အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) နတ်ဘုရားသားတော်အရှင်ရဲ့ အမိန့်အရ... ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက ပျက်စီးရမယ်
"တာအိုမိတ်ဆွေ... နေပါအုံး"ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းမှ မရေမတွက်နိုင်သောလူများ၏ စိတ်နှလုံးသားများ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် ခမ်းနားကြီးကျယ်သော အသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။တောက်ပသော အလင်းရောင်တစ်ခုသည် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ ရှေးဟောင်းနယ်မြေ အနက်ရှိုင်းဆုံးနေရာမှ လက်ခနဲဖြစ်သွားပြီး ပြင်းထန်သော ဧကရာဇ်စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်သည်။"ရှေးဟောင်း ဘိုးဘေး..."ဤအရှိန်အဝါကို ခံစားလိုက်ရသောအခါ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းမှ လူများ၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုများသည် ချက်ချင်းဆိုသလိုပင် တစ်ဝက်ကျော် လျော့နည်းသွားခဲ့၏။သူသည် ယွမ်ချိုးမဟာဧကရာဇ်ဖြစ်ကာ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ အားအကောင်းဆုံး ရှေးဟောင်း ဘိုးဘေးဖြစ်သော အဆင့်ကိုး ဟုန်ချန်မဟာဧကရာဇ် တစ်ပါးပင်။သူသည် ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းကို ထျန်းဟောက်တာအိုနယ်မြေတွင် ထိပ်သီးအင်အားစုကြီးတစ်ခုဖြစ်လာရန် သူတို့၏ အကြီးမားဆုံး ယုံကြည်မှု လည်းဖြစ်သည်။ကြီးမားကျယ်ပြန့်သော ဧကရာဇ်စိတ်ဆန္ဒသည် အထက်သို့ တက်လာပြီး စုစည်းသွားကာ ဟင်းလင်းပြင်နယ်ပယ်၏ တခြားတစ်ဖက်တွင် ယွမ်ချိုး မဟာဧကရာဇ်၏ ပုံသဏ္ဍာန်အဖြစ် အသွင်ပြောင်းသွားတော့သည်။သူသည် ခရမ်းရွှေရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပေ၏။ လွင့်မျောနေသော အလင်းတန်းများသည် သူ့ကို ဝန်းရံထားပြီး သူ၏ လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်ထားသည်။သို့သော် သူ၏ အစစ်အမှန် ခန္ဓာကိုယ် ထွက်ပေါ်လာလျှင်ပင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဤ အဆင့်လေး မဟာဧကရာဇ်ကို ရင်ဆိုင်ရချိန်၌....တစ်ဖက်လူသည် မှုန်ဝါးသည့် ဥပဒေသ ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း ထိုကိုယ်ပွားက ယွမ်ချိုး မဟာဧကရာဇ်ကို အလွန်အမင်း သတိထားနေစေခဲ့သည်။"တာအိုမိတ်ဆွေ... မင်းက ဘာလို့ ငါတို့ဂိုဏ်းဆီကို ဆင်းသက်လာတာလဲဆိုတာ မေးခွင့်ပြုပါ..."ယွမ်ချိုးမဟာဧကရာဇ်သည် သူ၏စိတ်နှလုံးသားထဲရှိ ကြောက်ရွံ့မှုကို ဖိနှိပ်ထားလိုက်ပြီး သူ၏ အသံမှာ နှိမ့်ချခြင်းလည်း မရှိသလို မောက်မာခြင်းလည်း မရှိဘဲ မဟာဧကရာဇ်တစ်ပါး၏ ခမ်းနားကြီးကျယ်မှုများဖြင့် ပြည့်နှက်နေပေ၏။ "ငါတို့ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက တာအိုမိတ်ဆွေကို တစ်ခါမှ မစော်ကားခဲ့ဖူးပါဘူး..."အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ရွှမ်းလင် မဟာဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။"ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက ရိုင်းစိုင်းစွာ ပြုမူပြီးတော့ ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို စော်ကားခဲ့တယ်...""နတ်ဘုရားသားတော်အရှင်ရဲ့ အမိန့်အရ... ဒီနေ့ကစပြီး ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက ဆက်ပြီးတည်ရှိနေဖို့ မလိုအပ်တော့ဘူး...""ဘာ... ဘာ... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်လား..."ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ အများအပြားသာမက ဤမြင်ကွင်းကို သေချာ စောင့်ကြည့်နေသော စွမ်းအားကြီးမားသည့် ကျင့်ကြံသူ အများအပြားသည်လည်း ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားကြသည်။မကြာသေးခင်ကမှ ကောင်းကင်ဘုံများအားလုံး၌ နာမည်ကြီးပြီး ဂုဏ်သတင်း ကြီးမားသည့် လူငယ်ထိပ်သီးပါရမီရှင် ခုံးဝူတောက် ဖြစ်နေသလော...သို့သော် မည်သည်ကြောင့် သူသည် ထျန်းဟောက် တာအိုနယ်မြေဆီ ဆင်းသက်လာပြီး ဝေးလံခေါင်သီသော မဟာရှားအင်ပါယာတွင် ထွက်ပေါ်လာရသနည်း..ထို့ပြင် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းသည် မည်သည်ကြောင့် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို ရန်စစော်ကားခဲ့သနည်း...ယွမ်ချိုးမဟာဧကရာဇ် အနည်းငယ် မှင်သက်သွားပြီး အေးစက်သော ချွေးစေးများ သူ၏နဖူးပေါ်တွင် ထွက်ပေါ်လာပေ၏။သို့သော် သူက အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်သည်။ "တာအိုမိတ်ဆွေ... ဒီကိစ္စမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေတယ်လို့ မင်း မထင်ဘူးလား..."ရွှမ်းလင် မဟာဧကရာဇ်သည် တစ်ဖက်လူ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် အလွန်ပျင်းရိနေသည်။ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါက တလိမ့်လိမ့်ထလာပြီး တောက်ပသော ဧကရာဇ်စိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ သူ၏ တစ်ကိုယ်လုံးကို ပို၍ပင် အရပ်မြင့်မားပြီး ခမ်းနားကြီးကျယ်စေပေ၏။ဝုန်း...နောက်တခဏမှာပင် ရွှမ်းလင်မဟာဧကရာဇ်က လက်ဝါးရိုက်ချက်တစ်ချက်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။လွှမ်းမိုးနိုင်သော ဧကရာဇ်စိတဆန္ဒနှင့် တောက်ပမှုတို့သည် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး တစ်ခုအဖြစ် စုစည်းသွားတော့သည်။အရောင်ငါးမျိုးရှိသော နတ်ဘုရားအလင်းတန်းများက လက်ဝါးပုံရိပ်ယောင်ကြီးထဲသို့ စိမ့်ဝင်သွားပြီး ထိုအရာ၏ ကျယ်ပြန့်သော အတိုင်းအတာက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းကာ နေ၊ လနှင့် ကြယ်များကို ဖုံးကွယ်ထားပြီး အထက်မှ ကျဆင်းလာသော ရွှေရောင်ကမ္ဘာတစ်ခုနှင့် တူညီနေသည်။ထိုလက်ဝါးပုံရိပ်ယောင်ကြီး၏ စွမ်းအားသည် ကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီး ဥပဒေသများအားလုံးကို ဖျက်ဆီးလိုက်၏။ထိုလက်ဝါးပုံရိပ်ယောင်ကြီး အပြည့်အဝ ကျဆင်းမလာမီမှာပင် အောက်ဘက်ရှိ ယွမ်ချိုး မဟာဧကရာဇ်နှင့် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းမှ မရေမတွက်နိုင်သောလူများ၏ မျက်နှာအမူအရာများကို ပြင်းထန်စွာ ပြောင်းလဲသွားစေခဲ့လေပြီ။အခြေအနေများ ဆိုးရွားနေသည်ကို ယွမ်ချိုးမဟာဧကရာဇ်က အာရုံခံမိသွားသည်။ကျဆင်းလာသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို တားဆီးရန် ရည်ရွယ်လျက် သူ၏ ဧကရာဇ် လက်နက်ကို သူ အလျင်အမြန် ထုတ်ယူလိုက်၏။သို့သော် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် မြန်ဆန်စွာ ကျဆင်းလာပြီး သူ၏လက်နက်ကို သူ အောင်မြင်စွာ အသက်မသွင်းနိုင်မီမှာပင် ရောက်ရှိလာခဲ့လေပြီ။ ဝုန်း...ရွှေရောင် လက်ဝါးကြီးသည် ကောင်းကင်ယံကို ဖြတ်သန်း၍ ကျရောက်လာသည်။တလိမ့်လိမ့်ထနေသော စွမ်းအားလှိုင်းများက ကောင်းကင်ယံတစ်ခွင်ကို တုန်ခါသွားစေပြီး ပေ သောင်းနှင့်ချီသော ဟင်းလင်းပြင် ပြိုကျပျက်စီးသွားကာ မုန်တိုင်း၏ နောက်ဆက်တွဲ ဂယက်သည် အောက်ဘက်သို့ ပျံ့နှံ့သွားလေ၏။ ဤသည်က ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ မရေမတွက်နိုင်သော နန်းတော်များနှင့် ခန်းမဆောင်များကို ဖျက်ဆီးလိုက်သည်။ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ စွမ်းအားကြီးမားသော မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဧကရာဇ်၏ အရှိန်အဝါ မုန်တိုင်းကြောင့် လွင့်စင်သွားကာ သူတို့၏ ခန္ဓာကိုယ်များ သွေးမြူများအဖြစ် ခြေမွှခံလိုက်ရပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ ငြိမ်းသတ်ခံလိုက်ရသည်။"ရှီး... ဒါက ဒဏ္ဍာရီလာ အဆင့်လေး မဟာဧကရာဇ်ပဲ... အဲ့ဒါက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်...""ဒီအဆင့်လေး မဟာဧကရာဇ် ပုံရိပ်ယောင်ကို နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က ဧကရာဇ်အမိန့်စာကတဆင့် ဆင့်ခေါ်လိုက်တာလို့ ငါ ကြားတယ်... အဆင့်လေး မဟာဧကရာဇ်အမိန့်စာ တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ချနိုင်တာ... အဲ့ဒါက တကယ်ကို ကြောက်စရာကောင်းတယ်..."အလွန်ဝေးကွာသောနေရာမှ စောင့်ကြည့်နေကြသော စွမ်းအားကြီးမားသည့် ကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မှုကြောင့် ထုံကျင်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များ အဆက်မပြတ် တုန်ယင်နေပေ၏။ခုံးဝူတောက်၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး သူ ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သော ဝှက်ဖဲတစ်ခုကပင် ကြောက်မက်ဖွယ် ကောင်းနေသည်။သူသည် ဧကရာဇ်အမိန့်စာတစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း တစ်ခုလုံးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ခြင်းပင်။"ခုံးဝူတောက်... အချိန်လေဟာနယ် တားမြစ်နယ်မြေ... မင်းတို့ အရမ်းတရားလွန်နေပြီ..."ရွှမ်းလင် မဟာဧကရာဇ်ထံမှ တိုက်ခိုက်မှုတစ်ခုကို အတင်းအကြပ် တားဆီးနိုင်ခဲ့ပြီး အပျက်အစီးများထဲမှ တွားသွားထွက်လာခဲ့သော ယွမ်ချိုး မဟာဧကရာဇ်၏ မျက်လုံးများသည် သွေးများဖြင့် ရဲရဲနီနေပြီး လုံးလုံးလျားလျား ပြိုကျပျက်စီးသွားသော ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကို ကြည့်နေခဲ့၏။သူတို့၏ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းက ခုံးဝူတောက်ကို မည်သည်ကြောင့် ရန်စစော်ကားခဲ့သနည်း ဆိုသည်အား သူ လုံးဝမသိခဲ့ချေ။ဤသည်မှာ အကြောင်းအရင်း ရေရေရာရာမရှိသော ဘေးဒုက္ခတစ်ခုပင်။ ထို့ပြင် တစ်ဖက်လူသည် သူ ရှင်းပြသည်ကိုပင် နားမထောင်ဘဲ သူတို့၏ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကို ချက်ချင်းအမြစ်ပြတ်သုတ်သင်လိုခဲ့သည်။တစ်ဖက်လူသည် ဤမျှထိ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး သူတို့ကို အသက်ရှင်ခွင့် မပေးချင်သဖြင့်...သူ သေဆုံးရလျှင်ပင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစိတ်အပိုင်းတစ်ခုကို ကိုက်ဖြတ်သွားရပေမည်။ဝီ...ယွမ်ချိုး မဟာဧကရာဇ်၏လက်ထဲရှိ ဧကရာဇ် လက်နက်သည် တဝီဝီမြည်ဟီးကာ တုန်ယင်သွားပေ၏။ရုတ်ချည်းဆိုသလိုပင် မိုင်အတော်များများ အချင်းဝက်အတွင်းရှိ လွှမ်းမိုးနိုင်သော ဥပဒေသ စွမ်းအားများသည် တိုက်ခတ်လာပြီး သူ၏နံဘေးပတ်လည်တွင် အဆုံးမဲ့ ဥပဒေသသမုဒ္ဒရာတစ်ခုအဖြစ် စုစည်းသွားတော့သည်။ဤသည်က ရွှမ်းလင်မဟာဧကရာဇ်ကို ယှဉ်ပြိုင်ရန် လုံလောက်မှု မရှိသေးဟု သူ ခံစားနေရဆဲ ဖြစ်သဖြင့် ဧကရာဇ်၏ နတ်ဘုရား မီးတောက်အလင်းတန်းများသည် ယွမ်ချိုးမဟာဧကရာဇ်၏ အရေပြားပေါ်တွင် နောက်တစ်ကြိမ် လောင်ကျွမ်းလာသည်။နတ်ဘုရားမီးတောက်များ ပို၍ပင်ပြင်းထန်စွာ တလိမ့်လိမ့်ထလာပြီး တဖြည်းဖြည် ပုံသဏ္ဍာန် ဖြစ်ပေါ်လာကာ ဧရာမနှင်းနဂါးကြီးတစ်ကောင်အဖြစ် စုစည်းသွားတော့သည်။တစ်ချိန်တည်းမှာပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် ဖိအားတစ်ခုသည် အရပ်မျက်နှာအဘက်ဘက်နှင့် နယ်မြေဆယ်ခုသို့ ပျံ့နှံ့သွားပေ၏။မိုင်သောင်းနှင့်ချီသော မိုးကောင်းကင်ယံတခွင်လုံး၌ နှင်းများ အမှန်တကယ်ကို ကျဆင်းလာသည်။ငရဲ၏အေးစက်မှုနှင့် ရောနှောနေသော တလိမ့်လိမ့်ထနေသည့် ဧကရာဇ်အရှိန်အဝါသည် ထျန်းဟောက် တာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများကို တုန်ယင်သွားစေသည်။"ဧကရာဇ် ဥပဒေသ... နက်နဲသိမ်မွေ့ နတ်ဘုရား ရေခဲ ငရဲ..."ဤအချိန်အခိုက်အတန့်တွင် သူ၏အရှိန်အဝါ အထွတ်အထိပ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားသော ယွမ်ချိုးမဟာဧကရာဇ်က ဟိန်းဟောက်လိုက်၏။ဝုန်း...အဆုံးမဲ့ ဧကရာဇ်အရှိန်အဝါသည် ကမ္ဘာဖျက် ရေခဲသလင်း မုန်တိုင်းတစ်ခုဖြင့် ရစ်ပတ်ကာ အပြင်ဘက်သို့ လှိုင်းထသွားတော့သည်။နှင်းခဲများကကောင်းကင်ယံကို အေးခဲစေပြီး လောကကြီးကို ခြေမွှဖျက်ဆီးလိုက်သည်။"မင်းရဲ့ဆန္ဒအတိုင်းပဲ..."ကောင်းကင်ယံအထက်တွင် မတ်တတ်ရပ်နေသော ရွှမ်းလင် မဟာဧကရာဇ်၏မျက်လုံးများ အေးစက်တင်းမာနေသည်။ဤနေရာသို့ ဆင်းသက်လာသောအရာမှာ ဥပဒေသ ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် ဤအမိန့်စာ၏ စွမ်းအားများအားလုံးကို လောင်ကျွမ်းစေလျှင်တောင်မှ သူ၏အစစ်အမှန်ခန္ဓာကိုယ်မှ စွမ်းအားငါးဆယ် ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လွှတ်နိုင်ပေလိမ့်မည်။သို့သော် ယွမ်ချိုးမဟာဧကရာဇ်ကို တိုက်ရိုက်သတ်ဖြတ်ရန် သူ့ထံတွင် လုံလောက်သော ယုံကြည်မှုလည်း ရှိနေသည်။ဝေဝါးသည့် ပုံရိပ်ယောင်ဓားရှည်တစ်လက် ချက်ချင်းစုစည်းလာပြီး ရွှမ်းလင်မဟာဧကရာဇ်၏လက်ထဲသို့ ရောက်ရှိသွားသည်။"ဓား တစ်သောင်း... ကောင်းကင်ကို အပြစ်ပေးခြင်း..."ရွှမ်းလင် မဟာဧကရာဇ်၏ မျက်လုံးများ အေးစက်တင်းမာသွားပေ၏။သူ၏နံဘေးပတ်လည်ရှိ ဧကရာဇ်စိတ်ဆန္ဒသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဟင်းလင်းပြင်နယ်ပယ်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် လုံးလုံးလျားလျား ပြိုကျပျက်စီးသွားတော့သည်။သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ လက်ထဲရှိ ပုံရိပ်ယောင်နတ်ဘုရားဓားသည် မိုးကောင်းကင်ယံကို ခုတ်ပိုင်းလိုက်၏။ကောင်းကင်ယံကို ပြောင်းပြန်လှန်ပစ်ပြီး အရာအားလုံးကို ခြေမွှဖျက်ဆီးနိုင်သော တောက်ပသည့် အဖြူရောင်ဓားချီစွမ်းအင်သည် ချက်ချင်းဆိုသလိုပင် ဟိန်းဟောက်၍ ထွက်ပေါ်လာတော့သည်။အဝေးမှကြည့်နေသည့် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် အသက်ရှူမှားလောက်အောင် ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုက မိုးကောင်းကင်၏အဆုံးတွင် ဖြစ်ပေါ်လာသည်။ကောင်းကင်ယံအောက်တွင် မိုင်သောင်းနှင့်ချီအတွင်းရှိ အရာအားလုံးကို အေးခဲတောင့်တင်းသွားစေသော ရေခဲသလင်း မုန်တိုင်းတစ်ခုသည် ထိုဧရိယာ၏ အချိန်နှင့်လေဟာနယ်ကို လုံးလုံးလျားလျား အေးခဲစေရန် ရည်ရွယ်ပြီး အထက်သို့ တလိမ့်လိမ့်မြင့်တက်သွားသည်။ကောင်းကင်ယံ အထက်တွင် ဓားချီစွမ်းအင်သည် ကောင်းကင်ဘုံ ရေလွှမ်းမိုးမှုတစ်ခု တာတမံကို ချိုးဖောက်သွားသည့်အလားပင်။ ထိုအရာသည် ကောင်းကင်ကို ထိုးဖောက်သွားသော သက်တံရှည်ကြီးတစ်ခုအလား မိုင်သောင်းနှင့်ချီသော တိမ်ပင်လယ်ကို ဖောက်ထွက်ကာ ကြယ်မြစ်တစ်ခု ဆင်းသက်လာသည့်အလား အားကောင်းစွာ တလိမ့်လိမ့်ထနေသည်။ရေခဲသလင်းမုန်တိုင်း၏ အေးခဲနေသော အသံများနှင့် ဓားချီစွမ်းအင်ရေစီးကြောင်း၏ ဆူပွက်နေသော ဟိန်းဟောက်သံများကြားတွင် မဟာဧကရာဇ် နှစ်ပါး ထုတ်လွှတ်လိုက်သော အမြင့်မြတ်ဆုံး နတ်ဘုရားစွမ်းရည်များသည် နောက်တခဏမှာပင် မြေပြင်ကို တုန်ခါစေပြီး နားကွဲမတတ် ဆူညံ့သံများ ပေါက်ကွဲထွက်လာတော့သည်။အဝေးတွင် ရှိနေပြီး စောင့်ကြည့်နေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ကာကွယ်ရေးများကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အမြင့်မြတ်ဆုံး နတ်ဘုရားစွမ်းရည်နှစ်ခု တုန်လှုပ်ဖွယ် ရိုက်ခတ်မှုဖြင့် ပေါက်ကွဲသွားချိန်၌ ပွင့်အံ့ထွက်လာသော ဖျက်ဆီးလိုသည့် စွမ်းအင်စီးကြောင်းသည် သူတို့အတွက် ခုခံရန် ခက်ခဲလွန်းနေပြီး သူတို့ကို ချက်ချင်းလွင့်စင်သွားစေသည်။ဝုန်း...ဟင်းလင်းပြင်သည် ဖရိုဖရဲဖြစ်ပြီး ပြိုကျသွားကာ မရေမတွက်နိုင်သော ဧရာမတောင်ထိပ်များနှင့် ရှေးဟောင်းတောင်တန်းများသည် လွှမ်းမိုးနိုင်သော မုန်တိုင်းကြောင့် ဖျက်ဆီးခံရပြီး ခြေမွှဖျက်ဆီးခံလိုက်ရကာ လွင့်မျောနေသော ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။ဤအချိန်အခိုက်အတန့်တွင် ထျန်းဟောက် တာအိုနယ်မြေ တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်စိကန်းလောက်အောင် တောက်ပသော အဖြူရောင် စွမ်းအင်အလင်းတန်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံလိုက်ရသည်။အမှန်တရားကို မသိသော သက်ရှိအများအပြားသည် ကမ္ဘာပျက်မည့်နေ့ ရောက်လာပြီဟု ထင်မှတ်ကာ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြပြီး သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များ ထုံကျင်သွားကြတော့သည်။.............အချိန်အတော်ကြာပြီးနောက် နားကွဲမတတ် ဟိန်းဟောက်သံနှင့် တောက်ပသော နတ်ဘုရား အလင်းတန်းများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း တည်ရှိရာ ဧရိယာကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ တစ်ချိန်က ခမ်းနားကြီးကျယ်ခဲ့သော ရှေးဟောင်းမြို့သည် ယခုအချိန်၌ သဲလွန်စမရှိဘဲ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။ထိုနေရာတွင် လူသူကင်းမဲ့သော မြင်ကွင်းတစ်ခုသာ ရှိနေပေ၏။ပေသောင်းနှင့်ချီ နက်ရှိုင်းသော ဧရာမ ချောက်နက်ကြီးတစ်ခုက မြေပြင်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ယွမ်ချိုးမဟာဧကရာဇ်သည် ကြီးမားသော ဒဏ်ရာတစ်ခုကို ရရှိသွားသည်။သူ၏ ဧကရာဇ်ခန္ဓာကိုယ်သည် ခြေမွှခံလိုက်ရပြီး ဧကရာဇ်သွေးများသည် သူ၏အက်ကွဲနေသော ဒဏ်ရာများမှ အဆက်မပြတ် စိမ့်ထွက်ကာ ယိုစီးကျနေသည်။"ဒါက..."မရေမတွက်နိုင်သော သက်ရှိများသည် အဝေးမှ မြင်ကွင်းကို တွေဝေမိန်းမောစွာ စိုက်ကြည့်နေကြ၏။ထျန်းဟောက် တာအိုနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ယွမ်ချိုး မဟာဧကရာဇ်သည် ယခုအချိန်၌ သူ၏နတ်ဘုရားစိတ်ဝိညာဉ် ခြေမွှခံလိုက်ရပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မည့် အခြေအနေတွင် ရှိနေသည်။ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းတစ်ခုလုံး မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားခဲ့လေပြီ။လူတိုင်း၏ဦးရေပြားကို အထုံကျဉ်ဆုံး ဖြစ်စေခဲ့သောအရာမှာ ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းသည် ထိုကဲ့သို့ ဘေးဒုက္ခကို ခံစားခဲ့ရခြင်းမှာ မျိုးဆက်သစ်လူငယ်တစ်ဦးဖြစ်သည့် ခုံးဝူတောက်ကို သူတို့ ရန်စစော်ကားခဲ့သောကြောင့်ပင်။