အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) အဆင့်လေး ဧကရာဇ် ရောက်လာပေမယ့် သူက စွမ်းအားကြီးမားတဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲ ဖြစ်နေတယ်
ရုတ်တရက် ထွက်ပေါ်လာသော မေးခွန်းကြောင့် ထိုကျင့်ကြံသူသည် အနည်းငယ် မှင်သက်သွားပေ၏။သူ မည်သည့်အရာကို ဆိုလိုသနည်း။တစ်ဖက်လူက သူ့ကို သတ်မည်ဟု သူ တွေးနေသည်မဟုတ်လော...ခုံးဝူတောက်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး မကျေနပ်မှုတချို့ကို ပြသနေလေပြီ။ထိုကျင့်ကြံသူ တုန်ယင်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် အလျင်အမြန် ပြောလိုက်သည်။"သခင်လေးကို သတင်းပို့ပါတယ်... ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက ကျွန်တော့်တို့ ယိုကျိုးနယ်မြေရဲ့ အလယ်ဗဟိုမှာ ရှိပါတယ်....""အကြမ်းဖျင်းအနေနဲ့ အဲ့ဒီဘက်မှာပါ"ထိုလူက တုန်ယင်စွာဖြင့် လက်ချောင်း တစ်ချောင်းကို ဆန့်တန်းပြီး မြောက်ဘက်ဒေသဆီသို့ ညွှန်ပြလိုက်၏။ခုံးဝူတောက်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ထိုကျင့်ကြံသူကို လွှတ်ပေးလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ အဖြူရောင်ကြွေပုလင်းတစ်လုံးကို ထိုလူ့ထံ ပစ်ပေးလိုက်သည်။"ဒါက ငါ့ရဲ့မေးခွန်းတွေကို ဖြေပေးတဲ့အတွက် မင်းရဲ့ ဆုကြေးပဲ"ထိုလူသည် အနည်းငယ် မှင်သက်သွားပြီး ထိုကဲ့သို့ အမြတ်အစွန်းတစ်ခု ရမည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ကြွေပုလင်းမှ ထွက်ပေါ်လာသော ကြွယ်ဝသော ရနံ့ကို သူ ခံစားလိုက်ရသောအခါ သူ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အဆုံးမဲ့ ဝမ်းသာပျော်ရွှင်မှုများဖြင့် အစားထိုးခံလိုက်ရသည်။အဆင့်မြင့် ယွမ်ဖြိုခွဲခြင်း ဆေးလုံး...ထိုကဲ့သို့သော ဆေးလုံးသည် ထျန်းဟောက် တာအိုနယ်မြေတစ်ခုလုံးကို ဖြတ်သန်းကြည့်မည်ဆိုလျှင်ပင် ထိပ်တန်းအဆင့် ဆေးလုံးအဖြစ် သတ်မှတ်ခံသည်။ သို့သော် ခုံးဝူတောက်၏လက်ထဲတွင် ထိုအရာက ရွှံ့စေးလုံး တစ်လုံးကဲ့သို့ ဈေးပေါနေပြီး သူ့ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။"သခင်လေး ခုံးဝူတောက် ပေးသနားတဲ့ ရတနာအတွက် ကျေးဇူးတင်ပါတယ်"ထိုလူသည် ကျေးဇူးတင်မှုကြောင့် မျက်ရည်ကျလုမတတ် ဖြစ်သွားပြီး ခုံးဝူတောက်ထံသို့ အကြိမ်ကြိမ်ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။တခြားကျင့်ကြံသူများက ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ရသည်။ခုံးဝူတောက်၏ ပစ်မှတ်ထားခြင်းကို မခံရသဖြင့် သူတို့၏ ကဏဦး စိတ်သက်သာရာရမှုနှင့် ထိုလူ၏ ကြေကွဲဖွယ် ကံကြမ္မာအပေါ် သူတို့၏ လှောင်ပြောင်လိုစိတ်တို့သည် ယခုအချိန်၌ အဆုံးမဲ့ မနာလိုမှုနှင့် ခါးသီးမှုများအဖြစ်သို့ အသွင်ပြောင်းသွားလေပြီ။နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်သည် ဆုပေးဒဏ်ပေးကိစ္စများတွင် မျှတသည်မှာ သိသာရှင်းလင်းနေသည်။မည်သည်ကြောင့် ဤကဲ့သို့ အခွင့်အရေးကောင်းက သူတို့ထံသို့ ကျရောက်မလာခဲ့သနည်း...လူတိုင်းသည် ကောင်းကင်ဘုံက ပေးသော အခွင့်အရေးကို လက်လွတ်သွားသည့်အတွက် နောင်တရနေကြစဉ်မှာပင်...ဝုန်း...နောက်တခဏတွင် လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုက လေထဲတွင် ပျံ့နှံ့လာပြီး ထျန်းဟောက်တာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများအား ကြီးမားသော ကြောက်ရွံ့မှုကို ချက်ချင်းခံစားရစေကာ ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်က သူတို့ကို အလွန်အမင်း အသက်ရှူကြပ်သွားစေခဲ့သည်။လွန်ခဲ့သော အချိန်တခဏအကြာက ကြည်လင်နေသော ကောင်းကင်သည် ချက်ချင်းဆိုသလိုပင် လုံးလုံးလျားလျား အသွင်ပြောင်းသွားပေ၏။ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် တိမ်တိုက်များသည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ဤသည်မှာ လူသားတို့ နားလည်နိုင်စွမ်းထက် များစွာကျော်လွန်သော တည်ရှိမှုတစ်ခုက အဆုံးမဲ့ အချိန်လေဟာနယ် အတားအဆီးကို ဖြတ်သန်းကာ ဤနေရာသို့ လုံးလုံးလျားလျား ဆင်းသက်လာသည့်အလားပင်။"အဲ့ဒါက..."ဖိအား၏ဗဟိုချက်နှင့် ပို၍နီးကပ်နေသော ကျင့်ကြံသူသည် သူ၏ဒူးများ ခွေယိုင်သွားသည်ကို ခံစားလိုက်ရပြီး အံ့အားသင့်စွာဖြင့် မြေကြီးပေါ်တွင် ဒူးထောက်ကျသွားတော့သည်။ဤကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်သော ဖိအားသည် ကောင်းကင်ယံအထက်ရှိ ခုံးဝူတောက်ထံမှ ထွက်ပေါ်လာကြောင်း သိသာရှင်းလင်းနေသည်။ဝှစ်....မရေမတွက်နိုင်သော ထိတ်လန့်နေသည့် မျက်လုံးအကြည့်များအောက်တွင် တောက်ပသော နတ်ဘုရား အလင်းတန်းများ ထုတ်လွှတ်နေသည့် အမိန့်စာတစ်ခု ခုံးဝူတောက်၏ အနောက်ဘက်ရှိ ဟင်းလင်းပြင်မှ ပျံသန်းလာခဲ့သည်။ထိုအမိန့်စာကို တလိမ့်လိမ့်ထနေသော အလင်း မီးတောက်များဖြင့် ဝန်းရံထားပြီး ထိုအရာ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တာအို စွမ်းအားတစ်ခု ပျံ့နှံ့လာကာ ကောင်းကင်ကို ခြေမွှဖျက်ဆီးပြီး လေဟာနယ်ကို ဆုတ်ဖြဲသွားတော့သည်။ထိုအရာအတွင်းတွင် ပုန်းကွယ်နေသော စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ထိုအမိန့်စာထံမှ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုပုံစံများသည် ခမ်းနားကြီးကျယ်သော မှုန်ဝါးသည့် ပုံရိပ်တစ်ခုကို ဖြည်းညှင်းစွာ ပုံဖော်ပေးလိုက်သည်။"မဟာ...မဟာဧကရာဇ်"ဤမှုန်ဝါးပြီး ခမ်းနားကြီးကျယ်သော ပုံရိပ် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကျယ်ပြန့်ပြီး ပြိုင်ဘက်ကင်းသော ဧကရာဇ်အရှိန်အဝါတစ်ခု ကျဆင်းလာကာ မရေမတွက်နိုင်သည့် ကျင့်ကြံသူများကို ဝပ်တွားကာ ကိုးကွယ်ချင်စိတ်တစ်ခု ဖြစ်ပေါ်လာစေသည်။မဟာဧကရာဇ်တစ်ပါး၏ အစစ်အမှန်မျက်နှာကို သူတို့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း သူတို့၏စိတ်နှလုံးသားအတွင်းရှိ ဖရိုဖရဲအသံတစ်သံက သူတို့ကို ပြောပြနေခဲ့သည်။ ဤသည်မှာ ဒဏ္ဍာရီလာ မဟာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူပင်။သို့သော် ထို့နောက်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ပို၍ပင် ထိတ်လန့်သွားစေသည်။ဤမှုန်ဝါးသည့် မဟာဧကရာဇ်ပုံရိပ် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် သူသည် ပထမဆုံး ခုံးဝူတောက်ထံသို့ ဦးတည်၍ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။ထို့နောက် သူ၏တစ်ကိုယ်လုံး တောက်ပလာပြီး သူ၏ နံဘေးပတ်လည်ရှိ ဧကရာဇ်အလင်းတန်းများက ရေတံခွန်တစ်ခုကဲ့သို့ ပြန့်ကျဲသွားတော့သည်။ကောင်းကင်နှင့်မြေကြီး တုန်ခါသွားမှုတစ်ခုနှင့်အတူ မဟာဧကရာဇ်၏ပုံရိပ်ယောင်သည် အရပ်မျက်နှာ အဘက်ဘက်ရှိ တောင်များနှင့် မြစ်များကို ဖြတ်သန်းကာ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ ဦးတည်ရာဆီသို့ လျှင်မြန်စွာ ပျံသန်းသွားသည်။မဟာဧကရာဇ်၏ ပုံရိပ်ယောင်က ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြောင့် ထိတ်လန့်သွားခြင်းနှင့် နှိုင်းယှဉ်ပါက မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤ မဟာဧကရာဇ်၏ပုံရိပ်ယောင်က အစောပိုင်းက ခုံးဝူတောက်အပေါ် ပြသခဲ့သော ရိုသေလေးစားသည့် ဟန်ပန်ကြောင့် ပို၍ပင် အံ့အားသင့်သွားကြ၏။ဤသည်မှာ ကောင်းကင်ဘုံများမှ နယ်မြေအသီးသီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော မဟာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပင်။ထိုကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်သည် ဂျူနီယာတစ်ယောက်ကို ဤကဲ့သို့ ရိုသေလေးစားစွာ ဦးညွှတ်ရသလော...ဤသည်မှာ သူတို့ အနည်းငယ်မျှ စိတ်ကူးယဉ်၍မရနိုင်သော အရာပင်။သို့သော် ခုံးဝူတောက်ထံတွင် ဤကိစ္စနှင့် ပတ်သက်၍ အတွေးများစွာ မရှိခဲ့ချေ။စီနီယာအနေအထားအရ ပြောရမည်ဆိုလျှင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ မဟာဧကရာဇ်များ အားလုံးသည် သူ၏စီနီယာများ ဖြစ်ကြသော်လည်း သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် အမှန်အားဖြင့် အဆင့်အတန်း ခွဲခြားမှု ရှိနေသည်။သူသည် အဓိကသွေးမျိုးဆက် ဆက်ခံသူဖြစ်ပြီး လက်ရှိ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ တစ်ဦးတည်းသော သခင်လေးလည်း ဖြစ်ပေ၏။သူ၏စိတ်ဆန္ဒသည် အချိန်လေဟာနယ် တားမြစ်နယ်မြေတစ်ခုလုံး၏ ဆန္ဒကိုပင် ကိုယ်စားပြုနိုင်သည်။ရှေးဟောင်းဘိုးဘေးများမှလွဲ၍ ဤမဟာဧကရာဇ် ကျွမ်းကျင်သူများသည် အခြေခံအားဖြင့် သူ၏ စွမ်းအားကြီးမားသော လက်အောက်ငယ်သားများ သာ ဖြစ်ကြသည်။တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ ခန်းမဆောင် အတွင်းတွင်..."သောက်ချေးပဲ... လောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ""ပထမဆုံး ငါတို့ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းရဲ့ ပထမဆက်ခံသူ ရှန်ချင်းလော့ရဲ့ အသက်ဝိညာဉ်ကျောက်ပြားက ရှင်းပြလို့မရနိုင်လောက်အောင် ကြေမွှပျက်စီးသွားတယ်... ပြီးတော့ အခု ငါတို့ ဂိုဏ်းက စေလွှတ်လိုက်တဲ့ သူတော်စင်နယ်ပယ် အကြီးအကဲတွေရဲ့ အသက်ဝိညာဉ်ကျောက်ပြားတွေကရော ဘာလို့ ကြေမွှပျက်စီးသွားတာလဲ"ထိပ်ဆုံးတွင်ထိုင်နေသော ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသထွက်နေပ၏။"ဒီမဟာရှားက ခြောက်ကပ်ပြီး အင်အားနည်းပါးတဲ့ မြေနေရာတစ်ခု သက်သက်ပဲလေ...ငါတို့ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကို ကျွမ်းကျင်သူတွေအများကြီး ဆုံးရှုံးသွားစေမယ့် နတ်မိစ္ဆာတစ်ကောင်ကောင်များ အဲ့ဒီနေရာမှာ ပုန်းအောင်းနေလို့လား"ခန်းမဆောင်ကြီးအတွင်းရှိ အခြေအနေသည် လုံးလုံးလျားလျား တိတ်ဆိတ်နေပြီး အနည်းငယ် ဖိနှိပ်ခံထားရပုံရသည်။သူတို့၏ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲအများအပြား ကျဆုံးသွားသည့် အခိုက်အတန့်မှာပင် သူတို့သည် သတင်းရရှိခဲ့ပြီး ဖြစ်ပေ၏။သို့သော် သူတို့ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သော အမည်မသိ တည်ရှိမှုသည် အထူးဥပဒေသတစ်ခုဖြင့် ဖုံးလွှမ်းခံထားရသဖြင့် နတ်ဘုရားစွမ်းရည်မှတစ်ဆင့် ခြေရာခံရန် သို့မဟုတ် တွက်ချက်ရန် သူတို့ကို တားဆီးထားခဲ့သည်။ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအားလုံးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို အာရုံခံမိပြီးဖြစ်ကာ မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူတို့၏စိတ်နှလုံးသားထဲတွင် ဝိုးတဝါး ပေါ်ထွက်လာခဲ့၏။သို့သော် ဤမကောင်းသော ကြိုတင်ခံစားမှုသည် သူတို့ကို အလွန်အမင်း အနှောင့်အယှက် မဖြစ်စေခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ သူတို့၏ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းသည် ထျန်းဟောက်တာအိုနယ်မြေရှိ ထိပ်သီးအင်အားစုကြီးတစ်ခု ဖြစ်ပြီး ဂိုဏ်းတွင် အဆင့်ကိုး မဟာဧကရာဇ်တစ်ပါး ရှိနေသည်။ဤခေတ်တွင် သာမန်အဆန်ဆုံး အဆင့်ကိုး မဟာဧကရာဇ်ပင်လျှင် ကမ္ဘာတစ်ခုကို လွှမ်းမိုးနိုင်ရန် လုံးလုံးလျားလျား လုံလောက်သည်။"ဂိုဏ်းချုပ်...ဒီကိစ္စရဲ့ ထူးခြားချက်က ဘာပဲဖြစ်ဖြစ် ဒီလူက ငါတို့သူတော်စင်ဂိုဏ်းက လူတွေကို ဒီလို ရက်ရက်စက်စက် အန္တရာယ်ပြုဖို့ ရဲတင်းခဲ့မှတော့ သူက သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမယ်... သေချင်ပေမယ့် သေလို့ မရအောင် လုပ်ပေးရမယ်""အမှန်ပဲ.. ငါတို့ သူတော်စင်ဂိုဏ်းကို စော်ကားတဲ့သူတိုင်း သူတို့ ဘယ်လောက်ပဲ ဝေးတဲ့နေရာမှာရှိနေနေ အပြစ်ပေးခံရမယ်... ကျေးဇူးပြုပြီး စိတ်ချပါ ဂိုဏ်းချုပ်....ရန်သူကို နှိမ်နင်းဖို့ ငါတို့သူတော်စင်ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေကို မဟာရှားဆီ ဦးဆောင်သွားဖို့ ငါ ဆန္ဒရှိပါတယ်"ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းမှ ကျွမ်းကျင်သူ အများအပြားသည် အလွန်ဒေါသထွက်နေကြ၏။သူတို့၏ဂိုဏ်းမှ လူများကို သတ်ဖြတ်ရန် ရဲတင်းခဲ့သော ထိုမောက်မာသည့် လူယုတ်မာကို သတ်ဖြတ်ရန်အတွက် ချက်ချင်းထွက်ခွာရန် သူတို့ စီစဉ်ထားကြသည်။ဝုန်း....သို့သော် နောက်တခဏတွင် ရှင်းပြ၍မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ရပ်က ဤနေရာသို့ ဆင်းသက်လာပေ၏။ ဟင်းလင်းပြင်သည် ဖရိုဖရဲဖြစ်ကာ တုန်ယင်သွားပြီး ထိုအရာအတွင်းတွင် ပါဝင်သော လောကကြီးကို တုန်လှုပ်စေသည့် စွမ်းအားသည် စိတ်ကူးယဉ်၍မရနိုင်လောက်အောင် အားကောင်းလှသည်။"ဘာတွေ ဖြစ်ကုန်တာလဲ....."ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။လွှမ်းမိုးချုပ်ကိုင်နိုင်သော ဧကရာဇ်အရှိန်အဝါများ တလိမ့်လိမ့်ဆင်းသက်လာပေ၏။ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းမှ မရေမတွက်နိုင်သောလူများသည် ထိုကဲ့သို့ ကသောင်းကနင်း ဖြစ်မှုကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် သူတို့၏ အင်မော်တယ်လှိုဏ်ဂူများမှ ထွက်လာကြပြီး ကောင်းကင်ယံကို အလိုအလျောက် မော့ကြည့်လိုက်ကြ၏။"အဲ့ဒါက ဘာလဲ......"သို့သော် သူတို့၏ခေါင်းပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို သူတို့ ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး သူတို့၏နှလုံးခုန်နှုန်းပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားတော့သည်။ခရက်..ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ ကျင့်ကြံသူများသာမက ထျန်းဟောက်တာအိုနယ်မြေ၏ ထောင့်တစ်နေရာတိုင်းရှိ သက်ရှိများအားလုံးသည် ထိုကမ္ဘာပျက်မည့်နေ့ ကဲ့သို့သော မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏အထက်ရှိ ကောင်းကင်သည် ဖရိုဖရဲဖြစ်ပြီး ကျိုးပဲ့အက်ကွဲနေသော ပင့်ကူအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။မရေမတွက်နိုင်သော အနက်ရောင်မိုးကြိုးများသည် အပြန်အလှန် ဖြတ်သန်းကာ ထကြွသောင်းကျန်းနေပြီး မိုးကြိုး၏အလင်းရောင်က ထိုဧရိယာကို တောက်ပသော အဖြူရောင်အဖြစ် လင်းထိန်သွားစေခဲ့သည်။ထိုဧရာမ မိုးကြိုးမုန်တိုင်း လေဝဲကြီး၏ ဗဟိုတွင် နတ်ဘုရားတစ်ပါးကဲ့သို့ မှုန်ဝါးသည့် ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ဆင်းသက်လာပုံရပြီး အောက်ဘက်ရှိ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကို မြင့်မားသော နေရာမှ ငုံ့ကြည့်နေလေ၏။"မဟာဧကရာဇ်......""ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက မဟာဧကရာဇ် တစ်ပါးကို တကယ်ကြီး ရန်စလိုက်တာလား.. ပြီးတော့ အဲ့ဒါက အဆင့်လေး မဟာဧကရာဇ် တစ်ပါးပဲ.. မဟာဧကရာဇ်တွေကြားမှာ အားကောင်းတဲ့သူ တစ်ယောက်ပဲ"မရေမတွက်နိုင်သော ရှေးဟောင်းကျွမ်းကျင်သူများ နိုးထလာကြ၏။ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏အထက်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို မျက်မြင်တွေ့ရှိပြီးနောက် သူတို့သည် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများဖြင့် မအော်ဟစ်ဘဲ မနေနိုင်ကြတော့ချေ။သူတို့ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ ယေဘုယျ ခွန်အားသည် အားကောင်းခြင်းမရှိချေ။ ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတွင်ပင် သူတို့ဂိုဏ်းသည် အောက်ပိုင်းအဆင့်တွင်သာ ရှိနေသည်။သူတို့၏တာအိုနယ်မြေတွင် အားအကောင်းဆုံး မဟာဧကရာဇ်သည် အဆင့်ခုနစ် မဟာဧကရာဇ်တစ်ပါးသာ ဖြစ်ပေ၏။အဆင့်ငါးအထက်ရှိ မဟာဧကရာဇ် တစ်ပါးသည် ဤ မရေမတွက်နိုင်သော နှစ်ကာလများအတွင်း တစ်ကြိမ်တစ်ခါမှ ပေါ်ပေါက်မလာခဲ့ဖူးချေ။ထိုအရာသည် အဆင့်လေး မဟာဧကရာဇ် တစ်ပါး၏ ဥပဒေသ ကိုယ်ပွားတစ်ခု ဆင်းသက်လာခြင်းမျှသာ ဖြစ်လျှင်ပင် တစ်ဖက်လူ ပိုင်ဆိုင်ထားသော စွမ်းအားသည် စိတ်ကူးယဉ်၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ အဆင့်ကိုး မဟာဧကရာဇ် ယှဉ်ပြိုင်နိုင်စွမ်းထက် များစွာပို၍ သာလွန်နေသည်။