချက်ခြင်းများကို ယခလေးတင် ဆက်တိုက်လုပ်ထားခြင်း ဖြစ်သည် ၊ အလပ်များမည်မှန်းသိလျှင် ဒေါက်ဖိနပ် စီးမလာခဲ့ပါ ၊ အလွန် ပင်ပန်းလှ၏။
"မရီး ၊ ကျွန်တော် ကူညီပေးရမလား"
ဝမ်ထောင်က ရုတ်တရက် သဘောကောင်းစွာ ပြုံးလျက် ပြောလိုက်လေသည်။
"အင်း"
တင်ယွီချင်သည် သူမကိုယ်တိုင်ပင် ခပ်တိုးတိုးသာ ကြားရသော အသံဖြင့် ခေါင်းလေးငုံ့ရင်းမှ ပြန်ဖြေ၏။ ဝမ်ထောင်ကမူ ထိုအသံကို ကြားလိုက်သည် ။ ထို့ကြောင့် သူသည် တင်ယွီချင်၏ ဘေးတွင် ရဲတင်းစွာ ဝင်ထိုင်လိုက်လေသည်။
"မရီးကို ကျွန်တော် နှိပ်ပေးမယ်လေ"
"မရီးကို ကျွန်တော် နှိပ်ပေးမယ်လေ"
ဝမ်ထောင်က ပြောပြောဆိုဆိုဖြင့် တင်ယွီချင်၏ ဖြူဖွေးနုဖတ်နေသော ခြေထောက်ကလေးကို ဆွဲယူကာ သူ၏ပေါင်ပေါ်သို့ တင်လိုက်သည်။ ဝမ်ထောင်၏ ပူနွေးပြီး ထူထဲလှသော လက်ဖဝါးကြီးများက တင်ယွီချင်၏ ခြေသလုံးအိအိလေးများဆီသို့ အထက်အောက် ပွတ်သပ်နှိပ်နယ်ပေးလာသောအခါ သူမ၏ ကိုယ်ခန္ဓာလေးမှာ ဖျဉ်းခနဲ တုန်ရင်သွားရ၏။
"အိုး... ဝမ်ထောင်... မလုပ်နဲ့လေ..."
တင်ယွီချင်သည် ရှက်သွေးဖြာလျက် ဝမ်ထောင်၏ ရင်ဘတ်ကို လက်ကလေးဖြင့် တွန်းကာ ရုန်းကန်ရန် ကြိုးစားရှာသည်။
သို့သော် သူမ၏ ပျော့ပြောင်းလှသော လက်မောင်လေးများက အားမပါသည့်အပြင်၊ အဝတ်အစားပါးပါးအောက်မှ တိုးထွက်နေသော စိုပြေအိစက်သည့် အသားအရေအထိအတွေ့ကြောင့် ဝမ်ထောင်၏ စိတ်ရိုင်းကို ပိုမိုဆွပေးလိုက်သလို ဖြစ်သွားရသည်။
ဝမ်ထောင်သည် နှိပ်နယ်ပေးရင်းမှ တဖြည်းဖြည်း အထက်သို့ လက်လှမ်းတိုးလာရာ တင်ယွီချင်၏ ပေါင်သားနုနုများဆီသို့ ရောက်ရှိလာသည်။ တင်ယွီချင်မှာ ပို၍လန့်ဖျာသွားပြီး ဝမ်ထောင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ တားဆီးရင်း ခေါင်းလေးရမ်းကာ ငြင်းဆန်မိ၏။
သို့သော် ယောက်ျားတစ်ယောက်၏ ပြင်းပြသော အထိအတွေ့နှင့် ပူနွေးလှသော အသက်ရှူသံများက သူမ၏ လည်ပင်းတဝိုက်သို့ ရိုက်ခတ်လာသောအခါ သူမ၏ ရုန်းကန်မှုများမှာ တစ်ဖြည်းဖြည်း အားလျော့လာရသည်။ ဝမ်ထောင်က သူမ၏ ငြင်းဆန်မှုကို ဂရုမစိုက်ဘဲ ခါးသိမ်သိမ်လေးကို ဆွဲဖက်ကာ ရင်ခွင်ကျယ်ကြီးထဲသို့ တင်းကျပ်စွာ ဆွဲသွင်းလိုက်လေတော့သည်။
နှစ်ဦးသား၏ ခန္ဓာကိုယ်ချင်း အကွာအဝေးမရှိတော့လောက်အောင် ပူးကပ်သွားချိန်တွင် ဝမ်ထောင်က သူမ၏ နားသယ်စပ်နှင့် ပါးပြင်နုနုလေးများကို နှုတ်ခမ်းဖြင့် ဖိကပ်ကာ ဖြည်းညင်းစွာ နမ်းရှိုက်ပွတ်သပ်လာသည်။
တင်ယွီချင်သည် ရှက်စိတ်နှင့် သာယာစိတ်တို့ လွန်ဆွဲနေကာ မျက်လုံးလေးများကို စုံမှိတ်ထားမိရင်း ဝမ်ထောင်၏ ရင်ခွင်ထဲတွင် အရည်ပျော်ကျမတတ် ဖြစ်နေရရှာသည်။ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံများ ပြင်းထန်လာပြီး မရိုးမရွ ခံစားချက်များက နှစ်ဦးသားကြားတွင် အဆုံးစွန်ထိ လှိုက်တက်လာတော့သည်။
ရုတ်တရက် ဖြူဖွေးသွယ်လျသော လက်တစ်စုံက ဝမ်ထောင်၏ လက်မောင်းကို လှမ်းကိုင်လိုက်၏။ ဝမ်ထောင်က မော့ကြည့်လိုက်ရာ ရှက်သွေးဖြာကာ မျက်ရည်ဝိုင်းနေသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရလေသည်။
"ဝမ်ထောင် ၊ မင်း နောင်ကျရင် ငါ့ကို ပစ်မထားဘူးမလား"
"ကျွန်တော် မရီးကို ဘယ်တုန်းကမှ ပစ်မထားခဲ့ပါဘူး"
ဝမ်ထောင်က နားမလည်နိုင်သလို ဖြစ်သွား၏။
"ငါက မင်းကိုယ်တိုင် ပြောတာကို ကြားချင်လို့ပါ"
တင်ယွီချင်သည် ထိုမျှော်လင့်ချက်မဲ့သော အရသာကို ထပ်မံ မခံစားချင်တော့ပေ။ ဝမ်ထောင်အတွက် သူမ၌ ကျန်ရှိသော အသုံးဝင်သည့် အရာမှာ သူမကိုယ်တိုင်သာ ဖြစ်ကောင်းဖြစ်နိုင်သည် ။ သူမသည် မိမိကိုယ်ကိုယ် အလဲအလှယ်ပစ္စည်းတစ်ခုလို အသုံးမပြုချင်သော်လည်း အခြား ရွေးချယ်စရာ မရှိပေ။
၎င်းမှာ ခံစားချက်မပါသော သာမန် အပေးအယူသက်သက်တော့ မဟုတ်ပါ ၊ ဤကမ္ဘာပျက်ကပ်ရက်များကို ဖြတ်သန်းပြီးနောက် သူမသည် ဝမ်ထောင်အပေါ် သံယောဇဉ် အနည်းငယ် ရှိလာခဲ့လေသည် ။
အထူးသဖြင့် ယနေ့ သူမ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သွေးအလိမ်းလိမ်းဖြင့် သူမရှေ့သို့ ရောက်လာသော ဝမ်ထောင်၏ ပုံရိပ်ကို သူမ တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။
"ကောင်းပြီ ၊ မရီးသာ စကားနားထောင်မယ်ဆိုရင် ကျွန်တော် ဝမ်ထောင်က မရီးကို ဘယ်တော့မှ ပစ်မထားဘူးလို့ ကတိပေးတယ်"
ဝမ်ထောင်က ကတိပေးလိုက်၏။
၎င်းမှာ သာမန် နှုတ်ကတိမျှသာ ဖြစ်သော်လည်း တင်ယွီချင်မှာမူ ဝမ်းသာလွန်း၍ မျက်ရည်ကျမိလေသည်။ သူမသည် ဝမ်ထောင်၏ လက်ကို လွှတ်လိုက်ပြီး သူ့ကို တင်းကျပ်စွာ ပြန်လည် ဖက်ထားလိုက်၏။
"ဝမ်ထောင်... ကျေးဇူးတင်ပါတယ်"
ရင်ခွင်ထဲမှ အမျိုးသမီး၏ ရနံ့ကို ခံစားရင်း ဝမ်ထောင်သည် သူမ၏ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်ကာ ဖြည်းညင်းစွာ နမ်းလိုက်လေသည်။
အတန်ကြာပြီးနောက် တင်းယွီချင် အသက်ရှူ မဝဖြစ်လာမှသာ ဝမ်ထောင်က လွှတ်ပေးလိုက်၏။ အားမရသေးသည့်အလား နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ဝမ်ထောင်က ပြုံးလျက် ပြောသည် ။
"မရီး တကယ် ဆုံးဖြတ်ပြီးပြီလား ၊ အခုကစပြီး မရီးက ကျွန်တော် တစ်ယောက်တည်း ပိုင်ဆိုင်တဲ့သူ ဖြစ်သွားပြီနော်"
"ငါ့ကို မရီးလို့ မခေါ်လို့ မရဘူးလား"
တင်းယွီချင်သည် ရှုပ်ထွေးသော အမူအရာဖြင့် ဝမ်ထောင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်၏။ ဝမ်ထောင်က တဟားဟား ရယ်မောလိုက်လေသည်။
"မရဘူး ၊ ကျွန်တော်ကတော့ အဲဒီလိုပဲ ဆက်ခေါ်မှာပဲ"
တစ်နာရီခန့် ကြာပြီးနောက် ။
ဝမ်ထောင်သည် မယုံကြည်နိုင်သော မျက်နှာပေးဖြင့် အိပ်ခန်းထဲမှ ထွက်လာ၏။
"ငါ့ရဲ့ သွေးက တကယ်ပဲ ၁၀၀ တောင် တိုးလာတာလား ၊ ကိုယ်လက် ကိုက်ခဲတာတွေလည်း အကုန်ပျောက်သွားပြီ"
လွန်ခဲ့သော တစ်နာရီက သူ၏ သွေးဘားတန်းမှာ 【၆၉/၃၈၅】 ဖြစ်သော်လည်း ယခုအခါ 【၁၆၉/၃၈၅】 ဖြစ်နေလေပြီ ။
ဤသည်မှာ အံ့ဖွယ်ပင် ။ ၎င်းမှာ သူ့ကြောင့်လား သို့မဟုတ် တင်ယွီချင်ကြောင့်လား ၊ သို့မဟုတ် နှစ်ယောက်လုံးကြောင့်လား ဆိုသည်ကို ဝမ်ထောင် သေချာ မသိပေ။
"ပညာရှင်တွေ ပြောတာ မှန်တာပဲ ၊ သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်"
သူသည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ရာ အပြင်မှာ မှောင်နေပြီ ဖြစ်သည် ။ ဝမ်ထောင်သည် နေ့လယ်က စားကြွင်းစားကျန်များကို ပြန်နွှေးကာ ဆန်ပြုတ် အနည်းငယ် ချက်လိုက်၏။ သူကိုယ်တိုင် အနည်းငယ် စားပြီးနောက် ဆန်ပြုတ်ကို အိပ်ခန်းထဲသို့ ယူဆောင်သွားလေသည်။
တင်ယွီချင်မှာတော့ အိပ်ပျော်နေပြီ ဖြစ်၏။
သူမ၏ ခန္ဓာကိုယ်မှာ လွန်ခဲ့သော ရက်များကပင် အားနည်းနေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း အလွန် ပင်ပန်းနွမ်းနယ်နေလေသည် ။ ဝမ်ထောင်က တင်းယွီချင်ကို အတင်း နှိုးလိုက်၏။
"အင်း"
တင်းယွီချင်မှာ ဝေဝေဝါးဝါး ဖြစ်နေဆဲ ဖြစ်သော်လည်း ဝမ်ထောင်ကို မြင်လိုက်ရချိန်တွင် သူမ၏ ဖြူဖျော့သော မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားလေသည်။ ဝမ်ထောင်က သူမ၏ ပါးကို ဆွဲလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
"မရီး ၊ ထပြီး ညစာစားဦး ၊ မရီးရဲ့ ကိုယ်ခန္ဓာက အားနည်းလွန်းတယ် ၊ အာဟာရ ဖြည့်ဖို့ လိုတယ်"
"ကျွန်မ အိပ်ချင်သေးတယ်"
အစားအစာ ရနံ့ကို ရသောကြောင့် တင်းယွီချင်၏ နှာခေါင်းလေးက ရှုံ့သွားသော်လည်း သူမမှာ အမှန်တကယ် ပင်ပန်းကာ အိပ်ချင်နေသည် ။
"ရပါတယ် ၊ ဒီနေ့ ကျွန်တော် ခွံ့ကျွေးမယ်"
ဝမ်ထောင်က သူမကို ထိုင်ခိုင်းလိုက်ပြီး ကုတင်ဘေးတွင် ထိုင်ကာ ဆန်ပြုတ်ကို တစ်ဇွန်းချင်း ခွံ့ကျွေးလေသည်။ ဝမ်ထောင်၏ ကြင်နာမှုကို ခံစားရင်း တင်းယွီချင်၏ မျက်ဝန်းများမှာ ရုတ်တရက် နီမြန်းလာ၏။
တင်းယွီချင်ကို ကျွေးမွေးပြီးနောက် သူမ ပြန်လည် အိပ်ပျော်သွားသည်ကို ကြည့်ကာ ဝမ်ထောင်သည် အိပ်ခန်းထဲမှ တိုးတိုးလေး ထွက်လာခဲ့လေသည်။ သူ၏ သွေးဘားတန်းမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် နေ့စဉ် လေ့ကျင့်ခန်းကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည် ။ ဝမ်ထောင်သည် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း အလွန် ကောင်းမွန်သူပင် ။
သူသည် ညဉ့်နက်သည်အထိ လေ့ကျင့်ခန်း လုပ်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ပိုမို သန်မာလာသည်ဟု ခံစားရသောအခါ ဝမ်ထောင်သည် ရေချိုးလိုက်ပြီး အနားယူရန် သွားလေတော့သည် ။
မနက်စောစော ။
တင်းယွီချင်သည် မျက်လုံးဖွင့်လိုက်ရာ သူမဘေး၌ အိပ်ပျော်နေသော သန်မာသည့် ပုံရိပ်ကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားရ၏။ သူမသည် အလွန် သစ္စာရှိသော အမျိုးသမီး တစ်ယောက် ဖြစ်သည် ၊ သူမ ဘဝတွင် ချစ်သူတစ်ယောက်သာ ရှိခဲ့ဖူးပြီး ၎င်းမှာ သူမ၏ ခင်ပွန်း ကျောက်ယွမ်ပင် ။
ကျောက်ယွမ်မှာ သေဆုံးသွားနိုင်ခြေ အလွန် များနေပြီ ဖြစ်သော်လည်းသူမမှာ ရွေးချယ်စရာ ရှိလျှင် ခင်ပွန်းဖြစ်သူကို သစ္စာမဖောက်လိုပါ ။ သို့သော် သူမသည် ကမ္ဘာပျက်ကပ်ကြီးထဲတွင် တစ်ယောက်တည်း ရှင်သန်နိုင်စွမ်း မရှိပေ။ အကယ်၍ သူမသည် အမျိုးသားတစ်ဦးကို အမှီမပြုခဲ့လျှင် သေဆုံးသွားမည် သို့မဟုတ် သေခြင်းထက် ဆိုးသော ဘဝကို ဖြတ်သန်းရမည် ဖြစ်သည် ။ ထို့ကြောင့် သူမ၌ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
သူမသည် ဝမ်ထောင်အပေါ် ကျေးဇူးတရား ၊ လေးစားမှုနှင့် ယုံကြည်မှုတို့ ရှိသည် ၊ သို့သော် အချစ်တော့ မဟုတ်သေးပေ ၊ အနည်းဆုံးတော့ သူမကိုယ်တိုင် ထိုသို့ မထင်သေးပါ ။
"နိုးပြီလား"
ဝမ်ထောင်၏အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
"အင်း"
တင်ယွီချင်က ပြန်ဖြေလိုက်ပြီး ဝမ်ထောင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်လေသည်။
"ဒီနေ့တော့ ခြံဝင်းထဲမှာ ရှိနေတဲ့ ဇွန်ဘီ တွေအားလုံးကို ရှင်းပစ်မယ် ၊ ဒါပေမဲ့ အဲဒါ မလုပ်ခင်မှာ ငါ့ရဲ့ သွေးတွေ ထပ်တိုးမလားဆိုတာ စမ်းကြည့်ချင်သေးတယ်"
"ဟင့်အင်း...ဝမ်ထောင်နော်..တော်ပြီလို့"
တင်ယွီချင်၏ ငြင်းဆန်ချင်သော နှုတ်ခမ်းဖျားမှ အသံလေးမှာ ဝမ်ထောင်၏ ရဲတင်းလှသော အနမ်းများအောက်တွင် ချက်ချင်းပင် ပျောက်ကွယ်သွားရရှာသည်။
ဝမ်ထောင်က သူမကို ကုတင်ထက်သို့ အသာအယာ ပြန်လည်လှဲသိပ်လိုက်ပြီး အပေါ်မှ အုပ်မိုးလိုက်၏။ ပထမအကြိမ်ကထက် ပိုမိုရဲတင်းလာသော ဝမ်ထောင်၏ လက်ဖဝါးကြီးများက တင်ယွီချင်၏ ခါးသိမ်သိမ်လေးမှတစ်ဆင့် ဆွဲဆောင်မှုရှိလှသော ကောက်ကြောင်းလှလှလေးများဆီသို့ အငမ်းမရ ပွတ်သပ်ဆုပ်ကိုင်လာရာ သူမ၏ တစ်ကိုယ်လုံး ပူနွေးအိစက်လာပြီး ဝမ်ထောင်၏လည်ပင်းကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ထားမိတော့သည်။
ဝမ်ထောင်သည် တင်ယွီချင်၏ တုန့်ပြန်မှုကို ခံစားမိသည်နှင့် သူမ၏ စိုစွတ်နုဖတ်နေသော နှုတ်ခမ်းအစုံကို ပြင်းပြစွာ ထပ်မံစုပ်ယူနမ်းရှိုက်လေတော့သည်။
ဒုတိယအကျော့၏ အထိအတွေ့များက ပထမအကြိမ်ထက် ပိုမိုပွင့်လင်းပြီး အရှိန်အဟုန်ပြင်းထန်လှရာ အခန်းငယ်လေးအတွင်း နှစ်ဦးသား၏ ပြင်းထန်လာသော အသက်ရှူသံများနှင့် အဝတ်အစားချင်း ပွတ်တိုက်သံများက ဆူညံလျက်ရှိနေ၏။
တင်ယွီချင်မှာ ဝမ်ထောင်ပေးသော အထိအတွေ့အောက်တွင် စိတ်ရိုင်းများနိုးကြွလာပြီး တုန်ရင်နေရှာသည်။
ပြင်းပြစွာ ချစ်ပွဲဝင်ပြီးနောက် ဝမ်ထောင်သည် မောဟိုက်နေသော တင်ယွီချင်၏ နဖူးပြင်လေးကို သာယာစွာ နမ်းရှိုက်လိုက်ရင်း သူ၏သွေးဘားတန်းကို စိတ်ထဲမှ လှမ်းကြည့်လိုက်သည်။
...............
အခန်း ၅၅ - မီးလောင်ဗုံးများကို ထပ်မံစမ်းသပ်ခြင်း
သို့သော် ..ဝမ်ထောင် အနည်းငယ် စိတ်ပျက်သွားလေသည် ၊ ယခုတစ်ကြိမ်တွင် သူ၏ သွေးများက ပြန်ပြည့်မလာခဲ့ပါ။
"ဒီလို သွေးပြန်တက်တာက ပထမဆုံးတစ်ကြိမ်မှာ တစ်ခါပဲ ဖြစ်တာလား ၊ ဒါမှမဟုတ် အချိန်အပိုင်းအခြားနဲ့ ဖြစ်တာလားဆိုတာ သိချင်မိတယ်"
သူသည် မိမိကိုယ်ကိုယ် ရေရွတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ငါးအသေတစ်ကောင်ကဲ့သို့ လှဲလျောင်းနေသော တင်ယွီချင်ကို ကြည့်ကာ သူမ၏ တင်ပါးကို ပုတ်လိုက်၏။
"မရီး .. ထတော့ ၊ ထမင်းချက်ဖို့ အချိန်တန်ပြီ"
"အင်း"
တင်ယွီချင်သည် ရှက်သွေးဖြာသော မျက်ဝန်းများဖြင့် ဝမ်ထောင်ကို စိုက်ကြည့်လိုက်ပြီးနောက် တိုးညင်းစွာ ပြောလေသည်။
"ငါ. . . အရင်ဆုံး ရေချိုးလိုက်ဦးမယ်"
"တိုက်ဆိုင်လိုက်တာ ၊ ကျွန်တော်လည်း ချိုးချင်နေတာနဲ့ အတော်ပဲ ၊ အတူတူ သွားရအောင်"
ဝမ်ထောင်က သွားဖြီးကာ ပြုံးလျှက်ပြောလိုက်၏။
"မရဘူး ခနစောင့် .."
တင်ယွီချင်က ပြောပြောဆိုဆိုဖြင့် ရေချိုးခန်းထဲသို့ ဝင်ပြေးလေသည်။
ရေချိုးပြီးနောက် ဝမ်ထောင်သည် အိမ်ထဲ၌ပင် အပေါ်အင်္ကျီမပါဘဲ မနက်ခင်း လေ့ကျင့်ခန်းကို စတင်လိုက်လေသည်။ ဝမ်ထောင်သည် လေ့ကျင့်ခန်း လုပ်ရသည်ကို နှစ်သက်၏ ၊ အကြောင်းမှာ သူ၏ နေ့စဉ် လေ့ကျင့်မှုများက ခွန်အားကို တိုးတက်စေသည်ကို သူ ကိုယ်တိုင် ခံစားနေရသောကြောင့်ပင် ဖြစ်လေသည် ။ တိုးတက်မှုမှာ အလွန်အမင်း မများသော်လည်း မိမိ၏ ကြိုးစားမှုအပေါ် ရလဒ် ပြန်ရသည်ဟူသော ခံစားချက်က အလွန် ကောင်းမွန်လှ၏။
"ဝမ်ထောင် ၊ မနက်စာ အဆင်သင့်ဖြစ်ပြီ"
မနက်စာ ချက်ပြုတ်ပြီးနောက် တင်ယွီချင်သည် ဝမ်ထောင်အတွက် ပန်းကန်နှင့် တူများကို အရင်ဆုံး အမြဲတမ်း ပြင်ဆင်ပေးတတ်လေသည် ။ သူမကိုယ်တိုင်အတွက်မူ ဘာမှမယူဘဲ ဝမ်ထောင် ထိုင်သည်အထိ ဘေးမှ စောင့်နေ၏။
"မရီး ၊ မစားဘူးလား"
ထိုင်လိုက်ပြီးနောက် ဝမ်ထောင်သည် တင်ယွီချင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဪ ၊ အင်း . . ."
ထိုအခါမှသာ တင်ယွီချင်သည် ဝမ်းသာအားရဖြင့် သူမအတွက် ပန်းကန်နှင့် တူများကို သွားယူလေတော့သည် ။ ယနေ့မှစ၍ သူမ၏ တစ်နေ့ သုံးနပ်စာမှာမူ အာမခံချက် ရှိသွားပြီဟု ဆိုရမည် ဖြစ်၏။
"များများစားပါ မရီး ၊ မရီး ပိန်သွားပြီ"
"အင်း ၊ ကျေးဇူးတင်ပါတယ်"
တင်ယွီချင်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရသဖြင့် အစားအသောက် များများစားနိုင်ခဲ့ခြင်း မရှိပေ။ မနေ့က အနည်းငယ် ပြန်လည် ဖြည့်တင်းနိုင်ခဲ့သော်လည်း သူမ၏ သွေးဘားတန်းမှာ ၃၀ ကျော်သာ ရှိသေးလေသည် ။
တင်ယွီချင်သည် သူ့၏နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သဖြင့် ဝမ်ထောင်သည်လည်း ကပ်စေးကုတ်နေမည် မဟုတ်ပေ ၊ အနည်းဆုံးတော့ သူမ၏ သွေးဘားတန်း ပြည့်သွားသည်အထိ သူ ပြုစုပေးရမည် ဖြစ်၏။
သူတို့ နှစ်ဦးစလုံးသည် စကားမပြောဘဲ တိတ်ဆိတ်စွာ စားသောက်နေကြလေသည် ။ သို့သော် တင်ယွီချင်သည် ဝမ်ထောင်ကို ခိုးခိုးကြည့်နေတတ်၏။ ဝမ်ထောင်သည်လည်း သူမ၏ အကြည့်များကို ခံစားမိသော်လည်း ဂရုမစိုက်ပေ။
"ကျွန်တော် စားပြီးပြီ ၊ ခဏနေရင် အောက်ဆင်းတော့မယ် ၊ မရီး အိမ်မှာပဲ လိမ်လိမ်မာမာ နေနော် ၊ ဘယ်မှ လျှောက်မသွားနဲ့ဦး"
"ဝမ်ထောင် . . . မင်းက ဘာလုပ်မလို့လဲ"
ဝမ်ထောင် ထွက်သွားမည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် တင်ယွီချင်သည် ဗီဇအရ အနည်းငယ် ကြောက်လန့်သွားလေသည်။
"တိုက်ခန်းဝင်း ခြံထဲမှာ ရှိနေတဲ့ ဇွန်ဘီတွေ ကို ရှင်းပစ်မလို့ပါ ၊ အပြင်မှာ ဇွန်ဘီတွေ ဒီလောက် အများကြီး ရှိနေတာ အဆင်မပြေဘူးလေ"
ဝမ်ထောင်က ရှင်းပြလိုက်၏။
တိုက်ခန်းဝင်း၏ ပင်မတံခါးမှာ ပိတ်ထားပြီးဖြစ်ကာ အခြား တိုက်ခန်း တံခါးများမှာလည်း ပိတ်ထားလေသည် ၊ ထို့ကြောင့် ခြံထဲတွင် ရှိနေသော ဇွန်ဘီများကို ရှင်းပစ်ရန်သာ လိုတော့၏။ ထို့အပြင် ဇွန်ဘီများ ရှိနေလျှင် သူ၏ ကားပေါ်မှ ပစ္စည်းများကိုလည်း သယ်ယူ၍ ရမည် မဟုတ်ပေ။
"အယ် ၊ ဇွန်ဘီတွေ အများကြီးပဲကို . . . သတိထားနော်"
တင်ယွီချင်သည် ပန်းကန်နှင့် တူများကို အမြန်ချကာ ဝမ်ထောင်၏ လက်ကို ဆုပ်ကိုင်လျက် စိုးရိမ်တကြီး ပြောလိုက်လေသည်။ ခြံထဲတွင် ဇွန်ဘီ အနည်းဆုံး အကောင် နှစ်ဆယ်ခန့် ရှိနေ၏။ ဝမ်ထောင် မည်သို့ ရှင်းလင်းမည်ကို သူမ စဉ်းစား၍ မရသော်လည်း သူ့ကို သံသယ မဖြစ်ပေ ၊ သူမ အလွန် စိုးရိမ်နေမိရုံသာ ဖြစ်၏။
"စိတ်မပူပါနဲ့ ၊ ကျွန်တော့်မှာ လျှို့ဝှက်လက်နက် ရှိတယ်"
ဝမ်ထောင်သည် တင်ယွီချင်၏ လက်ကလေးကို ပုတ်ကာ အားပေးလိုက်ပြီးနောက် သူ၏ ကိရိယာများကို ဝတ်ဆင်ရန်ိ သွားလေသည် ။ တင်ယွီချင်သည်လည်း အမြန်ကူညီပေးလေတော့သည် ။
သူ၏ ယခင် အဝတ်အစားများမှာ စုတ်ပြတ်နေပြီ ဖြစ်သလို စာအုပ်များမှာလည်း ပျက်စီးနေပြီ ဖြစ်သည် ။ သို့သော် ဝမ်ထောင်၌ ထိုအရာများစွာ ရှိနေသေး၏။ သူသည် အဝတ်အစားသစ် တစ်စုံနှင့် စာအုပ်အသစ်များကို ရှာဖွေလိုက်ပြီးနောက် တိပ်ဖြင့် ပတ်လိုက်လေသည်။
တင်ယွီချင်သည် သူ၏ အခြား ကိရိယာများကို ယူဆောင်လာပေး၏။ သူမသည် ဝမ်ထောင်ကို အဝတ်အစား ဝတ်ပေးရင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ တိုက်ပွဲဒဏ်ရာများကို ကြည့်ကာ အနာဖေးတက်နေသော ဒဏ်ရာများကို အသာအယာ ထိတွေ့လျက် စိတ်မကောင်းစွာဖြင့် ပြောလိုက်သည် ။
"ဒီဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ ၊ နာနေသေးလား"
ဝမ်ထောင်က ဂရုမစိုက်သလို ပြုံးလိုက်၏။
"မနေ့က လမ်းမှာ ရခဲ့တဲ့ ဒဏ်ရာတွေပါ ၊ ဒါပေမဲ့ ဒီဒဏ်ရာလေးတွေက ဘာမှ မဟုတ်ပါဘူး ၊ မနာပါဘူး"
အမှန်တကယ်တော့ မနေ့က အတော်လေး နာကျင်ခဲ့လေသည် ။ သို့သော် မနေ့ညက တင်ယွီချင်ထံမှ သွေးများ ပြန်လည် ရရှိခဲ့သောကြောင့် ဒဏ်ရာများမှာ သိသိသာသာ သက်သာသွားပြီး ယခုအခါ များစွာ မနာတော့ခြင်း ဖြစ်၏။
"မင်း ပြန်လာရင် ငါ ဆေးပြန်ထည့်ပေးမယ်လေ . . ."
တင်ယွီချင်က နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်လေသည်။
မနေ့က ပြန်လာရင်း ရခဲ့သော ဒဏ်ရာများဟု ကြားလိုက်ရချိန်တွင် တင်ယွီချင်သည် ပို၍ပင် စိတ်လှုပ်ရှားသွားရ၏ ၊ အကြောင်းမှာ ဝမ်ထောင်သည် သူမအတွက်ကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သောကြောင့်ပင် ။
"အင်း"
ဝမ်ထောင်က ခေါင်းငြိမ့်ပြလိုက်လေသည်။ အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ဝမ်ထောင်သည် မီးလောင်ဗုံးများ ပါသော သေတ္တာကို သယ်ကာ တံခါးပြင်ပသို့ ထွက်လာခဲ့၏။
တိုက်ခန်းဝင်းထဲတွင် ဇွန်ဘီများစွာ ရှိနေသဖြင့် သူတစ်ယောက်တည်း အုပ်စုလိုက် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူ နိုင်မည်လား မနိုင်မည်လားဟူသည်မှာ ပြဿနာ မဟုတ်ဘဲ စွန့်စားရမှုမှာ အလွန် မြင့်မားလွန်းသောကြောင့် ဖြစ်သည် ၊ ရလာမည့် ရလဒ်က စွန့်စားရမှုနှင့် မတန်ပေ။
ဝမ်ထောင်သည် မီးလောင်ဗုံးများ၏ စွမ်းအားကို ကောင်းစွာ သိရှိထားပြီး ဖြစ်၏။ သူ တူကိုင်ဇွန်ဘီကြီး ကို တိုက်ခိုက်စဉ်က တူဖြင့် တစ်ချက်ထုလျှင် သွေးအား ၅၀ သို့မဟုတ် ၆၀ ခန့်သာ ထိခိုက်သော်လည်း မီးလောင်ဗုံး တစ်လုံးသည် တစ်စက္ကန့်လျှင် သွေးအား ၅၀ ကျော် ထိခိုက်စေနိုင်လေသည် ။ ဤ သာမန် ဇွန်ဘီများအပေါ် မည်မျှ ထိခိုက်မည်ကို သူ မသိသော်လည်း ၅၀ ကျော်ခန့် ရှိလျှင်ပင် လုံလောက်နေပြီ ဖြစ်၏။
ထို့အပြင် ဤအရာသည် ဧရိယာတစ်ခုလုံးကို အဆက်မပြတ် တိုက်ခိုက်နိုင်သော လက်နက်ဖြစ်လေသည် ။ ဤမျှ အစွမ်းထက်သော လက်နက် ရှိနေသဖြင့် သူ စွန့်စားရန် မလိုအပ်တော့ပေ။
ဝမ်ထောင်သည် မီးလောင်ဗုံးများကို အခန်း ၂၀၁ သို့ သယ်ဆောင်သွားပြီး ပြတင်းပေါက်ကို ဖွင့်လိုက်၏။ မနေ့က သူ ပစ်ချခဲ့သော မျက်မှန်နှင့်လူ၏ အလောင်းမှာ ယခုအခါ အရိုးစုသာ ကျန်တော့လေသည် ။ ဇွန်ဘီ အနည်းငယ်မှာ အရိုးများကို ကိုက်ခဲနေဆဲ ဖြစ်၏။
သို့သော် ဤဇွန်ဘီများ၏ သွားများမှာ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိသေးသဖြင့် အရိုးကြီးများကိုမူ ကိုက်၍ မရသေးပုံ ပေါ်လေသည် ။ ဝမ်ထောင်သည် ပြတင်းပေါက်ကို ခေါက်လိုက်ရာ ချက်ချင်းပင် ဇွန်ဘီ အနည်းငယ်၏ အာရုံကို ဖမ်းစားလိုက်၏။
သူသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ တစ်ဒေါက်ဒေါက် ခေါက်ပေးနေလေသည် ။ မကြာမီမှာပင် ပြတင်းပေါက် အောက်၌ ဇွန်ဘီ လေးကောင် စုဝေးလာလေတော့သည်။
"ဂါး . . ."
"ဂီး. . ."
ဒေါသထွက်နေသော်လည်း နံရံကို မတက်နိုင်သော ဇွန်ဘီများကို ကြည့်ကာ ဝမ်ထောင်က သွားဖြီးပြလိုက်၏။ သူသည် မီးလောင်ဗုံး တစ်လုံးကို မီးညှိလိုက်ပြီး ဇွန်ဘီများဆီသို့ တည့်တည့် ပစ်ချလိုက်လေသည်။
ဖောင်း...
ဘုန်း —
မီးလောင်ဗုံးသည် ဇွန်ဘီများအလယ် မြေပြင်ပေါ်၌ ကွဲအက်သွားပြီးနောက် မီးတောက်များ အကြီးအကျယ် ထွက်ပေါ်လာ၏။ ဝမ်ထောင်သည် အပူရှိန်ကို သိသိသာသာ ခံစားလိုက်ရလေသည်။ သူ သေချာ ကြည့်လိုက်ရာ မီးပင်လယ်အတွင်းရှိ ဇွန်ဘီများ၏ ဦးခေါင်းပေါ်တွင် ကိန်းဂဏန်းများ စတင် ပေါ်ထွက်လာ၏။
【-၆၄】
【-၆၃】
【-၆၁】
【 . . . 】
"မီးလောင်ဗုံးက သာမန် ဇွန်ဘီတွေအပေါ် ပေးတဲ့ ဒဏ်ရာကက တူကိုင်ဇွန်ဘီကြီး ထက် နည်းနည်းပဲ ပိုများတာလား"
ဝမ်ထောင်သည် အနည်းငယ် အံ့အားသင့်သွား၏ ၊ သူသည် ဤမီးလောင်ဗုံးများထဲတွင် အခြား အမယ်များပါ ထပ်ထည့်ထားသောကြောင့် ဖြစ်သည် ။ သို့သော် ၎င်းမှာ ပြဿနာ မဟုတ်ပေ ၊ ဤမီးလောင်ဗုံးများသည် အချိန်အတော်ကြာ လောင်ကျွမ်းနိုင်သဖြင့် ဤဇွန်ဘီများမှာ သေချာပေါက် လောင်ကျွမ်း သေဆုံးသွားလိမ့်မည် ဖြစ်၏။
ဇွန်ဘီများ၏ ဟိန်းဟောက်သံကြောင့် အခြား ဇွန်ဘီများ ရောက်လာကြသော်လည်း မီးတောက်များကို မြင်သောအခါ အနားသို့ မကပ်ရဲကြဘဲ အဝေးမှသာ ကြည့်ကာ ဟိန်းဟောက်နေကြလေသည် ။ ဝမ်ထောင်ကလည်း မလောပါ။ သူ၏ လက်ထဲတွင် မီးလောင်ဗုံးများစွာ ရှိနေသေးသဖြင့် ဤဇွန်ဘီများကို သတ်ရန် လုံလောက်၏။
"ဟင် ..ဒဏ်ရာရတဲ့ပမာဏက ပိုပိုပြီး နည်းလာပါလား"
ဇွန်ဘီများ၏ သွေး လျော့နည်းလာသည်နှင့်အမျှ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်သော အနာမှာလည်း လျော့နည်းလာသည်ကို ဝမ်ထောင် သတိပြုမိလိုက်လေသည် ။ မကြာမီမှာပင် ဇွန်ဘီ သုံးကောင်မှာ သွေး အနည်းငယ်စီ ကျန်လျက် မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း မသေဆုံးသေးပေ။
သို့သော် မီးမှာ လောင်နေဆဲ ဖြစ်၏။
မီးလောင်ဗုံးထဲမှ ဓာတ်ဆီများမှာ လောင်ကျွမ်းကုန်ပြီ ဖြစ်သော်လည်း ဇွန်ဘီများ၏ ခန္ဓာကိုယ်များမှာ မီးလောင်လွယ်သောကြောင့် ဆက်လက် လောင်ကျွမ်းနေခြင်း ဖြစ်သည် ။ သို့သော် အနံ့မှာမူ လုံးဝ မကောင်းပေ။
ဝမ်ထောင် ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ရာ ဇွန်ဘီ သုံးကောင်မီးလောင်ကျွမ်းကာ သေဆုံးသွားလေသည် ။ ကျန်တစ်ကောင်မှာမူ မသေသေးပေ ၊ အကြောင်းမှာ မီးတောက်သည် သူ၏ လက်မောင်းကိုသာ အရင် ဟပ်သွားပြီး ယခုမှ ခန္ဓာကိုယ်သို့ ကူးစက်နေသောကြောင့် ဖြစ်၏။
သို့သော် သေဆုံးသွားသော ဇွန်ဘီ သုံးကောင်ထံမှ မည်သည့် ပစ္စည်းအိတ်များမှ ထွက်မလာသလို ဝမ်ထောင်၏ သွေးကန့်သတ်ချက်မှာလည်း တိုးမလာခဲ့ပေ။
"တောက် ၊ ဒါကို ငါသတ်တာလို့ မသတ်မှတ်ဘူးလား ၊ အရင်က သေနတ်နဲ့ ပစ်သတ်တုန်းကတော့ ရပါရဲ့နဲ့ ၊ ဘာလို့ မီးရှို့သတ်တာကျတော့ မရတာလဲ"
ဝမ်ထောင်သည် အနည်းငယ် နားမလည် ဖြစ်သွား၏။ အခြေအနေမှာ အမှန်တကယ် မည်သို့ဖြစ်သည်ကို သိရန် နောင်တွင် သူ ပိုမို စမ်းသပ်ရဦးမည် ။
သို့သော်လည်း ဇွန်ဘီများကို မီးရှို့သတ်ခြင်းက သူ သတ်သည်ဟု မသတ်မှတ်ပါက သူ၏ တိုက်ခိုက်ရေး ဗျူဟာကို ပြောင်းလဲရမည် ဖြစ်၏။
"မဖြစ်ဘူး ..ငါ အောက်ဆင်းရမယ် ၊ သူတို့ကို ဒဏ်ရာရအောင် အရင် မီးရှို့ပြီးမှ ငါကိုယ်တိုင် အဆုံးသတ်ရမယ် ၊ မဟုတ်ရင် ဒီဇွန်ဘီတွေ သေတာ အလကား ဖြစ်ကုန်လိမ့်မယ်"
....