အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁) ဒီနေရာမှာ ဘယ်သူကများ ကံကြမ္မာကို ပိုင်ဆိုင်နိုင်မှာလဲ...
တခြားတစ်ဖက်တွင်...ကောင်းကင်အလင်းမိုးပြာနဂါးသည် သူတော်စင် သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သော်လည်း ကျန်ရှိနေသော တစ်ဦးသည် ထိပ်တန်းအဆင့် အကာအကွယ် သူတော်စင် လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။အချိန်အတန်ကြာသည်အထိ ကောင်းကင်အလင်းမိုးပြာနဂါးပင်သည် သူ့ကို အောင်မြင်စွာ မသတ်နိုင်ခဲ့ချေ။"သောက်ကျိုးနည်း.... ဒါက ဘယ်လို နတ်မိစ္ဆာမျိုးလဲ"ကျန်ရှိနေသော သူတော်စင်သခင်နယ်ပယ် ကျွမ်းကျင်သူသည်လည်း ခုံးဝူတောက်က တခြားသူတော်စင်နယ်ပယ် ကျွမ်းကျင်သူလေးဦးကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရ၏။ဤအရာက သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အမှန်တကယ် ပြိုလဲကျသွားစေခဲ့သည်။သူတော်စင်နယ်ပယ် အဆင့်ငါး ကျွမ်းကျင်သူလေးဦးကို ဤမျှထိ လွယ်လင့်တကူဖြင့် လျှင်မြန်စွာ ဖြေရှင်းရန်မှာ သူ့အတွက်ပင် လုံးဝမဖြစ်နိုင်ချေ။သို့သော် ဤနတ်မိစ္ဆာခုံးဝူတောက်သည် သူ၏နတ်ဘုရားဘုရင်နယ်ပယ် ကျင့်ကြံခြင်းကို မှီခိုအားကိုး၍ သူတော်စင်သခင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သော သူပင်လျှင် မလုပ်နိုင်သည့် အရာတစ်ခုကို အတင်းအကြပ် လုပ်ဆောင်ခဲ့သည်။"သောက်ချေးပဲ....အခြေအနေတွေက ငါတို့ရဲ့ ထိန်းချုပ်နိုင်မှုထက် အများကြီး ကျော်လွန်သွားပြီ""ဒီကိစ္စကို ဂိုဏ်းဆီ အမြန်ဆုံး သတင်းပို့ရမယ် မဟုတ်ရင် ငါတောင် ဒီနေရာမှာ သေရလိမ့်မယ်"ယခင်က ကောင်းကင်အလင်းမိုးပြာနဂါးနှင့် ရုန်းကန်နေရစဉ်တွင် ဂိုဏ်းဆီသို့ သတင်းစကား ပေးပို့ရန်အတွက် မည်သည့် စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကိုမျှ သူ ဖယ်ချန်မထားနိုင်ခဲ့ချေ။ယခုအချိန်၌ ဤနေရာသို့ ဆင်းသက်လာသူ ခြောက်ယောက်အနက် သူ တစ်ယောက်သာ ကျန်ရှိတော့သည်။အကယ်၍ သူသည် ဂိုဏ်းကို အမြန်ဆုံး ဆက်သွယ်ရန် နည်းလမ်းမရှာနိုင်ပါက သူသည်လည်း ဤနေရာတွင် သေချာပေါက် သေရပေမည်။သူတော်စင်သခင်နယ်ပယ်သို့ ဤမျှထိ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့ပြီးမှ ဤနေရာတွင် သေဆုံးရန် သူ မည်သို့ ဆန္ဒရှိမည်နည်း...နောက်တခဏတွင် သူသည် သူ၏ မူလအနှစ်သာရ သွေးကို တိုက်ရိုက်လောင်ကျွမ်းစေပြီး ထိုအရာကို သူ၏ မူလတာအိုလက်နက်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်၏။သူ၏ မူလတာအိုလက်နက်သည် ကောင်းကင်အလင်းမိုးပြာနဂါးကို တားဆီးထားစဉ် အချိန်အတွင်း သူသည် ဂိုဏ်းသို့ဆက်သွယ်ရန် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။သူ လှုပ်ရှားလိုက်သည့်အချိန်နှင့် တပြိုင်နက်တည်းမှာပင် သူ၏နောက်ဘက်ရှိ ဟင်းလင်းပြင်တွင် အေးစက်ပြီး လှောင်ပြောင်နေသော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။"ငါ့ရဲ့ တားမြစ်နယ်မြေက စီနီယာတွေကိုတောင် ငါက အကူအညီ မတောင်းရသေးဘူး""မင်းလို အဘိုးကြီးက တကယ်ကြီး အကူအညီ ခေါ်ချင်နေတာလား...အဘိုးကြီး အဲ့ဒါတော့ မဖြစ်ဘူးလေ"ဤစကားများကို ကြားလိုက်ရသောအခါ သူတော်စင် သခင်နယ်ပယ် ကျွမ်းကျင်သူ၏မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။သူက အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏တစ်သက်တာ နားလည်မှုကို ပြောင်းပြန်လှန်ပစ်မည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ခုံးဝူတောက်၏နောက်ရှိ နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုသည် မည်သည့်အချိန်ကမှန်းမသိ အလွန်အမင်း အရပ်မြင့်မားလာပေ၏။သူတို့၏ တောက်ပနေသော ခန္ဓာကိုယ်များပေါ်တွင် ခရမ်းရွှေရောင် နတ်ဘုရားမီးတောက် အလွှာတစ်ခုဖြင့်ပင် ဖုံးလွှမ်းနေသည်။သူတို့၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော တလိမ့်လိမ့်ထနေသည့် ချီစွမ်းအားသည် ဒဏ္ဍာရီလာ ဖရိုဖရဲ ခရမ်းရောင် ချီစွမ်းအင်နှင့် တူညီနေသည်။သို့သော် ထိုအရာသည် အမှန်တကယ် ဟုတ်မဟုတ်ကိုမူ သူ သေချာမပြောနိုင်ချေ။ထိုဖရိုဖရဲ ခရမ်းရောင်ချီစွမ်းအင်သည် အလွန်အမင်း သိပ်သည်းပြီး ခိုင်မာနေလေပြီ။ထိုအရာသည် ဒဏ္ဍာရီများတွင် ရှိနေသော လောကီနှင့် ကင်းကွာသည့် အရာတစ်ခု မဟုတ်ဘဲ လက်တွေ့တွင် တည်ရှိနေသော ခိုင်မာသည့် အရာတစ်ခုနှင့် တူညီနေသည်။သူ၏နှလုံးသားတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင်....ခုံးဝူတောက်သည် လက်ထဲရှိ နတ်ဘုရား လှံရှည်ကို ဝှေ့ယမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သူ့ထံသို့ တိုက်ရိုက်ပို့လွှတ်လိုက်လေပြီ။တစ်ချိန်တည်းမှာပင် ခုံးဝူတောက်၏နောက်ရှိ နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုမှလည်း ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာသည်။ခရက်....မျှော်လင့်ချက်မဲ့နေချိန်တွင်ပင် ဤသူတော်စင်သခင် နယ်ပယ်ကျွမ်းကျင်သူသည် သူ၏စွမ်းအားများအားလုံးကို ထုတ်လွှတ်ခဲ့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။သူ၏ မူလတာအိုလက်နက် ဖုန်မှုန့်များအဖြစ် ခြေမွှဖျက်ဆီးခံလိုက်ရသည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာ တတ်နိုင်တော့သည်။သူ၏အသိစိတ် မပျောက်ကွယ်မီ နောက်ဆုံး အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားထဲတွင် စုစည်းလာသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့သည် အနည်းငယ်မျှ လျော့ပါးမသွားဘဲ ပို၍ပင် ပြင်းထန်လာခဲ့၏။"ဒီခေတ်မှာ ဒီလို နတ်မိစ္ဆာမျိုး ထွက်ပေါ်လာမှတော့...""ဘယ်သူကများ ကောင်းကင်ကံကြမ္မာပိုင်ရှင်လို့ ခေါ်ဆိုခံရဖို့ ထိုက်တန်မှာလဲ".........ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်လုံးသူငယ်အိမ်များသည် အပ်များကဲ့သို့ ကျဉ်းမြောင်းသွားပြီး သူတို့၏နှလုံးသားထဲရှိ အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ကို မည်သို့ ဖော်ပြရမည်အား မသိကြတော့ချေ။သူတို့၏ တစ်သက်တာ အသိပညာအားလုံးကို ထုတ်ယူလိုက်လျှင်ပင် သူတို့၏ရှေ့တွင် ဖြစ်ပျက်နေသော အရာများကို နားလည်ရန် ခက်ခဲကြောင်း တွေ့ရှိရသည်။နတ်ဘုရားဘုရင်နယ်ပယ် လူငယ်ကျင့်ကြံသူတစ်ယောက်....ပထမဆုံးအနေဖြင့် သူသည် အသက်သုံးရှိုက်အတွင်း သူတော်စင်နယ်ပယ် အဆင့်ခြောက် ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ထို့နောက် အသက်ရှူချိန် ဆယ်ဂဏန်းအတွင်း သူသည် သူတော်စင်သုံးဦး၏ အမြင့်မြတ်ဆုံး ဝှက်ဖဲများကို ချေမှုန်းပြီး စွမ်းအားကြီးမားသော သူတော်စင် သုံးဦးကို တပြိုင်နက်တည်း သတ်ဖြတ်ခဲ့လေ၏။နောက်ဆုံးတွင် သူသည် တခြားသူတော်စင်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရန် သူတို့ စိတ်ကူးယဉ်နိုင်သည်ထက် များစွာသာလွန်သော နည်းလမ်းကိုပင် အသုံးပြုခဲ့သည်။ဤသည်မှာ အမှန်တကယ်ကို လူငယ်မျိုးဆက် ဟုတ်ပါသလော...သူတော်စင်နယ်ပယ်နှင့် သူတော်စင်နယ်ပယ်၏ အောက်တွင်ရှိသော နယ်ပယ်များသည် ကြီးမားသော ကွာဟချက် တစ်ခုဖြစ်သည်ဟု လူအများက အမြဲတစေ ပြောခဲ့ကြသည် မဟုတ်လော...သူတော်စင်နယ်ပယ်၏ အောက်တွင်ရှိသော သက်ရှိများသည် သူတော်စင်နယ်ပယ်၏ အထက်တွင်ရှိသော သူများကို လှုပ်ခတ်နိုင်ရန် ခက်ခဲသည် ဆိုကြသည် မဟုတ်လော...မည်သည်ကြောင့် ခုံးဝူတောက်၏ရှေ့တွင် နယ်ပယ်များ၏အချုပ်အနှောင်များနှင့် ကန့်သတ်ချက်များသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေရသနည်း...သူတော်စင်နယ်ပယ်၏အောက်တွင် ရှိနေစဉ်မှာပင် သူသည် သူတော်စင်များကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။ခုံးဝူတောက် အထွတ်အမြတ်နယ်ပယ်သို့ ရောက်ရှိသွားချိန်၌ သူသည် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများကို တိုက်ရိုက်သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်လော..."ရှီး......"ဤအရာကို တွေးမိသောအခါ မရေမတွက်နိုင်သောလူများသည် အသက်ရှူမှားသွားပြီး သူတို့၏ခန္ဓာကိုယ်များ တုန်ယင်နေခြင်းကို မထိန်းချုပ်နိုင်တော့ချေ။သူတို့ ပို၍တွေးမိလေလေ ပို၍ကြောက်မက်ဖွယ်ကောင်းလေလေပင်။ဒဏ္ဍာရီလာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို စည်းမျဉ်းများနှင့် သာမန်အသိတရားများဖြင့် ဆုံးဖြတ်၍ မရနိုင်ချေ။သူ၏ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သည့် ထူးဆန်းသော အကြည့်များကို လျစ်လျူရှုကာ ခုံးဝူတောက်သည် ကောင်းကင်အလင်းမိုးပြာနဂါးထံသို့ ဦးတည်၍ အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။"ဒီကာလအတွင်း မင်းကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ပေးခဲ့တာတောင် မင်းက ဒီလောက်လေးပဲ ကျင့်ကြံနိုင်ခဲ့တာလား""သူတော်စင်သခင်နယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်ကိုတောင် မင်း ရင်မဆိုင်နိုင်ခဲ့ဘူး...နောက်ဆုံးတော့ ငါ ကိုယ်တိုင် ဝင်ပါခဲ့ရတယ်"အစွမ်းထက်ဆုံး သူတော်စင်သခင်နယ်ပယ် အဆင့်နှစ် ကျွမ်းကျင်သူကို ကောင်းကင်အလင်းမိုးပြာနဂါးက သတ်ဖြတ်ခဲ့သော်လည်း နောက်တစ်ယောက်အတွက်မူ သူ၏တာဝန်အား မပြီးမြောက်ခဲ့သည်မှာ အမှန်ပင်။ခုံးဝူတောက်၏ဆူပူမှုကို နားထောင်ရင်း ကောင်းကင်အလင်းမိုးပြာနဂါးသည် ငုံးငှက်လေးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေပြီး သူ၏တစ်ကောင်လုံး တုန်ရီနေကာ အလွန် ကြောက်ရွံ့ကာ နာခံနေပုံရသည်။သို့သော် မကြာခဏမတွေ့ရတတ်သော မကျေနပ်မှု အရိပ်အယောင်တစ်ခုက ကောင်းကင်အလင်းမိုးပြာနဂါး၏ ဧရာမနဂါးမျက်လုံးသူငယ်အိမ်များတွင် ထွက်ပေါ်လာပေ၏။သူသည် အမှန်တကယ်ကို မတရားခံရသည်ဟု အော်ဟစ်ချင်နေခဲ့သည်။အမှန်အားဖြင့် ထိုသူတော်စင်သခင်နှစ်ဦးကို သတ်ဖြတ်ရန် သူ့တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။သို့ရာတွင် သူ့သခင်၏အရှိန်နှုန်းက အလွန်မြန်ဆန်လွန်းနေသည်။သူ့ထက် ကြီးမားသောနယ်ပယ်တစ်ခု နိမ့်ကျသည့် ကျင့်ကြံခြင်း ရှိနေသည့်တိုင် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများကို သတ်ခြင်းက သူ့သခင်အတွက် ကြက်များကို သတ်နေသည့်အလားပင်။သူတော်စင်နယ်ပယ် အဆင့်ငါးအထက်တွင် ရှိသော တည်ရှိမှုလေးခုကို သခင်က လျင်မြန်စွာ ဖြေရှင်းခဲ့ရုံသာမက နောက်ဆုံးတွင် သူ၏ပြိုင်ဘက် ဖြစ်သင့်သော လူကိုပင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ပြီး ဖြေရှင်းလိုက်သည် မဟုတ်လော...မည်သို့ပင်ဖြစ်စေကာမူ သူ့ကို အပြစ်တင်၍ မရနိုင်ချေ။ထိုသူတော်စင်သခင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို ဖြေရှင်းရန် သူ့ထံ၌ ယုံကြည်မှုရှိသည်။အကယ်၍ တစ်စုံတစ်ယောက်ကို အပြစ်တင်မည်ဆိုလျှင် သူ့သခင်က အလွန်အားကောင်းလွန်းသောကြောင့်သာ ဖြစ်ပေမည်။"ပြန်ရောက်ရင် နှစ်ဆပိုကြိုးစားပြီး ကျင့်ကြံလိုက်""တကယ်လို့ မင်းရဲ့ စွမ်းဆောင်ရည်က နောက်ပိုင်းမှာ ငါ့ကို ထပ်ပြီး စိတ်ပျက်စေမယ်ဆိုရင် မင်းကို ပြုတ်စားပစ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"ခုံးဝူတောက်က သူ၏အကြည့်ကို တည်ငြိမ်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ကောင်းကင်အလင်းမိုးပြာနဂါး၏ မျက်လုံးများထဲရှိ မကျေနပ်မှုကို လျစ်လျူရှုလိုက်၏။သူ့ထံတွင် နောက်ထပ် လုပ်ဆောင်ရန် အရေးကြီးသော ကိစ္စတစ်ခု ကျန်ရှိနေဆဲပင်။စည်းမျဉ်းဟောင်းအရ သူသည် လှုပ်ရှားပြီး ပြဿနာဖြစ်နိုင်ခြေရှိသော ရန်သူများကို ဖန်တီးခဲ့ပြီးဖြစ်ရာ အနာဂတ်တွင် လျှို့ဝှက်စွာ လှုပ်ရှားရန်အတွက် အခွင့်အရေး မရှိစေရန် သူတို့ကို လုံးလုံးလျားလျား ဖယ်ရှားပစ်ရပေမည်။ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။မမြင်နိုင်သော ဖိအားတစ်ခုသည် အဝေးမှနေ၍ ရပ်ကြည့်နေသူတစ်ဦးကို လှမ်းဖမ်းလိုက်သော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်းသွားတော့သည်။ခရမ်းစံအိမ်နယ်ပယ် ကျင့်ကြံသူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ရူးသွပ်စွာ ရုန်းကန်လိုက်၏။သို့သော် ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ သူ၏ မည်သည့်ခုခံမှုမဆို အချည်းနှီးသာ ဖြစ်သွားသည်။မဟုတ်သေးဘူး...သူသည် နံဘေးမှနေ၍ ကြည့်နေရုံသက်သက်ပင်။ သူသည်လည်း အရိုက်ခံရမည်လော။သောက်ကျိုးနည်း...သူ၏မိခင်အိုကြီး ပြောဆိုသည်မှာ မှန်ကန်ပေ၏။ ဤသည်မှာ အကြောင်းပြချက် မရှိဘဲ ပျော်ပွဲရွှင်ပွဲများတွင် ဘယ်တော့မှ မပါဝင်နှင့်ဟူ၍ပင်။ယခု၌ သူသည် ဤညတွက် ညစာစားရန် အိမ်မပြန်နိုင်တော့ဘဲ ခရီးရှည်ကြီးတစ်ခုကို သွားရတော့ပေမည်။တုန်ယင်နေသော ကျင့်ကြံသူကို လျစ်လျူရှုပြီး ခုံးဝူတောက်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ကာ သူ၏အသံမှာ တည်ငြိမ်နေသည်။"ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက ဘယ်နေရာမှာလဲ""လမ်းပြစမ်း"မဟာသူတော်စင်ဂိုဏ်း၏ ကြေကွဲဖွယ် အခြေအနေကို မျက်မြင်တွေ့ရှိခဲ့ရသော ကျင့်ကြံသူအများအပြားသည် အနည်းငယ် မှင်သက်သွားကြ၏။ဤသည်မှာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေမည့် ပြဇာတ်တစ်ခု ဖြစ်နေသလော...ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကမူ အဆုံးသတ်သွားတော့ပေမည်။