အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) ဧကရာဇ်ခုနစ်ပါးဂိုဏ်း... သက်ရှိအားလုံးရဲ့အထက်မှာ ရပ်တည်နေတုန်းပဲ
"အချိန်လေဟာနယ် တားမြစ်နယ်မြေ..."ယွမ်ချိုးမဟာဧကရာဇ်သည် အလွန်အမင်း အားနည်းနေပြီး ကိုယ်တွင်းကလီစာအပိုင်းအစများ ပါဝင်သော သွေးများကို အန်ထုတ်လိုက်၏။ယခင်တိုက်ပွဲအတွင်းတွင် ယွမ်ချိုး မဟာဧကရာဇ်သည် တစစီဖြစ်နေသော သတင်းအချက်အလက်များ မှတစ်ဆင့် ကိစ္စ၏အကြောင်းအရင်းကို နားလည်ပြီး ဖြစ်သည်။"မင်းတို့က အရမ်းကို လွှမ်းမိုးချုပ်ကိုင်ပြီး မောက်မာလွန်းတယ်... ရိုင်းစိုင်းပြီး အဆင်အခြင်မဲ့တယ်... အနာဂတ်မှာ မင်းတို့ သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်...""မရေမတွက်နိုင်တဲ့ ခေတ်ကာလတလျှောက်လုံးမှာ... ကောင်းကင်ဘုံတွေရဲ့ နယ်မြေအသီးသီးကို ကြီးစိုးနိုင်ခဲ့တဲ့ အင်အားစုတွေက မင်းတို့ထက် အများကြီး ပိုများတယ်..."သူသည် သာမန်အကျဆုံး အဆင့်ကိုး လောကီနယ်ပယ် မဟာဧကရာဇ်တစ်ပါးသာ ဖြစ်လျှင်ပင်...ယွမ်ချိုး မဟာဧကရာဇ်သည် သူ၏ကိုယ်ပိုင် ထူးခြားသော မဟာဧကရာဇ် ဂုဏ်သိက္ခာကိုလည်း ပိုင်ဆိုင်ထားပေ၏။သူ သေရတော့မည်ဖြစ်ရာ သူကိုယ်တိုင် အဆုံးသတ်လိုက်ခြင်းက ပိုကောင်းပေမည်။ဝှစ်...နောက်တခဏတွင် ကောင်းကင်နှင့်မြေကြီးကို ဖြတ်တိုက်သွားသော လေပြည်လေညှင်းလေးတစ်ခုနှင့်အတူ...ယွမ်ချိုး မဟာဧကရာဇ်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အမှုန်အမွှားများအဖြစ် ပြိုကွဲသွားပြီး လေထဲသို့ လွင့်စင်သွားသော မရေမတွက်နိုင်သည့် အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ဤအရာများအားလုံး ပြီးဆုံးသွားပြီးနောက် ရွှမ်းလင် မဟာဧကရာဇ်၏ ဥပဒေသကိုယ်ပွားသည် သူ၏ စွမ်းအားများအားလုံးကို အသုံးပြုပြီးသွားသဖြင့် မယုံကြည်နိုင်လောက်အောင် မှုန်ဝါးသွားပေ၏။သူ ပျောက်ကွယ်မသွားမီ သူသည် ခုံးဝူတောက်ထံသို့ သူ၏လက်များကို ပူးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ဤသည်မှာ သူသည် သူ၏တာဝန်ကို ပြီးမြောက်ခဲ့ပြီး နတ်ဘုရားသားတော်အရှင်က သူ့ကို ယုံကြည်စွာအပ်နှံထားသောအရာကို အပြီးသတ်ခဲ့ကြောင်း ပြောနေသည့်အလားပင်။ယွမ်ချိုးမဟာဧကရာဇ် သေဆုံးသည့်အချိန်နှင့် တပြိုင်နက်တည်းမှာပင်...ထျန်းဟောက် တာအိုနယ်မြေ၌ ပုန်းကွယ်နေသော တခြားတာအို ရှေးဟောင်းကျွမ်းကျင်သူများအားလုံးသည် သူတို့၏စိတ်နှလုံးသားထဲတွင် ထိုကိစ္စကို ခံစားလိုက်ရ၏။ သူတို့၏မျက်နှာများ ရုတ်တရက် ဖြူရော်သွားကာ သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များ အဆက်မပြတ် တုန်ယင်သွားတော့သည်။"ယွမ်ချိုး မဟာဧကရာဇ်... သေသွားပြီလား..."ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် အဆုံးအစမရှိသော အိပ်မက်တစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။သူတို့၏ စိတ်ထဲတွင် ရှိနေသောအရာများကို သူတို့ ပြောပြလျှင်ပင် ဤအဖြစ်မှန်ကို နားလည်ရန်နှင့် လက်ခံရန် ခက်ခဲကြောင်း တွေ့ရှိမိသည်။လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ထို ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက်....လက်ရှိခေတ်တွင် မဟာဧကရာဇ်များ ထွက်ပေါ်လာသည်မှာ အလွန်ရှားပါးသည်။သို့သော် ယခုအချိန်၌ မဟာဧကရာဇ်တစ်ပါးသည် ရှင်းပြ၍မရနိုင်လောက်အောင် တိုက်ရိုက်သေဆုံးသွားခဲ့လေပြီ။ထိုကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးစဥ်ကတည်းက ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးတစ်ခွင်လုံးကို ကြည့်မည်ဆိုပါက မဟာဧကရာဇ်တစ်ပါး ကျဆုံးခြင်းသည် အလွန်ရှားပါးလှ၏။လူအများအပြားသည် သူတို့၏တစ်သက်တာလုံး၌ မဟာဧကရာဇ်တစ်ပါးကို မြင်တွေ့ရမည် မဟုတ်ချေ။ယနေ့တွင် မဟာဧကရာဇ်နှစ်ပါးသည် ဤနေရာ၌ ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ပွဲဝင်ခဲ့ရုံသာမက...မဟာဧကရာဇ်တစ်ပါးသည် ကြွေလွင့်သွားခဲ့လေပြီ။ဤအရာကြောင့် မည်သူက အံ့အားမသင့်ဘဲ နေမည်နည်း...သို့သော် မဟာဧကရာဇ်တစ်ပါး သေဆုံးခြင်းနှင့် နှိုင်းယှဉ်ပါက...သူတို့က ခုံးဝူတောက်အကြောင်း ပို၍စိုးရိမ်နေကြပေသည်။"အဲ့ဒီ အဆင့်လေး မဟာဧကရာဇ် ဆင်းသက်လာတာက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ လုပ်ရပ်တွေချည်းပဲ...""အချိန်လေဟာနယ် တားမြစ်နယ်မြေက နိမ့်ကျသွားပြီလို့ တခြားလူတွေက ပြောခဲ့တာ မဟုတ်လား... သူတို့ရဲ့ ဆက်ခံသူကို ဝှက်ဖဲတစ်ခုအနေနဲ့ ဧကရာဇ်အမိန့်စာတစ်ခုကို တိုက်ရိုက်ပေးလိုက်တာက... တကယ်ကို တရားလွန်လွန်းတယ်...""အဆင့်လေး ဧကရာဇ်အမိန့်စာတစ်ခုတည်းနဲ့ ပုံရိပ်ယောင် သူတော်စင်ဂိုဏ်းကို ဖျက်ဆီးပစ်တာဆိုတော့... ခုံးဝူတောက်ဆီမှာ ဧကရာဇ်အမိန့်စာ တစ်ခုထက်မက ရှိနေနိုင်တယ် မဟုတ်လား..."မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် တက်ကြွစွာ ဆွေးနွေးနေကြ၏။ယနေ့ အဖြစ်အပျက်များသည် သူတို့၏ လောကအမြင်ကို အကြိမ်ကြိမ် ပြောင်းပြန်လှန်ပစ်ခဲ့သည်။သူတော်စင်နယ်ပယ်သို့ပင် မရောက်သေးသော လူငယ်ကျင့်ကြံသူတစ်ဦးထံတွင် ဧကရာဇ်အမိန့်စာ တစ်ခုထက်မက ရှိနေနှင့်လေပြီ။သူသည် ဂိုဏ်းတစ်ဂိုဏ်းကို သူ မသဘောမကျသည့် အချိန်တိုင်း ဧကရာဇ်အမိန့်စာတစ်ခုကို ပစ်ချလိုက်ခြင်းပင်။ဤသည်က အမှန်တကယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းသည်။လူအများအပြား ဆွေးနွေးနေကြစဉ်မှာပင်...အထူးဥပဒေသတစ်ခုဖြင့် မြှင့်တင်ထားသော လူငယ် အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာပြီး ထျန်းဟောက် တာအိုနယ်မြေတခွင်သို့ ပျံ့နှံ့သွားကာ မရေမတွက်နိုင်သော သက်ရှိများ၏နားထဲတွင် မြည်ဟီးသွားပေ၏။"ဒီနေ့... ဒီနတ်ဘုရားသားတော်က ထျန်းဟောက်တာအိုနယ်မြေကို ကြေညာလိုက်တယ်...""မဟာရှားအင်ပါယာရဲ့ ဒီမိုးမခပင်က ဒီနတ်ဘုရားသားတော်ရဲ့ ပိုင်ဆိုင်မှုပဲ...""တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒါကို လိုချင်ဖို့ ရဲတင်းတယ်ဆိုရင်... အဲ့ဒါက ဒီခုံးနဲ့ ရန်သူဖြစ်ပြီးတော့ ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ ရန်သူ ဖြစ်တာပဲ..."မိုးကောင်းကင်ယံ အထက်တွင်...ခုံးဝူတောက်သည် ဟင်းလင်းပြင်အတွင်းတွင် မတ်တတ်ရပ်နေပေ၏။သူ၏အကြည့်သည် ပေါ့ပေါ့ပါးပါးနှင့် အေးစက်နေပြီး ထျန်းဟောက် တာအိုနယ်မြေ၏ အရပ်မျက်နှာအဘက်ဘက်ကို ဝေ့ဝိုက်၍ကြည့်နေသည်။ကောင်းကင်နှင့်မြေကြီးအကြား၌ တိတ်ဆိတ်သွားပြီး မည်သူမျှ ပြန်လည်၍ မတုံ့ပြန်ရဲကြချေ။ဤမိုးမခပင်သည် ထျန်းဟောက်တာအိုနယ်မြေ၏ ကောင်းကင်ကံကြမ္မာ စွမ်းအားများအားလုံးကို အပြည့်အဝ စုပ်ယူပြီး လူသားပုံစံအဖြစ် အောင်မြင်စွာ အသွင်ပြောင်းရန် အနည်းဆုံး လအနည်းငယ်ခန့် ကြာမြင့်ပေလိမ့်မည်။သို့သော် သူထံတွင် လုပ်ဆောင်ရန် ကိစ္စများစွာ ကျန်ရှိနေဆဲပင်။သေချာသည်မှာ သူသည် ထိုအပင်ကို စောင့်ကြပ်ရန် ဤနေရာတွင် ဆက်နေမည် မဟုတ်ချေ။မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဗြောင်ကျကျ ခြိမ်းခြောက်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်းပင်။လူများကို လက်သီးများခွန်အားများဖြင့် လက်နက်ချအောင် လုပ်ခြင်း... ဤသည်မှာ သူတို့၏အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အမြဲတစေ လက်ကိုင်ထားသော မူဝါဒပင်။မည်သို့ပင်ဆိုစေကာမူ အကြွင်းမဲ့စွမ်းအား၏ ရှေ့တွင် မည်သည့် အကြံအစည်များနှင့် စကားလုံးများမဆို ဖြူရော်ပြီး စွမ်းအားမဲ့နေပေလိမ့်မည်။..........ထျန်းဟောက် တာအိုနယ်မြေ၏ ကျင့်ကြံသူများနှင့် မရေမတွက်နိုင်သော သက်ရှိများကို ခြိမ်းခြောက်ပြီးနောက်...ခုံးဝူတောက်သည် ဧရာမမိုးမခပင်ကြီးရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။"ဒီကာလအတွင်း မင်းက ပုံစံပြောင်းလဲဖို့ စွမ်းအားတွေကို အပြည့်အဝ စုပ်ယူနိုင်တယ်... အမြင်ကျဥ်းတဲ့ ကောင်တွေက မင်းကို ထပ်ပြီး ဒုက္ခပေးဖို့ လာမှာ မဟုတ်တော့ဘူး..."မိုးမခပင်ထဲမှ ဝေဝါးသည့် အသံတစ်သံ ထွက်ပေါ်လာပြီး တုံ့ပြန်မှုကို ညွှန်ပြနေပေ၏။"ကျေးဇူးတင်ပါတယ် အရှင်..."ခုံးဝူတောက်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး နောက်သို့လှည့်ကာ သီးခြားဟင်းလင်းပြင်နယ်ပယ် တစ်ခုဆီသို့ကြည့်ပြီး ပြောလိုက်သည်။ "အကြီးအကဲမင်...""ဒီအစေခံအိုကြီးက ဒီမှာပါ..."သူ၏အသံ ကျဆင်းသွားသည့် အခိုက်အတန့်မှာပင် ဟင်းလင်းပြင်သည် တာအိုစွမ်းအားတစ်ရပ်နှင့်အတူ ရုတ်တရက် လှိုင်းထသွားသည်။ခြေလှမ်းတစ်ဝက်ဧကရာဇ် နယ်ပယ် အကြီးအကဲ တစ်ဦးက ထိုအထဲမှ ထွက်လာသည်။ဤသူမှာ ခုံးဝူကျိက ခုံးဝူတောက်အတွက် စီစဉ်ပေးခဲ့သော တာအိုအစောင့်အရှောက်အသစ်ပင်။ဤသည်က မဟာဧကရာဇ်တစ်ပါးကို စီစဉ်ပေး၍ မရနိုင်သောကြောင့် မဟုတ်ချေ။ခုံးဝူတောက်ကိုယ်တိုင်မှ မဟာဧကရာဇ်နယ်ပယ် တာအို အစောင့်အရှောက်တစ်ဦးကို မလိုချင်သောကြောင့်ပင်။ဤ ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် တာအို အစောင့်အရှောက်ကိုပင် ခုံးဝူကျိက ခုံးဝူတောက်အပေါ် အတင်းအကျပ် ဖိအားပေးခဲ့ခြင်းဖြစ်သည်။ခုံးဝူတောက်က တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။"အကြီးအကဲမင်... ဒီကာလအတွင်းမှာ မင်းက ထျန်းဟောက် တာအိုနယ်မြေမှာနေပြီး ဒီမိုးမခပင်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်...""ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတစ်ခုခုရှိရင် အချိန်မရွေး ငါ့ဆီ သတင်းပို့ပါ...""ဟုတ်ကဲ့ပါ..."အကြီးအကဲမင်က ရိုသေလေးစားစွာ တုံ့ပြန်လိုက်၏။သူသည် ခြေလှမ်းတစ်ဝက်ဧကရာဇ်တစ်ဦး ဖြစ်သော်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေ၏အမြင်အရ ကြည့်မည်ဆိုပါက သူသည် အဆင့်မြင့် အစေခံတစ်ဦးမျှသာဖြစ်သည်။ခုံးဝူတောက်၏အမိန့်သည် သူ့အတွက် အမြင့်မြတ်ဆုံးပင်။သူ၏နံဘေးရှိ မွေးရာပါ မိုးမခပင်သည် ဤစကားများကို ကြားလိုက်ရချိန်၌ ချက်ချင်းနားလည်သွားတော့သည်။မိုးမခနတ်ဘုရားသည်လည်း ငတုံးငအတစ်ယောက် မဟုတ်ပေ။ခုံးဝူတောက်သည် သူ၏လုံခြုံရေးကို ကာကွယ်ရန် ကျွမ်းကျင်သူတစ်ဦးကို စီစဉ်ပေးသည်ဟု ပြောခဲ့သော်လည်း....အမှန်အားဖြင့် ထိုအရာသည် သူ့ကို ပို၍ကောင်းမွန်စွာ စောင့်ကြည့်နိုင်ရန်ပင်။သို့သော် မိုးမခနတ်ဘုရားသည် ထိုကိစ္စကို စိတ်ထဲ သိပ်မထားခဲ့ပေ။ခုံးဝူတောက်သည် သူ့ကို အကြောင်းပြချက် မရှိဘဲ မည်သို့မျှ ကူညီမည် မဟုတ်ပေ။ နောက်ကွယ်တွင် ရည်ရွယ်ချက် တစ်ခုခု ရှိနေပေမည်။ထို့ပြင် တစ်ဖက်လူ၏စွမ်းအားနှင့်နောက်ခံမှာ သာလွန်ထူးကဲလှ၏။သူသည် အောင်မြင်စွာ အသွင်ပြောင်းလဲနိုင်ခဲ့လျှင်ပင် တစ်ဖက်လူအတွက် ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ပေ။တခြားထူးဆန်းသော အကြံဉာဏ်များကို ဖုံးကွယ်ထားခြင်းထက်...ယခင်ကတည်းက သူ ရိုးရိုးသားသား အညံ့ခံခြင်းက ပိုကောင်းပေမည်။..........မကြာမီပင်...ထျန်းဟောက်တာအိုနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးသို့ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားခဲ့၏။ဤကိစ္စများက နယ်မြေဒေသအသီးသီးကို ရူးသွပ်စွာ တုန်လှုပ်မှုအား နောက်တစ်ကြိမ် ဖြစ်ပေါ်စေခဲ့သည်။ခုံးဝူတောက်သည် အကြောင်းအရင်းမရှိဘဲ ထျန်းဟောက်တာအိုနယ်မြေဆီသို့ ဆင်းသက်လာပြီး ပုံရိပ်ယောင်သူတော်စင်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။နောက်ဆုံးတွင် ကောင်းကင်ကို အန်တုသော ဟန်ပန်ဖြင့် သူသည် ပုံရိပ်ယောင်သူတော်စင်ဂိုဏ်း၏ သူတော်စင်နယ်ပယ် အဆင့်ငါးအထက်ရှိ ကျွမ်းကျင်သူလေးဦးအပြင် သူတော်စင်သခင် ကျွမ်းကျင်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့လေ၏။"သောက်ကျိုးနည်း... ခုံးဝူတောက်က တကယ်ပဲ လူ ရော ဟုတ်သေးရဲ့လား... သူတော်စင်နယ်ပယ်ရဲ့ အောက်မှာရှိနေချိန်မှာတောင် သူက သူတော်စင်တွေကို တိုက်ရိုက်သတ်နိုင်တာလား...""နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်ပြီး သူတော်စင် တစ်ပါးကိုသတ်တာက ထားလိုက်အုံး.. ဒါပေမယ့် သူက နောက်ထပ်နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်ပြီးတော့ သူတော်စင်သခင် ကျွမ်းကျင်သူတစ်ယောက်ကိုတောင် တိုက်ရိုက်သတ်နိုင်တာလား... သူတော်စင်တွေကို သတ်တာက ခွေးတွေကို သတ်နေသလိုပဲ...""ခုံးဝူတောက်အပေါ်မှာ ဘယ်လို နယ်ပယ် ကန့်သတ်ချက်တွေကမှ အသုံးမဝင်ဘူး...""ကောင်းကင်ဘုံတွေက နယ်မြေအသီးသီးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်... သူတော်စင်နယ်ပယ်ရဲ့ အောက်မှာ ရှိနေချိန်မှာ သူတော်စင်တွေ ဒါမှမဟုတ် သူတော်စင်သခင်တွေကိုတောင် အားကောင်းစွာ သတ်ဖြတ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးကို ဘယ်သူမှ မလုပ်နိုင်ခဲ့သလောက်နီးပါးပဲ...""ရှီး... သူက နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင်ဆယ့်သုံးခုကို စုစည်းနိုင်ရုံတင်မကဘူး သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကလည်း အရမ်းကြောက်စရာ ကောင်းတယ်... ဒီနေ့ခေတ် ကောင်းကင်ဘုံတွေက နယ်မြေအသီးသီးရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ... သူ့ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိလောက်ဘူး မဟုတ်လား..."ကြယ်တာရာ ကောင်းကင်ယံတွင် မရေမတွက်နိုင်နတ်ဘုရားစိတ်ဝိညာဉ်များ ရူးသွပ်စွာ တိုက်ခတ်မိနေကြ၏။ထိုလုပ်ရပ်များ ပို၍ပျံ့နှံ့လာသည်နှင့်အမျှ...လူတိုင်း နတ်ဘုရားစိတ်ဝိညာဉ်များသည် အံ့အားသင့်မှုကြောင့် ပို၍ပို၍ထုံကျင်လာကြသည်။ခုံးဝူတောက်သည် သူတော်စင်အများအပြားကို အားကောင်းစွာ သတ်ဖြတ်ခဲ့ရုံသာမက နောက်ဆုံးတွင် ဧကရာဇ်အမိန့်စာတစ်ခုကိုပင် ထုတ်ယူခဲ့သည်။ထိုအရာက ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့ပြီး ပုံရိပ်ယောင် သူတော်စင်ဂိုဏ်း၏ အဆင့်ကိုး မဟာဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်။"အချိန်လေဟာနယ် တားမြစ်နယ်မြေက နိမ့်ကျသွားပြီလို့ တခြားလူတွေက ပြောခဲ့တယ်လေ... အဲ့ဒီ လူမိုက်တွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ တကယ် ယုံခဲ့မိတာပဲ...""သူတို့ရဲ့ဆက်ခံသူကို ကာကွယ်ဖို့အတွက် ဧကရာဇ်အမိန့်စာ တစ်ခုကို တိုက်ရိုက်ပေးနိုင်တာ... အဲ့ဒီ ထိပ်တန်း ရှေးဟောင်းအင်အားစုတွေကလွဲရင်... ဘယ်လိုအင်အားစု ဒါမှမဟုတ် တာအိုမြင့်မြတ်နယ်မြေမျိုးက ဒီလောက်ထိ မောက်မာနိုင်မှာလဲ...""ဒီမျိုးဆက်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေကနေ ခုံးဝူတောက်လို နောက်ထပ်ကြောက်ဖို့ကောင်းတဲ့ နတ်မိစ္ဆာတစ်ကောင် ထွက်ပေါ်လာတာကို စဥ်းစားလိုက်အုံး... အချိန်လေဟာနယ် တားမြစ်နယ်မြေက နိမ့်ကျသွားနိုင်ရင် အဲ့ဒါက အံ့အားသင့်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပဲ...""အဲ့ဒါက ဖြစ်နိုင်မယ်လို့ မင်း ထင်လား... ခုံးဝူတောက်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေက အရင်ဂုဏ်ကျက်သရေကို ပြန်လည်ရရှိပြီး ကောင်းကင်ဘုံတွေကို နောက်တစ်ကြိမ် လွှမ်းမိုးနိုင်ဖို့ အရမ်းဖြစ်နိုင်ခြေရှိတယ်..."ဤစကားများသည် ငြိမ်သက်နေသော ရေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အလားပင်။ဤသည်က မရေမတွက်နိုင်သော ကျွမ်းကျင်သူကို ရုတ်တရက် အဆုံးအစမရှိသော ကြောက်ရွံ့မှုများ ခံစားလိုက်ရစေပေ၏။ထျန်းဟောက်တာအိုနယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ခုံးဝူတောက်၏ အားကောင်းပြီး ကောင်းကင်ကိုအန်တုနိုင်သော ခွန်အားကို နောက်တစ်ကြိမ် သက်သေပြခဲ့ရုံသာမက....ထိုအရာများက အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ်သည် ဆက်လက် ကြီးပွားတိုးတက်နေဆဲ ဖြစ်ကြောင်းကိုလည်း ဖော်ပြနေသည်။ဤအချက်က မရေမတွက်နိုင်သော ကျင့်ကြံသူများကို အံ့အားသင့်သွားစေခဲ့ပြီး တစ်ချိန်တည်းမှာပင် တားမြစ်နယ်မြေဆယ့်ခြောက်ခုမှ လွှမ်းမိုးခဲ့သော ခေတ်အား သတိရသွားစေသည်။ဖြစ်နိုင်သည်မှာ...အနာဂတ်တွင် ခုံးဝူတောက်၏ ခေါင်းဆောင်မှု အောက်၌ အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ကောင်းကင်ဘုံများကို တုန်လှုပ်သွားစေခဲ့သည့် ထိုခေတ်ကို ပြန်လည်ထွက်ပေါ်လာစေမည်လော..."ဟမ့်... ဘာကို ထိတ်လန့်နေကြတာလဲ... ဒီအဆုံးမဲ့ နှစ်တွေ တလျှောက်လုံးမှာ ငါတို့ကောင်းကင်ဘုံတွေရဲ့နယ်မြေအသီးသီးကလည်း တားမြစ်နယ်မြေတွေထက် အားမနည်းတဲ့ အစွမ်းထက်အင်အားစု အများအပြားကို မွေးထုတ်ပေးခဲ့တာပဲ မဟုတ်လား...""မကြာသေးခင်ရက်တွေက..ထိပ်သီးဧကရာဇ်ခုနစ်ပါးဂိုဏ်းတွေ အဆက်မပြတ် နိုးထလာကြပြီ...""ခုံးဝူတောက်က အရမ်းလွှမ်းမိုးပြီး မောက်မာလွန်းတယ်... သူက ဧကရာဇ်ခုနစ်ပါးဂိုဏ်းတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ရရှိလိမ့်မယ်... ဒါမှမဟုတ် အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီး ကြီးမားတဲ့ တန်ဖိုး တစ်ခုကို ပေးဆပ်ရလိမ့်မယ်... ငါတို့ စောင့်ကြည့်ဖို့ပဲ လိုတယ်..."ဧကရာဇ်ခုနစ်ပါးဂိုဏ်းများ...နာမည်အတိုင်းပင် သူတို့၏ဂိုဏ်းအတွင်းတွင် အနည်းဆုံး မဟာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူခုနစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သော ပြိုင်ဘက်ကင်း အင်အားစုများသာ ဤအမည်နှင့် ထိုက်တန်သည်။သေချာသည်မှာ ထိုအရာသည် အခြေခံအကျဆုံး အခြေအနေသာ ဖြစ်ပေ၏။ဧကရာဇ်ခုနစ်ပါး ဂိုဏ်းများအတွင်းရှိအင်အားစု အများအပြားသည် မဟာဧကရာဇ် ခုနစ်ပါးထက်မက မွေးထုတ်ပေးနိုင်ခဲ့ကြသည်။အင်အားစုတစ်ခုစီတွင် သူတို့၏ ကိုယ်ပိုင် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်များ ရှိနေသည်။ထိုအရာများသည် လက်ရှိကောင်းကင်ဘုံများ၏ နယ်မြေအသီးသီး၏ ထိပ်တန်းအင်အားစုများမှ နှိုင်းယှဉ်၍ ရသောအရာများ မဟုတ်ပေ။ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏အမြင်တွင်...အချိန်လေဟာနယ် တားမြစ်နယ်မြေသည် အင်အားကောင်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်လျှင်ပင်...စွမ်းအားကြီးမားသော ဧကရာဇ်ခုနစ်ပါးဂိုဏ်းများကို ရင်ဆိုင်ရသောအခါ ထိုတားမြစ်နယ်မြေသည် သူတို့၏ ထက်မြက်သော ထိတွေ့မှုကို ယာယီ ရှောင်ရှားရပေလိမ့်မည်။သို့သော် သူတို့၏ လက်ရှိ အတွေးများသည် အနာဂတ်တွင် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။သက်ရှိအားလုံး၏ အထက်တွင် ရပ်တည်နေသော တားမြစ်နယ်မြေများသည် မရေမတွက်နိုင်သော နှစ်များ ကုန်ဆုံးသွားပြီးနောက်တွင်ပင်...သက်ရှိအားလုံး၏အထက်တွင် ရပ်တည်နေဆဲပင်။