အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) သားအဖ ပဋိပက္ခ
"သေသွားပြီလား..."
ရှန့်ထျန်းဝေ့၏ ခန္ဓာကိုယ် တည့်မတ်စွာ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ ယဲ့လင်အာမှာ အတော်လေး အံ့အားသင့်သွား၏။
"ငါ နားလည်ပြီ... ငါ့ခင်ပွန်းနောက်က အစောင့်အရှောက်က လက်စွမ်းပြလိုက်တာပဲ..."
ပြီးခဲ့သည့်အကြိမ်က ထျဲ့လင်ကျေးရွာ အမဲလိုက်အဖွဲ့မှ မုဆိုးလေးယောက်မှာလည်း လျှို့ဝှက်လက်နက်များဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သူတို့၏ ဒဏ်ရာများမှာလည်း သွေးထွက်နေသော အပေါက်များဖြစ်ကြောင်း ပိုင်ဝမ်ချင်း ချက်ချင်း သတိရသွားသည်။
ဤသည်က ရှန့်ထျန်းဝေ့၏ သေဆုံးမှုနှင့် အလွန်ဆင်တူနေ၏။
ထို့ကြောင့် သူတို့ကို ကာကွယ်ပေးနေသူမှာ ကျောက်လင်၏ အစောင့်အရှောက်သာဖြစ်ရမည်ဟု ပိုင်ဝမ်ချင်းက ကောက်ချက်ချလိုက်သည်။
ကျောက်လင် ကိုယ်တိုင် လက်စွမ်းပြကာ ရှန့်ထျန်းဝေ့ကို ပစ်သတ်လိုက်မည်ဟု သူတို့နှစ်ယောက်စလုံး မထင်မှတ်ထားခဲ့ကြပေ။
"သူ့အလောင်းကို မြန်မြန် မြှုပ်လိုက်..."
လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ယဲ့လင်အာသည် သေဆုံးသူများကို ကြောက်ရွံ့ခြင်းမရှိဘဲ ထူးခြားစွာ တည်ငြိမ်နေခဲ့၏။
ရှန့်ထျန်းဝေ့၏ အလောင်းကို ထိုနေရာတွင် ပစ်မထားချင်သဖြင့် ဒုက္ခသည်နှစ်ဦးကို အနီးအနားရှိ တောင်ကုန်းတစ်ခုပေါ်တွင် တွင်းတူးကာ ရှန့်ထျန်းဝေ့ကို မြှုပ်နှံရန် သူမက အမိန့်ပေးလိုက်သည်။
ကျောက်လင်သည် ငွေရောင်ဦးချို သံမဏိကြံ့ကို စီးကာ အခြားဦးတည်ရာသို့ ထွက်ခွာသွားပြီး ထင်းရှူးနက်တောင်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့၏။
ယဲ့လင်အာနှင့် ပိုင်ဝမ်ချင်းတို့ မည်သို့ တွေးထင်နေမည်ကိုမူ သူတို့ဘာသာ ဆက်တွေးပါစေဟုသာ လွှတ်ထားလိုက်သည်။
ဘယ်ဘက်ရှိ အရိပ်ရသော နေရာကျယ်ကြီးဆီသို့ သူ ပြန်ရောက်ရောက်ချင်းပင် ဇနီးဖြစ်သူ ရှန်ချန်းရွှယ်က သူ့ကို ကြိုဆိုရန် ပြေးလာခဲ့၏။
“ခင်ပွန်း... ရှင် သံမဏိကြံ့ နောက်တစ်ကောင် ဖမ်းလာပြန်ပြီပဲ..."
ရှန်ချန်းရွှယ်မှာ အလွန်အံ့အားသင့်သွားသည်။
မနေ့က သူ ငွေရောင်ဦးချို သံမဏိကြံ့တစ်ကောင် ပြန်ခေါ်လာခဲ့ပြီး ယနေ့ နောက်တစ်ကောင် ထပ်ဖမ်းမိပြန်သည်။ ကျောက်လင်သည် ဤတောင်၏ ဘုရင်တစ်ပါးနှင့် တူနေပြီး တောင်ပေါ်တက်သွားတိုင်း အမြဲတမ်း အကျိုးအမြတ်တစ်ခုခု ရလာတတ်၏။
"ချန်းရွှယ်... အဲ့ဒီ ငွေရောင်ဦးချို သံမဏိကြံ့ကိုလည်း အကောင်းဆုံး ယဉ်ပါးအောင် လုပ်ပေးပါဦး..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
ရှန်ချန်းရွှယ်၏ 'စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်' ဖြင့် ဤတောရိုင်းတိရစ္ဆာန်များကို ယဉ်ပါးအောင် ပြုလုပ်ခြင်းက အလွန် ရိုးရှင်းပေလိမ့်မည်။
"ကောင်းပါပြီ..."
"အခုဆို ငါတို့မိသားစုမှာ လှည်းသုံးစီးတောင် ရှိနေပြီ..."
ရှန်ချန်းရွှယ်သည် မိသားစု၏ အိမ်ရှင်မနေရာကို အပြည့်အဝ လက်ခံထားပြီး တစ်မိသားစုလုံး၏ တိုးတက်မှုအတွက် အစဉ်အမြဲ စဉ်းစားပေးနေသည်။
စာမရီလှည်းတစ်စီးနှင့် ယခု ကြံ့လှည်းနှစ်စီး ထပ်တိုးလာသောကြောင့် နောင်တွင် မင်ချွမ်မြို့ သို့မဟုတ် ခရိုင်မြို့သို့ သွားရန် များစွာ ပိုမို အဆင်ပြေလာပေလိမ့်မည်။
ထိုသို့ပြောပြီးနောက် ရှန်ချန်းရွှယ်က သူမ၏ 'စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်' ကို ကျောက်လင်၏ ရှေ့တွင်ပင် အသုံးပြုလိုက်၏။
ဤသည်က စိတ်စွမ်းအား၏ အထူးနည်းလမ်းတစ်ခု ဖြစ်သည်။
စိတ်စွမ်းအားကို တံတားတစ်စင်းအဖြစ် အသုံးပြုကာ အသိစိတ်က စိတ်စွမ်းအားထဲသို့ ပေါင်းစပ်သွားပြီး ငွေရောင်ဦးချို သံမဏိကြံ့၏ စိတ်ထဲသို့ ဝင်ရောက်ကာ ၎င်း၏ စိတ်အတွင်း တိုက်ရိုက် လွှမ်းမိုးမှု သက်ရောက်စေသည်။
ကျောက်လင်နှင့် အကြိမ်အနည်းငယ် အတူနေပြီးနောက် ရှန်ချန်းရွှယ်၏ စိတ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီး ပို၍ပင် တိုးတက်လာခဲ့၏။ ယခုအခါ သူမသည် ထျဲ့ရှီး၏ စိတ်ထဲတွင် စိတ်ပိုင်းဆိုင်ရာ ပုံရိပ်တစ်ခုကို အလွယ်တကူ ချန်ထားနိုင်ပြီ ဖြစ်သည်။
ထိုအချိန်မှစ၍ ငွေရောင်ဦးချို သံမဏိကြံ့က ရှန်ချန်းရွှယ်ကို အကြွင်းမဲ့ နာခံသွားတော့သည်။
"အဆင်ပြေရဲ့လား..."
'စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်' ကို အသုံးပြုပြီးနောက် ရှန်ချန်းရွှယ် ပင်ပန်းနေပုံရပြီး သူမ၏ နဖူးမှ ချွေးများကို ညင်သာစွာ သုတ်နေသည်ကို မြင်သောအခါ ကျောက်လင်က စိုးရိမ်တကြီး မမေးဘဲ မနေနိုင်ခဲ့ပေ။
"အင်း... အဲ့ဒါကို ကျွန်မ ထိန်းချုပ်ထားနိုင်ပါတယ်..."
ရှန်ချန်းရွှယ်က ကျောက်လင်ကို ဝမ်းသာအားရ ကြည့်ကာ သူ၏ အသိအမှတ်ပြုမှုကို ရယူချင်နေသည်။
သူမသည် မူလက မဟာလီမင်းဆက်၏ ယခင်စီရင်စုဝန်၏ သမီးဖြစ်သည်။ မင်းဆက် အပြောင်းအလဲများကြောင့် သူမ၏ ဖခင်မှာ စစ်ပွဲတွင် ကျဆုံးခဲ့ရပြီး မိသားစုဝင်များလည်း နေရာအနှံ့သို့ ထွက်ပြေးခဲ့ကြရ၏။
ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရပြီးနောက် ရှန်ချန်းရွှယ်သည် သူမကိုယ်သူမ အနာတရဖြစ်အောင်လုပ်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ပင် ဖန်တီးခဲ့သည်။ ယွီရွှေခရိုင်ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိပြီးနောက် သူမ၏ ဘဝတွင် မျှော်လင့်ချက် မရှိတော့ကြောင်းနှင့် ဆင်းရဲမွဲတေစွာ နေထိုင်ရတော့မည်ဖြစ်ကြောင်း သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် သူမဘဝ၏ အမှောင်မိုက်ဆုံး အချိန်တွင် ကျောက်လင်က နေမင်းကြီးသဖွယ် ပေါ်လာပြီး ရုပ်ဆိုးနေသော ရှန်ချန်းရွှယ်ကို ငွေချေးငှား၍ပင် ဝယ်ယူခဲ့လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
အတူနေထိုင်ခဲ့ရသော ဤနေ့ရက်များအတွင်း ရှန်ချန်းရွှယ်သည် ကောင်းကောင်း စားရရုံသာမက သူမ၏ ခွန်အားများကိုလည်း ပြန်လည်ရရှိခဲ့၏။ ယခု သူမသည် ကျောက်လင်၏ အသိအမှတ်ပြုမှုနှင့် မိသားစု၏ အသိအမှတ်ပြုမှုကို ရရှိနေပြီဖြစ်ရာ သူမ၏ အနာဂတ်က တောက်ပနေတော့သည်။
ရှန်ချန်းရွှယ်က ကျောက်လင်ကို သူမ အားအထားရဆုံးသူအဖြစ် သတ်မှတ်ထားပြီး သူမ လုပ်ချင်သမျှမှာ ကျောက်လင်ကို ကျေးဇူးဆပ်ကာ သူနှင့် တစ်သက်လုံး အတူနေသွားရန်သာ ဖြစ်သည်။
"ငါ့ဇနီးလေးက ဒီလောက်တောင် ပင်ပင်ပန်းပန်း လုပ်ပေးနေတာ... မင်းကို ငါက ဘယ်လိုလုပ် ကျေးဇူးမဆပ်ဘဲ နေပါ့မလဲ..."
"လှိုဏ်ဂူထဲ ပြန်ကြရအောင်..."
ရုတ်တရက် ကျောက်လင်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။
ရှန်ချန်းရွှယ်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားသည်။
ကျောက်လင်က လူကောင်းတစ်ယောက် ဖြစ်သော်လည်း ထိုတစ်ချက်ကိုတော့ ရှန်ချန်းရွှယ် မခံနိုင်ဆုံးပင်။
အသန်စွမ်းဆုံး နွားဖြစ်လျှင်တောင် လယ်ကွင်းများကို နေ့တိုင်းထွန်ယက်နိုင်မည် မဟုတ်ပေ။
ရှရွှယ်ချန်တောင်။
ယွီရွှေခရိုင်၏ အမြင့်ဆုံး တောင်ထွတ်ဖြစ်သည့်အားလျော်စွာ ထိုတောင်သည် အလွန်မတ်စောက်ပြီး မြင့်မားသော တောင်တန်းများ ဝန်းရံထားကာ ကျယ်ပြန့်သော တောင်တန်းဒေသတစ်ခုအဖြစ် တည်ရှိနေသည်။ ရှေးယခင်ကတည်းက ဤနေရာသည် ဓားပြများ၏ ခိုအောင်းရာနှင့် ရာဇဝတ်ကောင်များအတွက် ပရဒိသုဘုံတစ်ခု ဖြစ်ခဲ့၏။
ဤတောင်တန်းဒေသတွင် ယခုအခါ ဓားပြစခန်း ဆယ်ခုရှိနေသည်။
အင်အားအကြီးဆုံး ဓားပြစခန်းမှာ ရှရွှယ်ချန်တောင်၏ အဓိကတောင်ထွတ်ကို သိမ်းပိုက်ထားသော ဟေးလုံစခန်းဖြစ်သည်။
ထိုအချိန်တွင် အဓိကခေါင်းဆောင် တန်ထိုက်ရှုံရင်း၏ အစည်းအဝေးခန်းမထဲ၌ လူနှစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြ၏။
ထိုအထဲမှ တစ်ယောက်မှာ အခြားသူမဟုတ်ဘဲ တန်ထိုက်ပေါင်ပေါင်ပင်ဖြစ်သည်။
အခြားတစ်ယောက်မှာ တန်ထိုက်ပေါင်ပေါင်၏ ဖခင်လည်းဖြစ်သူ အကြီးအကဲ တန်ထိုက်ရှုံ့ရင်ဖြစ်သည်။
သားအဖနှစ်ယောက်သည် မျက်နှာများ နီရဲလာသည်အထိ ငြင်းခုံနေခဲ့ကြ၏။
"အဖေ... အခုတော့ ကျွန်မကို ယုံပြီမလား... နန်းတော်က ကျွန်မတို့ကို ချေမှုန်းဖို့ တပ်တွေ တကယ်စေလွှတ်လိုက်ပြီလေ..."
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟေးလုံစခန်းကို ဖျက်သိမ်းပြီး ညီအစ်ကိုတွေအားလုံးကို သူတို့ရဲ့ ဇာတိကို ပြန်ခိုင်းဖို့နဲ့ ငြိမ်းချမ်းတဲ့ဘဝမှာ နေထိုင်ခွင့်ပြုဖို့ ကျွန်မ အကြံပြုခဲ့တယ်..."
"အဖေ ဘာပြောခဲ့လဲ... ဟေးလုံစခန်းက ရှရွှယ်ချန်တောင်ရဲ့ ပထဝီဝင် အားသာချက်ရှိတဲ့အတွက် ယွီရွှေတပ်စခန်းကို မကြောက်ဘူးလို့ ပြောခဲ့တာမဟုတ်လား..."
"အခု မဟာချင်မင်းဆက်က တည်ထောင်ပြီးသွားပြီ... အလုံးစုံ အခြေအနေတွေလည်း တည်ငြိမ်နေပြီဖြစ်လို့ တောင်တွေကို သိမ်းပိုက်ထားတဲ့ ကျွန်မတို့ ဓားပြစခန်းတွေကို သူတို့က ဆက်ပြီး ရှိခွင့်ပေးမှာ မဟုတ်ဘူး..."
"ခရိုင်မြို့က ကင်းထောက်တွေရဲ့ အဆိုအရ ယွီရွှေတပ်စခန်းက ရှရွှယ်ချန်တောင်မှာ စုရုံးဖို့ နှစ်ရက်ထပ်လိုသေးတယ်လို့ ဆိုတယ်..."
"ဟေးလုံစခန်းကို ဖျက်သိမ်းဖို့နဲ့ ညီအစ်ကိုတွေရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျွန်မတို့မှာ အချိန်နှစ်ရက် ရသေးတယ်..."
တန်ထိုက်ပေါင်ပေါင်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူမက အတော်လေး ဒေါသထွက်နေခဲ့၏။
ထိုနေ့က ကျောက်လင် ထွက်သွားစဉ် တန်ထိုက်ပေါင်ပေါင်ကို တစ်ခုခု ပြောခဲ့ရာ သူမက အလေးအနက် မှတ်သားထားခဲ့သည်။
နောက်ပိုင်းတွင် တန်ထိုက်ပေါင်ပေါင်က သူမ၏ ဖခင် တန်ထိုက်ရှုံ့ရင်ကို အကြံပြုခဲ့သော်လည်း သူက ငြင်းပယ်ခဲ့၏။
ယနေ့တွင် ယွီရွှေခရိုင်ရှိ ဟေးလုံစခန်း၏ သူလျှိုများက ကွမ်းနန်စစ်တပ်၏ ယွီရွှေတပ်စခန်းကို ခရိုင်အတွင်းရှိ ဓားပြများနှင့် ခိုးဆိုးလုယက်သူအားလုံးကို ရှင်းလင်းရန် အမိန့်ပေးထားကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် တန်ထိုက်ပေါင်ပေါင်က ထပ်မံ ဖျောင်းဖျရန် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း တန်ထိုက်ရှုံ့ရင်ကမူ သူ၏ အာဏာကို လက်မလွှတ်ချင်သေးပေ။
"ပေါင်ပေါင်... သမီးက ငယ်ပါသေးတယ်..."
"သမီးပြောသလို ဟေးလုံစခန်းကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ညီအစ်ကိုတွေက လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပေမယ့် ဓားပြခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အဖေ့ကိုရော နန်းတော်က အလွတ်ပေးမယ်လို့ ထင်နေလား..."
"နန်းတော်က အဖေ့ကို ခွင့်လွှတ်ပေးပါ့မလား..."
"ယွီရွှေတပ်စခန်းက တပ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ သူတို့ အထက်လူကြီးတွေကို ရှင်းပြနိုင်ဖို့အတွက် ရလဒ်တစ်ခုခုနဲ့ အောင်မြင်မှုတစ်ခုခုကိုတော့ မဖြစ်မနေ ပြသရလိမ့်မယ်..."
"ဒါကြောင့် ငါတို့ တိုက်ခိုက်သည်ဖြစ်စေ၊ လက်နက်ချသည်ဖြစ်စေ အဖေတို့ သားအဖနှစ်ယောက်ကတော့ နန်းတော်ရဲ့ ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်ခံရပြီး ခေါင်းဖြတ်ခံရဖို့ ကံကြမ္မာ ဖန်လာမှာပဲ..."
တန်ထိုက်ရှုံ့ရင်က တည်ငြိမ်စွာ ပြောလိုက်၏။
"အဖေက တစ်ကိုယ်ကောင်းဆန်လွန်းတယ်..."
"အခု ဟေးလုံစခန်းကို ဖျက်သိမ်းလိုက်ရင်တောင် အဖေနဲ့ ကျွန်မက ကိုယ့်ရဲ့ ကိုယ်ခံပညာစွမ်းရည်နဲ့ နယ်စပ်ကို ထွက်ပြေးတာ ဒါမှမဟုတ် တခြားပြည်နယ်ကို ပြောင်းရွှေ့တာတွေ အလွယ်တကူ လုပ်နိုင်တာပဲ... ဘယ်သူက ဘာလုပ်နိုင်မှာမို့လို့လဲ..."
"အဖေက ခေါင်းဆောင်တစ်ယောက်ဖြစ်ရတဲ့ ဂုဏ်ဒြပ်ကို လက်မလွှတ်ရက်လို့ပဲဖြစ်မှာပါ..."
တန်ထိုက်ပေါင်ပေါင်က ဒေါသတကြီး ပြောလိုက်သည်။
"သမီး..."
တန်ထိုက်ရှုံ့ရင်က တန်ထိုက်ပေါင်ပေါင်ကို လက်ညိုးထိုးကာ ဘာမျှမတတ်နိုင်သလို ဖြစ်သွား၏။ သူ အလွန် ဒေါသထွက်နေသော်လည်း သူမကို အပြစ်မပေးချင်ပေ။
"ပေါင်ပေါင်... ဒီရှရွှယ်ချန်တောင်ဒေသမှာ ဟေးလုံစခန်းတစ်ခုတည်း ရှိတာမဟုတ်ဘူး..."
"စုစုပေါင်း ဓားပြစခန်းဆယ်ခုရှိတယ်... သူတို့က မဟာမိတ်စာချုပ်ချုပ်ဆိုထားတာ ကြာလှပြီ... စခန်းတစ်ခု တိုက်ခိုက်ခံရရင် ကျန်တဲ့ ကိုးခုက သေချာပေါက် ကူညီကြမှာပဲ..."
"ငါတို့ ဓားပြစခန်းဆယ်ခုပေါင်းလိုက်ရင် ယွီရွှေတပ်စခန်းက စစ်သား တစ်ထောင်လောက်ကို ဘာကြောက်စရာရှိလို့လဲ..."
"နန်းတော်က လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ရင်တောင် ငါတို့ ဓားပြစခန်းဆယ်ခုက ကိုယ့်ရဲ့ အင်အားကို ပြသပြီး ယွီရွှေတပ်စခန်းကို အကျအဆုံးများအောင် လုပ်ပြရလိမ့်မယ်... ဒါမှသာ လွတ်ငြိမ်းချမ်းသာခွင့် စည်းကမ်းချက်တွေက ပိုပြီး သက်ညှာမှာ..."
"အခု ဟေးလုံစခန်းကို ဖျက်သိမ်းလိုက်ရင် ကျန်တဲ့ ဓားပြစခန်းကိုးခုက ဟေးလုံစခန်းက ညီအစ်ကိုတွေကို လွှတ်ပေးမယ်လို့ သမီး တကယ်ထင်နေတာလား..."
"အခု ဟေးလုံစခန်းကို ဖျက်သိမ်းလိုက်ရင် အခြားဓားပြစခန်းကိုးခုက သေချာပေါက် လှုပ်ရှားလာပြီး ငါတို့ ညီအစ်ကိုတွေ အားလုံးကို ခေါ်ဆောင်သွားလိမ့်မယ်လို့ အဖေ ရဲရဲကြီး ပြောရဲတယ်... အဲ့ဒီအချိန်ကျရင် အဖေတို့ သားအဖနှစ်ယောက်တည်း အထီးကျန်ဖြစ်ကျန်ခဲ့ပြီး စကားပြောခွင့်တောင် ရှိတော့မှာ မဟုတ်ဘူး..."
တန်ထိုက်ရှုံ့ရင်က တည်ငြိမ်နေဆဲဖြစ်ပြီး အလွယ်တကူ လက်နက်ချရန် ငြင်းဆန်ခဲ့၏။
ရုတ်တရက် တန်ထိုက်ပေါင်ပေါင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။ သူမ၏ ဖခင်ကို ဖျောင်းဖျ၍ မရနိုင်ကြောင်း သိလိုက်သဖြင့် လှည့်ကာ အခန်းထဲမှ ထွက်သွားခဲ့တော့သည်။
အခန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လင်၏ ပုံရိပ်က တန်ထိုက်ပေါင်ပေါင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာ၏။
"အဲ့ဒီကျောက်လင်က ပြီးခဲ့တဲ့အကြိမ်က ငါ့ကို သတိပေးခဲ့တာပဲ... နန်းတော်ရဲ့ ဓားပြနှိမ်နင်းရေး အစီအစဉ်ကို သူ ကြိုသိနေပုံရတယ်..."
"ယွီရွှေခရိုင်ထဲက ငါ့ရဲ့ သူလျှိုတွေက ကျောက်လင်အကြောင်း စုံစမ်းသိရှိခဲ့တယ်... သူက မင်ချွမ်မြို့၊ ထင်းရှူးနက်ကျေးရွာက နယ်ခြားစောင့်တပ်သားတစ်ယောက် ဖြစ်နေတာပဲ..."
"ငါ့အဖေကို ဖျောင်းဖျလို့ မရနိုင်ဘူး... ငါ ထင်းရှူးနက်ကျေးရွာကို သွားပြီး ကျောက်လင်ဆီမှာ အကြံဉာဏ်ကောင်းတွေ ရှိသလားဆိုတာ သွားမေးရမယ်..."
"ဟေးလုံစခန်းက ညီအစ်ကိုတွေ သေတာကို ငါ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး..."
အကြံဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာစဉ် တန်ထိုက်ပေါင်ပေါင်က သူမကိုယ်သူမ တိုးတိုးလေး ရေရွတ်လိုက်၏။