← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) ရှေးဟောင်းသစ်တောကြီးထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခြင်း

နံနက်စောစောတွင် ကျောက်လင်က ဂူထဲမှ ထွက်လာခဲ့၏။

ပထမဆုံးအနေဖြင့် သူက ကြွက်လေးနေထိုင်ရာ သစ်သားအိမ်လေးအောက်သို့ သွားလိုက်သည်။

"ဖက်တီး... ထတော့..."

ကြွက်လေးက အိပ်ပျော်နေဆဲဖြစ်သည်ကို ကျောက်လင်က သူ၏ စိတ်စွမ်းအားဖြင့် ခံစားသိရှိလိုက်ရသောကြောင့် လှမ်းခေါ်လိုက်ခြင်း ဖြစ်၏။

ဝါးခြင်းတောင်းထဲတွင် မုန့်များမှာ လုံးဝ ပြောင်သလင်းခါနေပေသည်။

ကမ္ဘာမြေမှ အသင့်စားမုန့်များက ဤကမ္ဘာရှိ ဝိညာဉ်သားရဲများအပေါ် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်ကို ဤအရာက သိသာထင်ရှားစေ၏။

"ကျွိ.."

ကျောက်လင်၏ အော်သံကို ကြားလိုက်ရသောအခါ ကြွက်လေးက ချက်ချင်းပင် အိပ်ချင်မူးတူးအခြေအနေမှ လန်းဆန်းသွားကာ အိမ်တံခါးဝသို့ ခုန်ဆင်းလာပြီး သူ၏ ရှေ့လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်း ကျောက်လင်အား ကြည့်လိုက်သည်။

"ဘာသဘောလဲ..."

ကြွက်လေးက တစ်စုံတစ်ရာကို အရိပ်အမြွက်ပြနေသည်ဟု ကျောက်လင်က ပြောနိုင်သော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ သူ မခန့်မှန်းနိုင်ပေ။

ထို့နောက် ကြွက်လေးက လူများ အစာစားသည့် ဟန်ပန်ကို နောက်တစ်ကြိမ် ထပ်မံအတုခိုးပြလိုက်၏။

"သဘောပေါက်ပြီ... မင်း မီးမလို ဟော့ပေါ့ စားချင်တာမလား..."

ကျောက်လင်က ပြုံး၍ မေးလိုက်သည်။

မနေ့က ကျောက်လင်နှင့် သူ၏ ဇနီးများ မီးမလို ဟော့ပေါ့ ငါးခု စားခဲ့သည်ကို ဤကြွက်လေး မြင်တွေ့ခဲ့ပြီး ယခု သူလည်း စားချင်နေခြင်း ဖြစ်ပုံရ၏။

ကြွက်လေးက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

"မီးမလို ဟော့ပေါ့ စားချင်တာလား... ရတာပေါ့... ပြဿနာမရှိဘူး..."

"ငါ့ကို တောကျွဲလို သားရဲကောင်မျိုး ဖမ်းဖို့ ခေါ်သွားပေး... အဲ့ဒါဆိုရင် မင်းကို မီးမလို ဟော့ပေါ့ကျွေးမယ်..."

သူက အလကားတော့ ပေးမည်မဟုတ်ကြောင်း ကျောက်လင်က ချက်ချင်းပင် ပြောလိုက်၏။

ကလေးများအနေဖြင့် ငယ်ရွယ်စဉ်ကတည်းက ပစ္စည်းချင်းဖလှယ်သည့် အလေ့အကျင့်ကို ပျိုးထောင်သင့်ပေသည်။

ကျောက်လင်အနေဖြင့် ဤကဲ့သို့သော အခမဲ့ တိုက်ခိုက်ပေးမည့်သူကို လက်လွတ်ခံ၍ မဖြစ်ပေ။

"ကျွီ..."

ကြွက်လေးက ခေါင်းငုံ့သွားကာ အနည်းငယ် မကျေမနပ်ဖြစ်နေသည့် အသံဖြင့် အော်လိုက်၏။

"လာပါ... ငါနဲ့အတူ တောင်ပေါ် လိုက်ခဲ့..."

ကျောက်လင်က ညာဘက်လက်ကို ဆန့်တန်းကာ ပြုံး၍ ခေါ်လိုက်သည်။

ကြွက်လေးမှာ စိတ်မရှည်တော့ဘဲ လျှပ်စီးတပြက် ခုန်တက်လာကာ ကျောက်လင်၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာ၏။

ချက်ချင်းပင် ကျောက်လင်က သူ၏ မြင်းရိုင်းပေါ်သို့ တက်စီးလိုက်ပြီး ထင်းရှူးနက်ကျေးရွာ အနောက်ဘက်ရှိ တောင်ကြားလမ်းသို့ ရောက်ရှိလာခဲ့သည်။

ကျောက်လင်က စနစ်နေရာလွတ်ထဲမှ တောဝက်အသေဆယ်ကောင်ကို မြက်ခင်းထဲသို့ ထုတ်ပေးလိုက်၏။

ဤသည်မှာ မနေ့ကတည်းက သဘောတူထားခြင်း ဖြစ်သည်။ လီအန်းက ဤနေရာသို့ စာမရီလှည်းဖြင့် လာရောက်ကာ တောဝက်များကို မင်ချွမ်မြို့ရှိ ချင်းပေါင်စံအိမ်သို့ ယူဆောင်သွားပြီး ရောင်းချပေးမည် ဖြစ်၏။

စာမရီလှည်းများနှင့် မြင်းရိုင်းများရှိသဖြင့် ဤတောဝက်ဆယ်ကောင်အား မင်ချွမ်မြို့သို့ တစ်ခေါက်တည်းဖြင့် သယ်ယူပို့ဆောင်ရန် ဖြစ်နိုင်ပေသည်။

မွန်းတည့်ချိန်တွင် ကျောက်လင်က နောက်ထပ် တောဝက်ဆယ်ကောင်ကို ထပ်ထုတ်ပေးမည်ဖြစ်ပြီး ၎င်းတို့ကိုလည်း လီအန်းက ထပ်မံ ပို့ဆောင်ပေးနိုင်ပေမည်။

တစ်နေ့လျှင် တောဝက် အကောင်နှစ်ဆယ်မှ ရရှိသော ဝင်ငွေမှာ ငွေပြားတစ်ရာခန့် ဖြစ်သည်။

ထို့နောက် ကျောက်လင်က သူ၏ မြင်းရိုင်းကို စီးကာ တောင်နက်ထဲရှိ ရှေးဟောင်းသစ်တောကြီးဆီသို့ တိုက်ရိုက် ထွက်ခွာသွားခဲ့၏။

မကြာမီတွင် ကျောက်လင်က ပြီးခဲ့သည့်အကြိမ်က မြင်းရိုင်းဖမ်းခဲ့သည့် သစ်တောဆီသို့ ရောက်ရှိလာခဲ့သည်။

"ဝူး..."

“ဝေါင်း..."

"ကျွိ..."

အစွမ်းထက်သော သားရဲအမျိုးမျိုး၏ ဟိန်းဟောက်သံများက အခါအားလျော်စွာ ထွက်ပေါ်လာ၏။

"ဖက်တီး... မင်း ဒီရှေးဟောင်းသစ်တောကြီးထဲက သားရဲတွေနဲ့ ရင်းနှီးလား..."

ရုတ်တရက် ကျောက်လင်က မေးခွန်းတစ်ခု မေးလိုက်သည်။

ကြွက်လေးက သူ၏ ရှေ့လက်နှစ်ဖက်ဖြင့် သူ့ကိုယ်သူ ဖက်ထားကာ စကားမပြောချင်သည့် အမူအရာမျိုး ပြသနေ၏။

ကျောက်လင်က မီးမလို ဟော့ပေါ့ မကျွေးသောကြောင့် ကြွက်လေး စိတ်ဆိုးနေသည်မှာ သိသာထင်ရှားလှသည်။

"မင်းက မဖြေဘူးပေါ့လေ... ပြန်မဖြေချင်ရင်လည်း ငါ့ဟာငါပဲ ဝင်သွားလိုက်မယ်..."

"ငါသာ အဲ့ဒီထဲမှာ သေသွားရင် မင်း ဘယ်တော့မှ မီးမလို ဟော့ပေါ့ စားရတော့မှာ မဟုတ်ဘူးနော်..."

ကျောက်လင်အနေဖြင့် ကြွက်လေးတစ်ကောင်၏ ချုပ်ကိုင်မှုကို ခံမည်မဟုတ်သလို ၎င်း၏ စိတ်ကောက်နေမှုအပေါ်လည်း သည်းမခံနိုင်ပေ။ ထို့ကြောင့် သူက ချက်ချင်းပင် ပြတ်ပြတ်သားသား ပြောလိုက်၏။

ထို့နောက် ကျောက်လင်က မြင်းရိုင်းကို ဒေါက်ခတ်ကာ ရှေးဟောင်းသစ်တောကြီးထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားစေရန် နှင်လိုက်သည်။

"ကျွိ.."

ကြွက်လေးက ချက်ချင်းပင် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

ထိုအရာကို မြင်လိုက်ရသောအခါ ဤရှေးဟောင်းသစ်တောကြီးထဲတွင် ကြွက်လေး ကြောက်ရွံ့ရသော ဝိညာဉ်သားရဲများရှိနေကြောင်း ကျောက်လင် သဘောပေါက်သွားပေသည်။

ကျောက်လင်က မြင်းရိုင်းကို ချက်ချင်း ရပ်တန့်လိုက်၏။

ကျောက်လင်ကဲ့သို့ မြန်ဆန်သော ကြွက်လေးပင်လျှင် ဝိညာဉ်သားရဲတစ်ကောင်ကို သတိထားနေရသည်ဆိုလျှင် ထိုဝိညာဉ်သားရဲ မည်မျှ ကြောက်စရာကောင်းကြောင်းကို ကျောက်လင် သဘာဝကျကျပင် နားလည်ထားပြီး သူ၏ အသက်ကို စွန့်စား၍ မရနိုင်ပေ။

ထိုအခိုက်တွင် ကျောက်လင်က စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

စနစ်အမှတ် - ၆၀၆၆၀

"ရိုင်ဖယ်ကျည်ဆန်တွေက ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်က ကျင့်ကြံသူတွေအပေါ် သိပ်ပြီး ထိရောက်မှု မရှိဘူး... လက်နက်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ လိုအပ်နေပုံပဲ..."

ကျောက်လင်က စိတ်ထဲမှ တွေးလိုက်၏။

ချက်ချင်းပင် ကျောက်လင်က သူ၏ စိတ်အာရုံဖြင့် စနစ်ဈေးဆိုင်ထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်သည်။

[ ဘားရတ် စနိုက်ပါ ရိုင်ဖယ် - အမှတ် ၅၀၀၀၀]

[ စနိုက်ပါ ကျည်ဆန် - အမှတ် ၅၀ ]

ဈေးကြီးသော်လည်း တန်သည်ဟု ကျောက်လင် ခံစားလိုက်ရ၏။

ဘားရတ်စနိုက်ပါ ရိုင်ဖယ် တစ်လက်ဝယ်မည်။

စနိုက်ပါကျည်ဆန် အတောင့်တစ်ရာ ဝယ်မည်။

တစ်ကြိမ်တည်းဖြင့် အမှတ် ၅၅၀၀၀ ကုန်ဆုံးသွားပေသည်။

စနစ်အမှတ် - ၅၆၆၀

ကျောက်လင်က စနစ်နေရာလွတ်ထဲမှ စနိုက်ပါရိုင်ဖယ်ကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မှန်ပြောင်းကို ဖွင့်လိုက်ရာ အဝေးမှ မြင်ကွင်းကို ချက်ချင်း မြင်တွေ့လိုက်ရ၏။

ဤစနိုက်ပါရိုင်ဖယ်၏ မှန်ပြောင်းက မီတာ ၁၅၀၀ အထိ ဝေးကွာသော မြင်ကွင်းများကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။

၎င်းမှာ အလွန်ဝေးကွာသော အကွာအဝေးပင် ဖြစ်၏။

ချက်ချင်းပင် ကျောက်လင်က စနိုက်ပါကျည်ဆန် တစ်တောင့်ကို ထုတ်ယူကာ ကျည်ထိုးလိုက်ပြီး မီတာ ၁၅၀၀ အကွာရှိ ကျောက်တုံးတစ်တုံးဆီသို့ မှန်ပြောင်းဖြင့် ချိန်ရွယ်လိုက်သည်။

“ဒိုင်း..."

ကျည်ဆန်က အသံတိတ် ထွက်ခွာသွား၏။

စနစ်မှ ထွက်ရှိလာသည့် ပစ္စည်းပီပီ အရည်အသွေးက လုံးဝကို အာမခံချက်ရှိပေသည်။

ကျောက်လင်က မှန်ပြောင်းထဲမှ ကြည့်လိုက်ရာ မီတာ ၁၅၀၀ အကွာရှိ ကျောက်တုံးကြီး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရ၏။

"ဒီစွမ်းအားက... ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်က တစ်ယောက်ယောက်ကို သတ်နိုင်စွမ်း ရှိလောက်တယ်..."

"ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်က လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ဘူးဆိုရင်တောင် သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားစေမှာပဲ..."

ကျောက်လင်သည် စနိုက်ပါရိုင်ဖယ်၏ စွမ်းအားကို နားလည်သဘောပေါက်သွားပြီး ယုံကြည်ချက်များ အပြည့်အဝ ရှိနေပေသည်။

"ကျွိ.."

ကြွက်လေးက စနိုက်ပါရိုင်ဖယ်၏ စွမ်းအားကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ လက်များကို ဝှေ့ယမ်းကာ ရိုင်ဖယ်ဆီသို့ လက်ညှိုးထိုးပြနေ၏။

"ဖက်တီး... အခု ငါ့ကို သစ်တောထဲပိုပြီး နက်နက်ရှိုင်းရှိုင်း ခေါ်သွားပေးနိုင်ပြီလား..."

ကျောက်လင်က ပြုံး၍ မေးလိုက်သည်။

ကြွက်လေးက ခေါင်းညိတ်ပြ၏။

ကျောက်လင်၏ လမ်းညွှန်မှုဖြင့် မြင်းရိုင်းက ရှေးဟောင်းသစ်တောကြီး၏ အနက်ရှိုင်းဆုံးဆီသို့ တိုက်ရိုက် ဒုန်းစိုင်းပြေးသွားခဲ့သည်။

မကြာမီတွင် ရှေ့ရှိ သစ်တောထဲ၌ တောဝက်တစ်အုပ် ပေါ်လာ၏။

"ဖက်တီး... သူတို့အားလုံးကို သတ်လိုက်... အဲ့ဒါဆိုရင် မင်းကို မီးမလို ဟော့ပေါ့ ကျွေးမယ်..."

တောဝက်အကောင်နှစ်ဆယ်ကျော် ရှိနေသည်ကို ကျောက်လင် မြင်လိုက်ရသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။

ကျောက်လင်အနေဖြင့် ဤတောဝက်များကို ပစ်ခတ်ရန် ပေါင်းစပ်လေး သို့မဟုတ် ရိုင်ဖယ်ကို အသုံးပြုနိုင်သော်လည်း ကျည်ဆန်များကို ဖြုန်းတီးပစ်ရန် မလိုအပ်ပေ။

မီးမလို အမဲသားဟော့ပေါ့တစ်ခုလျှင် အမှတ် ၅၀ ကုန်ကျပြီး ၎င်းမှာ ကြေးပြား ၅၀ နှင့် ညီမျှ၏။

မီးမလို ဟော့ပေါ့တစ်ခုက ကြွက်လေးကို အလုပ်လုပ်စေနိုင်သည်ဖြစ်ရာ ၎င်းမှာ မယုံနိုင်လောက်အောင်ပင် အမြတ်အစွန်းများပေသည်။

"ကျွိ..."

သေချာပေါက်ပင် ဤစကားကို ကြားလိုက်ရသောအခါ ကြွက်လေး၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာပြီး ရုတ်တရက် အပြင်သို့ ပျံထွက်သွား၏။

ကြွက်လေးက အလွန်လျင်မြန်လွန်းလှရာ လေထဲတွင် ပျံသန်းသွားသည့်အလား ပြေးထွက်သွားပေသည်။

ရုတ်တရက် ကြွက်လေးက တောဝက်အုပ်ဆီသို့ ပြေးဝင်သွားကာ သူ၏ ထက်မြက်သော သွားများဖြင့် တောဝက်တစ်ကောင်၏ ခြေထောက်တစ်ဖက်ကို ကိုက်ဖြတ်လိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက တောဝက်တစ်ကောင်၏ ခြေထောက်လေးဖက်စလုံးကို ကိုက်ဖြတ်ပစ်လိုက်သည်။

ဤသည်မှာ ကြွက်လေး၏ အမြန်နှုန်းပင် ဖြစ်၏။

တောဝက် အကောင်နှစ်ဆယ်ကျော်မှာ လူစုခွဲရန်ပင် အချိန်မရလိုက်ပေ။ တစ်မိနစ်ပင် မကြာမီအချိန်အတွင်း ကြွက်လေးက တောဝက် ၂၃ ကောင်စလုံး၏ ခြေထောက်များကို ကိုက်ဖြတ်ပစ်လိုက်၏။

ကျောက်လင်က မြင်းရိုင်းစီးကာ ရောက်လာခဲ့သည်။

ထိုအခိုက်တွင် ကျောက်လင်က နာကျင်စွာ အော်ဟစ်နေသော တောဝက်များကို ကြည့်လိုက်ပြီး သူ၏ သတ္တုစပ်ဓားကောက်ကို ထုတ်ယူလိုက်၏။

"ရွှပ်..."

ဘာမျှထပ်မပြောနေတော့ဘဲ ကျောက်လင်က ၎င်းတို့ တစ်ကောင်ချင်းစီထံသို့ လျှောက်သွားလိုက်ပြီး သူ၏ ဓားကောက်ဖြင့် တောဝက်များ၏ လည်ချောင်းများကို လွယ်ကူစွာ ထိုးဖောက်လိုက်ပေသည်။

တောဝက် ၂၃ ကောင် သေဆုံးသွားပြီးနောက် ကျောက်လင်က ၎င်းတို့အားလုံးကို သူ၏ စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်၏။

ဤတောဝက်များ၏ အော်သံက သစ်တောနက်ထဲရှိ သားရဲများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ထိုအခိုက်တွင် ကြွက်လေးက ကျောက်လင်၏ ကျောပေါ်သို့ ရုတ်တရက် ပြေးတက်လာပြီး သူ၏ ရှေ့လက်နှစ်ဖက်ဖြင့် သစ်တောနက်ထဲသို့ လက်ညှိုးထိုးပြနေ၏။

"ကျွိ.."

ကြွက်လေး၏ အော်သံတွင် ထိတ်လန့်ကြောက်ရွံ့မှု အငွေ့အသက်များ ပါဝင်နေသည်။

"ဖက်တီး... မင်း ကြောက်ရတဲ့ အဲ့ဒီဝိညာဉ်သားရဲ လာနေတာလား..."

ကျောက်လင်က မမေးဘဲ မနေနိုင်တော့ပေ။

ကြွက်လေးက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်ပြီး သစ်တော၏ အနက်ရှိုင်းဆုံးဆီသို့ ဆက်လက် လက်ညှိုးထိုးပြနေ၏။

ကျောက်လင်က သတ္တုစပ်ဓားကောက်ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး သူ၏ စနိုက်ပါရိုင်ဖယ်ကို ချက်ချင်း ထုတ်ယူကာ မှန်ပြောင်းမှတစ်ဆင့် သစ်တောနက်ထဲသို့ စူးစိုက်ကြည့်ရှုလိုက်သည်။

လင်းယုန်မျက်လုံး ရှိသော်လည်း သစ်တောထဲရှိ မှိန်ပျပျအလင်းရောင်နှင့် အမျိုးမျိုးသော အပင်များ၏ အကိုင်းအခက်၊ အရွက်များ ကာကွယ်နေမှုတို့ကြောင့် အမြင်အာရုံမှာ မှန်ပြောင်းလောက် ထိရောက်မှု မရှိပေ။

မကြာမီတွင် ပေါင်လုံးခန့်တုတ်သော အပြာရောင်မြွေကြီးတစ်ကောင် သူ့ဆီသို့ အပြေးအလွှား လာနေသည်ကို ကျောက်လင် မြင်လိုက်ရ၏။

All Chapters