အခန်း (၅၆-၅၇)
Vol. 6 Ch. 56-57
အခန်း ၅၆ ။ တိုက်ခန်းခြံဝင်းကို ရှင်းလင်းခြင်း
အခန်း ၂၀၁ အောက်ရှိ မီးသည် ယခုထိ မငြိမ်းသေးသဖြင့် ဇွန်ဘီများသည် ထိုနေရာသို့ မလာဝံ့ကြပေ။ ဝမ်ထောင်မှာ အခြားနည်းလမ်းမရှိတော့သဖြင့် အခန်း ၂၀၂ သို့ သွားကာ ၎င်းတို့ကို ဆွဲဆောင်ရန် ပြတင်းပေါက်ကို ဖွင့်လိုက်လေသည်။ထို့နောက် အသံတစ်ချို့ဆူညံအောင်ပြုလုပ်လိုက်၏။
ဇွန်ဘီများ နီးကပ်လာသည်နှင့် သူသည် ယခင်အတိုင်းပင် မီးလောင်ဗုံးတစ်လုံးကို ထပ်မံပစ်ပေါက်လိုက်ရာ ၎င်းတို့ထဲမှ လေးကောင်ကို ထိသွားသည်။
သို့သော် ဝမ်ထောင်ကချက်ချင်းဝင်ရောက်မတိုက်ခိုက်သေးပါ ။ ၎င်းတို့၏ သွေးပမာဏ အနည်းငယ်သာ ကျန်တော့သည့် အချိန်အထိ စောင့်ဆိုင်းပြီးမှ သူ၏ လက်နက်ကို ဆွဲကာ ပြတင်းပေါက်မှ ခုန်ချလိုက်လေသည်။
ဝင်းအတွင်း၌ ဇွန်ဘီ တစ်ဒါဇင်ခန့် ကျန်ရှိနေသေးသောကြောင့် ဘေးကင်းစေရန်အတွက် သူသည် ပထမထပ်ရှိ အဓိကဝင်ပေါက်မှ မသွားဘဲ တိုက်ရိုက်သာ ခုန်ချခဲ့ခြင်း ဖြစ်သည်။
ဘုတ်..
ဒုတိယထပ် ပြတင်းပေါက်သည် မြေပြင်မှ လေးမီတာခန့်သာ ဝေးသောကြောင့် ဝမ်ထောင်မှာ လွယ်ကူစွာ ခုန်ဆင်းနိုင်ခဲ့သည်။ သူက မြေပြင်ပေါ်ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တုန်ခါလှိုင်း စွမ်းရည်ကို တိတ်တဆိတ် အသုံးပြုလိုက်၏။
ရေပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်များကဲ့သို့ မြင်သာသော လှိုင်းတစ်ခုသည် သူ၏ ခြေထောက်အောက်မှ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားလေသည်။
[-၂၂]
[-၂၁]
[-၈]
[-၁၂]
မီးလောင်ထားသဖြင့် သွေးနည်းနေသော ဇွန်ဘီလေးကောင်မှာ တုန်ခါလှိုင်းကြောင့် လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာ၏။ ၎င်းတို့သည် လေထဲသို့ လွင့်စဉ်သွားစဉ်ကပင် သေဆုံးသွားခဲ့လေပြီ ။
ကြည်လင်သော ပစ္စည်းထုတ်လေးခုကလည်း ချက်ချင်းပင် ပေါ်ထွက်လာ၏။
' ဒီတုန်ခါလှိုင်းက ရန်သူတွေကို အပြတ်ရှင်းဖို့အတွက် တော်တော်ကောင်းတာပဲ ' ဟု ဝမ်ထောင်က တွေးရင်း စိတ်လှုပ်ရှားသွားလေသည်။
ရန်သူများကို တိုက်ခိုက်ရာတွင် တုန်ခါလှိုင်းစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူ အကြမ်းဖျင်း ကြည့်လိုက်ရာ ဤတုန်ခါလှိုင်း၏ အကွာအဝေးမှာ အချင်း သုံးမီတာခန့် ရှိလေသည်။ ၎င်းမှာ အချင်း ခြောက်မီတာရှိသော တူကိုင်ဇွန်ဘီ၏ တုန်ခါလှိုင်းထက် တစ်ဝက်ခန့် သေးငယ်၏။
သို့သော် ဝမ်ထောင် ကျေနပ်သည်။ အမျိုးအစားတူသော အမြုတေများကို ထပ်ခါတလဲလဲ ပေါင်းစပ်နိုင်သောကြောင့် ဤစွမ်းရည်မှာ တိုးတက်ပြောင်းလဲနိုင်သော အမျိုးအစား ဖြစ်ရမည်ဟု သူ ယူဆထား၏။
အကယ်၍ သူသာ အမြုတေများ ပိုမိုစုဆောင်းနိုင်ပါက ဤစွမ်းရည်သည် ပို၍ပင် အစွမ်းထက်လာမည် ဖြစ်လေသည်။
သူ ခုန်ချလိုက်ပြီးနောက် ဇွန်ဘီအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။ ၎င်းတို့သည် ခန္ဓာကိုယ်များကို လိမ်ဖယ်လိမ်ဖယ်ရွှေ့လျားကာ သူ့ထံသို့ ယိုင်ထိုး၍ ပြေးလာကြလေသည်။
သို့သော် ဝမ်ထောင် ၄င်းတို့ကို တိုက်ခိုက်ခြင်း မပြုဘဲ ပြတင်းပေါက်ဘောင်ပေါ်သို့ အမြန်ခိုတက်ကာ ဒုတိယထပ်သို့ ပြန်တက်သွား၏။
ထို့နောက် သူသည် နောက်ထပ် မီးလောင်ဗုံးတစ်လုံးကို မီးညှိ၍ အပြင်သို့ ပစ်ထုတ်လိုက်လေသည်။
ခလွမ်..
ဝုန်း ...
မီးလောင်ဗုံး သုံးလုံးကို ဆက်တိုက် ပစ်လိုက်ပြီးနောက် အောက်ဘက် ဧရိယာတစ်ခုလုံးမှာ မီးပင်လယ် ဖြစ်သွားလေသည်။
ဝမ်ထောင် အခန်း ၂၀၁ သို့ ပြန်ပြေးသွားကာ ခဏမျှ စောင့်ကြည့်ပြီးမှ ထိုနေရာမှ ခုန်ချလိုက်၏။
မီးပင်လယ်ထဲတွင် ယိုင်ထိုးနေကြသော ဇွန်ဘီများကို ကြည့်ကာ သူ ပြုံးလိုက်၏။
မီးအရှိန်ကြောင့် ပူပြင်းသော လေလှိုင်းများကို အောင့်အည်းကာ ရှေ့သို့တိုးသွားပြီး ခေါင်းတွင် မီးတောက်နေသော ဇွန်ဘီတစ်ကောင်ကို သူ၏တူဖြင့် တစ်ချက်ကောင်း လွှဲရိုက်ထည့်လိုက်၏။
ဒုတ်..
[-၄၅]
[၀/၅၀၀]
ထိုဇွန်ဘီမှာ သွေးအနည်းငယ်သာ ကျန်တော့သဖြင့် အလွယ်တကူပင် သေဆုံးသွားလေသည်။
ထိုအချိန်မှာပင် သူ၏တူမှ မြင်သာသော တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာ၏။
[-၄၂]
[၀/၅၀၀]
ဤတစ်ကြိမ်တွင် ဇွန်ဘီတစ်ကောင်တည်းကိုသာ ထိခိုက်စေသော်လည်း ၎င်းမှာလည်း ချက်ချင်း သေဆုံးသွားသည်။
မကြာမီ မီးပင်လယ်အတွင်းရှိ သွေးနည်းနေသော ဇွန်ဘီအားလုံးကို ဝမ်ထောင်က အပြတ်ရှင်းလိုက်၏။
သူသည် တုန်ခါလှိုင်းစွမ်းရည်၏ မှန်ကန်သော အသုံးချပုံကို ရှာဖွေတွေ့ရှိသွားလေပြီ။ ရန်သူများကို အပြတ်ရှင်းရာတွင် သူသည် မီးထဲသို့ ဝင်ရန် မလိုတော့ပေ။ သူသည် မြေပြင်ကို ဖြစ်စေ ၊ မီးတောက်များအပြင်ဘက်ရှိ ဇွန်ဘီတစ်ကောင်ကို ဖြစ်စေ ရိုက်နှက်လိုက်ရုံဖြင့် တုန်ခါလှိုင်းက မီးထဲရှိ ဇွန်ဘီများဆီအထိ ပျံ့နှံ့ကာ သတ်ပေးမည် ဖြစ်လေသည်။ ၎င်းမှာ အလွန်ပင် အဆင်ပြေလှ၏။
သို့သော် ဤစွမ်းရည်၏ ကုန်ကျစရိတ်မှာ အတော်ပင် မြင့်မားလေသည်။ သုံးမီတာ အကွာအဝေးရှိသော တုန်ခါလှိုင်းသည် သူ၏ လက်ရှိ အမြင့်ဆုံး စွမ်းအားဖြစ်ပြီး တစ်ကြိမ်သုံးလျှင် စိတ်စွမ်းအား ၂၀ ကုန်ကျ၏။ထို့ကြောင့် သူသည် အများဆုံး ငါးကြိမ်သာ အသုံးပြုနိုင်လေသည်။
မီးထဲရှိ ဇွန်ဘီအားလုံးကို ကိုင်တွယ်ရန် ၎င်းကို သုံးကြိမ် အသုံးပြုခဲ့ရ၏။
သို့သော် မီးအပြင်ဘက်တွင် ထိခိုက်မှု မရှိသေးသော ဇွန်ဘီ နှစ်ကောင် ကျန်ရှိနေသေးသည်။
" ဒီနှစ်ကောင်ကတော့ ငါ့ရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့အတွက် အကောင်းဆုံးပဲ "
ဝမ်ထောင်က လက်ထဲမှတူကို ပြင်ကိုင်လိုက်၏။
ထို့နောက် ရှေ့သို့ ပြေးထွက်သွားပြီး ဇွန်ဘီတစ်ကောင်၏ ခေါင်းကို အားပါစွာ ရိုက်ထည့်လိုက်၏။
[-၃၄၃]
[-၂၈၅]
သူ ရိုက်နှက်လိုက်သော ဇွန်ဘီသည် သွေး ၃၄၃ လျော့နည်းသွားပြီး တုန်ခါလှိုင်း ထိမှန်သွားသော ဇွန်ဘီမှာမူ သွေး ၂၈၅ လျော့နည်းသွားလေသည်။ ဇွန်ဘီနှစ်ကောင်လုံးသည် ရိုက်ချက်ကြောင့် လဲကျသွား၏။
ဝမ်ထောင်သည် ဤရလဒ်ကို အလွန်ကျေနပ်သွားသည်။ သူသည် သွေးပိုကျန်နေသော ဇွန်ဘီကို ဦးတည်ကာ နောက်တစ်ကြိမ် ထပ်မံ လွှဲရိုက်လိုက်၏။
ဒုတ်...
[-၁၅၇]
[၀/၅၀၀]
တုန်ခါလှိုင်း ..
[-၁၁၅]
[၀/၅၀၀]
နှစ်ချက်ရိုက်ရုံဖြင့် နှစ်ကောင်လုံး သေဆုံးသွားလေသည်။
" တုန်ခါလှိုင်းရဲ့ စွမ်းအားက ငါ့ရဲ့ တိုက်ခိုက်မှု စွမ်းအားအပေါ်မှာ မူတည်နေပုံရတယ် ၊ ဒါပေမဲ့ စိတ်စွမ်းအား ကုန်ကျစရိတ်က အများဆုံး ၂၀ ပဲ ဆိုတော့ ငါ စိတ်စွမ်းအား ပိုမသုံးနိုင်သရွေ့တော့ စွမ်းအား အကန့်အသတ် ရှိနေဦးမှာပဲ "
ဝမ်ထောင်သည် ဤဇွန်ဘီနှစ်ကောင်ထံမှ ရရှိသော ပစ္စည်းများကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်၏။
" အားလုံး ပြီးသွားပြီ "
သူ စစ်ဆေးကြည့်ရာ ဝင်းအတွင်း၌ ဇွန်ဘီ စုစုပေါင်း ၂၂ ကောင် ရှိ၏။ သူ ကိုယ်တိုင် မသတ်လိုက်ရသော ပထမဆုံး သုံးကောင်မှလွ၍ ကျန်သော ၁၉ ကောင်လုံးကို သူ သတ်ဖြတ်နိုင်ခဲ့သည်။
ယခုအခါ သူသည် ပစ္စည်း ၁၉ ခုရသလို သူ၏ အမြင့်ဆုံး သွေးပမာဏအတွက် ၉၅ မှတ် တိုးလာ၏။
ဝမ်ထောင်က သူ၏ လက်ရှိအခြေအနေကို ကြည့်လိုက်၏။
သွေးပမာဏ [၂၆၄/၄၈၀]
စိတ်စွမ်းအား [၀/၁၀၀]
သူ၏ သွေးပမာဏမှာ လေးရာကျော်သွားသဖြင့် ခန္ဓာကိုယ်မှာ တစ်ဖန် ပြန်လည် သန်မာလာသည်ဟု ခံစားရပြီး တစ်ကိုယ်လုံးတွင် စွမ်းအင်များ ပြည့်ဝနေလေသည်။
ထို့ကြောင့်ပင် သူသည် နောက်ဆုံး ဇွန်ဘီနှစ်ကောင်ကို တစ်ချက်တည်းနှင့် ၃၀၀ ကျော် ထိခိုက်မှု ပေးနိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် စိတ်စွမ်းအား ကုန်ဆုံးသွားခြင်းက ဝမ်ထောင်ကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေသည်။
ခန္ဓာကိုယ်က စွမ်းအင်ပြည့်ဝနေသော်လည်း စိတ်ပိုင်းဆိုင်ရာ ကုန်ခမ်းနေသည့် ဤခံစားချက်ကို ဝမ်ထောင်အနေဖြင့် အသားကျရန် ခက်ခဲနေသည်။
" နောင်ကျရင်တော့ စိတ်စွမ်းအားကို ပိုပြီး ချွေတာရမယ် ၊ လိုအပ်တာထက် ပိုပြီး တစ်ခါတည်း အကုန်မသုံးသင့်ဘူး "
ထို့နောက် ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးကို အောင့်အည်းကာ ဝမ်ထောင်သည် မီးလောင်နေဆဲဖြစ်သော ဇွန်ဘီအလောင်းများကို တိုက်ခန်းဝင်း အလယ်ရှိ ကွင်းပြင်သို့ တူဖြင့် ဆွဲယူသွားလေသည်။
ဤအလောင်းများက အဆောက်အဦးများကို မီးကူးစက်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်၏။ ထိုသို့ဖြစ်လျှင် အလွန်ပင် ကံဆိုးပေလိမ့်မည်။
မီးဘေးအန္တရာယ် ကာကွယ်ရေးသည် လူတိုင်းတွင် တာဝန်ရှိသည် မဟုတ်ပါလား ..
ထို့နောက် သူသည် တိုက်ခန်းဝင်းကို တစ်ပတ်ပတ်ကြည့်၏။တိုက်ခန်းဟောင်းဝင်းတွင် အဆောက်အဦး လေးခုသာ ရှိပြီး အတော်ပင် သေးငယ်လေသည်။
ဝင်းအတွင်း၌ ဇွန်ဘီများ မရှိတော့သည်ကို အတည်ပြုပြီးနောက် ဝမ်ထောင်သည် ဝင်ပေါက်မှ ပစ်ကပ်ကားကို မောင်းနှင်လာခဲ့၏။
အခြား အဆောက်အဦးများဆီမှ ဇွန်ဘီအချို့၏ ဟိန်းဟောက်သံများကို ဝမ်ထောင် သဲ့သဲ့မျှ ကြားနေရလေသည်။
" ကျန်တဲ့ အဆောက်အဦး သုံးခုမှာလည်း ဇွန်ဘီတွေ အများကြီး ရှိနေသေးတာပဲ ၊ တခြား အသက်ရှင်ကျန်တဲ့သူလည်း မရှိပုံရဘူး ၊ အချိန်ရရင်တော့ အကုန်လုံးကို ရှင်းပစ်ရမယ် "
ဝမ်ထောင်၏ သွေးပမာဏမှာ ၅၀၀ ပြည့်ရန် ၂၀ မှတ်သာ လိုတော့သဖြင့် ဇွန်ဘီများကို ပိုမိုသတ်ဖြတ်ရန် သူအလွန်ပင် စိတ်အားထက်သန်နေသည်။
အဆောက်အဦး ၄ ရှေ့တွင် ကားရပ်ပြီးနောက် ဝမ်ထောင်သည် တင်ယွီချင်ကို ခေါ်ရန် အပေါ်ပြန်တက်သွား၏။
တင်ယွီချင်သည် ဝမ်ထောင်ကို အံ့သြရိပ်များဖြင့် ကြည့်နေသည်။ သူမသည် အပေါ်ထပ်မှ စောင့်ကြည့်နေခဲ့သဖြင့် ဝမ်ထောင် ထုတ်လွှတ်လိုက်သော တုန်ခါလှိုင်းများကို သဘာဝကျကျပင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
" ဝမ်ထောင် ၊ မင်းက ..."
သူမသည် မေးရန် ပါးစပ်ဟလိုက်သော်လည်း ၎င်းမှာ သူ၏ လျှို့ဝှက်ချက် ဖြစ်နေနိုင်သည်ဟု တွေးကာ မေးသင့်မမေးသင့် ဝေခွဲမရ ဖြစ်နေလေသည်။
" ဒါက တုန်ခါလှိုင်း ဆိုတဲ့ စွမ်းရည်ပါ "
ဝမ်ထောင်က သူမ ဘာတွေးနေသည်ကို သိသဖြင့် တိုက်ရိုက်ဖြေပေးလိုက်၏။
"စွမ်း .. စွမ်းရည် တစ်ခုလား "
သူမ ကြိုတင် ခန့်မှန်းထားသော်လည်း ဝမ်ထောင်က ဝန်ခံလိုက်သောအခါ တင်ယွီချင်မှာ တုန်လှုပ်နေဆဲပင် ဖြစ်သည်။
သူမကြည့်ဖူးသော ရုပ်ရှင်ဇာတ်ကားများထဲမှ အရာများက ယခုအခါ လက်တွေ့တွင် ပေါ်လာခဲ့ပြီ မဟုတ်ပါလား..။
ဝမ်ထောင်သည် သူမ၏ အံ့သြနေသော အမူအရာကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်၏။
" အခုတော့ မရီးက ကျွန်တော်နဲ့အတူ ရှိနေပြီဆိုတော့ .. နောက်ကျရင် မရီးအတွက်လည်း စွမ်းရည်တစ်ခုခု ရအောင် ကျွန်တော် ကြိုးစားပေးပါ့မယ် ၊"
တင်ယွီချင် မယုံနိုင်အောင်ဖြစ်သွားသည်။
" ငါလည်း ရမှာလား ..မဟုတ်တာ မဖြစ်နိုင်ပါဘူး ၊ မင်း အပင်ပန်းမခံပါနဲ့ "
တင်ယွီချင်သည် အစပိုင်းတွင် အလိုလို စိတ်လှုပ်ရှားသွားသော်လည်း သူမ၏ လက်များကို ဝှေ့ယမ်းကာ အမြန်ပင် ငြင်းဆန်လိုက်လေသည်။
ထို့အပြင် သူမတွင် ထိုစွမ်းရည်မျိုး ရှိလျှင်ပင် ဇွန်ဘီများကို မသတ်ရဲပါ။ သူမ၏ သေးငယ်သော ကိုယ်လုံးဖြင့်ဆိုလျှင် ဇွန်ဘီတစ်ကောင်၏ သွားကြားထိုးရန်ပင် လုံလောက်မည် မဟုတ်ပေ။
ဝမ်ထောင်က ဘာမှ ထပ်မပြောတော့ပေ။
စွမ်းရည် အမျိုးအစားမှာ တစ်ခုထက်မက ရှိမည်မှာ သေချာလှပြီး တင်ယွီချင်နှင့် သင့်တော်သော အမျိုးအစားလည်း ရှိနိုင်လေသည်။
ဝမ်ထောင်နှင့် တင်ယွီချင်တို့သည် အချိန်အနည်းငယ် ပေးကာ အရာအားလုံးကို အပေါ်ထပ်သို့ ရွှေ့ပြောင်းလိုက်ကြ၏။
အစားအစာ အမြောက်အမြားကို တွေ့လိုက်ရသဖြင့် တင်ယွီချင်သည် အိပ်မက်တစ်ခုလို ခံစားနေရသည်။
အထူးသဖြင့် အစိုးရလေထီးရိက္ခာထုပ်ကို မြင်သောအခါ သူမ အလွန် စိတ်လှုပ်ရှားသွား၏။
တကယ်ပဲ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိနေဦးမလား ..
သို့သော် ဝမ်ထောင်က လေထီးရိက္ခာထုပ်ထဲမှ စာကို ပြလိုက်သောအခါ ကယ်တင်ခံရရန်မှာ မဖြစ်နိုင်မှန်း သူမ သိသွားလေတော့သည်။
သို့သော် သူမ အလွန်အကျူးတော့ စိတ်မပျက်မိပေ။ အကြောင်းမှာ ယခုအခါ သူမ၌ ဝမ်ထောင်၏ ရှိနေသောကြောင့် ဖြစ်သည်။
သူရှိရင် ငါကဘာကိုကြောက်နေရဦးမှာလဲ။
----------
အခန်း ၅၇ - မရီးက ကျွန်တော့်အပေါ် စိတ်ပျက်အောင် လုပ်နေတာပဲ
ဇွန်ဘီ ၁၉ ကောင်ကိုသတ်ခြင်းသည် ဝမ်ထောင်၏ အမြင့်ဆုံး သွေးပမာဏကို ၉၅ မှတ် တိုးလာစေသည်။
တင်ယွီချင်က ရိက္ခာများကို သွားရောက် စစ်ဆေးနေစဉ် ဝမ်ထောင်သည် သူရရှိထားသော ပစ္စည်းများကို စစ်ဆေးနေ၏။
ထုံးစံအတိုင်း ယခင်က မြင်ဖူးထားသော ပစ္စည်းလုပ်ဆောင်ရန် ကုန်ကြမ်းအချို့ ကျလာသည့်အပြင် ပစ္စည်းအသစ် အနည်းငယ်လည်း ပါဝင်လေသည်။
【ပတ်တီး *၁】၊
【ကေဘယ်ကြိုး *၁】
【ဘာထရီ *၁】
【အီလက်ထရွန်နစ် အစိတ်အပိုင်း *၁】...
ကုန်ကြမ်းများကို မည်သို့ ပေါင်းစပ်အသုံးပြုရမည်ကို မသိရသေးသော်လည်း တစ်ခုချင်းစီ အသုံးပြု၍လည်းရသာ်။ ဥပမာအားဖြင့် ပတ်တီးကို သွေးတိတ်ရန် အသုံးပြုနိုင်ပြီး ဘာထရီကို လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရန် အသုံးပြုနိုင်၏။
သို့သော် သူသည် လောလောဆယ်တွင် ၎င်းတို့ကို သေချာပေါက် အသုံးပြုမည်မဟုတ်ပေ ၊ ထိုပစ္စည်းများကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲ၌ ထည့်ထားနိုင်သဖြင့် အချိန်ကုန် လူပင်ပန်း သက်သာစေလေသည်။ တကယ်လို့ အရေးတကြီး လိုအပ်လာပါက ဟင်းလင်းပြင်ကျောပိုးအိတ်ထဲမှ ပစ္စည်းများကို ထုတ်သုံးရန် သူ စဉ်းစားမည်ဖြစ်၏။
ဤကုန်ကြမ်းများအပြင် ယခင်က မပေါ်ဖူးသေးသော ပစ္စည်းတစ်ခုလည်း ရှိနေသေးသည်။
【လုံခြုံရေးယူနီဖောင်း *၁】
【လုံခြုံရေးယူနီဖောင်း - ခံနိုင်ရည် +၁၊ ဆုတ်ပြဲမှုဒဏ်ခံနိုင်ရည် +၁】
ဝမ်ထောင်သည် ဤလုံခြုံရေးယူနီဖောင်းကို ကြည့်ကာ အနည်းငယ် အံ့သြသွားရသည်။
အဝတ်အစားတွေတောင် ကျလာတာလား။ အစွမ်းသတ္တိတွေတောင် ပါသေးတယ် ။
သူ မှတ်မိသလောက်ဆိုလျှင် ဤအမည်းရောင် လုံခြုံရေးယူနီဖောင်းသည် တိုက်ခန်းဝင်းရှိ လုံခြုံရေးဝန်ထမ်းများ ဝတ်ဆင်သော ပုံစံနှင့် အတူတူပင်ဖြစ်၏။
သို့သော် သူတို့တိုက်ခန်းဝင်းက လုံခြုံရေးအဘိုးကြီး ဝတ်ထားသည်မှာ ပွယောင်းနေသော လုံခြုံရေးယူနီဖောင်းဖြစ်ပြီး သူက သူတပါးကို ကာကွယ်ပေးနေသည်ထက် သူတပါးက သူ့ကို ကာကွယ်ပေးဖို့ လိုအပ်နေပုံနှင့် တူလှသည်။
ဝမ်ထောင် စိတ်ကူးလိုက်ရုံဖြင့် လုံခြုံရေးယူနီဖောင်းသည် သူ၏လက်ထဲသို့ ရောက်ရှိလာလေသည်။
တစ်စုံလုံးတွင် ဦးထုပ်၊ အင်္ကျီ၊ ဘောင်းဘီနှင့် အမည်းရောင် စစ်ဖိနပ်အမြင့်တစ်စုံ ပါဝင်ပြီး ရဲတပ်ဖွဲ့၏ တိုက်ပွဲဝင်ယူနီဖောင်းပုံစံအတိုင်း ဒီဇိုင်းထုတ်ထားခြင်းဖြစ်၏။
ဝမ်ထောင်သည် ချိန်ဆကြည့်ရာ သူ၏ အရွယ်အစားနှင့် အတော်ပင် အံဝင်ခွင်ကျ ဖြစ်နေသည်။
ဝမ်ထောင်သည် လုံခြုံရေးဝန်ထမ်း ဖြစ်မဖြစ်ကို ဂရုမစိုက်ပေ ။ သူ ဂရုစိုက်သည်မှာ အရည်အသွေးသာဖြစ်၏။
ဝတ်စုံချင်းတူသော်လည်း အစွမ်းသတ္တိများ ပါဝင်နေခြင်းက သေချာပေါက် ကွာခြားမှုရှိသည်။ သာမန်အဝတ်အစားများကို သူ တိုက်ရိုက် ဆုတ်ဖြဲနိုင်သော်လည်း ဤလုံခြုံရေးယူနီဖောင်းကိုမူ ချက်ချင်း ဆုတ်ဖြဲနိုင်ခြင်း မရှိပေ။
၄င်းမှာ အဝတ်အစား၏ အစွမ်းသတ္တိကြောင့် ဖြစ်နိုင်၏။ ခံနိုင်ရည်ကို မသိရသေးသော်လည်း ဆုတ်ပြဲမှုဒဏ်ခံနိုင်ရည်ကမူ အလွန် ကောင်းမွန်လှ၏။
ဝမ်ထောင်သည် စမ်းသပ်ရန်အတွက် ဝတ်ဆင်ကြည့်လိုက်သည်။
အဝတ်အစားက ကွက်တိဖြစ်ပြီး လှုပ်ရှားရသည်မှာလည်း အဆင်ပြေလှသည် ။ ပုခုံးပေါ်က တံဆိပ်ကိုသာ မကြည့်လျှင် ရဲတပ်ဖွဲ့ တိုက်ပွဲဝင်ဝတ်စုံနှင့် အလွန် တူညီနေမည်ဖြစ်၏။
"မိုက်တယ် နောက်ဆို ငါ အပြင်သွားရင် မင်းကိုပဲ ဝတ်မယ်"
မွန်းလွဲပိုင်းသို့ ရောက်သောအခါ...။
ဝမ်ထောင်သည် ဒီဇယ်မီးစက်ကို အပေါ်ထပ်သို့ ရွှေ့ပြောင်းကာ ဆီဖြည့်ပြီး စက်နှိုးလိုက်လေသည်။
ဒုတ်..ဒုတ်..ဖုန်းဖုန်းဖုန်း..။
ဒီဇယ်မီးစက်၏ ဆူညံသံမှာ သေးငယ်လှသည်မဟုတ်သော်လည်း ၎င်းသည် ခြောက်ထပ်မြောက်ပေါ်၌ ရှိနေခြင်းကြောင့်၎င်း၊ ဝမ်ထောင်က ၎င်း၏ဘေးပတ်လည်တွင် အသံလုံပစ္စည်းအချို့ ကာရံထားခြင်းကြောင့်၎င်း လမ်းမပေါ်ရှိ ဇွန်ဘီများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ဒီဇယ်မီးစက်ကို အမြဲတမ်း အသုံးပြု၍မရပါ ။ အိတ်ဆောင်လျှပ်စစ်ဓာတ်အားပေးစက်ကို အားပြည့်အောင် သွင်းရန်သာ လိုအပ်သည်။ ထို့ကြောင့် ဤဆူညံသံအနည်းငယ်က ပြဿနာမဟုတ်ပါ။ သို့သော် ညဘက်တွင်တော့ သူ ၎င်းကို သေချာပေါက် မသုံးသင့်ပေ။
"ဒီညတော့ ရေနွေးနဲ့ ရေချိုးလို့ရပြီ"
သူက ရေရွတ်လိုက်သည်။
ယခု ဧပြီလ ရောက်နေပြီဖြစ်သော်လည်းရာသီဥတုက အနည်းငယ် အေးနေဆဲဖြစ်သည် ။ရေနွေးနှင့် ရေချိုးရခြင်းက အလွန် သက်တောင့်သက်သာ ရှိလိမ့်မည်။
"ဝမ်ထောင်... ငါ အရင်ပြန်လိုက်ဦးမယ်..."
ညစာစားပြီးနောက် တင်ယွီချင်က ရုတ်တရက် ပြောလိုက်လေသည်။
"ဟင်... ဘာလို့ ပြန်မှာလဲ။ အနားယူရမယ့် အချိန်နီးနေပြီကို မရီးက အခန်းအလွတ်ထဲမှာ တစ်ယောက်တည်း ပြန်နေချင်သေးတာလား"
ဝမ်ထောင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ငါ အဝတ်အစားလဲဖို့ သွားယူမလို့ပါ..."
တင်ယွီချင်က မျက်နှာနီမြန်းလျက် ဝမ်ထောင်ကို မျက်စောင်းထိုးရင်း ပြောလိုက်၏။
"သြော်... နေဦး အဝတ်အစားလား။ ကျွန်တော်မင်းနဲ့အတူ လိုက်ခဲ့မယ်"
ဝမ်ထောင်က ထိုသို့ပြောရင်း ဘာကို တွေးမိသည်မသိဘဲ မျက်လုံးများ တောက်ပသွားလေသည်။
သူတို့နှစ်ဦးသည် အခန်း ၅၀၂ သို့ ထပ်မံ ရောက်ရှိလာခဲ့၏။ အကြောင်းရင်းကို မသိရသော်လည်း တင်ယွီချင်သည် ဝမ်ထောင်ကို သူမ၏အိမ်သို့ ယခုတစ်ကြိမ် ခေါ်ဆောင်လာချိန်တွင် အနည်းငယ် ပျာယာခတ်နေခဲ့သည်။
ဝမ်ထောင်ကတော့ ပြီးခဲ့သည့်အကြိမ်က ဤနေရာသို့ ရောက်ဖူးထားသဖြင့် အထူးအဆန်းမဖြစ်တော့ပါ။
"ငါ အဝတ်အစား သွားယူလိုက်ဦးမယ် ။နင်..ခဏစောင့်နေဦး"
ဟု ပြောကာ တင်ယွီချင်သည် အိပ်ခန်းမဆီသို့ တစ်ယောက်တည်း ဝင်သွားလေသည်။
ဝမ်ထောင်သည် အလောတကြီး လိုက်မသွားဘဲ နံရံတွင် ချိတ်ဆွဲထားသော မင်္ဂလာဆောင်ဓာတ်ပုံကို ကြည့်နေ၏။
"အရင်က မရီးရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဓာတ်ပုံပြင်ထားတာလို့ ငါ ထင်ခဲ့တာ ၊ ဒါပေမဲ့ ဒါက လုံးဝ အစစ်အမှန်ဖြစ်ပြီး ပြင်ဆင်ထားတာ မဟုတ်ဘူးပဲ"
သူက တွေးလိုက်သည်။
ဝမ်ထောင်သည် ဓာတ်ပုံထဲတွင် တင်ယွီချင်၏ ဘေး၌ရှိနေသော ကျောက်ယွမ်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
"အစ်ကိုကျောက် စိတ်ချပါ။ ငါ မရီးကို စောင့်ရှောက်ဖို့ ကတိပေးထားတဲ့အတွက် ငါ ပြောတဲ့အတိုင်း သေချာပေါက် လုပ်မှာပါ"
တင်ယွီချင်သည် လဲလှယ်မည့် အဝတ်အစားအချို့ကို ကမန်းကတန်း ယူဆောင်လာချိန်တွင် ဝမ်ထောင်က သူမ၏ မင်္ဂလာဆောင်ဓာတ်ပုံကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ ကွယ်ရာတွင် မကောင်းမှုတစ်ခုခု လုပ်နေသကဲ့သို့ ထူးဆန်းသော ထိတ်လန့်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။
"ဝမ်ထောင်... မင်း... မကြည့်နဲ့တော့"
သူမက အနေခတ်သလိုပြောလိုက်သည်။
တင်ယွီချင်သည် ဝမ်ထောင်၏ ရှေ့သို့ အမြန်လျှောက်လာပြီး သူ၏ အမြင်အာရုံကို ပိတ်ဆို့ရန် လက်လှမ်းလိုက်လေသည်။
"ဘာလဲ မရီးက ရှက်နေတာလား။ မနေ့ကတော့ တော်တော် တက်ကြွနေတယ်လို့ ငါ ခံစားမိပါတယ်"
သူက စနောက်ချင်သလိုပြုံးလျက် ဆိုသည်။
သို့သော် ဤသို့ပြောပြီးနောက် တင်ယွီချင်၏ မျက်နှာလေးသည် နီရဲရာမှ ဖြူလျော်သွားပြီး မျက်ရည်များ ချက်ချင်း ဝဲတက်လာ၏။
"မရီး... ကျွန်တော်က စတာပါ"
ထိုအခါမှသာ ဝမ်ထောင်သည် တင်ယွီချင်နှင့် ကျောက်ယွမ်တို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ကြောင်း သတိရမိတော့သည်။ ယခုလို အချိန်နှင့် နေရာမျိုးတွင် ဤကဲ့သို့ နောက်ပြောင်ခြင်းက တကယ်ပင် မသင့်တော်ပေ။
တင်ယွီချင်သည် နှုတ်ခမ်းကို ကိုက်ကာ ဝမ်ထောင်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောဘဲ လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ မြေပြင်ပေါ်၌ ထိုင်ချ၍ တိုးတိုးလေး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ဝမ်ထောင်အနည်းငယ်တော့ တစ်မျိုးဖြစ်သွားသည် ။ မိန်းမများက တကယ်ပင် အလုပ်ရှုပ်လှ၏။
သို့သော် မကြာမီ တင်ယွီချင်သည် ပြန်လည် ထရပ်လိုက်သည်။ သူမသည် မျက်ရည်များကို သုတ်ကာ မျက်နှာလွှဲလိုက်ပြီး ဝမ်ထောင်ကို တိုးတိုးလေး ပြောလိုက်၏။
"ငါ အဝတ်အစားတွေ ယူပြီးပြီ ပြန်ရအောင်"
ဝမ်ထောင်သည် ချက်ချင်း မျက်မှောင်ကုတ်လိုက်လေသည်။
"မရီးက ကျွန်တော့်ကို စိတ်ဆိုးသွားတာလား"
"မဟုတ်ပါဘူး"
ဝမ်ထောင်သည် ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ တင်ယွီချင်ကို ဆွဲယူပြီး သူ၏ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ တင်ယွီချင်သည် ဗီဇအရ ရုန်းကန်ချင်သော်လည်း မရုန်းနိုင်ခဲ့ပေ။
"စိတ်မဆိုးဘူးလည်း ဆိုသေးတယ်"
ဝမ်ထောင်သည် တင်ယွီချင်၏ ပါးကို ဆွဲညှစ်လိုက်သည်။ သူမဘက်က ဘာတုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ သူ၏လက်ကို အောက်သို့ ထပ်မံ ရွှေ့လိုက်၏။
"...ဝမ်ထောင်... ငါ နင့်ကို တောင်းပန်ပါတယ်... ငါတို့ မင်းရဲ့အိမ်ကို သွားကြရအောင် ..."
တင်ယွီချင်က မျက်ရည်လည်ရွဲဖြင့် ဝမ်ထောင်ကို တောင်းပန်ရှာသည်။
"မရီးက အစ်ကိုကျောက်အပေါ် အပြစ်လုပ်နေမိတယ်လို့ ခံစားနေရတာလား"
ဝမ်ထောင်က သူ၏ လှုပ်ရှားမှုများကို ရပ်တန့်ကာ မေးလိုက်၏။
"..."
တင်ယွီချင်က မဖြေခဲ့သော်လည်း သူမ၏မျက်လုံးများထဲတွင် မျက်ရည်များ ပိုမို စီးကျလာခဲ့သည်။
"မရီး... ကျွန်တော့်အခန်းက ဖုန်းကို သွားယူပေးပါဦး"
ဝမ်ထောင်က ရုတ်တရက် လွှတ်ပေးလိုက်ရင်း ပြောလိုက်သည်။
"..."
တင်ယွီချင်သည် ဝမ်ထောင်၏ ရင်ခွင်ထဲမှ အမြန်ရုန်းထွက်သွားပြီး မကြာမီတွင် ဝမ်ထောင်၏ ဖုန်းကို ယူဆောင်ကာ ပြန်ရောက်လာခဲ့၏။
ဖုန်းကို ဝမ်ထောင်ထံ ပေးအပ်ပြီးနောက် တင်ယွီချင်သည် ချက်ချင်းပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ သူနှင့် ဝေးဝေးတွင် နေလိုက်လေသည်။
"မရီးက ဘာလို့ ဒီလောက်ဝေးဝေးမှာ နေရတာလဲ။ ကျွန်တော့်ဘေးမှာ လာထိုင်ပါဦး"
ဝမ်ထောင်က သူ၏ဘေးရှိ ဆိုဖာကို ပုတ်ကာ ပြောသော်လည်း တင်ယွီချင်က မလှုပ်မယှက် ရှိနေဆဲပင်။
သူမ၏အမူအယာကြောင့် ဝမ်ထောင်ချက်ချင်း မျက်မှောင်ကုတ်သွား၏။
"မရီး... ငါတို့ သဘောတူထားတာကို မေ့သွားပြီလား။ အစ်မက လိမ္မာရမယ်လေ"
"..."
တင်ယွီချင်သည် မတတ်သာဘဲ လျှောက်လာပြီး ဝမ်ထောင်၏ ဘေးတွင် ထိုင်လိုက်သည်။ ဝမ်ထောင်သည် သူမကို သူ၏ရင်ခွင်ထဲသို့ တိုက်ရိုက်ပင် ဆွဲသွင်းလိုက်၏။
တင်ယွီချင်သည် ရုန်းကန်ခြင်းမရှိတော့ဘဲ မျက်ရည်ဝဲလျက်သာ ပြောလိုက်လေသည်။
"ဝမ်ထောင်... ငါ မင်းကို တောင်းပန်ပါတယ် ငါ့ကို ဒီလိုမျိုး မနှိမ့်ချပါနဲ့ ။ ငါ့ကို ချမ်းသာပေးပါ။ မင်းရဲ့အိမ်မှာဆိုရင် မင်း ကြိုက်တာလုပ်လို့ရပါတယ် ဒါပေမဲ့ ဒီနေရာမှာတော့ မဟုတ်ဘူး..."
ဝမ်ထောင်သည် သူမကို ဂရုမစိုက်ဘဲ ဖုန်းကို တိုက်ရိုက်ဖွင့်ကာ စကားပြောမှတ်တမ်းများကို ရှာဖွေပြီး တင်ယွီချင်ထံ ကမ်းပေးလိုက်၏။
"အစ်မကိုယ်တိုင် ကြည့်လိုက်ပါဦး"
တင်ယွီချင်သည် ဗီဇအရ ကြည့်လိုက်မိသည်။
ဤစကားပြောမှတ်တမ်းထဲက လူသည် တကယ်ပင် သူမ၏ခင်ပွန်း ကျောက်ယွမ် ဖြစ်နေ၏။
ကျောက်ယွမ်သည် တင်ယွီချင်ကို စောင့်ရှောက်ပေးရန် ဝမ်ထောင်ကို အများကြီး တောင်းဆိုထားခဲ့သည်။
ဝမ်ထောင်၏ နောက်ဆုံး အကြောင်းပြန်ချက်မှာ - အစ်ကိုကျောက် စိတ်ချပါ။ ငါ ဒီမှာ ရှိတယ်။ ငါ မရီးကို အကောင်းဆုံး စောင့်ရှောက်ပေးဖို့ ကြိုးစားမှာပါ - ဟု ဖြစ်လေသည်။
ဤအကြောင်းပြန်ချိန်သည် ဝမ်ထောင်က နောက်မှ ပြန်ထားခြင်းမဟုတ်ဘဲ ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာသော ရက်များအတွင်းက ဖြစ်၏။
ဤမှတ်တမ်းများကို ဖတ်ပြီးနောက် တင်ယွီချင်၏ အမူအရာသည် အနည်းငယ် မိန်းမောသွားရသည်။
ဝမ်ထောင်က အခွင့်ကောင်းယူကာ ပြောလိုက်လေသည်။
"မရီး... ကျွန်တော်က အစ်မရဲ့ ကိုယ်ခန္ဓာကို လိုချင်လို့ အစ်မကို စောင့်ရှောက်နေတယ်လို့ ထင်နေတာလား။ ကျွန်တော်က အဲဒီလောက်အထိ အောက်တန်းကျတဲ့လူလား။ ကျွန်တော်က ကျွန်တော့်ရဲ့ကတိအတွက် လုပ်နေတာ"
"ကျွန်တော် အစ်ကိုကျောက်ကို ကတိပေးထားကတည်းက ပြောတဲ့အတိုင်း သေချာပေါက် လုပ်မှာပဲ"
"ပြီးတော့ အစ်ကိုကျောက်က အစ်မကို ကျွန်တော်ဆီအပ်ထားခဲ့တာပဲ ဒါက ဘာကို ဆိုလိုလဲဆိုတာ မသိဘူးလား။ ထပ်ရှင်းပြဖို့ မလိုတော့ဘူးမလား"
"ဒါကြောင့် အစ်မက အစ်ကိုကျောက်အပေါ် အပြစ်လုပ်နေတာ မဟုတ်ဘူး။ ဒါက အစ်မတို့ နှစ်ယောက်လုံး သဘောတူထားတဲ့ အရာပဲ။ ပြီးတော့ အစ်မက ကျွန်တော့်အပေါ် စိတ်ပျက်အောင် လုပ်နေတာ..."
"ကျွန်တော် အစ်မကို အစားအသောက် ပေးတယ်၊ ကာကွယ်ပေးတယ်၊ အစ်မအိမ်မှာ ရှိနေလို့ အသက်ရှင်ကျန်ရစ်သူများစခန်းကို သွားရမယ့် အခွင့်အရေးကိုတောင် ကျွန်တော် စွန့်လွှတ်ခဲ့ရတယ်... ကျွန်တော် ဒီလောက်အထိ လုပ်ပေးခဲ့တာကို ခယ်မက ငါ့အပေါ် ဒီလို အမူအရာ ပြနေတာလား။ ပြောစမ်းပါဦး ..အစ်မက ကျွန်တော့်အပေါ် စိတ်ပျက်အောင် လုပ်နေတာ မဟုတ်ဘူးလား"
.......